ညအလင်းရောင် ဂိမ်းစတူဒီယို
Vol. 1 Ch. 4
မုန်တိုင်းသည်တဟူးဟူးတိုက်ခတ်နေဆဲဖြစ်သည်။ ကောင်းမင်မည်သည့် ကြောက်ရွံ့မှုကိုမှ မခံစားရ။ စိတ်ရှုပ်ထွေးနေခြင်းကိုသာ ခံစားနေရသည်။ အရှေ့ဘက်ဆီမှ နေထွက်လာနေပြီဖြစ်သည်။
ကောင်းမင်ကအွန်းလိုင်းပေါ်ရှာကြည့်ရာတွင် ရေကြီးမှုနှင့်မြေပြိုမှုများကြောင့်လမ်းများပိတ်ဆို့ခဲ့သည်ကိုသာတွေ့ရသည်။ ဟန်ကျင်း၊ ရှင်းလုနှင့်ဟန်ဟိုင်းတို့ကို ဆက်သွယ်ထားသော ၎င်းဥမင်လှိုင်ခေါင်းထဲသို့ မည်သည့်ယာဉ်မှဖြတ်သန်းခဲ့ကြခြင်းမရှိပေ။
"မြေပြိုမှုကြောင့်မို့ ဒီဥမင်လှိုင်ခေါင်းပိတ်မနေဖို့ကို မျှော်လင့်ရမှာပဲ"
အဘယ်ကြောင့်သူ့ဂိမ်းကအစစ်အမှန်ဖြစ်လာလဲဆိုတာကို အဖြေမရှာနိုင်သဖြင့် ရယ်စရာကောင်းနေခြင်းကိုသာ လက်ခံလိုက်ရသည်။
"ငါ့မှာသာအချိန်ရှိသေးရင် ဒီဂိမ်းဒီဇိုင်းတွေကိုသွားဖျက်ပါတယ်၊ ကြည့်ရတာ ညအလင်းရောင်ဂိမ်းစတူဒီယိုကို မြန်မြန်သွားရမယ်ထင်တယ်"
သူအချိန်ပိုင်းဂိမ်းဒီဇိုင်နာလုပ်ခဲ့တုန်းက ညအလင်းစတူဒီယိုနှင့် အကြိမ်များစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ဒီအခြေအနေများကို ကယ်တင်နိုင်မည်ဆိုပါက သူ့ဂိမ်းဒီဇိုင်းအားလုံးကို ဖျက်ပစ်ဖို့ ဆန္ဒရှိပေသည်။
ရိုးရှင်းသောမနက်စာကို စားပြီးနောက် ကောင်းမင်က ဓာတ်ပုံနှစ်ပုံကို သူ့ကျောပိုးအိတ်ထဲသို့ ထည့်ထားလိုက်သည်။ မိုးကာအင်္ကျီကို ဝတ်ဆင်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။ မုန်တိုင်းသည်မြို့ကို ဆေးကြောထားလေသည်။ အမည်းရောင်တိမ်များကလည်းဖုံးလွမ်းနေသေး၏။ ကောင်းမင်က တက္ကစီတစ်စီးအားတားစီးလိုက်ပြီး ဟန်ဟိုင်းမြို့မြောက်ဘက်သို့မောင်းစေလိုက်သည်။
သူ၏မူလအစီအစဉ်အရ သူ၏အလုပ်မှထွက်ပြီး ညအလင်းရောင်ဂိမ်းစတူယိုတွင် တကယ့်ဂိမ်းဖန်တီးသူ ဖြစ်လာရန်ဖြစ်သည်။ အကြောင်းပြချက်မူကား သူ၏နဂိုအလုပ်သည် ပျင်းစရာကောင်းလောက်အောင်ရိုးရှင်းသောကြောင့်ဖြစ်သည်။ ဈေးကွက်ထဲမှာ သူအရသာတွေ့သော ထိတ်လန့်စရာဂိမ်းတစ်ခုမှ မရှိသောကြောင့် သူကိုယ်တိုင်ဟော်ရာဂိမ်းတစ်ခုကို ဖန်တီးချင်ခဲ့သည်။
မနက်ကိုးနာရီတွင် သပ်ရပ်သော အဒေါ်ကြီးတစ်ယောက်၏ညွှန်ပြမှုကြောင့်ဂိမ်းစတူဒီယို၏ ရုံးခန်းအားရှာတွေ့ခဲ့သည်။ ညအလင်းဂိမ်းစတူဒီယိုသည် ပြည်တွင်းတွင်အကြီးဆုံးဂိမ်းပလက်ဖောင်းဖြစ်သော မှော်ဝင်မြေပုံနည်းပညာနှင့် လက်တွဲခဲ့သည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ ဂိမ်းစတူဒီယိုသည် မှော်ဝင်မြေပုံနည်းပညာကုမ္ပဏီ၏ လက်အောက်တွင်ရှိသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်လေသည်။ ကုမ္ပဏီသည် ဟော်ရာဂိမ်းများကို စိတ်ကုန်နေပြီဖြစ်ပြီး ကုမ္ပဏီသည် အမျိုးအစားအသစ်တစ်ခု ပြောင်းလဲရန် ကြိုးစားနေသည်။
"မင်းတို့ကောင်တွေ ဦးနှောက်တွေ ခွေးစားကုန်တာလား ဟမ်"
ကောင်းမင်က မှန်တံခါးအား ကျော်ဖြတ်လိုက်ပြီး နောက် ရုံးခန်းအတွင်းမှ ဆူပူကြိမ်းမောင်းသံအား ကြားလိုက်ရသည်။ တံခါးပေါက်ထဲသို့ကြည့်လိုက်သောအခါ ဝန်ထမ်းများသည် ရုံးခန်းထဲတွင်ထိုင်နေကြသည်။ ကြီးမားသော စခရင်ကြီးပေါ်တွင် ဂိမ်းတစ်ခုအား ပြသထားသည်။ သာမန်ပုံစံရှိသောယောက်ျားလေးဇာတ်ကောင်သည် သူနဲ့အတူ သရဲဂိမ်းဆော့ရင်းသေဆုံးသွားသောဇနီး၏အလောင်းနှင့်အတူ သူ၏သေဆုံးခြင်းမှတ်တမ်းအားကြည့်ရှုနေလေသည်။
"ဖောက်သည်တွေက ချိန်းတွေ့နိုင်တဲ့ အက်ပ်အသစ်ကိုတောင်းဆိုနေတာကွ၊ နှစ်ပတ်အချိန်ပေးပြီးတော့ မင်းတို့ငါ့ကို လာပေးတာက ဘာလဲ"
စတူဒီယို၏မန်နေဂျာဖြစ်သော မန်နေဂျာကောင်းသည် စားပွဲဘေးနားတွင်မဲမှောင်သော မျက်နှာထားဖြင့် ရပ်နေခဲ့သည်။ သူသည်စိတ်ဆိုးနေသောကြောင့် သူ၏ဝမ်းဗိုက်သည် နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။ သူ၏ထိပ်ကိုဖုံးထားသောဆံပင်တုသည် အောက်သို့ စိုက်ကျနေလေသည်။
"ဈေးကွက်ထဲက ချိန်းတွေ့တဲ့ အက်ပ် နဲ့ကွဲပြားတာလေးမလုပ်တတ်ကြတာလား"
ရုံးခန်းသည်သေးငယ်၏။ ဝေတယို သည်တံခါး၏တစ်ဖက်တွင်ထိုင်နေပြီး ထွက်ပြေးရန်အဆင်သင့်ဖြစ်နေလေသည်။ သူသည်စတူဒီယို၏ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး ဂျင်ကြွက်တစ်ကောင်လည်း ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ၏ကြီးကြပ်သူက ဂိမ်းအတွက် အကြံဉာဏ်သစ်များရှာဖွေရန် အတင်းအကြပ်ခိုင်းခံခဲ့စဉ်တွင် ကောင်းမင်နှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ မူလက သူ၏မစ်ရှင်ကို ပြီးမြောက်လိုခြင်းဖြစ်သည်။
သို့သော်ကောင်းမင်၏ အကြံဉာဏ်များကြောင့် သူသည် တီထွင်မှုအကောင်းဆုံးသောလူသစ် ဆုကိုရရှိခဲ့သည်။ ဝေတယိုသည် မျှတသောလူတစ်ယောက်ဖြစ်သည်။ သူကချက်ချင်းပင် ကုမ္ပဏီအားတစ်ချို့အရာများကို ရှင်းပြခဲ့ပြီး ဆုကိုကောင်းမင်ထံ ချက်ချင်းလွှဲအပ်ပေးခဲ့သည်။ ထို့နောက်တွင်မူကောင်းမင်သည် ဂိမ်းထုတ်လုပ်ရေးသို့ တရားဝင်ဝင်ရောက်ခဲ့သည်။
"ငါမင်းတို့ကို အသစ်အဆန်းလေးတစ်ခုခုလုပ်ဖို့ပြောလိုက်တာ ၊ ဟော်ရာဂိမ်းပြန်လုပ်ဖို့ ပြောလိုက်တာ မဟုတ်ဘူး"
မန်နေဂျာဂေါင်သည် ဆံပင်တုအားဆွဲချွတ်ပြီး စားပွဲပေါ်သို့ဆောင့်ချလိုက်သည်။ သူ၏ခေါင်းပေါ်မှ ဆံပင်အနည်းငယ်သည် ချွေးများဖြင့်ရွှဲရွှဲစိုနေလေသည်။
"ပြီးခဲ့နှစ်ပတ်လုံးလုံးဝန်ထမ်းတွေက အချိန်ပိုဆင်းပြီး သူတို့အကောင်းဆုံးလုပ်ပြခဲ့ကြတာပဲ"
ရှရန်က အိုင်ပက်ကို ပွတ်လိုက်ပြီး ပြုံးလိုက်သည်။
ရှရန်သည် ကမ္ဘာပေါ်ရှိမည်သည့်ဒုက္ခမျိုးက သူ့ကိုဘာမှ မလုပ်နိုင်သည်ပုံပေါ်လေသည်။ သူ့တွင် အကောင်းမြင်တတ်သော အမူကျင့်ရှိသည်မှာသေချာသလောက်ပင်။ သူသည်အသက်၃၇ရှိပြီဖြစ်သော်လည်း အသက်၂၀ကျော်လောက်သာ ထင်ရသည်။ သူသည် စတူဒီယို၏ အဓိကရေးဆွဲသူဖြစ်ပြီး နိုင်ငံတကာဆုများစွာလည်း ရရှိထားသည်။ သူ၏ဆံပင်ပုံစံသည်ရယ်စရာကောင်း နေပြီး နားလည်ရခက်ခဲသည်။
"အကောင်းဆုံးကြိုးစားတာလား" မန်နေဂျာဂေါင်သည် တည်ငြိမ်မှုပြန်ရလာသည်။
"ကျွန်တော်တို့မှာ ဖောက်သည်တွေ အတော်များများရှိပါတယ် ၊ ကျွန်တော်တို့ကို သေစေချင်နေလို့လားဗျာ"
"ဆန်းသစ်ရမယ် ၊ အပြန်အလှန်အကျိုးပြုရမယ် ၊ချိုမြိန်ရမယ်၊ မသေဆုံးနိုင်တဲ့အချစ်ဖြစ်ရမယ် ဆိုတာတွေ မန်နေဂျာပြောလို့ကျွန်တော်တို့ အကုန်ထည့်ပြီး ဒီဇိုင်းဆွဲထားတာပဲလေ"
ဝေတယိုက မန်နေဂျာဂေါင် ပို့ထားသောမက်ဆေ့ကို ဖတ်လိုက်သည်။
"အိုးမိုင်ဂေါ့ မင်းတို့ရူးများနေလား"
မန်နေဂျာဂေါင်က အခန်းထဲရှိလူများအား စစ်ဆေးကြည့်လိုက်ပြီး သူ၏ပြောင်ရှင်းနေသောဆံပင်အားဆွဲပွတ်လိုက်သည်။
"ငါတို့ရဲ့ ပင်မကုမ္ပဏီကြီးမှာ ဂိမ်းစတူဒီယို ၄၁ခုတောင်ရှိတာကွ၊ ငါတို့ကတော့ သေစာရင်းဝင်နေပြီ၊ ငါတို့က ဘယ်လိုမှ တွင်းထဲမြှုပ်သွားလို့မဖြစ်ဘူး၊ ငါဆို ဆက်မလုပ်နိုင်တော့ဘူးဆို မှော်ဝင်မြေပုံနည်းပညာကုမ္ပဏီကနေ ကန်ထုတ်ခံရလိမ့်မယ်"
တခြားသောစတူဒီယိုအဖွဲ့ဝင်များနှင့်ခြားနားစွာ မန်နေဂျာဂေါင်အား မှော်ဝင်မြေပုံနည်းပညာမှ ပြောင်းရွှေ့လိုက်ခြင်းဖြစ်လေသည်။ ကောလဟာလများကပြောထားသည်မှာ မန်နေဂျာဂေါင်သည်ကုမ္ပဏီမှ တစ်စုံတစ်ယောက်အားမကျေမနပ်ဖြစ်စေသောကြောင့်ဟု ဆိုသည်။ သူသည် ဆွဲဆောင်မှုအရှိဆုံးမဟုတ်တောင်မှ စိတ်ထားအထက်သန်ဆုံးလူတစ်ယောက်ဖြစ်သည်။ သူ့ကိုယ်ကိုယ် သက်သေပြချင်နေခဲ့သည်။
"သုံးရက် ..မင်းတို့နောက်ထပ်သုံးရက်အချိန်ပေးမယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ကိုနောက်ထပ် ပုံမှန်ချိန်းတွေတဲ့ အက်ပ်လေးတစ်ခုပဲ ယူလာပေး"
မန်နေဂျာဂေါင်သည် သူ၏ဆံပင်တုနှင့်ပိုးစာသီးဖျော်ရည်ခွက်အားကောက်ယူလိုက်သည်။
ကောင်းမင်အခန်းထဲကိုပြေးဝင်လာချိန်တွင် မန်နေဂျာဂေါင်သည် ထွက်သွားတော့မည်ဖြစ်သည်။ မန်နေဂျာဂေါင်၏မျက်လုံးများသည် ပုတ်ခတ် ပုတ်ခတ်ဖြစ်သွား၏။ သူသည် ကောင်းမင်နဲ့အတူအကြိမ်များစွာ အလုပ်လုပ်ခဲ့ပြီး ကောင်းမင်၏ဒီဇိုင်းစတိုင်များကို ကောင်းစွာ သိလေသည်။
ကောင်းမင်၏ဂိမ်းအကြံဉာဏ်အကြံပြုချက်များကို ပထမဆုံးတွေ့ရစဉ်က သူဘယ်လောက် ရှော့ရခဲ့ကြောင်း သတိရမိသွားသည်။ စာလုံးပေါင်းသုံးထောင်ကျော်သော စာဖိုင်တွင် အမြင် ၁၇မျိုးတောင် တင်ပြနိုင်ခဲ့သည်။
"မောနင်းပါ ကောင်းမင် ၊ လွန်ခဲ့နှစ်ရက်က အင်တာဗျူးကို မင်းမရောက်လာလို့ ငါတို့လူတစ်ယောက်တောင် ငှားထားခဲ့ပြီးပြီ"
မန်နေဂျာဂေါင်ကစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"သူမက မကြာခင်ရောက်လာလိမ့်မယ်"
ကောင်းမင် စတူဒီယိုတွင် ဟော်ရာဂိမ်းများ ပြုလုပ်ခဲ့စဉ်က မန်နေဂျာဂေါင်သည် ကောင်းမင်အားအလွန် သဘောကျသည်။ သို့သော် စတူဒီယို၏ ရည်ရွယ်ချက် က လမ်းလွှဲသွားခဲ့သည်။ ကောင်းမင်မှာ ကိုးရို့ကားယားနေခဲ့ရသည်။
"ကျွန်တော် ဒီကိုအင်တာဗျူးအတွက်လာတာမဟုတ်ဘူး"
ကောင်းမင်က မန်နေဂျာဂေါင်၏ပူပန်မှုကို မြင်နေရသည်။ မန်နေဂျာဂေါင်သည် လူကောင်းတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက ကမ်းလှမ်းခဲ့သည်။
"ကျွန်တော် ခုတလော ဒုက္ခကြုံနေရတယ် ၊ ဒါကြောင့်စတူဒီယိုကို ကျွန်တော်ပေးခဲ့ဂိမ်းဒီဇိုင်းပြန်ယူပြီး ဖျက်ဆီးပစ်ဖို့လိုလိမ့်မယ်"
"ဖျက်ဆီးပစ်မှာလား ၊ ဒါပေမယ့်မဖျက်ဆီးခဲ့ရင် ဒါတွေက ဂန္တဝင်တွေ ဖြစ်လာမှာနော်"
ဝေတယိုက ခုန်ထပြီး လျှောက်လာလိုက်သည်။
"မင်းဘာတွေ ဖြစ်နေတာလဲ "
"ငါနောက်ထပ်ဟော်ရာဂိမ်းတွေ လုပ်တော့မှာ မဟုတ်ဘူး"
ကောင်းမင်ကဝေတယို၏ ပုခုံးပေါ်လက်တင်ရင်း ပြောလိုက်သည်။
"ဒါအပြင် ငါမင်းကိုပေးစရာ အကြံဉာဏ်တွေရှိသေးတယ်၊ ဒီည ချက်ချင်းမပြန်နဲ့ဦး"
မန်နေဂျာဂေါင်ကကြားပြီးချင်း ကြင်နာစွာပြောလိုက်သည်။
"ရှောင်းမင်ရေ ၊ ထောင်မှာလုပ်နေတဲ့မင်းအလုပ်ကထွက်ခဲ့ပြီလို့ ငါကြားတယ်၊ မင်းဘာလို့ ဒီမှာအလုပ်လုပ်ဖို့ မလာတာလဲ ၊ ငါတို့ကမင်းအစွမ်းအစတွေကို အသိအမှတ်ပြုပြီးသားပဲ ၊ ပြီးတော့ မင်းအင်တာဗျူး လဲ ဖြေစရာမလိုပါဘူး"
"ကျေးဇူးပါဗျာ ၊ ဒါပေမယ့် ကျွန်တော်လုပ်ဖြစ်မယ် မထင်ပါဘူး"
ကောင်းမင်က သူ့ကိုယ်သူရှင်းပြလိုက်ပြီး နောက်ဆုံးဝေတယူကို ဒီဇိုင်းဟောင်းများထားရှိသော နံရံကပ်စင်အား ဖွင့်စေရန် ပြောနိုင်ခဲ့သည်။
လွန်ခဲ့နှစ်များက ကောင်းမင်ရေးသားထားခဲ့သော ဂိမ်းဒီဇိုင်းဖိုင်များကို ဝေတယိုက ဆွဲထုတ်လာခဲ့သည်။
ဂိမ်းဒီဇိုင်းများသည် ကြာနေခဲ့ပြီဖြစ်သည်။ ၎င်းးတို့အား ရင်းနှီးမှုအမြောက်အများလုပ်ရန်လိုအပ်ပေသည်။ ထို့ကြောင့် အချို့ဂိမ်းအများစုသည် ပရိုဂရမ်ရေးသည့်အဆင်ပင် မရောက်လိုက်ချေ။
ကောင်းမင်က သူ့ဂိမ်းဒီဇိုင်းများကို အန္တာရယ်အဆင့်ငါးခုဖြင့် စီစဉ်လိုက်သည်။
( ၁ )ရာဇဝတ်မှုများ
(၂ )ကောလဟာလ ဇာတ်လမ်းများ
( ၃ )နိမိတ်ဆိုးများ
(၄ )ကျိန်စာများ
( ၅ )ကြောက်မက်ဖွယ်ရာများ
ရာဇဝတ်မှုများသည် ဖြစ်ရပ်မှန်များလိုက်ဖက်အောင်ဖန်တီးထားခြင်းဖြစ်သည်။ ရာဇဝတ်တရားခံများမှ အန္တာရယ်ပေးတတ်ခြင်းမျိုးဖြစ်သည်။ သားကောင်များသည် စုံထောက်များနှင့် သက်သေခံများဖြစ်ကြသည်။
ကောလဟာလဇာတ်လမ်းများသည်လည်း အတူတူသာဖြစ်သည် သို့သော် ခြောက်ခြားဖွယ်ကိစ္စများပါဝင်သည်။ အဓိကအန္တာရယ်များသည် လူသားများဆီကသာဖြစ်သည်။
နိမိတ်ဆိုးများသည် မတူညီသော အဆင့်တွင်ရှိကြသည်။ ကြောက်မက်ဖွယ် အရာများသည် စတင်ရန်ပေါ်ပေါက်ခဲ့ကြသည်။ အန္တာရာယ်များသည် မူမမှန်မှုများမှလာသည်။
လေးခုမြောက်အဆင့်သည် ကျိန်စာများဖြစ်သည်။ ထိုအဆင့်တွင် တစ္ဆေသရဲများ ပေါ်ပေါက်လာလိမ့်မည်။
ငါးခုမြောက်အဆင့်သည် ကြောက်ရွံ့ဖွယ်ရာများ
ဖြစ်ကြသည်။ ဆိုလိုတာက လုံးဝအန္တာရယ်ပဲ။ စည်းမျဉ်းတွေပြောင်းလဲသွားပြီး အရာအားလုံး အမဲလိုက်ရခြင်းဖြစ်သည်။ ကြောက်ရွံ့ဖွယ်ရာများသည် လူများကြားတွင်ကူးစက်ရောဂါကဲ့သို့ ပြန့်နှံ့ကြီးထွားလာမည်ဖြစ်သည်။
ခြောက်ခုမြောက်အဆင့်ရှိသေးတယ်။ ထိန်းချုပ်မရသော ထိန့်လန့်ကြောက်ရွံ့ဖွယ်ရာများတဲ့။
ကောင်းမင်က ထိုဂိမ်းများအရင်ကတည်းက ဖန်တီးထားခဲ့ခြင်းဖြစ်သည်။
၎င်းဂိမ်းများအား ဖျက်ဆီးရန် အဓိကရည်ရွယ်ချက်ဖြင့်ကောင်းမင်က စတူဒီယိုသို့ ရောက်လာခဲ့ခြင်းဖြစ်ပေသည်။
"ရာဇဝတ်မှု ၃၆ခု ၊ ကောလဟာလဇာတ်လမ်း ၂၅ခု၊ နမိတ်ဆိုး ၅ခု ၊ ကျိန်စာ ၂၅ခု ၊ ကြောက်ရွံ့ဖွယ်ရာ ၃၁ခု နဲ့ မထိန်းချုပ်နိုင်တဲ့ ကြောက်ရွံ့ဖွယ်ရာ ၄ခု တောင်ပါလား ၊ ပြီးခဲ့တဲ့ နှစ်တွေက ငါတော်တော်အလုပ်ကြိုးစားခဲ့တာပဲ"