ဆရာ၏ဂုဏ်သတင်းကို ငှားယူခြင်း
Vol. 93 Ch. 1312
မင်းသားသုံးက 'တွက်ချက်မှုများ၌ ဘာမှမလွတ်သွားသူ' တစ်ဦးအဖြစ် နဂါးကိုးကောင်နတ်မင်းဆက်တွင် လူသိများသည်။
အကြောင်းရင်းက တတိယမင်းသားဦးဆောင်ခဲ့သည့် စစ်ဆင်ရေးများစွာနှင့် မင်းဆက်၏သူပုန်များကို ကိုင်တွယ်ခဲ့ပုံ၊ ပြင်ဆင်ပုံနှင့် ရန်သူများ၏ တန်ပြန်ဆောင်ရွက်မှုများအား တားဆီးခဲ့ပုံ၊ အစရှိသည်တို့ပါ၀င်ပြီး ထွက်ပြေးလွတ်မြောက်ရန် သို့မဟုတ် အရှုံးကို ပြောင်းပြန်လှန်ရန်အတွက် အခွင့်အလမ်းမပေးခဲ့သောကြောင့်ပင်။
သို့သော် မည်သည့်အတွက်ကြောင့် အိမ်ရှေ့မင်းသားရာထူးအတွက် မင်းသားပါးအနက် အားအနည်းဆုံးစွမ်းအားရှိသည့် န၀မမင်းသားအစား တတိယမင်းသားကို မအပ်ရှင်းရလေသနည်း။
အဖြေကို နဂါးကိုးကောင်ဧကရာဇ်မှလွဲ၍ တခြားနည်သူမှမသိပါ။
သို့သော် ဒါကပင် န၀မမင်းသား၏ စွမ်းဆောင်ရည်များက တတိယမင်းသားအောက် မနိမ့်ကျဘူးဆိုတာကို တိတိကျကျပြသနေသည်။
အတိုင်းအတာတစ်ခုအထိပင် ကျော်လွန်နေသည်။
တတိယမင်းသားတွေးနိုင်တာက န၀မမင်းသားဘက်တွင်ရှိနေသည့် အကြီးအကဲလင်းအား ဘက်ပြောင်းစေပြီး ဝိဉာဉ်အနှစ်သာရကျောင်းတော်၌ န၀မမင်းသားကို ကိုင်တွယ်ရန်အတွက် တာ၀န်တစ်ခု လျှို့ဝှက်စွာ ထုတ်ပြန်ခြင်းမျိုးပင်။
န၀မမမင်းသားကမူ ကြိုတင်ရှာဖွေတွေ့ရှိခဲ့သလို တန်ပြန်ဆောင်ရွက်မှုများပင် အသင့်ရှိနေခဲ့သည်။
အဆိုပါခြေလှမ်းအနည်းငယ်နှင့် သူ့ကိုယ်သူ သေခြင်း၏အစွန်းကနေ ပြန်လည် ဆွဲယူနိုင်ခဲ့သည်။
အထက်က တခြားမင်းသားများ၏ ဘိုးဘေးနယ်ပယ်စွမ်းအားရှင်များကလည်း ဒီမြင်ကွင်းအား အလွန်အမင်း ကြည့်ရဆိုးသည့် အမူအရာများဖြင့် ကြည့်နေကြ၏။
ဤနေရာတွင် န၀မမင်းသားကို ရှင်းပစ်ရန်ဟူသည် လက်တွေ့မကျတော့ဘူးဆိုတာ သူတို့သိလာရသည်။
သူတို့ န၀မမင်းသား၏ ကိုယ်ကိုင်အစောင့်အရေအတွက်ကို ရှင်းရှင်းလင်းလင်း သိထားသော်လည်း သူတွင် မိုမိသားစုနှင့် လျှို့ဝှက်အဆက်အသွယ်များ ရှိလိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်မည်နည်း။
မိုမိသားစု၏ ရုပ်သေးနည်းစနစ်များက ခေးအောစ််နယ်မြေအတွင်း ပြိုင်ဘက်ကင်းသည်။
ဒါ့အပြင် အဆိုပါရုပ်သေးများက အရေအတွက်ရော ခွန်အားအရာတွင်ပါ သူတို့နှင့်အတူ ယူဆောင်လာသည့် လူအင်အားနှင့် တန်းတူယှဉ်ပြိုင်နိုင်သည်။
သို့သော် ဒါကအကောင်းဆုံးအခွင့်အလမ်းပေတည်း။ အကယ်၍ သူတို့သာ န၀မမင်းသားကို ကျိုးလုံမြိုကို ပြန်ခွင့်ပေးပြီး အိမ်ရှေ့မင်းသားအဖြစ် ရာထူးအတွက် စတင်ပြင်ဆင်ခွင့်ပေးလိုက်ပါက မရေမတွက်နိုင်လောက်သည့်လူများက သူ့ကို သစ္စာခံမည်ဖြစ်လေရာ သူ့အာဏာကလည်း တစ်ခါမှ မရှိခဲ့ဖူးသည့်အမြင့်တစ်ခုသို့ ရောက်သွားပေလိမ့်မည်။
ထိုအချိန်တွင် န၀မမင်းသားကို သတ်ရန်ဟူသည် ယခုအချိန်ထက် အဆထောင်သောင်းပေါင်းများစွာ ခက်ခဲသွားပေလိမ့်မည်။
ရှေ့က ဓားဘိုးဘေးကို မည်းမှောင်သည့် အမူအရာဖြင့် ကြည့်ရင်း တစ်ယောက်ပြောလိုက်သည်။
"မင်းသားကိုး မင်းတို့ကို ဘယ်လိုအကျိုးအမြတ်တွေပေးထားလဲ၊ သူပေးနိုင်တာမှန်သမျှကို ငါတို့တတိယမင်းသားက နှစ်ဆပေးနိုင်တယ်၊ ဘယ်လိုထင်လဲ"
ဓားဘိုးဘေးထူးမခြားနားစွာပင် ပြန်ဖြေသည်။
"သူငါတို့ကို မင်းတို့မပေးနိုင်တာကို ပေးထားတာ"
မကောင်းဆိုးဝါးဘိုးဘေးကလည်း လည်ပတ်နေသည့် ဝိဉာဉ်များနှင့်အတူ ဆိုးယုတ်စွာရယ်မောသည်။
"တကယ်လို့ မင်းတို့ရဲ့ တတိယမင်းသားသာ မိုမိသားစုနဲ့ဆက်နွှယ်မှုရှိရင် ငါတို့ အခု န၀မမင်းသားကို သတ်ဖို့အတွက် ကူညီနိုင်လောက်တယ်"
မိုမိသားစု......!
တတိယမင်းသားကို ထောက်ခံ့သည့် ဘိုးဘေးနယ်ပယ်စွမ်းအားရှင်များက အတော်လေးမသက်မသာဖြစ်နေကြသည်။
နဂါးကိုးကောင်နတ်မင်းဆက်က တျန်းဂျီတိုက်ကြီးတွင် ပထမတန်းစားအင်အားစုတစ်ခုဖြစ်သော်လည်း မိုမိသားစုကဲ့သို့ မဟာအင်အားစုတစ်ခုနှင့် မယှဉ်နိုင်ပေ။
ခေးအောစ့်နယ်မြေရှိ ဂိုဏ်းများ၏သက်တမ်းက တခြားနယ်မြေများနှင့်ယှဥ်ပါက အများကြီးပိုတိုတောင်းသည်။
မည်သို့ပင်ဆိုစေကာမူ အလုံးစုံအမြစ်သုတ်သတ်ဖြတ်ခြင်းက ဖြစ်နေကျဖြစ်သည်။
သို့သော် မိုမိသားစုက ခေးအောစ့်နယ်မြေတွင် နှစ်သန်းချီခိုင်မာစွာ ရပ်တည်နေခဲ့ပြီး သူတို့၏နက်ရှိုင်းသည့် အမြစ်နှင့်ခွန်အားက သက်သေတစ်ခုပင်။
ဝိဉာဉ်အနှစ်သာရကျောင်းတော်ပင်လျှင် မိုမိသားစုနှင့်ပတ်သက်လာပါက လုံး၀ကို လေးစားမှုရှိကြသည်။
သို့သော် န၀မမင်းသား မိုမိသားစုနှင့် ဆက်နွှယ်မှုတစ်ခု ရှိလာရန်အတွက် အတိအကျဘယ်လိုများ လုပ်ခဲ့လေသနည်း။
န၀မမင်းသားကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ဖို့ ဧကရာဇ်ရဲ့ ရုတ်တရက်ဆုံးဖြတ်ချက်က မိုမိသားစုကြောင့်များလား!
ဝါရင့်ဘိုးဘေးနယ်ပယ်စွမ်းအားရှင်သုံးဦး၏ တည်ရှိမှုနှင့်အတူ သူတို့တွင် ဘိုးဘေးနယ်ပယ်စွမ်းအားရှင်တစ်ဦးပိုနေလျှင်ပင် န၀မမင်းသားကို မသတ်နိုင်ခဲ့ပေ။
ဒါကိုစဉ်းစားကြည့်ပြီးနောက်တွင် သူတို့ အံကြိတ်စွာ အမိန့်ပေးရုံသာ တတ်နိုင်တော့သည်။
"ဆုတ်ခွာမယ်"
ထိုအမိန့်ကြောင့် ဘိုးဘေးနယ်ပယ်စွမ်းအားရှင်အများအပြားထွက်ခွာရန်အတွက် ဦးဆောင်ကြပြီး ကျန်နေသည့် ၀တ်ရုံနက်အစောင့်များကလည်း ထွက်ပြေးသွားကြ၏။
န၀မမင်းသား လက်နှစ်ဖက်ကို ကျောတွင်ထားရင်း မော့ကြည့်ကာ အပြုံးဖြင့်ပြောသည်။
"ခင်ဗျားတို့ပြန်ရောက်တဲ့အခါ ကျုပ်ရဲ့ တတိယအင်ပါယာအစ်ကို၊ အကြီးဆုံးအင်ပါယာအစ်ကိုနဲ့ ပဉ္စမအင်ပါယာအစ်ကိုတို့ကို ကျုပ်ဒီနေ့ဖြစ်ရပ်တွေကို မှတ်မိနေမယ်လို့ သတင်းပါးပေးပါဦး"
သို့သော် ဒီဖြစ်စဉ်ကို စောင့်ကြည့်နေသည့် အကြီးအကဲလင်းမှာ တင်းမာနေပြီး မျက်သူငယ်အိမ်များက အနည်းငယ်တုန်ယင်နေသည်။
ဒီကြိုးပမ်းမှုတွင် ကျရှုံးခြင်းက တတိယမင်းသားဘက်ကလည်း သူ့ကိုလက်ခံမည်မဟုတ်ဟု ဆိုလိုနေတယ်ဆိုတာ သူသိသည်။
န၀မမင်းသားကမူ သူ့ကို သစ္စာဖောက်တစ်ဦးအဖြစ် မလွှဲမသွေဖယ်ရှားပစ်ပေလိမ့်မည်။
လေအေးတစ်ချက်ဖြတ်သွားပြီး အကြီးအကဲလင်း၏ပုံရိပ်က ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွား၏။
သို့သော် ဓားဘိုးဘေး၊ မကောင်းဆိုးဝါးဘိုးဘေးနှင့် ရွှေလှံတံဘိုးဘေးတို့ကလည်း အလားတူ ပျောက်ကွယ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲလင်း၏ပုံရိပ်က မနီးမဝေးကောင်းကင်၌ ပြန်ပေါ်လာစဉ် ဘေးသုံးဘက်ကနေ ဓားဘိုးဘေးနှင့် ကျန်နှစ်ဦး၏ ဝိုင်းရံခြင်းကို ခံရပြီး အလယ်တွင် ပိတ်မိနေတော့သည်။
ဒီတဒင်္ဂ၌ ကြောက်စိတ်တစ်ခုက အကြီးအကဲလင်း၏ မျက်လုံးထဲတွင် ပြည့်နှက်သွား၏။
ထိုသုံးယောက်၏ စုပေါင်းတိုက်ခိုက်မှုနှင့် ဆိုပါက သူသေချာပေါက် အသက်ရှင်နိုင်မည်မဟုတ်ပေ။
ဒါကိုတွေးမိသောအခါ အကြီးအကဲလင်း ဟင်းလင်းပြင်တွင် ဒူးထောက်လျက် မင်းသားကိုးရှိရာဘက်သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အရှင်မင်းသား၊ ကျွန်တော့်ရဲ့လောဘက ကျွန်တော့်ကို လမ်းလွှဲရောက်သွားစေတာပါ၊ ကျေးဇူးပြုပြီး၊ အရှင်မင်းသား၊ ကျွန်တော် မင်းသားအတွက် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တာကို သတိရပြီး ကျွန်တော့်အသက်ကို ခွင့်လွှတ်ညှာတာပေးပါ၊ တျန်းဂျီတိုက်ကြီးထဲမှာ ကျွန်တော် နောက်တစ်ခါ ဘယ်တော့မှ မပေါ်လာစေရဘူးလို့ ကျိန်ဆိုပါတယ်"
ရွှေလှံတံဘိုးဘေးက ရွှေစင်လှံကို ကိုင်ထားပြီး ထိပ်ဖျားက ချွန်ထက်သည့်ရွှေရောင်အော်ရာကို ထုတ်လွှတ်နေသည်။
သူမင်းသားကိုးကို စိုက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာမေးသည်။
"သူ့ကိုဘယ်လိုကိုင်တွယ်သင့်လဲ"
န၀မအိမ်ရှေ့စံမင်းသားပြုံးကာ လက်ကို မြှောက်ရင်း လည်ပင်းဖြတ်ပစ်သည့်ပုံစံတစ်ခုလုပ်ပြသည်။
တော်၀င်မိသားစုက ရက်စက်သည်။
သစ္စာဖောက်ကို ထိန်းသိမ်းထားရန်အတွက် အကြောင်းရင်းမရှိပါ။
န၀မအိမ်ရှေ့စံမင်းသား၏ အပြုအမူကို မြင်သောအခါ အကြီးအကဲလင်း၏ အမူအရာက ချက်ချင်းပြာနှမ်းသွား၏။
ယင်းနောက်တွင် ဘိုးဘေးသုံးဦးက တစ်ချိန်တည်းတွင် လှုပ်ရှားကာ အကြီးအကဲလင်းအား သတ်ပစ်ခဲ့သည်။
ရေစီးကြောင်းက ပြောင်းသွားခဲ့လေပြီ။
ဒီအခိုက်အတန့်မှာပင် မင်းသားသုံးပါး၏ အစီအစဉ်က လုံး၀ကိုပျက်ပြားသွားရသည်။
ချန်တဟိုင်နှင့် ယုချန်တို့ ဒီမြင်ကွင်းကို အနည်းငယ်သက်ပြင်းချရင်း ကြည့်နေသည်။ ကြည့်ရသည်မှာ သူတို့တာ၀န်က ကျရှုံးသွားပုံပင်။
သို့သော် ဖုန်းယီနှင့်ကျန်သောသူများကမူ အနည်းငယ်ကြက်သေသေနေကြ၏။
ဒီတာ၀န်က.......ပြီးသွားပုံပဲ!
သူတို့ဘာမှပင် လုပ်စရာမလိုပုံရသည်။
ချန်တဟိုင်နှင့် ယုချန်တို့ န၀မအိမ်ရှေ့စံမင်းသားရှေ့တွင် လာကြပြီး လက်နှစ်ဖက်ဆုပ်ကာပြောသည်။
"ကျေးဇူးပြုပြီး ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ အရှင်မင်းသား၊ ကျုပ်တို့ရဲ့ရပ်တည်ချက်က အစကတည်းက တူခဲ့တာမှမဟုတ်တာ"
န၀မအိမ်ရှေ့စံမင်းသားပြုံးရင်း လက်ဝှေ့ယမ်းသည်။
"ငါနားလည်ပါတယ်၊ မှားယွင်းတဲ့ဘက်မှာ ရပ်မိရုံပဲလေ၊ ဘာမှမဖြစ်ပါဘူး၊ မင်းတို့ ထွက်သွားလို့ရပြီ"
ချန်တဟိုင်ခေါင်းညိတ်ကာ ရှောင်ဟိုင်နှင့် ကျန်သောသူများအား တစ်ချက်စိုက်ကြည့်ပြီးနောက် ယုချန်နှင့်အတူ အမြန်ထွက်သွားလေတော့သည်။
ဒီအချိန်မှာပင် န၀မအိမ်ရှေ့စံမင်းသား ရှောင်ဟိုင်နှင့် ကျန်သောသူများအနားသို့ တိုးကပ်လာပြီး ပြုံးနေသည်။
"ဒီရက်တွေမှာ မင်းတို့ကောင်းကောင်းကြိုးစားခဲ့ကြပါတယ်"
ဖုန်းယီလက်ဝှေ့ယမ်းသည်။
"ကျွန်မတို့ အရမ်းကြီးလည်း မလုပ်ခဲ့ပါဘူး"
န၀မအိမ်ရှေ့စံမင်းသား အူလှိုက်သည်းလှိုက်ရယ်မောပြီးနောက် ခေါင်းခါယမ်းသည်။
"မဟုတ်ဘူး၊ ပြင်ပအကူအညီကို ဖိတ်ခေါ်ရင်း မင်းတို့ငါ့ကို အများကြီးကူညီပေးခဲ့တယ်၊ အဲဒါက ငါ့အင်ပါယာအစ်ကိုတွေကို လှည့်စားပြီး ငါ့အင်အားစုတွေက နည်းပြီး အားနည်းတယ်လို့ ထင်စေဖို့ပဲ၊ ဒီတော့ အရိပ်ထဲမှာ ငါလည်း တခြားပြင်ဆင်မှုတွေ လုပ်လို့ရပြီလေ"
"ဒီရက်တွေမှာ တာ၀န်တွေကို ဂိုဏ်းအများစုနဲ့ ကျောင်းတော်များစွာမှာ ငါထုတ်ခဲ့ပြီး အခုတော့ ထိရောက်မှုရှိလာပုံပဲ"
ရှောင်ဟိုင်နှင့်ကျန်သောသူများ၏ အခန်းကဏ္ဍက တကယ်တမ်းတွင် ပြိုင်ဘက်များကို လှည့်စားရန်ပင်။
မုဖူရှန်းနှင့် ကျန်သောသူများ အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။
ဒီန၀မအိမ်ရှေ့စံမင်းသား၏ နည်းဗျူဟာရဲ့ နက်ရှိုင်းလွန်းသည့်ပါးနပ်မှု၊ ပရိယာယ်က တကယ်ကိုမရိုးရှင်းပေ။ သူ့အစီအစဉ်က အပြစ်အနာအဆာကင်းပြီး အတော်လေးလည်း သတိထားနိုင်ခဲ့သည်။
သူတို့ အိမ်ရှေ့မင်းသားရာထူးအတွက် သူ့ကိုခန့်အပ်သည်မှာ အံ့ဩသင့်စရာမရှိတော့။
သူက ထီးနန်းကို ဆက်ခံရန်အတွက် လိုအပ်သည့် အရည်အသွေးအားလုံးကို အမှန်တကယ် ပိုင်ဆိုင်သည်။
"အားလုံးပဲ၊ ကျေးဇူးပြုပြီး ငါ့နောက်ကနေ ကျိုးလုံမြို့ကိုလိုက်ခဲ့ကြပါ၊ အဲမှာပဲ ငါမင်းတို့ကို တာ၀န်ပြီးမြောက်ခြင်းတံဆိပ်ကို ပေးနိုင်မှာ၊ ဒါကစည်းမျဥ်းတစ်ခုလည်းဖြစ်သလို မင်းတို့အားလုံးကို ကောင်းကောင်းဧည့်ခံဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုပဲလေ"
ပါရမီရှင်များကို စုစည်းရန်အတွက် အလွန်ကောင်းမွန်သည့် အကြောင်းပြချက်ကောင်းတစ်ခုပေတည်း။
ဒါကိုကြားသောအခါ ဖုန်းယီခေါင်းညိတ်သည်။
"ဒါဆိုလည်း ကျွန်မတို့နှိမ့်ချစွာလိုက်ပါမယ်"
သူတို့အုပ်စု ထပ်မံချီတက်ခဲ့ကြသည်။
သို့သော် ခရီးစဉ်တစ်၀က်တွင် မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့ တိတ်တဆိတ်ဆက်သွယ်ကြပြီးနောက် အုပ်စုအား သတိမထားမိစေဘဲ ခြေရာမရှိ ပျောက်ကွယ်သွားကြ၏။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကသာ မုဖူရှန်း၏အစီအစဉ်များကို နားလည်သည်။
ဒါက အသက်ကိုအဆုံးသတ်ပေးရန်မဟုတ်ဘဲ အရာများကို လှုပ်ခတ်ရန်ပေတည်း။
ချန်တဟိုင်နှင့် ကျန်သောသူများ ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ပြန်သွားသောအခါမှသာ သူတို့ ဒုတိယအကြီးအကဲအား နောက်ထပ်ပစ်မှတ်ထားနေခြင်းကနေ ကာကွယ်တားဆီးနိုင်ပေလိမ့်မည်။
ဒီအတွက် သူတို့ဆရာ၏ နာမည်ကို ငှားယမ်းရန်သာ လိုအပ်သည်။
ချန်တဟိုင်နောက်က လိုက်ဖမ်းနေစဉ် မုဖူရှန်းသူ့ကိုယ်သူ ထပ်ခါတလဲလဲပြောနေသည်။
ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်တောင်းပန်ပါတယ်!
ဆရာ၊ ကျွန်တော်စည်းမျဉ်းတွေကို ချိုးဖောက်တော့မယ်!