Chapters

တိုးတက်မှု

Vol. 19 Ch. 282

တိုးတက်မှု

Vol. 19 Ch. 282

ခန်းမသခင် လှည့်ထွက်သွားသည်နှင့် လင်းမို့လည်း တံခါးပိတ်၍ အဆောင်အတွင်းသို့ ပြန်ဝင်လာခဲ့သည် ။

စားပွဲခုံတွင် ထိုင်လိုက်ပြီး ရေတစ်ခွက်ငှဲ့ကာ စဥ်းစားနေ၏ ။

' ဒီလို သေရမယ့် အခြေအနေမျိုးရောက်တာက တစ်ခြားပါရမီရှင်တွေဆိုရင် တော်တော်ပြောင်းလဲသွားမှာ.. '

လင်းမို့ အတွေးနက်နေသည် ။ သာမန် ပါရမီရှင်တစ်ဦး ဤကဲ့သို့ တွေ့ကြုံရလျှင် ထိုးထွင်းသိမြင်မှုနှင့် ညဏ်အလင်းများစွာရပြီး တိုက်ခိုက်ရေးစွမ်းရည် များစွာတိုးတက်သွားနိုင်သည် ။

ဤကဲ့သို့ အခြေအနေမျိုး များစွာ ကြုံချင်သည့်အတွက် တမင်သေလမ်းရှာသော အရူးများပင် ရှိနေသည် ။ ထိုသို့ သိုင်းသမားမျိုး၏ ၉၉ % မှာ သေလမ်းရှာရင် ယမမင်းဆီသို့ ရောက်သွားကြသည် ။ သို့သော်လည်း ကျန်ရှိသည့် ၁ % ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်တူခြင်းတွင် ပြိုက်ဘက်ကင်းပေသည် ။

' ငါဘာလို့ ဒီလို လေ့ကျင့်မှုမျိုး လုပ်ရမှာလဲ.. '

လင်းမို့ မကျေမနပ် တွေးလိုက်၏ ။ သူ့တွင် အသက်တစ်သက်သာ ရှိပေရာ မဆင်မခြင် အသုံးပြု၍ မဖြစ်ချေ ။

သူသည် အိပ်စက်ရင်း အဆင့်တက်နိုင်သူဖြစ်၍ မည်သည့်အတွက်ကြောင့် အပင်ပန်းခံရမည်နည်း ။ အိပ်စက်ရင်း အေးအေးဆေးဆေး အဆင့်တက်ရသည်က ပိုကောင်းပေသည် ။

သို့သော်လည်း လင်းမို့သည် ယခုကိစ္စမှ အသိတရားများစွာရခဲ့သည် ။ လူတစ်ယောက်သည် လုံလောက်သော ခွန်အားမရှိပါက ပါရမီကို ချမပြသင့်ပေ ။

လင်းမို့ ခေါင်းခါလိုက်သည် ။

' ငါနောက်ကျရင် ဘယ်တော့မှ ထင်ပေါ်အောင်မနေတော့ဘူး.. အန္တရာယ်များလိုက်တာ.. ခုတော့ အိပ်တာပဲကောင်းတယ်.. '

လင်းမို့သည် ကုတင်ပေါ်သို့ သွား၍ လဲလှောင်းလိုက်ပြီး ခဏချင်းအိပ်ပျော်သွား၏ ။ သူပင်ပန်း လှလေပြီ ။

သူ မြေဆွဲအားခန်းတွင် နေ့စဥ်ပုံမှန် ၁၂ နာရီ အိပ်လေ့ရှိသော်လည်း ယနေ့ လာအနှိုးခံလိုက်ရ၍ ခဏသာ အိပ်ခဲ့ရသည် ။ ထို့နောက် စင်ပေါ်သို့တက်၍ ယှဥ်ပြိုင်ခဲ့ရပြီး လုပ်ကြံသူများက တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက် လာခဲ့၏ ။ လင်းမို့သည် လူပင်ပန်းရုံသာမက စိတ်ပါ ပင်ပန်းလှလေပြီ ။

လင်းမို့ သတိမထားမိသည်မှာ ယနေ့ကြုံတွေရသော ကိစ္စကြောင့် သူ၏ စိတ်စွမ်းအင်အနှစ်သာရမှာ များစွာတိုးတက်ခဲ့၏ ။ စိတ်ပင်ပန်းမှုကြောင့် သတိမထားမိခဲ့သော်လည်း အိပ်စက်နေစဥ် ကုန်ဆုံးသွားသော စိတ်စွမ်းအင်အဆီအနှစ်များက ပြန်လည် ပြည့်တင်းလာခဲ့ပြီး တဟုန်ထိုး တိုးတက်လာခဲ့သည် ။

သူ၏ စိတ်စွမ်းအင်အနှစ်သာရမှာ အရင်က အဆင့် ၆ အလယ်ဆင့်တွင်သာ ရှိခဲ့သော်လည်း ယခု အဆင့် ၇ အထိ ရောက်ရှိသွား၏ ။ မဟာသခင်အဆင့်တော်တော်များများပင် အဆင့် ၇ သို့ မရောက်ကျသေးပေ ။

" ဘွမ်း....."

လင်းမို့၏ တက်ကြွအညွှန်းကိန်း ဧရိယာသည် ရုတ်တရက် ကျယ်ပြန့်လာ၏ ။ ယခင်က တက္ကသိုလ်၏ တဝက်ခန့်သာ လွှမ်းခြုံနိုင်ခဲ့သော်လည်း ယခု တက္ကသိုလ်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်လေပြီ ။ ကြမ်းတမ်းသော သားရဲကြီးပေါ်လာပြီး ကျန်းနန်တက္ကသိုလ်တစ်ခုလုံးကို မြိုချလိုက်သကဲ့သို့ပင် ။

ဤသည်က အကန့်အသတ်မဟုတ်သေး ။ သူ၏ တိုးတက်မှုက မရပ်တန့်သေးသဖြင့် ဧရိယာက တဖြည်းဖြည်းကျယ်ပြန့်လာပြီး တက်ကြွအညွှန်းကိန်းက တဟုန်တိုး မြင့်တက်လာခဲ့သည် ။

လင်းမို့၏ အဆင့်တက်နှုန်းသည် မြေဆွဲအားခန်းထက်ပင် မနည်းတော့ချေ ။ သို့သော်လည်း သူသည် အိပ်မောကျနေသောကြောင့် ခန္ဓာကိုယ်ပြောင်းလဲမှုများကို သတိမထားမိတော့ ။

**

ကျန်းနန်မြို့...

မဟာသခင်ခန်းမမှ အကြီးအကဲ ဆယ်ယောက်ကျော်သည် ခန်းမသခင်ဆီသို့ ရောက်ရှိလာကြသည် ။

သူတို့လာသည့် အကြောင်းအရင်းမှာ လင်းမို့ ကြောင့်ပင် ။