လက်မှတ်များ
Vol. 1 Ch. 7
အခန်းနံပါတ် ၂၅၀၇ သည်အခြေခံအားဖြင့် အရင်နဲ့ အတူတူပင်ဖြစ်သည်။ အစ်ကိုကျောက်နေခဲ့စဉ်ကအတိုင်း ပုံမှန်ပင်ဖြစ်သည်။ ပန်းကန်စင်၊ ကော်ဖီစားပွဲ ၊ ဆိုဖာထိုင်ခုံနှင့် ပရိဘောဂအားလုံးရှိနေကြသည်။ အကိုကျောက်သည် ခြိုးခြံချွေတာတတ်သောလူဖြစ်သောကြောင့် သူ့နေရာသည် ကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်သည်။ နေရာလေးသည်လူသူမရှိတော့ပဲ အသက်ကင်းမဲ့နေသည်။
မိုးရေစက်များသည်ပြတင်းပေါက်ပေါ်တွင် ပုံစံကွက်များသဏ္ဍာန်ဖြစ်နေ၏။ ညနေခြောက်နာရီသာရှိသေးသော်လည်း ကောင်းကင်သည် မဲမှောင်နေခဲ့သည်။
ရွှယ်ဝမ်သည် မီးသီးများအား အရင်မဖွင့်ခဲ့ပေ။
လေသာဆောင်ဘက်သို့လျှောက်သွားလိုက်ပြီး အိမ်အောက်ဘက်သို့ ကြည့်ရှူလိုက်သည်။ ကောင်းမင်က အနည်းငယ်စဉ်းစားလိုက်ပြီးနောက် အခန်း ၂၅၀၇ထဲသို့ လိုက်ဝင်လာလိုက်သည်။ သူ့မျက်စိများအား ဧည့်ခန်းထဲရှိနံရံက ဆွဲဆောင်သွားသည်။ သိသာထင်ရှားသော နေရာတွင် အနက်ရောင်အဝတ်ဖြင့်ဖုံးထားသော ဧရာမပန်းချီကားကြီး ရှိလေသည်။
"အဲ့ဒါဘာကြီးလဲဆိုတာ ရှင်သိချင်လို့လား"
ရွှယ်ဝမ်က နောက်သို့လှည့်မကြည့်ပဲ ကောင်းမင်တွေးနေသည်ကို သိနေခဲ့သည်။
"ရှင် အဝတ်ကိုဖယ်လိုက်လို့ရပါတယ်"
ကောင်းမင်သည် အဝတ်ထောင့်စွန်းအားလက်မလက်ညိုးဖြင့်ညှပ်ကိုင်လိုက်ပြီး အသာအယာဆွဲလိုက်သည်။
အဝတ်စ လျှောကျသွားသည်နှင့် တောက်ပစွာပြုံးနေသော ကောင်းမင်နှင့်ရွှယ်ဝမ်တို့၏အဖြူအမည်းမင်္ဂလာဆောင် ဓာတ်ပုံကြီးသည် သူ့ရှေ့တွင်ပေါ်လာတော့သည်။ သို့သော်လည်းပုံထဲတွက် ဝေ့ဝဲကျနေသောသတိုးသမီးဝတ်စုံဖြင့်ရွှယ်ဝမ်သည်အဖြူအမည်းဖြစ်နေခဲ့ပြီး ကောင်းမင်၏ပုံသည် ကာလာအရောင် ဖြစ်နေ၏။
"နောက်ထပ်သေဆုံးနေတဲ့ ဓာတ်ပုံတစ်ခုပဲ"
ကောင်းမင်က သူနဲ့ရွှယ်ဝမ်ဘယ်တုန်းက မင်္ဂလာဆောင်လိုက်မှန်း မတွေးတတ်တော့ချေ။
"ရှင်မှတ်မိပြီလား"
ရွှယ်ဝမ်က ကောင်းမင်ဘက် လှည့်လာ၏။ သူမသည်ကျက်သရေရှိစွာ ပြုံးနေဆဲဖြစ်သည်။ သို့သော် သူမ၏အမူအရာက ပုံမှန်မဟုတ်ပေ။ လျှို့ဝှက်ချက်များက သူမ၏မျက်လုံးထဲမြှုပ်နေသယောင်ဖြစ်သည်။
"ဆာလောင်တစ္ဆေပွဲတော်ညက ဥမင်ထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ"
ကောင်းမင်ကတံခါးရှေ့နားတွေ ကပ်နေပြီး စာအုပ်ထဲတွင် အချိန်မရွေးရေးမှတ်ရန်ပြင်လိုက်သည်။
"ရှင်က မစီးသင့်တဲ့ကားကို စီးပြီး မသွားသင့်တဲ့နေရာကို သွားခဲ့တယ်"
ရွှယ်ဝမ်က ကောင်းမင်အားချစ်ခြင်းများဖြင့်ရွှန်းရွှန်းစားစားကြည့်လိုက်သည်။ ၎င်းက ကောင်းမင်အားကြောက်ရွံ့စေသလို အလွန်ရင်းနှီး နေသလိုလည်း ခံစားရပြန်သည်။
"ရှင်က ဥမင်ထဲမှာ အားလုံးကို မေ့သွားတယ်၊ အဲ့ဒါကပဲ ရှင့်ရဲ့ခန္ဓာကိုရှင်ကာကွယ်နေခဲ့တယ် ဘာကြောင့်လဲဆိုတော့ ရှင့်ရဲ့မသိစိတ်က ကြောက်စရာအမှန်တရားကို လက်မခံပဲ ငြင်းပယ်နေလို့ဖြစ်တယ်"
"ဒါပေမယ့် မင်းကဘာဖြစ်လို့ဥမင်ထဲကအကြောင်းတွေကို သိနေတာလဲ ၊ ပြီးတော့ ငါ့ဂိမ်းထဲမင်းက ဘယ်လိုပေါ်လာတာလဲ"
"အချိန်ဇယားအရဆိုရင် မင်းဥမင်ထဲက အကြောင်းတွေကို မသိသင့်ဘူး"
ကောင်းမင်က တံခါးဆီသို့ ဆုတ်ခွာလိုက်သည်။
"ဘာကြောင့်လဲဆိုတော့ အဲ့ဒီညက ရှင့်ကိုကျွန်မအိမ်ပြန်ပို့ပေးခဲ့လို့ပေါ့"
ရွှယ်ဝမ်က ရှေ့ကိုတစ်လှမ်းတိုးလိုက်သည်။
"ရှင်ဖန်တီးခဲ့တဲ့ ငါတို့ရဲ့ခဏတာအချစ်အတွက် ဇာတ်လမ်းကိုရှင်မှတ်မိသေးလား၊ ကျွန်မက ရှင့်နေရာကိုအမြဲတမ်းသိနေခဲ့တယ် ဘာကြောင့်လဲဆိုတော့ ရှင့်ကိုရှာနေရတာကိုက ကျွန်မနှစ်သက်နေလို့ပဲ၊ အဲ့ဒီစိတ်ဝင်စားစရာ စွမ်းအားက ကျွန်မပထမဆုံး နိုးထလာပြီးတည်းက ကျွန်မရဲ့စိတ်ထဲမှာ ရှင့်ကိုရှာနေဖို့ ကျွန်မရဲ့အနက်ရှိုင်းဆုံး ဆန္ဒအဖြစ်အတင်းအကြပ်ထည့်ထားခဲ့တာပဲ"
ထိုသို့ထုတ်ဖော်ပြောလာခြင်းသည် ကောင်းမင်အား အေးစက်သွားစေခဲ့သည်။
သူ၏ဒိတ်တင်းဆင်းလေးသည် အလွန်ကြောက်ဖို့ကောင်းမှန်းမသိခဲ့ချေ။
"မင်း ဘာမြင်ခဲ့လဲ"
"နာကျင်နေတဲ့မျက်နှာတွေနဲ့အလောင်းတွေက ဥမင်နံရံထဲမှာမြှုပ်ဝင်နေကြတယ်၊ ကျွန်မရောက်လာတဲ့အချိန်မှာ ရှင်ကတစ်စုံတစ်ခုနဲ့စကားပြောနေရင်း ဥမင်ရဲ့အနက်ပိုင်းထဲကို လျှောက်သွားနေခဲ့တာပဲ၊ ကျွန်မတစ်ယောက်ထဲပဲ ရှင့်ကို အပြင်ကိုခေါ်လာခဲ့တာ"
ရွှယ်ဝမ်လိမ်ညာနေလား အမှန်ပြောနေလားဆိုတာ မှန်းရခက်ခဲသည်။ သို့သော် ထိုအကြောင်းများကို ပြောနေစဉ်တွင်သူမမျက်လုံးထဲ အကြောက်တရားတချို့ရှိနေခဲ့သည်။
"အဲ့ဒါက အလောင်းနံရံကြီးဖြစ်တယ်ဆိုရင် ငါ့ရဲ့မှတ်ဉာဏ်တွေ ပျောက်ပျက်သွား လောက်အောင် ငါအရမ်းကြောက်ခဲ့မှာမဟုတ်ဘူး၊ ဒါပေမယ့် အသံတစ်ချို့ကြားခဲ့ရတာတော့ မှတ်မိတယ်"
ကောင်းမင်က မှတ်ဉာဏ်များအား ကြိုးစားအလုပ်လုပ်လိုက်သော်လည်း ဘာတစ်ခုမှ မမှတ်မိချေ။
"အသံကြီးကဘာတွေပြောနေလဲဆိုတာ မင်းမှတ်မိသေးလား"
"အားလုံးကထိန်းချုပ်မှုလွတ်ပြီးပြန့်ကျဲကုန်ပြီ၊ တစ္ဆေသရဲတွေ ကလမ်းပေါ်မှာလှည့်လည်နေကြပြီး လူ့မကောင်းဆိုးဝါးတွေက မြို့ဆီကိုလာနေကြပြီ ၊
ရာဇဝတ်မှုတွေနဲ့ သရဲပုံပြင်တွေကိုအခြေခံပြီး ဖန်တီးထားတဲ့ သင့်ရဲ့ဂိမ်းက အမှန်တကယ်ဖြစ်လာနေပြီ၊ သူတို့တွေက ပုတ်သိုးဆွေးမြေ့နေတဲ့ သင့်ရဲ့မှတ်ဉာဏ်ထဲမှာ တွားသွားနေကြတယ်၊ သူတို့တွေနိုးထဖို့လိုအပ်တဲ့ တစ်ခုတည်းသောနည်းလမ်း သင့်ဂိမ်းကို လူတွေပိုကစားလာကြဖို့ပဲ သင်က လူတွေကိုဦးဆောင်ပြီး ဂိမ်းတွေကိုနိုင်အောင်ဆော့ဖို့ရွေးချယ်နိုင်တယ် ၊ နောက်ရွေးချယ်စရာက သရဲဇာတ်လမ်းတွေစားသုံးဖို့အတွက် လူတွေကို စွန့်လွှတ်လိုက်လို့ရတယ် မတူညီတဲ့ရွေးချယ်မှုတိုင်းမှာ ဆုလာဘ်နဲ့အပြစ်ဒဏ်တွေ ရမယ် "
ခနရပ်လိုက်ပြီးရွှယ်ဝမ်က ဆက်ပြောလိုက်သည်။
"အသံကပြောတာက ရှင်သေခဲ့သင့်တယ်တဲ့ ဒါပေမယ့် အဲ့ဒါက ရှင့်ကိုအသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့တာ ၊ရှင်တို့နှစ်ယောက် သဘောတူညီမှု လုပ်လာပုံပဲ "
"ငါသေခဲ့သင့်တယ်...."
ကောင်းမင် အဲ့ဒါကို တစိမ့်စိမ့်တွေးနေခဲ့သည်။
"ဥမင်ထဲမှာ ငါသေခဲ့တာလား၊ ငါပြန်လည် ရှင်သန်ခဲ့တာလား ၊ ဒါကြီးက အဓိပ္ပါယ်မရှိဘူး"
"ရှင်ကျွန်မကိုမယုံဘူးဆိုရင် ဒါမှမဟုတ် လိမ်နေတယ်ထင်ရင် အဲ့ဒီညက ကားပေါ်ပါလာတဲ့ ခရီးသည်တွေကို သွားမေးလို့ရတယ်"
ရွှယ်ဝမ်က ဆိုဖာပေါ် ထိုင်ချလိုက်သည်။
"ကျွန်မရှင့်ကို ဥမင်ထဲကခေါ်လာတုန်းက တခြားအသက်ရှင်နေတဲ့ လူတွေကိုလည်း တွေ့ခဲ့ရသေးတယ်"
"တခြားအသက်ရှင်နေတဲ့ ခရီးသည်တွေ ရှိခဲ့တာလား"
"ဟုတ်တယ် ဒါပေမယ့် သူတို့မျက်နှာတွေမှတ်မိဖို့ထက် ကျွန်မကအရမ်းအလျင်လိုနေခဲ့တာ၊ ကျွန်မသိခဲ့မယ်ဆိုရင် သူတို့ကိုဖမ်းဆီးနှိပ်စက်ပြီးအမှန်တရားကို မေးလိုက်မယ် "
ရွှယ်ဝမ်က ဖိနပ်ပါးလေးကို ပြောင်းစီးလိုက်သည်။
သူမက ကြောက်စရာစကားကို သာမန်လျှံကာအသံဖြင့်ပြောနေခဲ့သည်။
ကောင်းမင်က ကောင်းကင်ကြီး မှောင်လာကတည်းက ခြေတစ်လှမ်းနောက်ဆုတ်ထားပြီးဖြစ်သည်။ သူလိုအပ်သောအချက်အလက်များလည်း ရထားခဲ့ပြီဖြစ်သည်။
"ရှင်လိုချင်တာ ရပြီးပြီဆိုတော့ ထွက်သွားဖို့ကို အရမ်းကြမ်းကြမ်းတမ်းတမ်း လုပ်တော့တာလားရှင်"
ရွှယ်ဝမ်ကကောင်းဘက်သို့အပြုံးလေးဖြင့်လှည့်လာ၏။
"ဥမင်ထဲမှာ ရှင်ကျွန်မကိုပေးခဲ့တဲ့ ကတိကို ရှင်မှတ်မိတော့မယ်မထင်ဘူး၊ ဟုတ်တယ်မလား"
"ဒါပေါ့ ဘယ်မှတ်မိမလဲ"
"အဆင်ပြေပါတယ် ရှင်မှတ်မိတဲ့အချိန်ရောက်လာမှာပါ"
ရွှယ်ဝမ်က သူမ၏ ဘရာစီယာမှ အဖြူအမည်းပုံကို ထုတ်ယူလိုက်သည်။
"ဒီကမ္ဘာကြီးထဲမှာ ကျွန်မမျက်လုံးဖွင့်လိုက်တော့ ဒီဓာတ်ပုံလေးက ကျွန်မဘေးမှာ ရှိနေခဲ့တယ်၊ လွန်ခဲ့တဲ့သုံးရက်လုံး ဒိတ်တင်းဆင်းထဲက တခြားမိန်းကလေးဇာတ်ကောင်တွေကို ကျွန်မဖယ်ရှားပစ်ခဲ့တယ် မင်္ဂလာဆောင်ပုံကလည်း စပြောင်းလာခဲ့တယ်"
ရွှယ်ဝမ်က သူ့လက်ထဲကဓာတ်ပုံနှင့် နံရံပေါ်က ဧရာမဓာတ်ပုံကြီးကို နှိုင်းယှဉ်ကြည့်လိုက်သည်။
သူမလက်ထဲက မင်္ဂလာဆောင်ဓာတ်ပုံက အရောင်ပြောင်းလာသည်မှာ ထင်ရှားလာသည်။
"ဂိမ်းထဲက တခြားမိန်းကလေးဇာတ်ကောင်တွေကလည်း အမည်မသိအရှိန်အဝါတွေအောက်မှာ ပေါ်လာကြတာ၊ နည်းစနစ်ကျကျပြောရရင် သူတို့အားလုံးကသေပြီးသားတွေပဲ ....ဒါပေမယ့် "
ရွှယ်ဝမ်ရဲ့မျက်လုံးထဲ ဝမ်းနည်းမှုအရှိန်အဟုန်များ တောက်လောင်လာသည်။
"သေသူတွေရဲ့ဓာတ်ပုံတွေက ရှင်နေသူတွေအတွက် သေဆုံးသွားတဲ့ မှတ်ဉာဏ်တွေပေါ့၊ သေသူတွေရဲ့အဖြူအမဲဓာတ်ပုံတွေက အရောင်တွေပြည့်သွားတဲ့အခါကျရင် ဆိုလိုတာက ပုံထဲကလူတွေက ပြန်အသက်ရှင်လာကြမှာလားနော်"
"တခြားသူတွေကို သတ်လိုက်တာက ကျွန်မရဲ့အနှောင်အဖွဲ့တချို့ကို ချိုးဖျက်နိုင်စေသလိုပဲ"
"အဲ့တာကြောင့် မင်းကမြို့ထဲမှာ လွတ်လွတ်လပ်လပ်သွားနိုင်တာလား"
ကောင်းမင်က သုံးရက်အတွင်း အမျိုးသမီးရှစ်ယောက်အား ပေါ့ပေါ့ပါးပါး သတ်ဖြတ်နိုင်ခဲ့သည်ကိုကြားသောအခါ ရွှယ်ဝမ်အား တုန်လှုပ်မိသည်။
သူမ၏ချစ်သူကြောင့် ဂိမ်းထဲရှိအရံဇာတ်ကောင်များသည်သူမ၏စိတ်ထဲတွင် ရစ်နွှယ်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ပြင်ပလောကသို့ သူမရောက်လာသောအခါ သူမ၏ဇွဲကောင်းမှုနှင့် ဦးတည်ချက်များကြောင့် ရွှယ်ဝမ်အားတစ်စုံတစ်ခုဖြစ်စေခဲ့ပြီး အခြေအနေအား ကောင်းမင်ထက်ပိုနားလည်ခဲ့သည်။
ရွှယ်ဝမ်၏ အသွင်အပြင်သည် ကောင်းမင်အား သတိရှိစေခဲ့သည်။ သူဖန်တီးခဲ့သောဂိမ်းများ တစ္ဆေသရဲနှင့်မကောင်းဆိုးထက် ရူးသွပ်သော လူသားများက ပိုများလေသည်။
"ကျွန်မ ရှင့်လို ဖြစ်ချင်တယ်"
ရွှယ်ဝမ်က အမြန်ပြောလိုက်သည်။ သူမ၏အဆင့်သည် ဆန်းကြယ်လာ၏။ သူမက ကောင်းမင်နားကပ်လာပြီး အတည်အတံ့ပြောလိုက်သည်။
"အများကြီးဆန်းစစ်ပြီးတဲ့ အခါမှာ ကျွန်မသတိထားမိတာ တစ်ခုခုရှိလာတယ်၊ ဒီဂိမ်းက အစစ်အမှန်လို့ လက်သင့်ခံဖို့ ဖြစ်စဉ်တစ်ခုလိုအပ်တယ် ဒီခြောက်လှန့်တဲ့ဂိမ်းက မြို့လေးနဲ့နှေးနှေးကွေးကွေး ပေါင်းစပ်နေတာ ကြိုပြီးသတိပေးထာမျိုးတွေအများအပြားရှိလာလိမ့်မယ် ဖြစ်စဉ်ကို ပိုမြန်စေဖို့ အခြေအနေသုံးခုလိုလိမ့်မယ်
တစ်နေရာမှာတစ်ယောက်ယောက်သေခဲ့တာ: ရှင် နဲ့ အဲ့ဒီကမ္ဘာက လူသေဓာတ်ပုံ....."
အခန်း၂၅၀၇တွင် ကောင်းမင်ရပ်နေရင်း ရွှယ်ဝမ်၏ရည်ရွယ်ချက်အား နားလည်သွားခဲ့သည်။
ရွှယ်ဝမ်က ကောင်းမင်၏ဂိမ်းထဲမှသရဲတစ္ဆေများ ကမ္ဘာပေါ်သိူ့အပြည့်အဝပေါ်မလာခင် အမဲလိုက်ဝါးမျိုလိုခြင်းဖြစ်သည်။
"ရာဇဝတ်မှုမြင်ကွင်းတွေက ဂိမ်းရဲ့ဆက်တင်၊ လူသေဓာတ်ပုံတွေက ဂိမ်းထဲဝင်ဖို့လက်မှတ်တွေ ပြီးတော့ ရှင်က ထုတ်လွှင့်တဲ့ ချန်နယ်ပဲ"
ရွှယ်ဝမ်က ကောင်းမင်၏အင်္ကျီကော်လံအား ပြင်ဆင်ပေးလိုက်သည်။
"အဲ့ဒီအသံကြီးက ဂိမ်းထဲကို ကစားသူတွေပိုခေါ်လာဖို့ပြောတယ် ၊ ကျွန်မလဲ ကစားသူတစ်ယောက်ဖြစ်သင့်တာပေါ့ ၊ ဟုတ်တယ်မလား"
ရွှယ်ဝမ်က သူ့လက်ကိုင်အိတ်ကိုဖွင့်လိုက်သည်။
ကွက်လပ်ဖြစ်နေသော လူသေဓာတ်ပုံရှစ်ခုရှိနေလေသည်။
"ကျွန်မမှာ လက်မှတ်တွေအများကြီးရှိတယ်"
"စိတ်လျှော့ထား ၊ ဒါမင်းရဲ့ ပုံကြမ်းလေးတွေပါပဲ"
ကောာင်းမင်က ရွှယ်ဝမ်၏ရည်ရွယ်ချက်ကို သိလိုက်ရပြီး စိုးရိမ်းစိတ်များ လျော့နည်းသွားခဲ့သည်။
သူကရွှယ်ဝမ်အား နီးနီးကပ်ကပ်ကြည့်လိုက်သည်။ သူမမျက်နှာပေါ်တွင် အပြစ်အနာအဆာလုံးဝမတွေ့ရပေ။
"ဒါပေမယ့် ငါမင်းကို ကူညီနိုင်ပါတယ်၊ အခန်း၂၅၀၇ မှာ မင်းရဲ့ပုံကြမ်းတွေကို စစ်ဆေးကြည့်ကြတာပေါ့"
ကောင်းမင်ကရာဇဝတ်မှု မှုခင်းဆရာဝန်ဖြစ်ခဲ့ဘူးလေရာ အန္တာရယ်ရှိသောလူများဖြင့်မည်သို့ ဆက်ဆံရမည်ကို သိလေသည်။
ထိုအချိန်မှာပင် ကော်ရစ်ဒါဆီမှ လမ်းလျှောက်လာသံထွက်ပေါ်လာသည်။ ထိုနောက် တံခါးဘဲလ်သည် မြည်လာ၏။ ရွှယ်ဝမ်က အဝတ်အား အဖြူအမဲမင်္ဂလာဓာတ်ပုံပေါ်သို့ပြန်ဖုံးထားလိုက်သည်။ ကောင်းမင်က ရှေ့တံခါးအား ဖွင့်လိုက်သည်။
မျက်နှာပုံပျက်နေသော စုံစမ်းရေးမှူးသည် ထိုနေရာတွင်ရပ်နေခဲ့ပြီး အသက်ရှူသံမြန်မြန်ဖြင့် ပြောလိုက်သည်။
"ဒီအခန်းက အရမ်းအန္တရာယ်များတယ် ၊ ခင်ဗျားအခုထွက်သွားဖို့ လိုတယ်"