← Chapters

အမှောင်ဒီရေစီးဆင်းလာခြင်း၊ သံသယအပြည့်

Vol. 93 Ch. 1308

အမှောင်ဒီရေစီးဆင်းလာခြင်း၊ သံသယအပြည့်

Vol. 93 Ch. 1308

တော်၀င်မိသားစုထဲတွင် မင်းသားတစ်ပါးက ဤအေးစက်၊ ခံစားချက်ကင်းမဲ့သည့် မြင့်မားသည့် နံရံများအတွင်းတွင် အနည်းငယ်မျှပင် ပါးနပ်ခြင်း၊ ဗျူဟာကြွယ်၀ခြင်းမရှိဘဲ မည်သို့မည်ပုံ အသက်ရှင်နေနိုင်မည်နည်း။

ထိုသို့ဆိုပါက ရှင်သန်ခဲ့လျှင်ပင် တခြားမင်းသားများ၏ အပြည့်အ၀ထိန်းချုပ်ခံရပြီး ဖြုတ်ချမှုနှင့် အဆုံးသတ်သွားမည်ဖြစ်ကာ အရင်းအမြစ်အားလုံးလည်း ဆုံးရှုံးသွားရပေလိမ့်မည်။

န၀မမင်းသားက အာဏာအရ အငယ်ဆုံးနှင့် အားအနည်းဆုံးဖြစ်သည့်တိုင် သူ့အစ်ကိုများအကြား ရပ်တည်နိုင်ခဲ့သည်။ မြင့်မားသည့် မျှော်လင့်ချက်များနှင့် ယုံကြည်ခံရပြီး နတ်မင်းဆက်ဧကရာဇ်က သူ့ကို အိမ်ရှေ့မင်းသားဟူသော ဂုဏ်ပုဒ်ကိုပင် ပေးအပ်ခဲ့လေသည်။ ဒီအချက်တစ်ချက်တည်းကပင် န၀မမင်းသား၏ အရည်အချင်းများစွာကို အများအပြား ဖော်ပြနေသည်။

ဤအခိုက်အတန့်၌ ခြံ၀င်းလေးထဲတွင် ရှောင်ဟိုင်နှင့် ကျန်သောသူများထွက်သွားပြီးနောက် အကြီးအကဲလင်းပြောလာသည်။ "အရှင်မင်းသား၊ အိမ်ရှေ့မင်းသားတစ်ပါးအနေနဲ့ ဘာလို့ဒီလိုလုပ်ရတာလဲ၊ သူတို့ထဲမှာ နှစ်ယောက်သုံးယောက်မှာပဲ မှတ်သားလောက်တဲ့ခွန်အားရှိတယ်၊ ကျန်တဲ့သူတွေက အမြောက်ဆံသက်သက်ပဲ၊ ဒီလိုအရေးပါတဲ့တာ၀န်ကို သူတို့ဘယ်လိုလုပ် ထမ်းဆောင်နိုင်မှာလဲ"

"အကြီးအကဲလင်း၊ ပြင်ဆင်မှုမပြီးသေးခင် ကျုပ်က အိမ်ရှေ့မင်းသားမဟုတ်သေးပါဘူး" သူပြန်ဖြေသည်။

အကြီးအကဲလင်း ချက်ချင်းဦးညွတ်သည်။

"ကျွန်တော့်မျက်လုံးထဲမှာတော့ အိမ်ရှေ့စံမင်းသားက အိမ်ရှေ့မင်းသားပါပဲ"

မင်းသားကိုးခပ်ယဲ့ယဲ့ရယ်မောကာ အကြီးအကဲလင်းအား ညင်သာစွာ ပုတ်လိုက်၏။

"ခင်ဗျားကတော့"

"ဒါပေမယ့် ကျန်တဲ့သူတွေက အမြောက်ဆံတွေဆိုတာ ခင်ဗျားဘယ်လိုသိတာလဲ" မင်းသားကိုး၏စူးရှသည့် မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး ထူးမခြားနားစွာပြောသည်။

"လူထပ်ဖြည့်တာက အန္တရာယ်ပိုများတာကို ပြောမနေနဲ့ဦး၊ သူတို့သာ ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်က အဲဒီကိုယ်ပိုင်တပည့်နှစ်ယောက်ကိုပဲ မှီခိုအားကိုးရင်း အချောင်ခိုဖို့ စီစဉ်နေတာဆိုရင် ဒီတာ၀န်ကို လက်ခံမှာမဟုတ်ဘူး"

အကြီးအကဲလင်း ထိတ်လန့်သည့်အမူအရာကို ဖော်ပြသည်။

"ဒါဆို ဖြစ်နိုင်တာက အရှင်မင်းသား သူတို့ရဲ့ ပုန်းလျှိုထားတဲ့ခွန်အားမျက်နှာစာကို မြင်နိုင်တာလား"

"ဟင့်အင်း" မင်းသားကိုးခေါင်းခါယမ်းသည်။

"ကျုပ်တကို နည်းနည်းထူးခြားတယ်လို့ ခံစားရစေတာက ဖုန်းယီက အဲဒီနတ်ဧကရာဇ်နယ်ပယ်ကိုတောင် မရောက်သေးတဲ့သူတွေကို ကောင်းကောင်းဂရုစိုက်ပုံပေါ်ပြီး တစ်ခါတစ်လေ သူတို့ကိုဦးစားပေးနေတယ်လို့တောင် ထင်ရတယ်၊ သူတို့ရဲ့ ရပ်တည်နေတဲ့ အနေအထားကနေ ဖုန်းယီက အသားညိုညိုခန္ဓာကျင့်ကြံသူထက် ခြေလှမ်းတစ်၀က်လောက် နောက်ဆုတ်ပြီးရှိနေတာကိုလည်း ပြောလို့ရတယ်"

"ပြီးတော့ ချန်တဟိုင်က အဲဒီလူတွေကို ယှဥ်ပြိုင်နေတဲ့ အသိအာရုံမျိုးနဲ့ ကြည့်နေတော့ တာ၀န်ရဲ့ဆုလာဘ်ကို လုယူဖို့ဖြစ်လောက်တယ်၊ ဒါပေမယ့် ချန်တဟိုင်လို ကိုယ်ပိုင်တပည့်တစ်ယောက်ကိုတောင် ဒီလိုမျိုး စိတ်၀င်စားစေတယ်ဆိုတော့ သူတို့နဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုခုရှိရမယ်"

"သူတို့ရဲ့တကယ့်ခွန်အားကို ကျုပ်မမြင်နိုင်သလို သူတို့က တကယ်တော့ ဘာမှထူးခြားမနေနိုင်တာလည်း ဖြစ်နိုင်ပေမယ့် ကျုပ် လောင်ကြးထပ်ဖို့ ဆန္ဒရှိတုန်းပဲ" သူကြေညာလိုက်သည်။

အကြီးအကဲလင်း ခါးသီးစွာပြုံးသည်။

"အရှင်မင်းသားက အိမ်ရှေ့မင်းသားအဖြစ် ချီးမြှင့်ခံရတော့မှာလေ၊ ဒီလောင်းကြေးက နည်းနည်းကြီးလွန်းမနေဘူးလား"

"အဆိုးဆုံးဖြစ်နိုင်ချေကတော့ သူတို့ကို ကျုပ်ဘ၀ကို အပ်နှံလိုက်တာပဲ" မင်းသားကိုးအပြုံးဖြင့်ပြောသည်။

"ကျုပ်ဘ၀ကို ကျုပ်မြတ်နိုးပေမယ့် စွန့်စားဖို့အတွက် အရမ်းသတိထားတတ်တဲ့ မင်းသားတစ်ပါးအနေနဲ့ဆိုရင် ကျုပ်ဘာကိုမှ အောင်မြင်နိုင်မှာမဟုတ်ဘူး"

"ကျုပ်ဘ၀ကိုဆုံးရှုံးရတာထက် ဘာအောင်မြင်မှုမှမရှိဘဲရှင်သန်ရမှာကို ပိုကြောက်တယ်....."

ထိုသို့ပြောနေရင်း မင်းသားကိုး အကြီးအကဲလင်းကို တစ်ချက်စိုက်ကြည့်ကာ နှုတ်ခမ်းများက အပြုံးတစ်ပွင့်နှင့်အတူ အနည်းငယ်ကွေးညွတ်သွား၏။

"ခင်ဗျားရောအဲလိုမထင်ဘူးလား၊ အကြီးအကဲလင်း"

လေးနက်သည့်အမူအရာနှင့်အတူ အကြီးအကဲလင်းဦးညွတ်သည်။

"အရှင်မင်းသားကိုးကို ထိပ်ဆုံးကို ရောက်ဖို့အတွက် ကျုပ်အစွမ်းကုန်ကြိုးစားလုပ်ဆောင်မှာပါ"

.....

ကျိုးလုံမြို့က အမြဲလိုလိုအသက်၀င်နေဆဲပင်။

သို့သော် လမ်းမများပေါ်၌ လျှောက်သွားနေကြသည့် မရေမတွက်နိုင်လောက်သောလူများက တိတ်ဆိတ်နေကြပြီး စကားမပြောကြဘဲ သူတို့၏မျက်နှာများကမူ မသက်မသာဖြစ်နေသည့်အသွင် ဝေဝါးနေကြ၏။

မြို့က ကြွယ်၀ချမ်းသာပုံပေါ်သော်လည်း တကယ်တမ်းတွင် ဆိတ်ငြိမ်သည့် အကြောက်တရားထဲ ကျဆင်းနေသည်။

တတိယမင်းသား၏ နေအိမ်ဖြစ်သည့် နဂါးနီခြံ၀င်းထဲတွင်......

"မင်းသားကိုတင်ပြပါတယ်၊ န၀မမင်းသားက သုံးရက်အတွင်း ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်" လက်အောက်ငယ်သားတစ်ဦး ပြောဆိုပြီးနောက် ရှေးဟောင်းစာလိပ်တစ်လိပ်ကို တတိယမင်းသားအား ပေးသည်။

"ဒါက န၀မမင်းသား မြို့ကိုပြန်သွားမယ့် လမ်းကြောင်းမြေပုံပါ"

မျက်နှာပေါ်၌ ပါးနပ်သည့်အကြည့်တစ်ခုနှင့်အတူ တတိယမင်းသား အိမ်ဖော်များကိုပင် သတိပေးစရာမလိုပေ။ သူတို့က စာလိပ်အပေါ် မွှေးကြိုင်သည့် အမှုန့်များ ဖြန့်လိုက်ကြ၏။

ထို့နောက် တတိယမင်းသား စာလိပ်ကို ဂရုတစိုက်ကောက်ကိုင်ပြီး စိစစ်ကြည့်ရှုနေရင်း မေးသည်။

"ညီလေးငါးနဲ့ အိမ်ရှေ့မင်းသားရဲ့ ရပ်တည်မှုကဘာလဲ"

လက်အောက်ငယ်သားကပြန်ဖြေသည်။

"အရှင်မင်းသား၊ သူတို့လူတွေကလည်း စုရုံးနေကြပါပြီ"

တတိယမင်းသားပြုံးသည်။

"ကောင်းတယ်၊ ဒီမြေပုံနှစ်ခု ဖန်တီးပြီး သူတို့ထံပို့ပေးလိုက်"

......

ပထမမင်းသားတဖြစ်လဲ အိမ်ရှေ့မင်းသားနေအိမ်ရှိ ဖယောင်းနဂါးခြံ၀င်းတွင် သတင်းအချက်အလက်များကို လက်ခံရရှိပြီးနောက် အိမ်ရှေ့မင်းသား လက်ထဲက တောက်ပသည့် ငွေရောင်လှံကို အချောသတ်နေတာကို ရပ်လိုက်ပြီး ထရပ်ကာ နှာခေါင်းရှုံ့သည်။

"ညီလေးကိုး၊ မင်းကအရမ်းရိုးစင်းနေသေးတယ်၊ အိမ်ရှေ့မင်းသားရာထူးက ငါ့အတွက်ပဲ ဖြစ်သင့်တာ"

"ဖယောင်းနဂါးစစ်တပ်နဲ့ လက်နက်ကိုင်တပ်တို့၊ ချီတက်ဖို့အတွက် ပြင်ဆင်ကြ"

(မှတ်ချက် - ပုံမှန်ဆိုရင် ပထမမင်းသားက အိမ်ရှေ့မင်းသားပါ၊ ဒါပေမယ့် ဧကရာဇ်က ပွဲတော်တစ်ခုလုပ်ပြီး န၀မမင်းသားကို အိမ်ရှေ့မင်းသားရာထူးပေးချင်တာပါ၊ တစ်နည်းအားဖြင့် သူကအိမ်ရှေ့မင်းသားလောင်းဖြစ်ပါတယ်)

....

သုံးရက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။

အဇူရာနဂါးမြို့တံခါးအပြင်ဘက်တွင် န၀မအိမ်ရှေ့မင်းသားနှင့်သူ့နောက်လိုက်များ အပါအ၀င် ရှောင်ဟိုင်တို့လည်း စုရုံးနေကြ၏။

မည်သည့်အတွက်ကြောင့် အစွမ်းထက်သည့်ကျင့်ကြံသူတစ်ယောက်က တိုက်ရိုက်ပြန်မပို့ပေးရလေသနည်း။ မည်သည့်အတွက်ကြောင့် နောက်ထပ်လေးရက်ခန့်ကြာမြင့်မည့် မှော်သတ္တဝါများ၏ နယ်မြေကို ဖြတ်သန်းခရီးထွက်ရမည်နည်း။

န၀မအိမ်ရှေ့မင်းသား၏အဆိုအရ သူတို့တို့ဘက်တွင် အစွမ်းထက်ပုဂ္ဂိုလ်များရှိပြီး တခြားတစ်ဘက်တွင် မရှိဟု ပြောသည်။

မင်းသားတိုင်းက အားကောင်းသည့်ကာကွယ်သူများအား ပိုင်ဆိုင်ထားသည်။ အကြီးအကဲလင်းသာ သူ့ကို ကျိုးလုံမြို့သို့ တိုက်ရိုက်ခေါ်သွားလျှင်ပင် ပြိုင်ဘက်၏ အားကောင်းသည့်ပုဂ္ဂိုလ်များ၏ အတင်း ကြားဖြတ်ခြင်းကို ခံရမည်ဖြစ်ကာ ထိုမြေက ရန်သူများ ရှောင်လွှဲ၍မရနိုင်သည့် ထောက်ချောက်ချထားသည့် နေရာလည်း ဖြစ်နိုင်သည်။ ထိုအချိန်တွင် သူတို့၌ အမှန်တကယ်ပင် လွတ်မြောက်ရန် အခွင့်အရေးရှိတော့မည်မဟုတ်။

ဒါ့အပြင် သူအရင်ဆုံးထွက်သွားပါကလည်း သူ့၏ကိုယ်ပိုင်အစောင့်များကရော!

အကယ်၍ သူ့ကိုယ်ပိုင်အစောင့်များကသာ လုံး၀ဖျက်ဆီးသုတ်သင်ခံရပ်က အရပ်သားများနှင့် စစ်ဘက်ဆိုင်ရာအရာရှိသူများက သူ့အရည်အချင်းကို သံသယမရှိ မေးခွန်းထုတ်လာမည်ဖြစ်လေရာ ဒါက ဧကရာဇ်အဖြစ် သူ့၏ ထီးနန်းတက်မှုအပေါ် အတားအဆီးတစ်ခုဖြစ်လာမည်သာ။

ထိုအချိန်တွင် အင်ပါယာဆိုင်ရာ ညီအစ်ကိုများနှင့် မောင်နှမများက သူတို့၏ ဩဇာလွှမ်းမိုးမှုကို သုံးလာပါက အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်မှုက ကန့်လန့်ဖြတ်ခံရရန်အတွက် ကြီးမားသည့် အခွင့်အလမ်းတစ်ခုရှိသည်။

တကယ်တမ်းတွင် ဒီအကြောင်းရင်းများသာဆိုပါက အဓိကတပ်ဖွဲ့နှင့် ခရီးထွက်ရင်း အချိန်ပိုကုန်ဆုံးရန်ဟူသည် မဖြစ်နိုင်ဟု မုဖူရှန်းယုံကြည်သည်။

ရွေးချယ်စရာလမ်းကြောင်းအများကြီးရှိသလို ကျိုးလုံမြို့သို့ ပြန်ရန်အတွက်လည်း နည်းလမ်းများစွာရှိသည်။ နက်ရှိုင်းစွာပါးနပ်ပြီး ဗျုဟာကြွယ်သည့် န၀မအိမ်ရှေ့စံမင်းသားက ပိုထိရောက်ပြီး လုံခြုံသည့် နည်းလမ်းတစ်ခုကို မတွေးဘဲ နေနိုင်မည်မဟုတ်။

မုဖူရှန်းကိုယ်တိုင်ပင်လျှင် နည်းလမ်းပေါင်းများစွာကို တွေးတောနိုင်သည်။

ဒါ့အပြင် န၀မအိမ်ရှေ့စံမင်းသားက တခြားရည်မှန်းချက်များလည်း ရှိကောင်းရှိနေနိုင်သည်။

သို့စေကာမူ န၀မအိမ်ရှေ့စံမင်စသားက ကြီးမားသည့်ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ကျောပေါ်ရှိ အခြေခံကျသော သစ်သားတဲလေးတစ်ခုထဲတွင် ထိုင်နေပြီဖြစ်သည်။ တဲအိမ်လေးကို ခုခံရေးနှင့် ကာကွယ်ရေးအစီအရင်နှစ်ခုစလုံးဖြင့် ၀န်းရံထားသည်။

ဘိုး‌ဘေးနယ်ပယ်ကလူများပင်လျှင် အထဲက အခြေအနေကို မစူးစမ်းနိုင်ဟု ဆို၍ရသည်။

မုဖူရှန်းသစ်သာတဲလေးကို တစ်ချက်စိုက်ကြည့်လိုက်စဉ် နတ်အလင်းတစ်ချက်က မျက်လုံးအစုံ၌ တဖျပ်ဖျပ်လင်းသွားပြီး မျက်လုံးအနည်းငယ် ကျဉ်းလိုက်မိသည်။

အကြီးအကဲလင်း ကျားခေါင်းထိပ်တွင် ရပ်ပြီး အမိန့်ပေးသောအခါ စစ်တပ်က ကြိုတင်သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်း စတင်ချီတက်သည်။

"တစ်ခုခု အတော်လေးမှားယွင်းနေတယ်လို့ ငါခံစားနေရတယ်" ယဲ့ချိုးပိုင် ဘေးဘက်သို့ လျှောက်သွားစဉ် ရုတ်တရက် မျက်ခုံးကြုံ့ထားမိသည်။ ‌

ရှောင်ဟိုင်၊ ရှီရှန်း၊ ဖန်ချန်းတို့က အနည်းငယ်ထိတ်လန့်သွားကြသည်။

ဖုန်းယီ သူမအကြည့်ကို ယုချန်းနှင့်အတူ ဘယ်ဘက်ရှေ့ပိုင်း၌ ရွေ့နေသည့် ချန်တဟိုင်ထံ တိုက်ရိုက်ပို့လွှတ်လိုက်၏။

ဖုန်းယီ၏အကြည့်ကို အာရုံခံမိသောအခါ ချန်တဟိုင်ခေါင်းလှည့်လာပြီး သူမအားပြုံးရင်း ခေါင်းတစ်ချက်ညိတ်ပြသည်။

ဖုန်းယီ အေးစက်စွာသာနှာမှုတ်လိုက်ပြီးနောက် အကြည့်ကိုပြန်လည်ရုပ်သိမ်းလိုက်သည်။

"ချန်တဟိုင်ကလည်း မထွက်သွားသေးပါဘူး"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

"ချန်တဟိုင်ကြောင့်မဟုတ်ဘူး၊ အစောပိုင်းက ငါတို့လုပ်ခဲ့တဲ့ အစီအစဉ်တွေ နေရာတကျဖြစ်ရဲ့လား"

ဤသုံးရက်အတွင်း ဖန်ချန်းနှင့် မုဖူရှန်းတို့က မြေပုံပေါ်၌ သူတို့ဖြတ်သန်းမည့်နေရာများအား အဆောင်များနှင့် အစီအရင်များနှင့်အတူ အမှတ်အသားပြုခဲ့ပြီး ထိုဒေသအတွင်းရှိ လူတိုင်း၏လှုပ်ရှားမှုအား ကြိုတင်စောင့်ကြည့်နေခဲ့ကြသည်။

ဖန်ချန်းခေါင်းခါယမ်းသည်။

"အခုလောလောဆယ်တော့ ပုံမမှန်မှုတွေ မတွေ့ရသေးဘူး"

မုဖူရှန်းခေါင်းညိတ်ပြီးနောက် ယဲ့ချိုးပိုင်ဘက်လှည့်လိုက်သည်။

"ကျွန်တော့်လည်း တစ်ခုခုမှားနေတယ်လို့ ခံစားချက်တစ်ခုရနေတယ်၊ အရာများစွာက ထူးဆန်းနေတယ်"

ဖုန်းယီ လက်အစုံကိုဖြန့်လိုက်၏။

"ကောင်းပြီ၊ ငါတို့တာ၀န်က လိုက်ပို့ဖို့ပဲဆိုတော့ တခြားအရာတွေကို အရမ်းကြီးမစိုးရိမ်နဲ့၊ ရန်သူတွေလာရင် တိုက်ကြမယ်၊ မလာဘူးဆိုရင် ကျိုးလုံမြို့ကို ငြိမ်းချမ်းစွာ ရောက်မှာပဲ၊ ဒီအချိန်အတောအတွင်း ချန်တဟိုင် အဖျက်အမှောင့်လုပ်မှာကိုပဲ သတိထားဖို့လိုတယ်"

သို့သော် ဖုန်းယီ ထိုစကားပြောပြီးသည်နှင့် သစ်သားတဲလေးထဲကနေ န၀မအိမ်ရှေ့စံမင်းသား၏အသံက ရုတ်တရက်ထွက်လာသည်။

"လမ်းကြောင်းပြောင်းလိုက်၊ အနောက်မြောက်ဘက်ကို ဆက်သွားမယ်"

ထိုစကားကိုကြားသောအခါ စစ်သားအားလုံးစိတ်ရှုပ်ထွေးသွားကြပုံရပြီး မုဖူရှန်းလို လူတစ်ယောက်ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။

ဒါက သစ္စာဖောက်တွေ သတင်းအချက်အလက် ပေါက်ကြားမယ့်အရေးကနေ တားဆီးကာကွယ်ဖို့လား!

မုဖူရှန်း၏အမူအရာက လေးနက်လာသည်။

သို့သော် န၀မအိမ်ရှေ့စံမင်းသားအပေါ် သူ့ပထမဆုံးအမြင်ကို အခြေခံရမည်ဆိုပါက အရာများက ဤမျှထိမရိုးရှင်းမှာကို သူစိုးရိမ်နေမိသည်။

All Chapters