← Chapters

ချော့မော့သွေးဆောင်ခြင်း၊ သတ်ဖြတ်လိုသည့်ဆန္ဒ

Vol. 93 Ch. 1304

ချော့မော့သွေးဆောင်ခြင်း၊ သတ်ဖြတ်လိုသည့်ဆန္ဒ

Vol. 93 Ch. 1304

"အစ်ကိုထန် ဒီစကားလုံးတွေပြောဖို့သက်သက်နဲ့ ဒီကိုလာတာတော့ မဟုတ်ဘူးမလား"

ထန်ကျုံ့ကျောက်ခေါင်းခါယမ်းရင်း ပြုံးသည်။

"သေချာပေါက်မဟုတ်ဘူးပေါ့၊ ငါအဲလောက်ထိ ပျင်းမနေပါဘူး၊ ငါမင်းတို့အားလုံးကို ကိစ္စနည်းနည်းရှင်းပြဖို့အတွက် လာတာပါ"

လူတိုင်းလှည့်ကြည့်လိုက်ကြသည်။

ထန်ကျုံ့ကျောက်ပြုံးကာပြောသည်။

"အရင်ဆုံးဆရာက မင်းတို့ကို သတိပေးဖို့အတွက် ငါ့ကိုပြောခိုင်းလိုက်တယ်၊ မင်းတို့ရဲ့ စိတ်နေစရိုက်အရဆိုရင် ကန့်သတ်ခံထားရတာကို မကြိုက်ဘူးမလား"

ရှောင်ဟိုင်နှင့် ကျန်သောသူများ အဖြေပေးတာကိုပင် စောင့်မနေတော့ဘဲ ထန်ကျုံ့ကျောက် ဆက်ပြောသည်။

"ဆရာ့အဆိုအရဆိုရင် ဒီကိစ္စမှာ မင်း သူတို့တပည့် ဒါမှမဟုတ် နောက်လိုက်တွေ ဖြစ်လာဖို့အတွက် ဘယ်အကြီးအကဲရဲ့ ဖိတ်ကြားချက်ကိုမှ လက်မခံသင့်ဘူး၊ မင်းဒီလိုအမှတ်တံဆိပ်တစ်ခု တပ်ခံလိုက်ရတာနဲ့ မင်းထိန်းချုပ်မှုအလွန်မှာ အရာများစွာ ဖြစ်ပျက်သွားလိမ့်မယ်"

ဒီနေရာတွင် ထန်ကျုံ့ကျောက် ကိုယ့်ကိုကိုယ် အပြစ်ကင်းစင်ရန်အတွက် လျင်မြန်စွာ လက်ဝှေ့ယမ်းသည်။

"သေချာတာပေါ့၊ ငါငါ့ဆရာအကြောင်း သွယ်ဝိုက်ပြီးပြောနေတာမဟုတ်သလို မကောင်းပြောနေတာလည်း မဟုတ်ဘူး၊ ငါ့ဆရာကတော့ ခြွင်းချက်တစ်ခုဆိုပေမယ့် တခြားအကြီးအကဲတွေကလည်း အလားတူလို့‌ပဲတော့ ငါမပြောနိုင်ဘူး"

အနီးတွင် ရပ်နေသည့် ယဲ့ချိုးပိုင်ပြုံးသည်။

"ဒီတော့ အစ်ကိုထန်ဆိုလိုတာက ငါတို့သာ ပါ၀င်ရမယ်ဆိုရင် ပထမအကြီးအကဲရဲ့ လက်အောက်မှာ ၀င်သင့်တယ်လို့ အကြံပြုနေတာပေါ့"

ထန်ကျုံ့ကျောက် မည်သည့်စကားမှမဆိုဘဲ ပြုံးနေသည်။

ရှီရှန်းခေါင်းကုတ်လိုက်သည်။

"ဒါပေမယ့် ဒီလိုသာဆိုရင် အပြင်လူတွေက ကျွန်တော်တို့ကို ပထမအကြီးအကဲရဲ့ လက်အောက်မှာ ရှိတယ်လို့ ယူဆကြမှာပဲလေ"

ဘေးတွင်ရပ်နေသည့် မုဖူရှန်းမှာ လက်မထောင်ပြလိုက်သည်။

"စီနီယာအစ်ကိုရှီ၊ အစ်ကိုရဲ့အတွေးတွေက ပိုပိုပြီး သိလွယ်လာပြီ၊ ကြည့်ရတာ ဒုတိယအစ်မနဲ့ တခြားသူတွေနောက်ကို လိုက်ခြင်းက အစ်ကိုရဲ့အတွေးတွေကို တစ်နည်းနည်းနဲ့ ငြိမ်သက်သွားစေပုံပဲ"

ဆိုးရိုးစကားအတိုင်းပင် လူတစ်ယောက်က သူ့ကုမ္ပဏီ၏ အရောင်အတိုင်းပင် ယူဆောင်ကာ ပြောင်းလဲသွားတတ်သည်။

ယဲ့ချိုးပိုင် မုဖူရှန်းအားကြည့်ရင်း ပြုံးသည်။

"မင်းပြောတာကို ဒုတိယအစ်မလည်း ကြားချင်နေလောက်မယ်ထင်တယ်"

မုဖူရှန်း "......"

ထန်ကျုံ့ကျောက်ခေါင်းညိတ်သည်။

"ဒီလိုဆိုရင်တောင် ဒါကအများပြည်သူရဲ့ သဘောထားအမြင်တစ်ခုပဲလေ၊ ငါက ဆရာပြောတာကို ပြန်ပြောပြရုံပါပဲ"

လူတိုင်းခေါင်းညိတ်ကြသည်။

"ပြီးတော့ မင်းတို့ လျှို့ဝှက်နယ်မြေမှာ ဆက်လေ့ကျင့်ချင်ကြတယ်ဆိုရင် ‌ငါမင်းတို့ကို ပေးထားတဲ့ ထောက်ပံ့မှတ်တွေကို အားကိုးနေရုံနဲ့ မလုံလောက်ပါဘူး"

ထန်ကျုံ့ကျောက် သူတို့တစ်ယောက်စီကို ထောက်ပံ့မှတ်တစ်ထောင်စီပေးခဲ့သည်။ လျှို့ဝှက်နယ်မြေ၌ တစ်နေ့တာလေ့ကျင့်မှုက ထောက်ပံ့မှတ်တစ်ရာကုန်ကျသည်။

သူတို့သုံးရာကိုသုံးပြီးသွားပြီဖြစ်လေရာ ခုနှစ်ရက်လေးနှင့် အမှန်တကယ်ဘာကိုပင် လေ့ကျင့်နိုင်မည်နည်း။

"ဒီတော့ ထောက်ပံ့မှတ်တွေကို ရဖို့အတွက် တိုက်ရိုက်နည်းလမ်းနှစ်ခုရှိတယ်၊ ပထမတစ်ခုက တာ၀န်တွေကို ရယူဖို့အတွက် အတွင်းမျှော်စင်ကိုသွားဖို့ပဲ၊ အတွင်းမျှော်စင်မှာ အဆင့်ကိုးဆင့်ရှိပြီး အဆင့်ပိုမြင့်လေလေ၊ တာ၀န်တွေပိုခက်လာပြီး ဆုလာဘ်ပိုကြွယ်၀လေလေပဲ၊ သေချာတာပေါ့၊ တခြားဌာနတွေနဲ့ အကြီးအကဲတွေကလည်း တာ၀န်တွေကို ထုတ်ပေးလို့ရတယ်"

"ဒုတိယတစ်ခုကတော့ လင်းယွန်စင်မြင့်ဖြစ်ပြီး အဲမှာ စိန်ခေါ်မှုယန္တရားတစ်ခုရှိတယ်၊ မင်းတို့ ပြိုင်ဘက်ကို စိန်ခေါ်ဖို့အတွက် ထောက်ပံ့မှတ်တွေ ထည့်နိုင်ပြီး နိုင်သူက အမှတ်အားလုံးကို ရမယ်၊ တကယ်တော့ စည်းမျဉ်းဟောင်းတစ်ခုလည်းရှိတယ်၊ အဲဒါက မကိန်းကို လောင်းကြေးထပ်တာပဲ"

ထန်ကျုံ့ကျောက်ပြုံးသည်။

"ဒါပေမယ့် လောလောဆယ်တော့ တာ၀န်တွေကို ယူဆောင်ဖို့ပဲ ငါမင်းတို့ကို အကြံပေးချင်တယ်၊ မင်းတို့ ပြဇာတ်တစ်ခုတောင် ဖန်တီးပြီးပြီလေ၊ တကယ်လို့ မင်းတို့သာ ပြဿာနာတွေပိုဖန်တီးနေမယ်ဆိုရင် အာရုံစူးစိုက်မှုတွေ ပိုရလာဖို့ အလားအလာရှိပြီး ငြိမ်းချမ်းမှုရှိတော့မှာမဟုတ်တော့ဘူး"

ထိုအရာအားလုံးကို ပြောဆိုပြီးနောက် ထန်ကျုံ့ကျောက်နှုတ်ဆက်ကာ ထွက်သွားရန်အတွက် လှည့်လိုက်၏။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ သူ့ကို တံခါးဆီသို့ လိုက်ပါပို့ဆောင်ပေးကြသည်။

သို့စေကာမူ သူတို့တံခါးဝသို့ ရောက်လာသည့်အချိန်တွင် မရေမတွက်နိုင်လောက်သည့် ကြည့်ရှုသူများကို တွေ့လိုက်ရပြီး ခေါင်းဆောင်နေသူကမူ ထန်ကျုံ့ကျောက်အား မျက်မှောင်ကြုတ်သွားစေသည်။

"အဲဒါက ဒုတိယအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့် ဟဲရှန်း၀မ်ပဲ၊ မကြာသေးခင်က ပြဿာနာအားလုံးရဲ့ နောက်ကွယ်က လှုံ့ဆော်သူပေါ့"

ဒီအခိုက်အတန့်တွင် ဟဲရှန်း၀မ်ရှေ့တိုးလာပြီး ထန်ကျုံ့ကျောက်ကို တစ်ချက်စိုက်ကြည့်ရင်း ပြုံးသည်။

"အတိတ်က မကျေနပ်ချက်တွေကို နောက်မှာ ချန်ထားခဲ့ကြရအောင်၊ ငါမင်းတို့ကို ပစ်မှတ်မထားခဲ့ဘူးဆိုတာ မင်းတို့လည်း သိပါတယ်"

ယဲ့ချိုးပိုင်ရှေ့တစ်လှမ်းတိုးကာမေးသည်။

"ဒါဆို တာအိုမိတ်ဆွေလေး၊ မင်းဘာလို့ ဒီမှာရှိနေရတာလဲဆိုတာ မေးလို့ရမလား၊ တောင်းပန်ဖို့အတွက်လား"

ဒီနေရာတွင် ယဲ့ချိုးပိုင် ဟဲရှန်း၀မ်၏ ဗလာကျင်းနေသည့် လက်အစုံကို တမင်တကာပင် စိုက်ကြည့်ပြီးပြောသည်။

"ငါဘာလက်ဆောင်မှလည်း မတွေ့ပါဘူး"

အနီးအနားကလူများစွာ ပြင်းထန်စွာ အသက်ရှူသွင်းလိုက်မိကြသည်။

ဒုတိယအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့်ရဲ့ အပြုအမူကို စိန်ခေါ်တာလား၊ ဒါက ငယ်ရွယ်လွန်းတဲ့အတွက် ရိုးသားနုံချာတာလား ဒါမှမဟုတ် မဆင်မခြင်ဖြစ်သွားတာလား!

ဟဲရှန်း၀မ်၏အမူအရာကလည်း အနည်းငယ်လေးနက်သွားသော်လည်း ချက်ချင်းဆိုသလို အပြုံးတစ်ပွင့်အဖြစ် ပြောင်းလဲသွားကာ လက်အစုံကို ဖြန့်ကြက်လိုက်၏။

"အရမ်းကြီးရန်မူနေစရာမလိုပါဘူး၊ ငါဒီတစ်ခါတော့ အများကြီးမယူလာခဲ့ဘူးဆိုပေမယ့် နောက်ဆက်တွဲကတော့ မင်းတို့အားလုံးအတွက် ကြီးမားသည့်အကူအညီတစ်ခု သေချာပေါက်ဖြစ်လာမှာပါ"

သူပြောခဲ့သည့်နောက်ထပ်စကားက ရှိနေသောသူတိုင်းအား အံ့ဩသင့်သွားစေသည်။

ယင်းနောက်တွင် ဟဲရှန်း၀မ် ရှောင်ဟိုင်အား ကြည့်ပြီးနောက်ပြောသည်။

"ဆရာကမင်းကို သူ့တပည့်အဖြစ် လက်ခံချင်တယ်၊ သာမန်တပည့်တစ်‌ယောက်အနေနဲ့ မဟုတ်ပါဘူး၊ ကိုယ်ပိုင်တပည့်တစ်ယောပါအနေနဲ့ပါ"

ကိုယ်ပိုင်တပည့်လား!

ထန်ကျုံ့ကျောက်ပင်လျှင် မျက်မှောင်ကြုတ်လိုက်မိပြီး ဒုတိယအကြီးအကဲအပေါ် သူ့အမြင်က အဆင့်များစွာ တက်သွားခဲ့သည်။

တကယ်တမ်းတွင် ထိုနေရာသို့ ရောက်သွားကြသည့်သူများက ရက်စက်သော ဇာတ်ကောင်များသာ။

ဒါက အများပြည်သူ၏ သဘောထားကနေ ဆောင်ကြဉ်းလာသည့် ဒုတိယအကြီးအကဲ၏ ဂုဏ်သတင်းအပေါ် သက်ရောက်မှုကို အနည်းဆုံးအထိ လျှော့ချစေနိုက်သည်သာမက ရှောင်ဟိုင်နှင့် သူ့အုပ်စု၏ သဘောထားကိုပါ အတည်ပြုနိုင်သည်။

အကယ်၍သူတို့သာ ခေါင်းညိတ်ပြီး သဘောတူပါက ဒုတိယအကြီးအကဲအတွက် ကျားတစ်ကောင်က တောင်ပံထပ်ဖြည့်ပေးလိုက်သည့်ပမာ ဖြစ်သွားပေလိမ့်မည်။

သူတို့သာငြင်းဆန်ပါက အများပြည်သူသဘောထာ၏ ဩဇာလွှမ်းမိုးမှုကို လျော့ကျသွားစေမည်။ သို့စေကာမူ ပုန်းကွယ်နေသည့် သတ်ဖြတ်ခြင်းဆန္ဒလည်း ရှိလောက်သည်။ ငြင်းဆန်ခြင်းက ရှောင်ဟိုင်နှင့်ကျန်သောသူများအပေါ် တိုက်ခိုက်မှုတစ်ခုအဖြစ် ဦးတည်သွားလောက်သည်။

သို့သော် ရှောင်ဟိုင်နှင့် ကျန်သောသူများ၏ သဘောထားကို အလွယ်တကူမှန်းဆနိုင်သည်။

တွေးပင်တွေးတောမနေဘဲ ရှောင်ဟိုင် တိုက်ရိုက်ခေါင်းခါယမ်းကာ ဟဲရှန်း၀မ်အား အေးစက်စွာစိုက်ကြည့်ရင်း တစ်လုံးချင်းပြောသည်။

"မင်းဆရာက ငါ့ကိုတပည့်အဖြစ် ယူဖို့ မထိုက်တန်ဘူး"

သူ့အသံက သိမ်မွေ့နေသော်လည်း အတော်လေး ယုံကြည်မှုပြည့်၀နေသည်။

အကယ်၍တခြားတစ်ယောက်ကသာ အဆိုပါဖိတ်ကြားချက်ကို ရမည်ဆိုပါက ရှောင်ဟိုင်ကဲ့သို့ ထူးမခြားနားစွာ ငြင်းဆန်မည်မဟုတ်ဘဲ စိတ်အားထက်သန်စွာပင် သဘောတူစွာ ခေါင်းညိတ်ခဲ့လောက်သည်။

ဒီအခိုက်အတန့်၌ ဟဲရှန်း၀မ်၏အပြုံးက လုံး၀ပျောက်ကွယ်သွားပြီး ရေခဲတမျှ အေးစက်သည့်သတ်ဖြတ်ခြင်းဆန္ဒကို ဖုံးကွယ်မထားဘဲ ထုတ်လွှတ်လိုက်၏။

"ငြင်းဆန်တာက ကိစ္စလေးတစ်ခုပဲ ဆိုပေမယ့် မင်းစကားတွေရဲ့ အကျိုးဆက်ကိုရော စဉ်းစားပြီးပြီလား"

"ငါတို့ဒီမှာ ရေအတိမ်အနက်ကို စမ်းသပ်ဖို့ပဲ လာခဲ့တာလေ၊ ဘာကြောင့် လေထဲသွားနေရမှာလဲ" ရှောင်ဟိုင်တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံနှင့် မြင်လေရာ သနားညှာတာခြင်းမရှိဘဲ လှောင်ပြောင်လိုက်သည်။

"ဘယ်လိုလှည့်ကွက်မျိုးပဲရှိလာပါစေ၊ ငါတို့ရင်ဆိုင်မယ်"

ဟဲရှန်း၀မ်ခေါင်းညိတ်ပြီး လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် ထွက်သွားလေတော့သည်။

ယနေ့ဖြစ်ရပ်နှင့်အတူ ဒုတိယအကြီးအကဲ၏ တပည့်များက အနာဂတ်တွင် ရှောင်ဟိုင်နှင့် သူ့အဖွဲ့ကို ဘယ်လိုပင် ဆန့်ကျင်နေပါစေ သူတို့တွင် ပထမအကြီးအကဲကို မပါ၀င်စေဘဲ တရား၀င် အကြောင်းပြချက်တစ်ခုရှိသွားပေလိမ့်မည်။

ဘယ်တပည့်ကများ တခြားသူများကို သူတို့ဆရာကို စော်ကားခွင့်ပေးမည်နည်း။

ဒါက ဂုဏ်သိက္ခာကျဆင်းသည့် လုပ်ရပ်တစ်ခုပေတည်း။

ရှောင်ဟိုင်တို့အုပ်စုငြင်းဆန်မည်ကို ထန်ကျုံ့ကျောက်သိသည့်တိုင် တုံ့ပြန်မှုကို ကြားရသောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချပြီးနောက် ရှောင်ဟိုင့်ပခုံးကို ပုတ်လိုက်၏။

"သူတို့မင်းအပေါ် လက်တင်တာနဲ့ ငါ့ကို အချိန်မရွေးဆက်သွယ်ဖို့ သတိရပါ"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

"ကျေးဇူးပါ"

ထိုအချိန်မှာပင် ထန်ကျုံ့ကျောက် နောက်သို့တစ်ချက်ကြည့်ရင်း ပြုံးလိုက်လေသည်။

"ကောင်းပြီ၊ ပြဿာနာအိုးကတော့ လာနေပြီ၊ ငါမင်းကိုပြောခဲ့တာကိုပဲ သတိရပါ"

စကားပြောပြီးသည်နှင့် သူချက်ချင်းထွက်သွားသည်။

တစ်ခဏအကြာတွင် ဖုန်းယီထိုနေရာ၌ ရောက်လာပြီး ရှောင်ဟိုင်အား ကြည့်ကာ ပြောလာသည်။

"နင်ဒီလောက်ထိ ဂုဏ်ယူနေလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"

ရှောင်ဟိုင်မပြောနိုင်ခင်မှာပင် သူမထပ်ပြောသည်။

"ကောင်းပြီ၊ နင်အခုသက်သာလာပြီဆိုတော့ ယှဉ်ပြိုင်ကြရအောင်"

ရှောင်ဟိုင်မသိစိတ်က ခေါင်းညိတ်တော့မည့်အချိန်တွင် ကံကောင်းစွာပင် သူ့အစ်ကို၏ စရိုက်ကိုနားလည်သည့် မုဖူရှန်းမှာ ရှောင်ဟိုင်အား အမြန်ဆွဲကာ ရယ်မောလိုက်သည်။

"အစ်ကိုထန်က ငါ့ရဲ့စီနီယာအစ်ကိုကို မင်းနဲ့ယှဉ်ပြိုင်ခြင်းကနေ ရှောင်ကြဉ်ထိန်းသိမ်းထားဖို့ ပြောခဲ့တယ်၊ မဟုတ်ရင် အာရုံစိုက်မှုအများကြီးကို ဆွဲဆောင်မိလိမ့်မယ်တဲ့"

"ဟေး"ဖုန်းယီ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ထန်ကျုံ့ကျောက်ထွက်သွားသည့်ဘက်သို့ လှည့်ကြည့်ကာ ဒေါသတကြီး ညည်းတွားလေတော့သည်။

"ဒီလူကတော့၊ ငါသူ့ကို ဒီလိုအများကြီး ကူညီပေးခဲ့တာတောင် သူကငါ့ကို ကျေးဇူးမတင်တဲ့အပြင် ငါ့အတွက် ကိစ္စတွေကို ရှုပ်ထွေးသွားအောင်တောင် လုပ်ပစ်ရဲတယ်ပေါ့"

"နင်တို့ဘာဆက်လုပ်ကြမလဲ၊ ကျင့်ကြံခြင်းသက်သက်ပဲဆိုရင်တော့ ငါနဲ့ယှဉ်ပြိုင်တာ ပိုကောင်းတယ်"

ယဲ့ချိုးပိုင်ပြုံးသည်။

"မိန်းကလေးဖုန်း၊ ငါတို့က ဒီမှာအသစ်ဆိုတော့ ငါတို့ရဲ့ထောက်ပံ့မှတ်တွေကလည်း နည်းနေပြီလေ၊ အဲတော့ ငါတို့ တာ၀န်တစ်ချို့ ယူဖို့အတွက် သွားကြည့်မလို စဉ်းစားနေတာ"

ဖုန်းယီ တစ်ခဏမျှတွေးလိုက်ပြီးနောက် ရှောင်ဟိုင်အား အပြုံးနှင့်ကြည့်လိုက်၏။

"ကောင်းပြီ၊ ငါနင့်ကို အတင်းမလုပ်ခိုင်းတော့ဘူး၊ နင်လက်ရှိကိုင်တွယ်နိုင်မယ့် တာ၀န်အရေအတွက်ကို ထည့်တွက်မယ်ဆိုရင်တော့ ပထမအဆင့်သုံးခုက တာ၀န်တွေကိုပဲ လက်ခံလို့ရတယ်၊ ငါနင့်ကို ပိုမြင့်တဲ့ အဆင့်တွေကို ခေါ်သွားပေးမယ်၊ ဒါပေမယ့် ငါတို့တာ၀န်ပြီးဆုံးတဲ့အခါကျရင် ယှဉ်ပြိုင်ကြမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ"

All Chapters