လူရှေ့မထွက်မီ သိုသိုသိပ်သိပ်နေထိုင်ခြင်း
Vol. 19 Ch. 279
ကျန်းနန်တက္ကသိုလ်၏ ညအချိန်သည် အလွန်တိတ်ဆိတ်အေးချမ်းနေ၏ ။
ကျောင်းသားတိုင်း အဆောင်များတွင် ယနေ့ဖြစ်ပျက်ခဲ့သည့် အကြောင်းများကို ဆွေးနွေးနေကြသည် ။
ယနေ့ ကျန်းနန်တက္ကသိုလ်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများက ဂြိုလ်ပြာကြီးတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေနိုင်သည် ။
သိုင်းမဟာသခင်တစ်ဦး သေဆုံးခြင်းနှင့် စစ်နတ်ဘုရားတစ်ဦး သေဆုံးခြင်းကို ကြားလိုက်ရလျှင် မည်သူမဆို တုန်လှုပ်သွားပေလိမ့်မည် ။
ချယ်ရီပန်းနိုင်ငံတစ်ခုလုံး ဝမ်းနည်းကြေကွဲ နေကြပြီး တစ်နိုင်ငံလုံး ရွာသူကြီးအတွက် ငိုကြွေးနေကြ၏ ။
ကျန်းနန် တက္ကသိုလ်၏ ဆရာများနှင့် ကျောင်းသားများသည်တော့ အလွန်စိတ်လှုပ်ရှားနေကြသည် ။ ရှားနိုင်ငံ၏ ဒဏ္ဍာရီ ဖြစ်သူ ခန်းမသခင်အား သူတို့ အရှင်လတ်လတ် မြင်တွေ့ခွင့် ရခဲ့ကြလေပြီ ။
ကျောင်းအုပ်ထူ အပါအဝင် မဟာသခင်အဆင့် ငါးယောက်က ခန်းမသခင်အား ပို၍ ရိုသေနေကြသည် ။ ခန်းမသခင်၏ ခွန်အားက သူတို့ ကြားဖူးသည့် သတင်းများထက် များစွာ ပို၍ သန်မာနေလေသည် ။
ကျန်းနန် တက္ကသိုလ်တစ်ခုလုံးအား ပို၍ စိတ်လှုပ်ရှား သွားစေသည်မှာ လင်းမို့က Black Earth ဖြစ်နေသောကြောင့်ပင် ။
Black Earth ဟူသည်က မည်သူနည်း ။ အုပ်ထိန်းသူ၏ အမွေကို သေချာပေါက် ဆက်ခံနိုင်မည့် ပါရမီရှင်တစ်ဦးဖြစ်သည် ။
လင်းမို့ နှင့် Black Earth ဟူသည့် နာမည်နှစ်ခုက မတူညီသော ပြိုင်ဘက်ကင်း ပါရမီရှိသည့် ပါရမီရှင် နှစ်ဦးပင် ။ ထိုနှစ်ဦးကို ပေါင်းစည်းလိုက်ပါက ပါရမီ မည်မျှအထိ မြင့်တက်လာနိုင်မည်နည်း ။ လူတိုင်းက အုပ်ထိန်းသူ၏ အမွေကို လင်းမို့သာ ရရှိမည်ဟု တစ်ထစ်ချ ယုံကြည်ထားလိုက်ကြတော့သည် ။ ဂြိုလ်ပြာတွင် လင်းမို့ထက် ပါရမီ ရှိသူ ထွက်ပေါ်လာနိုင်တော့မည် မဟုတ် ။
ထိုအခိုက် လင်းမို့သည် အိပ်ဆောင်အတွင်းတွင် အလေးအနက် စဥ်းစားနေ၏ ။
' ဒီနေ့ အန္တရာယ်များလိုက်တာ ..'
လင်းမို့ ကြောက်စိတ်မပြေသေး ။ သူ ယနေ့ ကံကောင်းလွန်း၍ မသေခဲ့ခြင်းပင် ။ ခန်းမသခင်သာ မရှိပါက မြေသြဇာ ဖြစ်နေလောက်ပေပြီ ။
ခန်းမသခင်ကြောင့် အသက်ရှင်သန်နိုင်ခဲ့သော်လည်း ထိုသို့ ကူကယ်ရာမဲ့ ခံစားချက်ကို သူမကြိုက် ။ ယခုကဲ့သို့ အခြေအနေထိ ဖြစ်စေခဲ့သည့် အကြောင်းကိုသာ ပြန်စဥ်းစားနေမိ၏ ။
' ဒီနောက်ပိုင်းတွေ ငါမောက်မာနေမိတာပဲ.. '
လင်းမို့ တွေးသည် ။
' ငါ့ တိုးတက်နှုန်းက ပိုမြန်လာတာနဲ့ ငါ့စိတ်တွေလည်း ပြောင်းလဲ သွားတယ်.. ထုတ်ကြွားရတဲ့ ခံစားချက်ကို ငါကြိုက်နေမိတာပဲ.. '
လင်းမို့သည် ခွန်အားအပြည့်အဝ ထုတ်မဖော်ပြရသေးသော်လည်း ချယ်ရီပန်းနိုင်ငံမှ လုပ်ကြံသူများကို ဆွဲဆောင်နိုင်သဖြင့် စိတ်ပျက်သွား၏ ။
' ငါ မလိုအပ်ဘဲ ခွန်အားထုတ်ပြမိတာပဲ.. ငါ့ဟာငါ တိတ်တိတ်လေးအိပ်နေရင် ဘယ်သူမှ ငါ့အကြောင်းကို သိမှာမဟုတ်ဘူး .. ငါ့ခွန်အားကို ထုတ်မပြရင်လည်း အခုရနေတဲ့ အခွင့်အရေးတွေ ရမှာမဟုတ်ဘူး.. အကောင်းအဆိုးက ဒွန်တွဲနေတာပဲ..ဒါပင်မယ့် အနာဂတ်မှာ လုံလောက်အောင် မသန်မာသေးရင် ငါထုတ်မပြတော့ဘူး တိတ်တိတ်လေးအိပ်နေတာပဲ ကောင်းတယ် .."
လင်းမို့သည် သေခံနီးအချိန်ကို ရောက်ရှိပြီးသည့်နောက် တောအုပ်အတွင်းရှိ အမြင့်ဆုံးအပင်သည် လေဒဏ်ကို အများဆုံးခံရသည် ဟူသော နိယာမကို နားလည်သွား၏ ။
လင်းမို့ သည် ပုန်းအောင်းခြင်း နတ်ဘုရားဖြစ်ရန် ဆုံးဖြတ်လိုက်သည့် အချိန်တွင် တံခါးခေါက်သံ ပေါ်ထွက်လာသည် ။ သူ ထဖွင့်ကြည့်လိုက်၏ ။
" ဆရာကြီး... "
လင်းမို့ အရိုအသေပေးလိုက်သည် ။ သူ့တွင် ခန်းမသခင်ပေးသည့်အသက်သာ ရှိတော့ပေသည် ။
" လင်းမို့.."
ခန်းမသခင်က ပြုံးလိုက်ပြီး...
" မင်းဒီနေ့ သေခံနီးဖြစ်သွားတဲ့အချိန်မှာ တစ်ခုခုနားလည်သွားလား.."
ခန်းမသခင်သည် လင်းမို့အား သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ညဏ်အလင်းပွင့်စေရန် နောက်ဆုံးအချိန်မှ ဝင်၍ ကူညီပေးခဲ့ခြင်းဖြစ်သည် ။ သူ၏ ခွန်အားကို ယုံကြည်သဖြင့် လင်းမို့အား သိုင်းလမ်းစဥ်၏ အနှစ်သာရကို နားလည်စေရန်ပင် ။
" ကျ..."
လင်းမို့က ခဏစဥ်းစားလိုက်ပြီး...
" ကျွန်တော် အများကြီး နားလည်သွားပါပြီ.. "
လင်းမို့သည် သေခြင်းတရားနှင့် လက်ဆွဲနှုတ်ဆက်ပြီးသည့်နောက် သိုသိုသိပ်သိပ်သာ နေသင့်သည်ကို သဘောပေါက်သွား၏ ။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်သည် ။
" ကောင်းတယ်..ကောင်းတယ်.."
ခန်းမသခင်က ကျေနပ်စွာပြုံးလိုက်ပြီး...
" မင်းတစ်ခုခုနားလည်သွားရင် ငါအားထုတ်ခဲ့ရတာ အချည်းနှီးမဖြစ်တော့ဘူး.. "
လင်းမို့သည် ခန်းမသခင်ပြောသော စကားကို နားမလည်သော်လည်း ကျေးဇူးတင်စကားပြောလိုက်၏ ။
" ကျေးဇူးတင်ပါတယ် ဆရာကြီး.. ဆရာကြီးသာ ရောက်မလာရင် ကျွန်တော် သေမှာ သေချာနေပြီ.. "
" မင်း ဘာလုပ်ဖို့ အစီအစဥ်ရှိလဲ.. "
ခန်းမသခင်က မေးလိုက်သည် ။
' ဘာလုပ်ရမှာလဲ.. တနေကုန်အိပ်ပြီး အဆင့်တက်နေမှာပေါ့.. '
လင်းမို့က ထိုသို့ တွေးလိုက်သော်လည်း အပြင်တွင် ထုတ်မပြောရဲပေ ။ ပိုကြားကောင်းအောင် ပြောလိုက်၏ ။
" ကျွန်တော် အေးအေးဆေးဆေးပဲ လေ့ကျင့်ပြီး ကျင့်ကြံတဲ့ နေရာမှာပဲ အာရုံစိုက်ထားတော့မယ်.. "
" အင်း.. "
ခန်းမသခင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး...
" မင်းဒီလို ကြိုးစားလို့လဲ ဒီလို အောင်မြင်နေတာပေါ့.. "
လင်းမို့ မချိပြုံး ပြုံးလိုက်၏ ။ သူတစ်နေကုန် အိပ်နေသည်သာ ဖြစ်၍ မည်သို့ ကြိုးစားနိုင်ပါမည်နည်း ။
" အဲ့တာဆို ကျန်းနန်တက္ကသိုလ်မှာပဲ အေးအေးဆေးဆေးလေ့ကျင့်တော့.. လုံခြုံရေးကို စိတ်ပူစရာမလိုဘူး.. ငါ ကျန်းနန်မြို့မှာ ရှိနေမယ်.. ငါ့မျက်စိအောက်မှာ ဘယ်သူမှ မင်းကို လုပ်ကြံလို့ မရဘူး.. "
ခန်းမသခင်က ပြောလိုက်သည် ။
လင်းမို့၏ မျက်လုံးများတောက်ပသွား၏ ။ ဤသို့ ဆိုလျှင် သူစိတ်အေးလက်အေး အိပ်စက်နိုင်လေပြီ ။
" ပြီးတော့.. "
ခန်းမ သခင်က ဆက်ပြော၏ ။
" စမ်းသပ်နယ်မြေဖွင်ဖို့ တစ်လပဲ လိုတော့တာနော် အဲ့အချိန်ရောက်ရင် ငါ့နောက်ကနေ လိုက်ခဲ့ရမယ်.. အုပ်ထိန်းသူရဲ့ အမွေကို ဆက်ခံနိုင်ရင် ဂြိုလ်ပြာကြီးတစ်ခုလုံးမှာ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုတော့ဘူး.."
" ဟုတ်ကဲ့ပါ ဆရာကြီး.. "
လင်းမို့က သဘောတူလိုက်သည် ။ သူလည်း အုပ်ထိန်းသူ၏ အမွေကို လိုချင်ပေသည် ။
" ဒီတစ်လအတွင်း ကောင်းကောင်းကြိုးစားပါ.. မင်းသန်မာလေလေ အမွေဆက်ခံနိုင်ဖို့ အခွင့်အလမ်း များလေလေပဲ.. "
ခန်းမသခင်က...
" ဒါနဲ့ မင်းကျစ်ထျန်းကို တိုက်ခိုက်တုန်းက ငှက်မွှေးတစ်ချောင်းသုံးခဲ့တာလား.."
" ဟုတ်ပါတယ်.. "
လင်းမို့က ခါးပါတ်ချွတ်ရန် ပြင်လိုက်၏ ။
" ရတယ်.. ရတယ်.. ထုတ်ပြစရာမလိုဘူး.. "
ခန်းမသခင်က လက်ယမ်းလိုက်ပြီး...
" အဲ့တာ ဘာလဲ ငါသိတယ် .."
လင်းမို့က သိချင်စိတ်ဖြင့် ကြည့်လိုက်၏ ။ ဤမျှ မှော်ဆန်သော ငှက်မွှေးက မည်သို့သော ငှက်၏ အမွှေးဖြစ်နေပါသနည်း ။
ခန်းမသခင်က ပြုံးလိုက်ပြီး...
" အပြင်လောကတိုက်ပွဲ ကွင်းပြင်က ဘယ်လိုနေရာမျိုးလဲသိလား.. "