← Chapters

များပြားလွန်းသော ကြွေးအရှုပ်တော်ပုံ

Vol. 1 Ch. 7

များပြားလွန်းသော ကြွေးအရှုပ်တော်ပုံ

Vol. 1 Ch. 7

ကျန်းရီသည် ဘယ်လို အလျော်ပေးရမည်လဲ သို့မဟုတ် ဘာနဲ့ အလျော် ပေးရမည်လဲကို မသိသေးသော်ငြား အံကြိတ်လျက် မေးခဲ့လိုက်သည်... .

"မင်း ငါ့ကို ဘယ်လို အလျော်ပေးစေချင်လဲ"

အိမ်တော်ထိန်းသည် အသာအယာ ပြုံးလိုက်ကာ ကိစ္စကို ဖြေရှင်းသယောင်နှင့် အေးအေးဆေးဆေး ပြောလာခဲ့သည်

"အဲ့ဒီ ပန်းချီကားက ပုလဲမှုန် အစည်းအရုံး ဗိမ္မာန်မှာ ဝယ်လာခဲ့ပြီးတော့ ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် ကုန်ကျခဲ့တယ်... မင်းတွေးကြည့် ငါမင်းဆီက အများကြီး မလိုချင်ပါဘူး... မင်း လုပ်ပေးရမှာဆိုလို့ ပန်းချီကားရဲ့  မူရင်း တန်ဖိုးကိုပဲ ပြန်ပေးရမှာပါ မဟုတ်ရင်တော့...  ဟီး.. ဟီး... မင်းတို့ နှစ်ယောက်လုံးကို သေအောင် ရိုက်ရင်တောင်မှဘဲ ငါ့တို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိတယ်လေ"

"ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် "

ကျန်းရီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။ သူ၏ လစဉ် ဝင်ငွေသည် ငွေစတေးလ်လေး တစ်ခု ထက်တောင် နည်းသေးသည်။  ခရမ်းရောင် ငွေတေးလ်တစ်ခုသည် ငွေတေးလ် အခုတစ်ရာနှင့် ညီမျှသည် ကျန်းရီကို ရောင်းလိုက်လျှင်တောင် ခရမ်းရောင်ရွှေ တေးလ် ဆယ်ခု မရနိုင်ပေ။ ဒီလူကြီးသည် ကျန်းရှောင်နူကို ကျန်ခဲ့ရအောင် လုပ်မည်ဟု  စိတ် ဆုံးဖြတ်ထားပုံ ရသည်မှာ ထင်ရှားသည်။

သူတို့ကို အသေခံပြီး တိုက်ခိုက်မည် ဆိုလျှင်ရော…။

ကျန်းရီသည် သူ့ခေါင်းကိုသာ ခါယမ်းလိုက်သည်။ အပြင်တွင် လူအများကြီး ရှိသေးသည်၊ သူ့တွင်လည်း အနက်ရောင်အတွင်းအား မကျန်တော့ချေ။ သူသာ ခက်ခဲသော လမ်းကို ရွေးမိပါလျှင် နှစ်ယောက်လုံး ကျန်ရစ်ရကာ ပြီးဆုံးသွားနိုင်သည်။

အိမ်တော်ထိန်းသည် မှန်ခဲ့ပေသည်... သူတို့သည် ကျန်းရီတို့ နှစ်ယောက်ကို သေအောင် ရိုက်လိုက်လျှင်တောင် အရေးမကြီးပေ၊ ကျန်းမိသားစုသည် ဖြစ်ရပ်ကို ဒုက္ခခံ၍ စုံစမ်းမည် မဟုတ်သည်မှာ အသေအချာပင်။ အိမ်တော်ထိန်းသည် လိမ္မာပါးနပ်၍ မျက်လုံးများသည် ယုတ်မာမှုများနှင့် တောက်ပနေခဲ့သည်။ ကျန်းရီ၏ အဝတ်အစားမှသည် အစေခံမိန်းကလေး ရှောင်နူသည် ဒီမှာ အလုပ်လုပ်သည့် အချက်ကို ကြည့်လျှင် တစ်စုံတစ်ယောက်သည် ကျန်းမိသားစုရှိ သူ၏ အလွန် နိမ့်ကျသော အဆင့်အတန်းကို ခန့်မှန်းနိုင်သည်၊ ..တစ်စုံတစ်ယောက်သည် သူဒီလိုမျိုး ပြဿနာ အကြီးကြီးကို မလုပ်ရဲသည်ကိုလည်း ခန့်မှန်းတွက်ချက် နိုင်ပါလိမ့်မည်။

အကြိမ်များစွာ တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း သူလုပ်နိုင်တာဆိုလို့ သူ့မှာရှိသမျှ သတ္တိများကို စုစည်းရန်နှင့်  စကားပြောဖို့ သူ့ကိုယ်သူ အားပေးရန်သာ ဖြစ်သည်...

"အလျော် ပြန်ပေးဖို့က ကိစ္စမရှိပါဘူး... ဒါပေမယ့် ပေးရမယ့် နောက်ဆုံးရက် သတ်မှတ်ပြီး အချိန်နည်းနည်း စောင့်ပေးနိုင်မလား အချိန် တစ်လအတွင်းမှာ ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် ငါပေးမယ်... ငါ ပြန်မပေးနိုင်ခဲ့ရင် ငါ့လက်တစ်ဖက်ကို ပို့ပေးလိုက်မယ်.."

"တစ်လ"

အိမ်တော်ထိန်းသည် ခေါင်းကို ခပ်မြန်မြန်ယမ်း၍ ပြန်မဖြေခင် ယုတ်မာမှု လွှမ်းသော မျက်လုံးအစုံကို မှေးစင်းကြည့်ခဲ့သည်။

"စကားဆိုတာက အလကားဘဲ...  မင်းတို့တွေ ထွက်ပြေးရင် ဘယ်လိုလုပ်မလဲ အပေါင် ပစ္စည်း အဖြစ် တစ်ခုခုကို ထားရင် ထားခဲ့ ဒါမှ မဟုတ်ရင်လည်း ဒီအစေခံ ကောင်မလေးကို ထားခဲ့လေ"

ကျန်းရီ၏ ခေါင်းသည် ကိုက်ခဲလာခဲ့သည်။ သူ့မှာ ပဲနိ တစ်ပြားထက် နည်းတဲ့ဟာတောင် ပိုင်ဆိုင်ခဲ့လို့လား ရှောင်နူကို ထားခဲ့ရမယ် တဲ့လား ဒီတစ်လလုံး သူမ ဘယ်လောက်တောင် အနိုင်ကျင့်ခံရမည်လဲ ဆိုတာ ဘယ်သူသိမှာလဲ... ..သူ့မျက်လုံးအိမ်များသည် ရွေ့လျားသွားခဲ့ပြီး သူ့ဝတ်ရုံ၏ ရင်ဘတ်နေရာမှ အမိန့်ပေး တံဆိပ်ပြားကို သူဆွဲထုတ်ခဲ့လိုက်သည် ။ သူသည် ၎င်းကို အိမ်တော်ထိန်းဆီ ပစ်ပေးလိုက်ရင်း ပြောလိုက်သည်...။

"ဒါကို အပေါင် ပစ္စည်း အနေနဲ့ သုံးလိုက် အချိန်တစ်လ အတွင်းမှာ ငါဒါကို ပြန်ရွေးမယ်"

ထို အမိန့်ပေးတံဆိပ်ပြားသည် အနောက်ဘက် တောင်ကုန်းရှိ ဆေး စိုက်ခင်းများကို လွတ်လွတ်လပ်လပ် ဝင်နိုင်ထွက်နိုင်စေရန် သူ့ကို ခေါင်းဆောင်ရုန်က ပေးထားခဲ့ခြင်းဖြစ်သည်။ ကျန်းမိသားစု၏ စည်းကမ်းများသည် အလွန် တင်းကြပ်ပေသည်။ သူသာ မျက်နှာပြောင်တိုက်၍ အမိန့်ပေးတံဆိပ်ပြားကို အပေါင် ပစ္စည်းအဖြစ် သုံးခဲ့သည်ကို စည်းကမ်း ထိန်းသိမ်းရေးဆောင်မှ သိရှိသွားခဲ့ပါလျှင် သူသည်  ဆိုးဆိုးရွားရွား အပြစ်ပေးခံရမည်မှာ သေချာပေသည်။ သို့သော်လည်း ဤအခြေအနေတွင် သူ၏ ကန့်သတ်ခံ ရွေးချယ်စရာများသည် အပယ်ခံလိုက်ရပြီး ဖြစ်သည်.. သူ့တွင် ဒီလိုလုပ်ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

"အိုး မင်းက တကယ်ကို ကျန်းမိသားစုဝင်တစ်ယောက်ပဲ"

အိမ်တော်ထိန်းသည် အမိန့်ပေးတံဆိပ်ပြားကို အံ့သြသော အကြည့်နှင့် လက်ခံယူလိုက်သည်။ သူသည် ချက်ချင်း တုံ့ပြန်ရမည့် အစား ခေါင်းကို ငုံ့ပြီး သူ့ကိုယ်သူ တီးတိုး ပြောနေခဲ့သည်။

အချိန်သည် တစ်စက္ကန့်ပြီး တစ်စက္ကန့် ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။ ကျန်းရီ၏ ခန္ဓာကိုယ်သည် ချွေးစေးများ တစ်စက်စက် ကျလျက် နေမထိ ထိုင်မသာ ဖြစ်နေခဲ့သည်။ ကျန်းရှောင်နူ၏ လှပသော နားရွက်ဖျားလေးများသည်လည်း သူမ၏  စိုးရိမ်ပူပန်မှုတို့ ထင်ဟပ်နေခဲ့သည်။ ဖန်းယွီ ဆောင်ကြာမြိုင်မှ လူနှစ်ယောက် ဘေးကင်းစွာ ထွက်ခွာနိုင်မှုသည်  ဒီ အိမ်တော်ထိန်းကြီး ပြုလုပ်လိုက်သော အတွေးတစ်စ ပေါ်တွင်သာ မူတည် နေခဲ့သည်။

"ဒါဆိုကောင်းပြီ"

နောက်ဆုံးတွင်တော့ အိမ်တော်ထိန်းသည် ကျန်းရီကို မော့ကြည့်လာခဲ့သည်။ သူသည် ခေါင်းညိတ်လိုက်ရင်း ပြောလာခဲ့သည်... .

"ငါ ကျန်းမိသားစုကို မျက်နှာသာ ပေးလိုက်မယ်... တကယ်လည်း ကျန်းမိသားစုဝင်တွေက သံသယရှိစရာ မလိုလောက်အောင် သူတို့ရဲ့စကားကို တည်ကြတယ်... တကယ်လို့ မင်းသာ အချိန်တစ်လတွင်း ငွေ ပြန်ဆပ်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ငါပိုက်ဆံပြန်ရဖို့ ကျန်းမိသားစု စည်းကမ်း ထိန်းသိမ်းရေးဆောင်ကို ဒီတံဆိပ်ပြား ယူပြီး လာခဲ့မယ်... မင်းတို့ အခု သွားလို့ရပြီ "

ဝန်ထုပ်တစ်ခု လျော့ကျသွားသောကြောင့် ကျန်းရီသည် အံကို ကြိတ်ကာ ရှောင်နူကို ပွေ့ဖက်ခဲ့လိုက်သည်။ ထို့နောက် ဖန်းယွီ ဆောင်ကြာမြိုင် အနောက်ဘက် ခြံဝန်းမှ ကျန်းအိမ်တော်၏ အဓိက ခြံဝန်းဆီ ဖြည်းဖြည်းချင်း ပြန်လာခဲ့လိုက်သည်။

ကျန်းရီ၏ မျက်နှာ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ခြင်း မရှိခဲ့သော်လည်း သူ့စိတ်ထဲတွင်တော့ အလွန်အမင်း ခါးသက်နေခဲ့သည်... ဒီအိမ်တော်ထိန်းကြီးသည် သူ၏ အားနည်းချက်ကို တည့်တည့်ရိုက်ချခဲ့သည်။ သူသာ ပိုက်ဆံကို တစ်လအတွင်း ပို့မပေးနိုင်ခဲ့လျှင် ဖန်းယွီ ဆောင်ကြာမြိုင်မှ လူများသည် ဂိုဏ်းကို ရောက်လာပေလိမ့်မည်... ကျန်းမိသားစု စည်းကမ်း ထိန်းသိမ်းရေးဆောင်သည်လည်း သူနှင့် ရှောင်နူတို့ကို ခြေထောက် နှစ်ဖက်လုံးကို ချိုးပစ်မည်မှာ သံသယဝင်ရန်ပင် မလိုချေ...

... ...

ဖန်းယွီ ဆောင်ကြာမြိုင်နှင့် ကျန်းအိမ်တော်သည် အလွန် မဝေးသော်ငြား ကျန်းရီနှင့် ကျန်းရှောင်နူသည် ကျန်းအိမ်တော်  အနောက်ဘက် အဆောင်လေးကို ပြန်ရောက်ရန် တစ်နာရီလုံးလုံး ကြာမြင့်ခဲ့လေသည်။

သူတို့ နှစ်ယောက်လုံးသည် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်ငြား ကျန်းရှောင်နူကို ရိုက်သော လူကြီးသည် မည်သည့် အတွင်းအားကိုမှ အသုံးမပြုခဲ့ချေ။ သူမ ရရှိသော ဒဏ်ရာအားလုံးသည် ပြင်ပ ဒဏ်ရာအချို့သာ ဖြစ်သည်။ သူမသည် ကံကောင်းစွာပင် ကြွက်သားနှင့် အရိုးများ ထိခိုက်ဒဏ်ရာများလည်း မရခဲ့ပေ... .သို့မဟုတ်ပါက ကျန်းရီသည် ရှောင်နူကို မည်သို့ အိမ်ပြန် ခေါ်လာရမည်ကို မသိချေ။

ကျန်းအိမ်တော်၏ အနောက်ဘက် အဆောင်ကို သူတို့ပြန်ရောက်ချိန်တွင် ညနေ စောင်းနေခဲ့ပြီ ဖြစ်သည်။ အနောက်ဘက် ခြံဝန်းတွင် နေထိုင်ကြသော ကျန်းမိသားစု အစေခံများသည် မိုးချုပ်သည်နှင့် အိမ်ပြန် လာကြသောကြောင့် လူများ စုပြုံနေကာ ဆူညံသံများနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း အများဆုံးမှ ဖြတ်ခနဲ အကြည့်တစ်ချက် သို့မဟုတ် လှောင်ပြောင် ရယ်မောလိုသော အကြည့်တစ်ချက် ပေးရုံမှတစ်ပါး မည်သူမျှသူ့ကို မနှောင့်ယှက်ခဲ့ပေ။

နှစ်ပေါင်း များစွာ အေးစက်စက် ဆက်ဆံခံခဲ့ရပြီးနောက် နှစ်ယောက်လုံးသည် ခုလို မဖော်မရွေနဲ့ ထူးဆန်းသော တုံ့ပြန်မှုများနှင့် မစိမ်းတော့ချေ။ သူ့တို့အိမ်ရဲ့ ခြံဝန်းလေးထဲကို ဝင်လာစဉ်မှာပင် ကျန်းရီ၏ ခြေထောက်များသည် အိမ်တံခါးဝကို မရောက်မီပင် ဂျယ်လီလိုမျိုး ပျော့ခွေသွားခဲ့သည်။ သူသည် ဘယ်ဘက် လက်မောင်းကို နာကျင်စွာ ဆုပ်ကိုင်ထားရင်း ပါးစပ်အပြည့် လေများ ရှူသွင်းရင်း မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။

သူသည် သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယ အဆင့်ရှိ အစောင့်၏ လက်ဝါးရိုက်ချက်ကို ခံခဲ့ရသည်။ သူသည် သူ့လက်သီးနှင့် တိုက်ခိုက်မှုကို တားဆီးခဲ့တာတောင်  သူ့အရိုးများ ရိုက်ချက်ကြောင့် ကျိုးသွားခဲ့သည်ကို ခန့်မှန်းနိုင်ပေသည်။ ထပ်မံ၍ သူသည် သိုင်း ပညာရပ်များကိုလည်း အားကုန် အသုံးပြုခဲ့ရသည့်အပြင် ရှည်လျား ကြမ်းတမ်းလှသော အိမ်ပြန် ခရီးကိုလည်း လျှောက်လှမ်းခဲ့ရသည်။ သူ၏ ရောင်ယမ်းနေသော ဒဏ်ရာများသည် သူ့ကို အလွန်အမင်း နာကျင်စေ၍ သူ့နဖူးမှလည်း ချွေးစေးများအဆက်မပြတ် စီးဆင်းနေခဲ့ကြသည်။

"သခင်လေး... သခင်လေး... အဆင်ပြေရဲ့လား"

ကျန်းရှောင်နူသည် အလျင်အမြန် ထိုင်ချခဲ့လိုက်သည်၊ သူမ၏ ပေရေနေသော မျက်နှာလေးတွင်တော့ သူမ၏ နှလုံးသားမှ နာကျင်မှု၊ ယူကျုံးမရဖြစ်မှုများ ပေါ်လွင်နေခဲ့သည်။ သူမ စကားပြောလိုက်စဉ်တွင် မျက်ရည်များသည် ပါးပြင်ပေါ်သို့ လှိမ့်ဆင်းလာခဲ့ကြသည်။

ကျန်းရီသည် သူ၏လက်ကို ဘာမှမဖြစ်သလို ဝှေ့ယမ်းလိုက်ပြီး အားတင်းပြုံးပြခဲ့လိုက်သည်။ သူသည် ရှောင်နူခေါင်းလေးကို ပုတ်လိုက်ရင်း စကားနှင့် နှစ်သိမ့်ပေးခဲ့သည်

"ရှောင်နူ... .မငိုနဲ့တော့..ငါအဆင်ပြေတယ်..မင်းရဲ့သခင်လေးက လွယ်လွယ်နဲ့ ကျရှုံးသွားမယ့်သူ မဟုတ်ပါဘူး"

"ရွှတ်..ဟင့်... သခင်လေးက အကောင်းဆုံးပဲ "

ကျန်းရှောင်နူသည် သူမ၏ခေါင်းလေးကို ဆန်စေ့လေးတွေ ကောက်စားနေသော ကြက်ကလေးလိုမျိုး အလျင်အမြန် ညိတ်ခဲ့လေသည်၊ သို့သော် ဆက်ငိုနေဆဲပင်...

"ဒါပေမယ့်... .. သခင်လေး.. ကျွန်မတို့က တစ်လအတွင်း ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် ဘယ်လိုလုပ်ပြီး ရပါ့မလဲ ဒါတွေအားလုံးက ရှောင်နူရဲ့ အမှားတွေပဲ သူမက သူမရဲ့ အရှုပ်ထုပ်တွေကို သခင်လေး အပေါ် တင်ပေးခဲ့တာ... ."

"ဒီလိုမပြောနဲ့... .ဒါဟာ အရှုပ်ထုပ်မကလို့ ဘာဘဲဖြစ်ဖြစ်"

ကျန်းရီ၏ မျက်နှာသည် မည်းမှောင်သွားခဲ့ပြီး အပြစ်မပြောခင် သူမကို စိုက်ကြည့်ခဲ့လိုက်သည်။

"ရှောင်နူ... .ဒီလို အဓိပ္ပာယ် မရှိတာတွေကို ဘယ်တော့မှ ထပ်မပြောနဲ့ မင်းမှာ ငါ တစ်ယောက်ဘဲ ရှိတာ... မင်းရဲ့သခင်လေးက ကမ္ဘာပေါ်မှာ မင်းချစ်တဲ့ တစ်ယောက်တည်းသော သူဘဲ.. ဟုတ်တယ်မလား ဘာမှ မင်းထက်ပိုပြီး အရေးမကြီးဘူး"

"အ..ဟင့်..သခင်လေးက အကောင်းဆုံးပဲ "

ရှောင်နူ၏ ရင်ထဲတွင် အလွန် ခံစားသွားရသည်... သူမသည် ကြောင်တက်တက်လေးနှင့် ပို၍ပင် ငိုလေတော့သည်။ သူမ၏ မျက်ရည်များသည် မိုးရေများကဲ့သို့ ဆက်တိုက် ကျဆင်းလာခဲ့တော့သည်။

"ကောင်းပြီ... မင်းသခင်လေးကို ယုံကြည်လိုက်ပါ.. ငါ့မှာအစီအစဉ်ရှိပါတယ်... အဲ့ဒါကို ခေါင်းထဲ ထည့်ထားလိုက်စမ်းပါ"

ကျန်းရီသည် မတ်တပ်ရပ်ဖို့ ကြိုးစားခဲ့လိုက်ပြီး တစ်ယောက်နှင့် တစ်ယောက် လက်တွဲကူညီရင်း ရှောင်နူနှင့် သူသည် အိမ်ထဲကို လျှောက်လာခဲ့ကြသည်။ ကျန်းရီ၏ အခန်းထဲကို ရောက်သောအခါ ကျန်းရှောင်နူသည် ကျန်းရီကို အိပ်ရာပေါ်လဲလျောင်းနိုင်အောင် ကူညီပေးခဲ့သည်။ သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး ဖယောင်တိုင် မီးထွန်းခဲ့လိုက်သည်။ ထို့နောက် သူမသည် သူ့ဒဏ်ရာများကို လိမ်းဖို့ ဆေးအချို့ ယူလိုက်ခဲ့သည်။

သို့သော်လည်း ကျန်းရီသည် ခေါင်းကို ခါ၍ မချိပြုံးလေးနှင့် ပြောလိုက်သည်

"ငပေါမလေး... မင်းက မှားနေတဲ့တစ်ခုကို ယူလာတယ်... ငါ့မှာက အတွင်းဒဏ်ရာတွေ ရှိနေတာ..ဒါကြောင့် ဂိုဏ်းက ချီးမြှင့်ထားတဲ့ ဒဏ်ရာကုသဆေး ယူလာခဲ့ပေး... ဒီဆေးကို ခဏထားလိုက်ဦး..ပြီးရင် မင်းရဲ့ ဒဏ်ရာတွေကို လိမ်းလို့ရအောင်"

ကျန်းရှောင်သည် သူမခေါင်းကို တစ်ချက်ထုလိုက်သည်၊ သူမမျက်နှာတွင်တော့ အိုးတိုးအမ်းတမ်း ဖြစ်သွားပုံလေးနှင့် မြန်မြန် နောက်ပြန်လှည့်ကာ ထော့နင်းထော့နင်း ထွက်သွားခဲ့လေသည်။

အိမ်အပြန်လမ်းတွင် ရှောင်နူ၏ ဒဏ်ရာများသည် မပြင်းထန်ကြောင်းကို ကျန်းရီ စစ်ဆေးခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူမအတွက် အများကြီး စိတ်မပူရန် သူဆုံးဖြတ်ခဲ့လိုက်သည်။ တဖြတ်ဖြတ် လွင့်နေသော မီးတောက်လေးကို ကြည့်ရင်း သူ့တွင် စိုးရိမ်ပူပန်မှုတို့ မြင့်တက်လာခဲ့လေသည်... ... .

ပြီးခဲ့သည့်နေ့မှ ယခုတိုင်အောင် လွှမ်းမိုးနေသာ ကိစ္စများ၏ အရေအတွက်က သူ့ဦးနှောက်ကို အရည်ပျော်မတတ်ပင် စိတ်ဒုက္ခပေးနေခဲ့သည်။ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး  ဒဏ်ရာများ ကုသပြီးလျှင် စိတ်ကိုပါ ကုသရန် ပြင်ဆင်နေခဲ့လိုက်သည်။

ရှောင်နူသည် တစ်ခဏ အတွင်းမှာပင် ကြွေပုလင်း ဖြူလေးတစ်ခုနှင့် ရေတစ်ခွက် သယ်ဆောင်လျက် ပြန်ရောက်လာခဲ့သည်။

"သခင်လေး"

သူမသည် ပစ္စည်းများကို အိပ်ရာဘေးရှိ စားပွဲပေါ် တင်လိုက်ရင်း ပြောလာခဲ့သည်

"ဆေး အခု သောက်တော့မလား တစ်ခုခု အရင်စားချင်လား အို... မဟုတ်သေးဘူး.. သခင်လေး... နေ့လည်စာလည်း မစားရသေးဘူး မဟုတ်လား ကျွန်မ ခေါက်ဆွဲ နှစ်ပန်းကန် အရင် သွားပြင်လိုက်ရမလား"

"ထားလိုက်တော့"

ကျန်းရီသည် ခေါင်းကို ယမ်းလျက် မေးခဲ့လိုက်သည်

"အိမ်မှာ အသားခြောက်တွေ ရှိသေးလား ငါလွယ်ကူတဲ့ တစ်ခုခု အရင်စားပြီးရင် ဒဏ်ရာတွေကို ကုစားတော့မယ်"

"ဟုတ်ကဲ့ "

ကျန်းရှောင်နူသည် အလျင်အမြန် အသားခြောက်များ သွားယူလာခဲ့သည်။ သူမသည် အပြင်ထွက်၍ အလုပ် လုပ်လေ့ရှိသောကြောင့် ကျန်းရီ ဗိုက်ဆာမနေစေရန် အသားခြောက်များ ပြင်ဆင် ပေးခဲ့လေ့ ရှိသည်။ ထိုအချိန်မျိုးတွင် အသားခြောက်သည် တော်တော်လေးကို အသုံးဝင်လေသည်။

ခဏလေးအတွင်း ရှောင်နူသည် အသားခြောက်များ ယူ၍ ရောက်လာခဲ့သည်။ နှစ်ယောက်သားသည် အသားခြောက်များကို ရေနှင့်မျှောချကာ မြန်မြန်ဆန်ဆန် စားသောက်လိုက်ကြသည်။ ကျန်းရီသည် နောက်ဆုံးတွင်တော့ မေးမြန်းကြည့်ဖို့ အချိန်ရလာခဲ့ပြီ ဖြစ်သည်

"ရှောင်နူ ... ဒီနေ့ ဘာဖြစ်ခဲ့တာလဲ ဒီကိစ္စ တစ်ခုလုံးမှာ တစ်ခုခု မူမမှန်ဘူးလို့ ငါခံစားနေရတယ်... .ဖန်းယွီ ဆောင်ကြာမြိုင်က လူတွေ မင်းကို တမင်သက်သက် ပရိယာယ် ဆင်ခဲ့တာလား"

ရှောင်နူသည် ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေခဲ့သည်၊ မျက်တောင် တစ်ခတ် အတောအတွင်းမှာဘဲ သူမသည် အူတူတူလေး ပြန်ဖြေလာခဲ့သည်။

"ကျွန်မကို ပရိယာယ်ဆင်တာ ကျွန်မကို လှည့်စားရင် ဘာရမှာမို့လဲ... ကျွန်မကသာ ဖျက်ဆီးမိတာ... ."

"တုံးလိုက်တဲ့ ကောင်မလေး"

ကျန်းရီသည် ကူကယ်ရာမဲ့စွာပင် သက်ပြင်းချလိုက်ပြီး သူ့ဟာသူ ရှင်းပြမနေတော့ဘဲ တိုက်ရိုက်သာ မေးခဲ့လိုက်သည်

" ဘာဖြစ်ခဲ့တယ် ဆိုတာ ဘာလို့ ငါ့ကို အသေးစိတ် ပြောမပြတာလဲ"

"အို... ဟုတ်သားပဲ"

ရှောင်နူသည် နေ့လည်ကဖြစ်ခဲ့သော ကိစ္စရပ်များ၏ အသေးစိတ်ကို ခပ်တိုတိုပင် ပြောပြလာခဲ့သည်။ သူမသည် နောက်ကြောင်းပြန်ပြောခြင်းအမှု ပြီးဆုံးသွားသည့်အခါတွင်တော့ ရှုပ်ထွေးမှုတို့ဖြင့် ဆက်မေးလာခဲ့သည်

"သခင်လေး...  မေးစရာတစ်ခုခုရှိလို့လား"

ကျန်းရီသည် ဘာမှမပြောခဲ့ချေ... သို့ပေမဲ့ သူ၏ မျက်လုံးအိမ်များသည် မီးများ တောက်နေသည့်အလားပင်။ ရှောင်နူ ပြောသည်ကို အခြေခံ၍ သူခန့်မှန်းထားသည့် အချက်များနှင့် ဆက်စပ်ကြည့်လိုက်သောအခါ ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များ အားလုံးသည် ဖန်းယွီဆောင်ကြာမြိုင်မှ အိမ်တော်ထိန်း၏ လက်ချက်ဖြစ်ကြောင်း သူ တစ်ရာရာခိုင်နှုန်း အတည်ပြုလိုက်နိုင်လေသည်။

ရှောင်နူသည် ချွန်းယာနှင့်အတူ တစ်ပတ်တွင် ငါးရက် ဖန်းယွီ ဆောင်ကြာမြိုင်သို့ အလုပ်လုပ်ရန် သွားလေ့ရှိသည်။ သူမသည် အဝတ်များကို လျှော်ရာတွင် ကူညီရပြီး အိပ်ရာခင်းများကိုတော့ ဆောင်ကြာမြိုင်ရှိ မိန်းမပျိုလေးများက လဲလှယ်ပေးလေသည်။ သူတို့သည် အမြဲတမ်း အနောက်ဘက်ခြံဝန်းထဲတွင်သာ အလုပ်လုပ်ရပြီး ခြံအရှေ့ဘက်နှင့် အတွင်းခန်းမထဲကို ဝင်ရောက်ခွင့် မရှိပေ။ ရှောင်နူ၏ ရိုးသားသော စရိုက်အရ ခွင့်ပြုချက်မရှိဘဲ ကိုယ့်သဘောနှင့်ကိုယ် ဆောင်ကြာမြိုင်ထဲကို ဝင်သွားမည် မဟုတ်ချေ။

ပုံမှန်အားဖြင့် လျှော်ပြီးသား အဝတ်အစားများကို အတွင်းဆောင်ထဲသို့ ဖန်းယွီ ဆောင်ကြာမြိုင်မှ အစေခံများက ယူသွားကြသည်။ သို့ရာတွင် ယနေ့ ဖန်းယွီ ဆောင်ကြာမြိုင်ထဲမှ မည်သူမျှ ပေါ်မလာခဲ့ချေ... ထို့ကြောင့် အသက်ကြီးကြီး အစေခံတစ်ဦးမှ ရှောင်နူအား သူမကို ကူညီ၍ အတွင်းဆောင်ထဲသို့ အဝတ်အစားများ သယ်ပေးရန် ဦးဆုံးစတင် အမိန့်ပေးခဲ့သည်။

ကျန်းရှောင်နူသည် အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့သော ကျန်းရီကို စိတ်ပူနေခဲ့သောကြောင့် အိမ်ကို မြန်နိုင်သမျှ မြန်မြန် ပြန်ချင်နေခဲ့သည်၊ သို့နှင့် အများကြီးစဉ်းစားမနေတော့ဘဲ အဝတ်အစား တစ်ထပ်ကြီးကို သယ်ဆောင်၍ အတွင်းဆောင်ထဲသို့ အစေခံအမျိုးသမီးကြီးနောက်မှ လိုက်ခဲ့လေတော့သည်။ ရလဒ်ကတော့ သူမသည် အခန်းထဲ ဝင်ရုံပင်ရှိသေး အစောင့်တစ်ယောက်သည် သူမကို 'မတော်တဆ' တိုက်မိခဲ့ပြီး သူမသည် 'တိုက်တိုက်ဆိုင်ဆိုင်' နံရံနားရှိ စားပွဲခုံကို တိုက်မိသွားခဲ့သည်။ စားပွဲပေါ်မှာ ရှိနေတာကတော့ 'ပြောခဲ့သလိုပင်' ရွှေအများကြီးသုံး၍ ဝယ်ခဲ့ရသော 'အဖိုးတန် ပန်းချီကားချပ်' တစ်ခုပင်... ...

ဖြစ်စဉ်အပြီး အိမ်တော်ထိန်းသည် ပေါ်လာခဲ့ပြီး သူမကို ရက်ရက်စက်စက် တစ်ချက် ရိုက်ချခဲ့၍ အစောင့်အား အနောက်ဘက် ခြံဝန်းထဲသို့ ရှောင်နူကို ခေါ်သွားစေခဲ့သည်။ သူမသည် အပျက်အစီး တန်ဖိုးကို ပေးလျှင်ပေး မပေးနိုင်လျှင် စာချုပ်ချုပ်ကာ သူမကိုယ် သူမ ဆောင်ကြာမြိုင်ကို ရောင်းရမည်ဟု အမိန့်ပေးခဲ့သည်။

ရှောင်နူသည် တုံးအလွန်းခဲ့သည်...  သူမသည် ဖိအားပေးခံရ၍ ကိုယ့်ကိုယ်ကိုလည်း ရောင်းရမည်၊ ရောင်းရသည့် လူကိုလည်း အမြတ်အစွန်း ကူရှာပေးရဦးမည်။ ကျန်းရီသည် ငယ်စဉ်ကပင် သွက်လက် ချက်ချာ၍ ဉာဏ်ကောင်းခဲ့သည်။ ထို့ကြောင့်ပင် သူသည် ခဏမျှ စဉ်းစားပြီးသည်နှင့်  ကိစ္စရပ် တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ပေသည်။

သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ယုတ်မာသော အကြည့်တစ်ချက် ပြုလိုက်သည်။ သူသည် အံကို တင်းတင်းကြိတ်၍ အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်

"ကောင်းပြီလေ...  မင်းတို့ အရမ်းတော်ပါတယ်..ဖန်းယွီ ဆောင်ကြာမြိုင်က လူတွေ... .မင်းတို့က ရှောင်နူကို လှည့်စားပြီး ဘယ်လိုများ ဒီလောက်အထိ အန္တရာယ် ပေးဝံ့တာလဲ တစ်နေ့ကျရင်... ဒီအရှင်က မင်းတို့နဲ့ မင်းတို့ အဆောက်အဦ တစ်ခုလုံးကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဖျက်ဆီးပစ်မယ်... "

"သခင်လေး..ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ ဖန်းယွီ ဆောင်ကြာမြိုင် နောက်ကွယ်က အင်အားစုတွေက အရမ်း အင်အားကြီးတယ်လို့ ကျွန်မ ကြားခဲ့တယ်... သခင်လေး သူတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး"

ကျန်းရီ၏ အမူအရာကို ကြည့်၍ ရှောင်နူသည် စိုးရိမ် ပူပန်မှုတို့ ခံစားနေခဲ့ရသည်။ ရုတ်တရက် သူလုပ်ခဲ့တာတွေကို ပြန်တွေးမိပြီး နောက်တွင်တော့ သူမသည် မယုံနိုင်စွာနှင့် မေးလာခဲ့သည်

"အို... မဟုတ်သေးဘူး... နေပါဦး... သခင်လေးက ဘယ်တုန်းက ဒီလောက် အင်အား ကြီးသွားရတာလဲ အခုဆို သခင်လေးက အဲဒီ လူဆိုးတွေ အကုန်လုံးကို ဒဏ်ရာ ရသွားလောက်အောင် အင်အား ကြီးလာပြီပဲ... ."

"ဟ... မင်းဒီကိစ္စတွေကို မစိုးရိမ်ပါနဲ့..ငါ့ကို ယုံကြည်ပါ ဖြစ်နိုင်ရင်... သိပ်မကြာခင်မှာ ငါမင်းကို ကောင်းမွန်တဲ့ ဘဝတစ်ခု ပေးနိုင်လိမ့်မယ်... မင်းနောက်ထပ် အပြင်ထွက်ပြီး အလုပ်လုပ်စရာ မလိုတော့ပါဘူး"

ဆန်းကြယ်သော အနက်ရောင်အတွင်းအားများ အကြောင်း တွေးမိသောအခါ ကျန်းရီ၏ စိတ်သည် လှုပ်ရှားလာခဲ့သည်။သူသည်  လက်ကျန် အသားခြောက်ကို လျင်မြန်စွာ ကုန်အောင် စားခဲ့လိုက်သည်။ သူသည် စားပြီးသည်နှင့် ဒဏ်ရာများကို ပြန်လည် ကုသရန်နှင့် အနက်ရောင် အတွင်းအားကို လေ့လာရန် အသင့် ဖြစ်နေခဲ့သည်။ သူ့အသိစိတ်ထဲတွင် ဒီဆန်းကြယ်သော အနက်ရောင် အတွင်းအားများသည် သူ့ဘဝကို ပြောင်းပြန် ဖြစ်သွားစေနိုင်မည်ဟု  ခံစားနေခဲ့ရသည်။

"အို..အို သခင်လေးက အရမ်း အင်အားကြီးလာပြီ နင်လုပ်နိုင်တယ်... သခင်လေး"

ရိုးသားပြီး စိတ်ထား ဖြူစင်သော ကျန်းရှောင်နူလေးသည် မေးခွန်းများ မေးနေခြင်းကို အလျင်အမြန် ရပ်လိုက်သည်။ သူမသည် ခေါင်းကို မြန်မြန် ညိတ်ခဲ့လိုက်သည်။ သူမ၏ မျက်ဝန်းများကတော့ လနှစ်စင်းလို တောက်ပနေခဲ့သည်။ သူမသည် သူ့ကို ကြည့်နေခဲ့သည်မှာ ထင်ရှားသည်။

နှစ်ယောက်လုံး အသားခြောက်များ စားပြီးသွားသည်နှင့် ကျန်းရီသည် ရှောင်နူ၏ ဒဏ်ရာများကို ထပ်မံစစ်ဆေးလိုက်သည်။ အရိုးတစ်ခုမျှ ထိခိုက်ခြင်းမရှိကြောင်း အတည်ပြုပြီး နောက်တွင်မှ သူသည် သူမအား ယနေ့အဖြစ်အပျက်များကို မိသားစုဝင် တစ်ယောက်မှ မသိစေရန် ညွှန်ကြားရင်း သူမဒဏ်ရာများကို ဆေးကူလိမ်းပေးရန် ချွန်းယာကို သွားရှာခိုင်းရသည်။

ကျန်းရှောင်နူသည် ကျန်းရီပြောသမျှကို ငယ်စဉ်ကပင် နာခံခဲ့သည်။ စိုးရိမ် ကြောင့်ကြမှုကင်းစွာ မေးခွန်းအချို့မေးပြီးနောက်တွင်တော့ သူမသည် အိမ်အပြင်သို့ ထော့နဲ့ထော့နဲ့နှင့် ထွက်သွားခဲ့လေသည်။ ဖယောင်တိုင်မီး အောက်ရှိ ပိန်းပါးပြီး အားနည်းသော ပုံရိပ်လေးသည် ကျန်းရီ၏ ရင်ထဲမှ နာကျင်ရအောင်ပင် သနားစရာအကောင်းဆုံးမြင်ကွင်းကို ပေးစွမ်းနိုင်ခဲ့သည်။

ရှောင်နူ ထွက်သွားပြီးနောက် ကျန်းရီသည် သူ့အိပ်ရာပေါ်တွင် မူးဝေစွာ ထိုင်နေခဲ့သည်။ သူသည် အခွင့်အရေးကို သူ၏ ရှုပ်ထွေးနေသော စိတ်ကို ရှင်းလင်းရန် အသုံးချလိုက်သည်။

ပြီးခဲ့သည့်နေ့က သူသည် ကျန်းရုဟူနှင့် သူ့ နောက်လိုက်ခွေးများ ရိုက်ခြင်းကို ခံရပြီး တစ်မနက်လုံး သတိလစ်နေခဲ့သည်။ သူ အိမ်ပြန်လာပြီး နောက်တွင် အမည်မဲ့ ကျင့်စဉ်တစ်ခုသည် ဆန်းကြယ်စွာပင် သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ဆက်လက်၍ သူသည် အမည်မဲ့ ကျင့်စဉ်ကို သုံး၍ အနက်ရောင်အတွင်းအား အမျှင်များ ရရှိလာခဲ့သည်။ ထိုအနက်ရောင် အတွင်းအား၏ စွမ်းအားကို သုံးကာ သူသည် ကျန်းပေါင်ကို ရက်ရက်စက်စက် ရိုက်ခဲ့ပြီး ရှောင်နူကို ဖန်းယွီ ဆောင်ကြာမြိုင်မှ ကယ်တင်ခဲ့သည်။ အခု သူ့မှာ ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် ဟူသည့် များပြား လှစွာသော အကြွေးကို ပိုင်ဆိုင်ထားခဲ့သည်... ..

"ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်လား"

ထိုအခြေအနေကို တွေးလိုက်မသောအခါ သူ့နှုတ်ခမ်းဖျားများ ကော့တက်သွားခဲ့သည်။ တစ်လဟူသော အချိန် အတောအတွင်း ဒီလောက် ပိုက်ဆံအများကြီး သူ ဘယ်နေရာကနေ ရပါမည်နည်း ထို့ပြင် မနက်တုန်းက သူ ကျန်းပေါင်ကို ရိုက်ခဲ့သည်... သူ့သခင် ကျန်းရုဟူသည် သိပ်မကြာခင် လက်စား လာချေတော့မည်မှာ အသေအချာ... .

ကျန်းရုဟူ၏ စွမ်းရည်များသည် သာမန်မျှသာ ရှိသော်လည်း သူ့အဖေသည် ကျန်းမိသားစု၏  ကြီးကြပ်ရေးမှူး ခေါင်းဆောင်ဖြစ်သည်။ ကျန်းရုဟူသည် သူ့စွမ်းအားကို သဏ္ဍာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထ အဆင့်သို့ မြှင့်တင်ပေးနိုင်မည့် ဆေးများ ဘယ်သော အခါမှ မပြတ်လပ်ခဲ့ချေ။ ကျန်းရီသည် အနက်ရောင် အတွင်းအား၏ စွမ်းအားကို သုံးလျှင်တောင် ရန်ပွဲတွင် အနိုင်ရရန် ခက်ခဲနေသေးသည်သာ။

"အနက်ရောင် အတွင်းအား ငါမင်းကို စောင့်ကြည့်နေမယ်"

ကျန်းရီသည် နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။ သူ့မျက်ဝန်း ထဲတွင်တော့ မျှော်လင့်ချက် ရောင်ခြည်များနှင့် တောက်ပနေခဲ့သည်။ ဒီအနက်ရောင် အတွင်းအားများသည် အလွန် ဆန်းကြယ်၍ စွမ်းအားကြီးသည်။  သူသာ သေသေချာချာ လေ့လာပါလျှင် သူ၏ ကြောက်စရာ ကောင်းသော အခြေအနေများမှ လွတ်မြောက်စေနိုင်မည့် ပုန်းကွယ်နေသော စွမ်းအား အသစ်များပင် သူရှာတွေ့ကောင်း တွေ့နိုင်ပေသည်... ... ။

***

All Chapters