← Chapters

ညှိနှိုင်းစကား

Vol. 1 Ch. 6

ညှိနှိုင်းစကား

Vol. 1 Ch. 6

"အွတ်ရှ်"

ကျန်းရီသည် ရှောင်နူနှင့် တိုက်မိသွားခဲ့သည်။ သူမ၏ နောက်စေ့သည် ကြမ်းပြင်နှင့် ဆောင့်မိသောကြောင့် နာကျင်စွာ အော်ဟစ်သံထွက်လာခဲ့သည်။ ကံကောင်းထောက်မ၍ သူမ၏ တုံ့ပြန်မှုသည် မြန်ဆန်သွားခဲ့သည်။ အစောင့်သည် ရှေ့ ဆက်တိုးလာပြီး ကျန်းရီကို ထပ်မံ တိုက်ခိုက်မည့်ဟန်ကို မြင်လျှင်  သူမသည် ရှေ့ကို ခုန်ဝင်သွားပြီး အစောင့်၏ ခြေထောက်တစ်ဖက်ကို ခိုင်ခိုင်မြဲမြဲ ဆွဲထားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူမအော်ပြောလာခဲ့သည်

"သခင်လေး... ကျွန်မကို မစိုးရိမ်ပါနဲ့ ပြေးပါတော့"

"ရှောင်နူ''

ကျန်းရီ တုန်လှုပ်သွားခဲ့သည်။ ကျန်းရှောင်နူသည် အင်အား လုံးဝကင်းမဲ့နေသော်လည်း သူမ တတ်နိုင်တာထက်ပို၍ မျှော်လင့်တကြီး ကြိုးစားနေသည်ဟု ထင်ရသည် အစောင့်သာ သူမကို ကန်ထုတ်လိုက်လျှင် သူမ အကန်ခံရပြီး အဆုံးသတ်သွားမှာ မဟုတ်လား

သူ၏ စိတ်အစုံသည် ဒီလို အန္တရာယ်များသော တစ်ခဏတွင် လျင်လျင်မြန်မြန် လှုပ်ရှားနေသည်ဟု ထင်ရသည်။ သူသည် ရုတ်တရက် အကြံရသွားခဲ့သည်။ ဒီနေ့ နေ့လည်က သူလေ့လာမှု လုပ်နေစဉ် အတောအတွင်း အနက်ရောင် အတွင်းအား အချို့သည် သူ့မျက်လုံးကို ပို့ဆောင်လိုက်စဉ်တွင် အချိန်သည် အလွန့်အလွန် နှေးကွေးသွားသည်ဟု ထင်ခဲ့ရသည်။

ငါ ကြိုးစားကြည့်မယ်

ထိုအတွေးနှင့် သူသည် အနက်ရောင်အတွင်းအား အမျှင်တစ်ခုကို နှလုံး သွေးကြောများဆီ ပို့ဆောင်လိုက်ပြီး အပြာရောင် အတွင်းအားများနှင့် မြန်မြန်ဆန်ဆန် ရောနှောခဲ့လိုက်သည်။ ထို့နောက် ၎င်းတို့ကို လှည့်ပတ်စေပြီး သူ၏ ဘယ်ဘက် မျက်လုံးထောင့်ရှိ ရှောင်ယင်း အမှတ်ရှိရာ နေရာကို ပို့ဆောင်ခဲ့လိုက်သည်။

တစ်ချိန်တည်းတွင် သူသည် သူ၏ ဒန်တျန်းထဲတွင် နောက်ဆုံး ကျန်ရစ်သော အနက်ရောင် အတွင်းအား အမျှင်လေးကို ညာဘက်လက်ဆီ ပို့ဆောင်ခဲ့လိုက်သည်။

သူ ယနေ့တွင် ကျင့်ကြံထားခဲ့သော အနက်ရောင် အတွင်းအား အကုန်လုံးကို အသုံးပြုလိုက်ပြီ ဖြစ်သည်။ သူသည် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်ရှိ စွမ်းအားနှင့် ဒီအစောင့်ကို ပြန် မရိုက်နိုင်သေးလျှင်တော့ ကျရောက်လာသော တိုက်ခိုက်မှုများကို ငြိမ်ခံနေရုံမှ တစ်ပါး ရှောင်နူနဲ့ သူ လုပ်နိုင်တာ ဘာမျှမရှိတော့ချေ... ။

"ဝီ"

အနက်ရောင် အလင်းတစ်ချက် သူ၏ ဘယ်ဘက် မျက်လုံးတွင် ဖြတ်ခနဲ လက်သွားပြီး သူ့မြင်ကွင်းရှိ အရာ အားလုံးသည် အလွန် ထင်ရှားလာပြီး အသက် ဝင်လာခဲ့တော့သည်။ လောက်သည် ထပ်မံ ပြောင်းလဲ သွားခဲ့ပြန်သည်။ ထပ်ပေါင်း ပြောရလျှင် အချိန်သည်လည်း နှေးကွေးသွားခဲ့ပြီ ဖြစ်သည်။

ကျန်းရီသည် ယခင်ကထက် အဆပေါင်းများစွာ နှေးကွေးသော အရှိန်နှင့် ဖြည်းဖြည်းချင်း နိမ့်ဆင်းလာနေသော သူ့မျက်လုံးရှေ့ရှိ လက်ဝါးကို လေ့လာနေခဲ့သည်။ အစောင့်သည် သူ့ခြေထောက်ပေါ်တွင် ရှောင်နူ ကပ်တွယ်နေသည်ကို သတိထားမိပြီး ရှောင်နူကို လွင့်ထွက်သွားအောင် ကန်ထုတ်ရန် အတွင်းအားများ ပို့ဆောင်ပြီး ခြေထောက်ကို စတင် ရွေ့လျားနေသည်ကိုလည်း ကျန်းရီ အတည်ပြုနိုင်ခဲ့သည်။

"ဒါကို စမ်းကြည့်လိုက်... ပိုးမျှင်လက်သိုင်း"

ကျန်းရီသည် ကျယ်လောင်စွာ အရှိန်ပြင်းပြင်း ခုန်လှုပ်နေသော နှလုံးသားကို ထိန်းချုပ်ရင်း  ဝဲဘက်ရင်အုံ တဆစ်ဆစ် နာကျင်နေမှုများကို တောင့်ခံထားခဲ့သည်။ ကျန်းရီသည် ပြိုင်ဘက်၏ လက်များကို မလှုပ်သာအောင် သူ၏ လက်နှစ်ဖက်ကို ရေမှော်ပင်များကဲ့သို့ အသုံးပြုရင်း ပြိုင်ဘက်၏ အာရုံကို လွှဲရန် ကျယ်လောင်စွာ အော်ဟစ်ခဲ့လိုက်သည်။

လုံလောက်ပြီ

သူ့ပြိုင်ဘက်သည် သူ၏ ကျယ်လောင်လှသော အော်သံကြောင့် အမှန်ပင် အာရုံလွဲသွားခဲ့ပြီး ရှောင်နူကို အာရုံမစိုက်တော့ချေ။  သူသည် လက်ဝါးများကို ဝှေ့ယမ်းလိုက်ပြီး ကျန်းရီ၏လက်များဆီ ရိုက်မချလိုက်ခင် အေးစက်စက် လှောင်ပြောင် သရော်ခဲ့လိုက်သည်။

အစောင့်သည် မြင်လိုက်ရုံနှင့်ပင် သူ၏ စွမ်းအား အပြည့်အဝသည် သိုင်းပညာရပ်တစ်ခု၏ မူရင်း စွမ်းအားကိုတောင် ထုတ်မသုံးနိုင်သည့် ကျန်းရီ၏ စွမ်းရည်ကို အသာထား... သိုင်းပညာရပ် အားလုံးကိုတောင် အလွယ်တကူ ချေဖျက်နိုင်စွမ်းရှိပေသည်။ ဥပမာအားဖြင့် ကျန်းရီ အစောပိုင်းက အသုံးပြုခဲ့သည့် လက်သီးသိုင်းကွက်ကို သူအလွယ်တကူ ချေဖျက်နိုင်ခဲ့ခြင်းပင်... ။

"ကောင်းပြီ"

ရလဒ်သည်ကား ကျန်းရီ လိုချင်သည့်အတိုင်း အတိအကျပင်...

ထိုအရာသည် အများကြီး စော၍ ဖြစ်ပွားခဲ့ပါလျှင် သို့မဟုတ် ပြိုင်ဘက်သည် သူ့လက်ဝါးများကို ဝေ့ဝိုက်၍ အရှိန်ဖြင့် ရွေ့လျားခဲ့ပါလျှင် ကျန်းရီ၏ သိုင်းကွက်သည် ဖျက်ဆီးခြင်းခံရပြီး သူ၏ လက်များသည်လည်း လက်ဝှေ့ယမ်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရပေလိမ့်မည်။ ပြိုင်ဘက်၏ ကျင့်ကြံဆင့်သည် ကျန်းရီထက် နှစ်ဆ မြင့်သောကြောင့် သူ့လက်ဝါးများ၏ ရွေ့လျားမှု လမ်းကြောင်းကို ကျန်းရီ လုံးဝ မမြင်နိုင်လောက်အောင် သူ၏အရှိန်သည် လျင်မြန်လွန်းပေသည်။

ယခုမူကား အခြေအနေသည် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

သူ၏ ဝဲဘက် မျက်လုံး၏ အမြင်အာရုံသည် အချိန်ကိုတောင် အလွန် နှေးကွေးသွားစေသည် ထင်ရအောင် ပမာဏ အမြောက်အများ ပြောင်းလဲပေးခဲ့သည်။ ထိုနည်းအားဖြင့် သူသည် ပြိုင်ဘက်၏ လက်ဝါးရွေ့လျားမှု လမ်းကြောင်းကို ထင်ထင်ရှားရှား မြင်နိုင်ပြီး အလွယ်တကူ ချေဖျက်နိုင်ပေလိမ့်မည်။ ဤသည်ကား သူသည် တိုက်ခိုက်မှုကို မည်သို့ ရှောင်ရမည်ကို သိနိုင်သည့် အပြင် ပြန်လည် တိုက်ခိုက်ရန် မှန်ကန်သော ဟာကွက် ကိုတောင် ရှာဖွေနိုင်လိမ့်မည်ဟု ဆိုလိုသည်။

သူသည် ညာဘက် လက်တွင် စီးဆင်း လည်ပတ်နေသော အနက်ရောင် အတွင်းအားများကို ဘယ်ဘက် အပေါ်ထောင့်ဆီ ပို့ဆောင်ခဲ့လိုက်သည်။ သို့နှင့် သူသည် ပြိုင်ဘက်၏ လက်ဝါးကို လွယ်လွယ်ကူကူ ရှောင်လိုက်နိုင်ခဲ့သည်။ သူ၏ လက်ချောင်းများကို သားရဲ လက်သည်းများ အသွင် ပြုလုပ်ပြီးဓားလက်ချောင်း တိုက်ကွက်ကို သုံး၍ ညာလက်ဖြင့် ရန်သူ၏ လက်ကောက်ဝတ်အပေါ်သို့ ရက်စက်စွာ ခုတ်ချလိုက်သည်။

"ဂျွတ်.."

အရိုးများ ကျိုးခြင်းကြောင့် ကြွပ်ဆတ်ဆတ် အသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် အစောင့်ထက် အတော်လေး အားနည်းခဲ့သော်ငြား အနက်ရောင်အတွင်းအားများ ပေါင်းစပ်ထားမှုကြောင့် သူ့အင်အားသည် နှစ်ဆ၊ သုံးဆလောက် တိုးသွားခဲ့သည်။ ထို့ကြောင့် ဓားလက်ချောင်း သိုင်းကွက်သည် သူအင်အား အကုန် အသုံးပြုလိုက်သောအခါ ပြိုင်ဘက်၏ လက်ကောက်ဝတ်ရိုးများကို ကျိုးကြေသွားစေနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။

သူ့ပြိုင်ဘက်သည် နာကျင်မှုကို ပါးစပ်အပြည့် ညည်းညူ သံများနှင့် တောင့်ခံနေခဲ့သည်။ သူ့မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ဖုံးလွှမ်းလျက် အလျင်အမြန် နောက်ဆုတ်ရန် ကြိုးစားခဲ့သည်... ကျန်းရီသည် သူ့ကို အလွယ်တကူ နောက်ဆုတ်ဖို့ ခွင့်မပြုခဲ့ပေ။ ကျန်းရီသည် သူ၏ညာလက်ဖြင့် ဓားလက်ချောင်း တိုက်ကွက်ကို ပုံဖော်ကာ သားရဲ လက်သည်းများ အသွင် အသုံးပြု၍ ပိုးမျှင် လက်သီးသိုင်းနှင့် ပြိုင်ဘက်၏ လက်မောင်းကို လှမ်းဆွဲခဲ့လိုက်သည်။

ပြိုင်ဘက်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရှေ့သို့ပါအောင် ဆွဲလိုက်ရင်း သူအော်ဟစ်ခဲ့သည်..

"နဂါးညီနောင် ပုလဲယူဆောင် တိုက်ကွက်"

သူ၏ လက်နှစ်ချောင်းသည် ပြိုင်ဘက်၏ မျက်လုံးများထံ မြားများ သဖွယ် တိုးဝင်သွားခဲ့သည်။

"မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီ"

အစောင့်သည် ခဏလောက် တွေဝေ ကြောင်အနေခဲ့သည်။ သူသည် ထိခိုက်ဒဏ်ရာ ရထားပြီး သူ့ ညာလက်သည်လည်း ကျန်းရီ၏ ချိုးခြင်းကို ခံထားရသော်လည်း သူသည် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့် သိုင်းပညာရှင် ဖြစ်နေဆဲပင်... ။ ထို့ကြောင့် သူ့အရှိန်သည် အံ့အားသင့်ဖွယ် မြန်ဆန်နေခဲ့သည်။ သူသည် ကျန်ရှိနေသော လက်ဖြင့် လက်သည်း သဏ္ဍာန် ပုံဖော်ကာ လက်ချောင်းနှစ်ခုကို ချိုးပစ်ရန် အကြံနှင့် တိုးဝင်လာသော ကျန်းရီ၏ ဘယ်လက် နှစ်ချောင်းကို ဖမ်းဆုပ်ခဲ့လိုက်သည်။

ကောင်းလိုက်တာ... ငါဆင်ထားတဲ့ ထောင်ချောက်ထဲ ကျလာပြီ

ကျန်းရီ၏ မျက်လုံးများသည် သူ တိုက်ခိုက်မှုတိုင်းကို ဖမ်းဆုပ်ရန် ဟန်ပြင်နေသော ပြိုင်ဘက်ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ ထိုခဏတွင်  သူ့ပြိုင်ဘက်သည် သူ လျှပ်တစ်ပြက် အသုံးပြုလိုက်သော ဘယ်လက်ချောင်းများကို ဖမ်းဆုပ်ဖို့ အတည်ကြီး ကြိုးစားနေသည်ကို မြင်ရသောအခါ ကျန်းရီ တော်တော်လေး အူမြူးသွားခဲ့သည်။  သူ ကြိုတင် ပြင်ဆင်ထားသော ညာဘက် ဒူးခေါင်းနှင့် အစောင့်၏ ခန္ဓာကိုယ် အောက်ပိုင်းကို ဦးတည်၍ သူရုတ်တရက် တိုက်ချခဲ့လိုက်သည်။

ကျန်းရီ၏ ပြိုင်ဘက်သည် ကျန်းရီ၏ ဘယ်လက်နှစ်ချောင်း ကောင်းမှုနှင့် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။ သူ့နှလုံးသည် ဒေါသများ ပြင်းထန် သိပ်သည်းနေခဲ့ပြီး သူ၏ စိတ်အစုံသည်လည်း ရှုပ်ထွေးနေခဲ့သည်။ ကျန်းရီ၏ ညာဘက်ဒူးမှ ထွက်ပေါ်လာသော တကယ့်လူသတ်သမားသည် လှုပ်ရှားလာလိမ့်မည်ကို သူဘယ်လိုများ ကြိုတင် တွက်ချက်ထားပါမည်လဲ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ရုတ်တရက် ထိုးနှက်ခံလိုက်ရပြီး ပြင်းထန်စူးရှသော နာကျင်မှု တစ်ခုက သူ့ ကိုယ်ကို ပျံ့နှံ့လာသော အခါတွင်မှ ဘာဖြစ်သွားခဲ့သည်ကို သူသဘောပေါက်သွားခဲ့သည်။

ဦးနှောက်နှင့် ထိုပစ္စည်းသည် လူ့ကိုယ်တွင် အာရုံကြောများ အများဆုံး စုဝေးတည်ရှိနေသော နေရာနှစ်ခုပင်... ။ ထို့ကြောင့်ပင် "မြေအောက်ဒေသကို ဖြိုခွင်းသော ခြေထောက်" နှင့် "မက်မွန်သီး ခူးသော မျောက်ကလေး" ပညာရပ်တို့သည် လူများ အရေးမထားခြင်း ခံနေရသော်လည်း အကောင်းဆုံး ရလဒ်ကို ဆောင်ယူပေးနိုင်သော လှုပ်ရှားမှုများ ဖြစ်နေဆဲပင်... ..

ကျန်းရီ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုသည် အနက်ရောင် အတွင်းအားစွမ်းရည်နှင့် ပေါင်းစပ်မထားသော်လည်း တိုက်ခိုက်မှုသည် တကယ့်ကို အင်အားမဲ့စေသော စွမ်းရည်များ ပါဝင်နေပေသည်။

တိုက်ခိုက်မှု သက်ရောက်လိုက်ချိန်တွင် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်ရှိ သိုင်းပညာရှင်သည် ချက်ချင်းပင် အလွန်တရာ နာကျင်မှုဖြင့်  အော်ဟစ်ငိုယို နေခဲ့ပြီး သူ့ကိုယ်သည်လည်း ချက်ချင်းပင်  ကုန်းကုန်းကွကွ ဖြစ်သွားခဲ့သည်။ သူသည် ကျန်းရီ၏ လက်နှစ်ချောင်းကို ဖမ်းဆုပ်ရန် ပြင်ထားသော လက်လေးကိုပင် နောက်ဆုတ်သွားပြီး စူးရှရှ နာကျင်မှုကြောင့် ကျယ်ကျယ်လောင်လောင် အော်ဟစ်ကာ သူ၏ ခွကြားနေရာလေးကို ဖုံးအုပ်ထားရရှာလေသည်။

ဒီလိုအခွင့်အရေးကောင်းမျိုးကို အသုံးချ၍ သူ့ပြိုင်ဘက်ကို အလဲထိုးဖို့ အခွင့်အရေးကို ယူရမှန်း မသိလျှင် ကျန်းရီသည် အရူးလုံးလုံးဖြစ်သွားပေလိမ့်မည်။ သူ့ညာဘက်လက်က ပြိုင်ဘက်၏ လက်မောင်းကို လွှတ်ပြီးသွားသည်နှင့် သူသည် ကြမ်းပြင်ပေါ်တွင် လဲကျနေသော ရှောင်နူကို ငုံကြည့်လိုက်ပြီး အော်ခေါ်လိုက်သည်။

"ရှောင်နူ"

ကျန်းရီနှင့် ငယ်စဉ်တည်းက အတူ ကြီးပြင်းခဲ့သောကြောင့် ကျန်းရှောင်နူသည် ကျန်းရီ၏ စိတ်ဝိဉာဏ်ထဲတွင် သူကိုယ်တိုင်နှင့်ထပ်တူ နက်နက်ရှိုင်းရှိုင်း အရေးပါလေသည်။ ထို တစ်ခုတည်းသော အော်သံသည် ရှောင်နူကို ချက်ချင်း သတိဝင်သွားစေပြီး သူတို့ရန်သူ၏ ခြေထောက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်အောင် လုပ်နိုင်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်ရှိ သိုင်းပညာရှင်ကို လွင့်ထွက်သွားအောင် ကန်ထုတ်ခဲ့လေသည်။

မျက်တောင် တစ်ခတ်စာမျှ ကြာမြင့်သွားခဲ့သည်။

သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်ရှိ သိုင်းပညာရှင်သည် နောက်ဆုတ်သွားချိန်မှ ကျန်းရီ သူ့ကို ကန်ထုတ်လိုက်သော အချိန်ထိ စက္ကန့် များစွာသော အချိန် ခဏခန့်သာ ကြာမြင့်ခဲ့သည်။

ထိုအချိန်တွင် အပြင်တွင် နောက်ဆုံး ကျန်ရှိနေသော အစောင့်သည် သူ့ အပေါင်းအဖော် နောက်ကို လိုက်၍ ဝင်သွားရန် တွေးနေခဲ့သည်။ သို့ရာတွင် ကန်ချက် တစ်ခုနှင့် လွင့်ထွက်လာသော ပုံရိပ်ကို မြင်လိုက်ရခြင်းသည် သူ့ကို ကြောင်အသွားစေပြီး ခေါင်းကို ယမ်း၍ ဝင်သွားဖို့ကို ငြင်းဆန်လိုက်သည် အထိ ဖြစ်သွားစေခဲ့သည်။ အချိန်ခဏလေးအတွင်း ကျန်းရီသည် အဆတ်မပြတ် တိုက်ခိုက်ခဲ့ပြီး လူနှစ်ယောက်ကို ဒဏ်ရာရစေခဲ့သည်၊ ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည်  သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်ရှိ သိုင်းပညာရှင်ဖြစ်ပြီး သူတို့ထဲမှ အားအကောင်းဆုံးပင် မဟုတ်ပါလား ကျန်ရှိနေသော အစောင့်သည် အထဲကို ပြေးဝင်သွားပြီး ဒီအကောင်စုတ်ကို ဘယ်လိုများ ရှင်းထုတ်ဝံ့ပါမည်နည်း

အစောင့်၏ မျက်ဝန်းထဲမှ ဝေခွဲမရဖြစ်မှုများနှင့် ကြောက်ရွံ့မှုများသည် တစ်ခဏမျှသာ ဖြတ်ခနဲ ပုံရိပ်ထင်သွားသော်လည်း ကျန်းရီသည် ရှင်းရှင်းလင်းလင်း မြင်လိုက်ခဲ့သည်။ ဉာဏ်နီဉာဏ်နက်အချို့ ထွက်လာခဲ့ပြီး သူသည် တံခါးဝဆီသို့ ခြေလှမ်းကြဲကြီးများနှင့် လျှောက်လာခဲ့လိုက်သည်။ သူသည် အစောင့်ကို မောက်မာသည့် မျက်နှာထားနှင့် စိုက်ကြည့်လိုက်ပြီး အေးစက်စက်ခေါ်လိုက်သည်..

"လာပြီး တိုက်ကြည့်လေ ဘာလို့ အဲ့ဒီနေရာကနေလာပြီး ငါ့ကိုမတိုက်ခိုက်တာလဲ"

ကျန်းရီသည် ရန်လိုသည့် အမူအရာ လုပ်လိုက်ရင်း ရှေ့သို့တိုးသွားခဲ့လိုက်သည်။ ဆက်တိုက် တိုက်ခိုက်၍ လူနှစ်ယောက်ကို တစ်ဦးတည်းဖြင့် အလဲထိုးနိုင်ခဲ့သော စွမ်းအားကိုး၍ သူသည် ပြိုင်ဘက်ကို ကြောင်အ,သွားအောင် လုပ်နိုင်ခဲ့သည်။ ကျန်နေသော အစောင့်၏ ခန္ဓာကိုယ်သည် ခပ်ကုပ်ကုပ်လေး ဖြစ်သွားပြီး နောက်ကို ခြေနှစ်လှမ်းမျှ ဆုတ်သွားခဲ့သည်...

သူထိုသို့လုပ်နေစဉ်တွင် သူ့ကိုယ်သည် တုန်ရီနေပြီး မြေပေါ်သို့ လဲကျလုနီးပါးပင်...

"ခွေးကောင်လေး...  မင်းကသေချင်နေတာဘဲ"

သူ၏ အရှက်ရမှုသည် ဒေါသအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့ပြီး ကျန်းရီကို မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်လာခဲ့သည်။ သူသည် ဘယ်လိုများ ကလေး တစ်ယောက်လောက်ကို ကြောက်နေရမည်နည်း  သူသည် လက်ကိုချက်ချင်း မြှောက်လိုက်ပြီး လက်သီးပုံရိပ်တစ်ခုကို ကျန်းရီထံ ဦးတည်၍ ပစ်သွင်းခဲ့လိုက်သည်။

ဒါက ဆိုးတာဘဲ

ကျန်းရီသည် သူဒုက္ခရောက်ပြီ ဖြစ်ကြောင်း သိခဲ့လိုက်သည်။ သူသည် အနက်ရောင်အတွင်းအား အကုန်လုံးကို သုံးလိုက်ပြီးပြီ ဖြစ်သည်... တိုက်တိုက်ဆိုင်ဆိုင် ပင် သူ၏ ဘယ်ဘက် မျက်လုံးမှ အနက်ရောင် အလင်းသည် စတင် မှုန်ဝါးလာခဲ့ပြီ ဖြစ်သည်။ သူ့မျက်လုံးရှိ အနက်ရောင် အတွင်းအား များ လုံးဝ ကုန်ဆုံးသွားတော့မည်မှာ ထင်ရှားနေခဲ့သည်။

အနက်ရောင် အတွင်းအားသာ မရှိလျှင် သူသည် တကယ်တမ်း သဏ္ဍာန် သုံးဆင့်  အသွင်ပြောင်းခြင်း ပထမအဆင့်တွင်သာ ရှိသည်။ သူသည် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယအဆင့်ရှိ ဒီအစောင့်နှင့် တစ်ပွဲတောင် ဘယ်လို တိုက်ရပါမည်နည်း။

"ရပ်လိုက်"

ထိုခဏတွင် သူ့အတွက် ကံကောင်းစွာပင် မနီးမဝေး နေရာမှ အိမ်တော်ထိန်းသည် ရုတ်တရက် အစောင့်ကို ရပ်တန့်ရန် အမိန့်ပေးလာခဲ့သည်။

ထိုအိမ်တော်ထိန်းသည် ရှေ့သို့ ခြေလှမ်းများစွာ လျှောက်လာခဲ့ပြီး သူ့မျက်ဝန်းများကတော့ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။ ကျန်းရီကို ခြေဆုံးခေါင်းဆုံး အကြိမ်ပေါင်းများစွာ ကြည့်ပြီးနောက်တွင် သူမေးလာခဲ့သည်...

"အာရုံလှည့်စားမှု ခြေလှမ်း ပုံရိပ်ယောင် လက်သီး ပိုးမျှင်လက်သိုင်း မင်းက ကျန်းဂိုဏ်းအဖွဲ့ဝင်လား ငါမေးခွင့်ရှိမယ်ဆိုရင် မင်းက သခင်လေးတစ်ယောက်လား... ပြီးတော့ ဘယ်မိသားစုကများလဲ ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးက ကျန်းဂိုဏ်းရဲ့ သခင်လေးတွေအကြောင်း တကယ်ကို အများကြီး ကြားဖူးပါတယ်"

ကျန်းရီသည် အိမ်တော်ကို အေးစက်စက် အကြည့်တစ်ချက် ပေးခဲ့လိုက်သည်။ ဖန်းယွီ ဆောင်ကြာမြိုင် နောက်ကွယ်မှာ တကယ့်ကို အင်အားကြီးတဲ့ တစ်ယောက်ရှိနေတာဘဲ ဟု သူ့ဟာသူ တွေးနေခဲ့သည်... မဟုတ်ပါလျှင် အိမ်တော်ထိန်းလေး တစ်ယောက်သည် ကျန်းဂိုဏ်း၏ သိုင်းပညာရပ် များစွာကို မည်သို့ သိနေနိုင်မည်နည်း။

သူသည် စိတ်ထဲတွင် ခါးသက်စွာ ညည်းတွားခဲ့လိုက်သည်။ အိမ်တော်ထိန်းသည် သူ့ကို ကျန်းဂိုဏ်း အဖွဲ့ဝင်ဆိုတာ သိ၍ သေတဲ့အထိ ရိုက်ရဲမည် မဟုတ်သော်လည်း ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားပါလျှင် ကျန်းမိသားစု စည်းကမ်း ထိန်းသိမ်းရေးဆောင်သည် သိရှိသွားပေလိမ့်မည်... သူ့အတွက်မူကား အပြစ်ပေး ခံရလျှင်လည်း ကိစ္စ မရှိသော်ငြား မိသားစု ဂုဏ်သတင်းကို ပျက်စီးစေသည်ဟု ဆိုကာ သေအောင် ရိုက်လိမ့်မည်ကိုတော့ သူကြောက်ပေသည်...။

သူသည် လက်သီးကို တင်းတင်းဆုပ်ကာ သူ့ကိုယ်သူ ထိန်းထားလိုက်သည်။ သူအေးစက်စက် ပြန်ပြောခဲ့လိုက်သည်...။

"ငါ့ဟာငါ ဘယ်မိသားစုက လာလာ ဘယ်သူ့သားဖြစ်ဖြစ် မင်းက ဘာလို့ ဂရုစိုက်နေတာလဲ မင်းလူတွေက ငါ့အစေခံကို ရက်ရက်စက်စက် ရိုက်ထားကြတယ်... တရားမျှတမှု ရှာဖို့အတွက် မင်း ဘယ်သွားသွား ငါမင်းကို တုံ့ပြန်ဖို့ ကြောက်နေမှာမဟုတ်ဘူး "

"ဟားဟား..ဟားဟား"

အိမ်တော်ထိန်းသည် ကျယ်လောင်စွာ ရယ်မောခဲ့လိုက်သည်။ သူသည် ကျန်းရီကို စိုက်ကြည့်ပြီး ထေ့ငေါ့ ပြောလာခဲ့သည်... .

"တရားမျှတမှု ဟုတ်လား မင်းအစေခံက ငါ့အတွက် အလုပ်လုပ်ပေးတယ်... ငါသူမကို တစ်ပြားတစ်ချပ်တောင် လျှော့ပြီး မပေးဖဲ့ဖူးဘူးမလား မင်းသိလား... .သူမက အလုပ်ကို ကောင်းကောင်းမလုပ်ဘူး... .သူမက အတွင်းဆောင်ထဲကို မျက်နှာပြောင်တိုက်ပြီး ထွက်ပြေးရုံတင် မကဘူး..ဖန်းယွီဆောင်ကြာမြိုင် ပိုင်ရှင် မတန်တဆ ဈေးပေးပြီး ဝယ်လာခဲ့တဲ့ ပန်းချီးကား တစ်ချပ်ကိုတောင် ဖျက်ဆီးခဲ့သေးတယ်"

"ဒါ့အပြင်... ကောင်စုတ်လေး.. မင်းက ဘာဖြစ်ခဲ့တယ်ဆိုတာ စူးစမ်းမယ် မရှိဘဲ ဖန်းယွီ ဆောင်ကြာမြိုင်ထဲကို ဝင်လာပြီး ငါတို့အစောင့်တွေကို လက်လွတ်စပယ် တိုက်ခိုက်ခဲ့တယ် မင်းကတရားမျှတမှုကို လိုချင်နေမှတော့ ငါတို့က ကျန်းဂိုဏ်းရဲ့ စည်းကမ်း ထိန်းသိမ်းနေဆောင်ကို သွားပြီး တရားမျှတမှုကို ရှာဖွေသင့်တယ်မလား ဟမ့်... မင်းက ရှင်းလင်းတဲ့ အဖြေတစ်ခု မပေးနိုင်ဘူးဆိုရင်တော့ ငါတို့က ချောင်ပိတ်မိပြီး ပြဿနာက ပြီးသွားမှာ မဟုတ်တော့ဘူး"

"ဟ... ."

ကျန်းရီသည် တခြား အဖွဲ့အစည်းတစ်ခုက ကျန်းမိသားစု စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို သွားပြီး သတင်းပို့ တိုင်ကြားမည်ဟူသော အချက်ကြောင့် တုန်လှုပ်ကာ ကြက်သေ သေသွားခဲ့သည်။  အသက်ပြင်းပြင်း ရှူခဲ့ရင်း သူ၏ ဗျာများသော နှလုံးသားကို ငြိမ်သက်အောင် ထိန်းနေခဲ့ရသည်။ သူ၏စိတ်သည်လည်း လွတ်မြောက်ဖို့ နည်းလမ်းကို တွေးတောရင်း လှုပ်ရှားနေခဲ့သည်။

သူသည် အတွေးများကို လျှင်မြန်စွာ ရှင်းလင်းလိုက်ခဲ့သည်။ သူသည် ရန်သူဘက်က လူနှစ်ယောက်ကို ဒဏ်ရာရစေပြီးတဲ့အပြင် ရန်သူက ကျန်းမိသားစုရဲ့ သိုင်းပညာမှန်း ရိပ်မိကာ ကြောက်ရွံ့ စိုးရိမ်နေခဲ့ကြပြီ ဖြစ်သည်။ သို့မဟုတ်လျှင် အမ်တော်ထိန်းသည် သူတို့ကို ဆက် မတိုက်ခိုက်ခိုင်းဘဲ သူ့အစောင့်များကို အဘယ်ကြောင့် ရပ်ခိုင်းမည်နည်း ရန်သူဘက်က ဆက်လက် မတိုက်ခိုက်ရဲတော့ဘဲ ညိုနှိုင်းရန် တောင်းဆိုလာမှတော့ အဘယ်ကြောင့် မညှိနှိုင်းဘဲ နေရမည်နည်း ဤနည်းဖြင့် ပြဿနာသည် ဖြေရှင်းရန် ပို၍ လွယ်ကူသွားပေလိမ့်မည်... ကျန်းရှောင်နူ နှင့် သူကိုယ်တိုင်၏ အသက်ကို ကာကွယ်နိုင်မည်ဆိုလျှင်  အခြားအရာများကို  ဒုတိယနေရာမှာသာ ထားရမည်။

သူသည် စိတ်အေးအေးထားရန် သူ့ကိုယ်သူ တိတ်တဆိတ် ပြောနေခဲ့လိုက်သည်။ သူသည် ခေါင်းကိုမော့၍ အိမ်တော်ထိန်းကို ကြည့်ကာ အေးစက်စက် မေးလိုက်သည်

"ဒါကို ဘယ်လို ဖြေရှင်းချင်တာလဲ"

"အရမ်း လွယ်ပါတယ်"

အိမ်တော်ထိန်း၏ မုန်းတီးဖွယ်မျက်လုံးများသည် ကျန်းရီ၏ နောက်တွင်ရပ်နေသော ကျန်းရှောင်နူကို တစ်ချက် ကြည့်ခဲ့လိုက်သည်... ထို့နောက် အေးစက်စွာ ရယ်မောကာ ပြန်ဖြေလာခဲ့သည်...

" ပိုက်ဆံ မင်းပေးရမယ် မဟုတ်ရင် ဒီမိန်းကလေး ဒီမှာ ကျွန်အဖြစ် ဆယ်နှစ်နေခဲ့ရမယ် ဒါမှ မဟုတ်ရင်တော့ လက်တစ်ဖက်ကို ထားခဲ့ရမယ်"

"အ"

သူ့နောက်မှ ကျန်းရှောင်နူသည် မတ်တတ် ရပ်လာခဲ့သည်၊ သူမ၏ အားနည်း ဖျော့တော့သော ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်လှုပ်နေခဲ့ပြီး သူမသည် ကျန်းရီ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ မျက်ရည်များသည် သူမ၏ မျက်လုံးထံမှ အတားအဆီးမဲ့ စီးကျ နေခဲ့ကြသည်။ သူမသည် အံကို တင်းတင်းကြိတ်၍ ကျန်းရီကို သနားစဖွယ် လေသံတိုးတိုးလေးနှင့် ပြောလာခဲ့သည်...

"သခင်လေး... ဒါတွေအားလုံးက ကျွန်မအမှားပါ... သခင်လေးထွက်သွားပါတော့... .ကျွန်မအတွက် နောက်ထပ် မစိုးရိမ်ပါနဲ့တော့"

"ဘယ်လို အရေးမပါတဲ့ စကားတွေ ပြောနေတာလဲ ငါသာမင်းကို ဂရုမစိုက်တော့ရင် တခြားဘယ်သူက ဂရုစိုက်မှာလဲ"

ကျန်းရီသည် နောက်လှည့်ကာ မျက်နှာထား တင်းတင်းဖြင့် ရှောင်နူကို အော်ငေါက်လိုက်သည်။ သို့သော် သူ့စိတ်သည်ကား တုန်လှုပ်နေဆဲပင်... ၊ အစောပိုင်းက သူ အဆောက်အဦထဲကို ဝင်လာခဲ့စဉ် သူကြားခဲ့သော ရှောင်နူ၏ ငိုသံများကို ပြန်တွေးကြည့်လျှင် ဘာဖြစ်ခဲ့တယ်ဆိုတာ သူ အသေးစိတ် မသိခဲ့သော်လည်း လိုရင်းကိုတော့ မှန်းကြည့်နိုင်လေသည်။

သိသာစွာပင် အိမ်တော်ထိန်းသည် ရှောင်နူကို မြင်သည်နှင့် ပိန်ပါးကာ ဖြူဖျော့နေသော်လည်း သိမ်မွေ့ပြီးလှပသော မျက်နှာသွင်ပြင်ရှိသည်ဟု တွေးပါလိမ့်မည်... သူသည် သူမကို နှစ်အနည်းငယ်အတွင်း ဖောက်သည်များ ရရှိဖို့အသုံးချရန် ကြံစည်ပါလိမ့်မည်။ ထို့ကြောင့်သူသည် သူမကိုယ်သူမ ဆောင်ကြာမြိုင်သို့ ရောင်းအောင်လုပ်ဖို့ တစ်နည်းအားဖြင့် သူတို့ကို နှစ်အနည်းငယ် ညစ်ပတ်သော ငွေကြေးများ ရှာပေးလာအောင် ထောင်ချောက် ဆင်ခဲ့ပါလိမ့်မည်။

သို့ရာတွင် ရက်စက်ယုတ်မာသော ဇာတ်လမ်းကို ဂရုစိုက်သည်ဖြစ်စေ ဂရုမစိုက်သည်ဖြစ်စေ ယနေ့ပြဿနာကို ဖြေရှင်းရန် အဖြေမရှိချေ...

သူတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့မည်ဆိုလျှင်လည်း သူ့တွင် အနက်ရောင်အတွင်းအားများ နောက်ထပ် မကျန်တော့ပေ။ ထိခိုက်ဒဏ်ရာ မရသေးသော အစောင့် နှစ်ယောက်ကို ဖယ်၍ အိမ်တော်ထိန်းသည်လည်း အားမနည်း တော့သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေသည်မှာ သိသာ ထင်ရှားသည်။ သူတို့သာ တိုက်ခိုက်မည် ဆိုလျှင် ရလဒ်သည်ကား ကျန်းရီသည် ကျန်းအိမ်တော်ကို တွားသွားလျက် ပြန်ရပေလိမ့်မည်... .

သူထပ်ပြီး အထွန့်တက်လျှင်ရော... ..ဒီအကြံက ပိုပြီးတော့တောင် မဖြစ်နိုင်ခဲ့ပေ... .။ ကျန်းအိမ်တော်သည် ဒီနေရာနှင့် သိပ်မဝေးပေ။ ဒီပြဿနာသာ ကျန်းအိမ်တော်အထိ ပျံ့နှံ့သွားပါလျှင် အကျိုးဆက်သည် ပိုမို ပြင်းထန်ပေလိမ့်မည်။

ရန်သူ၏ တောင်းဆိုချက်ကို လိုက်လျောရန်ဟူသည့် အဖြေတစ်ခုသာ ကျန်တော့သည်။

၎င်းသည် ကား... ...

လက်တစ်ဖက်ကို ချန်ထားခဲ့ခြင်းကား မဖြစ်နိုင်ပေ... .လက်တစ်ဖက် မရှိတော့ခြင်းသည် သူ့အား လုံးဝ အသုံးမကျသူ ဖြစ်စေလိမ့်မည်။ ရှောင်နူကို ချန်ထားခဲ့ပြီး သူမကို နောက်ထပ် ဂရုမစိုက်ဖို့ ရွေးချယ်မှုကရော ထိုရွေးချယ်မှုကား သေသွားသည် ထက်ပင် ပို၍ ဆိုးရွားပေလိမ့်မည်။

ရွေးချယ်စရာ မရှိမှတော့ ပျက်စီးမှုများ အတွက် လျော်ပေးရတော့မှာပေါ့... .

ပြဿနာသည်ကား... .သူသည် ဆင်းရဲလွန်းခြင်းပင်... သူသည် လွန်ခဲ့သော နှစ်နှစ်အတွင်း အတွင်းခံ ချည်ကြမ်းထည် အသစ်ပင် မဝယ်နိုင်အောင် ဆင်းရဲခဲ့သည်။ သူ့တွင် ပိုက်ဆံ ဘယ်လိုများ ရှိနိုင်ပါမည်လဲ... .

***

All Chapters