← Chapters

စိတ်ပျက်အားငယ်ခြင်း ၂

Vol. 19 Ch. 275

စိတ်ပျက်အားငယ်ခြင်း ၂

Vol. 19 Ch. 275

~

" ဟားဟား.. မင်းက ခုမှ ထွက်ပြေးချင်တာလား.. "

ကျောင်းအုပ်ထူက ဒေါသဖြင့် လှောင်ရယ်လိုက်ပြီး...

" ငါ့ တက္ကသိုလ်က မင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ နေရာ ထင်နေလားကွ.."

ကျောင်းအုပ်ထူနှင့် ကျန်လေးယောက်က ပြေးပေါက်ပိတ်ထားလိုက်သည် ။

ကျစ်ထျန်းသည် လင်းမို့ကြောင့် ဒဏ်ရာရရှိထားသဖြင့် မဟာသခင် ငါးယောက် ဝိုင်းတိုက်သည်ကို ကြာရှည် မခုခံနိုင်တော့ ။ တခဏအတွင်း သေဆုံးသွားသည် ။

မြေအောက်တိုက်ပွဲကြောင့် ကျန်းနန်တက္ကသိုလ်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါနေသော်လည်း ကံကောင်းထောက်မ၍ သေဆုံးသူမရှိခဲ့ ။

" သူသေသွားပြီ.. "

ကျောင်းအုပ်ထူတို့သည် တစစီဖြစ်သွားသော ကျစ်ထျန်း၏ အလောင်းကိုကြည့်၍ ဝမ်းသာနေကြ၏ ။ မြေအောက်တိုက်ပွဲဖြစ်သဖြင့် တော်သေးသည် ။ မြေပြင်အပေါ်တွင်သာ တိုက်ပွဲဖြစ်ပါက ကျန်းနန်တက္ကသိုလ်တွင် အသေအပြောက်များပေမည် ။

ကျောင်းအုပ်ထူသည် လင်းမို့ဆီသို့ လျောက်သွားလိုက်ပြီး...

" ဟားဟားဟား.. မင်းကို လင်းမို့လို့ခေါ်ရမှာလား.. Black Earth လို့ခေါ်ရမှာလား.. "

**

အဆင့်မြင့် ကျွမ်းကျင်သူများ၏ တိုက်ပွဲက မြန်ဆန်လှသဖြင့် တိုက်ပွဲအစမှ အဆုံးအထိ စက္ကန့်အနည်းငယ်သာ ကြာလိုက်သည် ။

သိုင်းအဆင့်နိမ့်သော ကျောင်းသားများမှာ မည်သို့မည်ပုံ ဖြစ်သွားသည်ကို မသိကြ ။ ကျောင်းအုပ်ထူ ရှင်းပြလိုက်မှသာ နားလည်သွားကြသည် ။

ထို့နောက်တွင်တော့ ကျန်းနန်တက္ကသိုလ် တစ်ခုလုံး အံ့အားသင့်သည့် အသံများနှင့် ဖုံးလွှမ်းသွားတော့သည် ။

" ဘာ.. လင်းမို့က Black Earth တဲ့လား.."

" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ငါ နားကြားလွဲတာဖြစ်မယ်.. "

" သောက်ကြောင်.. ကျောင်းအုပ်ကိုယ်တိုင်လည်းပြောတယ် လင်းမို့လည်း ဝန်ခံနေတာကို မဖြစ်နိုင်ပဲ နေမလားကွ.."

" လင်းမို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၆ အထွတ်အထိပ်ရောက်နေပြီတဲ့ သူ လူမှ ဟုတ်ရဲ့လား.. "

" လင်းမို့က Black Earth လား.. "

" ငါအရင်ထဲကပြောသားပဲ လင်းမို့ ရဲ့ နောက်စာလုံး မိုက Black Earth ပါဆို.. "

" အော်.. နောက်စာလုံး မိုပါတဲ့သူတွေ ရိုက်သတ်လို့တောင် ကုန်မှာမဟုတ်ဘူး.. ဒီနှစ်ထဲကဆို ကျန်းပေ့က ပါရမီရှင်တစ်ယောက်နာမည်ကလဲ ဆူမို ပဲ.. "

" လင်းမို့က Black Earth နာမည်နဲ့ ရှေးဦးစကြာဝဠာ ထဲမှာ သောင်းကြမ်းနေမယ်လို့ ဘယ်သူထင်မှာလဲ.. "

" ငါအရင်က လင်းမို့ရဲ့ ရှေးဦးစကြာဝဠာ နာမည်ကို White Cloud ထင်ထားတာ.. "

" ဘာအဓိပ္ပါယ်လဲ .."

" ဘာလို့လဲ.."

" ငါလဲ မသိဘူးလေ ထင်တာပြောတာ.. "

" လင်းမို့သာ Black Earth ဆို ဘယ်သူက သူ့ကို အနိုင်ယူနိုင်တော့မလဲ .. ခန္ဓာကိုယ် ပါရမီ.. တိုက်ခိုက်ရေးစွမ်းရည်ပါရမီ.. စိတ်စွမ်းအားရှင်.. စိတ်ထိန်းချုပ်သူ.. သူ့မှာ အားနည်းချက်မရှိတော့ဘူး.. "

ကျောင်းသားအားလုံး ထိတ်လန့်သွားကြ၏ ။ လင်းမို့၏ ပါရမီက အစစ်အမှန်ပြိုင်ဘက်ကင်း နေသည် ။

**

" လင်းမို့က Black Earth လား.. "

ထောင့်တစ်ခုတွင် ထိုင်နေသော ဆရာဝေ့ တစ်ယောက် အလွန်အံ့သြသွားခဲ့သည် ။ သူ Black Earth အား တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်ရန် တိုက်တွန်းဖူးပေသည် ။ ဆင်းရဲသားတစ်ယောက်က သူ၏ ဝင်ငွေကို သူဌေးတစ်ယောက်အား ကြွားပြခြင်းနှင့်ပင် တူနေ၏ ။ ရှက်စရာကောင်းလှသည် ။

သူ လင်းမို့အား တိုက်ခိုက်ရေးစွမ်းရည် အမြန်တိုးတက်စေရန် လေ့ကျင့်နည်း မေးချင်သော်လည်း မမေးရဲပေ ။ ဆရာတစ်ယောက်အနေနှင့် မေးရမည်က ရှက်စရာကောင်းလှ၏ ။

' ဟူး.. လင်းမို့ရဲ့ အတန်းပိုင်ဆရာ လုပ်ရတာလဲ မလွယ်ပါလား.. '

ကျောင်းသားသစ်က တစ်လအတွင်း ဆရာ၏ ခွန်အားကိုကျော်လွန်၍ မဟာသခင်အဆင့်နှင့် ယှဥ်ချနေလေပြီ ။

' ဒါပင်မယ့် ဘာပဲဖြစ်ဖြစ် ငါက လင်းမို့ရဲ့ ဆရာပဲ.. '

ဆရာဝေ့သည် တွေးရင်း မျက်လုံးများတောက်ပလာ၏ ။

' လင်းမို့ ဘယ်အဆင့်ရောက်ရောက် ငါဆရာ ဖြစ်ခဲ့ဖူးမှာပဲ.. '

ဆရာဝေ့ စိတ်လှုပ်ရှားသွားသည် ။

' လင်းမို့က မဟာသခင်ဖြစ်ရင်.. မဟာသခင်ရဲ့ ဆရာဖြစ်မယ်.. လင်းမို့က စစ်နတ်ဘုရားဖြစ်ရင် စစ်နတ်ဘုရားရဲ့ ဆရာဖြစ်မယ်.. '

ဆရာဝေ့သည် သူ့ကိုယ်သူ ရှေးခေတ်က မင်းဆရာကဲ့သို့သော အဆင့်မျိုး ရောက်နိုင်ကြောင်း သိလိုက်ရ၏ ။

**

ဆရာဝေ့၏ မလှမ်းမကမ်းရှိ ဟောက်ရန်၏ အမူအရာမှာ အလွန်ထူးဆန်းနေ၏ ။

' အကိုမို့က အကိုBlack Earth လား.. '

Black Earth က သူ့အား ဂိမ်းခေါ်ဆော့ခဲ့သည့် အကြောင်းကို ယခုမှ နားလည်သွားသည် ။ အကိုမို့ ဖြစ်နေ၍သာ သူ့လိုအမှိုက်ကို လူရာဝင်စေရန် ခေါ်ဆော့ပေးခြင်းပင် ။ Black Earth သာ လင်းမို့ မဟုတ်ပါက သူ့အား ခေါ်ဆော့သည်ထက် ကောင်မလေး သုံးယောက်ကို ခေါ်၍ ပျော်ပါးနေလောက်မည်ပင် ။

' အခုအကိုမို့ ကြောင့် ကျန်းနန် တက္ကသိုလ်မှာ ငါဆရာကြီး လုပ်လို့ရပြီ.. အကိုမို့သာ စစ်နတ်ဘုရားဖြစ်ရင် ရှားနိုင်ငံ တစ်ခုလုံးမှာ ဆရာကြီးလုပ်လို့ရပြီ..ငါ့ကို ဘယ်သူက မလေးစားဘဲ နေရဲမှာလည်း.. '

ဟောက်ရန်သည် သူကိုယ်တိုင်က ငါးဆားနယ် တစ်ကောင်ဖြစ်သော်လည်း ဘုန်းကံတောက်ပတော့မည့် အချိန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရ၏ ။ လင်းမို့ အဆင့်မြင့်လာတိုင်း သူ၏ အဆင့်အတန်းသည် ပိုမိုမြင့်မား လာပေတော့မည် ။

' ငါ့ကိုငါ အရင်ဆုံး ဓားကြီးနဲ့ ဂုဏ်ပြုရမယ်.. "

ဟောက်ရန် တွေးလိုက်သည် ။

**

ကျစ်ထျန်း သေသွားပြီနောက် ကိုယ်စားလှယ်အဖွဲ့မှလူများ အကုန်အဖမ်းခံလိုက်ရသည် ။

အားလုံး အေးချမ်းပျော်ရွှင်နေကြသည့် အချိန်တွင် သေမင်းအငွေ့အသက် ဖုံးလွှမ်းနေသည်ကိုတော့ မည်သူမှ သတိမထားမိကြ ။

" လင်းမို့က Black Earth လား.. "

ကျန်းနန်တက္ကသိုလ်နှင့် ဆယ်ကီလိုကျော် ကွာဝေးသည့် နေရာတစ်ခုမှ အလွန်အစွမ်းထက်သော စိတ်အာရုံတစ်ခုသည် ကျန်းနန်တက္ကသိုလ် တစ်ခုလုံးအား တိတ်တဆိတ် စောင့်ကြည့်နေ၏ ။

All Chapters