Chapters

သူက Black Earth လား

Vol. 19 Ch. 272

သူက Black Earth လား

Vol. 19 Ch. 272

သူ ပြန်လည်တိုက်ခိုက်လိုသော်လည်း သူ့တွက် အားကိုးစရာဟူ၍ ငွေရောင်ငှက်မွှေးသာရှိသည် ။

ငွေရောင်ငှက်မွှေးက အရာအားလုံးကို ထိုးဖောက်နိုင်သော်လည်း မဟာသခင်အဆင့်ကို ထိခိုက်နိုင်မည်လော သူမသိ ။ သူ့တွင် အခြားရွေးချယ်စရာမရှိပေ ။

' ငါ ဒါကိုပဲ အားကိုးလို့ ရတော့မယ်.. '

ငွေရောင်ငှက်မွှေးကို စိတ်စွမ်းအားဖြင့် ထိန်းချုပ်လိုက်လျှင် သူ့ရှေ့ လေပေါ်သို့ မျောလွင့်လာသည် ။

**

ကျစ်ထျန်းက မြေပေါ်သို့ ရောက် ရောက်ချင်း လင်းမို့အား စိတ်အာရုံဖြင့် ပစ်မှတ်ထားလိုက်သည် ။

သူ မြေပြင်အတွင်းသို့ လိုက်ရန်ပြင်လိုက်စဥ်...

" ကျစ်ထျန်း ရပ်လိုက်စမ်း.."

" ငါတို့ အလောင်းတွေ တက်နင်းသွားမှ ရမယ်ကွ.."

" မင်းမရပ်ရင် မင်းတို့ချယ်ရီပန်းနိုင်ငံအတွက် နောင်တရစရာတွေ ဖြစ်သွားမယ်နော်.. "

ကျန်းနန်တက္ကသိုလ်၏ ပါမောက္ခများက ကျစ်ထျန်းအား ဝန်းရံထားသည် ။ ကျန်းနန် တက္ကသိုလ်တွင် ပါမောက္ခရာထူး ရရှိထားကြသူများ ဖြစ်သဖြင့် နေအလင်းအဆင့်များတွင် အားကောင်းသူများဖြစ်ကြ၏ ။ အများစုမှာ စိတ်ပညာရှင် များဖြစ်ကြသဖြင့် ပုံရိပ်ယောင်စွမ်းရည်များ ၊စိတ်စွမ်းအားဖြင့် ထိန်းချုပ်ထားသော လက်နက်များက ကျစ်ထျန်းဆီသို့ မိုးရွာကျသလို ကျရောက်လာသည် ။

ကျစ်ထျန်းက အထင်သေးစွာ ကြည့်လိုက်၏ ။

" မင်းတို့ခွန်အားလေးနဲ့ ငါ့ကို တားချင်တာလား.."

သူ၏ အော်ရာကို ထုတ်ဖော်လိုက်သည် ။ သူ ကျောင်းအုပ်ထူထံမှ ထွက်ပြေးနေရခြင်းမှာ သူအားနည်း၍ မဟုတ်ဘဲ ကျောင်းအုပ်ထူက သန်မာလွန်းနေ၍ပင် ။ ကျောင်းအုပ်ထူက စစ်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည် ။

သူ၏ အော်ရာ ထုတ်ဖော်လိုက်သည်နှင့် စိတ်ပညာရှင်များ၏ စွမ်းရည်များက ပင်လယ်ထဲ ကျရောက်သော ကျောက်တုန်းလို နစ်မြုပ်ပျောက်ကွယ်သွား၏ ။ မည်သည့် အကျိုးသက်ရောက်မှုမှ ဖြစ်မလာခဲ့ ။

" မင်းတို့နဲ့ အချိန်ဖြုန်းလို့ မရဘူး.. "

ကျစ်ထျန်းက မြေပြင်အတွင်းသို့ ဝင်ရန် ပြင်လိုက်သည် ။

လင်းမို့သည် အန္တရာယ်ကို ချက်ချင်း ခံစားမိလိုက်ပြီး ငှက်မွှေးကို ပစ်လွှတ်လိုက်သည် ။ လင်းမို့၏ စိတ်စွမ်းအားမှာ ကျစ်ထျန်းထက် အရမ်း အားမနည်းပေ ။

" ဝှီး..."

ငှက်မွှေးက ကျစ်ထျန်း သတိမထားမိခင်မှာပင် သူ့ရှေ့တွင် ပေါ်လာ၏ ။

" ဘာ.. "

" ဖောင်း.. "

ကျစ်ထျန်း အံ့သြသွားသော်လည်း မည်သည့် အတွေးမှ တွေးရန် အချိန်မရှိလိုက် ။ ငှက်မွှေးကြောင့် သူ၏ ခေါင်း ပေါက်ကွဲသွား၏ ။

" ဘာလဲဟ.. "

" ငွေရောင်အလင်းက ဘယ်ကလာတာလဲ.. "

ပါမောက္ခများအားလုံး တုန်လှုပ်သွားကြသည် ။ သူတို့ မည်သို့မှ မတိုက်ခိုက်နိုင်သည့် မဟာသခင်က ခေါင်းပေါက်ကွဲသွားချေပြီ ။

မဟာသခင်အဆင့်များ၏ စိတ်အာရုံက သန်မာလှသဖြင့် ခိုးဝင်တိုက်ခိုက်ရန် မလွယ်ကူပေ ။ သို့သော်လည်း မဟာသခင်များက တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၇ သို့ရောက်နေကြသဖြင့် အသက်စွမ်းအား ပြင်းထန်လှသည် ။ ခေါင်းပေါက်ကွဲသွားသော်လည်း ဒဏ်ရာကြီးကြီးမားမား ရရှိမည်မဟုတ်ချေ ။