← Chapters

ငါကိုယ်တိုင် ကြိုးစားရမယ့် အချိန်ကိုရောက်လာပြီ

Vol. 19 Ch. 285

ငါကိုယ်တိုင် ကြိုးစားရမယ့် အချိန်ကိုရောက်လာပြီ

Vol. 19 Ch. 285

လင်းမို့ အိပ်ဆောင်တံခါး ထဖွင့်လိုက်၏ ။

အပြင်ဘက်တွင် ရောက်နေသူက ကျောင်းအုပ်ကြီး ထူပင်းချန်ပင် ဖြစ်ချေသည် ။

" ဆရာကြီး မင်္ဂလာပါဗျ.."

လင်းမို့ အံ့သြသွားသည် ။ ကျောင်းအုပ်ထူက မည်သည့်အတွက် လာရှာပါသနည်း ။

မနေ့တုန်းက ကျောင်းအုပ်ထူသည် လင်းမို့အား တက်နိုင်သမျှ ကာကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အရာမထင်ခဲ့ချေ ။ စစ်နတ်ဘုရား ပေါ်လာသည့်အခါတွင် ကူကယ်ရာမဲ့သာ ကြည့်နေနိုင်တော့၏ ။

" လင်းမို့.. "

ကျောင်းအုပ်ထူက မချိပြုံး ပြုံးလိုက်ပြီး...

" မင်းကြောင့် ငါတို့ ဂိတ်တံခါး ပြိုတော့မယ်.. "

" ဘာ..ဘာလို့လဲ.. "

လင်းမို့ ရှုပ်ထွေးသွားသည် ။

" မင်းရဲ့ ပရိတ်သတ်တွေ ကျောင်းဂိတ်ဝမှာ ဝိုင်းအုံနေကြတယ်.. "

ကျောင်းအုပ်ထူက ပြောလိုက်သည် ။

' ပရိတ်သတ်လား..'

လင်းမို့ သည် ကျောင်းအုပ်ထူ အကြောင်းစုံ ရှင်းပြလိုက်မှ နားလည်သွား၏ ။ Black Earth မည်သူမှန်း ပေါ်ထွက်လာပြီးနောက် Black Earth ၏ ပရိတ်သတ်များ ရောက်ရှိလာခြင်းဖြစ်သည် ။

အရင်က Black Earth မည်သူမှန်း မသိကြသော်လည်း မသိခြင်းကြောင့်ပင် အားပေးစောင့်ကြည့်သူ ပို၍များလာခဲ့သည် ။ ယခု မည်သူမှန်း သိသွားကြသဖြင့် အပြေးလာကြည့်ကြခြင်းပင် ။

Black Earth ဟူသည်က ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်ပြီး ဂြိုလ်ပြာ၏ အနာဂတ် ခေါင်းဆောင်လောင်းဖြစ်သည် ။ ထို့ကြောင့် လင်းမို့အား မြင်တွေ့ခွင့်ရရန် လာစောင့်နေကြခြင်းပင် ။ ထို့အပြင် လင်းမို့သာ ကျွမ်းကျင်သူအဆင့်သို့ ရောက်သွားပါက တွေ့ချင်လျှင်ပင် တွေ့ခွင့်ရတော့မည် မဟုတ်ပေ ။ ခန်းမသခင်ဆိုလျှင် တစ်ယောက်ထဲ ဂူအောင်းကျင့်ကြံနေသည့်အချိန်က များပေသည် ။

ထို့ကြောင့် ပရိတ်သတ်များက နောက်မတွေ့ရမည်ဆိုး၍ ယခုတွေ့ခွင့်ရရန် စိတ်အားထက်သန်နေကြခြင်းပင် ။

လင်းမို့သည် ကျောင်းအုပ်ထူ ရှင်းပြသည်ကို ကြားပြီးနောက် ဆွံ့အ သွား၏ ။ သူ အနုပညာရှင် မဟုတ်သော်လည်း ဖန်များက မည်သည့်နေရာမှ ထွက်ပေါ်လာပါသနည်း ။

" လင်းမို့.. "

ကျောင်းအုပ်ထူက...

" မင်း မျက်နှာပြမှ ဖြစ်မယ်.. မဟုတ်ရင် သူတို့ တိုးတာနဲ့ ဂိတ်တံခါး ပြိုကျတော့မယ် .."

ကျောင်းဂိတ်တံခါးအား အလှဆင်သည့် အရာများဖြင့်သာ ပြုလုပ်ထား၍ သိုင်းပညာရှင် အုပ်လိုက်ကြီး ဝင်တိုးလျှင် ပြိုကျသွားနိုင်ပေသည် ။

" ဒါပင်မယ့်.."

လင်းမို့က တုန့်ဆိုင်းသွားပြီး...

" ကျွန်တော် မျက်နှာထွက်ပြရင် ပိုဆိုးမသွားနိုင်ဘူးလား.. အဲ့တာမှ တံခါးတကယ်ပြိုလိမ့်မယ်.. "

" အင်း အဲ့တာလည်း ဟုတ်တာပဲ.."

ကျောင်းအုပ်ထူ ဘာဆက်ပြောရမှန်း မသိတော့ ။ နှစ်ရာချီ သက်တန်းရှိ ကျောင်း၏ သမိုင်းဝင် ဂိတ်တံခါးကြီး ပျောက်ကွယ်ရတော့မည်လော ။ သူ စိတ်ဆင်းရဲသွား၏ ။ အားပေးရန်လာသည့် ပရိတ်သတ်များဖြစ်၍ ရိုက်လွှတ်လျှင်လည်း ကျောင်းနာမည်ပျက်ပေအုံးမည် ။

ထိုအခိုက် လင်းမို့နှင့် ကျောင်းအုပ်ထူ၏ မျက်လုံးထဲတွင် ဖက်တီးတစ်ကောင်၏ ပုံရိပ် ပေါ်ထွက်လာသည် ။

' ဟောက်ရန်ပါလား..'

လင်းမို့၏ မျက်လုံးများ တောက်ပလာပြီး...

" ဆရာကြီး .. ဟောက်ရန်ကို ကျွန်တော့်ကိုယ်စား လွှတ်လိုက်ပါလား.. "

ကျောင်းအုပ်ထူက ခဏစဥ်းစားလိုက်ပြီး...

" အင်း ဖြစ်နိုင်မယ် ထင်တယ်.. "

ဟောက်ရန်သည် လင်းမို့၏ နောက်လိုက်ဖြစ်မှန်း လူတိုင်းသိကြ၏ ။ ဟောက်ရန်သာ ပေါ်ထွက်လာပါက လူများအား နှစ်သိမ့်ပေးနိုင်ပေမည် ။

လင်းမို့ထွက်ပေါ်လာလျှင် ဖန်များ၏ ရူးသွပ်မှုကြောင့် ဂိတ်ဝပြိုသွားနိုင်သော်လည်း ဟောက်ရန်ထွက်လာလျှင် ဤသို့ဖြစ်မည်မဟုတ် ။ ဂိတ်တံခါးအား ကယ်တင်ရန် ကယ်တင်ရှင် ပေါ်ထွက်လာလေပြီ ။

" ဒီလိုပဲ လုပ်တာပေါ့.. "

လင်းမို့နှင့် ကျောင်းအုပ်ထူက ဟောက်ရန်အား မှော်လင့်တကြီး ကြည့်လိုက်ကြသည် ။

အနားသို့ ရောက်လာသော ဟောက်ရန်တစ်ယောက် တုန့်သွား၏ ။ မည်သည့်အတွက်ကြောင့် ဤသို့ ကြည့်နေကြပါသနည်း ။

" အ...အကိုမို့... ကျောင်းအုပ်ထူ.. မင်္ဂလာပါဗျ.."

" ဟောက်ရန် မင်းရဲ့အကူအညီလိုတာ ရှိတယ်.."

လင်းမို့က ရယ်ပြီး ပြောလိုက်၏ ။

" ဟောက်ရန်.. မင်းနာမည်ကြီးနိုင်မည့် အခွင့်အရေး ရတော့မယ်.. "

ကျောင်းအုပ်ထူက ဟောက်ရန်၏ သဘောကို ပို၍ နားလည်ပေသည် ။ ချက်ချင်း ဆွဲဆောင်နိုင်မည့်စကားကို ပြောလိုက်သည် ။

ဟောင်ရန်၏ မျက်လုံးများ ဘလင်းဘလင်း တောက်ပသွားသည် ။

ကျောင်းအုပ်ထူက အခြေအနေအားလုံးကို ရှင်းပြလိုက်၏ ။

" ကျွန်တော့်တာဝန်သာ ထားလိုက်တော့.. "

ဟောက်ရန်က ရင်ဘက်ကို ပုတ်ပြလိုက်ပြီး...

" ဆရာကြီး နဲ့ အကိုမို့ စိတ်မပူနဲ့ ဒီကိစ္စ ချက်ချင်း အေးဆေး ဖြစ်သွားစေရမယ်.. "

ဟောက်ရန်၏ အမြင်အရ ပြသနိုင်မည့်အခွင့်အရေးဖြစ်၍ အစွမ်းကုန်ကြိုးစားရန် ဆုံးဖြတ်လိုက်သည် ။ ထို့နောက် ဟောက်ရန်သည် ကျောင်းတံခါးဝသို့ ပြေးတော့သည် ။ သူ့နေရာ တစ်ယောက်ယောက်က ဝင်၍ ဖြေးရှင်းသွားလျှင် ငိုရန် မျက်ရည်ပင် ကျန်တော့မည်မဟုတ်ချေ ။

လင်းမို့က...

" ဆရာကြီး ကျွန်တော် တောင်းဆိုစရာတစ်ခုရှိလို့ပါ.. "

" ပြောလေ.."

ကျောင်းအုပ်ထူက ချက်ချင်း ပြန်ဖြေလိုက်သည် ။ လင်းမို့သည် ယခုကျောင်းသားဖြစ်နေသေးသော်လည်း သူ့ထက် အဆင့်ကျော်သွားရန် သိပ်ကြာတော့မည်မဟုတ် ။ ထိုကြောင့် ကျောင်းသားဟု သဘောမထားဘဲ အဆင့်တူဟု သဘောထား၍ ဆက်ဆံပေသည် ။ ယခု လင်းမို့အား ကူညီခွင့်ရမည်ဆို၍ ပျော်ရွှင်သွား၏ ။

လင်းမို့က ရှက်ရွံ့ဟန်ဖြင့်...

" ကျွန်တော့် အိပ်ဆောင်မှာ မြေဆွဲအားခန်း တစ်ခန်းလောက် လုပ်ပေးလို့ရမလား.. "

လင်းမို့သည် မြေဆွဲအားခန်း၏ တန်ဖိုးကို သိပေသည် ။ တက္ကသိုလ်တိုင်း မြေဆွဲအားခန်း ဝင်နိုင်ရန် ကျောင်းသားများ လုနေရ၏ ။ ကျန်းနန်တက္ကသိုလ်တွင် မြေဆွဲအားခန်းများစွာရှိသော်လည်း ကျောင်းသားဦးရေဖြင့်ယှဥ်လျှင် မလုံလောက်ပေ ။ သို့သော်လည်း သူ့တွင် ရွေးချယ်စရာမရှိ ။ ပြင်ပလောကတိုက်ပွဲကွင်းသို့ မသွားမီ တက်နိုင်သမျှ ခွန်အားတိုးအောင် လေ့ကျင့်ရပေမည် ။

သူ၏ အိပ်ဆောင်သို့ မြေဆွဲအားခန်း ရွှေ့နိုင်လျှင် တနေကုန် တက်ကြွအညွှန်းကိန်း ၁၀၀၀၀၀ ဖြင့် အိပ်စက်နိုင်မည်ဖြစ်သည် ။ ထို့ကြောင့် ရှေ့မျက်နှာ နောက်ထား၍ တောင်းဆိုလိုက်ခြင်းပင် ။

လင်းမို့သည် ကျောင်းအုပ်ထူ ၏ မျက်နှာ ပျက်သွားမည်ဟု ထင်ထားသော်လည်း ကျောင်းအုပ်ထူက အေးအေးဆေးဆေးဖြင့် ...

" ဒါပဲလား.. "

" ဒါ..ဒါက များနေပြီ မဟုတ်ဘူးလား.."

လင်းမို့ မေးလိုက်မိသည် ။

" တခြားကျောင်းသားက ဒီလို လာတောင်းရင် ကန်ထုတ်ပစ်မှာပေါ့.. ဒါပင်မယ့် မင်းက တခြားသူမှ မဟုတ်တာ.. မင်းကြိုးစားဖို့ လိုတာ အကုန်ဖြည့်စည်းပေးရမှာ ငါ့တာဝန်ပဲ.. မြေဆွဲအားခန်းကို နောက်တစ်နာရီအတွင်း မင်းအိမ်ထဲ ရွှေ့လိုက်မယ်.. တစ်ခါတည်း အိပ်ဆောင်ကို ပြန်ပြင်ဖို့ ဗိသုကာပညာရှင်တွေပါ လွှတ်လိုက်မယ်.. "

သိုင်းပညာရှင်များ အတွက် အိမ်တစ်လုံးပြင်ဆင်သည်က အလွန်လျင်မြန်ပေသည် ။

" ကျေးဇူးတင်ပါတယ်ဆရာကြီး.. "

လင်းမို့က ကျေးဇူးတင်စကား ပြောလိုက်ပြီး ...

" အဲ့တာဆို ကျွန်တော် မြေဆွဲအားခန်းထဲ သွားပြီး လေ့ကျင့်တော့မယ်နော်.. နောက်တစ်နာရီမှပဲ ပြန်လာတေ့မယ်.. "

ကျောင်းအုပ်ထူသည် ထွက်သွားသော လင်းမို့၏ နောက်ကျောကို ကြည့်၍ သက်ပြင်းချမိလိုက်၏ ။

' တစ်နာရီလေးတောင် မဖြုန်းတီးချင်ဘူး ကြိုးစားလိုက်တဲ့ကလေး.. ခုလို အောင်မြင်မှု ရနေတာ ဒီလို ကြိုးစားလို့ပဲ.. '

ကျောင်းအုပ်ထူ တစ်ယောက် သူ့ငယ်ဘဝကို ပြန်မြင်ယောင်မိသွား၏ ။ သူငယ်ငယ်က အလွန်ကြိုးစားခဲ့ဖူးပေသည် ။ သူ မဟာသခင်အဆင့်သို့ ရောက်ပြီးကတည်းက အလုပ်များလှသဖြင့် အရင်လို မကြိုးစားနိုင်တော့ပေ ။

' ငါ နောက်ဆုံး လင်းမို့လို့ ကြိုးစားခဲ့တာ ဘယ်တုန်းကပါလိမ့်.. ငါဒီလို နေလို့ မဖြစ်တော့ဘူး.. ငါလည်း ကြိုးစားနိုင်ပါသေးတယ်.. '

ကျောင်းအုပ်ထူသည် သူ၏ ဘဝပန်းတိုင်ကို ရုတ်တရက် မြင်မိလိုက်သည် ။

' အားနည်းတဲ့ မဟာသခင် ဖြစ်နေရတာ ဘာလုပ်ရမှာလဲ.. ငါစစ်နတ်ဘုရားအဆင့်ကို ရောက်ရမယ်.. '

ကျောင်းအုပ်ထူ၏ မျက်လုံးများက တိုက်ပွဲဝင်လိုစိတ်များဖြင့် ဝင်းဝင်းတောက်လာ၏ ။

' လင်းမို့က ငါ့ကို ကျော်တက်သွားမှာသေချာတယ်.. ငါ့ကျောင်းသားက ငါ့ထက်အရင် စစ်နတ်ဘုရား ဖြစ်သွားရင် ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ.. '

ကျောင်းအုပ်ထူသည် ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်သူ တစ်ယောက်ဖြစ်သည် ။ လင်းမို့သာ စစ်နတ်ဘုရားအဆင့်သို့ အရင်ရောက်ပါက သူ၏ မျက်နှာ မည်သည့်နေရာသို့ သွားထားရမည်နည်း ။ ကံကောင်းသည်က လင်းမို့ မဟာသခင်အဆင့်ရောက်ရန် အချိန်များစွာလိုအပ်နေသေးသည် ။ သူကြိုးစားရန် အခွင့်အရေး ရှိနေသေး၏ ။

All Chapters