← Chapters

ဘိုးဘေးနန်းတော်ထဲတွင် အကြီးအကျယ် ပြောင်းလဲမှု

Vol. 135 Ch. 1740

ဘိုးဘေးနန်းတော်ထဲတွင် အကြီးအကျယ် ပြောင်းလဲမှု

Vol. 135 Ch. 1740

ကောင်းကင်နတ်ဧကရီက ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကို ကြည့်နေသည်။ ယခုအခါတွင် ဘိုးဘေးနန်းတော်နှင့် ပိုပို၍ နီးကပ်လာပြီဖြစ်သော်လည်း ကောင်းကင်နတ်ဘုံ၏ စစ်တပ်တွင် အင်အားခုနစ်သိန်းကျော်သာ ကျန်ရှိတော့သည်။

ကောင်းကင်ဧကရာဇ်ရတနာရထားလှည်းထဲတွင်မူ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အေးစက်နေသော မျက်နှာဖြင့် မလှုပ်မယှက် ထိုင်နေသည်။ သူ့အသွင်မှာ ပိန်လှီခြောက်ကပ်ကာ အသက်မ၀င်တော့ချေ။ လူသေကြီးအလားပင် ထင်ရသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ သေရသည်ထက်ပင် ပို၍ဆိုးရွားစွာ ခံစားနေရသည်။

သူတို့အားလုံး ထွက်ပြေးလာကြစဥ် အကြိမ်ကြိမ် လိုက်လံတိုက်ခိုက်ခံခဲ့ရသဖြင့် ခွေးလိုဝက်လို ပြေးခဲ့သည်မှာလည်း အဖန်ဖန်ပင်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် အခြားကောင်းကင်ဘုံများတွင်မူ စစ်သည်အင်အားက တစ်နေ့ထက်တစ်နေ့ တိုးပွားလာသည်။

ကမ္ဘာဦးဘုံမှ ဆုတ်ခွာပြီး မင်ဧကရာဇ် ကျဆုံးရာနေရာသို့ ရောက်သည့်အချိန်၌ ကောင်းကင်နတ်ဘုံစစ်တပ်မှာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ မဟာမိတ်တပ်များနှင့် အင်အားတူညီသလောက် ဖြစ်နေချေပြီ။

မင်ဧကရာဇ် ‌ကျဆုံးခဲ့သည့်‌နေရာက မူလက ချိမင်ခေတ်၏ အဆုံးသတ်စစ်မြေပြင် ဖြစ်ခဲ့သည်။ ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့က ပြန်လည်မွေးဖွားလာပြီးနောက် ကောင်းကင်နတ်ဘုံ ဤနေရာသို့ မရောက်လာခင် အင်အားအပြည့်ဖြင့် ချီတက်လာပြီး ကောင်းကင်နတ်ဘုံ၏ ကျန်ရှိသော စစ်သည်တော်များနှင့် တိုက်ပွဲကြီးတစ်ပွဲ ထပ်မံဆင်နွှဲခဲ့ကြ၏။

သွေးသံချေးဇုန်တွင်လည်း ကောင်းကင်နတ်ဘုံမှာ စစ်သည်အင်အားများစွာ ဆုံးရှုံးခဲ့ရသည်။ မင်ဧကရာဇ် သေဆုံးခဲ့ရာနေရာသို့ ရောက်သောအခါ ကောင်းကင်နတ်အရှင်ယွဲ့၊ လန်ဝူ၊ ကောင်းကင်နတ်အရှင်ရုံ၊ ရှုရှန်းဟွာ၊ ကုန်းစွန်းယန်နှင့် အခြားသူများပါ ၀င်ရောက်တိုက်ခိုက်လာကြ၏။ ပြင်းထန်လှသော တိုက်ပွဲအပြီးတွင် ကျန်းပိုင်ကွေ့က တမင်တကာ လွတ်လမ်းတစ်ခု ဖွင့်ပေးလိုက်သဖြင့် ကောင်းကင်နတ်ဘုံ၏ လက်ကျန်အင်အားမှာ လွတ်မြောက်လာနိုင်ခဲ့သည်။

ဤတိုက်ပွဲအပြီးတွင် ကောင်းကင်နတ်ဘုံမှာ တစ်နေ့ထက်တစ်နေ့ အရှိန်ကျလာခဲ့ချေပြီ။ ကောင်းကင်နတ်အရှင်ရုံက မကြာခဏ ယိုတုမှ ချုံခိုတိုက်ခိုက်ရင်း ကောင်းကင်နတ်ဘုံမှ နတ်ဘုရားစစ်သည်တော်များ၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲသို့ ဝင်ရောက်လာတတ်သည်။ သူက ဝိညာဉ်များကို ခိုးယူဖမ်းဆီးနေသောကြောင့် တစ်ယောက်ပြီး တစ်ယောက် ထူးဆန်းစွာ သေ‌ဆုံးနေစေ၏။

ထို့ကြောင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်က စစ်သည်တော်အားလုံး၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖျက်ဆီးရန် အမိန့်ပေးခဲ့သောအခါ ထိုညတွင် တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့သည်။

ဤအမိန့် ထုတ်ပြန်ပြီးနောက် ကောင်းကင်နတ်ဘုံစစ်သည်တော်များမှာ အတော်လေး မကျေမနပ် ဖြစ်ခဲ့ကြသည်။ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖျက်ဆီးလိုက်ပါက နတ်ဘုရားမိစ္ဆာတို့မှာ အသက်ရှည်တော့မည်မဟုတ်ပေ။ သေဆုံးရမည့် နေ့ရက်သည်လည်း သတ်မှတ်ပြီးသား ဖြစ်သွားနိုင်သည်။

ကောင်းကင်နတ်ဘုံသည် တိုက်ပွဲများစွာ ရှုံးနိမ့်ခဲ့ရချေပြီ။ ဤအခိုက်အတန့်တွင် ကောင်းကင်နတ်ဘုံ၌ ကောင်းကင်ဆရာသခင်လေးပါး ရှိနေပါက စိတ်ဓာတ်ပြန်လည်မြှင့်တင်ပေးပြီး စစ်တပ်ကိုလည်း ပြန်လည်ဖွဲ့စည်းနိုင်ပေလိမ့်မည်။ သို့သော် ကောင်းကင်ဆရာသခင်လေးပါးတွင် ရှန့်ပင်းယင်တစ်ယောက်တည်းသာ တောင်ကောင်းကင်တွင် ကျန်ရှိတော့၏။ အခြားကောင်းကင်ဆရာသခင်များမှာမူ သေသူက သေ၊ သစ္စာဖောက်သူက ဖောက်ဖြင့် မရှိကြတော့ချေ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်ဘုံ စစ်သည်တော်များ၏ ပုန်ကန်မှုကို နှိမ်နင်းခဲ့သည်။ သို့သော် စစ်သည်တော်အများစုမှာ ကြယ်တာရာကောင်းကင်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။

ထိုအချိန်မှစ၍ နေ့စဉ်နေ့တိုင်း ကောင်းကင်နတ်ဘုံစစ်သည်တော်များမှာ အလျှိုလျှို ထွက်ပြေးကြပြီး ဘိုးဘေးနန်းတော်နှင့် နီးကပ်လာသည့် အချိန်တွင်တော့ နတ်ဘုရားမိစ္ဆာခုနစ်သိန်းသာ ကျန်တော့သည်။

“ကောင်းကင်နတ်ဧကရာဇ်ဟောင် ရှုံးသွားပြီ”

ကောင်းကင်နတ်ဧကရီမှာ လင်းလက်နေသော မျက်ဝန်းများဖြင့် တွေးနေ၏။ “သူ့တာအိုနှလုံးသားက ပျက်စီးသွားပြီ…. သူ ဘိုးဘေးနန်းတော်ကို ပြန်ရောက်ရင်တောင်မှ အင်အားပြန်လည် စုစည်းနိုင်မှာ မဟုတ်တော့ဘူး... မျိုးနွယ်စုတွေ ပုန်ကန်‌နေတဲ့အပြင် စစ်သည်တော် အရေအတွက်ကလည်း တစတစ နည်းလာနေပြီ… ကောင်းကင်နတ်ဘုံအနေနဲ့ ဘိုးဘေးနန်းတော်မှာ ဘယ်လိုမှ ပြန်တိုးတက်နိုင်မှာ မဟုတ်ဘူး… ဒီတိုက်ပွဲမှာ ကောင်းကင်နတ်အရှင်မူက သူ့ကို အပြီးတိုင် ချေမှုန်းလိုက်ပြီ… ငါပဲ သူ့နေရာကို အစားထိုးလိုက်ရင် ကောင်းမလား…”

သူမက ချက်ချင်း ခေါင်းခါလိုက်သည်။ ယခုအခါတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ အချိန်မှန်နေရာမှန်သို့ ရောက်နေလေပြီ။ ကမ္ဘာလောကအမျိုးမျိုးသည် ပုန်ကန်နေကြသဖြင့် ကောင်းကင်နတ်ဘုံ၏ ပိုင်နက်က တဖြည်းဖြည်း ကျုံ့၀င်လာနေ၏။ ဘိုးဘေးနန်းတော်ကိုပင် ထိန်းသိမ်းထားနိုင်ခြင်းရှိ၊ မရှိက မသေချာပေ။

သူမ ယခု အာဏာသိမ်းပြီး ကောင်းကင်နတ်ဧကရာဇ် လုပ်လိုက်ပါက ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

ကောင်းကင်နတ်ဧကရာဇ် မည်သူဖြစ်စေ ထိုပုဂ္ဂိုလ်မှာ ‌အသေဆိုးဖြင့် သေရပေလိမ့်မည်။

“ငါ့ရဲ့ အနာဂတ်အတွက်လည်း စီစဉ်ထား‌သင့်ပြီ”

ကောင်းကင်နတ်ဧကရီက စိတ်ထဲတွင် တွေးနေသည်။ ‘’ကောင်းကင်နတ်ဘုံ အခြေအနေ မဟန်တော့ဘူး… ငါ့ရဲ့ ရာထူးနဲ့ အာဏာကလည်း အိပ်မက်လို ပျောက်ကွယ်သွားလိမ့်မယ်…. အခု ကောင်းကင်နတ်ဘုံကနေ ခွဲထွက်ပြီး ကောင်းကင်နတ်အရှင်မူဆီမှာ ခိုလှုံလိုက်ရင် အမှောင်ကို စွန့်ခွာပြီး အလင်းဆီ ကူးပြောင်းလာတဲ့ လူကောင်းတစ်ယောက် ဖြစ်လာနိုင်သေးတယ်… အထက်ကနေ ဆက်အာဏာပြလို့ ရသေးတယ်… ငါက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါး ဖြစ်နေတုန်းပဲမလား…. ‌ခြေတစ်လှမ်း နောက်ကျသွားရင် လက်နက်ချတဲ့ အရှုံးသမားဖြစ်ပြီး သုံ့ပန်း ဖြစ်သွားနိုင်တယ်…”

အာဏာသည် ရောင်း၀ယ်လဲလှယ်နိုင်သည့် ကုန်ပစ္စည်းတစ်ခုပမာပင်။ မင်းဆက်များ ပြောင်းလဲသွားနိုင်သော်လည်း အာဏာဗဟိုချက်မှ ပုဂ္ဂိုလ်များနှင့် အင်အားစုများသည် မပြောင်းလဲပေ။ ရှေး‌ခေတ်ကတည်းက ကစားပွဲကို ဤသို့ပင် ကစားခဲ့ကြ၏။

ကောင်းကင်နတ်ဧကရီသည် များစွာ တွေ့ကြုံမြင်တွေ့ဖူးချေပြီ။

သူမ ထိုသို့တွေးနေသည့်အချိန်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဦးခေါင်းနောက်မှ နတ်ကောင်းကင်ခန်းမသည် ရုတ်တရက် တုန်ခါသွား၏။ အနီရောင်ကြိုးထုံးက အလိုအလျောက် ပြေကျသွားပြီး ပြင်းထန်သော တာအိုစွမ်းအင် လှိုင်းဂာက်များ ဖြာထွက်လာကာ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်ထဲ၌တခဏအတွင်း ပြည့်နှက်သွားသည်။

ကောင်းကင်နတ်ဧကရီ၏ နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားပြီး အတွေးမှန်သမျှ ပျောက်ကွယ်သွားတော့သည်။

“စစ်တပ်အားလုံး ဘိုးဘေးနန်းတော်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်ကြ”

ကောင်းကင်နတ်ဧကရာဇ်ဟောင် ထရပ်လိုက်သည့်အခါ စိတ်ဓာတ်ကျဆင်းနေသည့် အသွင်အပြင်မှာ ပျောက်ကွယ်သွား၏။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဘိုးဘေးနန်းတော်က ငါတို့ရဲ့ ဇာတိပဲ…. ပြာတွေကြားက ပြန်လည်မွေးဖွားလာမယ့် နေရာပဲ… ဒီတိုက်ပွဲမှာ ငါတို့ မရှုံးသေးဘူး”

သူက စိတ်အားထက်သန်စွာ ပြောနေသော်လည်း တုံ့ပြန်သူမှာ အလွန်နည်းပါးသည်။ ကောင်းကင်နတ်ဘုံ၏ သိန်းပေါင်းများစွာသော စစ်သည်တော်များမှာ အ‌လောင်းကောင်များသဖွယ် ကြယ်‌တာရာကောင်းကင်တွင် အသက်မပါစွာ လျှောက်နေကြသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်ဧကရီဘက်သို့ လှည့်ကြည့်၍ ၀မ်းသာအားရ ပြောသည်။ “မယ်တော်၊ သခင်လေးသုံးက ဖိနှိပ်ခံထားရတာကနေ ထွက်လာနိုင်ခဲ့ပြီ… အခြေအနေ တည်ငြိမ်သွားပြီ… ဘိုးဘေးနန်းတော်ဆီ ရောက်ရင် အတိတ်က အရာအားလုံးဟာ ကျွန်တော်တို့ကို သွေးပေးမယ့် ဓားသွေးကျောက်တွေ ဖြစ်လာလိမ့််မယ်... ကျွန်တော်တို့ ပိုသန်မာအား‌‌ကောင်းလာ‌လိမ့်မယ်”

ကောင်းကင်နတ်ဧကရီက ပြုံးရုံသာ ပြုံးပြီး နှုတ်ဆိတ်နေသည်။

နောက်ဆုံးတွင် ကောင်းကင်နတ်ဘုံ၏ လက်ကျန်စစ်တပ်က ဘိုးဘေးနန်းတော်သို့ ဝင်ရောက်သွားသည်။ သူတို့အရှေ့တွင် ခမ်းနားကြီးကျယ်သော ကောင်းကင်နတ်ဘုံကို လှမ်းမြင်နေရချေပြီ။

ကောင်းကင်နတ်ဘုံသည် မရေမတွက်နိုင်သော ကောင်းကင်လက်နက်များနှင့် လက်နက်ကြီးများ ဖွဲ့တည်လာသည့် အထွတ်အထိပ်‌ ကောင်းကင်လက်နက်တစ်ခု ဖြစ်၏။ တစ်လောကလုံးတွင် အခိုင်မာဆုံးသော ခံတပ်ဖြစ်ကာ သူတို့၏ နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်သည်။

ကောင်းကင်နတ်ဘုံသို့ ဝင်ရောက်ပြီး ဘိုးဘေးနန်းတော်၏ လောကအကာအရံကို ချိပ်ပိတ်လိုက်ပါက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ကမ္ဘာလောကများမှ မဟာမိတ်တပ်များ တိုက်ခိုက်လိုလျှင်တောင်မှ မရေမတွက်နိုင်အောင် ထိခိုက်ကျဆုံးကြပေလိမ့်မည်။

ထိုမျှသာမက ဘိုးဘေးနန်းတော်က ကျိကျိတက် ချမ်းသာကြွယ်၀သည်။ ဤနေရာကို သိမ်းပိုက်လိုက်ပါက မရှုံးနိမ့်နိုင်သည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။

ဆင်းရဲနုံချာခဲ့သော ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသည် နှစ်နှစ်ရာအတွင်းတွင် လက်ရှိအခြေအနေအထိ တိုးတက်လာနိုင်ခဲ့ပြီး ကမ္ဘာဦးဘုံကိုပါ ပိုင်စိုးနိုင်ခဲ့သည်။ လက်ရှိကောင်းကင်နတ်ဘုံက ထိုစဉ်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာထက် များစွာ အခြေအနေကောင်းသည်။ အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်နတ်ဘုံမှာလည်း ပြိုင်ဘက်ကင်း စွမ်းအားကြီးလာနိုင်၏။

သို့သော် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ကောင်းကင်နတ်ဘုံ စစ်သည်တော်များ၏ မျက်နှာပေါ်မှ ၀မ်းသာပျော်ရွှင်မှုတို့ အေးခဲသွားပြီး ကောင်းကင်တွင် ကြက်သေသေသွားကြသည်။

သူတို့အရှေ့ ကောင်းကင်နတ်ဘုံအထက်တွင် တာအိုသစ်ပင်ငါးပင်သည် ကောင်းကင်နတ်ဘုံ၏ အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ အလယ်စသည့် နေရာငါးခုတွင် မြောလွင့်နေ၏။ တာအိုသိုင်းပညာရှင်ငါးဦး၏ တာအိုသစ်ပင်များ ဖြစ်ကာ ပြင်းထန်အားကောင်းသော တာအိုအင်အားတို့ ပြည့်နှက်နေသည်။

ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်အရှင်တို့နှင့် ယှဉ်နိုင်သည့် အထွတ်အမြတ်ပုဂ္ဂိုလ်တို့ ရှိနေသည်။ သူတို့၏ နတ်အင်အားတို့အား ကောင်းကင်နတ်ဘုံတစ်ခုလုံးတွင် ဖြန့်ကျက်ထားလေသည်။

အောက်ရှိ ဘိုးဘေးနန်းတော်တွင်လည်း အရွယ်အစား အမျိုးမျိုးရှိသည့် နတ်ဘုရားမြို့များက နေရာယူထားကြသည်။ အားလုံး ထွန်းလင်းတောက်ပနေကြပြီး တစ်မြို့ချင်းစီတွင် ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီက စောင့်ကြပ်နေကြ၏။

ကောင်းကင်နတ်အရှင်မူ၏ ပိုင်နက် ဖြစ်သည့် အနက်ရောင်တောင်တန်းများကတော့ အဝေးတွင် ရှိနေကြသည်။ လောကသစ်ပင်အောက်တွင် ခမ်းနားတင့်တယ်သော နတ်ဘုရားမြို့အမျိုးမျိုး ထွက်ပေါ်တည်ရှိနေကြ၏။ သစ်ရွက်များအပေါ်တွင်ပင် နတ်ဘုရားမြို့များ တည်ဆောက်ထားလေသည်။

ယခု ဘိုးဘေးနန်းတော်မှာ သူတို့ ကမ္ဘာဦးဘုံအား တိုက်ခိုက်ခဲ့သည့် အချိန်တုန်းကနှင့် လုံး‌ဝကွဲပြားခြားနားနေချေပြီ။

ရုတ်တရက် ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ထိုင်ချလိုက်ပြီး စိတ်မထိန်းနိုင်စွာဖြင့် အော်ဟစ်ငိုယိုတော့သည်။

“ကောင်းကင်နတ်အရှင်မူ… မင်းက ငါ့ကို အနိုင်ယူဖို့… အာဏာကို လုယူဖို့အတွက် အရှက်တောင် မရှိတော့ဘူးပေါ့လေ”

သူသည် မျက်ရည်များ စီးဖြိုင်ကျလျက် ရှိုက်ကြီးတငင် ငိုယိုကာ မကျေမနပ် ပြောနေ၏။ “မင်း ငါ့ကို မနိုင်မှန်း သိလို့ လောကသစ်ပင်အောက်က အတိတ်စကြ၀ဠာ သိုင်းပညာရှင်တွေကို လွှတ်ပေးခဲ့တာပေါ့…. လူယုတ်မာကောင်… စကြ၀ဠာတစ်ခုလုံးအတွက် အပြစ်သားပဲ… ခွေးကောင်မူ မင်း နာမည်ကြီးချင်နေတာမလား… အခုတော့ စကြဝဠာတစ်ခုလုံးကို ဒုက္ခရောက်စေခဲ့ပြီ… အားလုံး ဒုက္ခရောက်ပြီကွ… ကိုယ့်ကိုယ်ကို သတ်သေပြီး တစ်လောကလုံးကို တောင်းပန်သင့်တယ်… မင်း သေချာပေါက် အသေဆိုးနဲ့ သေရမှာ”

ဤအခိုက်အတန့်တွင် သခင်လေးသုံး၏ အသံက သူ့ဦးခေါင်းအနောက်ရှိ နတ်ကောင်းကင်ခန်းမထဲမှ ထွက်ပေါ်လာပြီး အေးစက်စွာ ပြောသည်။ “ဒီသိုင်းပညာရှင်တွေကို လွှတ်ပေးဖို့ ငါ လင်းကွမ်ခန်းမသခင်ကို ခိုင်းခဲ့တာ… ဒါက ငါတို့ နိုင်မယ့် နည်းလမ်းပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချက်ချင်း အငိုရပ်သွားပြီး ရိုသေလေးစားစွာ မေးလိုက်သည်။ “သခင်လေးရဲ့ လုပ်ရပ် နောက်ကွယ်မှာ လေးနက်တဲ့ အကြောင်းအရင်းတစ်ခု ရှိမှာပဲ… ကျွန်တော် သိခွင့်ရှိမလားဗျ”

သခင်လေးသုံး လင်းရှောင်၏အသံ ထွက်ပေါ်လာသည် “လောကသစ်ပင်အောက်က သိုင်းပညာရှင်တွေအားလုံးက တာအိုသိုင်းပညာရှင်တွေ မဟုတ်ဘူး… တာအို ရထားတဲ့သူတွေ နည်းတယ်… လင်းကွမ်ဟာ အသက်စွန့်တိုက်ခိုက်ပြီး သူတို့ကို လွှတ်ပေးခဲ့တာ… သိပ်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ…. ဒီအတိတ်စကြ၀ဠာ သိုင်းပညာရှင်တွေကို အလွယ်တကူ သိမ်းသွင်းနိုင်တယ်… ပြီးတော့ သူတို့သေလေလေ ငါ့ရဲ့သွေးယဇ်ပူဇော်မှုအတွက် ပိုလွယ်ကူလေလေပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခါးကိုင်း၍ တိတ်ဆိတ်စွာ နားထောင်နေသည်။ သူ၏ မျက်နှာသည် အားရ၀မ်းသာစွာဖြင့် ဖြည်းဖြည်းချင်း ၀င်းပလာ၏။

သခင်လေးသုံးက ဆက်ပြောသည်။ “သူတို့ကို သိမ်းသွင်းချင်ရင် အရေးအကြီးဆုံးအချက်က ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်ထဲ ဝင်ရောက်ဖို့… မင်း အဲ့ဒီကို ရောက်ပြီးရင် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာရဲ့ ဖရိုဖရဲမြစ်ထဲမှာ သခင်လေးလေး ကျစ်ရှောင်က မင်းကို ဗျပ်စောင်းကြိုးတစ်ကြိုး ပေးလိမ့်မယ်…. အဲ့ဒီဗျပ်စောင်းကြိုးနဲ့ မရေမတွက်နိုင်တဲ့ အသက်တွေကို ရိတ်သိမ်းနိုင်လိမ့်မယ်… မနာခံတဲ့သူကို ကြိုးတစ်ချောင်းတည်းနဲ့ ဖျက်ဆီးပစ်လို့ရတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင် ဝမ်းသာနေသည်။

သခင်လေးသုံးက ဆက်ပြောပြန်၏။ “အခြားတစ်ဖက်မှာ ကမ္ဘာဦးဘုံရဲ့ သွေးယဇ်ပူဇော်ပွဲကလည်း အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေပြီ… လာမယ့်နှစ်နှစ်အတွင်းမှာ ဟွမ်ရှီ၊ ချန်ဖုန်းနဲ့ ချူကောဆိုတဲ့ ခန်းမသခင်သုံးပါး ကြွရောက်လာလိမ့်မယ်… ဒီခန်းမသခင်သုံးပါး မင်းကို ကူညီရင် အခြေအနေက ပြန်တည်ငြိမ်သွားလိမ့်မယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ဦးညွှတ်အရိုအသေပေး၍ တရှုံ့ရှုံ့ ရှိုက်ငင်ကာ ကျေးဇူးတင််နေ၏။ “သခင်လေးရဲ့ ကျေးဇူးနဲ့ သနားကြင်နာမှုကို ကျွန်‌တော် ထာ၀ရမမေ့စေရပါဘူးခင်ဗျာ”

“မလိုဘူး”

သခင်လေးသုံး လင်းရှောင်က အေးစက်စွာ တုံ့ပြန်သည်။ “ငါတို့ မီလော့နန်းတော်က အမြဲတမ်း မေတ္တာထားပြီး သဘောထားကြီးတယ်… မင်း မီလော့နန်းတော်အပေါ်သာ မလိုမုန်းထား မလုပ်ခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး…. ‌ဒါပေမဲ့ မင်းအပြစ်တော့လည်း မဟုတ်ပါဘူး… ခုနစ်ရဲ့ အပြစ်ပဲ… သူက မစင်တွင်းထဲက ကျောက်တုံးတစ်လုံးလိုပဲ…. နံစော်ပြီး ခေါင်းမာတယ်… ငါ့ကို အတင်းဆန့်ကျင်လို့ ဒီလောက်များပြားတဲ့ ဒုက္ခတွေနဲ့ တိုက်ပွဲတွေ ဖြစ်လာရတာပဲ… ဒါပေမဲ့ ဒီတစ်ခါတော့ အခြေအနေက တည်ငြိမ်သွားပြီ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခါးပြန်မတ်၍ အံကြိတ်ကာ ကြိမ်းဝါးသည်။ “ကောင်းကင်နတ်အရှင်မူက ယုတ်မာပက်စက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာပါ… သေချာပေါက် အသေဆိုးနဲ့ သေရမှာပါ”

သခင်လေးသုံးကလည်း ကူကယ်ရာမဲ့ပုံဖြင့် ပြောသည်။ “သူ့ကို သတ်နိုင်ရင် သူ သေတာ ကြာပြီ… မင်း သူ့ကို အတိတ်စကြဝဠာဆီ ပြန်ပို့နိုင်ခဲ့တာ သိပ်တော်တယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တခဏတုံ့ဆိုင်းနေပြီးနောက် သတ္တိမွေးကာ လျှောက်တင်တော့သည်။ “သခင်လေးခင်ဗျာ… ကောင်းကင်နတ်အရှင်မူကို မြစ်ထဲ မနှစ်ချလိုက်ရပါဘူး… လူယုတ်မာတစ်ယောက်က လမ်းခုလတ်မှာ သူ့ကို လွှတ်ပေးလိုက်ပါတယ်…”

သခင်လေးသုံး တခဏမျှ တိတ်ဆိတ်သွားသည်။ “မင်းက ဘာမှ ‌မအောင်မြင်တဲ့အပြင် အနှောင့်အယှက်ပဲ ဖြစ်နေတာပါလား”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အလျင်အမြန် ဒူးထောက်၍ ပြားပြား၀ပ်နေတော့သည်။

“ထစမ်း သိက္ခာလေးဘာလေး ထိန်းဦး”

သခင်လေးသုံး၏ အသံမှာ အနည်းငယ် မကျေမနပ်ဖြစ်နေသည့်အလားပင်။ သူက ပြော၏။ “ငါတို့မီလော့နန်းတော်မှာ သခင်နဲ့ ကျွန်ဆိုတာ မရှိဘူး… မီလော့နန်းတော်ကို ဝင်ရောက်လာသူတိုင်းက တာအိုမိတ်ဆွေတွေပဲ.. နောင်တစ်ချိန် မီလော့နန်းတော် ကျဆင်းလာလို့ မင်း ငါ့ကို ဒူးထောက်နေဦးမယ်ဆိုရင် တခြားသူတွေ လှောင်ပြောင်တာ ခံရလိမ့်မယ်… တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ ဒူးက ဒီလောက် မပျော့ဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ရှက်ရွံ့စွာဖြင့် ပြန်ထရပ်လိုက်သည်။

“ချက်ချင်း ပြင်ဆင်ပြီး ကျောက်စိမ်းမြို့တော်ကို သွား... စကြဝဠာနှစ်ခုနဲ့ ပျက်စီးခြင်းကပ်ဘေးကို ဖြတ်ကျော်နိုင်တဲ့ အဲဒီကြိုးကို ဆွဲထုတ်လိုက်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်လည်း စိတ်ကို ငြိမ်အောင် ထိန်းလိုက်ရင်း ကောင်းကင်နတ်ဧကရီအား ပြောသည်။ “ကျွန်တော်တို့ ဘိုးဘေးနန်းတော်ဆီ ရောက်လာပြီ… ကောင်းကင်နတ်ဘုံကို အတိတ်စကြ၀ဠာက သိုင်းပညာရှင်တွေ သိမ်းပိုက်ထားတယ်… တစ်ဖက်မှာ တာအိုသိုင်းပညာရှင်ငါးယောက် ရှိပြီး အတိတ်စကြဝဠာ သိုင်းပညာရှင်တွေလည်း အများကြီး… စွမ်းအားကြီးမားတဲ့အတွက် စစ်ချီတိုက်ခိုက်ဖို့ မလွယ်ဘူး…. နောက်ကျ အတူပူးပေါင်းရမှာပဲ… မယ်တော် ဒီမှာ နေခဲ့ပါ… သူတို့နဲ့ ပဋိပက္ခမဖြစ်ပါနဲ့… ကျွန်တော် ကျောက်စိမ်းမြို့တော်ဆီ သွားပြီး ပြန်လာခဲ့မယ်”

ကောင်းကင်နတ်ဧကရီက ပြုံးနေသည်။ “ဟောင်အာ၊ စိတ်ချလက်ချသွားပါ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ သူ့ကို အရှင်မင်းကြီးဟု မခေါ်ဘဲ ဟောင်အာဟုခေါ်သဖြင့် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ “ငါ ပြန်အင်အားကြီးလာတဲ့အချိန်ကျ ဆုံးရှုံးခဲ့သမျှကို အဆတိုးပြီး ပြန်ယူမယ်”

သူက ဖြတ်ခနဲ ထွက်ခွာသွားတော့သည်။

ကမ္ဘာဦးဘုံတွင် လန်ယွီတျန်းသည် ကောင်းကင်နှင့်မြေပြင်အား လှန်လှော၍ သွေးယဇ်ပလ္လင်၏ တည်နေရာကို ရှာဖွေနေ၏။ ဤနှစ်များအတွင်း ကမ္ဘာဦးဘုံ၏ နေရာအနှံ့ ရှာဖွေခဲ့သလို မြေအောက်ကိုပင် လှန်လှောရှာဖွေခဲ့သည်။

သွေးယဇ်ပလ္လင်ကို ရှာဖွေရန် မလွယ်ကူပေ။ သွေးယဇ်ပလ္လင်မှာ မဟာခြုံလွှမ်းကောင်းကင်ဘုံ အပိုင်းအစများဖြင့် ပြုလုပ်ထား၏။ ဝှက်ထားရန် လွယ်ကူသော်လည်း ရှာဖွေရန်မူ ခက်ခဲသည်။

ကမ္ဘာဦးဘုံမှာ အလွန်ကျယ်ပြန့်လွန်းသည့်အတွက် ရှာဖွေရသည်က အချိန်ကုန်လူပန်းလှသည်။

တစ်နေ့ သူ ကမ္ဘာဦးဘုံ၏ ၃၆လွှာမြောက် ဟင်းလင်းပြင်ကို ရှာဖွေနေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံလိုက်မိ၏။ သူက အလျင်အမြန် တင်ပျဉ်ခွေထိုင်ကာ အသေအချာ အာရုံခံကြည့်လိုက်သည်။ ထို့နောက် ခုန်လျက် ၃၅ လွှာမြောက် ဟင်းလင်းပြင်ထဲ ပြေးလွှားပျံသန်းသွားတော့၏။

သူက ပြေးလွှားရင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ သူ့အရှေ့ရှိ ဟင်းလင်းပြင်က ရုတ်တရက် အလွှာတစ်ခုချင်းစီ ကွဲအက်သွား၏။ ဟင်းလင်းပြင်မှာ ကြက်သွန်နီအခွံခွာသကဲ့သို့ တစ်လွှာပြီးတစ်လွှာ ကွာကျလာသည်။

ဝုန်း….

ဟင်းလင်းပြင်၏ နောက်ဆုံးအလွှာ ကွာကျလာပြီး မဟာခြုံလွှမ်း ကောင်းကင်ဘုံအပိုင်းအစတစ်ခု သူအရှေ့တွင် ပေါ်ထွက်လာ၏။

မဟာခြုံလွှမ်း ကောင်းကင်ဘုံအပိုင်းအစထဲတွင် ခြောက်မြှောင့်ဖန်တုံးတစ်တုံးက လှည့်ပတ်နေပြီး သွေးစွန်းနေသည့် သင်္ကေတအမျိုးမျိုးက တံဆိပ်ခတ်နှိပ်ခံထားရသည်။

'ငါ ပထမဆုံးယဇ်ပလ္လင်ကို ရှာတွေ့ပြီ… ဒါဆို တခြားယဇ်ပလ္လင်တွေကို ရှာဖို့ မခက်တော့ဘူး’

လန်ယွီတျန်းက မဟာခြုံလွှမ်း ကောင်းကင်ဘုံအပိုင်းအစထဲသို့ ဝုန်းခနဲ ပြေး၀င်သွားပြီး ခြောက်မြှောင့်ဖန်တုံးပေါ်တွင် ရပ်လိုက်သည်။ သူ၏ သင်္ချာအောင်မြင်မှုတို့က မမြင့်မားချေ။ ချင်မူသာ ဤနေရာတွင် ရှိနေပါက ယဇ်ပလ္လင်ပေါ်တွင် ခတ်နှိပ်ထားသည့် သင်္ကေတများ၏ တည်နေရာကို တွက်ချက်ပေလိမ့်မည်။ ထို့နောက် သင်္ချာဖြင့် အခြားယဇ်ပလ္လင်များ၏ တည်နေရာကို တွက်ထုတ်မည် ဖြစ်သည်။ လန်ယွီတျန်းကမူ တာာအိုအာရုံခံနိုင်စွမ်း ပိုအားကောင်းသဖြင့် သူ၏အသိစိတ်အလျဥ်ကို ခြောက်မြှောင့်ဖန်တုံးဖြင့် တိုက်ရိုက်ချိတ်ဆက်ကာ ယဇ်ပလ္လင်၏ စွမ်းအားနှင့်အတူ ပျံ့နှံ့သွားစေလိုက်သည်။

“……နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်……”

လန်ယွီတျန်း အသေအချာ အာရုံခံနေပြီး ကမ္ဘာဦးဘုံကို ဖုံးလွှမ်းထားသည့် မဟာခြုံလွှမ်း ကောင်းကင်ဘုံအပိုင်းအစ ဆယ့်ခြောက်ခု၏ တည်နေရာကို အလျင်အမြန်ပင် ရှာတွေ့သွားတော့သည်။ ထိုအချိန်မှ သူ သက်ပြင်းချနိုင်၏။

“ဒါဆိုရင် ယဇ်ပလ္လင်ရဲ့ ဗဟိုက……”

သူ ဆက်လက်အာရုံခံ‌နေရာမှ မျက်နှာပျက်သွားသည်။ ယဇ်ပလ္လင်၏ ဗဟိုကား သုံးခုအထိ ရှိနေသည်။ တန်ပြန်တိုက်ခိုက်ခဲ့သည်မှာ ရှစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရှစ်နှစ်အတွင်း ဗဟိုယဇ်ပလ္လင်သုံးခုမှ တာအိုသိုင်းပညာရှင်များ ဆင်းသက်ကောင်း ဆင်းသက်လာနိုင်ခဲ့၏။

သူ၏နဖူးတွင် ချွေးများ စို့လာသည်။ မီလော့နန်းတော်မှ မည်သည့်တာအိုသိုင်းပညာရှင်မဆို သူ ရင်ဆိုင်နိုင်သူ မဟုတ်ပေ။ သုံးယောက်ဆိုလျှင်ကား ပြောနေစရာပင် မလိုတော့ချေ။

ထိုအချိန်တွင် ရွှေသင်္ဘောတစ်စင်း အန္တိမဟင်းလင်းပြင်မှ ထွက်လာသည်ကို မြင်လိုက်ရသည်။

ထိုရွှေသင်္ဘောပေါ်တွင် ချင်မူက မတ်မတ်ထောင်ထားသော ခေါင်းတလားတစ်ခုပေါ်တွင် ထိုင်နေ၏။ မျက်လုံးများမှိတ်၍ အနားယူနေပုံပင်။

“အစ်ကိုကြီး”

လန်ယွီတျန်းလည်း ကပျာကယာ ပျံတက်၍ ရွှေသင်္ဘောပေါ်သို့ ဆင်းသက်လိုက်သည်။ သူ၏ သိခဲ့ရသည်တို့အား ချင်မူ့ကို ပြောပြ၏။ “ကျွန်‌တော် မီလော့နန်းတော်က တာအိုသိုင်းပညာရှင်သုံးယောက်ကို လုံး၀မယှဉ်နိုင်ဘူး”

ချင်မူက မျက်လုံးဖွင့်၍ ပြုံးလိုက်သည်။ “ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့… ငါတို့က တစ်ယောက်တည်း တိုက်ခိုက်နေတာမှ မဟုတ်တာ… ရှန့်ကျွင်း ရှိသေးတယ်လေ.. ညီလေး၊ ဒီ ခေါင်းတလားကို လာကြည့်စမ်း… မင်း ဖွင့်လို့ရနိုင်လား”

ချင်မူ၏ မျက်လုံးများမှာ တောက်ပနေပြီး အားပေးမျှော်လင့်နေသည့် အမူအရာ ဖြစ်နေ၏။ “မင်းသာ ဖွင့်နိုင်ခဲ့ရင် တာအိုသိုင်းပညာရှင်သုံးဆယ်ကိုတောင် သတ်နိုင်တယ်”

All Chapters