မုဖူရှန်း၏ သတ်ဖြတ်လိုသည့်ဆန္ဒ
Vol. 93 Ch. 1305
မျှော်စင်ကို အဆင့်ကိုးဆင့်ခွဲခြားထားသည်။
အဆင့်တိုင်းစီတွင် ကန့်သတ်ချက်များရှိပြီး တာ၀န်များကို ဆောင်ရွက်ရန်အတွက် ပိုမြင့်မားသည့် အဆင့်သို့သွားရန် သတ်မှတ်ထားသည့် တာ၀န်အရေအတွက်တစ်ခုကို ပြီးမြောက်ထားရန် လိုအပ်သည်။
သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ကောင်းကင်ခြံ၀င်းနံပါတ်သုံး၏ ပိုင်ရှင်များဖြစ်ကြသဖြင့် မည်သည့်တာ၀န်ကိုမှ ပြီးမြောက်ထားခြင်း မရှိသည့်တိုင် တတိယအထပ်ကို ၀င်နိုင်သည်။
ကိုယ်ပိုင်တပည့်များက ပဉ္စမအထပ်သို့ တိုက်ရိုက်သွားနိုင်သည်။
သို့သော် ယနေ့အချိန်အထိ န၀မမြောက်အဆင့်သို့ လူနှစ်ယောက်သာလျှင် ၀င်နိုင်ခဲ့ကြသည်ဟု ဆိုကြသည်။
ထိုနှစ်ဦးအနက်တစ်ဦးက ကျောင်းအုပ်၏ ကိုယ်ပိုင်တပည့်ဖြစ်ပြီး ကျန်တစ်ဦးက ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်တဖြစ်လဲ ကောင်းကင်နံပါတ်တစ်ခြံ၀င်း၏ ယခင်ပိုင်ရှင်ဖြစ်သည်။ ယင်းနောက်တွင် အကြီးအကဲများစွာက ထိုလူအား သူတို့တပည့်အဖြစ် လက်ခံချင်ခဲ့ကြပြီး ကျောင်းအုပ်ပင်လျှင် လက်ကမ်းလှမ်းလာခဲ့သည်။ သို့သော် ထိုလူက လူတိုင်းကို တုန်လှုပ်သွားစေသည့် အရာတစ်ခု လုပ်ဆောင်ခဲ့သည်။ သူဂိုဏ်းချုပ်နှင့် အကြီးအကဲများကို ငြင်းခဲ့သည်သာမက အတွေ့အကြုံရှာဖွေရန်အတွက် စွန့်စားသွားလာရန် ကောင်းကင်ခြံ၀င်းနံပါတ်တစ်ကိုပင် လက်လွှတ်ခဲ့သည်။
ထိုလူ၏နာမည်က ကုရှန်းဖြစ်သည်။
သူ 'သူတော်စင်' ဟူသော နာမည်နှင့် မွေးဖွားလာသည်ဟူသောအချက်က သူ့ရည်မှန်းချက်များကို ပြသနေသည်။
.....
ဒီအခိုက်အတန့်၌ ဒုတိယအကြီးအကဲ၏ နေအိမ်တွင် ဟဲရှန်း၀မ် ဒုတိယအကြီးအကဲအား ရှောင်ဟိုင် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည့်အကြောင်းရော သူပြောခဲ့သည့်အကြောင်းကိုပါ အစီရင်ခံတင်ပြနေသည်။
"ဆရာ၊ ဒီအထူးစုဆောင်းထားတဲ့ တပည့်သစ်က နည်းနည်းမောက်မာလွန်းမနေဘူးလား"
ဒုတိယအကြီးအကဲ၏ အမူအရာက မပြောင်းမလဲ တည်ရှိနေသေးပြီး လက်ထဲရှိ စာလိပ်အား လှန်ဖျပ်ရင်း မျက်မှောင်ပင် ကြုတ်သွားခြင်းမရှိဘဲ ပြောသည်။
"ကြောက်စရာကောင်းတဲ့ပါရမီကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က နည်းနည်းမောက်မာတယ်ဆိုတာ ပုံမှန်ပါပဲ၊ ဆန့်ကျင်ဘက်အနေနဲ့ ငါကမ်းလှမ်းတာကို သူသာ အသင့်လက်ခံလိုက်မယ်ဆိုရင် ငါသူ့ကို မှားယွင်းစွာ အကဲဖြတ်မိသွားတယ်လို့ တွေးမိမှာပဲ"
"ပြီးတော့......" ဟဲရှန်း၀မ်အံ့ဩသင့်နေရသည်။
ဒုတိယအကြီးအကဲ စာလိပ်ကို လိပ်ပြီး သိုလှောင်လက်စွပ်ထဲထည့်သွင်းကာ ထရပ်ပြီးနောက် ခြံ၀င်းထဲက မက်မွန်ပင်ကို ကြည့်လိုက်၏။ သူလက်ဆန့်ထုတ်ကာ အကိုင်းတစ်ခုပေါ်၌ ထူးခြားတောက်ပစွာ ပွင့်လန်းနေသည့် မက်မွန်ပွင့်တစ်ပွင့်ကို ထိရင်း ပြောသည်။
"ဒါပေမယ့် တစ်ခုအတွက် တစ်ခုပဲ၊ သူငါ့အတွက်လည်း အသုံးမ၀င်နိုင်တော့သလို အကြီးအကဲတစ်ယောက်ကိုလည်း တစ်ဖက်သတ်စော်ကားခဲ့တယ်ဆိုတော့ ဒါက ငါ့တို့ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ ကျင့်၀တ်ထုံးတမ်းတစ်ခု မဟုတ်တော့ဘူး"
"သူတို့ကိုသင်ခန်းစာနည်းနည်းပေးလိုက်၊ သူတို့တာ၀န်တစ်ခု ဆောင်ရွက်ဖို့ သွားကြတယ်လို့ ငါကြားခဲ့တယ်"
ထိုသို့ပြောလိုက်စဉ် ဒုတိယအကြီးအကဲ မက်မွန်ပွင့်ကို ဖိချေပြီး ဖောက်ခနဲ ပွင့်ဖတ်များအဖြစ် ချေမွပစ်သည်။
ပန်းပွင့်က ပန်းအမှုန်များအဖြစ် ပြောင်းသွားတာကို မြင်ရသောအခါ ဟဲရှန်း၀မ်နှာမှုတ်ရင်း ခေါင်းညိတ်သည်။
"အခုဘာလုပ်ရမလဲဆိုတာ ကျွန်တော်သိပါပြီ၊ ဆရာ"
"သွားတော့၊ ငါ့ကိုစိတ်မပျက်ရစေနဲ့"
.....
မျှော်စင်ထဲတွင် ဖုန်းယီ ရှောင်ဟိုင်နှင့် ကျန်သောသူများကို အထဲသို့ ဦးဆောင်ခေါ်သွားနေသဖြင့် လူအများစုက သူတို့ထံ အကြည့်ပို့လွှတ်လိုက်ကြပြီး အချင်းချင်း တီးတိုးပြောဆိုနေကြ၏။
သူတို့တီးတိုးပြောဆိုသည့် အကြောင်းအရာများက ဟဲရှန်း၀မ်အား ရှောင်ဟိုင်၏ ငြင်းဆိုမှုနှင့် ဒုတိယအကြီးအကဲက မထိုက်တန်ဟု လူသိရှင်ကြားဖော်ပြခဲ့သည့် အကြောင်းရင်းများသာ။
"ကြည့်ရတာ ဒုတိယအကြီးအကဲက နင့်အတွက် လှုပ်ရှားတော့မယ့်ပုံပဲ" ဖုန်းယီ ခပ်ပေါ့ပေါ့ရယ်မောရင်း ပြောသည်။
သတင်းပျံ့သွားသည့် အမြန်နှုန်းက ရှောင်ဟိုင်နှင့် ကျန်သောသူများအား ပစ်မှတ်ထားမည့်အတွက် တရား၀င်ဖော်ပြသည့် ကြိုးပမ်းမှုကို ဖော်ပြနေပြီး သူတို့အား တရားမျှတမှုရယူရန်အတွက် ဘေးကနေ တိုက်ခိုက်တော့မည့်ပုံပင်။
ရှောင်ဟိုင်ပခုံးတွန့်လိုက်သည်။
"ဒါဆိုရင်လည်း သူတို့လာပါလေစေ"
"သွားကြရအောင်၊ နင့်ခွန်အားနဲ့ နင်က သတ္တမအဆင့်က တာ၀န်တစ်ခုကို ဆောင်ရွက်ဖို့အတွက်တောင် သင့်တော်တယ်" ဖုန်းယီပြောသည်။
စကားပြောပြီးနောက် လူတိုင်း၏အကြည့်အောက်တွင် ဖုန်းယီ ရှောင်ဟိုင်နှင့် ကျန်သောသူများအား အပေါ်ထပ်သို့ ဦးဆောင်သွား၏။
အဆင့်တစ်ဆင့်တက်သွားစဉ် နေရာက အနည်းငယ်စီပိုကျုံ့လာပြီး လူအရေအတွက်ကလည်း တဖြည်းဖြည်းလျော့ပါးသွားသည်။
သူတို့ သတ္တမအဆင့်ကို ရောက်လာသောအခါ လူတစ်ဆုပ်စာမျှသာ ကျန်တော့သည်။
ထိုလူအားလုံးကလည်း အထူးသီးသန့်ကိုယ်ပိုင်တပည့်များပင် ဖြစ်ကြသည်။
အတွင်း၀င်းထဲက ကောင်းကင်နံပါတ်တစ်ခြံ၀င်း၏ ယုချန်းသာလျှင် ထိုနေရာ၌ ရှိနေသည်။
သူတို့ကိုမြင်သောအခါ ယုချန်း တစ်ခဏမျှ ထိတ်လန့်သွားပြီးနောက် ရှေ့တိုးလာပြီး ဖုန်းယီအား လက်သီးဆုပ်ကာ အရိုအသေပေးသည်။
"စီနီယာအစ်မဖုန်း၊ တာ၀န်တွေအတွက် သူတို့ကို ဒီနေရာကို ခေါ်လာတာ နည်းနည်းစောလွန်းမနေဘူးလား"
ဖုန်းယီ လက်ကောက်၀တ်ကိုလှန်လိုက်၏။
"ငါနဲ့တန်းတူတိုက်ခိုက်နိုင်တဲ့လူတစ်ယောက်က သတ္တမအဆင့်ကို လာဖို့အတွက် အရည်အချင်းမပြည့်မီဘူးလား"
"ဒါပေမယ့်....ကျန်တဲ့သူတွေက" ယုချန်း ရှောင်ဟိုင်နောက်က ကျန်သောသူများအား စိုက်ကြည့်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက သူတို့၏အစစ်အမှန်ခွန်အားကို မပြသရသေးပေ။
ထိုအခိုက်အတန့်မှာပင် ယုချန်းထက် ခေါင်းတစ်လုံးခန့်ပိုမြင့်သည့်လူတစ်ယောက် ရုတ်တရက်လျှောက်လာပြီး ယုချန်းပခုံးကို ကျယ်လောင်စွာ ပုတ်လိုက်၏။
"ဘာဖြစ်နေတာလဲ"
ယုချန်း ဘေးကလူကို ကြည့်လိုက်ပြီး ပြန်ဖြေသည်။
"စီနီယာအစ်ကိုချန်၊ ကျုပ်ရင်းနှီးတဲ့ မျက်နှာတစ်ချို့ကို တွေ့လိုက်ရလို့ပါ"
ထိုလူက ရှောင်ဟိုင်နှင့် ကျန်သောသူများအားကြည့်ရင်း ပြုံးနေသည်။
"ငါလည်းသူတို့ကိုသိတယ်၊ သူတို့က မကြာသေးခင်က ကျောင်းတော်မှာ နာမည်ကြီးလာတဲ့ ဇာတ်ကောင်တွေမလား"
သို့သော် ဖုန်းယီလက်အစုံပိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်၏။
"တော်လောက်ပြီ၊ ချန်တဟိုင်၊ ဟန်ဆောင်နေတာရပ်တော့၊ နင်က ဒုတိယအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့်တစ်ယောက်ပဲ၊ တခြားသူတွေရဲ့ ဒီလိုညံ့ဖျင်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပြသတာ ရှက်စရာကောင်းလွန်းမနေဘူးလား"
ချန်တဟိုင်က ဒုတိယအကြီးအကဲ၏ ကိုယ်ပိုင်တပည့်ဖြစ်သည်ဟူသော စကားကို ကြားလိုက်ရသောအခါ ရှောင်ဟိုင်နှင့် ကျန်သောသူများမှာ သူ့ထံ အကြည့်ပို့လွှတ်လိုက်မိကြ၏။
ဤလူ၏ကျင့်ကြံခြင်းနယ်ပယ်ခွန်အားက ဖုန်းယီနှင့် အဆင့်တူလောက်တွင်ရှိသည်။
ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်!
ချန်တဟိုင် သူ့၏တောက်ပြောင်နေသည့်ခေါင်းကို ထိကာ ကျယ်လောင်စွာရယ်မောသည်။
"ဒါကနည်းနည်းများလွန်းတယ်ဆိုပေမယ့် ငါလည်းတကယ်တော့ ဒီမှာတာ၀န်တစ်ခုအတွက် ရှိနေရတာပါ၊ မကြာသေးခင်က ထောက်ပံ့မှတ်ပမာဏအများကြီးလိုအပ်တဲ့ ပစ္စည်းတစ်ခုကို ငါမျက်စိကျသွားခဲ့တယ်လေ"
ထောက်ပံ့မှတ်များအား ကျောင်းတော်အတွင်း အရင်းအမြစ်များနှင့်လည်း ဖလှယ်၍ရသည်။
"ဒါပေမယ့်....." ချန်တဟိုင် အပြုံးကို ရုတ်တရက်ရုပ်သိမ်းကာ ရှောင်ဟိုင်နှင့် ကျန်သောသူများအား အေးစက်စွာ ကြည့်လိုက်သည်။
"ငါ့ဆရာကို လူသိရှင်ကြားစော်ကားတာက နည်းနည်းမသင့်လျော်ရာကျတယ်မလား၊ မင်းတို့အခုငါ့နောက်ကလိုက်၊ ဒူးထောက်တောင်းပန်ပြီး ဒါကို ကျေအေးပြီလို့ မှတ်ယူလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ"
မုဖူရှန်း မူလက ရှောင်ဟိုင်ကို မဆင်မခြင်လှုပ်ရှားခြင်းကနေ တားဆီးကာကွယ်ရန်အတွက် ဆွဲထားချင်ခဲ့သော်လည်း ထိုစကားကို ကြားပြီးနောက် လက်ကို ရုပ်သိမ်းလိုက်၏။
ရှောင်ဟိုင် တစ်ချက်လေးမျှပင် ရှုံ့တွသွားခြင်းမရှိဘဲ သူ့အကြည့်ကို ရင်ဆိုင်ကာ ထူးမခြားနားစွာပြောသည်။
"ငါအမှန်တရားကိုပဲပြောခဲ့တာ၊ အဲတော့ အဲဒီစကားမှာ ဘာအမှားပါလို့လဲ"
"ကောင်းပြီလေ၊ ဆိုလိုတာက ဆွေးနွေးစရာဘာတစ်ခုမှ မရှိတော့ဘူးပေါ့" ချန်တဟိုင် လက်နှစ်ဖက်သပ်လိုက်၏။
"ဒီလိုဆိုမှတော့ တပည့်တစ်ယောက်အနေနဲ့ ငါမျက်ကန်းတစ်ယောက်လို့ မျက်ကွယ်မပြုနိုင်ဘူးလေ"
"နင်ဘာလုပ်ချင်တာလဲ" ဖုန်းယီမျက်မှောင်ကြုတ်သည်။
"မင်းတို့မကြာခင်သိရမှာပဲလေ"
မျှော်လင့်ထားသည့်အတိုင်းပင် ဖုန်းယီ ရှောင်ဟိုင်နှင့် ကျန်သောသူများအား တာ၀န်တစ်ခုရယူရန် ကူညီပေးနေစဉ် ချန်တဟိုင်က သူတို့နောက်ကနေ ဆက်လိုက်လာသည်။
ကြည့်ရသည်မှာ သူက သူတို့ကဲ့သို့ အလားတူတာ၀န်ကို ယူချင်နေပုံရသည်။
တာ၀န်ရပ်များကို လူအများအပြားက တစ်ချိန်တည်းတွင် ရွေးချယ်နိုင်သည်။ ပထမဆုံးပြီးမြောက်နိုင်သူကသာ ဆုလာဘ်ကို ရယူနိုင်မည်ဖြစ်သည်။
ဖုန်းယီဒေါသထွက်လာပြီး တစ်ခုခုပြောတော့မည့်အချိန်တွင် သူမအား ဖမ်းကိုင်လာသည့် လက်တစ်ဖက်ကို မြင်လိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ရှောင်ဟိုင်ဖြစ်နေသည်။
ရှောင်ဟိုင်၏ အမူအရာကလည်း အေးစက်နေပြီး အသံပို့လွှတ်လိုက်၏။
"စီနီယာအစ်မဖုန်းယီ၊ သူ့ကိုလုပ်ခွင့်ပေးလိုက်၊ ဒီလိုအချိန်မျိုးမှာ ငါတို့ဒါကို မကိုင်တွယ်ဘူးဆိုရင် ပြဿာနာတွေက ထပ်ပြီးမြင့်တက်လာနေဦးမှာပဲ......"
ဖုန်းယီ အံ့ဩသင့်နေသည့်အသံအား ပြန်လည်ပို့လွှတ်လိုက်သည်။
"ဒါကိုကိုင်တွယ်မယ်၊ ဘယ်သူ့ကို ကိုင်တွယ်မှာလဲ"
ရှောင်ဟိုင်တစ်ခဏမျှရပ်သွားပြီး တစ်စုံတစ်ရာကို ချင့်ချိန်တွေးဆနေပုံရကာ နောက်ဆုံးတွင် ပြောလာသည်။
"သေချာပေါက်သူ့ကိုပေါ့၊ လက်ရှိအဆင့်နဲ့ ငါတို့ဒုတိယအကြီးအကဲကို ကိုင်တွယ်နိုင်မှာမှမဟုတ်တာ၊ ဒီတော့ အနည်းဆုံးတော့ သူတို့ကို စိုးရိမ်ပူပန်သွားစေအောင် ခပ်ပြင်းပြင်းလေးတော့ ရိုက်ပေးရမယ်လေ၊ ဒုတိယအကြီးအကဲအတွက်တော့ ငါတို့ တစ်နည်းတစ်ဖုံကစားမှာပါ"
ရှောင်ဟိုင်၏ ပို့လွှတ်လာသည့် စကားကို ကြားရသောအခါ ဖုန်းယီ၏နှလုံးသားက တုန်ယင်သွားရသည်။
သူမရဲတင်းကောင်းရဲတင်းသော်လည်း ရှောင်ဟိုင်လောက် ရဲတင်းနိုင်စွမ်းမရှိချေ။
သူတကယ်ပဲ အကြီးအကဲတစ်ယောက်ကို ကိုင်တွယ်ဖို့ တွေးနေတာလား၊ အဲဒီအကြီးအကဲကလည်း တခြားသူမဟုတ်ဘူး၊ ပထမအကြီးအကဲနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ တစ်ယောက်တည်းသောသူနော်!
သို့စေကာမူ ရှောင်ဟိုင်ဘေးက မုဖူရှန်းကမူ ပြုံးနေသည်။
သူတို့မသိတာက ရှောင်ဟိုင်ယခုလေးတင် အသံပို့ခဲ့သည့်စကားလုံးများအား မုဖူရှန်းပြောခဲ့ခြင်းပင်။
အကယ်၍ မုဖူရှန်းကိုယ်တိုင် ထိုကဲ့သို့ပြောလာပါက ဖုန်းယီအား သူ့ခွန်အားကို ချက်ချင်းသံသယ၀င်သွားစေနိုင်သည်။
ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ဖန်ချန်းတို့က မုဖူရှန်းအပြုံးကိုမြင်ကြသည်။
သူတို့ စိတ်ထဲကနေ ရေရွတ်လိုက်မိကြ၏။
"ဂျူနီယာညီလေးမုရဲ့ ဒီအမူအရာမျိုးကို ငါတို့မတွေ့ရတာတောင် အတော်လေးကြာနေပြီ"
"ဟမ်၊ စီနီယာအစ်ကိုမု ဒေါသထွက်နေတာဖြစ်ရမယ်"
"သေချာပေါက်ပေါ့၊ ဘာကြောင့် တစ်ဖက်က အလျှော့မပေးဘဲ အရမ်းခေါင်းမာနေရတာလဲ"
မုဖူရှန်းက သတိထားတတ်ပြီး တစ်ခုခုဖြစ်ပျက်လာပါက ပြဿာနာကို အမြစ်ကနေ ဖြေရှင်းရန် ကြိုးစားပေလိမ့်မည်။
အကယ်၍ ပြဿာနာဖြစ်စေတာက ချန်တဟိုင်ဆိုပါက သူတို့ချန်တဟိုင်အား အနီးအနားတွင် မည်သူမှမရှိသည့် နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး သတ်ပစ်ရပေမည်။ ကံကောင်းစွာပင် ဤတာ၀န်ရွေးချယ်မှုအပိုင်းက ပြီးပြည့်စုံဆုံးအခွင့်အလမ်းကို ကိုယ်စားပြုနေလေသည်။
အကယ်၍ ဒုတိယအကြီးအကဲကသာ ဆက်လက်မဆုတ်မနစ်လုပ်ဆောင်နေပါက သူတို့ စွန့်စားမှုတစ်ချို့ရယူကာ သူ့ကိုလည်း သုတ်သင်ပစ်ရန်အတွက် အစီအစဉ်တစ်ခု ရေးဆွဲရပေမည်။
မည်သို့ပင်ဆိုစေကာမူ အရာများက သူတို့အလိုရှိသည့်အတိုင်း သွားနေပါက မုဖူရှန်းအတွက် ထုတ်ဖော်ပြသရန် ပို၍ လွယ်ကူမည်သာ။