ရေစီးကြောင်းအလှည့်အပြောင်း၊ န၀မအိမ်ရှေ့စံမင်းသား၏ ပါးနပ်မှု
Vol. 93 Ch. 1311
န၀မအိမ်ရှေ့စံမင်းသားက ယခု နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်တွင်ရှိသည်။
ဒီနယ်ပယ်က လူတစ်ယောက်အတွက် ပစ္စည်းတစ်ခု၌ သူတို့အော်ရာကို ထားခဲ့ရန်ဟူသည် ကိတ်မုန့်တစ်စဖဲလိုက်သကဲ့သို့ပင် လွယ်ကူသည်။ သို့စေကာမူ နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်အတွက်မူ အော်ရာကို ချန်ထားခဲ့ပါက အကြီးအကဲလင်းကဲ့သို့ ဘိုးဘေးနယ်ပယ်က လူတစ်ယောက်ကမူ အလွယ်တကူရှာတွေ့နိုင်ပါသည်။
ထို့ကြောင့် အကြီးအကဲလင်းကဲ့သို့ စွမ်းအားရှင်တစ်ဦးကို လှည့်စားရန်အတွက် န၀မအိမ်ရှေ့စံမင်းသားက အကြီးအကဲလင်း ရှာမတွေ့သွားစေရန် မနီးမဝေးတစ်နေရာကနေ အသံလွှင့်ကျောက်စိမ်းဆွဲသီးထဲသို့ သူ့ကိုယ်ပိုင်အော်ရာကို မလွှဲမသွေ အဆက်မပြတ် ထည့်သွင်းရန် လိုအပ်သည်။
ဖုန်းယီ သံလိုက်အိမ်မြှောင်ကို ကိုင်ထားသောလူအား ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"နင်ကငါတို့လိုပဲ တူညီတဲ့တာ၀န်ကို လက်ခံခဲ့တယ်၊ ဒါပေမယ့် နင့်လုပ်ရပ်တွေက တာ၀န်ကို စွန့်လွှတ်ရုံတင်မက ငါတို့အလုပ်ရှင်ကိုပါ သစ္စာဖောက်နေသေးတယ်၊ ဒါက ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွက်တော့ အင်မတန်လေးနက်တဲ့ ရိုက်ချက်တစ်ချက်ပဲ"
ဝိဉာဉ်အနှစ်သာရကျောင်းတော်ရှိ တာ၀န်အများစုက ပြင်ပလူများထံမှဖြစ်သည်။ အကယ်၍ ချန်တဟိုင်ကသာ ယခုလိုပြုမူနေပါက အပြင်လူများက ကျောင်းတော်အား မည်သို့မည့်ပုံတာ၀န်အပ်နှံရဲတော့မည်နည်း။
ကျောင်းတော်အတွက် ဒါက ပြင်ပအရင်းအမြစ်များမှ အဓိကအရင်းအမြစ်တစ်ခုကို ဆုံးရှုံးမှုဖြစ်စေမည်သာ။
"ဒါ့အပြင် နင်အစောပိုင်းက ပြောခဲ့တာကို မေ့သွားတာလား"
ဒီမတိုင်ခင်က ချန်တဟိုင်က မင်းသားကိုးအား သူက ကျောင်းတော်၏ ကိုယ်ပိုင်တပည့်တစ်ဦးဖြစ်သလို ဒုတိယအကြီးအကဲလက်အောက်က တပည့်တစ်ဦးလည်းဖြစ်ပြီး အပြင်ပ၌ရှိနေစဉ် သူ့တာ၀န်ကို ချိုးဖျက်ခြင်း သို့မဟုတ် သစ္စာဖောက်မည့် မည်သည့်အရာကိုမှ လုပ်ဆောင်မည်မဟုတ်ဟု ပြောဆိုခဲ့သည်။
သို့သော် ချန်တဟိုင်ရယ်မောရင်း စာလိပ်တစ်လိပ်ကို ထုတ်ယူကာ ဖုန်းယီထံ ပစ်ပေးပြီး အပြုံးဖြင့်ပြောသည်။
"ငါက သစ္စာမဲ့ပြီး တာ၀န်ချိုးဖျက်တယ်လို့ ဘယ်သူပြောလဲ"
ဖုန်းယီစာလိပ်ကို ဖွင့်လိုက်သောအခါ အနီးအနားက ရှောင်ဟိုင်တို့ကလည်း လာကြည့်ကြသဖြင့် သူတို့၏ အမူအရာများအားလုံးက မည်းမှောင်သွားကြ၏။
သူတို့ဆော့ကစားခံလိုက်ရလေပြီ။
စာလိပ်က တာ၀န်စာလိပ်တစ်ခုဖြစ်သော်လည်း ဤတာ၀န်စာလိပ်က န၀မအိမ်ရှေ့စံမင်းသားအား လိုက်ပို့ရန်မဟုတ်ဘဲ တခြားလျှို့ဝှက်တာ၀န်တစ်ခုအတွက်သာ။
တာ၀န်၏ အကြောင်းအရာက န၀မအိမ်ရှေ့စံမင်းသား၏တပ်ထဲတွင် ခိုး၀င်ပြီး သင့်တော်သည့်အချိန်တွင် ထိုးစစ်ဆင်ရန်ဖြစ်သည်။
ဒါ့အပြင် အောက်က တာ၀န်ကို ထုတ်လုပ်သူအဖြစ် မှတ်သားထားသည်က တတိယမင်းသား၏ တံဆိပ်မှလွဲ၍ တခြားဘာဖြစ်ဦးမည်နည်း။
ချန်တဟိုင်နှာခေါင်းရှုံ့ရင်း ဖုန်းယီနှင့် ကျန်သောသူများအား ထေ့ငေါ့နေသည့် အမူအရာဖြင့် ကြည့်ပြီးနောက်ပြောသည်။
"ငါမင်းတို့ထက် နည်းနည်းနောက်ကျမှ ထွက်လာခဲ့တာ သတိမထားမိဘူးလား၊ တကယ်တော့ ငါ န၀မအိမ်ရှေ့စံမင်းသားနဲ့ ပတ်သက်တဲ့ တာ၀န်ကို လက်လျှော့ပြီး အဲဒီအစား တတိယမင်းသားရဲ့ တာ၀န်ကို ယူလိုက်တာပဲ"
"ပြီးတော့ နောက်ပိုင်း န၀မအိမ်ရှေ့စံမင်းသားနဲ့ တွေ့ဖို့အတွက် မင်းတို့နဲ့ အတူ လိုက်ပါလာတော့ ငါတာ၀န်လက်ခံခြင်းစာလိပ်ကို မပေးခဲ့ဘူး၊ န၀မအိမ်ရှေ့စံမင်းသားက ငါတို့အားလုံး တာ၀န်တစ်ခုတည်းကို အတူတူလက်ခံတယ်လို့ ယူဆခဲ့မှာပဲလေ၊ ဟုတ်တယ်မလား"
ပုံမှန်အားဖြင့် ပြိုင်ဘက်များဖြစ်ကြသည့် အဖွဲ့နှစ်ဖွဲ့က တာ၀န်တစ်ခုကို ခက်ခံခဲ့လျှင်ပင် တာ၀န်လက်ခံခြင်းစာရွက်စာတမ်းနှစ်ခုတော့ ရှိသည်။
ဒါက လူတိုင်းလျစ်လျူရှုထားသည့် အရာတစ်ခုပင်။
မုဖူရှန်းနှင့် ကျန်သောသူများကမူ ဒါကို လုံး၀မသိကြပေ။
ဒေါသနှင့်ပြည့်နှက်နေသည့် ဖုန်းယီနှင့်အတူ လေးနက်သည့်အမူအရာဖြင့် ရှိနေသော ရှောင်ဟိုင်တို့ကို ကြည့်ရင်း သူပြောသည်။
"ငါသာမင်းတို့ကိုတားချင်ရင် ဘာလို့ တူညီတဲ့တာ၀န်ကို လက်ခံရမှာလဲ"
"သစ္စာမဲ့ပြီး တာ၀န်ချိုးဖျက်တယ်ဆိုတဲ့အတွက်ကတော့...ငါက တတိယမင်းသားရဲ့ တာ၀န်ကို အသေအချာထမ်းဆောင်နေတာပဲလေ၊ အရင်က လုပ်ခဲ့တာတွေက မင်းတို့ရဲ့ သံသယကို တိုးမြှင့်လာခြင်းကနေ ရှောင်ကြဉ်ဖို့သက်သက်ပဲ၊ ဒီတော့ ဒါကို တာ၀န်ပြီးမြောက်ဖို့အတွက် ငါအကောင်းဆုံး ကြိုးစားခဲ့တယ်လို့ မှတ်ယူလို့ရတယ်မလား"
"ဒီလိုဆိုရင် ဝိဉာဉ်အနှစ်သာရကျောင်းတော်ကလည်း ဂုဏ်သတင်းကောင်းတစ်ခုကို ရလာမှာပဲလေ၊ ဟုတ်တယ်မလား
မေးခွန်းသုံးခုနှင့် ချန်တဟိုင် ဖုန်းယီအား တစ်ခဏမျှ မတုံ့နိုင်ဖြစ်သွားစေသည်။
ထို့နောက် သူယုချန်အား ကြည့်လိုက်၏။
"ယုချန်း၊ သံလိုက်အိမ်မြှောင်ကိုယူပြီး န၀မအိမ်ရှေ့စံမင်းသားရှိရာနေရာကို ငါတို့စီနီာာတွေကို ခေါ်သွားပေးလိုက်"
ဒုတိယအကြီးအကဲက ဝိဉာဉ်အနှစ်သာရကျောင်းတော်ထဲတွင် ထူးခြားသည့် အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ပြီး သူ့ကိုယ်သူ ဒုတိယဟု အခိုင်အမာပြောဆိုပါက မည်သူမှ ပထမနေရာကို ရယူနိုင်မည်မဟုတ်။ ၎င်းက ခြေရာခံစွမ်းရည်ပေတည်း။
ဒုတိယအကြီးအကဲ၏ ကိုယ်ပိုင်တပည့်ဖြစ်သည့်အပေါ် ချန်တဟိုင်ကလည်း ဒီစွမ်းရည်အား သင်ယူခဲ့သည်။
"ထပ်ရှာနေစရာမလိုတော့ဘူး"
န၀မအိမ်ရှေ့စံမင်းသား၏ပုံရိပ်က အနီးအနားက ထူထဲသည့်သစ်တောထဲကနေ ပေါ်လာသည်။
န၀မအိမ်ရှေ့စံမင်းသား၏ မျက်နှာထက်၀ယ် ဂရုမစိုက်သည့်အပြုံးတစ်ပွင့်ရှိနေပြီး ချန်တဟိုင်အားကြည့်ကာ ခေါင်းညိတ်သည်။
"အစ်ကိုချန်က တကယ်ကို ဒုတိယအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့်ပဲ၊ ငါတောင် ခြေတစ်လှမ်းနောက်ကျသွားပုံပဲ"
"ဖြစ်နိုင်ရင် ငါအစ်ကိုချန်ကို ငါ့လက်အောက်မှာ အလုပ်လုပ်စေချင်တယ်၊ ညာသံတမန်ရာထူးပေးမယ်ဆိုရင်ရော မင်းဘယ်လိုသဘောရလဲ"
ညာသံတမန်က အိမ်ရှေ့မင်းသားဘေး၌ အဆင့်အမြင့်ဆုံးအရာရှိဖြစ်သည်။
ပုံမှန်အားဖြင့် ဘယ်နှင့် ညာသံတမန်များ ပေါ်ပေါက်လာခြင်းက အိမ်ရှေ့မင်းသားကိုယ်တိုင်ရောက်ရှိလာခြင်းကို ညွှန်ပြသည်။
ချန်တဟိုင်အပြုံးဖြင့်ပြောသည်။
"အခွင့်အလမ်းရရင်တော့ စဉ်းစားလိုက်ပါမယ်၊ ဒါပေမယ့် ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပါ၊ ကျုပ်က ကျုပ်တာ၀န်ကို အာမခံထားလို့ပါ"
န၀မအိမ်ရှေ့စံမင်းသားခေါင်းညိတ်သည်။
"ငါနားလည်ပါတယ်"
ထို့နောက် သူတတိယမင်းသားဘက်က အကြီးအကဲကို မော့ကြည့်လိုက်၏။
"အစ်ကိုသုံးက တကယ့်ကို 'ကျောက်တုံးမလှန်ဘဲ မသွားတတ်သူ' ဆိုတဲ့ သူ့နာမည်နဲ့ ကိုက်ညီတာပဲ"
အကြီးအကဲရယ်မောသည်။
"အခု အိမ်ရှေ့စံမင်းသား မတိုက်ခိုက်ဘဲ အရှုံးပေးလို့ရပြီမလား"
မတိုက်ခိုက်ဘဲ အရှုံးပေးရမယ်!
"ငါတို့ဘက်မှာလူတွေအများကြီးရှိနေတော့ ငါတို့က လုံး၀စိတ်ပျက်စရာကောင်းတဲ့ အဆင့်တစ်ခုကို မရောက်သေးဘူးလေ"
"အကြီးအကဲလင်းကတောင် မင်းသားကို သစ္စာဖောက်သွားပြီ၊ မင်းသားဘေးက ဘယ်သူကများ ငါတို့သုံးယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာလဲ"
ဘိုးဘေးသုံးဦးနှင့် အကြီးအကဲလင်းကိုပါ ပေါင်းစပ်ပါက လေးဦးဖြစ်လေရာ အိမ်ရှေ့စံမင်းသားတွင် အမှန်တကယ် အနိုင်ရရန် အခွင့်အလမ်းမရှိပေ။
အိမ်ရှေ့စံမင်းသားထံမှ ပေါ့ပါးသည့် ရယ်သံတစ်ချက်ထွက်လာသည်။
"ကျုပ်မှာလူတွေရှိနေသေးတာလည်း ဖြစ်နိုင်တာပဲလေ"
ရုတ်တရက် အိမ်ရှေ့စံမင်းသားနောက်တွင် ပုံရိပ်သုံးခုပေါ်လာခဲ့သည်။
တစ်ဦးချင်းစီကို ဘိုးဘေးအော်ရာများက လွှမ်းခြုံထားသည်။
ဒါကိုမြင်သောအခါ အကြီးအကဲလင်း၏ အမူအကာက တောင့်တင်းသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မကောင်းဆိုးဝါးဘိုးဘေး၊ ကောင်းကင်အေးခဲဓားဘိုးဘေး၊ ရွှေလှံတံဘိုးဘေး"
ကောင်းကင်ထက်က တခြားဘိုးဘေးသုံးဦး၏မျက်နှာတွင်လည်း ထိတ်လန့်နေသည့် အမူအရာများပေါ်လာကြသည်။
ဤသုံးယောက်က တျန်းဂျီတိုက်ကြီးထဲက ထိပ်တန်းအင်အားစုများပင်။
"ဘယ်အချိန်က သူတို့ကို မင်းသားနဲ့အတူ လိုက်ပါဖို့အတွက် စည်းရုံးနိုင်ခဲ့တာလဲ" အကြီးအကဲလင်းမေးသည်။
အိမ်ရှေ့စံမင်းသားပြုံးသည်။
"ခင်ဗျားက ခိုး၀င်သူတစ်ယောက်ဖြစ်နိုင်တယ်လို့ မှန်းဆမိတော့ ကျုပ်ဘယ်လိုလုပ် မပြင်ဆင်ထားဘဲ နေမှာလဲ၊ ခင်ဗျားမသိခဲ့ရုံပါပဲ"
"ဒါပေမယ့် တန်ဖိုးကတော့မနည်းဘူး...."
ထို့နောက် အိမ်ရှေ့စံမင်းသား သူ့နောက်က ဘိုးဘေးသုံးဦးထံလှည့်ပြီး လေးစားစွာပြောသည်။
"ဂုဏ်သရေရှိစီနီယာတို့၊ ပြိုင်ဘက်က ဘိုးဘေးနယ်ပယ်လေးယောက်ဆိုတော့ သူတို့ကို ထိန်းချုပ်ထားနိုင်လား"
မကောင်းဆိုးဝါးဘိုးဘေး ဆိုးယုတ်စွာရယ်မောသည်။
"သေချာတာပေါ့"
ကောင်းကင်အေးခဲဓားဘိုးဘေးက သုံးပေရှည်ဓားတစ်လက်ကို ကိုင်ထားပြီး ထူးမခြားနားစွာ ခေါင်းညိတ်သည်။
ရွှေလှံတံဘိုးဘေးကမူ လေးနက်စွာပြောသည်။
"မင်းရဲ့တစ်ခုတည်းသော တောင်းဆိုချက်က သူတို့ကို တားဆီးထားဖို့ပဲ၊ ဒီတော့ တခြားသူတွေကိုတော့ မင်းကိုယ်တိုင် ကိုင်တွယ်ရမယ်"
အိမ်ရှေ့စံမင်းသားခေါင်းညိတ်သည်။
"ဒါဆိုရင်တော့ စီနီယာတို့ကို ဒုက္ခပေးမိပါပြီ"
ဘိုးဘေးနယ်ပယ်စွမ်းအားရှင်သုံးဦးက ခေါင်းညိတ်လိုက်ကြပြီးနောက် အကြီးအကဲလင်းနှင့် တခြားဘိုးဘေးသုံးဦးရှေ့တွင် ပေါ်လာသည်။
ဒါက အကြီးအကဲလင်းတို့၏ အမူအရာများကို အလွန်အမင်းကြည့်ရဆိုးသွားစေသည်။
တစ်ချိန်တည်းမှာပင် အိမ်ရှေ့စံမင်းသား လက်အစုံမှ စာလိပ်တစ်ပုံကြီး ထုတ်ယူလိုက်၏။
စာလိပ်များကိုဖြန့်ခင်းလိုက်သောအခါ လူပုံသဏ္ဍာန်ရုပ်သေးများ အထဲကနေ ပေါ်လာခဲ့သည်။
ရုပ်သေးတစ်ခုစီက မယုံနိုင်စရာကောင်းသည့် အော်ရာကို ထုတ်လွှတ်နေသည်။
မိုမိသားစုရဲ့ရုပ်သေးတွေ!
တျန်းဂျီတိုက်ကြီးမှ ထိပ်တန်းအင်အားစုတစ်ခုဖြစ်သည့် မိုမိသားစု!
ဤမိသားစုက ဝိဉာဉ်အနှစ်သာရကျောင်းတော်နှင့် နဂါးကိုးကောင်နတ်မင်းဆက်ပင်လျှင် အလွန်အမင်းလေးစားစွာ ဆက်ဆံရသည့် အင်အားစုတစ်ခုဖြစ်သည်။
ထို့နောက် အဆိုပါရုပ်သေးများက စစ်တပ်တစ်ခုအဖြစ် ပေါင်းစည်းသွား၏။
အိမ်ရှေ့စံမင်းသား အပြုံးဖြင့်ပြောသည်။
"ဒီကစားပွဲကိုစီစဉ်ဖို့အတွက် အရင်းအမြစ်တွေ အများကြီး ကုန်ကျခဲ့ရတယ်ဆိုပေမယ့် ဒါကထိုက်တန်ပါတယ်"
အကြီးအကဲလင်းနှင့် ကျန်သောသူများ၏ ပျက်ယွင်းနေသည့် အကြည့်အောက်တွင် အိမ်ရှေ့စံမင်းသား အင်္ကျီလက်ကို ခါယမ်းလိုက်၏။
"အခုငါ့ကို အလွယ်အကူအနိုင်ယူနိုင်သေးတယ်လို့ ထင်နေတုန်းပဲလား"
၀တ်ရုံနက်အစောင့်များနှင့် ရုပ်သေးတပ်နှင့်အတူ ယခု သူမင်းသားသုံးပါး၏ ကိုယ်ပိုင်အစောင့်များအား ယှဉ်ပြိုင်နိုင်နေလေပြီ။
ဒီမြင်ကွင်းကိုမြင်သောအခါ မုဖူရှန်းပြုံးလိုက်မိသည်။
"ကြည့်ရတာက ရေစီးကြောင်းက အလှည့်အပြောင်းဖြစ်သွားပြီပဲ၊ ဒီအိမ်ရှေ့စံမင်းသားက တကယ်ကို ထူးခြားတာပဲ"
ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ ရှီရှန်းနှင့် ဖန်ချန်းတို့အားလုံး မုဖူရှန်းကို အလိုအလျောက် စိုက်ကြည့်လိုက်မိကြ၏။
မင်းကပိုတောင်ထူးခြားသေးတယ်လို့ ငါတို့ထင်တယ်!
အိမ်ရှေ့စံမင်းသား၏ဝှက်ဖဲများက မုဖူရှန်း၏ ဝှက်ဖဲတစ်ခုနှင့် ယှဉ်လျှင်ပင် မှိန်ဖျော့သွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အိမ်ရှေ့စံမင်းသားတွင် ရှိတာက ဒါအကုန်ဖြစ်လောက်သည်။
သို့သော် သူတို့အမြင်၌ မုဖူရှန်း၏ ဝှက်ဖဲများက အဆုံးမဲ့အလားထင်ရသည်။