သေဆုံးခြင်းနတ်ဘုရား ရောက်ရှိလာခြင်း
Vol. 19 Ch. 276
ချယ်ရီပန်း နိုင်ငံ၏ ဒဏ္ဍာရီတွင်ခဲ့ဖူးသူ မဟာသခင်ကျေးရွာ၏ ရွာသူကြီး ပင်ဖြစ်သည် ။
ရွာသူကြီး ငယ်စဥ်က ဂြိုလ်ပြာ၏ ၄ ယောက်မြောက် သာလွန်စစ်နတ်ဘုရားအဖြစ် ထင်ကြေးပေးခံခဲ့ရသော်လည်း သာလွန်စစ်နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်ခဲ့ ။ ချယ်ရီပန်းနိုင်ငံက နိုင်ငံငယ်လေးဖြစ်သဖြင့် လုံလောက်အောင် ထောက်ပံ့မပေးနိုင်ခဲ့သည့်အပြင် သူ၏ ပါရမီကလည်း ထင်သလောက် မကောင်းမွန်ခဲ့ချေ ။
ရွာသူကြီး၏ ခွန်အားက စစ်နတ်ဘုရား အထွတ်အထိပ်အဆင့်တွင် တစ်ဆို့နေသည်မှာ ကြာလှလေပြီ ။ သို့သော်လည်း ဂြိုလ်ပြာတစ်ခုလုံးတွင် သူ့ထက် ခွန်အားကြီးသူမှာ စူပါနိုင်ငံကြီး သုံးခုမှ သာလွန်စစ်နတ်ဘုရား သုံးယောက်သာ ရှိသည် ။
ရွာသူကြီးသည် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၈ အထွတ်အထိပ်တွင် ရှိပြီး သူ၏ လက်သီးပြင်းအားမှာ တန် ၃၀၀၀၀၀ ကျော်ရှိသဖြင့် ဂြိုလ်ပြာ၏ လက်နက်များက သူ့ကို အန္တရာယ်လုံးဝ မပေးနိုင်တော့ချေ ။
ဤကဲ့သို့ စွမ်းအားကြီးသူ တစ်ဦးက ကျန်းနန်တက္ကသိုလ်အနီးတွင် ခိုးကြောင်ခိုးဝှက်ပေါ်ထွက်လာသည် ။
' လင်းမို့က Black Earth ဖြစ်နေမယ်လို့ ငါလုံးဝ ထင်မထားမိဘူး.. '
ရွာသူကြီးသည် သူ့ဘဝသက်တန်းတစ်လျောက် ပါရမီရှင်များစွာ မြင်ဖူးသော်လည်း လင်းမို့ကိုကြည့်၍ ထိတ်လန့်မိနေဆဲပင် ။ မင်ကျင့်က လင်းမို့နှင့် ပါရမီချင်းယှဥ်လျှင် များစွာအားနည်းနေသည်ပို သူဝန်ခံရပေတော့မည် ။ လင်းမို့ ရှိနေလျှင် အုပ်ထိန်းသူ၏ အမွေကို မည်သူမှ ယှဥ်လုနိုင်တော့မည်မဟုတ် ။
' ဒါပင်မယ့်..'
ရွာသူကြီး၏ အကြည့်များ အေးစက်သွားသည် ။
' အုပ်ထိန်းသူရဲ့ အမွေကို ရမယ့်သူက ငါတို့နိုင်ငံကပဲ ဖြစ်ရမယ်.. '
ကျစ်ထျန်း မအောင်မြင်၍ သူကိုယ်တိုင်လုပ်ရပေတော့မည် ။ ဆယ်ကီလိုအကွာအဝေးကို ကျော်လွန်၍ လင်းမို့ထံသို့ ချက်ချင်းရောက်နိုင်သလို ဘေးမှ ကာကွယ်ထားသော မဟာသခင် ငါးယောက်သည်လည်း သူ့အတွက် ပုရွတ်စိတ်များသာဖြစ်သည် ။
' ငါ ဒီလို လာမိတာ ကံကောင်းသွားတယ်.. မဟာသခင်က လင်းမို့ကို မသတ်နိုင်ဘူးလို့ ဘယ်သူထင်မလဲ.. '
ရွာသူကြီး သည် ရှားနိုင်ငံ အတွင်းသို့ ခိုးဝင်နေခြင်းမှာ လင်းမို့အတွက်မဟုတ်ပေ ။ လင်းမို့ သေဆုံးလျှင် ရှားနိုင်ငံ မဟာသခင်ခန်းမ၏ ခေါင်းဆောင် သာလွန်စစ်နတ်ဘုရားက ချယ်ရီပန်းနိုင်ငံကို လက်စားချေပေတော့မည် ။ ရွာသူကြီးက ချယ်ရီပန်းနိုင်ငံ၏ အသန်မာဆုံးဖြစ်သဖြင့် အရင်ဆုံးအသတ်ခံရမည်မှာ သေချာလှပေသည် ။ ထို့ကြောင့် ကျန်းနန် မြို့သို့ လာပုန်းနေခြင်းပင် ။ အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးပင်ဖြစ်သည် ။
' လင်းမို့ သေကိုသေရမယ်.. '
ရွာသူကြီးက စိတ်အာရုံဖြင့် လင်းမို့အား အဆက်မပြတ် စောင့်ကြည့်နေ၏ ။
' လင်းမို့က Black Earth ဆိုတော့ လင်းမို့သေရင် မင်ကျင့်အတွက်ပြိုင်ဘက် မရှိတော့ဘူး.. '
ရွာသူကြီးသည် အုပ်ထိန်းသူ ခေါ်ထားသော ပါရမီရှင်ကို မေ့နေ၏ ။ ရှားနိုင်ငံမှ လူတစ်ယောက်အား အုပ်ထိန်းသူက ခေါ်ထားသည်ဟု သတင်းများ ထွက်ပေါ်စဥ် လူတိုင်းက Black Earth ဟုသာ ထင်နေခဲ့ကြ၏ ။ ယခု Black Earth မဟုတ်မှန်း သိသော်လည်း ထိုပါရမီရှင်ကို သူမေ့နေလေပြီ ။
သို့သော်လည်း ကျိုးချန်ဟူသည့် ပါရမီရှင် ရှိနေသေးကြောင်း သူသိလျှင်ပင် လင်းမို့အား သတ်အုံးမည်ပင် ။ လင်းမို့သေလျှင် မင်ကျင့်အမွေဆက်ခံနိုင်မည့်အခွင့်အလမ်း ပိုများလာပေမည် ။
" သြော်လင်းမို့ လင်းမို့ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ဒီလို ပါရမီမျိုးပါလာတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်လိုက်တော့ .."
ရွာသူကြီးက ရေရွတ်ပြီးသည်နှင့် ခွန်အားများ ပေါက်ကွဲထွက်လာ၏ ။
" ဝုန်း.."
ဆယ်ကီလို အကွာအဝေးက သူ့အတွက် တစ်စက္ကန့်သာ ကြာသည်ဖြစ်၍ လင်းမို့အား မည်သူ ကာကွယ်နိုင်တော့မည်နည်း ။
**
ကျန်းနန် တက္ကသိုလ် တစ်ခုလုံး ပျော်ရွှင်တက်ကြွနေကြ လေသည် ။
မဟာသခင်ငါးယောက် ၏ အလယ်တွင် လင်းမို့က ရပ်နေပြီး ဝိုင်းရံထားသူများပြားလှသည် ။
ကျန်းမိသားစုမှ မိသားစုဝင်များသည် မည်သည့်နေရာတွင်ဖြစ်စေကာမူ ဂုဏ်ထူးဆောင် ဧည့်သည်များ ဖြစ်သော်လည်း ယခု အနားပင် ကပ်ခွင့်မရပေ ။
သူတို့ အတင်းတိုး မဝင်ရဲကြ ။ မဟာသခင်များကြားတွင် မည်သို့ အတင်းတိုးဝင်နိုင်ပါမည်နည်း ။ ကျန်းမိသားစု၏ အစစ်အမှန်ခေါင်းဆောင် မဟာသခင် လာပါမှ ဤသို့ အခွင့်အရေးမျိုး ရှိနိုင်ပေမည် ။
ကျန်းကျင့်က ဤသည်ကို တွေးပြီး ဒေါသထွက်လာ၍ သူ့သားနှစ်ယောက်ကို ပါးရိုက်ပစ်လိုက်သည် ။
" ဖြောင်း...ဖြောင်း..."
" ခွားမသေး နှစ်ကောင်.. မင်းတို့ အလုပ်ကို သောက်သုံးကြအောင်လုပ်ရင် ဒီလို ဖြစ်လာမှာမဟုတ်ဘူး.. "
ကျန်းယွင်ရှန်နှင့် ကျန်းယွင်ဟိုင်တို့ အတွန့်မတက်ရဲပဲ ခေါင်းငုံ့ထားလိုက်ကြသည် ။
**
လူအများ မေးသမျှကို ဖြေကြားနေရသော လင်းမို့သည် ရုတ်တရက် တစ်စုံတစ်ခုကို ဝေဝေဝါးဝါး ခံစားမိလိုက်၏ ။
' ထူးဆန်းလိုက်တာ.. '
လင်းမို့ မျက်မှောင်ကြုပ်လိုက်မိသည် ။
' ငါ ဘာလို့ မသက်မသာ ခံစားနေရတာလဲ.. '
သူ့အား သားရဲကြီးတစ်ကောင်က စိုက်ကြည့် နေသလို ခံစားနေမိ၏ ။ ထိုသားရဲအား မမြင်ရသော်လည်း ယောင်ဝါးဝါး ခံစားမိပေသည် ။ ထိုခံစားချက်က ဆဌမ အာရုံ ကြောင့်ပင် ။
' ခုငါ့အနားမှာ မဟာသခင်ငါးယောက် ရှိနေတာပဲ.. ဘယ်သူက လာလုပ်ကြံရဲမှာလဲ.. '
ထိုအခိုက်...
" ဝုန်း..."
လင်းမို့၏ အမြင်တွင် ကောင်းကင်တစ်ခုလုံး ရုတ်တရက် မဲမှောင်သွားသည် ။
ကောင်းကင်က အမှန်တကယ် မဲမှောင်သွားခြင်းမဟုတ်ဘဲ ကြီးမားသည့် ဖိအားကြောင့် ထိုသို့ ခံစားမိလိုက်ခြင်းပင် ။
" ငါ.."
လင်းမို့ ကြောက်လန့်သွားသည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၆ အထွတ်အထိပ်တွင် ရှိသော်လည်း လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်တော့ချေ ။
အဆုံးမဲ့ အမှောင်ထုထဲတွင် အချိန်များပင် ရပ်တန့်သွားသယောင် ထင်ရပေသည် ။ ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်နေပြီး မဟာသခင်များကို မှေးမိန်သော ကြယ်အလင်းများသဖွယ် မြင်နေရ၏ ။
ထိုအခိုက်အတန့် ကောင်းကင်ထက်၌ သွေးလ တစ်စင်း ထွက်ပေါ်လာပြီး မဟာသခင်အဆင့်များ၏ အလင်းရောင်ထက် များစွာပို၍ အားကောင်းသည်ကို လင်းမို့ မြင်လိုက်ရသည် ။
' ဘာကြီးလဲ.. '
လင်းမို့သည် ထိုအရာက ဘာမှန်းမသိသော်လည်း သူ့ကို သတ်ချင်နေသည့် အော်ရာကို ခံစားမိလေသည် ။ သို့သော်လည်း သူမလှုပ်နိုင်တော့ ။ သွေးလ သက်ဆင်းလာသည်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေလိုက်ရတော့သည် ။