← Chapters

အိမ်

Vol. 1 Ch. 3

အိမ်

Vol. 1 Ch. 3

သက်ဝင်လှုပ်ရှားနေသောအခန်းမီးရောင်အောက်တွင် ကောင်းမင်ထိုင်နေခဲ့သည်။ ဓာတ်ပုံနှစ်ပုံကိုလေ့လာလိုက်ပြီး သဲလွန်စရှာရန်ကြိုးစားလိုက်သည်။

"ဓာတ်ပုံ‌ထဲမှာဖော်ပြထားတဲ့အိမ်က ထူးဆန်းသောမိဘများနေထိုင်ရာကမ္ဘာကိုညွှန်ပြတာဖြစ်မယ်"

"ပထမပုံမှာပြောထားတာက ငါက မိဘတစ်ယောက်ဖြစ်ပြီးတော့ အိမ်ကိုသွားမယ့် သော့တစ်ခုလည်း ရှိနေတယ်၊ သော့ဆိုတာကတော့ တကယ်ကိုင်တွယ်လို့ရတဲ့သော့မဟုတ်လောက်ဘူး၊ ဒါပေမယ့် ငါ့ဂိမ်းကို အစစ်အမှန်အစိတ်အပိုင်းဖြစ်အောင်လုပ်ပေးနိုင်တဲ့စွမ်းအားတော့ ရှိမယ်ထင်တယ်"

"ထူးဆန်းတဲ့မိဘတွေက ငါ့ဂိမ်းကို ဖြတ်လာပြီးတော့ တကယ့်ကမ္ဘာထဲ ဝင်လာကြတာ၊ မိဘတွေက တကယ်ရောက်လာကြတာတော့ မဟုတ်ဘူး၊ တကယ့်ကမ္ဘာထဲက ပုံစုံကို သူတို့ယူထားကြတာဖြစ်မယ်"

ကောင်းမင်က မှတ်စုထဲတွင်ချရေးထားလိုက်သည်။ သူခေါင်းကိုက်လာသည်။ သူ့လက်ဖဝါးတွေကို နှိပ်နယ်လိုက်သည်။

"မူမမှန်မှုတွေက ဥမင်လိုဏ်ခေါင်းဆီကိုပဲ ဆက်နွယ်နေကြတာပဲ၊ နေထွက်လာရင် ငါသွားရတော့မှာ၊ တစ်ခုခုရှာတွေ့နိုင်လောက်ပါရဲ့"

ကောင်းမင်က ဒုတိယပုံကိုကြည့်လိုက်သည်။

မိနစ်အနည်းငယ်ကြာသောအခါ ချီယန်၏မျက်နှာအမူအရာသည် ပို၍နာကျင်လာဟန်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တွင်လည်း အက်ကြောင်းများပေါ်လာသည်။

"ချီယန်ရဲ့ဝိညာည်ကို ထူးဆန်းတဲ့အမေလောက ကဆွဲယူသွားပြီပဲ၊ သုံးမိနစ်ပျော့ပျော့ပဲရှိသေးတယ် ၊ သူက အဆိုးဆုံးအခြေနေထဲ ရောက်သွားခဲ့ပြီ၊ ဒီအိမ်ကြီးက တော်တော်ကြောက်ဖို့ကောင်းတယ်"

ကောင်းမင်က ဓာတ်ပုံနှစ်ပုံကိုသိမ်းဆည်းလိုက် ရဲကိုဖုန်းခေါ်လိုက်သည်။ သူကချီယန်ကို ဒီအိမ်ထဲမှာ မသေစေချင်ပေ။

"ဟယ်လို ကျွန်တော်ရဲစခန်းကိုဖုန်းခေါ်နေတာပါ၊ ကျွန်တော့်အိမ်မှာ မိုးသည်းညလူသတ်သမား ရောက်နေလို့ပါ"

ခနတာတိတ်ဆိတ်သွားပြီးနောက် ဖုန်းပြန်ဖြေသူသည် စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလာခဲ့သည်။

"ခင်ဗျား အန္တရာယ်ရှိနေလား၊ မစိုးရိမ်နဲ့ ၊ သူ့ကိုရန်စတာမျိုးလဲ တစ်ခုမှ မလုပ်နဲ့နော် ၊ အခု သူခင်ဗျားနားမှာ ရှိနေတုန်းလား၊ သူတောင်းဆိုချင်တာကို ပြောဖို့ပြောလိုက်ပါ၊ ခင်ဗျားလုံခြုံဖို့ ကျွန်တော်တို့အာမခံပါတယ်"

ကောင်းမင်က လှည့်ကြည့်လိုက်ပြီး သွေးများစီးကျနေသော ချီယန်အားကန်လိုက်သည်။ သူကသက်ပြင်းချလိုက်ပြီး

"မြန်မြန်လာပေးကြပါဗျာ၊ ကျွန်တော်သူ့ကိုကြာကြာထိန်းထားမနိုင်မှာကြောက်လို့ပါ"

ကောင်းမင်က သူ့ဖုန်းပေါ်တွင်အင်တာနက်ပေါ်မှ အကြောင်းအရာတချို့ကို ရှာဖွေလိုက်သည်။ နည်းစနစ်ကျကျဆိုရင် ဘတ်စ်ကားတစ်စီးပျောက်လျင်ပင်သတင်းတစ်ခုဖြစ်၏။ သူက ထိုကဲ့သို့သောအကြောင်းအရာများကို မရှာဖွေခဲ့ပေ။ သူက ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာန၏ တရားဝင်ဝဘ်ဆိုက်ကိုသာ စစ်ဆေးလိုက်သည်။ ဟဲဗီးရိန်းအကောင့်၌ ဆာလောင်နေသောသရဲများညတွင် ပြေးဆွဲခဲ့သော ကားလမ်းကြောင်း မရှိခဲ့ချေ။

"အဲ့ဒါပြီးတော့ ငါကားစီးခဲ့ပြီး ဘာဖြစ်ခဲ့တာလဲ"

ကောင်းမင်သည် တစ်ချိန်က မှုခင်းစစ်ဆေးရေးဆရာဝန်ဖြစ်ခဲ့သည်။ မြောက်များလှသော ရူးသွပ်နေသည့်လူများဖြင့် ကြုံတွေ့ခဲ့ရသည်။ သူ့ဦးနှောက်သည်ကြည်လင်ပြီး မှန်ကန်စွာအလုပ်လုပ်နေဆဲဖြစ်သည်။

"ကမ္ဘာကြီးက တစ်ခုခုတော့ မှားနေပြီ"

ထို့နောက်အရာအားလုံးသည် သူ့မျက်လုံးထဲတွင်သံသယဖြစ်ဖွယ်စတင်ပေါ်လာလေသည်။ ကောင်းမင်သည် နောက်ဆုံးသတင်းများအား ဖတ်ရှူလိုက်သည်။

"ဟန်ကျင်း၊ ရှင်းလု ဉာဏ်ပညာမြို့တော် ၊

ဟန်ဟိုင်းအင်တာနေရှင်နယ် စင်တာက လုံခြုံမှုနဲ့ ဝန်ဆောင်မှုမှာ အ‌ကောင်းဆုံးဖြစ်ပါတယ်၊ လက်တွေ့ကျကျကြည့်လိုက်ပါ၊ သူတို့တွေက ကမ္ဘာပေါ်က ခေတ်မှီမြို့တော်ကို ယုံကြည်နေကြပါပြီ၊

ကဲ အခုဟန်ဟိုင်း လူမှုကူညီရေးအဖွဲ့ရဲ့ ဒုဥက္ကဌ မစ်စတာ စီတုအန် ကို မိန့်ခွန်းအနည်းငယ်ပြောကြားဖို့ ကြိုဆိုလိုက်ရအောင်....."

"မနက်ခင်း သတင်းများ

ဟန်ရှန်း၏ပရမ်းပတာဖြစ်နေတဲ့ ရာဇဝတ်မှုကြီးများ၊ ထောင်သားများထိခိုက်ဒဏ်ရာရခြင်း၊ထောင်သားသုံးယောက်လွတ်မြောက်နေခြင်း"

"မနက်ခင်းသတင်းများ

ဟန်ကျင်းရှိ တစ်ခုတည်းသော ကိုးဆက်မြောက်ပန်းခြံတွင် မနေ့ညက မီးလောင်မှုဖြစ်ပွားခြင်းခဲ့ပါတယ်၊ မီးကညဘက်မှာစတင်လောင်ကျွမ်းတာဖြစ်ပြီး ထိခိုက်သူမရှိပါဘူး၊ လောလောဆယ်ပန်းခြံကို ထိန်းသိမ်းပြုပြင်ဖို့ ပိတ်ထားပါတယ်"

"မနက်ခင်း သတင်းများ

ဟန်ဟိုင်းမြို့ဟောင်းမှာ မနေ့က ရာဇဝတ်မှုအများအပြားဖြစ်ပွားခဲ့ပါတယ်၊ မြို့သူမြို့သားများ အားလုံခြုံရေးပေးရန် လိုအပ်နေပါတယ်"

ကောင်းမင်က မျက်မှောင်ကြုံ့လိုက်သည်။

"ရာဇဝတ်မှုတွေ မနေ့ညက ဖြစ်ပွားခဲ့တယ်ဟုတ်လား ၊ ကောလဟာလတွေ များနေတာပဲ ၊ ဒါက သတင်းအမှန်လား အမှားလား"

မိုးသည်ပြတင်းပေါက်ကို ဖောက်ဝင်နေခဲ့သည်။

ခြေသံများအား ကော်ရစ်ဒါဘက်မှ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်၏တံခါးခေါက်အား ကြားလိုက်ရသည်။

"ဝင်လာပြီနော်!"

ကောင်းမင်က တံခါးဖွင့်ပေးလိုက်သည်။ ရဲအရာရှိက အသင့်အနေအထားဖြင့်အခန်းထဲသို့ ပြေးဝင်လာသည်။ ရဲများက ကြိုးတုပ်ခံထားရသော ချီယန်အား ချက်ချင်းတွေ့သွားသည်။

"သံသယရှိသူကို မင်းအမှောက်သိပ်ထားတာလား"

ရန်လင်းက သူ့လူများကို အခန်းထဲစစ်ဆေးရန်အချက်ပြလိုက်သည်။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်‌ထွေးမှုများပေါ်နေလေ၏။ ဒါဟာ သူ့ရဲ့ သက်တမ်းရှည် ရဲဘ၀မှာ ဒီလိုမျိုး ပထမဆုံးအကြိမ် ကြုံခဲ့ရခြင်းဖြစ်သည်။

"လူသတ်သမားတွေက သူတို့ကိုမဖော်ထုတ်နိုင်ခင်မှာကြောက်စရာ အကောင်းဆုံးပဲ၊ ဘာလို့လဲဆိုတော့ လူသတ်သမားက မင်းဘေးကတစ်ယောက်ယောက်ဖြစ်နေနိုင်လို့ပဲ၊ ဒါပေမယ့်တစ်ခါဖော်ထုတ်မိရင်တော့ ထောင်ချောက်မိနေတဲ့သားရဲကောင်လိုမျိုး ဖြစ်သွားတတ်တယ်"

ကောင်းမင်က သူ့ဘာသာ ရေတစ်ခွက်ခပ်သောက်လိုက်သည်။

"ကျွန်တော်က ကောင်းမင်ပါ၊ အရင်က ဟန်ရှန်းအကျဉ်းထောင်မှာ မှုခင်းဆရာဝန်လုပ်ခဲ့ဖူးပါတယ်"

"ခင်ဗျားက အရမ်းသတ္တိရှိပါပေတယ်၊ ဒါမယ့် ခင်ဗျားတို့လိုပြည်သူတွေကို ဒီလိုမျိုးအန္တရာယ်များတွေကို ကိုယ်တိုင်မလုပ်စေချင်ဘူး၊ ညဘက်တွေ ထူးဆန်းနေရင် လုံးဝတံခါးမဖွင့်ပါနဲ့"

ရန်လင်းက စကားတွေကအများကြီးပြောလိုက်ပြီး ကောင်းမင်၏အာရုံစိုက်မှုကို ရယူလိုက်သည်။

"မိုးသည်းညလူသတ်သမားရဲ့ကြံရာပါများလား၊ သူက ရုပ်မတူဘူး၊ သူတို့လို လူတွေက တစ်ယောက်တည်း လုပ်ရတာကို ကြိုက်ကြတယ်”

"လွန်ခဲ့သည့် သုံးရက်ကလဲ ဒီနေရာမှ အမှုအများအပြား ဖြစ်ခဲ့တယ် ခင်ဗျားသတင်းမှာတော့ နည်းနည်းပဲ မြင်ခဲ့တာနဲ့တူတယ် "

ရန်လင်းက အသေးစိတ်တော့ မပြောခဲ့ပေ။ အဖြစ်အပျက်များသည် သူတွေးထားသည်ထက် ပိုပြင်းထန်နိုင်လေသည်။ မြို့ဟောင်းလေးက အနုတ်သဘောဆောင်သော ဖိအားများကို ဖုံးကွယ်ထားဟန်ရှိသည်။ လူသတ်မှုများက ပေါ်ပင်ဖြစ်နေဆဲဖြစ်သည်။

"အမှုအားလုံးက လွန်ခဲ့တဲ့သုံးရက်က ဖြစ်ပွားခဲ့တာလား"

ထိုအဖြစ်အပျက်များသည် ဥမင်ထဲတွင် ကောင်းမင်မှတ်ဉာဏ်ပျောက်သွားခဲ့သောအချိန်တွင်ဖြစ်ခဲ့ခြင်းဖြစ်သည်။

"ညဘက်အိမ်မှာပဲနေပါ ၊ လုံခြုံရေးအတွက် မစိုးရိမ်ပါနဲ့ ခင်ဗျားမိသားစုနဲ့ ခင်ဗျားကို စောင့်ကြည့်ပေးပါ့မယ်"

ရန်လင်းက ဆက်ပြောရန်ပြင်လိုက်စဉ် ကော်ရစ်ဒါမှ ခြေသံများကြားလိုက်ရသည်။ ပျက်စီးနေသော မျက်နှာနှင့်လူသည် ဘယ်ဘက်လက်အား လှုပ်ယမ်းလျက်ပေါ်လာသည်။ ထိုလူကိုမြင်သည်နှင့် ရန်လင်းက မျက်မှောင်ခပ်တင်းတင်းကြုံ့လိုက်သည်။ သူတို့ကတခြားဌာနက ရောက်လာခြင်းဖြစ်ပေလိမ့်မည်။

ထိုလူက ရန်လင်းအားရှိသည်မထင်ဟန်ဖြင့် ပတ်ကြည့်နေခဲ့သည်။ ထိုလူက အိပ်ခန်းထဲဝင်ရန်ပြင်လိုက်သောအခါ စကားပြောစက်သံ ထွက်လာသည်။ ထိုလူက ကြိမ်နူန်းကို ချိန်ညှိလိုက်သော်လည်း အသံကမရှင်းလင်းပေ။ ထိုနောက် လျင်မြန်စွာ ထွက်သွားလေ၏။

"သူက မင်းတို့ထဲက တစ်ယောက်လား၊ ဘယ်လိုအရည်အချင်းနဲ့များ ရဲထဲဝင်လာတာလဲ"

ကောင်းမင်က ထိုလူသည်အရာရှိတစ်ယောက်ထက် ရာဇဝတ်သားဟု ပိုခံစားနေရသည်။

ရန်လင်းက ခေါင်းကိုရမ်းလိုက်ပြီး

"သူက ရှင်းလုက စုံစမ်းရေးမှူးအသစ်ပါ ၊ သူဘာတွေ စုံစမ်းနေတယ်တော့ မသိဘူး"

"စုံစမ်းရေးမှူးတစ်‌ယောက်လား"

ကောင်းမင်သည် ရာဇ၀တ်မှုစနစ်အတွင်းတွင် အလုပ်လုပ်ဖူးသော်လည်း ၎င်းကို တစ်ခါမျှ မကြားဖူးပေ။

ရန်လင်းကနောက်ထပ် ဘာမှ မပြောပဲနေလိုက်သည်။ သူတို့သည် ရာဇဝတ်သားအားဖမ်းဆီးရန်ဖြစ်သည့်မတွက် မည်သည့်ဆေးဝါးအကူပစ္စည်းမှမပါပဲ လာခဲ့ခြင်းဖြစ်သည်။ ချီယန်၏ အခြေကို ဆုံးဖြတ်နေရင်း ကောင်းမင်အား မေးခွန်းတစ်ချို့မေးပြီး ထွက်သွားကြသည်။

ကောင်းမင်ကပြတင်းပေါက်ကိုပိတ်ပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ သူကအရမ်းအိပ်ချင်နေသော်လည်း လတ်တလောဖြစ်ပျက်သွားသည်ကအလွန်များပေသည်။

"မိုးတွေ ဘယ်တော့ရွာလာမလဲ မသိဘူး"

နံရံပေါ်ရှိ နံရံကပ်နာရီမှ စက္ကန့်လည်သံများတစ်ချက်ချက်ကြားနေရသည်။ ကောင်းမင်က ဓာတ်ပုံနှစ်ပုံ ပြန်ထုတ်ကြည့်လိုက်သည်။ ချီယန်၏ခန္ဓာကိုယ်ပေါ်ရှိ အက်ကြောင်းများသည် ဆက်ပျံ့နေဆဲဖြစ်သည်။ မကြာမီ သေဆုံးတော့မည်ဟန် တူသည်။

"ဒါက လူတွေကိုယ်တိုင်ဝင်နေရတဲ့ တချို့ကတ်ဂိမ်းတွေနဲ့ တူနေသလို ခံစားနေရတယ်"

ကောင်းမင်က သူ့ကိုယ်ပိုင်ကတ်အား လှည့်ပတ်ကြည့်ရှုလိုက်သည်။

"ကောက်ချက်ချရရင်တော့ ငါက အရောင်တွေနဲ့ဆိုတော့ ငါ့ကတ်ကအနည်းဆုံး ရှားပါးကတ်တစ်ခုဖြစ်လိမ့်မယ် ၊ ဒါပေမယ့် ငါ့မှာမိဘတွေအများကြီးရှိနေကတည်းက ငါက အဓိကဇာတ်ကောင်မဟုတ်တာ သေချာသလောက်ပဲ"

********************"

ရန်လင်းသည်လီကျင်းအိမ်ရာ (၄) မှထွက်လာခဲ့ပြီး နောက်လှည့်ကာ မော့ကြည့်လိုက်သည်။ အဆောက်အဦးတစ်ခုလုံးသည် ထိုင်းမှိုင်းနေပြီးမွန်းကြပ်ဖွယ်ကောင်းနေလေသည်။ ကောင်းမင်၏ အခန်းတစ်ခုသာ မီးရောင်ကွက်ကွက်လေးရှိနေပေ၏။

"ရှောင်လျို့ ၊ ဒီမှုခင်းဆရာဝန်ရဲ့အချက်တွေ ပိုရှာပေး၊ သူကအရမ်းတည်ငြိမ်လွန်းတယ်"

"ဒီလူ လိမ်နေတာတော့ မဖြစ်နိုင်ဘူး၊ သူကအမှန်ပဲ ဟန်ရှန်းအကျဉ်းထောင်ရဲ့ အသက်အငယ်ဆုံးမှုခင်း ဆရာဝန်ဖြစ်ခဲ့ဖူးတယ်၊ သူက တက္ကသိုလ်ကောင်းတစ်ခုက ဘွဲ့ရခဲ့တယ်၊ ပြီးတော့ ဆေးညွှန်းတွေကိုယ်တိုင်ပေးနိုင်တဲ့ဆရာဝန်ကောင်းတစ်ယောက်ပါ၊ ဒါပေမယ့်...."

မိုးရေများက ရှောင်လျိူ့၏ဖုန်းစခရင်ပေါ်တွင် စိုရွှဲကုန်သည်။

"ထောင်ထဲမှာအလုပ်လုပ်နေတဲ့လူတိုင်း လစဉ် စိတ်ကျန်းမာရေးစစ်ဆေးချက်လုပ်ရတယ် ၊ စစ်ဆေးချက်အောင်ရင် သူတို့အလုပ်ပြန်လုပ်နိုင်တယ်၊ သူ့မှာ နောက်ဆုံးစစ်ဆေးချက် ရလာဒ်အရ ကိစ္စလေးတစ်ခုရှိတယ်၊ ဒါပေမယ့် ဒါက စနစ်အမှားလဲ ဖြစ်နိုင်တယ်"

"ဘာ အမှားလဲ"

"သူရဲ့ အန္တရာယ်အဆင့်သတ်မှတ်ချက်က သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ထက်ကျော်နေလို့ပါ"

All Chapters