မိသားစု
Vol. 1 Ch. 2
ဖိနပ်အောက်မှရွှံ့များဖြင့်ကြမ်းပြင်သည် ညစ်ပတ်နေ၏။ ချီယန်က တံခါးကိုပိတ်လိုက်ပြီး လော့ခ်ချလိုက်သည်။ သူ၏လက်အားအင်္ကျီလက်ထဲတွင်ဝှက်ထားပြီး ခပ်တင်းတင်းဆုပ်ထား၏။ သူ၏အသက်ရှူသံမှာပြင်းထန်လာသည်။ သတင်းမီဒီယာများက သူ့ကိုမိုးသည်းညလူသတ်သမားဟုခေါ်ကြပြီး သူက ရိုးသားပြီးကြောက်တတ်သောသူများကို နှစ်သက်လေသည်။
"ငါ့ကိုအထဲပေးဝင်တဲ့အတွက် သူ့ကိုကျေးဇူးတင်သင့်လား"
သူ၏နီရဲနေသောမျက်လုံးများဖြင့် ကောင်းမင်၏နောက်ကျောအား စိုက်ကြည့်လိုက်သည်။ သူက ကြင်နာတတ်သောသူများအားအမဲလိုက်ရသည်ကိုနှစ်သက်သည်။ ပျက်စီးနေသောကမ္ဘာကြီး၏အလှတရားကိုနှစ်သက်သည်။
"သူ့မှာကြင်နာတတ်တဲ့စိတ်ထားတဲ့ ပြည့်စုံတဲ့မိသားစုလဲရှိတယ်၊ မိဘတွေကြောင့်ကောင်းကောင်းမွန်မွန်နေနေရတာပဲ ၊ ကြင်နာတတ်တဲ့လူတွေက နတ်ဆိုးတွေဘာလုပ်နိုင်လဲဆိုတာ မသိကြဘူး ...ဟင်း ဟင်း"
ချီယန်က သူ့၏မျက်နှာအား ဦးထုပ်ဖြင့်ဆက်ကာထားလိုက်သည်။ သူ့စိတ်တွင်ကောင်းမင်အား နှိပ်စက်ရန် နည်းလမ်းများကိုစဉ်းစားနေခဲ့သည်။
"ခင်ဗျား ဆာနေလောက်ပြီ"
ကောင်းမင် အစားအသောက်တစ်ပန်းကန်နဲ့ ရေတစ်ခွက်ကမ်းပေးလိုက်သည်။
"ဒီနေ့ကကျွန်တော့်မွေးနေ့ပဲ၊ ဒါကြောင့်ဟင်းတွေအများကြီးချက်ထားတာ၊ ကိတ်လဲ ကျန်သေးတယ်၊ ခင်ဗျားနဲနဲစားချင်လား"
ထိုမွေးနေ့ကိတ်အားသူ့မိဘများကဝယ်လာခြင်းဖြစ်သည်။ ထို့ကြောင့်သူက ဝမ်းသာစွာဖြင့် ဝေမျှပေးမည်ဖြစ်သည်။
"ရပါတယ်"
ချီယန် ဘာတစ်ခုမှ မထိချေ။ ခြေရာလက်ရာများကျန်သွားမည်ကိုကြောက်သောကြောင့်ဖြစ်သည်။
"အိပ်ခန်းထဲကမင်းကို တစ်ယောက်ယောက်ကခေါ်နေတာလား"
"ကျွန်တော့်မိဘတွေလည်းအိမ်မှာ ရှိကြတယ်လေ"
ကောင်းမင်က ပြုံးလိုက်သည်။
"သူတို့က နေသိပ်မကောင်းဘူးလေ၊ အခန်းထဲပဲနေချင်ကြတာ၊ သိပ်မလှုပ်ရှားနိုင်ကြဘူးဗျ"
"မင်းမိဘတွေကို သွားကြည့်ဖို့မလိုဘူးလား"
ချီယန်၏စိတ်ထဲတွင် ကောင်းမင်မှာ သေလူဖြစ်နေပြီ ဖြစ်သည်။
"မင်းမိဘတွေကို ငါတို့သွားနူတ်ဆက်သင့်တယ်လို့ထင်တယ်"
"ကျွန်တော်က ရှက်တတ်လို့ သူတို့နဲ့သိပ်စကားမပြောဖြစ်ဘူး"
ကောင်းမင်က သက်ပြင်းချလိုက်ပြီးနှေးတုံ့နှေးကွေးဖြင့် အိပ်ခန်းဆီသို့သွားလိုက်သည်။
"ကျွန်တော့်မိဘတွေက ထူးဆန်းတဲ့ကူးစက်ရောဂါကြောင့်မို့နေမကောင်းဖြစ်နေကြတာ၊ တိတ်တိတ်လေးနေပေးဖို့လိုတယ် "
ချီယန်က အိပ်ခန်းထဲမှအသံဗလံတချို့ကြားလိုက်ရသည်။ သူက အိပ်ခါးတံခါးဆီသို့သွားနေသောကောင်းမင်နောက်မှလိုက်သွားလိုက်သည်။ အလင်းရောင်သည် စတင်ပုံပျက်လာပြီး အပူချိန်သည်လည်း နိမ့်ကျလာလေ၏။
ကောင်းမင်ကအိပ်ခန်းတံခါးကိုဖွင့်လိုက်သောအခါ ချီယန်က နောက်တစ်လှမ်းဆုတ်လိုက်ပြီး အိပ်ခန်းထဲသို့ သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။ အရိပ်ကအိပ်ခန်းထဲသို့ ဆုတ်သွား၏။
အလင်းရောင်နဲ့အရိပ်များရောထွေးနေသောနေရာတွင် ကြောက်မက်ဖွယ်မျက်နှာများဖြင့်ကြီးမားသောခန္ဓာကိုယ်များက လှုပ်လှုပ်လှုပ်လှုပ်နေကြသည်။ ထိုမကောင်းဆိုးဝါးမိဘများက ကောင်းမင်ကိုမြင်သောအခါ ဆွဲငင်ခံရသကဲ့သို့ တစ်ဦးနှင့်တစ်ဦးတွန်းထိုးပြီး တံခါးဝဆီသို့ သွားရန်ကြိုးစားလိုက်ကြသည်။
ထိုသို့ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်လိုက်သောအခါ ချီယန်သည် မွန်းကြပ်လာမှုကိုခံစားလိုက်ရသည်။ ချီယန်ကအခန်းထဲတွင်လူကြီးနှစ်ယောက်သာ ရှိသည်ဟုသာ ထင်ထားခြင်းဖြစ်သည်။ သူက အနောက်ကိုအမြန်ဆုတ်လိုက်သည်။ သို့သော် သူအနောက်သို့လှည့်ကြည့်လိုက်သောအခါကောင်းမင်ဆီမှ ပန်းအိုးကြီးမြောက်တက်လာသည်ကို တွေ့လိုက်ရသည်။ ချီယန်က သူ့ကိုယ်သူရှက်တတ်သောသူဟု ကောင်းမင်ပြောခဲ့သည်ကို သတိရမိလိုက်သည်။
တရုတ်ပန်းအိုးအကွဲစတွေက ပြန့်ကျဲသွား၏။ ချီယန်၏မျက်နှာတွင် သွေးများဖြာဆင်းနေ၏။ မျက်လုံးထဲတွင်ကောင်းကင်ကြီးကလည်နေသယောင်ခံစားနေရသည်။ သူ့ခန္ဓာကိုယ်ကြီး လဲကျသွားပြီးချင်း ထိုရှက်တတ်သောလူက သူ့လည်ချောင်းထဲသို့ ရေတစ်ခွက် လောင်းထည့်လိုက်လေသည်။ ထိုသူသည် ထိုအရာများကို အလွန်လျင်မြန်စွာလုပ်ဆောင်သွားခြင်းဖြစ်သည်။
"ငါမင်းကိုမနာကျင်အောင် ထုံဆေးပေးလိုက်ပြီ၊ ဒါပေမယ့် မင်းဘာတစ်ခုမှ လှုပ်နိုင်တော့မှာ မဟုတ်ဘူး"
ကောင်းမင်က ချီယန်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး
"မကြောက်ပါနဲ့ ခနနေရင်မင်းဘာမှ မြင်ရတော့မှာမဟုတ်ပါဘူး နာကျင်မှုတွေရောအပါအဝင်ပေါ့"
ကြားလိုက်ရသော ချီယန်၏မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်သွားသည်။ ကောင်းမင်က သူကိုဘာဆက်လုပ်မည်ဆိုတာ မတွေးနိုင်တော့ပေ။ သူ့မျက်လုံးများသည် လည်နေခဲ့သည်။ သူမြင်နေရသည်မှာ အိပ်ခန်းထဲက မိဘများနဲ့ တည်ငြိမ်နေသော ကောင်းမင်ကိုဖြစ်သည်။
"ဒါက ဘယ်လိုစိတ္တဇအရူးမျိုးလဲကွာ"
ဟန်ဆောင်တယ်၊ ထိန်းချုပ်နိုင်တယ် ၊ ပိုင်ပိုင်နိုင်နိုင်လက်စားချေတယ်၊ လွှမ်းမိုးတတ်တယ် ။ သူ့တွင် ထိုသို့လူသတ်သမားလက္ခဏာများအကုန်ရှိလေသည်။ ထိုသူသည်သွေးအေးပြီးစဥ်းလဲရက်စက်တတ်သောလူဖြစ်ခဲ့သည်။
"မင်းမျက်လုံးတွေနဲ့ငါ့ကိုကျိန်ဆဲနေရင် ဒါကိုဘယ်လိုခံစားလို့ရမလဲ"
ကောင်းမင်က ချီယန်နောက်ဘက်တွင်ထိုင်ချလိုက် ဆံပင်ကိုဆုပ်ကိုင်ကာ အိပ်ခန်းဘက်သို့မျက်နှာမူကာကြည့်ရှူစေလိုက်သည်။
"ဆေးဝါးကို အထဲကန်မထည့်ခင် မင်းကိုငါမေးစရာရှိတယ်၊ အိပ်ခန်းထဲက လူတွေကို မင်းမြင်နိုင်လား ၊မြင်ရလား"
ချီယန်၏မျက်လုံးထဲတွင်အကြောက်တရားဖြင့်ပြည့်နှက်သွား၏။ နာကျင်မှုသည်ခေါင်းပေါ်သို့ရောက်လာ၏။ သူ့နှလုံးသည်ခုန်ပေါက်နေ၏။ သူ့ဦးနှောက်သည် ဆေးဝါးများကြောင့် ထုံထိုင်းလာလေသည်။ သူအသတ်ခံရတော့မည်။ သို့သော် သူဘာမှမလုပ်ရသေးခင် ဒူးထောက်ချလိုက်သည်။
"မင်းပုံစံအရ မင်းလုပ်နိုင်မယ်ဆိုတာ ငါယုံကြည်တယ်"
ကောင်းမင်က ချီယန်အားကြိုးတုပ်လိုက်သည်။
"ငါ့စိတ်ထဲဘာမှ မှားနေတာတော့ မရှိဘူး၊ ဂိမ်းက တစ်ချို့အခြေအနေတွေကြောင့် တကယ်ဖြစ်လာခဲ့တာ ထင်တယ်"
အခန်းထဲရှိအရိပ်များသည် ပျော်မြူးနေကြသယောင်ဖြစ်သည်။ ထူးဆန်းသော အဖေနဲ့အမေတို့မှိန်ဖျော့နေသော အမှောင်ထဲတွင် မာန်ဖီဟိန်းဟောက်နေကြသည်။ သူတို့သည် အစစ်အမှန်ကမ္ဘာထဲတွင် မနေနိုင်ကြချေ။ ကမ္ဘာနှစ်ထပ်ဖြစ်သောအခါမှသာ သူတို့ထွက်ပေါ်လာကြခြင်းဖြစ်သည်။
ကောင်းမင်သည် အပူချိန်တိုးလာသည်ကိုခံစားရပြီး အသက်ရှူသံမှန်လာလေသည်။
"ငါ့ဂိမ်းက တချို့ကြားခံတွေကြောင့် အစစ်အမှန်ကမ္ဘာနှင့် ဆက်မိသွားပြီးတော့ အမေနဲ့တည်နေရာနဲ့ ချိတ်မိသွားတာဖြစ်မယ် ၊ငါဂိမ်းကို အောင်ပြီးသွားရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာ ၊ ဒါပေမယ့် ငါထွက်သွားရင်တော့ ကမ္ဘာနှစ်ခုကိုထပ်မပိုင်းခြားချိန်ထိ သရဲပုံပြင်တွေက ပြန့်နှံ့ကုန်မှာ"
အိပ်ခန်းအများစုကို အလင်းရောင်များ ဖြန့်ကျဲထားသည်။ အမှောင်ထုထဲတွင် အဖေနဲ့ အမေများက တွန်းထိုးလှုပ်ရှားနေကြသည်။ ရုတ်တရက် အမေတစ်ယောက်သည် မလှုပ်ရှားတော့ပဲ ချစ်ခြင်းများဖြင့်ပြည့်နေသော အကြည့်ဖြင့် အမှောင်ထုအားကောင်းမင်ဆီသို့ ဆွဲငင်စေလိုက်သည်။
ကောင်းမင်က စပြေးလိုက်သော်လည်း ချီယန်ကတော့ ကံမကောင်းခဲ့ချေ။ နောက်ဆုံးအချိန်မှာတွင် အမေ၏အရိပ်သည် ချီယန်အား ဝါးမြိုလိုက်တော့သည်။ အမေက ချီယန်ဆီမှ တစ်စုံတစ်ခုကို ယူဆောင်လိုက်သည်နဲ့ စူးဝါးသော အော်သံကြီးထွက်ပေါ်လာတော့၏။
နံနက် ၄နာရီ ၄၄မိနစ်
အိပ်ခန်းသည် ပုံမှန်ပြန်ဖြစ်သွား၏။ ကောင်းမင်ကအခန်းထဲသို့ ကြမ်းသုတ်တံအား ယူဆောင်လာခဲ့သည်။ အခန်းထဲတွင် မိဘများ မရှိတော့ပုံပေါ်သည်။ မွေးနေ့ကိတ်နဲ့ဖယောင်းတိုင်များအားလုံးလည်း မရှိတော့ပေ။ ချီယန်တစ်ယောက်သာ ကျန်ခဲ့ခြင်းဖြစ်သည်။ သူ့ဝိဉာည်အားတစ်ခုခုမှ စုပ်ယူသွားသကဲ့သို့ မျက်လုံးများသည်အသက်မဲ့နေလေ၏။
အမေပျောက်သွားခဲ့သော နေရာကွက်တွင်ကောင်းမင်က ကြောက်စရာကောင်းသောအဖြူအမဲ ဓာတ်ပုံနှစ်ပုံကို တွေ့ခဲ့ရသည်။ ဓာတ်ပုံများသည် ဟောင်းနွမ်းနေပြီး သူတို့နှင့် အချိန်အကြာကြီး ရှိခဲ့ပုံရသည်။ ဓာတ်ပုံတစ်ပုံတွင် ကောင်းမင်က မွေးနေ့ကိတ်မုန့်နဲ့အတူ ပျော်ရွှင်စွာ ထိုင်နေ၏။ သူ့ဘေးတွင် ထူးဆန်းသော အဖေနဲ့အမေများ ဝန်းရံနေကြသည်။
ပုံမှာပါသည့်အရာသည် ဘာမှ အဖိုးမတန်ပေ။ မိဘတွေကအစ ကိတ်နဲ့ပရိဘောဂများအထိ အဖြူအမည်းသာဖြစ်သည်။ ကောင်းမင်မှလွဲ၍ဖြစ်သည်။ သူ့ပုံသည် ကာလာနဲ့ဖြစ်နေ၏။ သူကပုံတစ်ဖက်ကိုကြည့်လိုက်ရာ အနောက်ဘက်ခြမ်းတွင် စာများကို တွေ့လိုက်ရသည်။
"ချစ်လှစွာသော သားလေးဆီသို့
သားက အခု၁၈နှစ်ပြည့်ပြီဖြစ်လို့ အရွယ်ရောက်နေပြီလေ၊ ဒါကြောင့်မို့ အိမ်သော့ကိုသားရလိမ့်မယ်၊ အမေတို့ရဲ့အိမ်က ရှိတာနှင့်မရှိတာ ကြားမှာရှိနေတယ်၊ အဲ့ဒါက အိမ်မက်ဆိုးတွေကြားမှာ နက်နက်ရှိုင်းရှိုင်းဖုန်းကွယ်နေပြီးတော့ စစ်မှန်ခြင်းရဲ့အစွန်းဘက်မှာ ဖြစ်နိုင်ခြေမရှိတာတွေ အများစုရှိနေခဲ့တယ်၊ သားနဲ့တော့ အရမ်းဝေးပါတယ်၊ ဒါပေမယ့် အဲ့ဒါလေးက လူ့နှလုံးသားထဲမှာရှိတဲ့အမှောင်မိုက်ဆုံးအပိုင်းနဲ့ချိတ်ဆက်ပေးနိုင်လိမ့်မယ်"
"မိဘတစ်ဦးအနေနဲ့ သင်ဟာမိသားစုတိုင်းကိုကယ်တင်ဖို့ရွေးချယ်နိုင်တယ် ပြီးတော့ သူတို့ကိုညီတူညီမျှ ချစ်ပေးရမယ် ၊ ဒါမှမဟုတ် သူတို့ကိုခေါ်သွားပြီးတော့ ပစ္စည်းတစ်ခုလို ရူးသွပ်လောက်စရာနည်းလမ်းတွေနဲ့ နှိပ်စက်ဖို့လည်း ရွေးချယ်နိုင်တယ်"
"သင်လွတ်လပ်သွားပါပြီ၊ ငါတို့အတွက်မင်းလုပ်ပေးဖို့လို့တဲ့အရာကတော့ အရမ်းရိုးရှင်းတယ်၊မှောင်ပြီးတဲ့အခါ ဒီဂိမ်းကိုလူတွေပိုပြီး ကစားစေချင်တယ်၊ အဲ့ဒီအရာတွေကိုစားသုံးဖို့ သူတို့ဆီက စွမ်းအားတွေကို ပုံပြင်ဇာတ်လမ်းတွေထဲ ပြန့်နှံသွားပါစေ"
ထိုလက်ရေးစာသားသည် ကလေးတစ်ယောက်က ရေးသားခဲ့ပုံပေါ်သည်။ စာလုံးများသည် သွေးများစွန်းထင်းနေ၏။
"မိဘတစ်ဦး အနေနဲ့လား"
ကောင်းမင်က မျက်မှောင်ကြုံ့လိုက်ပြီး ဒုတိဓာတ်ပုံကို ကောက်ကိုင်လိုက်သည်။ ဒုတိယပုံသည် ချီယန်၏အကြောက်တရားများဖြင့်ထုဆစ်ခံထားရသော မျက်နှာပုံဖြစ်လေသည်။ ကြည့်ရသည်မှာသူ၏နောက်ဆုံးဓာတ်ပုံဖြစ်ဟန်တူသည်။ ထိုပုံနောက်ကျောတွင်လည်း ထူးဆန်းသောလက်ရေးများဖြင့်ရေးထားသောစာများရှိသည်။
"မိသားစုဓာတ်ပုံ၊
တွယ်တာမှု ကြီးကြီးမားမား ရှိခဲ့သူများသာ စစ်မှန်ခြင်းကိုရမည်၊ သေဆုံးခဲ့သူ၊ စိတ်ခံစားမှုများဖြင့်ပိတ်မိနေသူ ၊ စိတ်ညှဉ်းဆဲခြင်းကို စွဲလမ်းနေသူ ဒါမှမဟုတ် အပြစ်ကြီးကြီးမားမားရှိသူတွေသာလျှင် ငါတို့မိသားစုကို ဝင်ရောက်နိုင်လိမ့်မည်၊ ငါတို့ဟာ သေခြင်းဆီကိုသွားနေကြတဲ့ နားခိုရာအခန်းငယ်လေးတွေပါပဲ ၊ ငါတို့ဖြစ်တည်မှုတွေက သေခြင်းထက် ဒုတိယရွေးချယ်မှုကို ပေးနိုင်တယ်"
"ဒါပေမယ့် လူအများစုကတော့ ဒီကိုရောက်လာကြပြီး သေခြင်းတရားကို မရွေးချယ်တဲ့အတွက် နောင်တရကြလိမ့်မယ်"