← Chapters

အသက်ပြင်းသော ပိုးဟပ်

Vol. 19 Ch. 271

အသက်ပြင်းသော ပိုးဟပ်

Vol. 19 Ch. 271

လင်းမို့ချက်ချင်း သတိလစ်သွားသည် ။ အဆောင်ကို အဆင့် ၇ စိတ်ထိန်းချုပ်သူက လုပ်ထားသည်ဖြစ်၍ အစွမ်းထက်လှပေသည် ။

သို့သော်လည်း လင်းမို့သည် အဆင့် ၆ အလယ်ဆင့် စိတ်ထိန်းချုပ်သူ ဖြစ်သဖြင့် ချက်ချင်းပြန်သတိဝင်သွားသည် ။ အဆင့် ၇စိတ်ထိန်းချုပ်သူ၏ အစွမ်းကုန် မဟုတ်သဖြင့် သူ့အား သတ်ရန်မလုံလောက်ပေ ။

ထို့နောက် လဲကျနေသည့် အတိုင်းသာ သေချင်ယောင် ဆောင်နေလိုက်သည် ။

" အကိုမို့ .."

ဟောက်ရန်က လင်းမို့ လဲကျသွားသည်ကိုမြင်လျှင် စိုးရိမ်တကြီး အော်ခေါ်လိုက်သည် ။

" အဆင့် ၇ ပုံရိပ်ယောင်သတ်ဖြတ်ခြင်း အဆောင်လား.."

ကျောင်းအုပ်ထူ ရူးသွပ်ခံနီး ဖြစ်သွား၏ ။ လင်းမို့အား သတ်နိုင်ရန် ချယ်ရီပန်းနိုင်ငံ ဤမျှအထိ ပြင်ဆင်ထားပေသည် ။

" ဟားဟားဟား.. ဒေါသထွက်နေတာလား.. "

ကျစ်ထျန်းက လှောင်ပြောင်လိုက်၏ ။ သူ့အား လိုက်မီနိုင်သည့်သူ မရှိသဖြင့် နောက်သို့ လှည့်၍ နောက်ပြောင်ရန် အချိန်ရနေသည် ။

' ဒီတစ်ခါတော့ သေချာပေါက်သေလောက်ပြီ.. '

ကျစ်ထျန်းက မြေပေါ်တွင် လဲနေသော လင်းမို့ကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်၍ သူ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွား၏ ။ အဆင့် ၇ ပုံရိပ်ယောင်အဆောင်နှင့် တွေ့လျှင် နေအလင်းအဆင့်ပင် သေဆုံးရပေမည် ။ သို့သော်လည်း သေချာအောင် စမ်းသပ်ရပေအုံးမည် ။

" ဝှီး..."

နောက်ထပ် သံမဏိအပ် တစ်ချောင်းကို လျင်မြန်စွာ ပစ်လွှတ်လိုက်သည် ။

' ချီး လာပြန်ပြီ..'

သေချင်ယောင် ဆောင်နေသော လင်းမို့ ထပြေးရပြန်သည် ။

' သောက်အဘိုးကြီးက သတိကြီးလိုက်တာ.. '

အပ်က လင်းမို့ အရင်လဲကျရာ နေရာကို ထိသွားပြီး တွင်းပေါ်လာပြန်သည် ။

သို့သော်လည်း လူအားလုံး၏ အကြည့်က လင်းမို့ အပေါ်တွင် သာ ရှိနေကြ၏ ။

" အကိုမို့ မသေသေးဘူးလား.. "

ဟောက်ရန် ဝမ်းသာ သွားသည် ။

" လင်းမို့က အသက်ပြင်းလိုက်တာ.. "

" အဲ့ကောင် လူလား ပိုးဟပ်လား မသိဘူး.. "

" မဟာသခင်အဆင့်က နှစ်ခါတိုက်တာကို ခုထိ အသက်ရှင်နေတာတော့ အဲ့ကောင်ကြမ်းလွန်းသွားပြီ.. "

လင်းမို့၏ ရှင်သန်နိုင်စွမ်းက သူတို့နားလည်သည်ထက် ကျော်လွန်နေ၍ အားလုံး အံ့အားသင့် သွားကြ၏ ။ ငွေလအဆင့်က ဤမျှ အသက်မပြင်းသင့်ပေ ။

လေပေါ်တွင် ရှိသော မဟာသခင်များက ပို၍ပင် ထိတ်လန့်သွားကြသည် ။ သူတို့အားလုံး အဆင့် ၇ ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအဆောင်၏ စွမ်းအားကို သိကြသည် ။ ငွေလအဆင့်က မည်သို့ အသက်ရှင်နေသည်လော ။

' ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. '

ကျောင်းအုပ်ထူ တွေးကြည့်လျှင် ဖြစ်နိုင်ချေက တစ်ခုသာရှိသည် ။ လင်းမို့သည် စိတ်ထိန်းချုပ်သူ တစ်ယောက်ပင် ။ အဆင့်မနိမ့်သည့် စိတ်ထိန်းချုပ်သူ တစ်ယောက်ပင်ဖြစ်သည် ။ ထိုမှသာ အဆောင်၏ စွမ်းအားကို ခုခံနိုင်ပေမည် ။

" ဒီခွေးကောင် မသေနိုင်သေးဘူးလား.. "

ကျစ်ထျန်း ဒေါသထွက်သွား၏ ။ သူယခုအချိန် လွတ်မြောက်အောင် ထွက်ပြေးနိုင်နေပြီဖြစ်သည် ။ ရှားနိုင်ငံ၏ စစ်နတ်ဘုရား ဤအကြောင်းကို သတင်းရသည့် အချိန်တွင် သူ ချယ်ရီပန်းနိုင်ငံသို့ ပြန်ရောက်နေလေပြီ ။

ယခု လင်းမို့ မသေသေးသဖြင့် နောက်ပြန်လှည့်၍ သတ်ရတော့မည် ။ ကျောင်းအုပ်ထူတို့က ငတုံးများ မဟုတ်သဖြင့် သူနောက်ပြန်လှည့်ပါက ဒုတိယအကြိမ် လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ ။

သို့သော်လည်း သူ၏ တာဝန်မှာ အသေခံ၍ လင်းမို့အား သတ်ရမည်ဖြစ်သဖြင့် အသေခံသတ်ရုံသာ ရှိတော့သည် ။

ကျစ်ထျန်းက ရုတ်တရက် နောက်ပြန်လှည့်၍ နောက်မှ လိုက်လာသည့် မဟာသခင်များ ကြား လွတ်ကင်းသည့်နေရာမှ ပျံသန်းကာ လင်းမို့ဆီသို့ ဦးတည်သွားသည် ။

" အားလုံး ရအောင်တားကြ.. "

ကျောင်းအုပ်ထူတို့မှာ နောက်မှ အမီလိုက်ရန်သာ ကြိုးစားနေခြင်းဖြစ်၍ ကျစ်ထျန်းကို တားချိန်မရလိုက်ပေ ။

လင်းမို့က နှစ်ကြိမ်ခုခံ ထားပြီးဖြစ်သည်ကို ယခု ထပ်မံလုပ်ကြံခံရပါက ကျောင်းအုပ်တစ်ယောက်အနေနှင့် သူမည်သို့ အသက်ဆက်ရှင်ရတော့မည်နည်း ။

သို့သော်လည်း ကျစ်ထျန်း၏ အရှိန်က သူတို့ထက် များစွာလျင်မြန်လှသဖြင့် မည်သူမှ မတားလိုက်နိုင်ကြပေ ။

" ဆရာတွေအားလုံး.. လင်းမို့ကို အသက်စွန့်ပြီး ကာကွယ်ကြ.. "

ကျောင်းအုပ်ထူက စိတ်အာရုံဖြင့် အော်လိုက်ရုံသာ တက်နိုင်တော့သည် ။ သို့ရာတွင် ကျန်းနန်တက္ကသိုလ်တွင် ကျန်ရှိသည့် ဆရာများမှာ နေအလင်းအဆင့်အမြင့်ဆုံးသာရှိ၍ မဟာသခင်ကို တားရန်မှာ မဖြစ်နိုင်သလောက်ပင် ။ စက္ကန့် အနည်းငယ် တားဆီးနိုင်လျှင် သူတို့ လိုက်မီတော့မည်ဖြစ်သည် ။ စက္ကန့်အနည်းငယ် တားဆီးနိုင်ရန်သာ ဆုတောင်းလိုက်ရတော့သည် ။

' ဒီအဘိုးကြီး ပြန်လှည့်လာတာလား.. '

လင်းမို့က မြေကြီးထဲသို့ ချက်ချင်းတူးဝင်သွားသည် ။ သူသည် မဟာသခင်နှင့် ယှဥ်လျှင် ပုရိတ်ဆိတ်သာ ဖြစ်၏ ။ မြေပြင်ပေါ်ရှိ ပုရိတ်ဆိတ်များအား ခြေဖြင့် နင်းသတ်နိုင်သော်လည်း မြေအောက်မှ ပုရိတ်ဆိတ်ဖြစ်လျှင် သတ်ဖြတ်ရန် ခက်ခဲပေမည် ။

ကျန်းနန်တက္ကသိုလ်၏ မြေအောက်က ကွန်ကရစ် မလောင်းထားသဖြင့် မြေကြီးကို တူးရသည် ငွေလအဆင့်တစ်ယောက်အတွက် ရေထဲတွင် ကူးနေရသလို အလွန်လွယ်ကူပေသည် ။

လင်းမို့ လျင်မြန်သော်လည်း ကျစ်ထျန်းက ပို၍ မြန်ပေသည် ။

လင်းမို့ မီတာ ဆယ်ဂဏန်းသာ တူးဝင်ရသေးသော်လည်း ကျစ်တျန်းက တွင်းဝသို့ ရောက်လာ၏ ။

သူ၏ စိတ်အာရုံက မြေတွင်းထဲ လျင်မြန်စွာ ဖြန့်ကျတ်လာပြီး လင်းမို့ကို ရှာတွေ့သွားသည် ။

လင်းမို့သည် စိတ်အာရုံဖြင့် ပစ်မှတ်ထားခံလိုက်ရသဖြင့် မွှေးညှင်းများ ထောင်သွားပြီး ရင်ဆိုင်ရတော့မည်ကို သိလိုက်တော့သည် ။

' ယီးမှ ဒီတိုင်း အသေမခံနိုင်ဘူး.. '

လင်းမို့က ခါးပတ်ခေါင်းကို လျင်မြန်စွာ ချွတ်လိုက်သည် ။

All Chapters