← Chapters

ဆရာ၏ဂုဏ်သတင်းကို ငှားယူခြင်း

Vol. 93 Ch. 1313

ဆရာ၏ဂုဏ်သတင်းကို ငှားယူခြင်း

Vol. 93 Ch. 1313

ဝိဉာဉ်အနှစ်သာရကျောင်းတော်သို့ အပြန်လမ်း၌.....

ယုချန်း ဘေးက ချန်တဟိုင်ကိုကြည့်ပြီး မေးသည်။

"အစ်ကိုကြီးချန်၊ ကျုပ်တို့ပြန်သွားတဲ့အခါ ဒုတိယအကြီးအကဲကို ဘယ်လိုတင်ပြမလဲ"

ရှောင်ဟိုင်နှင့်ကျန်သောသူများအား ကြားဖြတ်သည့် ကြိုးစားမှုက ကျရှုံးသွားရသည်။

ချန်တဟိုင် ခါးသီးစွာသာပြုံးသည်။

"ငါတို့ဘယ်လိုတင်ပြနိုင်မှာမို့လဲ၊ အမှန်တရားကိုပဲ တင်ပြကြတာပေါ့"

"ဒီတာ၀န်က အစကတည်းက နှစ်ဖက်စလုံးအတွက် ဘာမှတော့မဟုတ်ပါဘူး၊ ငါတို့က အပိုသက်သက်ပါပဲ၊ ဒါက န၀မအိမ်ရှေ့စံမင်းသားနဲ့ တခြားမင်းသားသုံးပါးကြားက ဉာဏ်ရည်နဲ့ သတ္တိချင်းယှဉ်ပြိုင်တဲ့ တိုက်ပွဲတစ်ခုပဲလေ၊ န၀မအိမ်ရှေ့စံမင်းသားရဲ့ ပြင်ဆင်မှုတွေက ဒီလောက်ထိ ပြည့်စုံလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ၊ ငါတို့ တတိယမင်းသားရဲ့ တာ၀န်ကို ယူထားတယ်ဆိုတာကိုတောင် သူသိနေလောက်တယ်"

ထိုစကားကိုကြားသောအခါ ယုချန်း၏ အမူအရာက လေးနက်သွားပြီး နှလုံးသားထဲ၌ ဖော်ပြ၍မရနိုင်သည့် အေးစိမ့်မှုတစ်ခုမြင့်တက်လာကာ ခါးသီးစွာပြုံးသည်။

"ဖြစ်နိုင်မယ်ဆိုရင် ကျုပ် န၀မအိမ်ရှေ့စံမင်းသားလို လူတစ်ယောက်ကို တကယ်မ‌ဆန့်ကျင်ချင်ပါဘူး"

ချန်တဟိုင်ခေါင်းညိတ်သည်။

"တကယ်လို့ န၀မအိမ်ရှေ့စံမင်းသားသာ နန်းတက်လိုက်ပြီဆိုရင် ငါတို့လည်း နဂါးကိုးကောင်နတ်မင်းဆက်ရဲ့ ပိုင်နက်တွေဆီကို ခရီးထွက်တာကို ရှောင်ရှားသင့်တယ်၊ သူငါတို့ကို တိုက်ခိုက်လာမလားဆိုတာ မသေချာသေးဘူး"

"ဒါဆို ကျုပ်တို့အပြန်လမ်းမှာ အန္တရာယ်ရှိလောက်လား"

ထိုစကားကိုကြားသော် ချန်တဟိုင် တစ်ခဏမျှတွေးပြီး ခေါင်းခါယမ်းသည်။

"လက်ရှိမှာ န၀မအိမ်ရှေ့စံမင်းသားက အားနည်းနေတုန်းပဲ၊ သူတစ်ပါးကို သူမဆွဲဆောင်နိုင်ဘူးဆိုရင်တောင် သစ္စာရှိရန်သူတွေအဖြစ် ပြောင်းဖို့မလိုဘူး၊ ဒုတိယအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့်တစ်ယောက်အနေနဲ့ ငါ့မှာ ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ သေချာတဲ့အဆင့်အတန်းတစ်ခုရှိတယ်၊ တကယ်လို့ န၀မအိမ်ရှေ့စံမင်းသားကသာ ဒီလိုတစ်စုံတစ်ယောက်ကို နှုတ်ပိတ်ချင်တယ်ဆိုရင် ဒုတိယအကြီးအကဲ ဒါမှမဟုတ် ဝိဉာဉ်အနှစ်သာရကျောင်းတော်က န၀မအိမ်ရှေ့စံမင်းသားရဲ့ ဆန့်ကျင်ဘက်ကို ထောက်ခံကြလိမ့်မယ်"

"ဒီလိုအရေးယူမှုတွေ သူမလုပ်လောက်ဘူး"

သို့သော် ထိုအခိုက်အတန့်မှာပင် ချန်တဟိုင်နှင့် ယုချန်းတို့အနားသို့ ဓားသနားတစ်ဦး ချဉ်းကပ်လာသည်။

ချန်တဟိုင်နှင့် ယုချန်းတို့ သွားရာလမ်း၌ အလိုလိုရပ်သွားကြသည်။

ဓားသမားကို ကြည့်ရင်း ချန်တဟိုင် ခါးသီးစွာပြုံးလိုက်မိသည်။

"ကြည့်ရတာ န၀မအိမ်ရှေ့စံမင်းသားရဲ့ ရက်စက်မှုကို ငါလျှော့တွက်မိခဲ့ပုံပဲ"

ရောက်လာသောသူက ကောင်းကင်အေးခဲဓားဘိုးဘေးဖြစ်နေသည်။

ကောင်းကင်အေးခဲဓားဘိုးဘေး ဓားနှင့်အတူ ချဉ်းကပ်လာတာကို ကြည့်ရင်း ချန်တဟိုင် ကြောက်စိတ်တစိုးတစိမှ မပြသဘဲ ခိုင်မာစွာရပ်ကာ ရှေ့တစ်လှမ်းတိုးသည်။ ထို့နောက် လက်ထဲတွင် 'ဝိဉာဉ်အနှစ်သာရ' ဟူသော စကားလုံးများထွင်းထုထားသည့် တုံကင်တစ်ခုကို ထုတ်ယူရင်း ကိုင်ထားလိုက်၏။

"ကျုပ်က ဝိဉာဉ်အနှစ်သာရကျောင်းတော်၊ ဒုတိယအကြီးအကဲလက်အောက်က ကိုယ်ပိုင်တပည့်တစ်ယောက်ပဲ၊ အနာဂတ်မှာ ကျုပ်တို့ သူ့ကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ဘူးလို့ ခင်ဗျားပြန်သွားပြီး န၀မအိမ်ရှေ့စံမင်းသားကို ပြောလိုက်ပါ"

သို့စေကာမူ ကောင်းကင်အေးခဲဓားဘိုးဘေး ချန်တဟိုင်နှင့် ယုချန်းအနားသို့ ဖြည်းဖြည်းချင်းဆက်လက်ချဉ်းကပ်လာပြီး အေးစက်စွာပြောသည်။

"အလုပ်တစ်ခုလုပ်ဖို့အတွက် ငါအခကြေးငွေရတယ်၊ ငါ့ဓားအောက်ကနေ မင်းလွတ်မြောက်နိုင်ရင် သူ့ကိုပြောပေးမယ်"

ကြည့်ရသည်မှာ န၀မအိမ်ရှေ့စံမင်းသားက ဖြစ်နိုင်ချေအပိုင်းအစလေးတစ်ခုကိုပင် ခွင့်မပြုဘဲ အားလုံးကို တစ်ခါတည်း အဆုံးသတ်ပစ်ရန် ဆုံးဖြတ်ကာ မည်သည့်ခြေရာမှမချန်ဘဲ နိဂုံးချုပ်အဖြစ်နှင့်သာ သူ့ထံပြန်လာရန် ပြောခဲ့ပုံပင်။

ခေးအောစ့်နယ်မြေတွင် အန္တရာယ်များက နေရာတိုင်းတွင် ပုန်းကွယ်နေသည်။

ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ ကျောင်းသားများပင်လျှင် အချိန်မရွေးအသတ်ခံရနိုင်သည်။

ချန်တဟိုင်၏အမူအရာက တဖြည်းဖြည်း တင်းမာလာခဲ့သည်။

ယခုဤတာ၀န်ကို ယူဆောင်ခဲ့သည့်အပေါ် သူနောင်တရနေလေပြီ။

ချန်တဟိုင် ချက်ချင်းဆိုသလို တုံကင်ကို ချေမွပစ်သည်။

သို့သော် ကောင်းကင်အေးခဲဓားဘိုးဘေး လက်မ‌နှင့် ဓားလက်ကိုင်ကို တစ်ချက်မျှသာ လှုပ်ရှားလိုက်စဉ် ချွန်ထက်သည့် ငွေရောင်အလင်းတစ်ခုက ဓားအိမ်ထဲကနေ ထွက်သွားသည်။

ပို့လိုက်သည့်သတင်းစကားက ချက်ချင်းဆိုသလို ဖျက်ဆီးခံရသည်။

ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က ဤမျှထိမရိုးရှင်းပေ။

ဒါကိုမြင်သောအခါ ချန်တဟိုင် ကိုယ်ကို ဖြေလျှော့ရင်း ပြုံးလိုက်လေသည်။

"ကြည့်ရတာ အကြီးအကဲက ဝိဉာဉ်အနှစ်သာရကျောင်းတော်က သတိထားနေသေးပုံပဲ"

ကောင်းကင်အေးခဲဓားဘိုးဘေးခေါင်းညိတ်သည်။

"ဘာပဲဆိုဆို ငါကတစ်ယောက်တည်းလေ၊ တကယ်လို့ ဝိဉာဉ်အနှစ်သာရကျောင်းတော်က အကြီးအကဲတွေအများကြီးကသာ ငါ့နောက်က လိုက်ဖမ်းနေမယ်ဆိုရင် ငါ့လက်ရှိခွန်အားနဲ့ သူတို့ကို အနိုင်ယူနိုင်မှာမှ မဟုတ်တာ"

"ဒါပေမယ့် မင်းလည်းကောင်းကောင်း လုပ်ခဲ့ပါတယ်၊ လူငယ်မျိုးဆက်တွေအကြားမှာ ငါ့ဓားဆန္ဒနဲ့ ဖိအားကို ရင်ဆိုင်နေရတာတောင် ဒီလိုအေးဆေးတည်ငြိမ်တဲ့ အမူအရာကို ထိန်းသိမ်းထားနိုင်တယ်"

ဆန့်ကျင်ဘက်အနေနှင့် ချန်တဟိုင်ဘေးတွင် ရပ်နေသည့် ယုချန်းမှာမူ နှလုံးသားထဲကပင် ထိတ်လန့်နေလေပြီ။

သူ့မျက်သူငယ်အိမ်များက ကျုံ့ကာ တုန်ူင်နေပြီး တစ်ကိုယ်လုံးကမူ အထိန်းအချုပ်မဲ့ တုန်ယင်နေကာ တစ်စုံတစ်ရာ ပြောချင်သည့်အလား ပါးစပ်ဖွင့်လိုက်၊ ပိတ်လိုက်လုပ်နေသော်လည်း လွန်ကဲနေသည့် ကြောက်စိတ်ကြောင့် စကားပြောနိုင်စွမ်းကို ဆုံးရှုံးနေသည်။

ချန်တဟိုင် ယုချန်းကိုတစ်ချက်စိုက်ကြည့်ပြီးနောက် ညင်သာစွာသက်ပြင်းချသည်။

"အနည်းဆုံးတော့ ငါတို့ဝိဉာဉ်အနှစ်သာရကျောင်းတော်အတွက် မျက်နှာမပျက်စေရဘူး"

"ကောင်းတယ်" ကောင်းကင်အေးခဲဓားဘိုးဘေး၏ အေးစက်သည့်မျက်နှာ၌ လေးစားမှုအနည်းငယ်ပေါ်လာသည်။

"မင်းခန္ဓာကို ငါအကောင်းပကတိ ထားခဲ့ပေးပါမယ်"

ထိုစကားလုံးများပြောပြီးသည်နှင့်တစ်ပြိုင်နက် ချန်တဟိုင်နှင့် ယုချန်းတို့၏ နဖူးတစ်လျှောက် အေးစက်သည့် အလင်းတစ်ချက် ဖြတ်သွားပြီး ထိုအချိန်မှာပင် ကောင်းကင်အေးခဲဓားဘိုးဘေး ဓားကို ဓားအိမ်ထဲသွင်းလိုက်လေပြီ။

သူဘယ်အချိန် ဓားကိုဆွဲထုတ်လိုက်သလဲဆိုတာ ဘယ်သူမှမမြင်ခဲ့ကြပေ။

သို့သော် အေးစက်သည့်အလင်း ဖြတ်သွားသောအခါ ချန်တဟိုင်နှင့် ယုချန်တို့၏ နဖူး၌ သေးငယ်သည့်သွေးပေါက်လေးများ ပေါ်လာပြီး သွေးပင်မထွက်ဘဲ သူတို့၏ ဝိဉာဉ်များကသာလျှင် ဖျက်ဆီးခံလိုက်ရသည်။

သူတို့နှစ်ယောက် အသက်ရှူခြင်းမရှိတော့ဘဲ မြေပေါ်လဲပြိုကျသွားကြ၏။

ထိုအခိုက်အတန့်၌ ဓားဘိုးဘေး ဘေးက ထူထဲသည့်တောအုပ်ဆီသို့ ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သည်။

"တာအိုမိတ်ဆွေ၊ ဘယ်လောက်ကြာကြာကြည့်ဖို့ ရည်ရွယ်ထားလဲ၊ ဘာလို့ထွက်ပြီး လာမတွေ့ရတာလဲ"

မြင့်မားသည့်ချုံပုတ်ထဲကနေ ဆူညံသံလေးတစ်ချက်ထွက်လာပြီး အနက်ရောင်၀တ်ရုံလွှမ်းခြုံထားသည့် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်းပေါ်လာသည်။

"မင်းကဘယ်သူများလဲ၊ တာအိုမိတ်ဆွေ" ဓားဘိုးဘေး လေးနက်စွာမေးရင်း ၀တ်ရုံနက်နှင့်လူကို စိုက်ကြည့်နေသည်။

"မင်းဆီက အော်ရာမျိုးကို ငါတစ်ခါမှ မကြုံခဲ့ဖူးဘူး၊ မင်းက တျန်းဂျီတိုက်က မဟုတ်ဘူးလား"

၀တ်ရုံနက်နှင့်လူခေါင်းညိတ်သည်။

"မင်းသူတို့အတွက် တရားမျှတမှုရှာဖို့ ဒီမှာရှိနေတာလား"

၀တ်ရုံနက်ခေါင်းခါယမ်းပြီးနောက် အသက်ကြီးရင့်သည့် အမျိုးသမီးအသံတစ်သံထွက်လာသည်။

"ငါကဖြတ်သွားရုံပါပဲ၊ ဒါပေမယ့်ဒီက 'ဓားဆန္ဒ' ကို သိချင်မိသွားတော့ ဒီမှာရပ်ပြီး စောင့်ကြည့်ဖို့အတွက် တွေးမိသွားတာပါ၊ မင်းရဲ့ဓားဆန္ဒက တျန်းဂျီတိုက်ကြီးရဲ့ ထိပ်ဆုံးငါးခုထဲမှာပါတယ်"

ထိုသို့ပြောဆိုရင်း နိယာမစွမ်းအားကို ထုတ်လွှတ်နေသည့် အော်ရာတစ်ခု သူ့အလိုလို အနည်းငယ်ထွက်ပေါ်လာသည်။

ဓားဘိုးဘေးအနည်းငယ် ကြက်သေသေသွားပုံရပြီး အလျင်အမြန်ဦးညွတ်သည်။

"စီနီယာက ကျုပ်ကို အများကြီးချီးကျုးနေတာပဲ၊ တကယ်လို့ တခြားဘာမှမရှိဘူးဆိုရင် ဒီဂျူနီယာအရင်ထွက်သွားပါတော့မယ်"

"အမ်း...." ၀တ်ရုံနက်နှင့်လူ အသိအမှတ်ပြုပြီးနောက် အနည်းငယ်ခေါင်းညိတ်ကာ ထိုကြီးရင့်သည့် အမျိုးသမီးအသံကို ထပ်မံအသုံးပြုလိုက်၏။

"ဆက်သွားတော့"

ဦးညွတ်ရင်း ဓားဘိုးဘေး ထိုနေရာမှ ပျောက်ကွယ်သွား၏။

ထိုအချိန်တွင် ၀တ်ရုံနက်နှင့်လူက ချန်တဟိုင်နှင့် ယုချန်းတို့အနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီးနောက် ငုံ့ကြည့်သည်။

ထို့နောက်သူကလည်း ထိုနေရာမှ ပျောက်ကွယ်သွားသည်။

အမွေးတိုင်တစ်ဝက်စာခန့်ကြာပြီးနောက် ဓားအလင်းတစ်ခုက နောက်ဆုံးတွင် ထိုနေရာမှ ထွက်သွားလေတော့သည်။

ရက်တစ်၀က်ခန့်အကြာတွင် ၀တ်ရုံနက်နှင့်လူက မူလနေရာသို့ ပြန်လာခဲ့သည်။

သူ့လက်ထဲတွင်ကိုင်ထားသည့် အဆောင်တစ်ခုက အံ့ဩသင့်စရာကောင်းစွာပင် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ဖြစ်နေသည်။

၎င်းနောက် နောက်လက်တစ်ဖက်က တောင်ထိပ်ရှစ်ဆင့်မိုးကြိုးအကျဉ်းထောင်ကို ဖန်တီးသည်။

ယင်းနောက်တွင်သာ သူ၀တ်ရုံနက်ကို မလိုက်ပြီး အလောင်းနှစ်လောင်းအား လေးနက်စွာ စိုက်ကြည့်နေသည်။

"န၀မအိမ်ရှေ့စံမင်းသားက တကယ်ကို ရက်စက်တာပဲ၊ အရင်က န၀မအိမ်ရှေ့စံမင်းသား သူတို့ကိုမလွှတ်မပေးလောက်ဘူးလို့ ထင်ခဲ့တာ တကယ်တော့ အမှန်ဖြစ်နေတာပဲ...."

အသံကပုံမှန်ပြန်ဖြစ်သည်။

အနက်ရောင်၀တ်ရုံနှင့်လူက မုဖူရှန်းဖြစ်ပေသည်။

အရင်က ချန်တဟိုင်နှင့် ယုချန်းတို့ကို ခြိမ်းခြောက်ရန်အတွက် သူတို့ဆရာ၏ အော်ရာကိုသုံးပြီး ယဲ့ချိုးပိုင်တို့တွင် အားကောင်းသည့်နောက်ခံရှိသည်ဟု သူတို့အား ယုံကြည်စေကာ ဒုတိယအကြီးအကဲအား ထိုအတိုင်းပင် အစီရင်ခံတင်ပြရင်း တစ်ဘက်လူအား အနည်းငယ် ဟန့်တားရန်အတွက် မျှော်လင့်ထားခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ ချန်တဟိုင်က ဘိုးဘေးနယ်ပယ်အစွန်းသို့ ရောက်နေပြီဖြစ်သည့် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။

သူ့အင်္ကျီလက်ထဲတွင် လှည့်ကွက်အများကြီးရှိနေမည်မှာ သေချာသည်။

ချန်တဟိုင်ကို မည်သည့်ခြေရာမှမချန်ဘဲ သတ်ရန် ကြိုးစားခြင်းက အတော်လေး ခက်ခဲပြီး သူတို့ဝှက်ဖဲများစွာကိုလည်း ထုတ်ဖော်ရန် လိုအပ်ပေလိမ့်မည်။

ဒီလိုဆိုပါက ပေးဆပ်မှုက အကျိုးအမြတ်ထက် ပိုကြီးမားသွားပေလိမ့်မည်။

ထို့နောက် သူတို့ဒီနည်းလမ်းကို တွေးမိခဲ့ကြသည်။

သို့သော် ချန်တဟိုင်နှင့် ယုချန်းတို့ကို န၀မအိမ်ရှေ့စံမင်းသား၏ လူက သတ်ပစ်လိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။

မုဖူရှန်း ခါးသီးစွာပြုံးနေမိသည်။

"တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ သူတို့ငါတို့ကို သံသယ၀င်လာလိမ့်မယ် ..."

သက်သေခံများအား ဖျက်ဆီးပစ်ရမည်လား!

မုဖူရှန်းခေါင်းခါယမ်းမိသည်။ ဒါက အရာများကို ပိုသံသယရှိလာအောင်သာ လုပ်မိပေလိမ့်မည်။ သူတို့ခန္ဓာကို ဒီအတိုင်းထားခဲ့တာက ပိုကောင်းသည်။ ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ ဥပဒေစိုးမိုးရေးခန်းမက လာစုံစမ်းသောအခါ အနည်းဆုံးတော့ သူတို့နှင့် မပတ်သက်သည့်ခြေရာများကိုသာ ရှာတွေ့နိုင်ပေလိမ့်မည်။

ထိုအတွေးနှင့်အတူ မုဖူရှန်း ဤဧရိယာတစ်ဝိုက်က သူတို့ကိုယ်ပိုင်အော်ရာ၏ အရိပ်အယောင်အားလုံးကို ဖျက်ဆီးပစ်ပြီး နောက်ဆုံးမှသာ ထွက်သွားလေတော့သည်။

All Chapters