နတ်ဆိုးဆင်းသက်ခြင်း
Vol. 93 Ch. 1303
ဒါက ရှောင်ဟိုင် နတ်ဆိုးချောက်ထဲတွင် ရခဲ့သည့် သိုင်းပညာရပ်တစ်ခုပေတည်း။
သူရခဲ့သည့်အချိန်ကတည်းက ဒါကို အသုံးမပြုခဲ့ပေ။ အကြောင်းရင်းက သူမသုံးချင်၍မဟုတ်ဘဲ ထိုကဲ့သို့ နည်းစနစ်များကို လေ့ကျင့်တိုင်း စွမ်းအားအပြည့်အ၀ကို မထုတ်လွှတ်နိုင်သလို ခံစားရပြီး အမြဲလိုလို သာမန်လက်သီးချက်တစ်ခုကိုသာ ထုတ်လွှတ်နိုင်ပုံပေါ်သောကြောင့်ပင်။
ရှောင်ဟိုင် အခြေခံများကို နားမလည်နိုင်သေးဟုပင် ထင်ခဲ့ပြီး ကိုယ်ခန္ဓာကို ပြုပြင်မွမ်းမံသည့်အကြိမ်တိုင်း လေ့ကျင့်ရန် ကြိုးစားသော်လည်း ၀မ်းနည်းစွာပင် မည်သည့်သက်ရောက်မှုမှမရှိချေ။
သို့စေကာမူ မှတ်ဉာဏ်အားလုံးကို ပြန်ရပြီးနောက်တွင် အတိတ်ဘ၀တွင်လည်း ယခုလိုနည်းစနစ်များကို ရှောင်ဟိုင်သုံးခဲ့တာကို နားလည်သဘောပေါက်သွားခဲ့သည်။ သို့သော် နတ်ဆိုးချောက်၌ သူရခဲ့သည့် နည်းစနစ်နှင့် အနည်းငယ်ကွဲပြားပုံပေါ်သည်။
သူနတ်ဆိုးနယ်မြေကိုသွားပြီး သွေးကြောကို အသက်သွင်းသောအခါမှသာ ပထမလှုပ်ရှားမှုဖြစ်သည့် ကောင်းကင်ဖျက်ဆီးသူကို သုံးရင်း နတ်ဆိုးဆင်းသက်ခြင်းကို ပြန်လည်လေ့ကျင့်နိုင်တာကို နောက်ဆုံးတွင် တွေ့သွားခဲ့သည်။
နတ်ဆိုးဆင်းသက်ခြင်း၏ ဤနည်းစနစ်များကို သူတော်စင်နတ်ဆိုးသွေးကြောကို အသက်သွင်းပြီးမှသာ သုံးနိုင်ပြီး အစွန်ပိုင်းအား ဖြတ်ကျော်နိုင်စေမည်ဖြစ်သည်။
ဒီတွေ့ရှိမှုက ရှောင်ဟိုင်အတွက် အတော်လေးစိတ်ပျက်စရာပင်။
ဒါက အရင်ဘ၀တွင် သူသိခဲ့သည့် နည်းစနစ်တစ်ခုဖြစ်သော်လည်း ယခုတိုးတက်လာပြီးနောက်တွင် ၀င်ခွင့်လိုအပ်ချက်များက အလွန်စိတ်ခေါ်မှုရှိလာသည်။
ဒါ့အပြင် စွမ်းအားက ကောင်းကင်ကိုပင် လုံး၀စိန်ခေါ်နိုင်စွမ်းရှိသည်။ ရှောင်ဟိုင်၏ မှတ်ဉာဏ်ထဲတွင် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲနိုင်ပြီး ယခုလိုအတိုင်းအတာအထိ အားဖြည့်ပေးနိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူက သူ့ဆရာလုချန်ရှန်းဖြစ်သည်။ လုချန်ရှန်း သူ့တပည့်များအတွက် ယခုလိုအရာမျိုးကို မကြာခဏဆိုသလို လုပ်ပေးတတ်သည်။
လူတိုင်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြစဉ် နတ်ဆိုးချီကနေ သိပ်သည်းထားသည့် အနက်ရောက်ချပ်ပြားက ပြင်းထန်သည့် နတ်ဆိုးစွမ်းအားနှင့်အတူ ကောင်းကင်၌ ရပ်တည်နေသော အနက်ရောင်၀တ်ရုံကို လွှမ်းခြုံထားသည့် ဧရာမနတ်ဆိုးနတ်ဘုရားတစ်ပါးကို သယ်ဆောင်လာပုံရသည်။
ရှောင်ဟိုင်နှင့်မတူသည့်တိုင် ဤသွေးကြောမှ ယူဆောင်လာသည့်ဖိအားကလည်း သူတို့အား ပိုမြင့်မားသည့်သွေးကြောတစ်ခုက ပိုနိမ့်ကျသည့် သွေးကြောတစ်ခုအား နက်ရှိုင်းစွာ ဖိနှိပ်ထားသည့်အလား ခံစားရစေသည်။
ဖုန်းယီကလည်း အဆိုပါခံစားချက်ကို ခံစားရသည်။
ယခင်သွေးကြောပေါက်ကွဲမှုက သူမသွေးကြောကို နှေးကွေးသွားစေပြီး လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် လုပ်ပစ်ခဲ့သော်လည်း ယခုတွင်မူ၎င်းက လုံးဝအကြွင်းမဲ့ဖိနှိပ်မှုတစ်ခုပေတည်း။
အထက်က ကိုယ်ပိုင်တပည့်များက ထိတ်လန့်သွားကြပြီး အော်ဟစ်လိုက်ကြ၏။
"ဒါဘယ်လိုသွေးကြောမျိုးလဲ"
သူတို့ပင်လျှင် ထိုကဲ့သို့ခံစားရသည်။
ထိုအခိုက်အတန့်၌ အိမ်ရှေ့မင်းသားစင်မြင့်ပေါ်၌ မမြင်ရသည့် ပန်းကြွေလက်ဝါးက ရှောင်ဟိုင်၏လက်သီးချက်နှင့် ပြင်းထန်စွာ တိုက်မိသည်။
ရှောင်ဟိုင်နှင့် ဖုန်းယီတို့ကြားတွင် လေပြင်းတစ်ချက် တိုက်ခတ်သွား၏။
မုန်တိုင်းတစ်စင်း ဆင်းသက်လာသည့်အလားပင် ထင်ရပြီး အိမ်ရှေ့မင်းသားစင်မြင့်အောက် အနီးဆုံးတွင် ရပ်နေကြသူများက အလျင်အမြန် အတားအဆီးများကို ထုတ်သုံးရင်း ထိတ်လန့်ဖွယ်ရာ နောက်ဆက်တွဲများအား ခုခံနေသည်။
ဘန်း....ဘန်း....ဘန်း!
ယခုတစ်ကြိမ်တွင်မူ ရှောင်ဟိုင်လွင့်စင်မသွားဘဲ ယင်းအစား မမြင်ရသည့် ပန်းကြွေလက်ဝါးက အာကာသကိုယ်တိုင်ပြိုကွဲသွားသည့်အလား လေထဲတွင် အက်ကြောင်းများစွာကို ဖွဲ့စည်းနေသည်။
ထို့နောက် ဖုတ်ခနဲမြည်သံနှင့်အတူ ပန်းကြွေလက်ဝါးမှာ ကွဲအက်သွားရလေတော့သည်။
ရှောင်ဟိုင်သူရှိနေသည့်နေရာသို့ ပြန်သွားခဲ့သည်။
ဖုန်းယီ တိတ်တဆိတ်ညည်းသံတစ်ချက် ထုတ်လွှတ်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရကာ နောက်ဆုံးခြေလှမ်းတွင် ကြမ်းပြင်ကို ပြင်းထန်စွာ တက်နင်းရင်း ကိုယ်ထဲက လက်ဟီးအားကို ကိုယ်ခန္ဓာမှ ခြေဖဝါးများဆီသို့ ပို့လွှတ်ကာ ကြမ်းပြင်၌ ပျံ့သွားအောင် လုပ်ပြီးနောက်တွင်သာ သူမတည်ငြိမ်စွာ ရပ်နိုင်ခဲ့သည်။
သို့စေကာမူ ဖုန်းယီ တက်နင်းပစ်ခဲ့သည့်နေရာတွင် မြေကြီးက ကွဲထွက်သွားပြီး နက်ရှိုင်းသည့်အပေါက်တစ်ပေါက် ဖြစ်သွားခဲ့သည်။
နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ခွန်အားနှင့် အိမ်ရှေ့မင်းသားစင်မြင့်ကို ဖျက်ဆီးနိုင်ရန်ဟူသည် ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ သမိုင်းတစ်လျှောက်တွင် ရှောင်ဟိုင်က ပထမဆုံးအောင်မြင်စွာ လုပ်နိုင်ခဲ့သူဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲပင်လျှင် အနည်းငယ် ကြက်သေသေနေသည်။
ဖုန်းယီ ပါးစပ်ကစီးကျနေသည့် သွေးကို ဂရုမစိုက်ဘဲ မျက်နှာအမူအရာက ဖြူရော်နေပြီး ကိုယ်ခန္ဓာရှိ သွေးချီနှင့် နတ်ဆိုးချီပါ နှစ်ခုစလုံး ပျောက်ကွယ်နေသော ရှောင်ဟိုင်ကို စိုက်ကြည့်လိုက်စဉ် ဒါကသူ့၏ နောက်ဆုံး တိုက်ခိုက်မှုဆိုတာ သိလိုက်ရသည်။
နတ်ဆိုးဆင်းသက်ခြင်းက အရမ်းအားကောင်းလွန်းသည်။ ရှောင်ဟိုင်၏ လက်ရှိခွန်အားနှင့် သွေးကြောအမျက်ဒေါသနှင့် သွေးကြောအရှုပ်အထွေးတို့၏ အပြည့်အ၀ပေါက်ကွဲမှုအောက်တွင် ကောင်းကင်ဖျက်ဆီးသူ ဟုခေါ်သော လှုပ်ရှားမှုကိုသာ သူထုတ်လွှတ်နိုင်ခဲ့သည်။
သို့သော် ဖုန်းယီကို ယခုတိုက်ခိုက်ရန်အတွက် တောင်းဆိုပါကလည်း သူမ၏ လက်ရှိဂုဏ်သိက္ခာနှင့် ပုံရိပ်အရ ဒါက သဘာ၀အတိုင်းပင် မဖြစ်နိုင်ပါ။
မည်သို့ပင်ဆိုစေကာမူ ရှောင်ဟိုင်၏ နယ်ပယ်က သူမထက်အများကြီးပိုနိမ့်ကျသည်။
ဒါကိုစဉ်းစားမိသောအခါ ဖုန်းယီ၏ မျက်လုံးအစုံက တောက်လောင်နေပြီး ရှောင်ဟိုင်အား ပြောလိုက်သည်။
"ကျွန်မရှုံးတယ်"
ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲမှာ ကြက်သေသေနေသလို စင်မြင့်အောက်က လူများလည်း မယုံနိုင်စွာ ပါးစပ်ပြူးကျယ်နေကြပြီး အသိဉာဏ်ကြွယ်၀သည့် ကိုယ်ပိုင်တပည့်များကသာ ရှောင်ဟိုင်ကို သနားကရုဏာဖြင့် ကြည့်နေကြသည်။ ယခုလေးတင် ပြသခဲ့သည့် ရှောင်ဟိုင်၏ ခွန်အားနှင့် လက်သီးချက်ကြောင့် သူတို့အံ့ဩသွားခဲ့ရသည်။ သို့သော် ဖုန်းယီကို ထိုစကားလုံးသုံးလုံးပြောလာစေခြင်းက သူတို့ကောင်းကောင်းနားလည်သည့် အရာတစ်ခုခုကို ဆိုလိုနေခြင်းပင်။
ရှောင်ဟိုင်ခေါင်းညိတ်ပြီးနောက်တွင် ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ပင် ပြိုလဲကျသွားလေတော့သည်။
......
သုံးရက်ကုန်ဆုံးသွားလေပြီ။
ဒီသုံးရက်အတွင်း ဝိဉာဉ်အနှစ်သာရကျောင်းတော်က ရှောင်ဟိုင်၏ပုံပြင်များနှင့်အတူ စင်မြင့်ပေါ်က မင်းသားတစ်ပါး၏ စွမ်းဆောင်မှုအကြောင်းနှင့် အမြဲလိုလိုပြည့်လျှမ်းနေသည်။
နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်နှင့် စတုတ္ထအကြီးအကဲ၏ ကိုယ်ပိုင်တပည့် ဖုန်းယီနှင့် တိုက်ခိုက်ခဲ့ပြီး အနိုင်ပင် ယူခဲ့သည်။
ဒီထက်ဘယ်အရာက ပိုပြီး အံ့ဩစရာကောင်းတော့မည်နည်း။
ရွှေရောင်ခြံ၀င်းတစ်ခုရှေ့တွင် ဒုတိယအကြီးအကဲ ရှေ့တွင် ဒူးထောက်နေသည့် ဟဲရှန်း၀မ်အား ပြောလိုက်သည်။
"လောလောဆယ်တော့ သူတို့ကိုထပ်ပြီး မစော်ကားနဲ့တော့၊ နားလည်လား"
ဟဲရှန်း၀မ် အံ့ဩတကြီးမျက်တောင်ခတ်လိုက်မိသည်။
"ဒါပေမယ့်ဘာလို့လဲ၊ သူတို့က ပထမအကြီးအကဲရဲ့လူတွေလေ"
"ငါ 'လောလောဆယ်' လို့ပြောတာ၊ မင်းနားမလည်ဘူးလား" ဒုတိယအကြီးအကဲ ဟဲရှန်း၀မ်ကို စိုက်ကြည့်ပြီးနောက် ဆက်ပြောသည်။
"တစ်ခါတစ်လေ ထောက်ပံ့တဲ့ အကျိုးအမြတ်တွေက လုံလောက်မယ်ဆိုရင် ငါတို့ရဲ့ကိုယ်ကျိုးကို တခြားသူတွေက သုံးနိုင်တယ်"
"ဘာအကျိုးအမြတ်တွေလဲ"
ဒုတိယအကြီးအကဲခေါင်းလှည့်ကာ အိမ်ထဲ၀င်သွားပြီးနောက် စာသားတစ်ကြောင်းတည်းသာ ချန်ထားခဲ့သည်။
"အဲဒီအထူးကျောင်းသားသစ် နိုးလာတဲ့အခါကျရင် ငါသူ့ကို နောက်ဆုံးတပည့်အဖြစ် လက်ခံချင်တယ်လို့ သွားပြောလိုက်၊ တကယ်လို့ သူသဘောမတူဘူးဆိုရင် ငါတို့ တခြားအစီအစဉ်တွေ လုပ်ကြမယ်"
ဒါကိုကြားသော် ဟဲရှန်း၀မ်၏မျက်နှာက ထိတ်လန့်မှုကို ပြသလာသည်။
နောက်ဆုံးတပည့်ဖြစ်လာဖို့ဆိုတာက ဘာကိုဆိုလိုတာလဲ!
အရင်းအမြစ်အများစုက နောက်ဆုံးတပည့်၏ အကျိုးအမြတ်အဖြစ် တိမ်းစောင်းသွားတော့မည်ဟု ပြောဆိုနေခြင်းပင်။
အကြီးအကဲတစ်ဦးတဖြစ်လဲ ဒုကျောင်းအုပ်အဖြစ် အလားအလာရှိသော သူတစ်ယောက်က အရင်းအမြစ်မည်မျှပင် ပိုင်ဆိုင်လေမည်နည်း။
အဖြေကသိသာထင်ရှားသည်။
သွေးဆောင်မှုက ကြီးမားလွန်းသဖြင့် ဝိဉာဉ်အနှစ်သာရကျောင်းတော်က မည်သူမဆို ငြင်းဆန်နိုင်မည်မဟုတ်ပေ။
သို့သော် အကယ်၍ တစ်ယောက်ယောက်ကသာ အမှန်တကယ်သဘောမတူပါက သူတို့၏ရှေ့ဆက်နေ့ရက်များက အရမ်းကြီး သာယာနိုင်တော့မည်မဟုတ်ပါ။
ဤအခိုက်အတန့်မှာပင် ရှောင်ဟိုင် အပြည့်အ၀သက်သာလာခဲ့ပြီး သူ့ရုပ်ခွန်အားကလည်း သိသိသာသာပင် တိုးလာခဲ့သည်။
အလုံစုံဆိုပါက ဤကျင့်ကြံခြင်းကာလနှင့် ယှဉ်ပြိုင်ခြင်းတို့က သူ့ကို သိသာသည့် တိုးတက်မှုများအား ပေးဆောင်ခဲ့သည်။
ယင်းနောက်တွင် တံခါးအပြင်ဘက်က ယဲ့ချိုးပိုင်၏အသံထွက်လာသည်။
"ဂျူနီယာညီလေး၊ အစ်ကိုထန် မင်းကို ရှာနေတယ်"
ဒါကိုကြားသော် ရှောင်ဟိုင်အ၀တ်များ ၀တ်ဆင်းပြီး ထရပ်ကာ တံခါးကိုဖွင့်ရင်း အပြင်သို့ထွက်လာသည်။
ထန်ကျုံ့ကျောက် ရှောင်ဟိုင်ကို ပြုံးပြရင်း တိုက်ရိုက်ပင်ပြောသည်။
"ညီလေးရှောင်ဟိုင်၊ မင်းဒီတစ်ကြိမ်တော့ တကယ်ပဲ နာမည်တစ်ခု စိုက်ထူနိုင်ခဲ့တာပဲ"
ရှောင်ဟိုင်ပြုံးပြီး ထန်ကျုံ့ကျောက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။
ရှောင်ဟိုင်အံ့ဩသင့်ခြင်းမရှိတာကို မြင်ရသောအခါ ထန်ကျုံ့ကျောက်ကလည်း အံ့ဩမသွားဘဲ ဆက်ပြောသည်။
"လွန်ခဲ့တဲ့သုံးရက်က တိုက်ပွဲအပြီးမှာ မင်းအပေါ် လူတိုင်းရဲ့အမြင်က ပြောင်းသွားကြပြီး အဲဒီလုထူရဲ့အမြင်တွေက အလိုလိုပြိုလဲကျသွားကြတယ်"
"အဲဒါတင်မဟုတ်ဘဲ အကြီးအကဲတွေကတောင် လူတွေပို့လွှတ်ခဲ့ကြသလို မင်းကို သူတို့တပည့်အဖြစ် လက်ခံဖို့အတွက် ကိုယ်တိုင်တောင် လာကြတယ်"
ရုတ်တရက် ရှီရှန်း စာလိပ်တစ်ဒါဇင်ကျော်ကို ယူလာပြီး ရှောင်ဟိုင်ရှေ့တွင် စုပုံချပေးကာ ညွှန်ပြသည်။
"ဒါတွေက အဲဒီအကြီးအကဲတွေဆီက စာတွေပါ၊ အစ်ကိုထန်ပြောတာ မမှားပါဘူး"
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"အားလုံးကို ငြင်းလိုက်တော့"
ဒီအဖြေအပေါ် ထန်ကျုံ့ကျောက် အံ့ဩသင့်သွားခြင်းမရှိပါ။ မည်သို့ပင်ဆိုစေကာမူ သူတို့ဆရာက ထိုအကြီးအကဲများထက် အများကြီး ပိုအားကောင်းသည် မဟုတ်ပေလော။
"ဒါပေမယ့် ဖုန်းယီ မင်းကို 'ငါရှုံးပြီ' ဆိုတဲ့စကားကို ပြောခဲ့တယ်ဆို၊ ဟုတ်လား"
ရှောင်ဟိုင် စိတ်ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ခေါင်းညိတ်သည်။
"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ"
"ဘာပြဿာနာမှတော့မရှိပါဘူး၊ မင်းအနာဂတ်မှာ ဒုက္ခနည်းနည်းကြုံရနိုင်ရုံပါပဲ" ထန်ကျုံ့ကျောက် ရယ်လိုစိတ်ကို အတင်းချုပ်တည်းထားရသည်။
"ဖုန်းယီကို ဒီစကားလုံးသုံးလုံး ပြောအောင် လုပ်နိုင်တာက ဘာကိုဆိုလိုတာလဲဆိုတာ မင်းသိလား၊ သူမင်းနဲ့အမြဲလိုလို ကပ်နေလိမ့်မယ်၊ လေ့ကျင့်နေတဲ့အချိန်ဖြစ်ဖြစ် တာ၀န်တွေဆောင်ရွက်နေတဲ့အချိန်ဖြစ်ဖြစ် မင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် တောင်းဆိုနေလိမ့်မယ်"
ရှောင်ဟိုင် "......"
သို့သော် ဒါက သူနှင့် လိုက်ဖက်သင့်တော်လေရာ သူ့အတွက် အဆင်ပြေပါသည်။