← Chapters

ချဉ်းကပ်ရလွယ်သော န၀မအိမ်ရှေ့မင်းသား

Vol. 93 Ch. 1307

ချဉ်းကပ်ရလွယ်သော န၀မအိမ်ရှေ့မင်းသား

Vol. 93 Ch. 1307

"မင်းတို့ကြားပြီးကြပြီလား၊ ဒုတိယအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့် အစ်ကိုချန်က အဲဒီအသစ်စုဆောင်းထားတဲ့ ကျောင်းသားသစ်တွေနဲ့ တူညီတဲ့တာ၀န်တစ်ခုကို တကယ်လက်ခံခဲ့တာတဲ့"

"ဒါက တမင်တကာလား ဒါမှမဟုတ် တိုက်ဆိုင်မှုဖြစ်မယ်ထင်လား"

"မင်းဦးနှောက်ရေ၀င်သွားတာလား၊ ဒါက တမင်တကာဆိုတာ အသေအချာပဲလေ၊ အဲဒီအထူးကျောင်းသားသစ်တွေ ဟိုစကားလုံးတွေကို လူသိရှင်ကြားပြောပြီးကတည်းက ဒုတိယအကြီးအကဲလက်အောက်က ကိုယ်ပိုင်တပည့်တွေက သူတို့နဲ့ ဘယ်လိုလုပ် သေတဲ့အထိ မတိုက်ခိုက်ဘဲ နေနိုင်မှာတဲ့လဲ"

"ဒီလိုသာဆိုရင်တော့ အဲဒီအထူးကျောင်းသားသစ်တွေက သူတို့ရဲ့ ပထမဆုံးတာ၀န်မှာပင် ကျရှုံးဖို့ ကျိန်းသေနေပြီပဲ"

"သံသယရှိနေစရာမှမလိုတာ"

......

နဂါးကိုးကောင်နတ်မင်းဆက်တွင် အရေးပါထူးခြားသည့်မြို့ကိုးမြို့ရှိပြီး ၎င်းတို့က ထိုနယ်မြေအတွက် ‌ကမ္ဘာဦးကျောက်တုံးများ၊ ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် လူဦးရေကို လုံး၀နီးပါးထောက်ပံ့ပေးကြသည်။

အဇူရာနဂါးမြို့က ရောထွေနေသည့် ဒြပ်စင်ကျောက်တောင်သုံးခုနှင့်အတူ နတ်မင်းဆက်စီးပွားရေး၏ ၃၀ရာခိုင်နှုန်းနီးပါးကို ထုတ်လုပ်သည်ဟု ဆိုနိုင်သည်။

ကမ္ဘာဦးကျောက်တုံးက ခေးအောစ့်နယ်မြေ၏ စကြာ၀ဠာ‌ဆိုင်ရာ ငွေကြေးဖြစ်သည်။

မင်းဆက်တစ်ခုအတွက် စီးပွားရေးက အခြေခံကျသည့်အရာများထဲက တစ်ခုဖြစ်သည်။

ဒါ့အပြင် အဇူရာနဂါးမြို့ကို အုပ်ချုပ်သည့် အိမ်ရှေ့စံမင်းသားကလည်း သူ့ညီအစ်ကိုမင်းသားများအကြား မနာလိုဖြစ်ခြင်းခံရသည်။

ဤအခိုက်အတန့်၌ ရှောင်ဟိုင်နှင့် ကျန်သောသူများက အဇူရာနဂါးမြို့အတွင်း ရောက်လာကြသည်။

အဇူရာနဂါးမြို့၏ကြွယ်၀မှုကို သေမျိုးနယ်မြေက မည်သည့်မြို့မှ မယှဉ်နိုင်သလို သို့မဟုတ် အဆင့်မြင့်ကြယ်နယ်မြေရှိ အစွမ်းထက်ဆုံးကြယ်ဒေသများထက် မယှဉ်နိုင်ပေ။

ကျင့်ကြံသူများက နေရာတိုင်းတွင်ရှိပြီး သူတို့၏ခွန်အားက ယေဘုယျအားဖြင့် နက်ရှိုင်းသည်။

သို့သော် ခေးအောစ့်နယ်မြေ၏ ဖရိုဖရဲဖြစ်မှုကြောင့် နဂါးကိုးကောင်နတ်မင်းဆက်၏ ထိန်းချုပ်မှုအောက်တွင်ပင် လူတိုင်းသတိထားနေဆဲဖြစ်ပြီး ပုံမှန်အားဖြင့် နှစ်ယောက်၊ သုံးယောက်အုပ်စုဖွဲ့ကာ လှုပ်ရှားကြသည်။

အဇူရာနဂါးမြို့ထဲတွင် ကိုယ်ပိုင်အိမ်ခြံမြေများရှိပြီး အနီးအနားတွင် တခြားအဆောက်အအုံများမရှိပေ။ လူအနည်းငယ်ကသာ ၀င်ထွက်လှုပ်ရှားနေကြ၏။

ထိုအိမ်ခြံမြေများဘေးတွင် ငွေချပ်၀တ် ၀တ်ဆင်ထားကြသည့် မရေမတွက်နိုင်လောက်သော စစ်သည်များရှိသည်။ သူတို့အားလုံးတွင် သာမန်မဟုတ်သည့် ကျင့်ကြံခြင်းရှိပြီး ထိုနေရာကို စောင့်ကြပ်နေကြသည်။

ရှောင်ဟိုင်နှင့်ကျန်သောသူများ ရောက်လာသောအခါ အဆိုပါစစ်သားများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"ဘယ်သူသွားနေတာလဲ၊ ဒါက တားမြစ်နေရာတစ်ခုပဲ၊ ဖိတ်ကြားချက်မပါဘဲ ဘယ်သူမှ ၀င်လို့မရဘူး"

ဖုန်းယီရှေ့တိုးကာ စစ်သားများအား စာလိပ်တစ်ခုပေးလိုက်၏။

ဖွင့်ကြည့်လိုက်သောအခါ စစ်သားများက စာလိပ်ထဲက ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ ထူးခြားသည့်တံဆိပ်ကို တွေ့လိုက်ရသည်။

စစ်သားတစ်ယောက်က ဒါကိုမြင်ပြီးနောက် စာလိပ်ကို သိမ်းဆည်းကာ ခေါင်းညိတ်သည်။

"ဒီတော့ ခင်ဗျားတို့က ဝိဉာဉ်အနှစ်သာရကျောင်းတော်က ကျောင်းသားတွေပေါ့၊ ကျေးဇူးပြုပြီးစောင့်ပေးပါဦး၊ ကျုပ်တို့ကို ချက်ချင်းအကြောင်းကြားလိုက်ပါမယ်"

ထို့နောက် စစ်သားမှာ ခြံ၀င်းထဲသို့ လျင်မြန်စွာ ပြေး၀င်သွားသည်။

ယဲ့ချိုးပိုင် ဘေးပတ်ပတ်လည်ကို လှည့်ကြည့်ရင်း ရယ်မောလိုက်မိသည်။

"ကြည့်ရတာ ဒီအိမ်ရှေ့စံမင်းသားက တကယ်ကို သတိထားပုံပေါ်တယ်၊ ငါတို့၀န််းကျင်မှာ နှစ်ဆယ်ထက်မနည်းတဲ့ နတ်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတွေကို ငါတွေ့နေရတယ်"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ခြံ၀င်းထဲကနေ လူငယ်တစ်ဦး၏အသံထွက်လာသည်။

"တကယ်လို့ မင်းသာ တစ်နေ့သုံးကြိမ်ထက်ပိုပြီး လုပ်ကြံခံနေရမယ်ဆိုရင် မင်းလည်း သတိထားလာမှာပဲ၊ ဘာပဲဆိုဆို ငါမသေချင်သေးဘူးလေ"

ထိုအသံကျဆင်းလာသည်နှင့်တစ်ပြိုင်နက် လူတိုင်း ဖြူဖွေးသည့်၀တ်စုံကို ၀တ်ဆင်ထားပြီး အနည်းငယ်နုနယ်ပုံပေါ်ကာ အနက်ရောင်ဆံပင်များကို ကျော၌ချည်ထားသည့် လူတစ်ယောက်ထွက်လာတာကို တွေ့လိုက်ရသည်။ အကယ်၍ သူ့အကြောင်းနှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် အရာတစ်ခုကို လက်ညိုးထိုးပြရမည်ဆိုပါက အရာအားလုံးကို စူးစမ်းနေပုံရသည့် သူ့မျက်လုံးများပင်ဖြစ်သည်။

ယင်းနောက်တွင် ချန်တဟိုင် အပြုံးဖြင့် ရှေ့တိုးလာသည်။

"အိမ်ရှေ့စံမင်းသား၊ ခင်ဗျားကိုယ်တိုင် ကျုပ်တို့နဲ့ လာတွေ့တာလား"

အိမ်ရှေ့စံမင်းသား ခပ်ပေါ့ပေါ့ရယ်မောသည်။

"မင်းတို့က ဝိဉာဉ်အနှစ်သာရကျောင်းတော်က လေးစားရတဲ့ဧည့်သည်တွေပဲလေ၊ ပြီးတော့ ဒီမှာ ငါ့လုံခြုံရေးအတွက် အာမခံပေးဖို့ ရှိနေတာဆိုတော့ မင်းတို့ကိုနှုတ်ဆက်ဖို့ ငါကိုယ်တိုင်လာရတာက သဘာ၀ကျပါတယ်"

လှုပ်ရှားမှုနှင့်စကားလုံးတိုင်းတွင် အိမ်ရှေ့စံမင်းသားက ချွေးသိပ်ခြင်း၊ သို့မဟုတ် သိပ်မွေ့သည့်အသွင်မပြုမူဘဲ ချဉ်းကပ်ရလွယ်သည့် သာမန်လူတစ်ယောက်ဟုပင် ထင်ရသည်။

ရာထူးမြင့်မားပြီး အာဏာရှိသည့် လူတစ်ယောက်အတွက် ယခုလိုပင်ကိုယ်စရိုက်မျိုးက ပါရမီရှိသည့် တစ်ကိုယ်တော်သမားများအား ဆွဲဆောင်ရန်အတွက် ပိုလွယ်ကူသည်။

"ကျေးဇူးပြုပြီး အထဲ၀င်ပြီးအရင်နားကြပါဦး" အိမ်ရှေ့စံမင်းသားပြောသည်။

ထိုသို့ပြောပြီးနောက် အိမ်ရှေ့မင်းသားလှည့်ကာ ခြံ၀င်းထဲသို့၀င်သွားသည်။

တျန်းဂျီတိုက်ကြီးထဲတွင် ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ တစ်ယောက်ယောက်ကို တုရန်အတွက် ရဲတင့်သူသိပ်မရှိပါ။ ကျောင်းတော်၏ စည်းတံဆိပ်နှင့်အတူ နောက်ထပ် စစ်ဆေးနေစရာမလိုတော့ပါ။

ခြံ၀င်းလေးထဲတွင် တခြားစစ်သားများမရှိတော့ဘဲ မျက်လုံးများအား စုတ်ပြဲနေသည့် မီးခိုးရောင်အ၀တ်စနှင့်ဖုံးထားပြီး မင်းသားနောက်က လိုက်ပါနေသည့် အဖိုးအိုတစ်ဦးသာရှိသည်။

ဖုန်းယီနှင့် ချန်တဟိုင်တို့ ထိုအဖိုးအိုကို မြင်သောအခါ သူတို့၏အမူအရာများက လေးနက်သွားကြ၏။

အိမ်ရှေ့စံမင်းသားရယ်မောကာ ရှောင်ဟိုင်နှင့် ကျန်သောသူများအား ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

"ဒီတာ၀န်ကို ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ပေးထားတာတောင် အချိန်အတော်လေးကြာနေပြီ၊ ဘယ်သူမှ ဆောင်ရွက်မှာမဟုတ်ဘူးလို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် အခုတော့ အများကြီးရောက်လာကြတာပဲ"

"အရှင်မင်းသား၊ ဒီလူတွေက မလုံလောက်သေးပါဘူး၊ ဘယ်လိုလုပ် နတ်ဧကရာဇ်နယ်ပယ်ကိုတောင် မချိုးဖျက်ရသေးတဲ့ လူသုံးယောက်ရှိနေရတာလဲ" ဒီတစ်ကြိမ်တွင် အိမ်ရှေ့စံမင်းသားနောက်ကွယ်က အဖိုးအိုက မကျေမနပ်ပြောဆိုသည်။

"ဒီအပြစ်အနာအဆာရှိတဲ့သစ်သီးတွေက ဘာအသုံး၀င်မှာမို့လဲ"

အဖိုးအိုရည်ညွှန်းသောသူများက ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် မုဖူရှန်းတို့ဖြစ်သည်။

အိမ်ရှေ့စံမင်းသား အဖိုးအိုကို တစ်ချက်စိုက်ကြည့်ရင်း ပြုံးသည်။

"အကြီးအကဲလင်း၊ ဘာပဲဖြစ်ဖြစ် သူတို့က ဧည့်သည်တွေပဲလေ"

ဒါကိုကြားသော် အကြီးအကဲလင်း နောက်သို့ ခြေလှမ်းတစ်၀က်ခန့်ဆုတ်ပြီး အနည်းငယ်ဦးညွတ်လိုက်၏။

"ကျွန်တော်စည်းကျော်မိပါတယ်"

အိမ်ရှေ့စံမင်းသားခေါင်းညိတ်ကာ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများဘက်သို့ တောင်းပန်နေသည့်အကြည့်ဖြင့် လှည့်လိုက်သည်။

"ငါတောင်းပန်ပါတယ်၊ ဒီကိစ္စက ငါ့လုံခြုံမှုနဲ့ ပတ်သက်နေတော့ မင်းတို့နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများပြုံးရင်း ခေါင်းခါယမ်းလိုက်ကြသည်။

"ဒါပေမယ့် ငါတခြားသူတွေဆီက အကူအညီတောင်းခံဖို့ မစီစဉ်ထားဘူး၊ မင်းတို့ ငါ့ကို ကျိုးလုံမြို့ကို ဘေးကင်းစွာ လိုက်ပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကျိုးလုံမြို့က နဂါးကိုးကောင်နတ်မင်းဆက်၏ အဓိကမြို့ဖြစ်သည်။

ဒါကိုကြားသော် အကြီးအကဲလင်း လျင်မြန်စွာပြောသည်။

"အရှင်မင်းသား၊ ဒီလိုလုပ်လို့မရပါဘူး၊ ဒီခရီးစဉ်က အန္တရာယ်များတယ်၊ သူတို့နဲ့ဆိုရင်....."

အိမ်ရှေ့စံမင်းသား အပြုံးကို ရုပ်သိမ်းကာ အကြီးအကဲလင်းအား စိုက်ကြည့်လိုက်၏။

အကြီးအကဲလင်း၏အသံက ရပ်သွားပြီးနောက် နှုတ်ဆိတ်သွားသည်။

"မင်းတို့အားလုံး အခြေအနေကို နားလည်ကြမှာပါ" အိမ်ရှေ့စံမင်းသား ရှောင်ဟိုင်နှင့် ကျန်သောသူများဘက်သို့ လှည့်လာသည်။

"ဒီခရီးစဉ်က အိမ်ရှေ့မင်းသားရာထူးကို တရား၀င်တည်ဆောက်ဖို့ ဧကရာဇ်ကြေညာချက်အတွက် နတ်မင်းဆက်ရဲ့ ပြင်ဆင်မှုတွေကို တက်ရောက်ဖို့ပါ"

နတ်မင်းဆက်၏ ဧကရာဇ်က အိမ်ရှေ့စံမင်းသားအား အမိန့်ထုတ်ပြန်ကြေညာခဲ့သော်လည်း ဥပဒေများအရ အရပ်သားများနှင့် စစ်အရာရှိများရှေ့၌ တရား၀င်မရယူနိုင်ခင် ပြင်ဆင်ထားသည့် ကြေညာချက်တစ်ခုကို လုပ်ဆောင်ရန် လိုအပ်ပါသေးသည်။

ထိုစကားလုံးများက ပါ၀င်နေသည့် အန္တရာယ်များကို ဖော်ပြနေသည်။

နဂါးကိုးကောင်နတ်မင်းဆက်ထဲတွင် အနာဂတ်အရှင်သခင်အဖြစ် ခန့်အပ်ခံရခြင်းက တခြားမင်းသားများအတွက် ရှင်းလင်းသည့် အချက်ပြုမှုတစ်ခုဖြစ်ပြီး သူတို့ပူပန်နေကြမည်ဖြစ်လေရာ အကောင်းဆုံးအခွင့်အလမ်းက အိမ်ရှေ့မင်းသားအား အဇူရာနဂါးမြို့မှ ကျိုးလုံမြို့သို့ ခရီးစဉ်လမ်း၌ လုပ်ကြံခြင်းပင်။

"သုံးရက်အတွင်း ထွက်ခွာဖို့သတ်မှတ်လိုက်ပြီ၊ မင်းတို့နေရမယ့်နေရာအတွက် ငါတစ်ယောက်ယောက်ကို မြေပုံပို့ခိုင်းလိုက်ပါမယ်" ထို့နောက် အိမ်ရှေ့စံမင်းသား လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်၏။

ဒါကိုမြင်သော် မုဖူရှန်းအနည်းငယ် ဦးညွတ်ပြီး လူတိုင်းအားခေါ်သွားသည်။

လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး ဘာမှထပ်မပြောတော့ခြင်းက ဧည့်သည်များကို အပြင်သို့ ပို့ဆောင်ရန်အတွက် အချက်ပြမှုတစ်ခုလည်းဖြစ်သည်။

မုဖူရှန်း ထိုကဲ့သို့အစဉ်အလာများအား ကောင်းကောင်းသိပေသည်။

......

အဇူရာနဂါးမြို့၏ ဧည့်ခန်းနေအိမ်၌ ဖုန်းယီနှင့် ကျန်သောသူများအခြေချပြီးနောက် တစ်ယောက်ယောက်က မြေပုံတစ်ခုပို့လာသည်။

အခန်းထဲတွင် လူတိုင်းနည်းဗျူဟာများကို ဆွေးနွေးရန်အတွက် စုရုံးလာကြ၏။ သို့သော် ချန်တဟိုင်နှင့် ယုချန်းတို့တော့ မပါ၀င်ပါ။

"ဒီအိမ်ရှေ့စံမင်းသားက မရိုးရှင်းဘူး" ယဲ့ချိုးပိုင် ရုတ်တရက်ပြောလိုက်သည်။

မုဖူရှန်းကလည်းခေါင်းညိတ်သည်။

"သူကအတော်လေးကြံရည်ဖန်ရည်ရှိပြီး ပါးနပ်တယ်"

ဖုန်းယီကသာ အံ့ဩသင့်သွားရသည်။

"ဟမ်၊ ဟုတ်လို့လား၊ သူ့ကိုကြည့်ရတာ အတော်လေးပြောရဆိုရလွယ်ကူပုံပဲ"

အင်း၊ တိုက်ပွဲရူးဆိုတဲ့ကိုယ်ရေးရာဇ၀င်နှင့် တကယ်ကို လုံး၀ကိုက်ညီတာပဲ!

မုဖူရှန်းခေါင်းခါယမ်းရင်း ရှင်းပြသည်။

"မင်းသားတစ်ပါးအနေနဲ့ နည်းနည်းလေးတောင် မမောက်မာတဲ့သူဘယ်သူရှိလို့လဲ၊ ချဉ်းကပ်ရလွယ်တယ်လို့ထင်ရပြီး ဒီအတိုင်းအတာအထိ လုပ်နိုင်တယ်ဆိုတော့ ဒါက ကလေးဘ၀ကတည်းက ကျင့်ကြံထားတဲ့ အပြင်ပန်းသွင်ပြင်တစ်ခုလို့ ဆိုလို့ရတယ်၊ ဒါက သူ့ရဲ့ နက်ရှိုင်းလှတဲ့ ပါးနပ်မှုကို ဖော်ပြနေတယ်"

"ပြီးတော့ အကြီးအကဲလင်း အဲဒီမှတ်ချက်တွေကို ပေးတော့ သာမန်လူတစ်ယောက်ဆိုရင် သေချာပေါက် ပြောင်းလဲတာ ဒါမှမဟုတ် နောက်ထပ်လူဖြည့်တာမျိုးကို လုပ်လိမ့်မယ်၊ ဒါပေမယ့် ဘာလို့အိမ်ရှေ့စံမင်းသားက သူ့ဆုံးဖြတ်ချက်ကို စွဲမြဲထားရတာလဲ၊ ဒီအတွက် အကြောင်းရင်းကဘာလဲ"

"ယုံကြည်မှုလား"

"ပထမဆုံးတွေ့ဆုံမှုမှာတင် ယုံကြည်မှုက ဘယ်ကလာတာလဲ၊ ဝိဉာဉ်အနှစ်သာရကျောင်းတော်ဆိုတဲ့နာမည်ကတောင် အပြည့်အ၀ယုံကြည်မှုအတွက် မလုံလောက်ဘူး" မုဖူရှန်း ခပ်ယဲ့ယဲ့ရယ်မောကာပြောသည်။

"တော်၀င်မိသားစုက နှလုံးသားမဲ့တယ်၊ သူတို့က မိသားစုဆွေမျိုးကိုတောင် မယုံကြည်ကြဘူး၊ အပြင်လူတွေဆိုရင် ပြောနေစရာတောင် မလိုဘူး"

"သူ့လုပ်ဆောင်ချက်တွေက ‌ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို လုံလုံလောက်လောက် မျက်နှာသာပေးချင်လို့ပဲ၊ ဒါက သူနန်းတက်မင်းသားဖြစ်လာပြီးတဲ့နောက်မှာ အသုံး၀င်လာလိမ့်မယ်"

"ဒုတိယအချက်ကတော့ လူတွေအများကြီးရှိနေတာက လုပ်ကြံသူတွေကို ရောထွေးသွားဖို့ ပိုလွယ်ကူစေပြီး ပိုပြီး အန္တရာယ်များစေတယ်"

"ဒါက လျှို့ဝှက်ကြံစည်မှုတည်ရှိရာနေရာပဲ"

ဖုန်းယီမျက်တောင်ခတ်လိုက်မိသည်။

"နင်ဒါတွေကို ဘယ်လိုလုပ် ဒီလောက်ကောင်းကောင်းနားလည်ရတာလဲ"

"အိုး၊ ငါကလည်း သေမျိုးနယ်မြေ တော်၀င်မိသားစုသေးသေးလေးတစ်ခုက မင်းသားတစ်ပါးဖြစ်နေလို့လေ"

All Chapters