← Chapters

ငါတို့ရဲ့ ခဏတာချစ်ခြင်းအတွက်

Vol. 1 Ch. 5

ငါတို့ရဲ့ ခဏတာချစ်ခြင်းအတွက်

Vol. 1 Ch. 5

ဟန်ရှန်းအကျဉ်းထောင်တွင် ရာဇဝတ်မှုခင်းဆရာဝန်အဖြစ် နေ့စဉ်‌ နေ့တိုင်း ဖိအားများ အောက်တွင် ကောင်းမင်အလုပ်လုပ်ခဲ့ရသည်။ ဂိမ်းများကို ဖန်တီးနေရခြင်းကသာ သူ့အတွက်စိတ်အပန်းပြေစရာဖြစ်ခဲ့သည်။ သူကြားဖူးခဲ့သမျှ ကြောက်မက်ဖွယ်အရာများ စိတ်ကူးယဉ်မှုများကို ဂိမ်းထဲသို့ ထည့်သွင်းခဲ့သည်။ ထိုအရာသည် သူ၏ကြောက်ရွံ့မှုများကို တခြားသူများထံသို့ ဝေမျှခြင်းနည်းလမ်းတစ်မျိုးဖြစ်ခဲ့သည်။ တစ်ဖက်မှာတော့ သူသည် ကြင်နာတတ်သောလူတစ်ယောက် ဖြစ်ခဲ့သည်။

"အရင်တုန်းက ငါ့ရဲ့အကြီးမားဆုံးအိမ်မက်က ငါ့စိတ်ကူးတွေအားလုံးကို ဂိမ်းထဲထည့်ပြီး တစ်ကမ္ဘာလုံးကို ကြောက်ရွံ့မှုရဲ့အရသာကို တွေ့ကြုံစေချင်ခဲ့တာ"

အိမ်မက်များကိုလက်တွေ့အဖြစ်သို့ဖန်တီးရင်း ပျော်ရွှင်သင့်နေပေမယ့် သူ့အိမ်မက်များက အခုလိုဖြစ်လာလိမ့်မည်လို့ ကောင်းမင်မမျှော်လင့်ခဲ့ပေ။

ကောင်းမင်က စာဖိုင်များထည့်ထားသော သေတ္တာငယ်လေးကို ရေချိုးခန်းထဲသို့ယူလာခဲ့ပြီး မီးညှိလိုက်သည်။ မီးတောက်သည် သူ့၏အားထုတ်ကြိုးပမ်းမှုများကို ဝါးမြိုနေလေ၏။ ကောင်းမင်၏အိမ်မက်များသည် မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ စာရွက် ပြာများကိုရှင်းလင်းလိုက်ပြီးနောက် ရုံးခန်းသို့ပြန်သွားလိုက်သည်။

မန်နေဂျာဂေါင်က ကွန်ပျူထဲရှိ ဆော့ဖ်ကော်ပီ များကိုလည်း ဖျက်ခွင့်ပေးရန် မျှော်လင့်ထားသည်။

ဂိမ်းများကို ရင်းနှီးမြုပ်နှံမှု မရှိသော်လည်း ဖျက်ပစ်ရန် မလွယ်ကူချေ။ သို့သော်လည်း တချို့ဂိမ်းများသည် ပရိုဂရမ်သွင်းထားပြီးလည်ပတ်နေကြပြီဖြစ်သည်။ ဥပမာအားဖြင့် အစောပိုင်းက ဆွေးနွေးခဲ့ကြသော ဒိတ်တင်းအက်ပ်မျိုးဖြစ်သည်။ ထိုဂိမ်းအား "ငါတို့ရဲ့ ခဏတာချစ်ခြင်းအတွက် "ဟု ခေါ်သည်။ မန်နေဂျာဂေါင်က သူ့အဆက်အသွယ်များနှင့် ကြိုးပမ်းအားထုတ်မှုများကြောင့် ထိုနာမည်အား အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သူက ထိုဂိမ်းအား အလွန်တန်ဖိုးထားလေသည် ။ ကြည့်ရသည်မှာ ထိုဂိမ်းအား စတူဒီယို၏ လမ်းကြောင်းအတွက် ကိရိယာအဖြစ် ကူညီနိုင်ရန်ဖြစ်ဟန်တူသည်။

"ကောင်းမင် မင်းတခြားဂိမ်းတွေကို ဖျက်ပစ်လို့ရတယ် ၊ ဒါပေမယ့် ဒီဂိမ်းတော့ မရဘူးနော်"

မန်နေဂျာဂေါင်က လက်ဖက်ရည်ကြမ်းခွက်အားချလိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။

"ငါတို့ ဂိမ်းစတူဒီယိုက ဒီဂိမ်းတွေအပေါ်မှီခိုနေရတာ၊ ငါတို့ ပူးပေါင်းအလုပ်လုပ်လာတာ နှစ်တွေကြာပြီ ၊ ငါတို့ကိုတော့ အလုပ်မပြုတ်စေချင်ဘူး မို့လား ၊ ငါက အသက်၄၀ ကျော်နေပြီ ၊ ငါ့မှာလည်း မိသားစုတွေနဲ့ ၊ ငါစာချုပ်မှာလည်း လက်မှတ်ထိုးထားရတယ် ၊ ငါမိသားစုတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်ကုန်မှာမို့ပါကွာ"

ကောင်းမင်က မန်နေဂျာဂေါင်ကို နားလည်သော်လည်း သူ့စိတ်တွင် ခုထိ ရှော့ရနေဆဲဖြစ်သည်။

မန်နေဂျာဂေါင်တစ်ယောက် ရင်းနှီးမြှုပ်နှံသူနဲ့သာစာချုပ်ချုပ်ခဲ့ရခြင်းဖြစ်သည်။ ထိုဂိမ်းကိုဖန်တီးပြီး သူက ငရဲဘုရင်နဲ့သဘောတူစာချုပ် ချုပ်ဆိုခဲ့ရသည်။ တစ်ခြားဂိမ်းများ ကစားသူများထဲမှ ပိုက်ဆံရသည်ဆိုပေမယ့် သူဂိမ်းကတော့ ကစားသူများ၏ ဝိဉာည်ကိုသာ လိုချင်နေခဲ့သည်။

"ဒီလို ဆိုရင်ကော"

ကောင်းမင်က ကွန်ပျူတာဘက်ကို လှည့်လိုက်ပြီး

"ငါတို့ရဲ့ ခဏတာချစ်ခြင်းအတွက် ဂိမ်းရဲ့ အများစုကို တယိုက ဒီဇိုင်းဆွဲခဲ့တာ‌လေ၊ ကျွန်တော်က ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ပဲ အကြံနဲနဲပေးခဲ့တာ၊ ကျွန်တော်တို့က ဇာတ်ကွက်ရှစ်ခုကို ထားခဲ့လို့ရတယ်၊ သို့သော်လည်း ကျွန်တော်ပါဝင်ခဲ့တဲ့ ကိုးခုမြောက်ဇာတ်လမ်းကိုတော့ ဖျက်ပစ်ရလိမ့်မယ်"

ငါတို့ရဲ့ခဏတာချစ်ခြင်းအတွက် ဇာတ်လမ်းသည် ဘဝ‌ခက်ခဲမှုများကို ကျော်ဖြတ်လာခဲ့သော အိုတကူ ကောင်လေးတစ်ယောက်၏အကြောင်းဖြစ်သည်။ သူ့ဘဝတွင် မတူညီသော မိန်းကလေးကိုးယောက်ဖြင့် ဆုံတွေ့ခဲ့ရသည်။ နေမကောင်းဖြစ်နေသော ငယ်သူငယ်ချင်းတစ်ယောက် ၊ ကြင်နာတတ်တဲ့နှလုံးသားနှင့် ချဉ်းကပ်ရန်ခက်‌ခဲသောသူ ၊ ခွေးမ လီလုစင် စသဖြင့် ကြုံခဲ့ရသည်။ အရှေ့ရှစ်ပိုင်းရှိ မိန်းကလေးဇာတ်ကောင်များသည် ဝေတယို ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်သည်။ ညအလင်းရောင်ဂိမ်းစတူဒီယိုရှိ လူတိုင်း၏ ရိုမန်တစ်အတွေ့အကြုံများ သနားစဖွယ်ဖြစ်နေခဲ့ပြီး ဇာတ်လမ်း ဇာတ်ကွက်များသည် ပျင်းရိခြောက်ကပ်ဖွယ်ရာ ဖြစ်နေသည်။ ကောင်းမင်က ဒီဂိမ်းမှာ ကန်ချက်တစ်ချက်လိုသည်ဟု တွေးမိခဲ့ပြီး ဝေတယိုအား ကိုးခုမြောက်ဇာတ်လမ်းဖြစ်သော စိတ္တဇရာဇဝတ်သမား ရွှယ်ဝမ်အား ထပ်ထည့်စေခဲ့ခြင်းဖြစ်သည်။

ရွှယ်ဝမ်သည် ဉာဏ်ကောင်းပြီး အန္တာရယ်ရှိသော မိန်းကလေးဖြစ်သည်။ ယောက်ျားတစ်ယောက်၏ ချုပ်နှောင်ခြင်းခံရပြီးနောက် ရွှယ်ဝမ်၏အချစ်ကိုနားလည်မှုသည် ရှုပ်ထွေးလာခဲ့သည်။ သူမသည် အဓိကဇာတ်ကောင် ရှိသည့်နေရာကိုသိနေခဲ့ပြီး သူ၏လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။ ထိုဇာတ်လမ်းအား ပေါင်းထည့်လိုက်ခြင်းကြောင့် ဂိမ်းသည် ပြင်းပြင်းထန်ထန်ပြောင်းလဲသွားခဲ့သည်။

ကောင်းမင်ကိုးခုမြောက်ဇာတ်လမ်းအားဖယ်ရှားရန်ပြောလိုက်သောအခါ မန်နေဂျာဂေါင်က

"သေချာတာပေါ့ ငါတို့ဖျက်ပစ်ပြီး ပုံမှန် ဒိတ်တင်းဆင်း လေးလုပ်ကြတာပေါ့"

"ကျွန်တော်ပြောစရာတစ်ခုထက်မက ကျန်သေးတယ်၊ မိန်းကလေးဇာတ်ကောင်တွေ အများကြီး မဆွဲပါနဲ့ ၊

တစ်ယောက်ဆို လုံလောက်ပြီ ၊ သူတို့အပေါ်အများကြီး အကျိုးမသက်ရောက်တော့ရင် အကောင်းဆုံးပဲပေါ့"

"အကျိုးသက်ရောက်မှုနည်းနည်းတောင်မရှိဘူးဆိုရင် ဒိတ်တင်းဆင်းလို့ ဘယ်လိုခေါ်ရမလဲ"

ဝေတယိုက စိတ်ပျက်သွားခဲ့သည်။

"ခုချိန်မှာ လူတွေကရိုးရှင်းတဲ့ဂိမ်းအတွေ့အကြုံပဲ လိုချင်ကြတော့တာ ၊ အဓိကဇာတ်ကောင်က အပြင်လောကကို အကျိုးသက်ရောက်စေဖို့မလိုအပ်ဘူး"

ကောင်းမင်က သူ့၏ ရှေ့အတွေ့အကြုံဖြင့် ကောင်းမင် ကတော့ တတ်နိုင်သလောက် သတိထားစေချင်သည်။

"ကောင်းပြီ"

ဝေတယိုကတော့ ကောင်းမင်ဘာပြောသွားမှန်း နားမလည်လိုက်ပေ။ သို့သော် သူက ကိုးခုမြောက်ဇာလမ်းသည် ဂိမ်း၏အချက်အချာမှန်း ယုံကြည်ထား‌သည်။ ထိုဇာတ်လမ်းအားဖျက်ပစ်လိုက်ပြီးနောက် ဂိမ်းသည် ဘာတစ်ခုမှမဖြစ်ခဲ့ပေ။ ဝေတယိုက ကွန်ပျူဘက်လှည့်လိုက်ပြီး ဂိမ်းစတိုရီအား ပြင်ဆင်နေခဲ့သည်။ ထိုစဉ် ညအလင်းရောင်စတူဒီယို၏ မှန်တံခါးက တွန်းဖွင့်ခံလိုက်ရသည်။

တစ်စုံတစ်ခုကို အာရုံ‌ခံနေသကဲ့သို့ ကြောင်ဖက်တီးတစ်ကောင်သည် စားပွဲတွင်ပျင်းရိစွာလှဲလျောင်းနေသည်။ ရုတ်တရက်ဆိုသလိုပင် ကြောင်ဖက်တီးသည်စာအုပ်စင်နောက်သို့ ခုန်ဆုတ်လိုက်သည်။ သူ့အမွေးများက အဆုံးထိထောင်မတ်နေပြီး တဆတ်ဆတ်တုန်နေလေ၏။

" တောင်းပန်ပါတယ်ရှင် ဒီနေ့က မိုးတွေအရမ်းသည်းနေလို့ တက္ကစီတားလို့ကို မရဘူး"

ကျက်သရေရှိသော အသံသည် တံခါးဆီမှထွက်ပေါ်လေသည်။ လူတိုင်းတံခါးဆီသိူ့လှမ်းကြည့်လိုက်ကြသည်။

ပုခုံးပေါ်တွင်မိုးရေများစိုရွှဲနေသောမိန်းကလေးတစ်ယောက်သည် တံခါးဝတွင်ရပ်နေ၏။ သူမသည်အဖြူရောင်ရှပ်နဲ့ စကပ်တိုလေးအား ဝတ်ဆင်ထားသည်။ ရိုးရှင်းသော စတိုင်လေးသည် သူမ၏တည်ရှိနေခြင်းကို ပေါ်လွင်စေသည်။ သူမသည် သူမမည်မျှ လှပကြောင်း သတိပြုမိမပေါ်ပေ။

"အဆင်ပြေပါတယ် ၊ မိုးကြီးလေကြီးဖြစ်နေတာ ငါတို့အားလုံးသိကြတာပဲ"

မန်နေဂျာဂေါင်သည် လက်ကိုလှုပ်ရမ်းရင်းသူမအား ကောင်းမင်နဲ့ မိတ်ဆက်ပေးလိုက်သည်။

"သူမက ရွှယ်ဝမ်ပါ ၊ ငါတို့ဆီ မှာအလုပ်လုပ်မယ့်သူပေါ့ ၊မင်းရဲ့ဂိမ်းထဲကဇာတ်ကောင်နာမည်နဲ့တူနေတာကတော့ တော်တော်တိုက်ဆိုင်တာ ဟဟ"

ညအလင်းရောင်ဂိမ်းစတူဒီယို၏ အခြေအနေအရ သူတို့သည် တစ်စုံတစ်ယောက် ကိုဈေးကြီးပေး မငှားနိုင်ချေ။

ကောင်းမင်ကရွှယ်ဝမ်ကိုလေ့လာလိုက်သည်။ သူမသည် သာမန်လျှံကာ ဝတ်ဆင်ထားသော်လည်း အထင်ကြီးလောက်စရာရှိနေခြင်းကို မဖုံးထားနိုင်ပေ။ ကောင်းမင်သည် လူသတ်သမားနဲ့နေ့စဉ်ရှိမနေသော်လည်း သူမတွင်ရှိသော ယုံကြည်မှုတစ်စွန်းတစ်စကို မြင်နိုင်ပေသည်။

"ရွှယ်ဝမ်လား"

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်"

"စိတ္တဇလူသတ်သမားလား"

"ရှင် "

ရွှယ်ဝမ်က စိတ်ရှုပ်ထွေးသွားပုံရသည်။

မန်နေဂျာဂေါင်တစ်ယောက် အခြေအနေများချောမွေ့လာစေရန် အရွှန်းဖောက်နေခဲ့သည်။

ဝန်ထမ်းများအားလုံးက ရွှယ်ဝမ်အား ပျော်ပျော်ရွှင်ရွှင် နူတ်ဆက်ကြသည်။ ကောင်းမင် နှင့် ကြောင်ဖက်တီးတစ်ကောင်သာလျှင် ခပ်လှမ်းလှမ်းမှနေ၍ ရပ်၍ စူးစမ်းနေကြခြင်းဖြစ်သည်။ ရွှယ်ဝမ်၏ အဝေးတွင် ဆက်ရပ်နေရင်း ဖုန်းကိုထုတ်ကြည့်လိုက်သည်။ အင်တာနက်‌ပေါ်တွင် ရွှယ်ဝမ်နဲ့ပတ်သက်ပြီး ဘာသတင်းမှ မရှိချေ။

ထိုနောက် ငါတို့ရဲ့ခဏတာချစ်ခြင်းအတွက်ဂိမ်းမှ မိန်းကလေးဇာတ်ကောင်နာမည်များကိုဝဘ်ဆိုက်တွင် သော့ခတ်ထားလိုက်သည်။ ကောင်းမင်က လီလုစင်နာမည်ကို ရှာဖွေလိုက်သောအခါ ခေါင်းကြီးပိုင်းသတင်းအချို့တက်လာသည်။

လွန်ခဲ့သောနှစ်ရက်က လီလုစင်သည် အမည်မသိ အခြင်းအရာများကြောင့် သူ့ကောင်လေး၏နေရာတွင်သေဆုံးနေခဲ့သည်။ သူမကိုယ်သူမ သတ်သေသည်ဟုလည်း သံသယရှိနေကြသည်။

"ဒါလည်း နောက်ထပ်နာမည်တူလူတစ်ယောက်ပဲ ၊ သတ်သေတာ ဖြစ်နိုင်ပါ့မလား"

ကောင်းမင်ကရွှယ်ဝမ်ကိုဖျတ်ခနဲ ကြည့်လိုက်သည်။ ကောင်းမင် ရွှယ်ဝမ်စတူဒီယိုသို့ရောက်လာသည်မှာ တိုက်ဆိုင်မှုမဖြစ်နိုင်ကြောင်း ခံစားမိသည်။

"သူမက ငါ့အတွက်ကြောင့်များ ရောက်လာတာ ဖြစ်မလား"

ကောင်းမင်၏ကျောရိုးသည် ထုံထိုင်းသွားခဲ့သည်။ ကောင်းမင်က ဝေတယိုကို ဆွဲခေါ်လိုက်ပြီး ဂိမ်းထဲရှိအချက်အလက်များအားအမြန်ဖျက်ပစ်ရန် ပြောလိုက်သည်။

သူတို့သည်နေ့လယ်ထိ အလုပ်လုပ်နေကြပြီး ကောင်းမင်၏ဂိမ်းအိုင်ဒီယာမှန်သမျှ ဖျက်ပစ်ခဲ့ကြသည်။ ပြင်ဆင်ထားသောအချက်အလက်များကိုတော့ မဖျက်ခဲ့ကြပေ။ ဗလာဖြစ်နေသော ဖိုင်များကိုကြည့်ရင်း ကောင်းမင်နေလို့ကောင်းသွားသည်။

သူက ရေနွေးတစ်ခွက်ကိုင်ပြီး ရုံးခန်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။ ဖက်တီးကြောင်သည် သူနှင့်အတူပုန်းလျှိုးကွယ်လျှိုးလိုက်ပါလာသည်။ ၎င်းက သူ့စိတ်ထဲ ထင်ထားသည်ထက် ပိုမြန်စွာ သွားလာနေ၏။

"မင်းလဲ အန္တရာယ်ရှိတာ မြင်လိုက်ရလို့လား၊ မင်းက တော်တဲ့ကောင်လေးပဲ"

ကောင်းမင်က နားနေခန်းဧရိယာဘက်သို့ ရောက်လာခဲ့သည်။ သူက တိတ်ဆိတ်သောနေရာတွင် ကြောင်ဖက်တီးအား ပွတ်သပ်ပေးလိုက်သည်။

ငါးမိနစ်ခန့်ကြာသောအခါ ကြောင်ဖက်တီးသည် ရုတ်တရက် ရုပ်ထုထဲသို့ အေးခဲသွားသည်။ ကောင်းမင်က တစ်ခုခုမှားနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ သူမတ်တပ်ရပ်လိုက်သည်။ လေထုထဲတွင် ကိုယ်သင်းရနံ့အား အနံ့ရလိုက်သည်။ ထိုဟာ က အလင်းရောင်လေးဖြစ်ခဲ့ပြီး အန္တာရာယ်ဖြင့်ပြည့်နေကာ ဆွဲဆောင်နေခဲ့သည်။

သူလှည့်ကြည့်လိုက်ပြီး နောက်တွင် ရွှယ်ဝမ်ရပ်နေသည်ကို မြင်ရသောအခါ တုန်လှုပ်သွားခဲ့သည်။ သူမ၏ လက်ချောင်းများက ကောင်းမင်၏ ပုခုံးပေါ်သို့ ရောက်နေခဲ့သည်။ သူမက သူ့ကို စိုးရိမ်နေသည်။

"ယောက်ျား ရှင်ကျွန်မကို ဘာလို့မသိသလို ဟန်ဆောင်နေတာလဲ "

ထိုသို့ကြားလိုက်ရသော ကောင်းမင်၏မျက်နှာအမူအရာသည် အေးခဲသွားသည်။ သူ့လက်သည် စက္ကူခွက် လေးကို စမ်းတဝါးဝါးစမ်းမိသည်။ စက္ကူခွက်က ကြမ်းပြင်ပေါ်သို့မှောက်ကျသွားပြီး ရေများစင်ကုန်လေသည်။

"ယောက်ျားတဲ့လား"

ကောင်းမင်က နံရံကိုထိုးကြည့်လိုက်သည်။ သူ့တွင် ရည်းစားပင်မရှိလေရာ ဘယ်လိုလုပ် တစ်စုံတစ်ယောက်၏ ယောက်ျားဖြစ်သွားသနည်း"

"ရှင်က ဂိမ်းတွေအားလုံးကို ဖျက်ပစ်ခဲ့တယ် ဒါပေမယ့် အားလုံးက လွန်ခဲ့တဲ့သုံးရက်ကတည်းက စတင်နေခဲ့ပြီ ၊ အိမ်မက်ဆိုးက ရှင့်နှလုံးသားထဲမှာ အစစ်အမှန်အစိတ်အပိုင်းအဖြစ်ရှိနေခဲ့ပြီးပြီ"

ရွှယ်ဝမ်က ခန္ဓာကိုယ်အား ယိမ်းနွဲ့ရင်း ပြောလိုက်သည်။ သူမ၏အပြုံးကမျက်နှာပေါ်တွင် ဟန်ဆောင်မှုကင်းနေခဲ့သည်။

"အဲ့ဒီညက ဥမင်လှိုဏ်ခေါင်းထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ရှင်မေ့သွားခဲ့တာလား"

ရွှယ်ဝမ်က အသံကိုနှိမ့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ ကောင်းမင်တစ်ယောက်သာ ကြားရသည်။

"ရှင့်မှတ်ဉာဏ်တွေပြန်လိုချင်ရင်တော့ ဒီညကျွန်မဆီလာခဲ့လေ"

ရွှယ်ဝမ်က အင်္ကျီကော်လံကို ကူထောင်ပေးဖို့ ကောင်းမင်အနား ရောက်လာသည်။ သူတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာ အတူရှိခဲ့ကြပုံပေါ်နေခဲ့သည်။

"ရှင်အန္တရာယ်ရှိမှာကို စိုးရိမ်ဖို့မလိုပါဘူး ၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီမိန်းမဆိုးတွေက ရှင့်နောက်မှာ ရှိနေလို့......"

ရွှယ်ဝမ်က မှီလိုက်ပြီး ကောင်းမင်၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"သူတို့အားလုံးကို ကျွန်မ သတ်ခဲ့ပြီးပြီလေ...."

All Chapters