← Chapters

ပုလဲမှုန် အစည်းအရုံးဗိမ္မာန်

Vol. 1 Ch. 11

ပုလဲမှုန် အစည်းအရုံးဗိမ္မာန်

Vol. 1 Ch. 11

နာမည်အတိုင်းပင် အသုံးမဝင်သောဆေးများသည် ဖော်စပ်၍သာရနိုင်ပြီး အသုံးပြု ရန်မသင့်တော်သော အမျိုးအစားများဖြစ်ကြသည်။

အကြီးအကဲလျှို သည် သူ ပြီးခဲ့တဲ့နေ့ကရရှိခဲ့သော မြေကမ္ဘာအဆင့် ဆေးလုံးနှစ်လုံးသည် ကျန်းရီမှ အတွင်းအား အစနှစ်ခုကို ထည့်သွင်းမိလိုက်သဖြင့် ဖြစ်ပေါ်လာခြင်းအား မသိခဲ့ပေ။ သူသည် အခြားပါဝင်ပစ္စည်းများကိုမတော်တဆထည့်မိပြီး မူရင်းဆေးဖော်နည်းကို မတော်တဆ ပြောင်းလဲမိလိုက်သဖြင့် မရည်ရွယ်ဘဲ မြေကမ္ဘာအဆင့်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်ဟု ယူဆနေခဲ့သည်။ အဂ္ဂိရတ်ထိုးခြင်းသည် အလွန်ခက်ခဲလှသော အလုပ်ဖြစ်သည်။ ဆေးဖော်စပ်နည်းတွင်အသုံးပြုသော ပါဝင်ပစ္စည်းများသည် မနည်းလွန်း မများလွန်းဘဲ တိကျရမည်။ ပါဝင်ပစ္စည်းတိုင်းသည် အနီးစပ်ဆုံး ငါးဂရမ်ခန့်ရှိရမည်။ အရည်ကျိုရမည့်အချိန်၊ ဆေးလုံးဖွဲ့စည်းမည့်နည်းလမ်း၊ ပုံသွင်းသောဖြစ်စဉ်တို့ အားလုံးသည် တိတိကျကျနှင့် ပြီးဆုံးသွားရမည်။ သို့မဟုတ်ပါက အသုံးမဝင်သော ဆေးလုံးသာ ရလာလိမ့်မည်။

အကြီးအကဲလျှို ယနေ့ဖော်စပ်နေသောနည်းသည် ပြီးခဲ့သည့်နေ့ကအသုံးပြုခဲ့သော ဝိဉာဏ်အားဖြည့်ဆေးဖော်နည်း အပေါ် အခြေခံထားသည်။ သို့သော်လည်း သူဖော်စပ်သည့်အချိန်တိုင်းတွင် သူသည် အခြားဆေးပစ္စည်းတစ်မျိုးကို ထပ်ပေါင်းထည့်နေခဲ့သည်။ အဖြေသည်ကား အသေးစိတ်ပင် ပြောနေစရာမလို...  အမြင့်စားအဆင့် အဆင့်မြင့်ဝိဉာဏ် အားဖြည့်ဆေးများ ဖြစ်လာဖို့ နေနေသာသာ ဆေးအားလုံးသည် အသုံးမဝင်သော အရာများဖြစ်သွားကြသည်။ မြေကမ္ဘာအဆင့်ဆေးများ ဖြစ်လာနိုင်ချေ လုံးဝမရှိဘူး ဟုတောင်ပြော၍ရသည်။ အဂ္ဂိရတ် ပညာရှင်တစ်ဦးသည် သူဖော်စပ်လိုက်သော ဆေးများကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရသည်။ အသုံးမဝင်သော ဆေးတစ်လုံးသည် အကန့်အသတ်မဲ့သော ဆေးအာနိသင်များ ပါဝင်နေမည်ဆိုလျှင်တောင် သူ၏ဂုဏ်သတင်းကိုထိခိုက်နိုင်သည့် အလားအလာရှိသောကြောင့် ထိုဆေးမျိုးကို ဘယ်တော့မှ မဖော်စပ်သင့်ပေ။

အသုံးမဝင်သောဆေး၏ အာနိသင်သည် မေးခွန်းထုတ်စရာဖြစ်လာလျှင် ၎င်းကို သုံးစွဲပြီး ဖြစ်ပေါ်လာမည့်အကျိုးဆက်များသည် ဆေးဖော်စပ်သူ၏ဂုဏ်သတင်းကို တစ်သက်လုံးစွန်းထင်းသွားပေလိမ့်မည်။

ကျန်းရီသည် ဤအကြောင်းအရာနှင့်ပတ်သက်၍ လုံးဝနားမလည်ခဲ့ပေ။ ဤအချိန်တိုလေးအတွင်းတွင် ဆေးဘယ်လိုဖော်စပ်ရမည်ဆိုတာကို မသင်ယူနိုင်သောကြောင့် အဂ္ဂိရတ်ဌာနရှိ ဆေးတစ်လုံးတစ်လေကိုမှ မထိရဲခဲ့ပေ။ သူသည် အသုံးမဝင်သောဆေးများကို အသုံးပြုရန်မှတစ်ပါး အခြားရွေးစရာမရှိတော့ချေ။

တစ်ခါလောက်ကြိုးစားကြည့်ရန် သူ့စိတ်ကို မဆုံးဖြတ်ရသေးခင် သက်ပြင်းရှည်ကြီးတစ်ချက် ချခဲ့သည်။ သူ ဖန်းယွီ ဆောင်ကြာမြိုင်တွင် အပေါင်အဖြစ် ထားခဲ့သော အမိန့်ပေးတံဆိပ်ပြားသည် သူ့လည်ပင်းပေါ်တွင် ဓားသွားတစ်ခု တင်ထားရသလိုမျိုး သူ့စိတ်ကိုလှိုက်စားနေခဲ့သည်။ သူ့ကိုအသက်ပင်မရှူနိုင်အောင် ဖိအားပေးနေခဲ့သည်။

နေ့လည်စာ မစားတော့ဘဲဆယ်လုံး သို့မဟုတ် ပို၍များသော အသုံးမဝင်သောဆေးများကို အရင်စုဆောင်းရန် သူဆုံးဖြတ်ခဲ့သည်။ အကြီးအကဲလျှိုသည် တစ်မနက်လုံး စမ်းသပ်မှုများကိုသာ လုပ်နေသောကြောင့် ဆေးပင်အများကြီးကို မသုံးစွဲခဲ့ပေ။ သို့နှင့် ဆေးပေါင်းအိုးတိုင်းသည် ဆေးသုံးလေးလုံးခန့်သာ ပါဝင်ခဲ့သည်။

ကျန်းရီသည် အဂ္ဂိရတ်ဌာနကို သန့်ရှင်းရေးလုပ်နေသယောင် ဟန်ဆောင်နေခဲ့သည်။ အကြီးအကဲလျှို ပြန်မလာသည်ကို စောင့်ကြည့်ပြီးနောက်တွင်တော့ သူချက်ချင်း လှုပ်ရှားလာခဲ့သည်။ သူသည် ဆေးလုံးသုံးလုံးကို ထုတ်ယူခဲ့ပြီး ဆေးပေါင်းအိုးငယ်တစ်ခုထဲသို့ ပစ်ထည့်လိုက်သည်။ထို့နောက်တွင် အကြီးအကဲလျှို ကို အတုခိုး၍ ဆေးပေါင်းအိုးငယ်ကို မီးသွေးနှင့် အပူပေးခဲ့သည်။ တစ်ခဏမျှ စောင့်ပြီးနောက် သူသည် အပြာရောင်အတွင်းအားများကို ဖြည်းဖြည်းချင်း ထည့်သွင်းခဲ့သည်။ ထိုအတွင်းအားများမှတစ်ဆင့် ဆေးပေါင်းအိုးထဲမှ အခြေအနေများကို သူအာရုံခံနေခဲ့သည်။

"ဟုတ်ပြီ၊အောင်မြင်တော့မယ်..ငါဆက်ကြိုးစားရမယ်.."

ကျန်းရီသည် တစ်မနက်သာ စူးစမ်းလေ့လာခဲ့ရသေးသည်။ထို့ကြောင့် ဆေးဖော်စပ်နည်းများနှင့် အရမ်းမကျွမ်းဝင်ခဲ့သေးပေ။ ဆေးပေါင်းအိုး၏ အတွင်းဘက်သည် ပွက်ပွက်ဆူလာခဲ့ပြီး အသုံးမဝင်သော ဆေးနှစ်လုံးသည်လည်း ပူလာခဲ့ပြီး သူ၏ အပြာရောင်အတွင်းအားကို စုပ်ယူနေပြီဖြစ်ကြောင်း သူအာရုံရသောအခါ အနက်ရောင်အတွင်းအား အမျှင်လုံးတစ်ခုကို ချက်ချင်းလှည့်ပတ်စေလိုက်ပြီး ဆေးပေါင်းအိုးအထဲသို့ ထည့်သွင်းခဲ့သည်။

"ဗုန်း"

ဆေးပေါင်းအိုးတစ်ခုလုံးသည် ပြင်းထန်သော လှိုင်းတစ်ခု၏ အားနှင့် တုန်ခါသွားခဲ့ပြီး ကျန်းရီသည်လည်း လဲကျသွားခဲ့သည်။ သူ့မျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ အဲဒီ့နေ့က ဖော်စပ်ခဲ့သော မြေကမ္ဘာအဆင့်ဆေးနှစ်လုံးသည် မူရင်းဆေးများ ပေါက်ကွဲပြီးနောက်တွင်မှ ရရှိလာခဲ့ခြင်း မဟုတ်ပါလား

သူအလျှင်အမြန်ထလိုက်ပြီး ဆေးပေါင်းအိုးအဖုံးကိုဖွင့်ကာ အထဲကိုကြည့်လိုက်သည်။ သို့သော်လည်း သူမနေနိုင်ဘဲ ခါးသက်စွာရယ်လိုက်မိတော့သည်။ ဆေးပေါင်းအိုးထဲရှိ အသုံးမဝင်သောဆေးနှစ်လုံးသည် အပိုင်းပိုင်းအစစ ဖြစ်သွားသည်အထိ ပေါက်ကွဲသွားခဲ့ပြီဖြစ်သည်...

"ငါဒါတွေကို ဘယ်လိုများလုပ်လိုက်တာလဲ"

ကျန်းရီသည် စိတ်ရှုပ်နေခဲ့သည်။ ဆေးများသည် ပြန်လည်အပူပေးပြီးမှ သန့်စင်ထုတ်ယူရသည်ဟု သူယခင်ကကြားခဲ့ဖူးသည်။ သို့သော် ထိုထူးဆန်းသောဖြစ်စဉ်ကို ဘယ်လိုလုပ်ဆောင်ရမည်ဆိုတာ သူမသိခဲ့ပေ။ ဆေးဖော်စပ်သောလုပ်ငန်းကို တစ်မနက်မျှသာလေ့လာပြီး ပြန်လည်အပူပေးခြင်းနှင့် ဆေးသန့်စင်ထုတ်ယူနိုင်သွားလျှင် သူသည် အဂ္ဂိရတ်ပညာတွင် ပါရမီရှင် ဖြစ်လောက်ပြီဖြစ်သည်။... .

ဖြစ်ရပ်တစ်ခုလုံးကို တစ်ခနမျှ အသေအချာ သုံးသပ်ပြီးနောက် သူသည် ဆေးလုံးသုံးလုံးကို ထပ်ပစ်ထည့်လိုက်ပြန်သည်။ ထို့နောက် မီးသွေးကိုသုံး၍ ဆေးပေါင်းအိုးကိုအပူပေးကာ အပြာရောင်အတွင်းအားများ အဆက်မပြတ်ပို့လွှတ်နေခဲ့သည်။ ဒီတစ်ကြိမ်ရလဒ်သည် ဆေးများမပေါက်ကွဲခဲ့ပေ။ အဖုံးကိုမ၍ သူကြည့်လိုက်သောအခါ အတွင်းရှိဆေးများသည် မူလပုံစံအတိုင်း မပျက်မယွင်း ရှိနေသည်ကို သူတွေ့ခဲ့ရသည်။

"ငါဘာလို့တခြားဆေးမှုန့်တွေထည့်ပြီး မစမ်းသပ်ခဲ့ရတာလဲ"

ကျန်းရီသည် ပြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်ကာ အချိန်တော်တော်ကြာအောင် စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင်တော့ အဆင်ပြေသလို စမ်းသပ်ရန်သာ ဆုံးဖြတ်ခဲ့လိုက်သည်။ ထို့အပြင် ဤအသုံးမဝင်သော ဆေးလုံးများသည် အကျိုးလုံးဝမပေးခဲ့ပေ။ ထို့အပြင် သူဆေးဖော်စပ်လိုက်တိုင်း သူ၏ အနက်ရောင်အတွင်းအားများကို ဖြုန်းတီးနေခဲ့မိသည်။

သူသည် ဆေးဝါးဆိုင်ရာပစ္စည်းများ သိုလှောင်ခန်းမှ ဆေးမှုန့် အချို့ကို လက်လှမ်းမှီရာ ယူလာခဲ့ပြီး ဆေးပေါင်းအိုးထဲကို ဖြူးချခဲ့သည်။ ထို့နောက်တွင်တော့ အသုံးမဝင်သောဆေးလုံးသုံးလုံးကို ပစ်ထည့်ခဲ့သည်။ အပူချိန်မှန်အောင် အပူပေးပြီး အပြာရောင်အတွင်းအားများကိုလည်း ပို့လွှတ်ခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် စိတ်ခိုင်ခိုင်ထားကာ အနက်ရောင်အတွင်းအား အမျှင်လုံးနှစ်ခုကို ထည့်သွင်းခဲ့လိုက်သည်။

"ဗုန်း"

ဆေးပေါင်းအိုးတစ်ခုလုံးသည် နောက်တစ်ကြိမ်ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြန်သည်။ အဖုံးကိုမပြီး ကြည့်လိုက်သောအခါ သူ၏အမူအရာသည် ဒေါသနှင့် အသားများ တဆတ်ဆတ်တုန်နေသည့် ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ အထဲတွင်ရှိသော ဆေးလုံးသုံးလုံးမှ ထပ်မံထည့်လိုက်သော ဆေးအကောင်းနှစ်လုံးသည်လည်း လုံးဝပေါက်ကွဲသွားခဲ့ပြီး အပိုင်းပိုင်းအစစ များ ဖြစ်နေခဲ့ပြီဖြစ်သည်။ အိုးထဲတွင် ဆေးတစ်လုံးမှ ကျန်မနေခဲ့တော့ချေ... ... .

"သေစမ်း ငါဘယ်လိုလုပ်လိုက်ပြန်ပြီလဲ"

ကျန်းရီသည် ကြမ်းပြင် ပေါ်တွင် တင်ပျဉ်ချိတ်ထိုင်ချလိုက်ကာ ဖြစ်ခဲ့သည်များကို ပြန်လည်စဉ်းစားနေခဲ့သည်။ သူအတော်လေးကြာအောင် စဉ်းစားပြီးသော်လည်း သူဘာလုပ်ရမည်ကို လုံးဝ အဖြေမရှာနိုင်ခဲ့ပေ။ ရုတ်တရက် သူ့မျက်လုံးများပွင့်လာခဲ့သည်။ သူ့နဖူးသူရိုက်လိုက်ကာ မတ်တပ်ရပ်ပြီး ဘေးခန်းအတွင်းသို့ ဝင်သွားလိုက်သည်။

ဘေးခန်းအတွင်းရှိ စာအုပ်စင်ပေါ်တွင် ဆေးဖော်စပ်နည်း စာအုပ်များစွာရှိသည်။ ဆေးကို ပြန်လည်အပူပေးပြီး သန့်စင်ထုတ်ယူနိုင်မည့်နည်းလမ်းကို သူရှာတွေ့ကောင်းရှာတွေ့နိုင်ပါရဲ့။

"ရပြီ"

ခက်ခဲသောအညွှန်းစာအုပ်ငါးအုပ်ခြောက်အုပ်လောက်ကို အမြန်ဖတ်ရှူပြီးနောက် အဂ္ဂိရတ် သန့်စင်ထုတ်ယူခြင်း အကြောင်း ရိုးရှင်းသောအညွှန်းတစ်ခု သူရှာတွေ့ခဲ့လေသည်။ စာအုပ်၏ စာမျက်နှာအနည်းငယ်ကို တဖျတ်ဖျတ် လှန်လိုက်ပြီးနောက် ဆေးကို ပြန်လည်အပူပေးခြင်းအတွက် မှန်ကန်သောနည်းလမ်းကို သူတွေ့ရှိခဲ့လေသည်။

"အဲဒီ့တော့ ဆေးကို ပြန်လည်အပူပေးခြင်း နည်းလမ်းက တိဟွမ်ဆေးမှုန့်လိုမျိုး အားပျော့တဲ့ ဆေးပစ္စည်း တစ်ခုခု ထပ်ပေါင်းထည့်ဖို့ လိုတာပေါ့"

ကျန်းရီသည် သူဘာလုပ်ရမယ်ဆိုတာကို ချက်ချင်းသိသွားခဲ့သည်။ သူသည် "ဆေးပင်များမှတ်တမ်း" စာအုပ်ကို ကောက်ယူကာ ဆေးပစ္စည်းများ ထားရာအခန်းသို့ တိဟွမ်ဆေးမှုန့် ရှာဖွေရန်သွားခဲ့လိုက်သည်။ သူသည် တိဟွမ်ဆေးမှုန့်များကို မြန်ဆန်စွာပင် ကြွေအိုးတစ်လုံးထဲတွင် တွေ့ရှိခဲ့သည်။ ထို့နောက်တွင်တော့ ဆေးပေါင်းအိုးကို နောက်တစ်ကြိမ် ပြန်လည်အပူပေးခြင်း စတင်ခဲ့တော့သည်။

"ဗုန်း"

သူသည် ဆေးလုံးသုံးလုံးကို ပစ်ထည့်လိုက်ပြီး အနက်ရောင်အတွင်းအား အမျှင်လုံးတစ်ခုကို ထည့်သွင်းလိုက်သောအခါ ဆေးပေါင်းအိုးမှ ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာခဲ့သည်။ အိုးအဖုံးကိုမ၍ စစ်ဆေးလိုက်သောအခါ အိုးထဲရှိဆေးသုံးလုံးသည် ထပ်မံ၍ ကွဲကြေနေခဲ့သည်ကို သူတွေ့ခဲ့ရသည်။... .

"ဒါကို မေ့ထားလိုက်၊ ငါနောက်ဆုံးအကြိမ်ထပ်ပြီး ကြိုးစားကြည့်မယ်၊ ထပ်ပြီး ကျရှံးသွားခဲ့ရင် အိမ်ကိုပြန်ပြီးတော့ပဲ ထမင်းသွားစားတော့မယ်"

စိတ်တိုနေသော ကျန်းရီသည် လက်ကျန် အသုံးမဝင်သော ဆေးလုံးခုနှစ်လုံး စလုံးကို ပစ်ထည့်ခဲ့လိုက်ပြီး တိဟွမ်ဆေးမှုန့်များကို ထည့်ကာ ပြန်လည်အပူပေးခြင်းနှင့် သန့်စင်ထုတ်ယူခြင်းကို နောက်ဆုံးတစ်ကြိမ် ပြုလုပ်ခဲ့သည်။ ထပ်မံ၍ ဒီတစ်ကြိမ်တွင်တော့ သူ့ဒန်တျန်း ထဲတွင် ကျန်နေသော အနက်ရောင်အတွင်းအား အမျှင်လုံးသုံးခုကို ဆေးပေါင်းအိုးထဲသို့ ထည့်သွင်းခဲ့လိုက်သည်။

"ဗုန်း"

ကျန်းရီမျှော်လင့်ထားသလိုပင် ဆေးပေါင်းအိုးမှ ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။ သူသည် အိုးအဖုံးကို ဖွင့်လိုက်စဉ်တွင် တကယ်တမ်း တစ်စုံတစ်ခုဖြစ်လာရန် မမျှော်လင့်ထားသော်လည်း ဆေးလုံးသုံးလုံးသည် ပေါက်ကွဲသွားရမည့်အစား ဆေးပေါင်းအိုးထဲတွင် ငြိမ်သက်စွာတည်ရှိနေသည်ကို သူတွေ့ခဲ့ရသည်။ သူသည် ပျော်ရွှင်မှု့ဖြင့် အံ့အားသင့်သွားခဲ့သည်။ ဆေးလုံးများ၏အပေါ်တွင် အနက်ရောင်လိုင်းကလေးများသည် သွေးကြောမျှင်လေးများပုံစံ တည်ရှိနေခဲ့သည်။ ဆေးလုံးများသည် ထူးဆန်းစွာ လှပနေခဲ့သည်။

"ဟား..ဟား..ဟား... ..ဒါကိုအောင်မြင်သွားတယ်လို့ယူဆလို့ရလား"

ကျန်းရီသည် အလွန်အမင်းပျော်ရွှင်နေခဲ့သည်။ ဆေးပေါင်းအိုးထဲမှ အနက်ရောင်ဆေးလုံးသုံးလုံးကို ထုတ်ယူရင်း ဆေးပေါင်းအိုးမှ ထွက်ပေါ်လာသော ရနံ့သင်းသင်းကို ရှူရှိူက်ရင်း သူ့ကိုယ်များပါ တုန်ခါလာသည်အထိ စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် သူ့လက်ထဲရှိ ဆေးလုံးသုံးလုံးကို မရည်ရွယ်ပဲ စိုက်ကြည့်နေခဲ့သည်။ ဆေးလုံးများသည် အဝတ်ဗလာနှင့် လှပသော မိန်းမပျိ ုလေး သုံးဦးကဲ့သို့ပင် မက်မောစရာ ကောင်းနေခဲ့သည်။

"အတူတူပဲ သူတို့ကအတူတူပဲ သူတို့က မနေ့က မြေကမ္ဘာအဆင့် ဆေးလုံးနှစ်လုံးနဲ့ တကယ်ကို တူတယ် ကျွတ်..ကျွတ်.. မြေကမ္ဘာအဆင့်ဆေးလုံးတွေ... တစ်လုံးကို ဘယ်လောက်တန်ကြေး ရှိမလဲ ငါဒီဆေးသုံးလုံးကို ရောင်းလိုက်ရင် သူတို့က ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် လောက်တန်ဖိုးရှိမလား.."

ကျန်းရီသည် စိတ်လှုပ်ရှားမှုကို အလုံးအရင်းနှင့် ခံစားနေရသည်။ သူသည် ကြွေပုလင်း အလွတ်လေး တစ်လုံးကို အလျှင်အမြန် ထုတ်ယူလိုက်ကာ ဆေးလုံးများကို သိမ်းဆည်းခဲ့သည်။ အဂ္ဂိရတ်ဌာနကို သန့်ရှင်းရေးလုပ်ပြီးနောက် ဌာန၏တံခါးကို ပိတ်ကာ သူ့ကိုယ့်ပိုင်အိမ်လေးရှိရာ ခြံဝန်းလေးဆီ လမ်းလျှောက်ပြန်ခဲ့သည်။

... ... ..

ကျန်းရီသည် အိမ်ကိုပြန်ရောက်သောအခါ ရှောင်နူ နှင့်အတူတူထိုင်လျက် ထမင်းစားခဲ့သည်။ ရှောင်နူသည် ရုတ်တရက် အသံတိုးတိုးနှင့်ပြောလာခဲ့သည်။

"သခင်လေး တောင်ဘက်လမ်းက စားသောက်ဆိုင်မှာ ပန်းကန်ဆေးဖို့ လူတစ်ယောက်လိုနေတယ်လို့ ချွန်းယာ ပြောလာတယ် ကျွန်မ အဲဒီ့ကို သူမနဲ့ အတူတူသွားဖို့ စဉ်းစားနေ... .."

"မရဘူးလုံးဝမလုပ်နဲ့"

ကျန်းရီသည် သူမစကားကို ရုတ်တရက် ဖြတ်ပြောလိုက်ပြီး သတိပေးခဲ့သည်။...

"ရှောင်နူ ၊မင်းမှတ်ထားပါ၊ ဒီနေ့ ကနေစပြီးတော့ ကျန်းအိမ်တော် အဓိက ခြံဝန်းထဲကနေ မင်းထွက်ခွင့်မရှိတော့ဘူး... မဟုတ်ရင် ငါ့ကို မင်းသခင်လေးအဖြစ် ဘယ်တော့မှ မသတ်မှတ်နဲ့တော့"

ရှောင်နူ၏မျက်လုံးများတွင် သောကရိပ်များဖုံးလွှမ်းနေခဲ့သည်။ သူမသည် အံကိုကြိတ်ရင်း ပြောလာခဲ့သည်။

"ကျွန်မတို့ တစ်လအတွင်းမှာ ဒီအကြွေးကို မဆပ်နိုင်ရင် ဖန်းရီ ဆောင်ကြာမြိုင်ကလူတွေ ဒီကိုလာပြီး အကြွေးလာတောင်းရင် စည်းကမ်းထိန်းသိမ်းရေးဆောင်က သခင်လေး ကို ကျိန်းသေ အပြစ်ပေးလိမ့်မယ်... ကျွန်မ သေအောင်ရိုက်ခံရရင်တောင်အဆင်ပြေပါတယ်... ဒါပေမဲ့ သခင်လေး... ."

ကျန်းရီသည် စားလက်စ ဝက်ပေါင်ခြောက်ကိုချကာ ရှောင်နူ၏ ခေါင်းကို ပုတ်လာခဲ့သည်။သူပြုံးလျှက် ပြန်ပြောလိုက်သည်..

"ရှောင်နူ..မစိုးရိမ်ပါနဲ့..မင်းရဲ့ သခင်လေးကိုယုံကြည်ပါ..ငါတို့မှာ မကြာခင် ပိုက်ဆံအလုံအလောက်ရှိလာတော့မယ်.."

သူ့၏ရင်ဘတ်ဝတ်ရုံထဲမှ ဆေးသုံးလုံးအကြောင်းကို တွေးမိသောအခါ ကျန်းရီသည် အားရပါးရ ပြုံးပစ်လိုက်သည်။ သူ၏အစာစားနှုန်းမှာလဲ မြန်လာခဲ့သည်။ သူထမင်းစားပြီးသွားသောအခါ ရှောင်နူ ကိုရှင်းမပြတော့ဘဲ တိမ်များကို လွင့်ထွက်သွားစေသော လေပြေလေညှင်းကဲ့သို့ အိမ်ခြံဝန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ဒီတစ်ကြိမ်တွင် သူသည် အဂ္ဂိရတ်ဌာနသို့ မသွားခဲပေ။ သူသည် အနောက်ဘက် ခြံဝန်းမှ တိတ်တဆိတ် ထွက်ခွာလာကာ မြို့တော်ဆီထွက်ခွာလာခဲ့သည်။ သူသည် မြို့တော်တွက်အကြီးဆုံး ကုန်သွယ်ရုံဖြစ်သော ပုလဲမှုန်အစည်းအရုံးဗိမ္မာန်သို့ သွားခဲ့သည်

ပုလဲမှုန် အစည်းအရုံးဗိမ္မာန်သည် မြို့မျက်နှာဖုံး ကျီမိသားစု၏ ပိုင်ဆိုင်မှု တစ်ခုဖြစ်သည်။ ဗိမ္မာန်တွင် မရေမတွက်နိုင်သော အဖိုးတန်ရတနာ များစွာရှိသည်။ တွေးလိုက်တဲ့အရာတိုင်း အဲဒီ့မှာဝယ်နိုင်သည်။ ပုလဲမှုန်အစည်းအရုံး ဗိမ္မာန်ကို အလိမ်ခံရမှာမကြောက်ဘဲ ရတနာများရောင်းရန် အကောင်းဆုံးနေရာအဖြစ် လူထုက သတ်မှတ်ထားကြသည်။ ကျန်းရီသည် သူ၏ဆေးများကို ရောင်းချရန်နေရာကို ဖြစ်သလို မရွေးခဲ့ပေ။ အခြားလူများ၏ လောဘသည် သူ့ကိုဒုက္ခရောက်စေနိုင်ကြောင်း မသိစိတ်က လှုံ့ဆော်နေခဲ့သည်။ ကောင်းကင်တောင်ပံမြို့ တစ်ခုလုံးကို ကျီမိသားစုက ပိုင်ဆိုင်သည်။ ပုလဲမှုန်အစည်းအရုံး ဗိမ္မာန်မှ မမြင်ဖူးသော ရတနာ ရှိပါမည်လား ပုံမှန်အားဖြင့် သူတို့သည် သူကဲ့သို့ ကလေးတစ်ယောက်ကို မလိမ်လောက်ပေ။

ပုလဲမှုန် အစည်းအရုံးဗိမ္မာန်သို့ သွားရာလမ်းတွင် သူသည် ရုတ်တရက် ခြေလှမ်းများကို ရပ်လိုက်ကာ အနီးရှိ အဝတ်ဆိုင် တစ်ဆိုင်သို့ ဝင်သွားခဲ့သည်။ သူထွက်လာသောအခါ သူသည် ခေါင်းစခြေဆုံး အနက်ရောင်ဝတ်စုံတစ်ခု အပြင် ခြုံထည်တစ်ခု ကိုပါ ခေါင်းမှခြုံထားခဲ့သည်။

သူသည် ကျန်းဂိုဏ်း၏ သခင်လေးတစ်ယောက်ဖြစ်သည်။ သူပုလဲမှုန် အစည်းအရုံးဗိမ္မာန်သို့ ဆေးများရောင်းရန်သွားသည်ကို တစ်ယောက်ယောက်မြင်သွားခဲ့လျှင် မည်သို့ဖြစ်မည်နည်း ဤသို့ဖြင့် သူသည် အဂ္ဂိရတ် ဌာနမှ ဆေးများကို ခိုး၍ရောင်းသည်ဟု လူများအလွယ်တကူ သံသယ ဝင်ကြလိမ့်မည်။ ထို့ကြောင့် သူပို၍ဂရုစိုက်ရပေမည်။

ငါးမိနစ်ခန့် ကြာပြီးနောက် သူသည် ကောင်းကင်တောင်ပံမြို့လယ်ရှိ မြို့တော်ဈေးနေရာကို ရောက်လာခဲ့သည်။ လူများသည် ဈေးရုံ ကို ဝင်လိုက်ထွက်လိုက် သွားလာနေကြသည်။ ကျန်းရီသည် အနက်ရောင်ဝတ်ရုံကို ခေါင်းစခြေဆုံး ခြုံထားသောကြောင့် လူအများ၏ အာရုံကို ဆွဲဆောင်သလိုဖြစ်နေခဲ့သည်။ သို့သော်လည်း မြို့တော်သည် လူထူထပ်ပြီး ဆူညံနေသောကြောင့် လူအများက သူ့ကိုဘသတိမပြုမိခဲ့ပေ။

ခေါင်းကိုငုံ့ရင်း ကျန်းရီသည် ရှေ့သို့ မြန်မြန်ဆန်ဆန်လျှောက်လာ ခဲ့သည်။ သူသည် ဈေးရုံ၏ တောင်ဘက်ခြမ်းတွင် ထီးထီးကြီးတည် ရှိနေသော သုံးထပ်အဆောက်အဦးကြီးသို့လျှင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

ပုလဲမှုန်အစည်းအရုံဗိမ္မာန်

ကျန်းရီသည် ခေါင်းကိုမော့ကာ ဝင်ပေါက်တွက် ချိတ်ဆွဲထားသော ရွှေရောင်လက်ရေးဆက် စာလုံးသုံးလုံးနှင့် ကြီးမားလှသော ဆိုင်းဘုတ်ကြီးကို ကြည့်လိုက်သည်။ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့၍ အံကြိတ်လိုက်ကာ ဗိမ္မာန်အတွင်းသို့ ဝင်သွားခဲ့သည်။ ပုလဲမှုန်အစည်းအရုံးဗိမ္မာန်၏ အတွင်းဘက်သည် အတော်လေးကျယ်ဝန်းပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ပေရာပေါင်းများစွာ ကျယ်ဝန်းသည်ကို သိနိုင်သည်။ အမျိုးမျိုးသော အရောင်းကောင်တာများသည် ဘေးတွင် ရောင်းသူ တစ်ဦးစီ ရပ်လျက် ဗိမ္မာန်တစ်ခွင်တစ်ပြင် ပြန့်နှံ့နေသည်။ တန်ဖိုး ကြီးသော အဝတ်အစားများနှင့် မရေမတွက်နိုင်သော လူများသည် ဈေးနေရာလေးတစ်ခုနှင့် တူသော လေထုကို ဖန်တီးရင်း လှုပ်ရှားသွားလာနေကြသည်။ ကျန်းရီသည် ဒီလိုကြီးမားနေသော နေရာမျိုးကို ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည်ဘာလုပ်ရမည်ကို မသိပေ...  တစ်နေရာထဲမှာပင်အတော်ကြာအောင် ရပ်နေပြီးနောက် ကြီးကြပ်သူဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် သူ့ဆီကို လျှောက်လာကာ မေးလာခဲ့သည်။

"ဧည့်သည်တော် ခင်ဗျာ...  ကျွန်တော်ဘာများကူညီပေးရမလဲ"

"ပုလဲမှုန်အစည်းအရုံး ဗိမ္မာန်က တကယ့်ကို ထူးခြားတာပဲ"

ကျန်းရီသည် တိတ်ဆိတ်စွာ ခေါင်းငြိမ့်ခဲ့သည်။ သူဝယ်ခဲ့သော အနက်ရောင်ဝတ်ရုံသည် အရည်အသွေး မကောင်းပေ။ ဒီကြီးကြပ်သူသည် သူ့ကို မလှောင်ပြောင်သည့်အပြင် ပြူငှါစွာ ဆက်ဆံခဲ့သည်။ ကောင်းကင်တောင်ပံမြို့၏ နံပါတ်တစ် ကုန်သွယ်ရုံသည် တစ်ကယ့်ကို ထူးခြားပေသည်။

ကျန်းရီသည် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်ရင်း အသံတိုးတိုးဖြင့်ပြောခဲ့သည်။

"ကျွန်တော် ဆေးတစ်ချို့ ရောင်းချင်လို့ပါ ဒီမှာ အဲဒါတွေကို လက်ခံလား"

"သူတို့ ကအရည်အသွေးမြင့်ဆေးတွေဖြစ်နေသရွေ့ ကျွန်တော်တို့လက်ခံပါတယ်"

ကြီးကြပ်သူသည် ခေါင်းကိုငြှိမ့်ပြီး မေးလာခဲ့သည်။

"ဧည့်သည်တော်ခင်ဗျာ... ကျွန်တော်မေးလို့ရမလား ဆေးရဲ့အရည် အသွေးက ဘယ်အဆင့်မှာလဲ အနိမ့်စားအဆင့် အဆင့်မြင့်ဆေးဆိုရင်... .အဲဒီ့အဆင့်တော့မဟုတ်နိုင်ဘူးမလား။ မြေကမ္ဘာအဆင့်ဆေးကိုလဲ လက်မခံပါဘူး။ မြေကမ္ဘာအဆင့် ဆေးလို့လဲ မျှော်လင့်မထားပါဘူး... အနည်းဆုံးတော့ ဆေးတွေက အမြင့်စားအဆင့် အဆင့်မြင့်ဆေးတွေ ဖြစ်ရမယ်။ "

ကျန်းရီသည် တစ်ခနမျှ တွေဝေနေခဲ့ပြီးပြန်ဖြေလာခဲ့သည်။

"အနိမ့်စားအဆင့် ဆေးတွေမဟုတ်ပါဘူး"

မန်နေဂျာသည် ခေါင်းကိုငြိမ့်ကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလာခဲ့သည်။

"အဲဒါဆိုကောင်းပါပြီ၊ ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ"

ကျန်းရီသည် ဘေးရှိ ကောင်းမွန်သောအခန်းထဲသို့ ကြီးကြပ်သူနောက်မှ လိုက်သွားခဲ့သည်။ ကြီးကြပ်သူသည် ကျန်းရီကို ခုံတစ်ခု ကမ်းပေးကာ လက်ဖြင့်ညွှန်ပြရင်း ပြောလာခဲ့သည်။

"ကျေးဇူးပြုပြီး ဆေးတွေကိုပြပါ၊ သူတို့တွေက အရည်အသွေးကောင်းရင် ထိုက်သင့်သော ငွေကြေးကို ကျွန်တော်တို့ ပေးမှာပါ "

ကျန်းရီသည် သူ၏ ရင်ဘက်ဝတ်ရုံထဲမှ ကြွေပုလင်းကိုထုတ်ယူကာ သူ့ကို ကမ်းပေးခဲ့သည်။ ကြီးကြပ်သူသည် ကြွေပုလင်းထဲမှ ဆေးတစ်လုံးကို ထုတ်လိုက်ပြီး ခဏကြာအောင် သေသေချာချာ စစ်ဆေးကြည့်ပြီး အနံ့ပါခံကြည့်ခဲ့လေသည်။ နောက်ဆုံးတွင် သူသည် မျက်မှောင်ကျုံ့ကာ ပြောလာခဲ့လေသည်...

"မင်းရဲ့ဆေးတွေ... .ငါအရင်က ဒါမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး... ဒါကြောင့် ငါဒါကို တန်ဖိုးတွက်ကြည့်လို့မရဘူး... .ခဏစောင့်... ပုလဲမှုန် အစည်းအရုံး ဗိမ္မာန် မှာ အလုပ်လုပ်တဲ့ ငါတို့ရဲ့ အဂ္ဂိရတ်ပညာရှင်ကို တန်ဖိုးဖြတ်ဖို့ ဖိတ်ခေါ်ပေးမယ်.."

ပြောပြီးသည်နှင့် ကြီးကြပ်သူသည် ဆေးလုံးများကို ချကာ အခန်းအပြင်သို့ ထွက်သွားခဲ့လေသည်။ သိပ်မကြာခင်မှာပင် သူသည် ဆံပင်ဖြူနှင့် လူကြီးတစ်ယောက်ကို အခန်းတွင်းသို့ ခေါ်လာခဲ့သည်။ လူကြီးသည် ဆွတ်ဆွတ်ဖြူနေသော အဖြူရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားလေသည်။ သူ၏ မျက်နှာအမူအရာသည် သူ၏ စိတ်မရှည်မှုကို ဖော်ပြနေခဲ့သည်။

လူကြီးသည် အခန်းထဲကို ဝင်လာစဉ်တွင် တစ်ကိုယ်လုံးကို ဝတ်စုံအနက်နှင့် ဝတ်ရုံကြီးပါခြုံကာ ဖုံးကွယ်ထားသော ကျန်းရီကို မြင်သောအခါ ပို၍ မကျေမနပ်ဖြစ်လာခဲ့သည်။ သူသည် စားပွဲပေါ်တွင်ရှိနေသော ဆေးပုလင်းကို ပုံမှန်အတိုင်း ကောက်ကိုင်ခဲ့လိုက်သည်။ သူသည် ဆေးတစ်လုံးကို ယူကာ အနံ့ခံကြည့်လိုက်ခဲ့သည်။ အထင်သေးမှုများနှင့် သူပြောလာခဲ့သည် ဒါက အသုံးမဝင်တဲ့ အခြေအနေရောက်အောင် ဖော်စပ်ထားတဲ့ ဝိဉာဏ်အားဖြည့်ဆေးဘဲလေ ... .ပြန်ပြီးအပူပေးတယ်..ပြန်ပြီးသန့်စင်ထားတယ်..မဟုတ်ဘူးလား ဒါ့အပြင် ဆေးမှုန့်ပေါင်းစုံကိုလည်း ထပ်ဖြူးထားသေးတယ်... ငါထင်တယ် သူ့ရဲ့ဆေးအာနိသင်တွေတောင် လျော့သွားမယ်လို့ ... .ဒီဆေးရဲ့ တန်ဖိုးကသိပ်မမြင့်ပါဘူး... ကြီးကြပ်သူလျှို ဒီကိစ္စကို မင်းဟာမင်း ဆက်လုပ်လိုက်တော့"

"အဂ္ဂိရတ်ပညာရှင်ကြီးက သိပ်တော်တာပဲ"

ကျန်းရီသည် တိတ်တဆိတ် မှတ်ချက်ချလိုက်သည့် သူ့နှလုံးသားထဲတွင်တော့ စိတ်ပျက်မှုများ ဝေခွဲမရဖြစ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ အနက်ရောင်အတွင်းအားတွေက ဆေးရဲ့အာနိသင်ကို တိုးမလာစေဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီဆေးတွေရဲ့ တန်ဖိုးကသိပ်မမြင့်ဘူး ထင်ပါတယ်... ပြီးတော့ ဒါကို ဝယ်မယ့်အဖွဲ့အစည်းက မလိုချင်တာလည်း ဖြစ်နိုင်တာပဲ... .

"အာ''

အဂ္ဂိရတ်ပညာရှင်သည် ဆေးကို ကြွေပုလင်း ပြန်ပစ်ထည့်အံ့ဆဲဆဲမှာပင် သူ၏ မကြည်လင်သော မျက်လုံးများသည် မီးထွန်းလိုက်သကဲ့သို့ တောက်ပလာခဲ့သည်။ သူ၏ မျက်နှာအမူအရာသည်လည်း ပို၍လေးနက်လာခဲ့သည်။ သူ၏ မျက်လုံးပြူးကြီးများနှင့် သူသည် ဆေးများကို ထပ်မံ စစ်ဆေးခဲ့လိုက်ပြန်သည်။

"ဒါပဲ... ဒါ ဟုတ်တယ်...  ဒါက တကယ့်ကို... "

ဆေးများကို ခဏမျှ ကြည့်ရှုပြီးနောက် လူကြီး၏ ကိုယ်သည် အနည်းငယ် တုန်ယင်လာခဲ့သည်။ သူသည် ကျန်းရီကို တဖျတ်ဖျတ်လက်နေသော မျက်လုံးများနှင့် ကြည့်လိုက်ပြီး လက်များကို ယှက်၍ စိတ်လှုပ်ရှားစွာ မေးလာခဲ့သည်..

"ကြီးမြတ်တဲ့ ဧည့်သည်တော်ခင်ဗျာ...  ဒီဆေးကို ကိုယ်တိုင်ဖော်စပ်ထားတာလားလို့ မေးခွင့်ရှိမလား"

ကျန်းရီသည် သတိပြန်ဝင်လာခဲ့သည်။ သူသည် အလျင်အမြန် ထရပ်ကာ ခေါင်းကို ယမ်း၍ ဖြေခဲ့လိုက်သည်...

"မဟုတ်..မဟုတ်ပါဘူး... ကျွန်တော်က တခြားတစ်ယောက်ကိုယ်စား ရောင်းပေးရုံတင်ပါ... "

ဘယ်လိုဟာသမျိုးလဲ

ပုလဲမှုန် အစည်းအရုံးက အဂ္ဂိရတ်ပညာရှင် ဆိုထဲက သူ၏ စွမ်းရည်သည် လုံးဝကို နိမ့်မည် မဟုတ်ချေ။ အကြီးအကဲလျှိုသည် ကျန်းဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်ဖြစ်ပြီး သူ၏ အဆင့်အတန်းသည် အကြီးအကဲများထဲတွင် အတော်လေး မြင့်မားပေသည်။ အဂ္ဂိရတ်ပညာရှင်များ၏ အဆင့်အတန်း မြင့်မားကြောင်းကို အရူးတောင် ပြောနိုင်ပေသည်။ ဒီလူကြီး၏ အရိုအသေ ပေးခြင်းကို သူမည်သို့ ခံယူဝံ့မည်နည်း

"အို... "

အဂ္ဂိရတ်ပညာရှင်၏ မျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။ သူသည် ဆေးများကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ရင်း ကိုယ်ကို လှည့်ကာ အခန်းအပြင်သို့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။ သူသည် တစ်ချိန်တည်းမှာပင် ကြီးကြပ်သူကို ပြောဆိုညွှန်ကြားခဲ့သေးသည်...

"ဒီဖောက်သည်ကို ကောင်းကောင်းပြုစုထားလိုက်... ငါဒုတိယ သခင်မလေးနဲ့ ခဏလောက် ဆွေးနွေးဖို့ လိုနေပြီ"

ကြီးကြပ်သူသည် ခဏမျှ ကြောင်အနေသော်လည်း အလျင်အမြန် အသိပြန်ဝင်လာခဲ့ပြီး အားပါးတရပြုံးခဲ့လိုက်သည်။ သူသည် လက်ကိုဝှေ့ယမ်းရင်း အမိန့်ပေးလိုက်သည်...

"တစ်ယောက်ယောက် ဒီကိုလာပြီး... လက်ဖက်ရည် ကောင်းကောင်းနဲ့ ဧည့်ခံစမ်း"

***

All Chapters