← Chapters

ပြန်ရောက်လာခြင်း

Vol. 1 Ch. 8

ပြန်ရောက်လာခြင်း

Vol. 1 Ch. 8

"ဒီနေရာက အန္တရာယ်ရှိတယ်လို့ ဘာလို့ပြောတာလဲ

ပုံမှန်အိမ်တစ်လုံးပဲ မဟုတ်လား"

စုံစမ်းရေးမှူးက သာမာန်ပုံစံဖြင့်‌ေနနေခဲ့သော ကောင်းမင်အား စိုးရိမ်စွာ ကြည့်နေသည်။

"ဒီကမူလအိမ်ငှားက ကိုယ့်ကိုယ်ကို သတ်သေမှုကျူးလွန်ခဲ့တယ် ဒီမှာဆက်မနေကြနဲ့တော့ ဘာလို့လဲဆိုတော့ အိမ်ငှားခက အရမ်းဈေးပေါနေလို့ပဲ"

စုံစမ်းရေးမှူး၏ မျက်နှာအမူအရာသည် စကားပြောရန်အလွန်ပျက်ယွင်းနေခဲ့သည် သို့သော် သူ၏လေသံမှတဆင့် အခန်း2507သည် ပြဿနာကြီးတစ်ခုရှိနေခဲ့သည်။

"ဘာကြောင့်လဲ ၊ အကိုကျောက်က အသတ်ခံရတာလား ၊ သူ့ကိုယ်သူ သတ်သေခဲ့တာ မဟုတ်ဘူးလား"

"အဲ့လို မမေးနဲ့ "

စုံစမ်းရေးမှူးက သူ့မျက်နှာသူ ညွှန်ပြလိုက်သည်။

"ခင်ဗျားတို့ ကျူပ်လိုဖြစ်မလာချင်ဘူးဆိုရင် အခုထွက်သွားတော့"

ရှင်းလင်းစွာပင် စုံစမ်းရေးမှူးသည် တစ်ခုခုကိုသိနေခဲ့သည်။ ထိုအရာကပင် ကောင်းမင်အတွက် ပိုဆန်း ကြယ်နေ၏။

"ပိုကောင်းတဲ့ အကြောင်းပြချက်ပေးရမယ်လေ ပုံမှန်လူတစ်ယောက်က လူတွေကို ထူးဆန်းတဲ့စကားတွေပြောပြီး ထွက်သွားခိုင်းနေမှာမဟုတ်ဘူး"

"ခင်ဗျားတစ်ယောက်ထဲ မဟုတ်ဘူး၊ ငါးလွှာမှာနေတဲ့လူအားလုံး မူမမှန်တဲ့အ‌ေကြာင်းအရင်းကို မတွေ့ခင်အထိ တခြားနေရာတွေကို ပြောင်းကုန်ကြပြီ"

စုံစမ်းရေးမှူးက ညမတိုင်ခင်ကကောင်းမင်ကို မှတ်မိသွားခဲ့သည်။ သူက အလွယ်တကူ အညာခံမည် မဟုတ်ပေ။

"ခင်ဗျားက မိုးသည်းညလူသတ်သမားကို အချိန်ဆွဲ ထားခဲ့တဲ့သူပဲ ၊ ခင်ဗျားရဲ့ သတ္တိကိုလေးစားပါတယ် ၊ဒါပေမယ့် အန္တရာယ်တွေဆိုတာ မမြင်နိုင်ဘူး မြို့ဟောင်းလေးက ရာဇဝတ်မှုတွေနောက်မှာ သူတို့တွေ ရှိနေကြတယ်"

"ခင်ဗျား ပြောချင်တာက...."

ကောင်းမင်၏မျက်စိများက ကျဉ်းမြောင်းသွားခဲ့သည်။ သာမန်လူများက စုံစမ်းရေးမှူး၏မျက်နှာကို ထိန့်လန့်နေကြမည်ဖြစ်သော်လည်း သူကတော့ စိတ်ဝင်စားနေခဲ့သည်။

"ခင်ဗျား ပိုသိပါတယ် ၊ သူတို့တွေက ခင်ဗျားလိုလူကို ဖမ်းဖို့ပိုလွယ်တယ် ကျုပ်ပြောတာကို နားထောင်၊ ဒါက ခင်ဗျားကောင်းဖို့အတွက်ပဲ ၊ ကျုပ်စကားကို ယုံကြည်ဖို့မျှော်လင့်ပါတယ်"

စုံစမ်းရေးမှူးက သူတို့ကို ဖျောင်းဖြလိုက်သည်။

ကောင်းမင်နှင့်ရွှယ်ဝမ်က မလှုပ်မယှက်ပင်။

"မင်းတို့နှစ်ယောက်က ခေါင်းတော်တော်မာတာပဲ ၊ မျက်နှာပေါ်မှာ သေခြင်းတရားကို တွေ့မှပဲ သွားမယ်ပေါ့"

ကောင်းမင်ကတော့ သေခြင်းတရားကို တွေ့ရင် ဘာလုပ်ရမယ်ဆိုတာ မပြောတတ်ပေမယ့် ရွှယ်ဝမ်ကတော့ သေခြင်းတရားနဲ့တွေ့ရန် အလွန်စိတ်လှုပ်ရှားနေမည် ဖြစ်သည်။

"ခင်ဗျားတို့ ထွက်သွားဖို့ မလိုလားဘူးတိုရင် ကျုပ်နောက်ထပ်ပြောမှာကို မှတ်ထားကြပါ"

စုံစမ်းရေးမှူးက ရွေးချယ်စရာ မရှိဟန်ဖြင့် သူတို့အား အကြံဉာဏ်တစ်ချို့ပေးလိုက်သည်။

"အရင်အိမ်ငှားအသုံးပြုခဲ့တဲ့ပစ္စည်းတွေကို လွင့်ပစ်လိုက်ပါ နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ် သေခြင်းတရားကို အတုမလုပ်နဲ့ သူ့(အကိုကျောက်)လိုမျိုး တူညီတဲ့စိတ်ခံစားချက် မရှိစေနဲ့ "

"ပစ္စည်းတွေ လွှင့်ပစ်လိုက်ရမှာတော့ ကျုပ်နားလည်တယ် ဒါပေမယ့် သေခြင်းကို အတုလုပ်တယ်နဲ့ဆိုတာ ဘာကိုဆိုလိုတာလဲ "

ကောင်းမင်က စိတ်ရှုပ်သွားခဲ့သည်။

"ငါတို့အဲ့လိုလုပ်မယ်ဆိုရင် သူပြန်လာလိမ့်မယ်လို့ ပြောတာလား"

စုံစမ်းရေးမှူးက အတည်ပြုခြင်း ငြင်းဆိုခြင်း မလုပ်ခဲ့ပေ။ သူက ထွက်သွားခဲ့ပြီး တစ်ခုခုကို စစ်ဆေးရန်အပေါ်ထပ်သို့ တက်သွားခဲ့သည်။

'ရှင်းလု ကလာတဲ့ ဒီစုံစမ်းရေးမှူးက အများကြီးသိနေပုံရတယ်'

ရွှယ်ဝမ်က တိတ်တဆိတ်နဲ့ဘေးတိုက်ရွေ့လာပြီး ကောင်းမင်၏နောက်သို့ရောက်လာသည်။ သူမ၏ အကြည့်များသည် အန္တရာယ်များပြီးဆန်းကြယ်နေသည်။

"ကဲ ခုတော့ ကျွန်မတို့ကို ဘာမှ မနှောက်ယှက်နိုင်တော့ဘူး"

သူမက ရှေ့တံခါးကို ပိတ်လိုက်ပြီး ကောင်းမင်၏အနားသို့ကျက်သရေရှိစွာ နီးကပ်လာလေသည်။

"ရှင်ဖန်တီးခဲ့တဲ့ဂိမ်းတွေက ကမ္ဘာနှစ်ခုရဲ့ ရောယှက် နေတဲ့ အစိတ်အပိုင်းတွေလို့ နားလည်နိုင်တယ် ရှင်က ဒီဂိမ်းကိုဖွင့်ဖို့ လိုတဲ့သော့တစ်ချောင်းပဲ ကျွန်မတို့လုပ်ဖို့လိုတာက ရိုးရိုးလေးပဲ ၊ ကျွန်မတို့သေခြင်းတရားရဲ့ပုံစံကို ပြန်လုပ်ဖို့လိုတယ်၊ ပြီးရင် သူ့ရဲ့စိတ်ခံစားမှုကို နိုးဆွရမယ် ဒါမှ သူရဲ့အထောက်အထားကို မှန်တယ်လို့ ယူဆနိုင်မယ်"

"အဲ့ဒါပြီးမှကမ္ဘာနှစ်ခုကြားက မသိစိတ်၊ နာကျင်မှုနဲ့ နောင်တတွေက ပြန်ရောက်လာပြီး‌တော့ကြောက်စရာ တစ်ခုခုကရှင့်ကို ဗဟိုပြုပြီး ပေါ်လာလိမ့်မယ်"

"ဒီအသံက အရမ်းရင်းနှီးနေတယ်"

စုံစမ်းရေးမှူး၏သတိပေးချက်များက ကောင်းမင်၏နားထဲတွင် ပဲ့တင်နေသည်။

"အစ်မကြီးရယ် ဒါကလုံခြုံမယ်ဆိုတာ သေချာရဲ့လား"

ရွှယ်ဝမ်က ထိုစကားများကို မကြားနိုင်သကဲ့သို့ဖြစ်သည်။ သို့သော် သူမကတော့ စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်။

"ထိတ်လန့်စရာတွေက ကြောက်စရာအ‌ကောင်းဆုံးပဲ၊ တစ်ခါလောက် အပြည့်အဝထွက်ပေါ်လာတာနဲ့ လူတိုင်းရဲ့နှလုံးသားထဲမှာ အမြစ်တွယ်သွားလိမ့်မယ် အဲ့ဒါပြီးရင် ကျွန်မတို့က ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားလိမ့်မယ်"

"ဒါကြောင့်မို့ ကျွန်မတို့ လမ်းကြောင်းတစ်ခုပဲရှိတယ် အဲ့ဒါကို စွမ်းအားတွေ မရသေးခင် ထိန်းထားနိုင်ဖို့ လိုတယ်၊ အန္တရာယ်များတာလဲသိတယ် ၊ အသက်ဆုံးရှုံးသွားနိုင်မျိုးလဲ ရှိတယ်၊ ဒါပေမယ့် ကျွန်မတို့ ဒီလိုမစွန့်စားဘူးဆိုရင် လူတွေရဲ့အသက်တွေ ပိုဆုံးရှူံးသွားနိုင်တယ်"

ရွှယ်ဝမ်ကထောက်ပြလိုက်သည်။ ယခုအချိန်တွင် ဒိတ်တင်းဆင်း လိုမျိုးဂိမ်းအသေးများဖြင့်သာအစပျိုးနေသေးသည်။ သရဲဂိမ်းများသာ အမှန်တကယ်ဖြစ်ပေါ်လာပါက ကောင်းမင်သည် အလွန်အန္တရာယ်ရှိလာမည်ဖြစ်သည်။

"တချို့အရာတွေက ရှောင်လွှဲလို့မရနိုင်ဘူး၊ တစ်ခုခုတော့ ကြိုးစားကြည့်ရမှာပေါ့"

ရွှယ်ဝမ်၏ညွှန်ပြမှုဖြင့် ကောင်းမင်က ဧည့်ခန်းထဲတွင် လူသေ‌ဓာတ်ပုံအား ကိုင်ထားပြီး မှန်ရှေ့တွင် ထိုင်ချလိုက်သည်။ မီးရောင်သည် အခန်းထဲတွင် ကွယ်ပျောက်သွားလေပြီး ဖယောင်းတိုင်လေးတိုင်အား အခန်းထောင့်လေးထောင့်တွင် ထွန်းညှိလိုက်သည်။ ဖယောင်းတိုင်မီးသည် အမှောင်ထဲတွင် ကခုန်နေ၏။

မိုးရေစက်များနဲ့ လျှပ်စီးများသည် ပေါက်ကွဲထွက်လာလေသည်။ ကောင်းမင်သည် အသက်ရှူနုန်းကိုထိန်းလိုက်ပြီး မျက်လုံးများမှိတ်လိုက် ဆင်းရဲဒုက္ခတစ်ခုအကြောင်းကို ကြိုးစားပြီး တွေးလိုက်သည်။

အစ်ကိုကျောက်၏ နာမည်အပြည့်အစုံသည် ကျောက်ရှီဖြစ်သည်။ ၎င်း၏ အသက်ကုန်နေပြီဖြစ်သော ခန္ဓာကိုယ်အား အမျိုးသမီးအိုကြီးက တတိယထပ်တွင် တွေ့ခဲ့ခြင်း ဖြစ်သည်။

သူငယ်စဉ်ကတည်းက ကျောင်းမနေခဲ့ရပဲ ဟောင်းနွမ်းသောအဝတ်များကိုသာ ဝတ်ခဲ့ရသည်။ တိုက်ခန်းတွဲတွင်နေသော ကလေးများနဲ့ အမျိုးသမီး၏ဒုတိယသားက သူ့အားမကြာခဏလှောင်ပြောင်ကြသော်လည်း သူကဘယ်တော့ ပြန်မပြောခဲ့ချေ။

သူအရွယ်ရောက်လာသောအခါ သင်္ဘောကျင်းတစ်ခု၏ဆိပ်ကမ်းတွင် အလုပ်လုပ်ခဲ့သည်။ သူသည် မည်သို့မျှ အတွန့်မတက်ပဲ မိသားစုအားထောက်ပံ့ခဲ့သည်။

ထို့နောက်တွင် သူ၏ညီဖြစ်သူကထောင်ကျသွားသောအခါ အိမ်ကြီးတွင် မွေးစားမိဘနှင့်ကိုယ်ဝန်ရှိ နေသောသူ့ခယ်မတို့နဲ့ အတူတူ နေထိုင်ခဲ့သည်။ နည်းစနစ်ကျကျအားဖြင့် အကောင်းမြင်စိတ်ရှိသော လူတစ်ယောက်သည် ကိုယ့်ကိုယ်ကို သတ်သေမည် မဟုတ်ပေ။ ကောင်းမင်မှလွဲ၍ လူတိုင်းက အံ့အားသင့်ခဲ့ကြသည်။

နေ့စဉ်နေ့တိုင်း ပင်ပန်းနွမ်းနယ်မှုများကြောင့် ကျောက်ရှီ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေများက ဆိုးဝါးလာပေလိမ့်မည်။ လွန်ခဲ့သည့်နှစ်က သူ၏ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး အလုပ်ဆက်မလုပ်နိုင်တော့သောကြောင့် ကုမ္ပဏီက သူ့အားအလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။

ခြေထောက်တစ်ဖက်က မသန်မစွမ်းဖြစ်နေပြီး ပညာမတတ်သော ကျောက်ရှီသည် အလုပ်အသစ်တစ်ခုရရန် ခက်ခဲခဲ့သည်။

သူအိမ်တွင်အလုပ်လက်မဲ့ နေရသောအခါ မွေးစားမိခင်နဲ့ ခယ်မတို့၏လှောင်ပြောင်ပြောဆိုခြင်းကိုလည်း ခံခဲ့ရသည်။ ကျောက်ရှီက သူငယ်စဉ်ကတည်းကစွန့်ပစ်ခံခဲ့ရကြောင်းကိုလည်း သိသည်။

သူသည် စစ်မှန်သောမိသားစုတစ်ခုနှင့် သူ့အားအသိမှတ်ပြုခံရခြင်းအား လွန်စွာလိုချင်ခဲ့သည်။

သို့သော်လည်းသူက ထိုသို့သော အခြေအနေမျိုးအား မည်သူ့ဆီကမှ မရရှိခဲ့ပေ။

ဖိအားများကိုလျော့ပါးစေရန် သူ့ဖုန်းလေးတစ်ခုသာရှိခဲ့သည်။

ကျောက်ရှီအတွက်တော့ သူ့ဖုန်းလေးသည် သူ့အ‌ကြောင်းအား သူ့မိသားစုထက် ပိုသိကောင်းသိနိုင်ပေလိမ့်မည်။

အကောင်းမြင်တတ်ခြင်း၊ ချစ်ခင်တတ်ခြင်းနှင့် ကြင်နာတတ်ခြင်းတို့သည် ဟန်ဆောင်မျက်နှာဖုံးတစ်ခုသာဖြစ်ပြီး ၎င်းတို့အား ဖယ်ရှားလိုက်သည်နှင့် သူသည် နောက်ထပ် အပယ်ခံတစ်ဦးဖြစ်သွားမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သူသည်ထိုအကြောင်းတွေကိုတွေးလေ ပိုနာကျင်ခံစားရလေဖြစ်လာခဲ့သည်။ သူ့ဘဝကို သူမုန်းတီးမလာခင်အထိ သူ့ဘဝကို မပြောင်းလဲနိုင်ခဲ့ပဲ မျှော်လင့်ချက်မဲ့နေခဲ့၏။

အခန်း၏အပူချိန်က ကျဆင်းသွားခဲ့ပြီး သူ၏အဆိုးမြင်ခံစားချက်များ လှိုက်တက်လာသည်။ ကောင်းမင်က ဧည့်ခန်းတွင်ထိုင်နေခဲ့ပြီး သတ်သေမှုဖြစ်ပွားသောညသည် ပြန်ပေါ်လာခဲ့သည်။ အခန်းသည်မှောင်နေ၏။ သူ့လည်ပင်းက ဘာကြိုးကွင်းမှ စွပ်မထားသော်လည်း အသက်ရှူရသည်မှာ ပို၍မွန်းကြပ်လာသည်။ သူက သူ့လည်ပင်းကို စမ်းကြည့်လိုက်သည်။ သူ့ကိုယ်သူ မနှစ်မြို့သောခံစားချက်က နှလုံးသားထဲမှ ထွက်ပေါ်လာ၏။

ပြတင်းပေါက်များနှင့် တံခါးများသည် ထွက်လို့မရချေ။ အမေ့လျော့ခံထောင့်တစ်နေတွင် သူက အကူညီမဲ့စွာဖြင့် တစ်ယောက်တည်းဖြစ်နေခဲ့သည်။ သူ့၏စိတ်နှင့် နှလုံးသားသည် ကျိုး‌ကြေနေခဲ့ပြီးဖြစ်သည်။ မှတ်ဉာဏ်များကသူ့အား ညှင်းဆဲနေခဲ့ပြီး ညဘက်များတွင် အိပ်မရနိုင်ခဲ့ပေ။

မှန်ထဲက ကမ္ဘာကြီးက ပြောင်းလဲသွားသည်။ နောက်တများက ဝိဉာည်၏အနက်ဆုံးထဲကို တိုးဝင်နေကြသကဲ့သို့ အရိပ်က အခန်းထဲတွင် လူးလွန့်‌ ပေါ်ထွက်လာသည်။

အေးစက်စက်အငွေ့အသက်ကသူ၏ ကျောရိုးတစ်လျောက် ဖျင်းခနဲတက်လာ၏။ ‌ကောင်းမင်သည် မျက်စိအားအတင်းအကျပ်ဖွင့်လိုက်သည်။

ဖယောင်တိုင်မီးကား ငြိမ်းသွားခဲ့ပြီဖြစ်သည်။ အခန်းတစ်ခုလုံးသည် အမှောင်ထဲတွင် နစ်ဝင်နေသည်။ အခန်းတစ်ခုလုံးကို ကြည့်လိုက်သောအခါ ကောင်းမင်၏မျက်စိသူငယ်အိမ်ကလှုပ်ခါသွား၏။

မှန်ထဲတွင် ပြောင်းပြန်ဖြစ်နေသော လောကတစ်ခုရှိနေခဲ့၏။ ကောင်းမင်က ဆွံ့အနေပြီး မတုံ့ပြန်နိုင်သေးခင် အောက်ထပ်မှ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။ သူက လေသာဆောင်သို့ အမြန်သွားလိုက်သည်။

အဆောက်အအုံနှစ်ခု၏ လှေကားနံဘေးရှိ ဆက်နေသော လေသာဆောင်အတွင်းတွင်.......အခန်း ၂၅၀၇ ၏ လသာဆောင်တွင် ခြေလက်များကြေမွနေပြီး ကျိုးကြေနေသောလည်ပင်းဖြင့်စိုက်ကြည့်‌နေသည့် အလောင်းတစ်လောင်း ရှိနေလေသည်။

All Chapters