← Chapters

သွေးသံချေးဇုန်တိုက်ပွဲ

Vol. 135 Ch. 1736

သွေးသံချေးဇုန်တိုက်ပွဲ

Vol. 135 Ch. 1736

ကောင်းကင်နယ်စားမင်းသည် ရှေးဟောင်းနတ်ဘုရားဘုရင်၏ အလောင်းကို ကြည့်ရင်း ရင်ထဲတွင် ပြောပြမတတ်သော ဆို့နင့်ကြေကွဲမှုကို ခံစားနေရ၏။ အစက ငိုကြွေးမိမည် ထင်ထားခဲ့သော်လည်း ယခုအခါ သူ၏ စိတ်အခြေအနေကား အလွန်မြင့်မားသွားပြီ ဖြစ်သည့်အတွက် ဆို့နင့်ကြေကွဲမှုကိုသာ ခံစားနေရတော့သည်။

သူသည် ထိုက်ယီ ပြောခဲ့သည့်အတိုင်း တာအို ရရှိရန် တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ။ သို့သော် တာအိုအဆင့် တိုးတက်လာမှုက စိတ်ခံစားချက်များ တဖြည်းဖြည်း ဆုံးရှုံးသွားစေခဲ့သည်။

ကောင်းကင်နယ်စားမင်း၏ ကိုယ်အစစ်မှာ ကောင်းကင်တာအိုအလင်းရောင်အဖြစ်သို့ အဆက်မပြတ် ပြောင်းလဲရင်း သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေဆဲဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ပို၍ပို၍ မြင့်တက်လာစေသည်။ ကောင်းကင်နယ်စားမင်းသည် ရှေးဟောင်းနတ်ဘုရားအချုပ်အနှောင်များမှ လွတ်မြောက်ခဲ့ပြီး ဖြစ်သော်လည်း ကောင်းကင်တာအို၏ တာအိုအဆင့်နှင့် ကောင်းကင်နှလုံးသားဆိုသည်မှာလည်း အခြားသော ချုပ်နှောင်မှုတစ်မျိုးပင် မဟုတ်ပေဘူးလော။

ရှေးဦးခေတ်ကာလတုန်းက လူသားများ ကြယ်တာရာကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်သည် မွေးဖွားလာခဲ့၏။ ထို့ကြောင့် ကောင်းကင်နှလုံးသားသည် လူသားတို့၏ နှလုံးသား၊ သက်ရှိအားလုံး၏ နှလုံးသားပင် ဖြစ်သည်။

ကောင်းကင်နယ်စားမင်းမှာ ကောင်းကင်တာအိုမှ ခုန်ထွက်လွတ်မြောက်ခဲ့၍ ယခုအခါ ကောင်းကင်နှလုံးသားကို ပိုင်ဆိုင်သွားခဲ့ချေပြီ။ သို့သော် ထိုကောင်းကင်နှလုံးသားက သူ့အား ချုပ်တည်းထားပြီး ၎င်း၏ အလိုအတိုင်း ပြုမူစေလိမ့်မည်။

တာအို ရရှိခြင်းသည် သူ ထင်ထားသလောက် သာယာကြည်နူးဖွယ် မကောင်းလှပေ။

သို့သော်လည်း ဆိုးဆိုးရွားရွားတော့လည်း မဟုတ်ပေ။

သူ၏ စကားလုံးများနှင့် အပြုအမူများက ကောင်းကင်တာအို၏ စည်းမျဉ်းများကို ဘယ်သောအခါမှ ကျော်လွန်မည် မဟုတ်သကဲ့သို့ ၎င်းတွင်သာ ကန့်သတ်နေမည်လည်း မဟုတ်ပေ။ မိမိကိုယ်ကို တိုးတက်စေရန် အခြားသော မဟာတာအိုများကို ဆက်လက်၍ နားလည်သဘောပေါက်နိုင်သေးသည်။

သူက တိတ်ဆိတ်စွာ ထိုင်ချလိုက်ပြီး သဘောပေါက်နားလည်ရင်း နောက်ဆုံး အတားအဆီးကို ဖောက်ထွက်ရန် ကြိုးစားနေသည်။

တစ်ဖက်တွင်မူ ကောင်းကင်နတ်ဘုံ၏ စစ်တပ်အားလုံး ကမ္ဘာဦးဘုံမှ မောင်းထုတ်ခံလိုက်ရချေပြီ။ လမ်းတစ်လျှောက်တွင် ကောင်းကင်နတ်ဘုံစစ်သည်တော်များမှာ သံချပ်ကာများကိုပင် ချွတ်ထားခဲ့ကြ၏။ ခြေကုပ်ပြန်ယူရန်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လိုက်လံတိုက်ခိုက်နေသော တပ်ဖွဲ့များကို ရင်ဆိုင်ရန် စစ်စခန်းများ တည်ထောင်ကြည့်ကြသော်လည်း လိုက်လံသူများက သူတို့ကို အခွင့်အရေး မပေးခဲ့ပေ။

ရန်သူကို တားဆီးရန် စေလွှတ်ခံရသော ကောင်းကင်နတ်ဘုံတပ်များမှာ ဝင်္ကပါအခင်းအကျင်းများပင် မတည်ခင်းနိုင်ခင် ယိုတုမှ ကောင်းကင်နတ်အရှင်ရုံ၏ ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကာ သူတို့ကို သတ်ဖြတ်ပစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်သည် ပို၍ပင် အင်အားကြီးမားလာခဲ့၏။ ချိမင်ဧကရာဇ်နှစ်ပါး ရောက်လာသည့်အခါ အခြားကောင်းကင်ဘုံများမှ စစ်ကူများလည်း အုံလိုက်ကျင်းလိုက် ရောက်လာကြသည်။ မဟာမိတ်တပ်ဖွဲ့များ၏ အရေအတွက်မှာ တစ်နေ့ထက် တစ်နေ့ တိုးပွားလာခဲ့သည်။

ထိုအချိန်တွင် အခြားကောင်းကင်ဘုံများသို့ သွားရောက်လုယက်ခဲ့သော ကောင်းကင်နတ်ဘုံတပ်ဖွဲ့များမှာလည်း ပြင်းထန်သော ခုခံမှုများအား ရင်ဆိုင်ခဲ့ရသည်။ အဆုံးမရှိသော သွေးချောင်းစီးတိုက်ပွဲများ အပြီးတွင် သူတို့မှာ ထွက်ပြေးဆုတ်ခွာလာနိုင်ခဲ့ကြသည်။

သူတို့ ထွက်ပြေးနေစဉ်အတွင်း ကောင်းကင်ဘုံတစ်ဘုံပြီးတစ်ဘုံက ကောင်းကင်နတ်ဘုံ၏ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ပုန်ကန်ကြောင်း ကြေညာကြသည်။

စစ်မဖြစ်မီ လင်ယွိရှို့သည် အပြန်အလှန် ကူးသန်းဆက်သွယ်ရေး လွယ်ကူစေရန် ကောင်းကင်ဘုံများ၌ စွမ်းအင်အကူးအပြောင်းတံတားများ တည်ဆောက်ခဲ့၏။ ယခုအခါတွင် ၎င်းတို့၏ အရေးပါပုံမှာ ထင်ရှားပေါ်လွင်လာခဲ့ချေပြီ။

ဤစွမ်းအင်အကူးအပြောင်းတံတားများ ရှိနေသည့်အတွက် ကောင်းကင်နတ်ဘုံဘက်မှ ယိုတုနှင့် ရွှမ်တုအား လက်လွှတ်လိုက်ရသော သတင်းသည် အခြားကောင်းကင်ဘုံများနှင့် လောကများအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားနိုင်ခဲ့သည်။ ဤတံတားများကြောင့်ပင် ကောင်းကင်ဘုံအသီးသီးမှ အရှင်သခင်များက အချိန်တိုအတွင်း ကမ္ဘာဦးဘုံသို့ စစ်ကူစေလွှတ်ကာ ကောင်းကင်နတ်ဘုံကို ဝိုင်းရံတိုက်ခိုက်နိုင်ခဲ့ကြသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ကောင်းကင်နတ်ဧကရီတို့က သူတို့၏ တာအိုသိုင်းပညာရှင်အဆင့် အင်အားများဖြင့် ရန်သူ့တပ်မှ အဆင့်မြင့််စစ်သူကြီးများအား ချေမှုန်းရန် တန်ပြန်တိုက်ခိုက်ခဲ့ကြ၏။ သို့သော် ရှုရှန်းဟွာ၊ ကောင်းကင်နတ်အရှင်ယွဲ့၊ မြောက်နတ်မင်းရွှမ်းဝူ၊ လန်ဝူနှင့် အနောက်ကမ္ဘာမြေကို စောင့်ရှောက်နေခဲ့သော ယွဲ့ထင်းကဲတို့ ရောက်လာကြပြီး အနောက်ကမ္ဘာမြေစစ်တပ်ကို ဦးဆောင်ကာ လမ်းပိတ်ခဲ့ကြသည်။ ထိုအခါ ကောင်းကင်နတ်အရှင်ဟောင်တို့မှာ ဆက်လက်ဆုတ်ခွာရုံအပြင် ‌ရွေးစရာမရှိပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ယခုအခါတွင် ကောင်းကင်နတ်အရှင်အဆင့် အတိုက်အခိုက်စွမ်းရည်အရာ၌ ကောင်းကင်နတ်ဘုံကို ကျော်လွန်သွားခဲ့ချေပြီ။ ထို့အပြင် ထိုက်ချူ ကျဆုံးသွားခြင်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်၏ သေဆုံးမှုတို့ကြောင့် ကောင်းကင်နတ်ဘုံတွင် အရှိန်အဟုန် ကင်းမဲ့သွားပြီဟု ဆိုရလိမ့်မည်။

ကောင်းကင်နတ်ဘုံသည် ကမ္ဘာဦးဘုံမှ ဆုတ်ခွာ၍ ကြယ်တာရာကောင်းကင်ကို ဖြတ်ကာ ဘိုးဘေးနန်းတော်သို့ ခရီးနှင်ရ၏။ လမ်းတစ်လျှောက်တွင် ကောင်းကင်ဘုံများက ပုန်ကန်ထကြွကြပြီး ကြယ်တာရာကောင်းကင်မှ ချီတက်လာကာ ကောင်းကင်နတ်ဘုံသားတို့အား တိုက်ခိုက်ကြလေသည်။

ဤခရီးလမ်းမှာ သွေးစွန်းသော ခရီးလမ်းဟုပင် ဆိုရပေမည်။

ကောင်းကင်နတ်ဘုံသားတို့လည်း ထွက်ပြေးရင်း တိုက်ခိုက်ရင်းဖြင့် တစ်ချိန်က ဖန်ဆင်းရှင်များကို မျိုးသုဉ်းသတ်ဖြတ်ခဲ့ရာ စစ်မြေပြင် သွေးသံချေးဇုန်သို့ ရောက်လာသောအခါ မမျှော်လင့်ထားသော အပြောင်းအလဲနှင့် ကြုံတွေ့ခဲ့ရသည်။

ဖန်ဆင်းရှင်များထဲမှ နောက်ဆုံးကျန်ရစ်သူ နတ်ဘုရင်ရှုကျွင်းကား ခံစားချက်အပြည့်ဖြင့် သွေးသံချေးဇုန်၏ အလယ်၌ ရပ်နေသည်။ လွန်ခဲ့သော နှစ်တစ်သန်းကျော်က ဤနေရာ၌ပင် သူသည် ဖန်ဆင်းရှင်များကို ဦးဆောင်၍ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ ဦးဆောင်သော ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများအား တန်ပြန်တိုက်ခိုက်ခဲ့၏။

ထိုစစ်ပွဲက သမိုင်းတစ်လျှောက်တွင် အကြီးကျယ်ဆုံးတိုက်ပွဲ ဖြစ်ခဲ့သည်။ ထို့နောက်ပိုင်း နှစ်ပေါင်းတစ်သန်းကျော်တိုင်အောင် မည်သည့်စစ်ပွဲမှ ၎င်းနှင့် မယှဉ်နိုင်ခဲ့ပေ။ မကြာသေးမီက ဖြစ်ပွားခဲ့သော ကမ္ဘာဦးဘုံစစ်ပွဲသာလျှင် သွေးသံချေးဇုန်စစ်ပွဲကို အတိုင်းအတာအရ ကျော်လွန်သွားနိုင်ခဲ့သည်။

ထိုစစ်ပွဲတွင် ကမ္ဘာဦးခေတ်ဦးနတ်ဘုရင်တစ်ပါး ဖြစ်သော သူ့မှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။

ဘိုးဘေးနန်းတော်မှ ထွက်လာခဲ့သော ဖန်ဆင်းရှင်မျိုးနွယ်မှာ တစ်ယောက်မကျန် အစုလိုက်အပြုံလိုက် မျိုးသုဉ်းသတ်ဖြတ်ခံခဲ့ရသည်။ သူကဲ့သို့သော နတ်ဘုရင်တစ်ပါးပင်လျှင် ထိုက်ချူမူလကျောက်တုံး၏ အပိုင်းအစတစ်ခုအတွင်း၌ အသိစိတ်အလျဉ်အစအနလေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

နောက်ပိုင်းတွင် ဝေစွေ့ဖုန်းက သူ့ကို ရှာတွေ့ခဲ့သည်။ ဝေစွေ့ဖုန်းသည် မူလကျောက်တုံးကို ဝှက်ထားခဲ့ပြီး နောက်ဆုံးတွင် ချင်မူဆီ လက်ဆင့်ကမ်းပေးခဲ့သောကြောင့်သာ ရှုကျွင်းမှာ ပြန်လည်မွေးဖွားလာနိုင်ခဲ့ခြင်းပင်။

အဆိုပါစစ်ကြီးအပြီး၌ ဖန်ဆင်းရှင်မျိုးနွယ်မှ ကျန်ရစ်ခဲ့သူများသည် မဟာလေဟာနယ်တွင် ပုန်းအောင်းနေခဲ့သော လန်ဝူ ဦးဆောင်သည့် အဖွဲ့သာ ဖြစ်၏။

"အဲဒီတုန်းက ငါ့ရဲ့ ဆုံးဖြတ်ချက်အမှားကြောင့် ဖန်ဆင်းရှင်ခေတ်ကို အဆုံးသတ်စေခဲ့တယ်... ဖန်ဆင်းရှင်မျိုးနွယ်စုက ငါ့ကြောင့်ပဲ မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရတယ်"

ရှုကျွင်းသည် ယဇ်ပလ္လင်တစ်ခုပြီး တစ်ခုအား ဖြတ်ကျော်သွား၏။ ဤယဇ်ပလ္လင်များကား တစ်ချိန်တုန်းက ဤစကြဝဠာ၌ နေထိုင်ခဲ့သော လူနေမှုအသိုက်အဝန်းတစ်စု၏ ရိုးရာယဉ်ကျေးမှုပင် ဖြစ်သည်။ ဖန်ဆင်းရှင်များအတွက် ယခင်အခြေအနေသို့ ပြန်သွားရန် မဖြစ်နိုင်တော့ပေ။ လက်ရှိခေတ်၌ လိုက်လျောညီထွေစွာ နေထိုင်ရုံသာ ရှိတော့သည်။

"ဒါပေမဲ့ ဖန်ဆင်းရှင်တွေက ဒီခေတ်သစ်မှာလည်း တောက်ပနိုင်သေးတယ်"

ရှုကျွင်း လေးနက်စွာ ဦးညွှတ်လိုက်သည့်အခါ သူ၏ အားကောင်းပြင်းထန်သော အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာသည်။ သူ၏ အသံမှာ ကျယ်လောင်ပြတ်သားကာ စိတ်လှုပ်ရှားနေသည်။ “မျိုးဆက်သစ် ဖန်ဆင်းရှင်တွေအတွက်၊ ငါ့ရဲ့ အမျိုးအနွယ်တို့၊ တစ်ချိန်က ရှုံးနိမ့်ခဲ့တဲ့ မင်းတို့ရဲ့ ခေါင်းဆောင် ငါ့နောက် လိုက်ခဲ့ကြ... ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ကြစို့"

ကောင်းကင်နတ်ဘုံ၏စစ်တပ်ကား သွေးသံချေးဇုန်သို့ ရောက်လာခဲ့ချေပြီ။ ထိုစဉ် ကျယ်ပြောလှသော ကြယ်တာရာများအကြားရှိ အပျက်အစီးတို့အတွင်းမှ အားကောင်းသော အသိစိတ်အလျဉ် လှိုင်းလုံးကြီးများ ပေါက်ကွဲထွက်ပေါ်လာပြီး နယ်မြေတစ်ခုလုံးကို ရိုက်ခတ်သွားတော့သည်။

ဝုန်း ဝုန်း ဝုန်း ဝုန်း

အသိစိတ်အလျဉ်က ယဇ်ပလ္လင်အားလုံးကို အသက်သွင်းလိုက်သည်။ ယဇ်ပလ္လင်တစ်ခုစီ၏ အထက်တွင် ရှေးဟောင်းနတ်ဘုရားအမျိုးမျိုး၏ အရိပ်ယောင်များ ပေါ်ထွက်လာသည်။ ရှုကျွင်းသည် ရှေ့ဆုံးမှ ပြေးထွက်သွားပြီး သူ၏ နောက်တွင်မူ ကျဆုံးသွားခဲ့သော ကမ္ဘာခေတ်ဦးဖန်ဆင်းရှင်များ၏ အသိစိတ်အလျဉ်တို့မှ ဖွဲ့တည်လာသည့် ရှေးဟောင်းနတ်ဘုရားအရိပ်ယောင်များ လိုက်ပါလာသည်။

ကောင်းကင်နတ်ဘုံ၏ စစ်သူကြီးများနှင့် စစ်သည်တော်များသည် အသက်လု၍ တွန်းထိုးတိုက်ခိုက်ရင်း ရှေ့တိုးနေကြသည်။ နောက်ဆုံးတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ် မရောက်လာမီ သွေးသံချေးဇုန်အား ဖောက်ထွက်၍ လွတ်မြောက်သွားခဲ့သော်လည်း အထိအခိုက်အကျအဆုံး အလွန်များပြားခဲ့သည်။ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာ အလောင်းများ အစုလိုက်အပြုံလိုက် ကျန်ရစ်ခဲ့လေသည်။

သွေးသံချေးဇုန်လည်း မှောင်ကျသွားခဲ့သည်။ ရှေးဟောင်းယဇ်ပလ္လင်များ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး ယခင်ကဲ့သို့ ခမ်းနားထည်ဝါသော မြင်ကွင်း မရှိတော့ချေ။

လန်ဝူ ရှုကျွင်းကို ရှာတွေ့သောအခါ ဖန်ဆင်းရှင်များ၏ ကြေမွနေသော အရိုးများအရှေ့တွင် ဒူးထောက်နေသည်အား တွေ့လိုက်ရသည်။

လန်ဝူမှာ ရှေ့တိုးသွားပြီး ခေတ်တစ်ခေတ်လုံးကို ပျက်စီးစေခဲ့သူအား ကြည့်လိုက်သည်။ ခဏအကြာတွင် သူမက ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "နတ်ဘုရင်၊ ရှင့်မှာ အပြစ်မရှိပါဘူး... အဲဒီစစ်ပွဲမှာ တခြားဘယ်သူဖြစ်ဖြစ် ရှုံးနိမ့်မှာပါပဲ"

သူမသည် တစ်ချိန်က ရှုကျွင်းကို အပြစ်တင်ခဲ့ဖူးသော်လည်း သွေးသံချေးဇုန်စစ်ပွဲအား အကျိုးအကြောင်းလျော်ကန်စွာ နားလည်ပြီးနောက် အမုန်းတရားများ ကြေအေးသွားခဲ့၏။

ရှုကျွင်းက ဒယိမ်းဒယိုင်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး သွေးစွန်းနေသော မျက်ရည်များကို သုတ်ကာ ခေါင်းခါလိုက်သည်။ "ငါက ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင် မဟုတ်တော့ဘူး... အခု ငါက လူသားတစ်ယောက်ပဲ.. မင်းကမှ ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်အစစ်... အခု ဖန်ဆင်းရှင်မျိုးနွယ်စုမှာ အင်အားရာဂဏန်းလောက်ပဲ ကျန်တော့တယ်... လန်ဝူ၊ ငါတို့မျိုးနွယ်က မျိုးပွားနိုင်စွမ်း အားနည်းတယ်... မျိုးဆက်တည်တံ့ရေးအတွက် မင်း ဒီတာဝန်ကို ထမ်းရလိမ့်မယ်... အင်အားအကြီးဆုံး ယောက်ျားတစ်ယောက် ရှာပြီး သူ့ရဲ့ သွေးဆက်နဲ့ ဖန်ဆင်းရှင်တွေရဲ့ မျိုးရိုးကို မြှင့်တင်ရမယ်"

လန်ဝူ၏ မျက်ဝန်းလေးများ ရွှန်းလက်သွားသည်။ သူမသည် စကားတစ်ခွန်းမှ မဆိုဘဲ ကျန်ရှိနေသော ဖန်ဆင်းရှင်များကို ဦးဆောင်ကာ ကောင်းကင်နတ်ဘုံစစ်တပ်အား လိုက်လံတိုက်ခိုက်လေသည်။

ကျန်းပိုင်ကွေ့က လျှောက်လာပြီး ရှုကျွင်းအနားမှ ဖြတ်သွားရင်း ခပ်အေးအေး ပြောလိုက်သည်။ "အနာဂတ်မှာ ကောင်းကင်နတ်အရှင်မူက အာဏာရဲ့ ဗဟိုချက်မှာ ရှိနေမှာ မဟုတ်ဘူး... လန်ဝူ ကောင်းကင်နတ်အရှင်မူရဲ့ မျိုးဆက်ကို လက်ခံလို့ ဖန်ဆင်းရှင်မျိုးရိုးကို ပြောင်းလဲခဲ့ရင်တောင် ဖန်ဆင်းရှင်တွေက အရှင်ဘုရင်တွေ ဖြစ်လာမှာ မဟုတ်ဘူး"

သူက ရှုကျွင်းကို တစ်ချက် ကြည့်လိုက်သည်။ "ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်နတ်အရှင် ဆယ်ပါး တည်ရှိနေဖို့ မလိုအပ်ဘူး"

ရှုကျွင်းက ရယ်မောလိုက်ပြီး သူ၏ တပ်ထဲသို့ ပေါ့ပျက်ပျက် ဟန်ပန်ဖြင့် ဝင်ရောက်လာသည်။ "သူတော်စင်တန်ခိုးရှင်ကျန်း၊ ခင်ဗျားက သူတော်စင်တစ်ပါးဆိုပေမဲ့ ခင်ဗျားရဲ့ အစ်ကိုကြီးကတော့ မဟုတ်ဘူးလေ... လန်ဝူသာ လှုပ်ရှားလိုက်ရင် ဘယ်ယောက်ျားမှ သူ့ရဲ့ အလှမှာ မပြိုလဲဘဲ မနေဘူး... ဖန်ဆင်းရှင် ရာဂဏန်းလောက်နဲ့ မျိုးနွယ်က အချိန်မရွေး ပျောက်ကွယ်သွားနိုင်တယ်... ရှင်သန်မျိုးပွားဖို့ဆိုရင် သူတို့ရဲ့ မျိုးရိုးကို ပြောင်းလဲရမယ်... ဒါက ရာထူးအာဏာအတွက် မဟုတ်ဘူး၊ ရှင်သန်ဖို့အတွက်ပဲ"

ကျန်းပိုင်ကွေ့ ခဏ စဉ်းစားလိုက်သည်။ ဖန်ဆင်းရှင်တို့သည် ရာဂဏန်းမျှသာ ရှိသဖြင့် အမှန်တကယ်ပင် မျိုးတုံးလုနီးပါး ဖြစ်နေပြီ။ မျိုးပွားနိုင်စွမ်းကလည်း အားနည်းနေသေးပါက သူတို့ကို မျိုးတုံးသွားသော မျိုးနွယ်စုအဖြစ် သတ်မှတ်နိုင်လောက်ပြီ ဖြစ်သည်။

"ကိစ္စတွေ အရမ်း မကြီးကျယ်စေနဲ့"

ကျန်းပိုင်ကွေ့က သတိပေးသည်။ "တချို့လူတွေ ဒေါသထွက်လာရင် ဖန်ဆင်းရှင်မျိုးနွယ် တကယ် မျိုးတုံးသွားနိုင်တယ်"

ရှုကျွင်းက ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့... လန်ဝူ သိပါတယ်... စကားမစပ်၊ ခင်ဗျားတို့တပ်ထဲမှာ ဆေးဆရာ ရှိလား.... ကျုပ် ဒဏ်ရာရထားလို့..."

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ချင်မူ၏ ဒဏ်ရာများမှာ တစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်းမျှ သက်သာလာခဲ့သည်။ နောက်ဆုံးတွင် တာအိုအစီအရင်သံချောင်းများကို ဆွဲထုတ်နိုင်ခဲ့ပြီး အိပ်ရာမှ ထကာ လမ်းလျှောက်နိုင်ခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း လင်ယွိရှို့က သူ လျှောက်သွားနေမည်စိုးသဖြင့် သူ့အနားမှမခွာဘဲ ပြုစုစောင့်ရှောက်ခဲ့သည်။

ကောင်းကင်ယံတွင် အလင်းတန်းများ လှုပ်ရှားလွင့်မျောနေဆဲဖြစ်ရာ ထိုက်ရှီနှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးအကြား တိုက်ပွဲမှာ မပြီးဆုံးသေးကြောင်း ထင်ရှားနေသည်။

လင်ယွိရှို့က နားမလည်စွာဖြင့် မော့ကြည့်လိုက်သည်။ "ထိုက်ကျိကို တိုက်ရတာ အဲဒီလောက် ခက်လား"

ချင်မူ၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးနေပြီး ကောင်းစွာ မရပ်နိုင်သေးပေ။ လင်ယွိရှို့က သူ့ကို အမြန် တွဲပေးလိုက်သည်။

ချင်မူက မောဟိုက်စွာ အသက်ရှူရင်း ပြုံးလိုက်သည်။ "ထိုက်ကျိဆိုတော့ တိုက်ရခက်တာပေါ့... ကိုယ် အစွမ်းအကုန် မသုံးနိုင်သေးတာ နှမြောစရာပဲ... သူတို့ကို ထားလိုက်ပါ... ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးအနေနဲ့ ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး... အခု အရေးအကြီးဆုံးက ကောင်းကင်နတ်အရှင်ဟောင် ချန်ထားခဲ့တဲ့ ယဇ်ပလ္လင်တွေကို ရှာတွေ့ပြီလားဆိုတာပဲ"

"လန်ယွီတျန်း နေရာအနှံ့ ရှာနေပြီ... မကြာခင် သတင်းကြားရမှာပါ"

လင်ယွိရှို့က သူ့ကို နှစ်သိမ့်လိုက်သည်။ " အရမ်း စိတ်မပူပါနဲ့... လန်ယွီတျန်းက အင်မတန် ပါးနပ်ပြီး အရည်အချင်းရှိတဲ့သူလေ... သူသာ ယဇ်ပလ္လင်တွေကို ရှာတွေ့ရင် ဖျက်ဆီးနိုင်မှာ သေချာတယ်"

ချင်မူ ခေါင်းခါလိုက်သည်။ "ကိုယ် စိုးရိမ်တာက ယဇ်ပူဇော်ပွဲ စနေတာ အတော်ကြာပြီဆိုတော့ မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တစ်ယောက်တော့ ဆင်းသက်လာလောက်ပြီ... သူ့ရဲ့အစွမ်းနဲ့ မီလော့နန်းတော်က တာအိုသိုင်းပညာရှင်ကို... မနိုင်ဘူး... တာအိုကို အခုမှ ရထားတဲ့ ရှန့်ကျွင်းနဲ့ ပေါင်းရင်တောင်မှ လုံးဝ မယှဉ်နိုင်ဘူး"

သူက လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း ကြယ်တာရာကောင်းကင်ဆီသို့ မော့ကြည့်လိုက်သည်။ ခဏအကြာတွင် ပြောလိုက်သည်။ “ကိုယ် အန္တိမဟင်းလင်းပြင်ဆီ သွားပြီး အကြီးဆုံးသခင်လေးနဲ့ တွေ့မှဖြစ်မယ်.... ဘာပဲဖြစ်ဖြစ် သူ့ကို ထိုက်ယီကို လွှတ်ပေးအောင် နားချရမယ်... အခုအချိန်မှာ ကောင်းကင်နတ်အရှင်ဟောင်က ဘိုးဘေးနန်းတော် ကျဆုံးသွားတာ မသိသေးဘူး... သူ့ရဲ့ ကောင်းကင်နတ်ဘုံက သခင်ပြောင်းသွားပြီး ခိုးဝင်လာသူတွေ သိမ်းပိုက်ထားတာကိုလည်း မသိသေးဘူး"

သူက လင်ယွိရှို့၏ လက်ကို ဖယ်ရှားပြီး ခြေလှမ်းအနည်းငယ် လှမ်းရန် ကြိုးစားလိုက်သော်လည်း ချော်လဲလုနီးပါး ဖြစ်သွားသည်။

လင်ယွိရှို့က သူ့ကို ထူလိုက်သည်။ ချင်မူမှာ မောဟိုက်စွာ အသက်တစ်ချက် ရှူလိုက်သည်။ "ညီလေးကျန်းက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ဘိုးဘေးနန်းတော်ဆီ မောင်းထုတ်လိုက်ရုံပဲ လိုတယ်... အဲဒီအခါ နှစ်ဖက် အပြန်အလှန် သတ်ဖြတ်ကြလိမ့်မယ်... ကောင်းကင်နတ်ဘုံ အပြီးတိုင် ပျက်သုဉ်းသွားလိမ့်မယ် .... ကောင်းကင်နတ်အရှင်ဟောင်နဲ့ ဧကရီတို့ အသက်ရှင်ကျန်ရစ်နိုင်ပေမဲ့ စိုးရိမ်စရာ မဟုတ်တော့ဘူး.... ဒါပေမဲ့ ပိုစိုးရိမ်တာက သူတို့ ပူးပေါင်းကြံစည်မှာကိုပဲ... ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လက်ရှိစိတ်နေစိတ်ထားနဲ့ဆိုရင် အဲဒီလိုလုပ်ဖို့ အလားအလာ များတယ်.... အဲဒီအချိန်ကျရင် ကိုယ်တို့တွေ ရင်ဆိုင်ရမှာက ခိုးဝင်လာသူတွေနဲ့ မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေ... ရင်ဆိုင်ရမယ့် ဖိအားက အရင်ကထက် ပိုကြီးမားလာလိမ့်မယ်"

"အန္တိမဟင်းလင်းပြင်ဆီ သွားပြီး မီလော့နန်းတော်ရဲ့ အကြီးဆုံးသခင်လေးနဲ့ တွေ့ရမယ်... ထိုက်ယီကို လွှတ်ပေးမှ ဘိုးဘေးနန်းတော်တိုက်ပွဲမှာ အလှည့်အပြောင်း ဖြစ်လာနိုင်မယ်"

လင်ယွိရှို့က ခေါင်းတွင်တွင် ခါသည်။ "ဒဏ်ရာတွေမှ မပျောက်သေးတာ... မန္တိမဟင်းလင်းပြင်ကို ဘာသွားလုပ်မှာလဲ.... အေးအေးဆေးဆေး အနားယူပြီး ကျန်းမာအောင် နေ... ဟိုဟိုဒီဒီ မသွားနဲ့ဦး... ဒါ့အပြင် ကောင်းကင်နတ်ဘုံရဲ့ စစ်တပ် ဘိုးဘေးနန်းတော်ဆီ ရောက်ဖို့ ဆယ်နှစ်ကျော် အချိန်ယူရဦးမှာ"

ချင်မူလည်း ခဏ စဉ်းစားပြီး ခေါင်းညိတ်ကာ သူ၏ အခန်းသို့ ပြန်သွားပြီး တိတ်ဆိတ်စွာ ကျင့်ကြံလေသည်။

သူသည် အိပ်မက်ကမ္ဘာထဲသို့ တစ်ဖန် ဝင်ရောက်သွား၏။ အိပ်မက်အလွှာများ တစ်ထပ်ပြီးတစ်ထပ် ပျံ့နှံ့ထွက်ပေါ်လာပြီး ထိုအထဲတွင် များပြားလှသော ချင်မူပိစိလေးများက သူ၏ တာအိုဒဏ်ရာများထဲမှ တာအိုအမှတ်အသား ပြောင်းလဲမှုများကို လေ့လာကာ သဘောပေါက်နားလည်နေကြသည်။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည်။ ခြောက်နှစ်အကြာတွင် ချင်မူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများ တဖြည်းဖြည်း သေးငယ်သွားခဲ့ချေပြီ။ သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာ အနည်းငယ် အားနည်းနေဆဲဖြစ်သော်လည်း အဓိကပြဿနာများ မရှိတော့ချေ။

ထိုနေ့တွင် ချင်မူက ပစ္စည်းများ စုသိမ်းကာ လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ တက်ရင်း ပြုံးလိုက်သည်။ "ကဲ၊ တဲအိမ်လေးဆီ ဒုတိယအကြိမ် သွားလည်ရမယ့် အချိန်ရောက်ပြီ"

All Chapters