← Chapters

နဂါးငွေ့တန်း၏ အဆင့်၁ သက်ရှိ

Vol. 19 Ch. 277

နဂါးငွေ့တန်း၏ အဆင့်၁ သက်ရှိ

Vol. 19 Ch. 277

လင်းမို့သည် သေအံ့နီးနီး ခံစားချက်ကို ယခုမှ ခံစားဖူးခြင်းဖြစ်သည် ။

သေခြင်းတရားကို ရင်ဆိုင်ရသည်က အဆုံးမရှိ ချောက်နက်ကြီးထဲ ကျရောက်သွားသော သာမန်လူတစ်ယောက်လိုပင် ။

ပတ်ဝန်းကျင်ရှိ အရာအားလုံး မှိန်ဖျော့သွားပြီး သူ့ထံသို့ လာနေသော သွေးလတစ်စင်းသာ ထင်ထင်ရှားရှားမြင်နေရတော့သည် ။

' ငါသေရတော့မှာလား..'

လင်းမို့သည် သွေးလက အလွန်လျင်မြန်စွာဖြင့် လာနေမှန်းသိသော်လည်း လှုပ်မရသဖြင့် ရှင်းရှင်းလင်းလင်းမြင်နေရ၏ ။ သူ၏ အမြင်အာရုံတစ်ခုလုံးတွင် သွေးလတစ်စင်းသာ ရှိတော့သည် ။

ထိုအချိန်တွင် ကျောင်းအုပ်ထူနှင့် မဟာသခင်လေးယောက်တို့ အလွန်ဒေါသထွက်နေကြ၏ ။

" ရွာသူကြီး.. ခင်ဗျား ကျုပ်တို့ ရှားနိုင်ငံထဲကို လာပြီး လင်းမို့ကို လုပ်ကြံရဲတယ်လား.. "

" ခင်ဗျားတို့ ချယ်ရီပန်းနိုင်ငံနဲ့ ကျုပ်တို့ ရှားနိုင်ငံ စစ်ပွဲစချင်လို့လား.. "

ကျောင်းအုပ်ထူတို့ အဖွဲ့က အော်ရာများ ထုတ်လွှတ်လိုက်ကြသည် ။ သို့ရာတွင် သူတို့ ငါးယောက်ပေါင်းလျှင်ပင် ရွာသူကြီးအား မတားနိုင်မှန်း သိကြ၏ ။ သာမန် စစ်နတ်ဘုရားသာ ဆိုလျှင် ငါးယောက်ပေါင်း၍ အနိုင်ယူနိုင်သော်လည်း ရွာသူကြီး ဆိုသည်က ဂြိုလ်ပြာ၏ အသန်မာဆုံး စစ်နတ်ဘုရား ဖြစ်နေသည် ။ ရှားနိုင်ငံ၏ သာလွန်စစ်နတ်ဘုရား သာ ရောက်မလာလျှင် မည်သူမှ တားဆီးနိုင်တော့မည်မဟုတ် ။

ကျောင်းအုပ်ထူသည် လင်းမို့အား ပြေးရန်ပင် မတိုက်တွန်းတော့ ။ စစ်နတ်ဘုရား၏ လက်ထဲမှ ငွေလအဆင့်က မည်သို့ ထွက်ပြေးနိုင်ပါမည်နည်း ။ သူတို့ လုပ်နိုင်သည့် အရာမှာ ကျန်းနန်မြို့ကို ကာကွယ်စောင့်ရှောက်နေသော စစ်နတ်ဘုရား ရောက်လာမည့် အချိန်အထိ တောင့်ခံရုံသာ ရှိသည် ။ သို့သော်လည်း ထိုစစ်နတ်ဘုရားကိုယ်တိုင်ကပင် ရွာသူကြီးအား ယှဥ်နိုင်မည်မဟုတ်ချေ ။

သူတို့ ငါးယောက်က ရွာသူကြီးကို တားဆီးနိုင်ရန် ပြေးဝင်သွားကြသည် ။

ရွာသူကြီးက လှောင်ရယ် ရယ်လိုက်ပြီး လက်သီးငါးချက်ကို အသာအယာ ထိုးလိုက်သည် ။

" ဖုန်း.. ဖုန်း..ဖုန်း..ဖုန်း..ဖုန်း.."

ပြေးဝင်လာသော မဟာသခင်ငါးယောက် ပြန်လွင့်ထွက် သွားသော်လည်း ရွာသူကြီး၏ အရှိန်က နည်းနည်းမှ မလျော့ကျသွားပေ ။

" သွားပြီ.."

ကျောင်းအုပ်ထူက ဒဏ်ရာပြင်းထန်စွာ ရသွားပြီး ပြန်မထနိုင်တော့ ။ လင်းမို့အား စိတ်ပျက်လက်ပျက်ဖြင့်သာ ကြည့်နေ၏ ။ သူ၏ အမြင်အရ လင်းမို့ သေတော့မည်ဖြစ်သည် ။ ကျန်းနန်မြို့၏ စစ်နတ်ဘုရား ရောက်လာလျှင်ပင် ကယ်နိုင်တော့မည်မဟုတ် ။

' ငါအားနည်းနေတာ ငါ့အမှား.. ငါ ရှားနိုင်ငံရဲ့ အပြစ်သား.. ငါ ရှားနိုင်ငံရဲ့ အပြစ်သားပဲ.. '

ကျောင်းအုပ်ထူသည် လင်းမို့အား ကာကွယ်နိုင်ရန် လုံလောက်သော ခွန်အားမရှိ၍ သူ့ကိုယ်သူ မုန်တီးမိ၏ ။

' ငါသေတော့မယ်.. '

လင်းမို့က ရွာသူကြီးအား ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်၍ စိုက်ကြည့်နေလိုက်၏ ။ သူ မြေဆွဲအားခန်းထဲမှ ထွက်လာမိသည်ကို နောင်တမရပေ ။ စစ်နတ်ဘုရားတစ်ယောက်၏ လုပ်ကြံရန် ကြိုးပမ်းမှုကို ခံရပါက မည်သည့်နေရာတွင်မှ လုံခြုံမည်မဟုတ်ချေ ။

' ငါ အားနည်းလွန်းနေသေးတယ်.. '

သူ သာ ခြောက်လခန့် အချိန်ရလျှင် မဟာသခင်အဆင့်ကို ရောက်နိုင်ပြီး စစ်နတ်ဘုရားအား ဤမျှ ကြောက်နေရမည်မဟုတ်ချေ ။ ကံမကောင်းသည်က သူ့တွင် အိပ်စက်ရန် အချိန်မရှိတော့ ။ သူသေရတော့မည် ။

' ငါ အခုသေရင်တောင် ပင်လယ်ထဲ ကျတဲ့ ကျောက်တုံးလေးလို နစ်မြုပ်သွားမှာမဟုတ်ဘူး.. ထင်ပေါ်ကျော်ကြားပြီးမှ သေရတာပဲ တော်သေးတယ် ပြောရမှာပဲ.. '

နှစ်ယောက်ကြား အကွာအဝေးက တဖြည်းဖြည်းနီးလာ၏ ။

" ၁၅၀ မီတာ.. "

" ၁၀၀ မီတာ.. "

" 50 မီတာ.. "

" ၁၀ မီတာ.. "

" ၁ မီတာ.. "

ရွာသူကြီး ၏ လက်သီးက လင်းမို့နှင့် တစ်မီတာသာ ကွာတော့လျှင် ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွား၏ ။

ရွာသူကြီးပါ အေးခဲ သွားခြင်းဖြစ်သည် ။ ရွာသူကြီး မည်သို့ပင် အားထုတ်စေကာမူ လှုပ်မရတော့ချေ ။ ကျန်ရှိသည့် တစ်မီတာက အဆုံးမရှိ အကွာအဝေးဟု ထင်ရပေသည် ။

" ခန်း...ခန်းမသခင်.."

ရွာသူကြီးက ရေရွတ်လိုက်မိသည် ။ သူ့အား ဤမျှ ဖိအားပေးထားနိုင်သူမှာ ခန်းမ သခင်တစ်ယောက်သာ ရှိပေသည် ။

" ခင်ဗျား ကျင့်ဒူမှာ မဟုတ်ဘူးလား.. ဘာလို့ ကျန်းနန်ကို ရောက်နေတာလဲ.. "

ရွာသူကြီးက ခန်းမသခင်အား မမြင်ရသော်လည်း စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်၏ ။

ခန်းမသခင်ကြောင့်သာလျှင် ကမ္ဘာကြီးအား ရပ်တန့်သွားစေနိုင်မည်ဖြစ်သည် ။

" မဟုတ်သေးဘူး.. ခ..ခင်ဗျား.. ဒါ.. ဒါ ဒိုမိန်းပဲ.. ခင်ဗျား ဒိုမိန်းအဆင့်ကို ရောက်သွားပြီလား.. "

တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၉ ကျော်လွန်လျှင် ဒိုမိန်းအဆင့်ဖြစ်သည် ။ ဒိုမိန်းအဆင့်တွင် ပိုင်နက်ဧရိယာတစ်ခု ရရှိမည်ဖြစ်ပြီး ဧရိယာအတွင်းရှိ အရာအားလုံးကို ထိန်းချုပ်နိုင်ထားသည် ။ နဂါးငွေ့တန်း၏ အဆင့် အရဆိုလျှင် အဆင့် ၁ သက်ရှိ အဆင့်ပင် ။

' ခန်းမသခင်က အဆင့် ၁ သက်ရှိဖြစ်သွားပြီလား..'

ရွာသူကြီး မှန်းဆကြည့်လိုက်သည် ။ သက်ရှိ အဆင့် ၁ သို့ရောက်လျှင် အာကာသအတွင်း ခရီးသွားလာနိုင်ပြီဖြစ်ပြီး ဂြိုလ်ပြာ၏ အကန့်အသတ်မှ ကင်းလွတ်သွားလေပြီ ။ ခန်းမ သခင်က အဆင့် ၁ သက်ရှိ ဖြစ်နေသည်လော ။

ထိုအခိုက် ရပ်တန့်နေသော ကမ္ဘာကြီးတွင် နှေးကွေးစွာလျောက်လာနေသော အဘိုးအို တစ်ယောက်ကို ရွာသူကြီး မြင်လိုက်ရ၏ ။ အဘိုးအိုက နှေးကွေးစွာလျောက်လှမ်းလာသော်လည်း ရွာသူကြီးထံသို့ လျင်မြန်စွာ ရောက်ရှိလာသည် ။ သူ့တွင် အကွာအဝေး ကန့်သက်ချက် ရှိမည် မထင်ရတော့ ။

ထိုအဘိုးအိုက ရှားနိုင်ငံ မဟာသခင်ခန်းမ၏ ခန်းမသခင်ပင် ဖြစ်ချေသည် ။

All Chapters