တက်ကြွအညွှန်းကိန်း ၁၀၀၀၀၀
Vol. 19 Ch. 284
အတော်ကြာအောင် ဆွေးနွေးပြီးမှ အစီအစဥ်တစ်ခု ပေါ်ထွက်လာ၏ ။
အုပ်ထိန်းသူ ခေါ်ဆောင်သွားသူက အုပ်ထိန်းသူ၏ အနားတွင် ရှိနေသဖြင့် သူတို့ ကာကွယ်ရန် မလိုအပ်ပေ ။ ထို့ကြောင့် အပိုတာယာ လင်းမို့အား ကာကွယ်ရန်သာလိုအပ်ပြီး တခြားနိုင်ငံများမှ ပါရမီရှင်များကို လုပ်ကြံရန် ကြိုးစားကြပေမည် ။
ခန်းမသခင်နှင့် ဇီကျင့် ပေါင်း၍ လင်းမို့ကို ကာကွယ်မည်ဖြစ်ပြီး ကျန်သူများက အုပ်စု နှစ်ခု သုံးခုခွဲပြီး လုပ်ကြံကြမည်ဖြစ်သည် ။
ခန်းမသခင်၏ ခွန်အားက ဂြိုလ်ပြာပေါ်တွင် အသန်မာဆုံးဖြစ်လေသည် ။ ဇီကျင့်သည် စစ်နတ်ဘုရား အထွတ်အထိပ်အဆင့်တွင် ရှိပြီး အတော်လေးသန်မာပေသည် ။ မကြာသေးမီက Black Earthကို လုပ်ကြံရန် ကြိုးပမ်းသည့် မစ္စတန့်ယွင်အား ချယ်ရီပန်းနိုင်ငံထဲအထိဝင်၍ တိုက်ခိုက်ခဲ့ပြီး ရွာသူကြီးကာကွယ်ထားသည့် ကြားမှပင် ဒဏ်ရာပြင်းထန်စွာ ရရှိအောင် တိုက်ခိုက်နိုင်ခဲ့သည် ။ ထို့ကြောင့် ခန်းမသခင် နှင့် ဇီကျင့်တို့ နှစ်ယောက်ပေါင်းပြီး လင်းမို့ကို ကာကွယ်လျှင် မည်သူမှ အန္တရာယ်ပြုနိုင်တော့မည် မဟုတ်ချေ ။
ရှားနိုင်ငံ၏ ပန်းတိုင်မှာ အုပ်ထိန်းသူ၏ အမွေကို ဆက်ခံနိုင်ရန် ဖြစ်သည့်အတွက် အရှက်တရားကိုပါ ရင်းပြီး ပါရမီရှင်များအား လုပ်ကြံသတ်ဖြတ်ပေတော့မည် ။ ရှားနိုင်ငံသာ ဂြိုလ်ပြာကြီးအား ပိုင်ဆိုင်နိုင်မည်ဆိုပါက အရှက်တရား အား ဘေးဖယ်ထားပေမည် ။
" အင်း.. ငါတို့ စိုးရိမ်စရာတော့ သိပ်မရှိပါဘူး.. "
ခန်းမသခင်က စကားဝိုင်း အဆုံးသတ်လိုက်ပြီး...
" လင်းမို့က အပိုတာယာပဲလေ.. သူ မရှိလည်း အုပ်ထိန်းသူရဲ့ အမွေကို ငါတို့ ရှားနိုင်ငံသားပဲ ရမှာဆိုတော့.. "
**
နောက်တနေ့ မနက်ခင်း...
နေဖင်ထိုးနေသော်လည်း လင်းမို့က အိပ်ကောင်းနေဆဲပင် ။ မနေ့က တစ်နေကုန် ပင်ပန်းခဲ့သဖြင့် နေမြင့်မှသာ နိုးလာခဲ့၏ ။ သူ၏ စနစ် မျက်နှာပြင်ကို ကြည့်လိုက်ရာ..
" သောက်ခွေး....."
လင်းမို့ လန့်သွား၍ ခုန်ထမိလိုက်သည် ။ တက်ကြွအညွှန်းကိန်းက ၂၀၀၀၀ သို့ရောက်နေ၏ ။ သာမန် တက်ကြွအညွှန်းကိန်းက ၂၀၀၀၀ အထိ ရောက်နေခြင်းဖြစ်သည် ။ သူ အိပ်ဆောင်အတွင်း အိပ်နေလျှင်ပင် တစ်နေ့လျှင် လက်သီးပြင်းအား တန်၁၀၀ အထိတိုးလာနိုင်ပေသည် ။ မြေဆွဲအားခန်းထဲသို့ သွားပါက တစ်နေလျှင် တန် ၄၈၀ အထိ တိုးလာနိုင်သည် ။ ဤသည်က မည်သို့နည်း ။ တစ်နှစ်သာ အိပ်ချိန်ရပါက ဂြိုလ်ပြာ၏ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ ဖြစ်လာနိုင်ပေသည် ။
" ဒါ..ဒါ.."
လင်းမို့ အချိန်အတော်ကြာအောင် ဆွံအနေသည် ။
' ငါ့တက်ကြွအညွှန်းကိန်းက ဘာလို့ ဒီလောက်များနေတာလည်း.. အရင်က သုံးလေးထောင်လောက်ပဲ ရှိတာကို.. '
စနစ်မျက်နှာပြင်ကို သေချာစစ်ဆေးကြည့်မှ သူနားလည်သွား၏ ။
' ငါ့ စိတ်စွမ်းအင် အနှစ်သာရ ကြောင့်ပါလား.. အဆင့် ၇ အလယ်ဆင့်တောင် ရောက်နေပြီပဲ.. တက်ကြွအညွှန်းကိန်း ဧရိယာက ကျန်းနန်တက္ကသိုလ်မြို့ တစ်ခုလုံးတောင် ဖုံးခံနီးနေပြီ.. '
ကျန်းနန်တက္ကသိုလ် မြို့တွင် ထိပ်တန်း တက္ကသိုလ်က ကျန်းနန် တက္ကသိုလ်တစ်ခုသာ ရှိသော်လည်း သာမန် တက္ကသိုလ်များတွင် ကျောင်းသားဦးရေ ပိုများပေသည် ။ ထို့ကြောင့် လင်းမို့၏ တက်ကြွအညွှန်းကိန်း ၂၀၀၀၀ သို့ရောက်နေသည်မှာ အံသြစရာမဟုတ်ပေ ။
' ငါ့ခွန်အားက.. '
လင်းမို့သည် သူ၏ စိတ်စွမ်းအားရှင်နှင့် စိတ်ထိန်းချုပ်သူ အဆင့်မှာ အဆင့် ၆ အထွတ်အထိပ်ရောက်နေသည်ကို သိလိုက်ရပြီး တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့် ၇ သို့ ရောက်နေလေသည် ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၇ က မဟာသခင် အဆင့်ပင် ။ တစ်ရက်အတွင်းမှာပင် သူ၏ ခွန်အားက အဆများစွာ တိုးတက်လာခဲ့၏ ။
' ငါခုချိန် အဘိုးကြီးကျစ်ထျန်းနဲ့ ပြန်တွေ့ရင် အနိုင်ယူနိုင်လောက်မယ်ထင်တယ်.. '
" ဟီးဟီးဟီး..."
လင်းမို့ တွေးပြီး ရယ်လိုက်မိသည် ။ ယခု တက်ကြွအညွှန်းကိန်းဖြင့်ဆိုလျှင် အုပ်ထိန်းသူ၏ အမွေ မရမည်ကို စိတ်ပူစရာမလိုတော့ပေ ။
ထိုအခိုက် အပြင်မှ တံခါးခေါက်သံ ပေါ်ထွက်လာ၏ ။