စိတ်ပျက်အားငယ်ခြင်း
Vol. 19 Ch. 274
" ဘုန်း.. "
လင်းမို့က ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း ကျစ်ထျန်းက ပိုမို လျင်မြန်သဖြင့် လင်းမို့သာ လွင့်ထွက်သွား၏ ။
လင်းမို့ လွင့်ထွက်သွားရာ လမ်းတစ်လျောက် မီတာတစ်ရာကျော်ရှည်သည့် လိုဏ်ခေါင်းကြီး ဖြစ်သွားသည် ။
ကျစ်ထျန်းက လင်းမို့ ကို လှမ်းကြည့်လိုက်သည် ။ သာမန် ငွေလအဆင့်ဆိုလျှင် အမှုန့်ဖြစ်နေပြီ ဖြစ်သည် ။
လင်းမို့က ချက်ချင်းပြန်ထလာ၏ ။
' ငါ့ကိုငါ လျော့တွက်မိတာပဲ.. မဟာသခင်အဆင့်က ငါ့ကို သတ်ချင်ရင် လွယ်မယ်မထင်ဘူး.. ငါ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ နာနိုဝတ်စုံပေါင်းရင် ခုခံအားက မဟာသခင်အဆင့်လောက်ရှိနေတာပဲ.. '
သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ဒဏ်ရာက ချက်ချင်းပျောက်သွားသည် ။
" ဒါ.."
ကျစ်ထျန်း ဆွံ့အ သွား၏ ။ မီတာ ရာဂဏန်း လွင့်ထွက်သွားသော်လည်း ချက်ချင်းပြန်ထလာသည် ။ ဤသည်က မည်သို့နည်း ။ သူ အားကုန်အသုံးပြုလိုက်ခြင်းဖြစ်သည် ။
လင်းမို့က ငှက်မွှေးကို ဆက်လက် ထိန်းချုပ်၍ ပြန်တိုက်သည် ။
" သောက်ခွေး.. "
ကျစ်ထျန်းသည် ငှက်မွှေးကြောင့် ဒဏ်ရာ မပြင်းထန်သော်လည်း သူ့တစ်ကိုယ်လုံးတွင် အပေါက်များဖြင့် ပြည့်နေလေပြီ ။
" မင်းရဲ့ ခုခံအားက ဘာလို့ ဒီလောက်ကောင်းနေတာလဲ.. "
ကျစ်ထျန်းက လင်းမို့အား မယုံကြည်နိုင်စွာကြည့်လိုက်ပြီး...
" မင်း..နာနိုတိုက်ပွဲဝင် ဝတ်စုံ ဘယ်က ရထားတာလဲ.. "
လင်းမို့က ပြုံးလိုက်ပြီး...
" ခင်ဗျား ဘယ်လိုထင်လို့လဲ.. "
ကျစ်ထျန်း သတိရသွား၏ ။ Black Earth က နာနိုဝတ်စုံ ရသွားသည့်အကြောင်းကို မင်ကျင့် ပြောပြထားဘူးလေသည် ။ ဤမျှ အရေးပါသည့်အကြောင်းကို မည်သည့်အတွက်ကြောင့် သူမေ့နေရပါသနည်း ။ ထို့အပြင် လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူထင်ထားသည်ထက် များစွာပိုနေပုံရသည် ။ သူနှင့်ပင် သိပ်ကွာမည့်ပုံ မပေါ်ချေ ။ လင်းမို့က သူ့အား ဒုက္ခမပေးနိုင်သော်လည်း သူသည် လင်းမို့အား အချိန်တိုအတွင်း သတ်နိုင်မည် မဟုတ်ပေ ။ လင်းမို့၏ ခုခံနိုင်စွမ်းက သူနှင့် အတူတူလောက်ပင် ရှိနေသည် ။
" ဝေါ့.."
ကျစ်ထျန်း ဒေါသထွက်လွန်းသဖြင့် သွေးအန်လိုက်မိသည် ။ မဟာသခင်အဆင့်က ငွေလအဆင့်၏ ဖိနိုပ်ခြင်းကို ခံနေရသည်လော ။ သူလင်းမို့အား မသတ်နိုင်သော်လည်း လင်းမို့၏ ငှက်မွှေးကြောင့် သူ့တစ်ကိုယ်လုံး ဇကာပေါက် ဖြစ်နေလေပြီ ။
" သောက်ကျိုးနည်း ပြေးမှ.. "
ကျစ်ထျန်းသည် သတ်ရန် မဖြစ်နိုင်တော့မှန်းသိ၍ ပြေးရန်ပြင်လိုက်သည် ။ ကျောင်းအုပ်ထူတို့ ဝိုင်းလာနေမှန်း သိသော်လည်း ခွန်အားရှိသမျှသုံး၍ ထွက်ပြေးရပေမည် ။ လွတ်သည် မလွတ်သည်က နောက်ကိစ္စပင် ။ သူ မသေချင်တော့ပေ ။
" ဟေ့ သောက်အဘိုးကြီး ထွက်ပြေးတာလား.. "
လင်းမို့သည် ကျစ်ထျန်းနောက်သို့ သူပြေးလိုက်လျှင်ပင် မမီနိုင်မှန်းသိသည် ။ မီလျှင်ပင် သူသာ အရိုက်ခံရမည်ဖြစ်သည် ။ မသေနိုင်တော့မှန်း သိသော်လည်း အလကား အသားအနာမခံချင်ပေ ။