← Chapters

အမှုများနှင့်ရင်ဆိုင်ခြင်း

Vol. 1 Ch. 6

အမှုများနှင့်ရင်ဆိုင်ခြင်း

Vol. 1 Ch. 6

"ပထမ‌ဆုံး ငါမိဘတွေက အိမ်ကိုညတိုင်းပြန်လာတယ် ၊ အခုလူတွေက ငါ့ကို ယောက်ျားလို့ခေါ်နေပြန်ပြီ၊ ဆာလောင်တစ္ဆေညမှာ ဥမင်လှိုဏ်ခေါင်း‌လေးပဲ ငါဖြတ်ခဲ့တာ၊ ငါ့တစ်မိသားစုလုံးနဲ့ တွေ့နေရတယ်"

ကောင်းမင်၏မျက်နှာသည် ရွှယ်ဝမ်ပြန်ထွက်သွားသည်ကိုကြည့်နေရင်း ဖြူဖျော့နေခဲ့သည်။ သူသေချာပြောနိုင်တာကတော့ ရွှယ်ဝမ်လည်း သူ့မိဘတွေလိုပဲ တစ်ယောက်ယောက်က သူတို့ကို ဖန်တီးထားခြင်းဖြစ်ပေလိမ့်မည်။

"ဥမင်လိုဏ်ခေါင်းအကြောင်း သူမ သိရုံတင်မကဘဲ ဂိမ်းဖိုင်တွေကို ဖျက်ဖို့ ငါ ဒီကိုလာမယ်ဆိုတာကိုလည်း သူမ ခန့်မှန်းနိုင်ခဲ့တယ်"

ကောင်းမင်က ရွှယ်ဝမ်တစ်ယောက်လှေကားထောင့်နားတွင် ကွယ်ပျောက်သွားသည်ကို ကြည့်ရင်း ပုံမှန်အခြေအနေသို့ တဖြည်းဖြည်းရလာခဲ့သည်။ ကြောင်ဖက်တီးကလည်း ကောင်းမင်နောက်တွင် တွန့်လိမ်ရင်း ပြန်လှုပ်ရှားလာနိုင်ခဲ့၏။

"လမ်းတွေလည်း ပိတ်သွားပြီဆိုတော့ အမှန်တရားကို ရွှယ်ဝမ်ဆီကပဲ သိနိုင်တော့မှာ"

ကောင်းမင်စိတ်ကို တည်ငြိမ်အောင်ထားလိုက်သည်။

"ဒါပေမယ့် ရွှယ်ဝမ်က မိဘတွေနဲမတူဘူး၊ သူမကို ဘာမှ ကန့်သတ်ထားပုံမပေါ်ဘူး၊ နေ့ဘက်ကြီးလည်း မြို့ထဲမှာ လွတ်လွတ်လပ်လပ် သွားနေနိုင်တယ်"

"ဖကိုင် ဘာလို့ဒီရောက်နေတာလဲ"

ဝေတယိုက ကြောင်ဖက်တီးအား လက်တစ်ဖက်ဖြင့်ကောက်မလိုက်သည်။ သူက ကြောင်ကိုပွတ်သပ်ရင်း ကောင်းမင် ကိုဟာသပြောလိုက်သည်။

"ကောင်းမင် မင်းဘာကြောင်ဒီမှာ မနေတာလဲ၊ကြည့်ပါလား ဖကိုင်က မင်းကို ထွက်မသွားစေချင်ဘူးနဲ့တူတယ်"

ကောင်းမင်က ကြောင်ဖက်တီးရဲ့မျက်လုံးတွေက မသေခင်ကစားနေသလိုမြင်ခဲ့ရသည်။

"တယို မင်းကလူကောင်းတစ်ယောက်ဆိုတာ ငါသိပါတယ် ဒါကြောင့်မင်းကို အကြံတစ်ခုပေးမယ်၊ မှောင်လာရင်လုံးဝ အိမ်ပြင်မထွက်နဲ့ ပြီးရင် ဝန်ထမ်းအသစ်ဘေးနားကနေ ဝေးဝေးနေပါ"

"သတင်းတွေမှာ ဘယ်လိုဖရိုဖရဲအခြေအနေတွေဖြစ်နေတယ်ဆိုတာ ငါသိပါတယ် မစိုးရိမ်နဲ့ မင်းကိုယ်မင်းသာ ဂရုစိုက် ၊ တကယ်လို့မင်းတစ်ခုခုလိုအပ်ရင်လည်း ငါ့ကိုဖုန်းခေါ်လိုက်ကွာ၊ ငါတို့ကလွန်ခဲ့တဲ့နှစ်တွေတည်းက တွဲဘက်တွေမဟုတ်လား"

ဖကိုင်က ရုန်းကန်နေသော်လည်း ၎င်းအားရုံးခန်းတွင်းသို့ ဆွဲခေါ်သွားလေသည်။ ကြောင်ဖက်တီးသည် အပြင်ဘက်တွင်ရှိနေသော ကောင်းမင်ရှိရာသို့ မှန်တံခါးအား သူ့လက်သည်းဖြင့်ကုတ်ခြစ်ရင်း မြောင် မြောင် ဟု အော်ဟစ်နေ၏။

"မင်း ငါ့နောက်ကို လိုက်ရင် တကယ့်ငရဲအစစ်ကို တွေ့ရမှာနော်"

ကောင်းမင်က မချိပြုံးပြုံးလိုက်သည်။

"ဒီကြောင်ကတော်ပေမယ့် သိပ်တော့ မဟုတ်ဘူး"

ကောင်းမင်ကစတူဒီယိုကထွက်လာပြီး အိမ်ကိုတန်းမပြန်ခဲ့ချေ။ သူက ဘတ်စ်ကားဂိတ်ဆီကို လာခဲ့ပြီး မြို့မြေပုံအား ကြည့်ရှူလိုက်သည်။

ဟန်ဟိုင်းသည်မြို့ကြီးတစ်ခုဖြစ်သည်။ ၎င်းအား ဇုန်၁၉ခုဖြင့်ခွဲခြားထားသည်။ အဆင့်မြင့်ပုံစံမြို့တော်တွင် တစ်ကမ္ဘာလုံးရှိမီလျံနာများနေထိုင်ကြသည်။ မိုးမျှော်တိုက်များနှင့်ဇိမ်ခံပစ္စည်းများ ပြည့်နေပြီး သာမာန်လူများအတွက်စိတ်ကူးယဉ်စရာဖြစ်သည်။

ကောင်းမင်နေထိုင်သော မြို့အိုလေးကား ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ အဆောက်အဦးများသည် ဖိနှိပ်ထားဟန်ရှိပြီး ပိတ်လျက်ရှိကြသည်။ ၎င်းတို့ကြား ဖြတ်သွားပါက မွန်းကြပ်ဖွယ်အငွေ့အသက်များ ခံစားရမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်ရာကျော်က ဟန်ဟိုင်းသည် စစ်ပွဲများကြားမှတိုးတက်‌လာခဲ့သည်။ ထိုနေရာသည်နိုင်ငံရေးသမားများ၊ ကုန်သည်များနှင့်ခိုလှုံသူများအတွက် မြင့်မြတ်‌သောနေရာ ဖြစ်ခဲ့သည်။ ဟန်ဟိုင်းသည် ကမ္ဘာပေါ်ရှိလွတ်လပ်‌သော ဆိပ်ကမ်းမြို့သုံးခုထဲမှ တစ်ခုဖြစ်သည်။ အသိပညာနှင့်ဇီဝဗေဒရှေ့ပြေးပုံစံများ၏လွှမ်းမိုးမှုအောက်တွင်မြို့ကြီးသည်ခေတ်တစ်ခေတ်၏ အချိုးကွေ့တစ်ခုဖြစ်လာခဲ့သည်။ သို့သော်လည်းထိုအရာများသည် ကောင်းမင်အား မည်သို့မှ မသက်ရောက်စေပေ။ သူသည်ဘတ်စ်ကားအမြောက်အများကိုစစ်ဆေးနေခဲ့ပြီး

သူ့ခေါင်းထဲတွင် များစွာသောတစ္ဆေသရဲတွေပုံပြင်များဖြတ်ပြေးနေခဲ့သည်။

"သားသတ်သမားအမှု၊ကြောင်အရုပ်၏ ခန္ဓာကိုယ်အားအပိုင်ပိုင်းဖြတ်‌သည့်အမှု၊ ဆိုးဝါးယုတ်ညံ့သောအမှု၊ အရေပျော်နေသောအလောင်းအမှု၊ လူသားစားသောအနီရောင်အဆောက်အဦးကြီးအမှု၊ ခွေးလှောင်အိမ်အမှု၊ရေနစ်မူ....."

ကောင်းမင်၏ အမှုများသည်မြို့ထဲတွင်ပြန့်ကြဲလျက်ရှိသည်။ ထို့အပြင် များပြားလှသော ကြောက်ရွံ့ဖွယ်ရာ ရုပ်ရှင်များလည်း ကြည့်ရှုခဲ့ပြီးဖြစ်သည်။

"အသားစားနတ်ဘုရား၊ တွဲလောင်းကျနေသောလူ၊ ညရဲ့ဝိဉာည်၊ အရေခွံအခန်း၊ ခေါင်းမဲ့ဆရာဝန်၊ လူသားစားဓာတ်လှေကား..... အများကြီးပဲ"

ဆေးရုံကနေဓာတ်လှေကားကို သွားခြင်း၊ ကျောင်းကနေ အိပ်ရာအောက်သို့ သွားခြင်း စသည့်ဆက်တင်များသည် ဘာမဆို ဖြစ်လာနိုင်လေသည်။

"ရွှယ်ဝမ်ပြောတာ မှန်နေတယ်ဆိုရင်တော့ ဒါက ဂိမ်းနယ်ပယ်ထက် ပိုသွားပြီ၊ ငါကြုံခဲ့ရတဲ့ သရဲရုပ်ရှင်တွေနဲ့ သရဲဂိမ်းတွေလည်း ပါလာလိမ့်မယ်"

ကောင်းမင်ကထိုအရာကို လက်မခံချင်ပေမယ့် ကမ္ဘာကြီးရဲ့အစွန်းမှသူ့ကိုကြိုဆိုနေခဲ့ပြီဟု ခံစားနေရသည်။

"အမည်မသိကမ္ဘာထဲက အရာကြီးတွေက ငါ့မှတ်ဉာဏ်ကို အခြေခံပြီး ဒီမြို့လေးထဲမှာ ပေါ်လာကြလိမ့်မယ်"

ကောင်းကင်ပေါ်ရှိတိမ်များသည်မဲမှောင်နေခဲ့သည်။

မြို့လေးသည် တိုက်ပိတ်ခံထားရသောထောင်ထားတစ်ယောက်ကဲ့သို့သေအံ့ဆဲဆဲဖြစ်နေလေ၏။

ဘတ်စ်ကားမှတ်တိုင်တွင်ရပ်နေရင်မိုးရေများဖုံးလွှမ်းနေသော လမ်းမကြီးအားကြည့်နေခဲ့သည်။

ကောင်းမင်မျက်နှာသည်ဖြူလျော်နေ၏။

"ငါစိတ်တစ်ခုထဲညစ်ညမ်းနေတာဆိုရင်ကမ္ဘာကြီးကပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်နေမှာပဲ"

ရွှယ်ဝမ်က ပုံမှန်မဟုတ်တာတော့ ရှင်းသည်။ ဒါပေမယ့် ရွှယ်ဝမ်က အလွန်လိုအပ်နေသော ကောင်းမင်၏သံသယများကို အကြံပေးခဲ့သည်။

ညနေ ငါးနာရီခွဲအချိန်တွင် ရွှယ်ဝမ်က အနီရောင်ထီးတစ်လက်ဖြင့် ရုံးထဲမှ ထွက်လာလေသည်။

သူမက ကောင်းမင် ထွက်မသွားသေးသည်ကို မှန်းဆမိဟန်တူသည်။ သူမက အပြုံးလေးဖြင့် ကောင်းမင်ဆီသို့ လျောက်လာခဲ့သည်။

"ရှင် ကျွန်မကို စောင့်နေတာလား"

"ကျွန်တော် ဘယ်ဘတ်စ်ကားစီးရမှန်း မသိသေးလို့"

"ဒါဆို ကျွန်မတို့ တူတူသွားကြမယ်လေ"

ရွှယ်ဝမ်က ထီးဖွင့်လိုက်ကာ ကောင်းမင်နဲ့တူတူ ဆောင်းလိုက်ပြီး အချစ်များပြည့်‌နေသည့်မျက်ဝန်းများဖြင့် ကြည့်နေ‌လေသည်။ သို့သော် အချစ်သည် ရှားပါးပစ္စည်းလေးများစုဆောင်းလေ့လာတတ်သူကဲ့သို့ ရူးသွပ်နေခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကားရောက်လာသည်။ ရွှယ်ဝမ်ကကားပေါ်တက်လိုက်ပြီး ထိုင်စရာနေရာရှာထိုင်လိုက်သည်။ ထို့နောက် ကောင်းမင်ကတော့ ဘတ်စ်ကားနောက်ပိုင်းတွင်တစ်‌ယောက်တည်း မတ်တပ်ရပ်စီးလိုက်သည်။

တစ်နာရီလောက်ကြာပြီးနောက် ဘတ်စ်ကားက မြို့ဟောင်းသို့ ရောက်လာသည်။ ကောင်းမင်သူ၏ဆုံးဖြတ်ချက်ကို စတင်နောင်တရလာ၏။

လီကျင်းတိုက်ခန်းတွဲသည် အဆောက်အဦးလေးခုရှိသည်။ ရွှယ်ဝမ်က ကောင်းမင်နေသောတိုက်ခန်း၏မျက်နှာချင်းဆိုင်နေထိုင်ခြင်း ဖြစ်သည်။ ရက်အတန်ကြာကတည်းက သူမက သူ့အားစောင့်ကြည့်ရန် ပြောင်းရွှေ့လာပုံရသည်။

"အထင်မလွဲပါနဲ့၊ ဒီနားတစ်ဝိုက်က ဖြစ်ပွားခဲ့တဲ့အမှုတွေက ကျွန်မနဲ့မဆိုင်ပါဘူး"

ရွှယ်ဝမ်၏အသံက မိုးရေများကိုဖြတ်၍ခပ်ဝါးဝါးထွက်ပေါ်လာသည်။

"တကယ်တမ်းက ကျွန်မလဲ ကြောက်နေခဲ့တာ"

"ဒီ‌ခြိမ်းခြောက်မှုတွေကိုတော့ မင်းမဖယ်ရှားခဲ့ဘူးမလား"

ကောင်းမင်က ပထမဆုံးထိုအခြင်းအရာအား မဆုံးဖြတ်နိုင်သော်လည်း ရွှယ်ဝမ့်စကားတစ်ခွန်းကြောင့် ရန်လင်း၏သတိပေးချက်အား အမှတ်ရသွားသည်။ သူ ဒီအခန်းထဲပိတ်မိနေစဉ်အတွင်း ထိုအရာကြီးများ ပြန့်နှံ့ပြီးခဲ့ပြီဖြစ်သည်။

ကောင်းမင်နှင့်ရွှယ်ဝမ်တို့သည် အဆောက်အအုံ ၂ထဲသို့ ဝင်ခဲ့ကြသည်။

သူတို့နှစ်ယောက်တတိယထပ်ကို ရောက်သောအခါကော်ရစ်ဒါပေါ်တွင် ငွေစက္ကူများကို မီးရှို့နေသော အသက်ကြီးကြီးအမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။ ဘေစင်သည် အညစ်အကြေးများဖြင့် ပြည့်နေသည်။ သူမသည် ဘေစင်ဘေးတွင်တစ်စုံတစ်ခုအား မသဲမကွဲ ရေရွတ်နေပြီးအဖြူအမဲဓာတ်ပုံအားဖြင့်ကန်တော့နေခဲ့သည်။ သူမဒီအလွန်အိုမင်းနေပြီဖြစ်သည်။ သို့သော်ဓာတ်ပုံထဲရှိလူသည်လည်းအသက်၄၀ကျော်ခန့်သာရှိလေသည်မှာထူးဆန်းနေပေသည်။

"သူမရဲ့မွေးစားသားလွန်ခဲ့တဲ့သုံးရက်က သူ့ဘာသာသတ်သေသွားတယ်လေ"

ရွှယ်ဝမ်က လမ်းလျှောက်နေခြင်းအား ရပ်လိုက်သည်။

"အိမ်နီးချင်းတွေပြောတာကတော့ သေသွားတဲ့သူက လူကောင်းတစ်ယောက်တဲ့၊ ပြီးတော့သူက ရိုးသားပြီး အတွန့်မတက်တတ်တဲ့လူတဲ့၊ ဒီမိန်းမအိုကြီးနဲ့ သွေးမတော်သားမစပ်ပေမယ့် သူ့မိသားစုလို မှတ်ယူထားတာတဲ့"

"အကြိမ်များစွာငါတို့ကတော့အပေါ်ယံတွေကိုပဲမြင်နေခဲ့ကြတယ်။ ဒီလိုမျိုး တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့သူတွေရဲ့စိတ်ထဲမှာအကြောင်းအရာတွေ အများကြီးရှိခဲ့မှာပဲ"

ကောင်းမင်သည် ထိုအမျိုးသမီးကြီး၏ မွေးစားသားအား အရင်ကပင် အိမ်မှာ မြင်တွေ့ခဲ့ဖူးသည်ဖြစ်သည်။ ထိုလူအား အစ်ကိုကျောက်ဟု ခေါ်ကြသည်။ အစ်ကိုကျောက်သည်အမြဲတမ်းပြုံးနေတတ်သူဖြစ်သည်။ သို့သော်လည်းကောင်းမင်အတွက်သူ၏အပြုံးသည်အတင်းလုပ်ပြုံးထားသကဲ့သို့ ခံစားရသည်။

ကောင်းမင်သည် တစ်ခါတစ်ရံ အစ်ကိုကျောက် နှင့်စကားပြောဖူးလေသည်။ သို့သော်သူက အစ်ကို ကျောက်အား ပြီးခဲ့သော လအတွင်း အိမ်ထဲတွင်မတွေ့ခဲ့ရပေ။

ကောင်းမင်သည် အစ်ကိုကျောက်၏ဓာတ်ပုံအား ဂါဝရပြုလိုက်ပြီး ရွှယ်ဝမ်နဲ့အတူ ငါးထပ်သို့ တက်လာလိုက်သည်။ ကော်ရစ်ဒါပေါ်တွင် ကန်လန့်ဖြတ်ထားသော အဝတ်လှမ်းကြိုးပေါ်တွင် အင်္ကျီများ လှန်းထားသည်။ သူတို့သည်ပေါက်ပြဲနေသော လျှပ်စစ်ကြိုးများနှင့်နီးကပ်နေပြီဖြစ်သည်။ လေမတိုက်ပါပဲ မီးခိုရောင်နဲ့အဖြူရောင်အင်္ကျီများသည်တဖျတ်ဖျတ်လှုပ်ရမ်းနေကြသည်။ ကော်ရစ်ဒါသည်

ဟောင်းနွမ်းနေသောစတီးချောင်းများ၊သံချေးတက်နေသောတံခါးများဖြင့်ဖြောင့်တန်းနေသည်။

အဝါရောင်တံခါးဘောင်ကြီးသည် အနီတောက်တောက်စုံတွဲနှင့် လုံးဝဆန့်ကျင်ဖက်ဖြစ်နေပုံပေါ်သည်။

"ကျွန်မတို့ ရောက်ပြီ"

ရွှယ်ဝမ်သည် အခန်းနံပါတ် ၂၀၅၇၏ သော့အား ထုတ်လိုက်သည်။ ကောင်းမင်သည် အခန်းထဲသို့ မဝင်ရဲသေးပေ။ အခန်းနံပါတ် ၂၀၅၇သည် အမျိုးသမီးကြီး၏ မွေးစားသားအကိုကျောက်၏အခန်းဖြစ်ခဲ့သည်။ လွန်ခဲ့သော သုံးရက်က အကိုကျောက်သည် သူ့အခန်း၏ လေသာဆောင်မှ ခုန်ချခဲ့ခြင်းဖြစ်သည်။

'မင်းဆိုရင် လူသေတစ်ယောက်ရဲ့ အခန်းကို ငှားရဲပါ့မလား'

ကောင်းမင်သည် သူရေးဆွဲခဲ့သောဂိမ်းဇာတ်လမ်းတစ်ခုကိုသတိရလိုက်သည်။ ထိုဇာတ်လမ်းတွင် ကောင်းမွန်စွာ ဝတ်စားထားသော အဓိကဇာတ်ကောင်သည် သရဲဂိမ်းတစ်ခုကိုကစားရင်း သေဆုံးသွားသော ဇနီး၏အလောင်းနဲ့အတူ သူ၏သေဆုံးခြင်းမှတ်တမ်းကို ကြည့်ရှူနေခဲ့ခြင်းဖြစ်သည်။

All Chapters