← Chapters

ပုံမှန်ညတစ်ည

Vol. 1 Ch. 1

ပုံမှန်ညတစ်ည

Vol. 1 Ch. 1

"Happy birthday "

သက်ဝင်လှုပ်ရှားနေသောအခန်းလေးထဲတွင် မီးရောင်သည် အဝါရောင်စားပွဲခင်းပေါ်သို့ ဖျော့တော့ တော့လင်းနေသည်။ လေထုထဲတွင် ပျော်ရွှင်ဖွယ်အငွေ့အသက်တို့ဖြင့်ပြည့်နေပြီး အဖေနဲ့ အမေကမွေးနေ့ကိတ်ကို အခန်းထဲသို့ ယူလာခဲ့သည်။ သူတို့၏အလုပ်ထဲမှ စိတ်ညစ်စရာဖိအားများကို အိမ်ကို မသယ်ခဲ့ကြပေ။ တစ်နေကုန်အလုပ်ထဲတွင် ရုန်းကန်နေရသော်လဲ မျက်နှာတွင်အပြုံးများဖြင့် ပြည့်နေဆဲဖြစ်သည်။

ခန်းဆီးလိုက်ကာကိုဆွဲချလိုက်ပြီး မီးဖိုချောင်ထဲသိုသွားလိုက်ကာ ချက်ပြုတ်ပြီးသော စားစရာဗန်းတစ်ချပ်ကို ကောင်းမင်က သယ်လာခဲ့သည်။ အဖေနဲ့အမေကို သူစကား‌မပြောခဲ့ချေ။ ထမင်းစားပွဲ၏ တစ်ဖက်ခြမ်းတွင် သူထိုင်လိုက်သည်။

"ဒီကလေးတော့ကွယ်....."

အဖေက အကူညီမဲ့စွာ ခေါင်းကိုခါယမ်းလိုက်လေသည်။ သူက မိုးကာအင်္ကျီကိုချွတ်လိုက်ပြီး ရှူးဖိနပ်အား အမေ့ခြေထောက်ဘေးရှိဖိနပ်ပါးလေး ဘေးနားတွင် ထားလိုက်သည်။ အဖေသည် အရပ်ရှည်ပြီး သူ့၏ဝတ်စုံနှင့်ဆိုလျှင် ခန့်ညားသောရုပ်ရည်ရှိသူဖြစ်သည်။ အမေကတော့ အဖြူရောင်ရှပ်အင်္ကျီနှင့်ဂျင်းဘောင်းဘီဝတ်ထားပြီး ကျက်သရေရှိကာ ကြင်နာတတ်ပုံပေါ်လေသည်။ အမေက ကောင်းမင်၏ ဟင်းချက်စကေးကို ချီးကျူးလိုက်ပြီး ညစ်ပတ်နေသောအဝတ်များကို ရေချိုးခန်းထဲသို့ ယူသွားလိုက်သည်။ ရေစက်လေးများပြေးလွှားနေသံကို ကြားနေရသည်။ အမေအဝတ်လျှော်ပြီးသောအခါ မှောင်စပြုလာပြီဖြစ်သည်။

"ဒီနေ့ သားမွေးနေ့လေ ၊ အမေနဲ့အဖေတို့ ဘယ်လောက်အလုပ်များများ သားရဲ့မွေးနေ့ပွဲ‌လုပ်ဖို့ အမြန်ပြန်လာခဲ့တာ"

ကောင်းမင်က သူ့မိဘစကားများကို မကြားသယောင်လုပ်နေသည်။ သူ့ခေါင်းကို ငုံ့ထားလိုက်ပြီး တီဗီမှ လာသောသတင်းများအား နားထောင်နေလိုက်သည်။

"မိုးသည်းညလူသတ်သမားပြန်ပေါ်လာခြင်း၊

မြို့ဟောင်းထဲက တတိယမြောက်လူသတ်သမား"

"ရဲတပ်ဖွဲ့ဝင်တွေက တရားခံကို စုံစမ်းနေဆဲဖြစ်ပါတယ်။ ပြည်သူများကို ကြောက်ရွံ့‌မနေကြဖို့အကြံပေးချင်ပါတယ်။ တံခါးနှင့်ပြတင်းပေါက်တွေကို သော့ခတ်ပြီး ပိတ်ထားကြပါ၊ ညဘက်အပြင်လုံးဝမထွက်ကြပါနဲ့"

မုန်တိုင်းလေက ပြတင်းပေါက်မှန်တံခါးကို ရံဖန် ရံခါဝင်ဆောင့်နေသည်။ အပြင်ဘက်ရှိမုန်တိုင်းနှင့် နွေးထွေးနေသောအခန်းလေးသည် သိသိသာသာကွဲပြားနေပုံရလေသည်။

"ဘာလို့ တီဗီကသတင်းတွေ ဆက်ကြည့်နေတာလဲ"

ဖခင်ဖြစ်သူက တီဗီရီမုတ်ကို စိုးရိမ်စိတ်နဲ့ ဆွဲယူလိုက်သည်။

"သတင်းမီဒီယာတွေက အားနေရင် ဒီလိုစိုးရိမ်ခြောက်ခြားစရာနဲ့ အန္တရယ်ရှိတဲ့သတင်းတွေပဲ ဦးစားပေးတင်နေတော့တာပဲ"

ကောင်းမင်က ပြန်မဖြေခဲ့ပေ။ သူက တိတ်တဆိတ်ရွေ့လိုက်ပြီး အခန်းအား စစ်ဆေးကြည့်လိုက်သည်။

နံရံအားလုံးသည် အသံလုံပစ္စည်းများဖြင့် ခိုင်ခံ့ပေသည်။ ကျယ်ကျယ်လောင်လောင်ငြင်းခုံသံများ မကြားရတာကြာပြီဖြစ်သည်။ အိမ်နီးချင်းများကလဲ ဘေးဘက်အခန်းထဲတွင် ဘာဖြစ်နေမည်ကို သိပ်မတွေးကြပေ။

ဧည့်ခန်းတွင်ရေခဲသေတ္တာအသစ်တစ်လုံးရှိသည်။

ရေခဲသေတ္တာထဲရှိပန်ကာမှ အသားများအလွယ်တကူပုတ်သိုးမသွားစေရန် လေအေးများကို မှုတ်ထုတ်လျက်ရှိသည်။ မီးဖိုချောင်ထဲမှာ ဆာရန်ထုပ်တွေအများကြီးရှိသည် ။ လက်သီးဆုပ်အရွယ်အသားများ သိမ်းဆည်းရန် သင့်လျော်သော ဘူးခွံများလည်း ရှိသည်။

ကောင်တာအောက်တွင် အပူပေးစက်တစ်ခုလည်းရှိသည်။ ၎င်းအား အသားများကို ရေနဲ့ဆေးလိုက်ပြီးနောက် ပျက်စီးခြင်းအား ပိုမြန်ဆန်စေရန် သုံးဟန်တူသည်။ ပြီးလျှင် အခြားအရာများ ရေခဲသေတ္တာထဲတွင် ထည့်ထားသေးသည်။ အခြားအရာများလဲ လုပ်ဆောင်သေးသည်လော ။

ပလစ်စတစ်များသည်ရေချိုးခန်းထဲပြန့်ကျဲလျက်ရှိနေသည်။ ကြည့်ရသည်မှာ အသားများကို ရေချိုးထဲပြင်ဆင်ဟန်ရှိသည်။ ‌ဟုတ်တာ‌ပေါ့.....ရေချိုးခန်းထဲမှာ ဘယ်လိုအသားမျိုးကို ပြင်ဆင်ဖို့လိုမှာလဲ။

ဤနေရာသည်သန့်ရှင်းကောင်းမွန်ပုံပေါ်သော်လည်း ကောင်းမင်၏မျက်စိထဲတွင် ခြောက်ခြားဖွယ်မြင်နေရသည်။ တစ်ခန်းလုံးသည် နှစ်လိုဖွယ်ဖြစ်သည်။ သို့သော် သူ့လက်သည် တုန်ယင်နေခဲ့သည်။

"လာ သားရေ ၊ ကိတ်လာစားပါဦး၊ သားဖေဖေနဲ့ မေမေက ဒီကိတ်ကို မိုးကြီးလေကြီးထဲမှာ သယ်လာရတာ"

ကောင်းမင်၏အမေက လက်ဆေးလိုက်ပြီး ကိတ်ဘူးကိုဂရုတစိုက်ဖွင့်လိုက်ပြီး ကိတ်ပေါ်သို့ ဖယောင်းတိုင် ဆယ့်ရှစ်ချောင်းစိုက်လိုက်သည်။

"၁၈....."

ကောင်းမင်သည် ၂၆နှစ်ဖြစ်သည်။

"မွေးနေ့ဆုမတောင်းသေးဘူးလား"

ကောင်းမင်၏အဖေက ဖယောင်းတိုင်မီးထွန်းလိုက်ပြီး အမေက မီးများကို ပိတ်လိုက်လေသည်။

အခန်းထဲတွင် အမှောင်ထုက ပိတ်ဖုံးသွားသည်။ ဖယောင်းတိုင်မီးအလင်းသည် မိခင်နှင့်ဖခင်၏ မျက်နှာပေါ်သို့ ရောင်ပြန်ဟပ်နေလေသည်။ သူတို့က အမှောင်ထဲမှ တူညီသောအပြုံးကြီးဖြင့် ကောင်းမင် အားစိုက်ကြည့်နေ၏။ မျဉ်းကွေးသဏ္ဍာန်အပြုံးသည် တူညီနေခဲ့သည်။ သူ့မိဘများက နီးကပ်လာနေသည်ဟု ခံစားလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များသည်အမှောင်ထဲတွင် တုန်လှုပ်လာပုံပေါ်သည်။

"အဖေနဲ့ အမေ ကျွန်တော်နဲ့ထာဝရအတူနေနိုင်ပါစေလို့ မျှော်လင့်ပါတယ်"

ဒါသည် သူ့မိဘများအိမ်ရောက်ကတည်း ကောင်းမင် ပထမဆုံးပြောလိုက်သောစကား ဖြစ်သည်။ ကောင်းမင်ကသူ့မိဘများကို ချစ်သည်။ သူ့မိဘများကလဲ ကောင်းမင်ကိုချစ်သည်။ သူတို့အလုပ်မှာ ဘယ်လောက်ပဲပင်ပန်းနေသည်ဖြစ်နေပါစေ သူ့ကိုတွေ့ရန်ညတိုင်းပြန်လာကြသည်။ မီးအလင်းရောင် ပြန်ရလာသည်။ ကောင်းမင်၏နောက်ကျောသည် ချွေးစေးများဖြင့် ရွှဲနစ်နေပြီဖြစ်သည်။

သူကဖယောင်းတိုင်များကို တစ်ချောင်းပြီးတစ်ချောင်းနူတ်လိုက်ပြီး ဖယောင်းတိုင်ဘူးထဲသို့ ပြန်ထည့်လိုက်သည်။ ဖယောင်းတိုင်ဘူးထဲတွင်ဖယောင်းတိုင်များစွာ ရှိသေးသည်။

"မင်းရဲ့ဆုတောင်းကို အကျယ်ကြီးပြောလိုက်မယ်ဆိုရင်အဲ့ဒါက ဆုတောင်းမပြည့်ဘူးတဲ့"

ကောင်းမင်၏ဖခင် ဗိုက်ဆာနေဟန်ဖြင့် အစားအစာများကို ပါးစပ်ထဲသို့ သွပ်ထည့်နေသည်။ ကောင်းမင်၏မိခင်က ချစ်ခင်နှစ်သက်သော အကြည့်ဖြင့် ကောင်းမင်ရဲ့ ပန်းကန်ထဲကို ဟင်းများထည့်ပေးလိုက်သည်။ ကောင်းမင်က သူချက်ပြုတ်ခဲ့သော ထိုအစားအစားများအား ထိပင်မထိချေ။

သူ့လက်ပေါ်မှအသားမာများကိုသာ ဂရုတစိုက်နှိပ်နှယ်နေခဲ့သည်။

"အရေးကြီးသတင်းမို့လို့ ကြားဖြတ်တင်ပြရတာ ကျွန်တော်တို့တောင်းပန်ပါတယ်၊ မိုးသည်းညလူသတ်သမားက လူနေရပ်ကွက်ကိုလွတ်မြောက်သွားခဲ့ပါတယ်၊ မြို့‌‌ဟောင်းထဲက မိဘပြည်သူများကို သတိပေးချင်တာကတော့ တံခါးတွေပြတင်းပေါက်တွေအားလုံးကို ပိတ်ထားကြပါ၊ဘယ်သူစိမ်းမှ အဝင်မခံကြပါနဲ့"

"ရဲတပ်ဖွဲ့ဆီက ရတဲ့အချက်အလက်အရ လူသတ်သမားဟာ အသက် ၂၀မှ ၃၀ကြားရှိပြီး အရပ်ကတော့ ၁.၇၅မီတာနဲ့ ၁.၈၅ မီတာကြားရှိမယ်လို့..."

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ကောင်းမင်က သူ့မိဘနှစ်ယောက်၏အခြေအနေကို လှမ်းကြည့်လိုက်သည်။ ခရင်အားတစ်ကိုက်ကိုက်လိုက်ပြီးပါးစပ်ထဲသို့ပစ်ထည့်လိုက်သည်။ နို့မလိူင်များပြည့်နေသောခရင်သည် ပါးစပ်ထဲပျော်ဝင်သွားသည်။

"ဘန်း"

အမေကဆပ်ပြာပေါ်နင်းမိပြီးကြမ်းပြင်ပေါ်သို့လဲကျသွားသည်။ သူမ၏ လက်များသည် ပြင်းပြင်းထန်ထန် ရိုက်မိသွားပြီး မျက်လုံးများက ဖြေးဖြေးချင်းပိတ်ကျသွားလေသည်။ ၎င်းကိုမြင်လိုက်သော ကောင်းမင်၏ဖခင်က သူမကိုကူညီရန်ပြေးသွားလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်သည်ခဲများပြည့်နေသကဲ့သို့လေးလံနေခဲ့သည်။ သူမလှုပ်နိုင်ပေ။

"ဆေးပမာဏကအရမ်းများလွန်းတယ်၊ ပထမဆုံးအကြိမ်မဟုတ်တာတောင်မှ ငါစိတ်လှုပ်ရှားမိနေတုန်းပဲ"

ကောင်းမင်၏လက်သည် တုန်ယင်နေရာမှရပ်သွားသည်။ ကြမ်းပြင်ပေါ်တွင်လဲကျနေသော မိဘများကိုသူကြည့်လိုက်သည်။ ပြီး‌နောက် သူ့အမူအရာမှာ ခက်ထန်လာခဲ့သည်။

"ငါအခုထိ ဒါကိုနားမလည်နိုင်ဖြစ်နေတုန်းပဲ၊ ငါပဲရူးနေတာလား ၊ ကမ္ဘာကြီးကပဲရူးနေတာလား"

ကောင်းမင်က ဗီရိုကိုဖွင့်လိုက်ပြီး ကြိုးတစ်ချောင်းထုတ်ကာမိဘများကိုချည်ထားလိုက်သည်။ လူသတ်သမားသတင်းအားဆက်လက်ထုတ်လွှင့်နေပြီး မိုးကလဲ သွန်ချသလိုရွာမြဲဖြစ်သည်။ သို့သော်လည်း ထိုအရာများက ကောင်းမင်အပေါ်မသက်‌ရောက်သလိုပင်။ ကောင်းမင်ကသူမိဘများကိုချစ်သလို သူ့မိဘများကလည်း ကောင်းမင်ကိုချစ်သည်။ သူတို့က သူ့ကိုတွေ့ရန်ညတိုင်း ပြန်လာကြသည်။ သို့သော်......

သူက မိဘများကို ဆေးပြင်းများတိုက်ထားခြင်းဖြစ်သည်။ သူကအိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ဂျက်ချထားလိုက်သည်။ ထူးဆန်း‌သောအပြုံးမျက်နှာများသည်‌ ကောင်းမင်အားစိုက်ကြည့်‌နေကြသည်။ အိပ်ခန်းထဲတွင် သူ၏အဖေအမေများပြည့်နေပြီဖြစ်သည်။ သူတို့ရဲ့ ခန္ဓာကိုယ်များကို တွဲချည်ထားသည်။ သူတို့၏မျက်နှာအမူအရာများသည် လူသားနဲ့မတူပေ။

ကောင်းမင်၏မိဘများသည်ညတိုင်းပြန်လာကြသည်။ သို့သော် သူတို့သည်ကောင်းမင်၏မိဘများမဟုတ်ပါပေ။ သူတို့အား ကြိုးနှင့်ချည်ထားသော်လည်း အမေအသစ် အဖေအသစ်များသည် ညတိုင်းပြန်ရောက်လာမြဲဖြစ်သည်။

"သူတို့က လူတွေလား မကောင်းဆိုးဝါးတွေလား"

ပါးစပ်ကအသာအယာ လှုပ်ခတ်သွားသည်။ အိပ်ခန်းထဲမှ ကောင်းမင်၏အဖေ အမေများသည် ကောင်းမင်ကိုမြင်သောအခါမျက်လုံးထဲမှ သွေးမျက်ရည်များ စီးကျလာ၏။ သူတို့သည် ငါးမျှားချိတ်တွင် ဟပ်မိသော ငါးများကဲ့သို့ဖြစ်နေလေသည်။ တစ်ချိန်တည်းမှာပင် သူတို့က ငကြောင်အမူအရာများဖြစ်နေသည်။

"ဒီမှာပဲနေ ဒီမှာပဲနေ"

ကောင်းမင်က တံခါးနှင့်ကွယ်လိုက်ပြီး ဆေးလိပ်မီးညှိကာ အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်ရှူနေလေ၏။ ဒီအခန်းထဲတွင် ထောင်ချောက်မိနေသည်မှာသုံးရက်မြောက်ရှိနေပြီ ဖြစ်သည်။

ထိုသို့ဖြစ်ခဲ့သည်မှာ လွန်ခဲ့သောသုံးရက်က ဆာလောင်နေသော တစ္ဆေများပွဲတော်တွင် ဖြစ်သည်။ ကောင်းမင်သည် အကြီးစားရာဇဝတ်သားများကိုထားရှိသော ဟန်ရှန်းအကျဉ်းထောင်၏ မှုခင်းဆရာဝန်တစ်ယောက်ဖြစ်သည်။ ထိုအလုပ်မှထွက်လိုက်ပြီး ဂိမ်းဒီဇိုင်နာလောကထဲသို့ခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ညဆယ့်တစ်နာရီတွင် ဟန်ကျင်းမှ ဟန်ဟိုင်းသို့သွားသော နောက်ဆုံးဘတ်စ်ကားအား စီးလာခဲ့သည်။ ထို့နောက် မိသားစုဆက်ဆံရေးတိုးတက်‌စေသောဂိမ်းတစ်ခုကို ဘတ်စ်ကားပေါ်တွင် ဒီဇိုင်းဆွဲနေခဲ့သည်။

ငွေများများရရန်ရည်ရွယ်ချက်ဖြင့် ဂိမ်းထဲရှိမြေပိုင်ရှင်၏ မုန့်ဖိုတွင် ကြော်ငြာထည့်သွင်းဖို့လိုသည်။ ဂိမ်း၏ ဇာတ်လမ်းမှာ သူတို့ကလေးနှင့်တွေ့ဆုံရန် အိမ်သို့မကြာခဏပြန်လာတတ်သော မိဘနှစ်ယောက်အကြောင်းဖြစ်သည်။ မည်မျှပင်အလုပ်ရှုပ်နေပါစေ အိမ်သို့ညဘက်တိုင်းပြန်လာတတ်သော မိသားစုလေး ဖြစ်သည်။

ဘတ်စ်ကားပေါ်တွင် ခရီးသည်သိပ်မများချေ။ ညတစ်နာရီဝန်းကျင်တွင် ဘတ်စ်ကားတွင် ဥမင်တစ်ခုတွင် ထူးဆန်စွာ ရပ်တန့်သွားသည်။ ကောင်းမင်ကနားကြပ်ကိုဖြုတ်လိုက်ပြီးဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ ထို့နောက် ကားပေါ်တွင် သူတစ်ယောက်ထဲရှိနေမှန်း သဘောပေါက်လိုက်သည်။ ဒရိုင်ဘာလည်း မရှိတော့ချေ။ ပြီးနောက် သူ၏မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုသည် ပျောက်ဆုံးသွားခဲ့ပုံရသည်။ ကောင်းမင်သည် အိမ်ကို မည်သို့ပြန်ရောက်လာမှန်း မမှတ်တော့ခြင်းဖြစ်သည်။ ကြောက်စရာအဖြစ်အပျက်တစ်ချို့ ကြုံခဲ့ရခြင်းသာ မှတ်မိတော့သည်။

သူသည်စိတ်လှုပ်ရှားပြီး တုန်လှုပ်နေဆဲဖြစ်သည်။ ထို့ကြောင့် တံခါးအားအလျင်အမြန်ပိတ်လိုက်ပြီး သော့ခတ်ထားလိုက်သည်။ သို့သော် မနက်သုံးနာရီတွင် အိပ်ပြင်ဘက်ရှိတံခါးခေါက်သံကြောင့် နိုးလာခဲ့သည်။ တံခါးကို ဖွင့်ကြည့်လိုက်ရာ အိမ်ပြင်ဘက်တွင့်သူ့မိဘများက ကိတ်မုန့်တစ်ခုကိုင်ပြီး ရပ်လျက်ရှိနေသည်ကို မြင်လိုက်ရလေသည်။ ကောင်းမင်က သူ့မိဘများကို အိမ်ထဲသို့ခေါ်လိုက်သည်။ သူ့၏ဖိနပ်ပါးလေးအား ကောက်စီးလိုက်ပြီးသောအခါ သူ့မိခင်ဆီမှ ဖုန်းဝင်လာ၏။ မိခင်က ဒီအနည်းငယ်တွင်း ဟန်ဟိုင်းမှာ မိုးရွာနေသောကြောင့် ကိုယ့်ဘာသာ ဂရုစိုက်ရန် ဖုန်းဆက်လာခြင်း ဖြစ်သည်။

အေးစက်ခြင်းအငွေ့အသက်က သူ့ကျောရိုးတစ်လျှောက် စိမ့်တက်လာ၏။ ‌ဖုန်းစခရင်ကို ကြည့်နေရင်း သူနောက်လှည့်လိုက်သည်နှင့် သူ့မိဘနှစ်ယောက်က သူ့နောက်တွင်ရပ်နေသည် ကိုမြင်လိုက်ရသည်။ ‌

မွေးနေ့ကိတ်တစ်လုံး ၊ ကုမ္ပဏီ နှင့် သူ့မိဘတွေ......

သူလုပ်ထားတဲ့ဂိမ်းက လက်တွေ့ဖြစ်လာတာပဲ။

သူဂိမ်းအား ဖန်တီးနေချိန်တွင် တစ်ချို့အရာများ အား ပြောင်းလဲလိုက်သည်။ သူထွက်ပြေးရန်ကြိုးစားလိုက်သော်လည်း ခိုင်ခံ့သောတံခါး၏နောက်တွင်အဆုံးမဲ့အမှောင်ထုကြီးသာရှိလေသည်။ အမှောင်ထုကြီးသည်အမည်မသိလောကကြီးနှင့် ချိတ်ဆက်နေပုံပေါ်နေလေ၏။ တခြားရွေးစရာ မရှိပေ။ ကောင်းမင်ကသူ၏ကိုယ်ပိုင် ဂိမ်းကို‌ပြီး‌အောင်ဆော့ရမည်ဖြစ်သည်။

"ဒီဂိမ်းက ဘယ်လောက်တောင်ခက်လိမ့်မလဲကွာ"

သူမိဘများသည်ညဘက်တိုင်း အိမ်ကိုပြန်ရောက်လာပေလိမ့်မည်။ သူ့မိဘတွေက အမှောင်ထဲမှာ မကောင်းဆိုးဝါးတွေ ဖြစ်သွားပေလိမ့်မည်။ ဒါဆို သူ့ပန်းတိုင်က သူဆယ့်ရှစ်နှစ်မတိုင်ခင် အသက်ရှင်အောင်နေပြီး အိမ်ကနေ ထွက်သွားရဖို့လား။

ကောင်းမင်ကမျက်တောင်များခတ်လိုက်ရင်း လွန်ခဲ့သော သုံးရက်ကအဖြစ်အပျက်များကိုပြန်တွေးနေလေသည်။ အနည်းဆုံးတော့ သူ့ဘဝမှာ တခြားသူရဲ့ကိတ်ကို ဘယ်တော့မှ မစားချင်ခဲ့ပေ။

ကောင်းမင်သည်ဆေးလိပ်ကို လက်နဲ့ငြိမ်းသတ်လိုက်သူ၏နောက်ဆုံးမိဘနှစ်ယောက်ကို အိပ်ခန်းထဲတွန်းထည့်လိုက်သည်။ သူ့မိဘတွေက သူ့ကို မထားခဲ့စေချင်ပေ။ မိဘတွေ အိမ်ပြန်ရောက်တိုင်း ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်တွေ ပိုရှိလာသည်။

ဖယောင်းတိုင်ဆယ့်ရှစ်ချောင်းသည် အရွယ်ရောက်ချိန်ဖြစ်သည်။ ငါဂိမ်းကို အောင်တဲ့အခါဒီဟာပဲဖြစ်သင့်တယ်။

"ခင်ဗျားတို့ရဲ့ ချစ်ခင်တွယ်တာပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့က တကယ့် မိဘတွေဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့်ကို အတင်းအကျပ်ဒီမှာ နေခိုင်းမှာ မဟုတ်ဘူး ဒါပေမယ့် ကျွန်‌တော် ဒီနေရာက ထွက်သွားတဲ့အခါကျရင် ခင်ဗျားတို့ကို ကျွန်တော်နဲ့အတူခေါ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကောင်းမင်၏မိဘများသည်အရင်က ခံစားချက်ပုံစံများမရှိပေ။

သို့သော် ကောင်းမင်သည် သူ၏ကိုယ်ပိုင်ဂိမ်းကို ပြီးဆုံးရန် နီးကပ်လာပြီဟု ယူဆမိသည်။ ကောင်းမင်သည် အိပ်ခန်းတံခါးကို ပိတ်လိုက်သည်နှင့်အခန်းအပူချိန်ကပြန်တက်လာ၏။ တီဗီမှသတင်းသည် ပြီးဆုံးတော့မည်ဖြစ်ပြီး အပြင်ဘက်မှ မုန်တိုင်းသည်ပိုပြီးအစစ်အမှန်ဆန်တော့‌သည်။

"နောက်ဆုံးတော့ သုံးရက်လောက်ဒုက္ခခံပြီး ဒီချီးထုပ်နေရာကြီးက ထွက်နိုင်ခဲ့ပြီ"

ကောင်းမင်သည်အလျင်အမြန်တံခါးရှေ့ကိုသွားလိုက်ပြီး ချောင်းကြည့်ပေါက်လေးမှ ချောင်းကြည့်လိုက်သည်။ အခန်းအပြင်ဘက်ရှိ ကော်ရစ်ဒါသည် အမှောင်ထုဖြင့်ဝန်းရံမနေတော့ပေ။ မှိန်ဖျဖျ အလင်းရောင်လေးသည် ကောင်းမင်အား တစ်နေရာသို့ လမ်းပြနေဟန်တူသည်။

"ဥမင်ထဲက ငါ့မှတ်ဉာဏ်တွေက မှုန်ဝါးနေတုန်းပဲ ၊ ငါ့ဂိမ်းက အစစ်အမှန်ဖြစ်လာတာက ဥမင်နဲ့ သက်ဆိုင်နေတယ်"

ကောင်းမင်က ဒီအောက်ခြေကို ရောက်ရမယ်ဆိုတာ သူသိလိုက်သည်။ သူသည် သဲထိတ်ရင်ဖိုဇာတ်လမ်းများအား နှစ်သက်သူတစ်ယောက်ဖြစ်သည်။ သူကသေဆုံးခြင်းကို သာမာန်လူတစ်ယောက်သိသည်ထက်ပိုသိလေသည်။ သူဖန်တီးထားသမျှ အားလုံးသည်အစစ်အမှန်ဖြစ်လာခဲ့သည် မြို့တော်တစ်ခုလုံးသည်အလွန်အန္တာရယ်များနေပြီဖြစ်သည်။ ကော်ရစ်ဒါမှ အလင်းရောင်လေးသည် အမှောင်ထုအား အတင်းအကျပ်မောင်းထုတ်နေခဲ့သည်။ ကောင်းမင်သည်တံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်သို့ခြေလှမ်းတစ်လှမ်းခြင်း ထွက်လာခဲ့သည်။ သူ့နှလုံးသည် ပြေးထွက်ချင်နေပြီဖြစ်သည်။ ချောင်းကြည့်ပေါက်မှနေ၍အပြင်ဘက်သိူ့စိုက်ကြည့်လိုက်သည်။ သူ့၏သွေးပြန်ကြောများသည် လက်မောင်းတစ်လျှောက်တရွရွ‌ဖြစ်နေခဲ့သည်။

"ငါ ဒီဂိမ်းကိုအောင်သွားသင့်ပြီ "

ကောင်းမင်က အသက်ရှူကြပ်လာပြီး ကော်ရစ်လှေကားအောက်သို့ကြည့်လိုက်သည်။ ခနကြာသော် အသက်နှစ်ဆယ်ကျော်အရွယ်ခန့် မိုးကာအင်္ကျီဝတ်ထားသော လူတစ်ယောက်ပေါ်လာသည်။ ထိုသူ၏မျက်နှာသည်မှောင်မဲနေပြီး ပတ်ပတ်လည်ကိုလိုက်ကြည့်နေလေ၏။ ကောင်းမင်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုလူ၏ပုံစံသည် ရဲတွေထံမှလွတ်မြောက်သွားသော လူသတ်သမား၏ ပုံနဲ့တူညီနေသည်။

"ငါအရမ်းကြောက်နေခဲ့တာပဲ ၊ ဒါက မိုးသည်းညလူသတ်သမားပဲ ၊ ငါထင်တာက မိဘတွေ ပြန်လာတယ်လို့ပဲ ထင်ခဲ့တာ"

သူကအိပ်ခန်းပတ်လည်ကိုကြည့်နေခဲ့သည်။ ထိုအရာသည် ဂိမ်းကိုအောင်သွားတဲ့အတွက် ဆုလာဘ်ဖြစ်ပေလိမ့်မည်။ သို့သော် သူမယူရဲခဲ့ပေ။ သူသည်ပတ်တီးများရှာတွေ့ခဲ့ပြီး သူ၏ခြေလက်များကို ပတ်တီးစည်းလိုက်သည်။ သူက ဒဏ်ရာရ‌ဟန်ဆောင်လိုက်သည်။ အမှိုက်အိတ်ကို သယ်ပြီးရှေ့တံခါးကို ဖွင့်လိုက်သည်။ စိုစွတ်သောရေငွေ့များသည် အခန်းထဲသို့ရေငွေ့များဖြင့်ပါလာသည်။

ကောင်းမင်၏အသက်ရှူသံများကလေး‌လံနေ၏။ မိုးကာအင်္ကျီနဲ့လူက တံခါးဖွင့်သံကြားသောအခါ ထွက်သွားမည်ဟန်ပြင်လိုက်သည်။ မိုးရေစီးကြောင်းများသည် ထိုသူ၏ဦးထုပ်အစွန်းမှ စီးကျနေလေသည်။ သူ့မျက်လုံးထဲရှိစိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ရန်အကောင်းဆုံးကြိုးစားလိုက်သည်။ တံခါးကို ကိုင်ဖို့ လှည့်လိုက်သည်။

"အပြင်မှာမိုးအရမ်းသည်းနေတယ်၊ ခင်ဗျားရဲ့အဝတ်တွေက စိုရွှဲနေတော့ အခန်းထဲဝင်ပြီး နွေးအောင်လုပ်လိုက်ပါလား"

ထိုလူစကားစမပြောခင် ကောင်းမင်က အရင်ကမ်းလှမ်းလိုက်သည်။ ထို့နောက်သူက စားပွဲပေါ်ရှိ ဟင်းပွဲများကို နွေးစေရန်လုပ်လိုက်သည်။ မည်သို့မှခုခံရန်မပြသောကောင်းမင်ကိုမြင်ပြီး ထိုလူက အခန်းထဲသို့ဝင်လာလေသည်။ ထိုသူက ကောင်းမင်၏ဒဏ်ရာရနေသောလက်များနှင့် စားလက်ကိတ်မုန့်တစ်ဝက်ကို မြင်လိုက်ရသည်။ ပျော်ရွှင်နေသောလေထုထဲတွင် ဖျက်ဆီးလိုမှုကအစပျိုးလာခဲ့ပြီး ထိုလူက ရက်စက်သောအပြုံးကိုထုတ်ဖော်လာခဲ့သည်။

"ဒါက မင်းကြုံဖူးသမျှ ပျော်စရာညတွေထဲမှာ နောက်ဆုံးဖြစ်မှာပါ "

All Chapters