← Chapters

ခွေးဖြစ်ရန်ပင် မထိုက်တန်

Vol. 19 Ch. 281

ခွေးဖြစ်ရန်ပင် မထိုက်တန်

Vol. 19 Ch. 281

ပြင်ပလောကတိုက်ပွဲကွင်းတွင် သန်မာသောသားရဲများစွာရှိသော်လည်း အသန်မာဆုံးမှာ သာလွန်စစ်နတ်ဘုရား အဆင့်သာဖြစ်သည် ။ ထို့ကြောင့် ထိုသားရဲများ၏ အမွှေးအတောင်များက ဤမျှ အစွမ်းထက်နိုင်မည်မဟုတ်ပေ ။

" ငါထင်တာကတော့.. "

ခန်းမသခင်က သူ၏ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်၏ ။

" ဒီငှက်မွှေးက သေသွားတဲ့ အဆင့်မြင့် သက်ရှိတစ်ယောက်ယောက်က မွေးထားတဲ့ သားရဲ ရဲ့ အမွှေးဖြစ်မယ်ထင်တယ်.. "

" အိမ်မွေးတိရစ္ဆာန်လား .."

လင်းမို့ အံ့သြသွား၏ ။

" မင်းကလည်း.. အုပ်ထိန်းသူရဲ့ ရန်သူတွေပါ ဆိုမှတော့ နဂါးငွေ့တန်းရဲ့ ကျွမ်းကျင်သူ အဆင့်တွေ ဖြစ်မှာပဲလေ.. အနည်းဆုံး အဆင့် ၈ အဆင့် ၉ ပဲ.. "

ခန်းမသခင်က အားငယ်သည့် လေသံဖြင့် ပြောလိုက်၏ ။ သူပင်လျှင် အဆင့် ၁ သက်ရှိ ဖြစ်ရုံသာရှိသည် ။

အဆင့် ၈ အဆင့် ၉ သက်ရှိများ မည်မျှ သန်မာမှန်း သူစိတ်ကူးဖြင့်ပင် မတွေးကြည့်တက်ပေ ။

" တိုက်ပွဲက နှစ်တစ်သောင်းကျော်ခဲ့ပြီဆိုတော့ အသေးစိတ်အချက်အလက်တွေ မရှိတော့ဘူး ..ဒါပင်မယ့် အဲ့အဆင့်ရှိတဲ့သူတွေ မွေးထားတဲ့ သားရဲက အဆင့်နိမ့်မယ် ထင်လို့လား.. "

" အင်း.."

လင်းမို့နားလည်သွား၏ ။ လူများက ခွေးများကြောင်များ မွေးသကဲ့သို့ပင်ဖြစ်သည် ။ ထိုတိရစ္ဆာန်များက လူများထက် အားနည်းသော်လည်း ပုရွတ်ဆိတ်များထက် များစွာပို၍ သန်မာ၏ ။

အဆင့်မြင့်သက်ရှိများ မွေးထားသည့် တိရစ္ဆာန်များသာ ဂြိုလ်ပြာသို့ ရောက်ရှိလာပါက နတ်သားရဲများ ဖြစ်နေကြပေမည် ။ ဂြိုလ်ပြာတစ်ခုလုံးကိုပင် အသာအယာ ဖျက်ဆီးပစ်နိုင်သည် ။

အမှန်တကယ်တော့ လင်းမို့ပိုင်ဆိုင်ထားသော ငှက်မွှေးက အဆင့် ၉ သက်ရှိ တစ်ဦးမွေးမြူထားသည့် လှောင်အိမ်အတွင်းမှ ငှက်၏ အမွှေးပင် ။

လွန်ခဲ့သော နှစ်ပေါင် နှစ်သောင်းကျော်က ရီသည် လေးတစ်လက်ဖြင့် အဆင့် ၉ သက်ရှိများ လိုက်ပါလာသည့် ယာဥ်များကို ပစ်ချခဲ့ပေသည် ။

ယာဥ်ပေါ်တွင် ပါဝင်သော ကျွမ်းကျင်သူများသာမက သူတို့ မွှေးထားသော သားရဲများပါ သေဆုံးသွားကြ၏ ။

သို့သော်လည်း ထိုအိမ်မွေးသားရဲက အဆင့် ၆ သက်ရှိ အဆင့်ဖြစ်သည် ။

ရီသည် အလောင်းများအား တံဆိပ်ခတ်သည့် အချိန်တုန်းက သားရဲများကိုပါ အလောင်းများနှင့် တွဲ၍ တံဆိပ်ခတ်ခဲ့ပေသည် ။ ဤငှက်မွှေးကား သူတံဆိပ်ခဏတာ ဖွင့်ခဲ့သည့် အလောင်းနှင့် အတူ ရှိနေသော ငှက်သားရဲမှ ဖြစ်သည် ။ သူတံဆိပ်ဖွင့်စဥ်က ငှက်မွှေးအချို့ လွင့်ထွက်သွားခြင်းပင် ။ ထိုငှက်မွှေးများထဲမှ တစ်ချောင်းကို ကောင်းဖန်းက ကံကောင်းထောက်မစွာဖြင့် ရှာတွေ့ခဲ့ခြင်းဖြစ်သည် ။

' ထိပ်တန်းကျွမ်းကျင်သူမွေးထားတာလား..'

လင်းမို့ မှင်သက်စွာ တွေးလိုက်မိသည် ။

' သေသွားတာ နှစ်သောင်းချီနေတာတောင် ဒီလောက်သန်မာနေတုန်းလား.. အသက်သာ ရှိသေးရင် ဂြုလ်ပြာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်တယ်.. ဒီသားရဲရဲ့ ပိုင်ရှင်ကရော ဘယ်လောက်တောင် သန်မာလိုက်မလဲ.. '

လင်းမို့သည် ထိုသည်ကို တွေးရင် သူ့ကိုယ်သူ အလွန်သေးငယ်သည်ဟု ခံစားမိလိုက်၏ ။ ပုရွတ်ဆိတ်တစ်ကောင်က ကောင်းကင်ကြီး၏ အကျယ်အဝန်းကို တိုင်းတာကြည့်နေသလိုပင် ဖြစ်နေသည် ။

" နဂါးငွေ့တန်းက အဆင့်မြင့်သက်ရှိတွေနဲ့ ယှဥ်ရင် ကျွန်တော်တို့က အရမ်းအားနည်းနေတာပဲနော်.. ပုရွတ်ဆိတ်တွေ ကြနေတာပဲ.. "

လင်းမို့ တွေးတွေးဆဆ ပြောလိုက်သည် ။

" ငါတို့က ပုရွတ်ဆိတ်တောင်မဟုတ်ဘူး ဖုန်မှုန့်ထက်တောင် အဆင့်နိမ့်နေအုံးမယ်.. "

ခန်းမသခင်က ပို၍ အဆိုးမြင်နေ၏ ။ သူဤမျှ အဆိုးမြင်နေရခြင်းမှာ တစ်သက်လုံး ကြိုးစားလျှင်ပင် အဆင့် ၂ သက်ရှိ ဖြစ်မဖြစ် မသေချာသောကြောင့်ပင်ဖြစ်သည် ။ သူ ထိုငှက်၏ အဆင့်သို့ပင် ရောက်နိုင်မည်မဟုတ် ။ သူ့အဆင့်က ထိပ်တန်းကျွမ်းကျင်သူများ၏ ခွေးဖြစ်ရန်ပင် မထိုက်တန်ချေ ။

လင်းမို့သည်တော့ ထိုသို့ မတွေးပေ ။

' ငါမှာ စနစ်ရှိတာ တော်သေးတယ်.. ငါ အိပ်နေနိုင်သရွေ့ အမြင့်ဆုံးအထိ ရောက်နိုင်တယ်.. ငါအမြင့်ဆုံးရောက်ရင် အဲ့ထိပ်တန်းကျွမ်းကျင်သူတွေဆိုတာ ငါ့ခွေးဖြစ်ဖို့တောင် မထိုက်တန်တော့ဘူး.. '

လင်းမို့သည် ဂုဏ်ယူမိပြီး စိတ်ပေါ့ပါးစွာ ခံစားမိလိုက်၏ ။

' ငါ့စနစ်က အကောင်းဆုံးပဲ.. '

သို့သော်လည်း တစက္ကန့်အတွင်း သတိဝင်သွားသည် ။

' ငါဘာတွေ တွေးနေတာလဲ.. စိတ်နှလုံးသား မိစ္ဆာဆိုတာ ဖြစ်လောက်မယ်.. ငါ့ခွန်အားလေးနဲ့ နဂါးငွေ့တန်းထိပ်တန်း ကျွမ်းကျင်သူမပြောနဲ့ ဂြိုလ်ပြာရဲ့ သာလွန်စစ်နတ်ဘုရားကတောင် လက်ဖျောက်တီးပြီး သတ်နိုင်လောက်တယ်.. လူတိုင်းက ငါ့ကို မေ့သွားရင် အကောင်းဆုံးပဲ.. ငါ့ကို အမှိုက်လို့ သတ်မှတ်ထားလိုက်ရင် ဘယ်သူမှ လာသတ်မှာ မဟုတ်တော့ဘူး.. '

လင်းမို့ သက်ပြင်းချလိုက်၏ ။

ခန်းမသခင်လည်း သူ၏ အဆိုးမြင်စိတ်ကို ထိန်းနိုင်သွားသည် ။ သူသည် ထိပ်တန်းကျွမ်းကျင်သူများဖြင့် ယှဥ်လျှင် ပုရွတ်ဆိတ်ဖြစ်သော်လည်း ဂြိုလ်ပြာကြီး၏ ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်သည် ။ သူ့တွင် မာနနှင့် ယုံကြည်မှု အပြည့်ရှိပေသည် ။

" စမ်းသပ်နယ်မြေဖွင့်ဖို့ တစ်လလောက်လိုသေးတယ်.. "

ခန်းမသခင်က...

" ဒီအချိန်အတွင်း အေးအေးဆေးဆေးသာ လေ့ကျင့်ပါ.. အချိန်နီးလာရင် လူလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်.. "

" ဟုတ်ကဲ့ပါ ဆရာကြီး.. "

လင်းမို့က ဦးညွှတ်၍ အရိုအသေပေးလိုက်၏ ။ သူစနစ်ရပြီး တစ်လကျော်အတွင်း ဤအဆင့်သို့ ရောက်နိုင်ခဲ့သည် ။ နောက်တစ်လအချိန်ပေးလျှင် မဟာသခင်အဆင့်အထိ ရောက်နိုင်ပေသည် ။

' ဟမ်.. အဲ့အချိန်ရောက်ရင် ဘယ်သူက ငါနဲ့ အမွေယှဥ်လုနိုင်မှာလဲ.. '

လင်းမို့သည် စနစ်ရှိသော်လည်း အမွေကို ဆက်ခံချင်သေး၏ ။ ကလေးများသာ ရွေးချယ်မည်ဖြစ်ပြီး လူကြီးများက ရသမျှ အကုန်ယူပေမည် ။

All Chapters