စိတ်ဝိညာဥ်စွမ်းအင် ပြန်လည်ပေါ်ထွက်လာသည့် အနှစ် ၃၀၀
Vol. 19 Ch. 280
လင်းမို့ မသိသဖြင့် ခေါင်းခါလိုက်သည် ။ အပြင်လောကတိုက်ပွဲကွင်းပြင်၏ မှော်ဆန်သည့် အကြောင်းမျိုးစုံကို ကြားဖူးသော်လည်း သူသေချာမသိ ။ ငွေလအဆင့်နှင့်အထက်များသာ ဝင်ရန် အရည်အချင်းရှိမှန်းကိုသာ သူသိသည် ။
ဝင်ခွင့်ရထားသော ငွေလအဆင့်များက ပြင်ပလောက တိုက်ပွဲကွင်း အကြောင်း ထုတ်မပြောကြသဖြင့် ကောလဟာလများကိုသာ သူကြားဖူးသည် ။ ယခု အုပ်ထိန်းသူ၏ အမွေအနှစ်အတွက် ပြင်ပလောကတိုက်ပွဲကွင်းသို့ သွားရပေတော့မည် ။ သူ မသွားချင်လျှင်ပင် ခန်းမသခင်က ဇိကုပ်၍ ခေါ်သွားမည်သာဖြစ်သည် ။
' ပြင်ပလောက တိုက်ပွဲကွင်းပြင်က တကယ့်ကို မှော်ဆန်တဲ့ နေရာတစ်ခုပဲ.. '
ခန်းမသခင်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး...
" ငါတို့တောင် အပြင်လောကတိုက်ပွဲကွင်းပြင်ရဲ့ လျို့ဝှက်ဆန်းကျယ်မှုတွေကို မဖော်ထုတ်နိုင်သေးဘူး.. အပြင်လောကတိုက်ပွဲကွင်းပြင်ဆိုတာ တကယ်တော့ သင်္ချိုင်းကြီး တစ်ခုပဲ.. "
" သင်္ချိုင်းလား.. "
လင်းမို့ ရှုပ်ထွေးသွားသည် ။
' စစ်မြေပြင် မဟုတ်ဘူးလား.. ဘာလို့ သင်္ချိုင်းလဲ.. '
ခန်းမသခင်က လင်းမို့ ရှုပ်ထွေးနေသည်ကို မြင်လျှင် ဆက်ရှင်းပြလိုက်၏ ။
" ငါတို့ ခုခေတ် သိုင်းလောက က အနှစ် ၃၀၀ လောက်သက်တမ်းရှိတယ်ဆိုတာ သိတယ်မလား.."
" ဟုတ်..သိပါတယ်ဗျ.."
လင်းမို့ ခေါင်းညိတ်လိုက်သည် ။ ဤအခြေခံ ဗဟုသုတများအား မူလတန်းမှ အထက်တန်းအထိ သင်ကြားခဲ့ရပေသည် ။ သမိုင်းစာအုပ်များအရ လွန်ခဲ့သော နှစ်သုံးရာကျော်က သိုင်းပညာများ မရှိခဲ့ချေ ။
လွန်ခဲ့သော နှစ်ထောင်သောင်းချီက ဒဏ္ဍာရီဆန်ဆန် ပုံပြင်များထဲတွင်သာ ကျင့်ကြံသူများရှိခဲ့၏ ။ သို့သော်လည်း ဤပုံပြင်များအား မည်သူယုံနိုင်ပါမည်နည်း ။ သိုင်းအဆင့် မြင့်လာသည့်အခါမှသာ ထိုပုံပြင်များက အမှန်ကတယ်ဖြစ်နိုင်ကြောင်း သိလာရသည် ။
ဂြိုလ်ပြာကြီး၏ ရှေးခေတ်ကာလတွင် အမှန်တကယ်ပင် ဒဏ္ဍာရီခေတ်တစ်ခု ရှိခဲ့ဖူးပေသည် ။ တောင်များကို ရွေ့၍ ပင်လယ်များကို ဖို့ပစ်နိုင်သော ကျွမ်းကျင်သူများလည်း ရှိခဲ့၏ ။ သို့သော်လည်း ထိုခေတ်ကျင့်ကြံသူများနှင့် ယခုခေတ်သိုင်းလောက များက လုံးဝ မသက်ဆိုင်ပေ ။
" အခုခေတ် လေ့ကျင့်နည်းတွေအကုန်လုံးကို အုပ်ထိန်းသူက ဖြန့်ဝေပေးခဲ့တာ.. "
ခန်းမသခင်က ပြောလိုက်သည် ။ သူ့အဆင့်တွင် ဂြိုလ်ပြာကြီး၏ လျို့ဝှက်ချက် များကို အကုန်သိနေလေပြီ ။
" ဒါပင်မယ့် သိုင်းလောကလို့သာ ခေါ်နေတာ တကယ်က သိုင်းလောက မဟုတ်ဘူးကွ.. ငါတို့ကို ကျင့်ကြံသူတွေလို့ပဲ ပြောရမယ်.. ငါတို့ စုပ်ယူနေတဲ့ စွမ်းအင်တွေကို စိတ်ဝိညာဥ် စွမ်းအင် တနည်းအားဖြင့် ချီစွမ်းအင်လို့ ခေါ်တယ်ကွ.. "
" အမ်.."
လင်းမို့ အံ့သြ သွားသည် ။ သူ ထိုသို့ ဝတ္ထုမျိုး အွန်လိုင်းပေါ်တွင် ဖတ်ဖူးလေသည် ။
" ငါ သိသလောက်တော့ နှစ်ခဲ့တဲ့ နှစ်သုံးရာတုန်းက ကမ္ဘာပေါ်မှာ စိတ်ဝိညာဥ် စွမ်းအင်မရှိဘူးကွ.. ဘယ်လောက်ကောင်းတဲ့ သိုင်းပညာကိုပဲရရ ချီစွမ်းအင်မရှိရင် ဘယ်လိုလုပ်လေ့ကျင့်လို့ရမလဲ ..ဟင်းချက်ကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မလိုပဲလေ ဘယ်လောက်ပဲကျွမ်းကျွမ်း ဆန်မရှိရင်တော့ ထမင်းချက်နိုင်မှာမဟုတ်ဘူး.. ဟုတ်တယ်မှတ်လား.."
ခန်းမသခင်က...
" အဲ့တာကြောင့် သိုင်းပညာတွေကို ဖြန့်ခဲ့တဲ့သူက အုပ်ထိန်းသူဆိုတော့ ချီစွမ်းအင် ပြန်လည်ထွက်ပေါ်လာတာလဲ အုပ်ထိန်းသူ လုပ်လိုက်တာပဲ.. "
" နှစ်သုံးရာ စုစည်းလာတဲ့ မှတ်တမ်းတွေအရဆိုရင် ... အုပ်ထိန်းသူက လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်က အရမ်းအဆင့်မြင့်တဲ့ ရန်သူတွေနဲ့ တိုက်ခိုက်ပြီးတော့ နိုင်ခဲ့တာ.. ပြီးတော့ ရန်သူတွေရဲ့ အလောင်းတွေကို တိုက်ပွဲကွင်းပြင်ထဲမှာ ချိတ်ပိတ်ခဲ့တာပဲ.. "
ခန်းမသခင်က...
" သေသွားတဲ့သူတွေက နဂါးငွေ့တန်းရဲ့ အဆင့်မြင့် သက်ရှိတွေဆိုတော့ အလောင်းတွေမှာတောင် စွမ်းအင်က ကြောက်စရာကောင်းလောက်တဲ့အထိ ပါလိမ့်မယ်... အုပ်ထိန်းသူက အလောင်းတွေကို တစ်ခုခြင်းစီခွဲပြီး ချိတ်ပိတ်ခဲ့တာပဲ.. "
" အဲ့တာကြောင့် ငါ့အထင်တော့ ဂြိုလ်ပြာကြီးမှာ စိတ်ဝိညာဥ်စွမ်းအင် ပြန်ရအောင် အလောင်းတစ်ခုကို ချိတ်တံဆိပ် ပြန်ဖွင့်ခဲ့တာ ဖြစ်မယ်ကွ.."
အမှန်တရားက ခန်းမသခင် မှန်းဆထားသည့်အတိုင်းပင် ။
ရီသည် လွန်ခဲ့သော နှစ်သုံးရာခန့်က ဂြိုလ်ပြာကြီးအား စိတ်ဝိညာဥ် စွမ်းအင် ပြန်လည်ရရှိစေရန် ချိတ်တံဆိပ်တစ်ခုအား ခဏဖွင့်ပေးခဲ့၏ ။ ခဏသာ ဖွင့်ပေးလိုက်သည်ဖြစ်သော်လည်း ဂြိုလ်ပြာတစ်ခုလုံး နှစ်သုံးရာ သုံးသည်ပင် အကုန်သေးချေ ။
ထို့အပြင် ချိတ်တံဆိပ်၏ တည်နေရာက တိုက်ပွဲကွင်းပြင်အတွင်းဖြစ်၍ စိတ်ဝိညာဥ် စွမ်းအင် အကြွယ်ဝဆုံးက ထိုနေရာတွင်သာဖြစ်သည် ။ အလွန်သိပ်သည်းလှသော စိတ်ဝိညာဥ် စွမ်းအင်ကြောင့် အင်အားကြီးသော သားရဲများစွာ ပေါ်ထွက်လာခဲ့ပြီး ထိုနေရာအား လူသားများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့ပေသည် ။
ငွေလအဆင့်သို့ မရောက်သေးဘဲ တိုက်ပွဲကွင်းပြင်အတွင်း ဝင်လိုက်ပါက မည်သို့မည်ပုံ သေသွားမှန်းကိုပင် သိလိုက်မည်မဟုတ် ။ ငွေလအဆင့်များက တိုက်ပွဲကွင်းပြင်တွင် အနိမ့်ဆုံး အဆင့်များဖြစ်သည် ။
**
ယခု ခန်းမသခင်ပြောသော စကားများက ထိပ်တန်းလျို့ဝှက်ချက်များပင် ။ လင်းမို့၏ ပါရမီကြောင့်သာ ထုတ်ပြောနေခြင်းဖြစ်သည် ။ လင်းမို့သည် ခန်းမသခင်အား ကျော်တက်နိုင်ရန် အချိန်တစ်ခုသာ လိုအပ်ပေမည် ။
' ဟုတ်သားပဲ.. အကိုကြီး ကောင်းဖန်းပြောတာ ငှက်မွှေးကို တိုက်ပွဲကွင်းပြင်ကနေ ရခဲ့တာတဲ့.. '
လင်းမို့က အချိန်အတော်ကြာအောင် နားထောင်ပြီးမှ မေးလိုက်သည် ။
" အဲ့တာဆို ဒီငှက်မွှေးက တိုက်ပွဲကွင်းပြင်ထဲက သန်မာတဲ့ သားရဲ တစ်ကောင်ကောင်ရဲ့ အမွှေးလား .."
" အဲ့သားရဲတွေရဲ့ အမွှေးဘယ်ဟုတ်မလဲဟ .."
ခန်းမသခင်က ပြုံးကာ ခေါင်းယမ်းလိုက်သည် ။