← Chapters

နဂါးကိုးကောင်ဟဲရှီပိ

Vol. 93 Ch. 1314

နဂါးကိုးကောင်ဟဲရှီပိ

Vol. 93 Ch. 1314

အဓိကအင်အားစုတွင် ယဲ့ချိုးပိုင် မုဖူရှန်းအား လှည့်ကြည့်ရင်း ပြဿာနာကို ဖြေရှင်းပြီးပြီလားဟု မေးနေသည့်အလား မျက်ခုံးအနည်းငယ်ပင့်ပြသည်။

မုဖူရှန်း ခါးသီးစွာသာပြုံးကာ သူ့ညီအစ်ကိုများအား ဖြစ်ရပ်အား ပြန်ပြောပြလိုက်သည်။

ဒါကိုကြားရသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ကျား၏ကျောပေါ်က သစ်သားတဲလေးအား တစ်ချက်စိုက်ကြည့်လိုက်မိကြ၏။

အရမ်းရက်စက်လွန်းသည်။ အမှန်တကယ်ပင် တော်၀င်မိသားစု၀င်တစ်ဦးဟု ခေါ်ထိုက်သည်။

ယင်းနောက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မုဖူရှန်းထံ တညီတညွတ်တည်း အကြည့်ပို့လွှတ်လိုက်ကြပြန်သည်။

မုဖူရှန်းထိတ်လန့်သွားပြီးနောက် မည်းမှောင်သည့်အမူအရာဖြင့်ပြောသည်။

"ညီအစ်ကိုတို့၊ ကျွန်တော် ထီးနန်းကိုတောင် မလိုချင်ဘူးလေ၊ ဘာလို့ ကျွန်တော့်ကို ကြည့်နေကြတာလဲ၊ ဒါ့အပြင် ကျွန်တော့်မှာ အင်ပါယာအစ်ကိုအစ်မတွေနဲ့ အရမ်းကို သဟဇာတဖြစ်တဲ့ ဆက်ဆံရေးရှိပါတယ်နော်"

အကျိုးစီးပွားဝိရောဓိမရှိဘဲ စစ်မှန်သည့် ခင်မင်ရင်းနှီးမှုက အမှန်တကယ် တည်ရှိနိုင်သည်။

.....

ကျိုးလုံမြို့သို့ မရောက်ခင် နောက်ဆုံးညတာယံကို ရောက်လာသည်။

အိမ်ရှေ့စံမင်းသားက နောက်ဆုံးပြင်ဆင်မှုများကို ‌နေရာတစ်နေရာ၌ လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး အဆုံးထိ သတိထားနေရန် သေချာအောင် လုပ်ခဲ့သည်။

သို့စေကာမူ အိမ်ရှေ့စံမင်းသားကသစ်သားတဲထဲတွင် ပုန်းနေစရာမလိုတော့သဖြင့် ထွက်လာပြီး မုဖူရှန်းနှင့် ကျန်သောသူများဘေးတွင် ထိုင်ကာ သူတို့အားကြည့်ရင်း ပြုံးပြသည်။

"ညီလေးမု နေ့ဘက် ဘယ်ကို သွားလိုက်တာလဲ"

မုဖူရှန်းပြုံးသည်။

"ကျုပ်တို့တာ၀န်ပြီးစီးကြောင်းကို ကျောင်းတော်မှာ အစီရင်ခံတင်ပြရုံပါပဲ"

"အိုး၊ တင်ပြတာက အရမ်းကြာလွန်းလို့ မင်းထွက်သွားဖို့ထိလိုခဲ့တာလား" အိမ်ရှေ့စံမင်းသား မုဖူရှန်းအား ကြည့်နေသည်။ သူ့ပါးစပ်က အပြုံးကို ဆင်မြန်းထားသေးသလို မျက်လုံးများက တဖျပ်ဖျပ်လင်း၀င်းနေသည်။

"ဒီအတွက် အစ်ကိုချန်နဲ့ရော တွေ့ဖို့လိုခဲ့သေးလား"

ထိုစကားလုံးများကို ပြောပြီးနောက် အိမ်ရှေ့စံမင်းသား၏အကြည့်က မုဖူရှန်းထံ တစိုက်မတ်မတ်ကျရောက်နေသည်။

သို့သော် မုဖူရှန်း၏ အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိဘဲ ခပ်ပေါ့ပေါ့ပင်ရယ်မောလိုက်သည်။

"သေချာပေါက်မဟုတ်ဘူးပေါ့၊ ကျုပ်က သူနဲ့ တူညီတဲ့မြေတစ်ခုတည်းမှာ ရပ်မှာမဟုတ်ဘူး၊ အနီးမှာ အစ်ကိုကြီးတစ်ယောက်လည်း ရှိနေတော့ သူ့ကို အသိသွားပေးပြီး တာ၀န်စာလိပ်ကို သူ့ကိုပေးလိုက်ရုံပါပဲ"

အိမ်ရှေ့စံမင်းသားအနည်းငယ် ခေါင်းညိတ်ရင်း သံသယမရှိတော့ပုံရသည်။ သူဒူးထောက်ကာ ထရပ်ပြီးနောက် ပြုံးပြသည်။

"ဒါဆိုလည်းကောင်းပါပြီ၊ ဒီညပြီးရင် ငါတို့ ကျိုးလုံမြို့ကို ရောက်တော့မယ်၊ အဲဒီအချိန်ကျရင် ငါမင်းတို့အားလုံးအတွက် စားပွဲသောက်ပွဲတစ်ခုကျင်းပပြီး မင်းတို့ရဲ့ ဆုလာဘ်တွေကို ပေးမှာပါ"

ထိုသို့ပြောပြီး အိမ်ရှေ့စံမင်းသား သစ်သားတဲထဲသို့ ပြန်သွားသည်။

အိမ်ရှေ့စံမင်းသား သစ်သားတဲထဲသို့ ရောက်သောအခါ အံ့ဩစရာကောင်းစွာပင် ဓားဘိုးဘေးကလည်း အထဲတွင်ရှိနေသည်။

ကောင်းကင်အေးခဲဓားဘိုးဘေးမေးသည်။

"သူလား"

"သေချာသလောက်လုနီးပါးပဲ" အိမ်ရှေ့စံမင်းသားပြုံးသည်။

"ညီအစ်ကိုတွေကြား သူတို့ရဲ့ အမူအရာက မပြောင်းလဲသွားဘူးဆိုပေမယ့် သူတို့ဖုန်းယီနဲ့ မညှိနှိုင်းခဲ့ကြပုံပဲ၊ ဒါက ဖုန်းယီကို နည်းနည်းအံ့ဩသင့်စေပေမယ့် မြန်မြန်ဖုံးသွားနိုင်တယ်၊ ဒါပေမယ့် သတိမထားမိဖို့ဆိုတာက ခက်ခဲပါသေးတယ်"

အကယ်၍ လူတိုင်းက အိမ်ရှေ့စံမင်းသား၏ မေးခွန်းအပေါ် အံ့ဩသင့်နေသည့် အရိပ်အယောင်ကိုပြသပါက သူ့ခန့်မှန်းချက်က မှားနေသလားဟု အိမ်ရှေ့စံမင်းသားသံသယ၀င်မိမည်သာ။

သို့သော် လူတစ်‌ယောက်တည်းကသာ ထိုအမူအရာကို ပြသပါက ဒါက ဖြစ်နိုင်ချေများသွားသည်။

ဓားဘိုးဘေးခေါင်းညိတ်ရင်း အိမ်ရှေ့စံမင်းသား၏ ထိုးထွင်းအမြင်ကို လုံး၀သံသယ၀င်ခြင်းမရှိပေ။

"တကယ်လို့သူသာဆိုရင်တော့ သူက သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတာပဲ၊ အဲဒီအော်ရာအရိပ်အယောင်လေးက တမင်တကာထုတ်ဖော်ခဲ့တာဆိုရင်တောင် ငါ့ကို ကာကွယ်မှုမဲ့တဲ့ ခံစားချက်တစ်ခုပေးခဲ့ပြီး ငါက လုံး၀သူ့ပြိုင်ဘက်မဟုတ်လို့ ပြောနေသလိုပဲ"

"ဒီအော်ရာရဲ့ပိုင်ရှင်က ငါ့အထင်ဆိုရင်တော့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ရောက်နေလောက်ပြီ၊ ဒါမှမဟုတ် အဲထက်ပိုရောက်နေနိုင်တယ်...."

အိမ်ရှေ့စံမင်းသား ထိုင်ခုံတွင်ပြန်ထိုင်ရင်း ကိုယ်ကို ဖြေလျှော့ကာ မျက်လုံးများကို မှိတ်ထားသည်။

"ဖြစ်နိုင်ချေနှစ်ခုရှိတယ်၊ သူတို့နောက်က လူက ကိုယ်တိုင်ထွက်လာတာ မဟုတ်ဘူးဆိုရင် မုဖူရှန်းမှာ ပဲဒီနက်နဲလှသည့်ပုဂ္ဂိုလ် ပေးထားတဲ့ အကာအကွယ်ပစ္စည်းတစ်ခု ရှိနေတာပဲ၊ ဒါပေမယ့် ဒုတိယတစ်ခုကို ကျုပ်ပိုပြီးယုံကြည်တယ်"

"သူတို့နောက်ကလူက ဝိဉာဉ်အနှစ်သာရကျောင်းတော်က အဲဒီအဖိုးကြီးတွေထဲက တစ်ယောက်များလား"

"မဖြစ်နိုင်ဘူး" အိမ်ရှေ့စံမင်းသားခေါင်းခါယမ်းသည်။

"ကျုပ်သိရသလောက်ဆိုရင် သူတို့နောက်ခံက မရှင်းဘူး၊ သူတို့ကို ပထမအကြီးအကဲရဲ့ ကိုယ်ပိုင်တပည့်က တခြားတစ်နေရာကနေ ခေါ်လာပြီး ဝိဉာဉ်အနှစ်သာရကျောင်းတော်မှာ ရုတ်တရက်မိတ်ဆက်ပေးခဲ့တာပဲ"

"ဒါပေမယ့် ဒါက ကျုပ်ကိုသက်ရောက်မှာမဟုတ်ပါဘူး၊ ဘာပဲဆိုဆို အကျိုးစီးပွား ပဋိပက္ခရှိတာမှမဟုတ်တာ"

ဓားဘိုး တစ်ခဏမျှတုံ့ဆိုင်းနေသည်။

"ဒါပေမယ့် ငါ ချန်တဟိုင်နဲ့ကျန်တစ်ယောက်ကို သတ်တာကို သူမြင်ခဲ့တယ်"

"ဘာမှမဖြစ်ပါဘူး၊ သူ့လုပ်ရပ်တွေက ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ရှာတွေ့သွားဖို့အတွက် ဆန္ဒမရှိဘူးဆိုတာ ဖော်ပြနေတယ်" အိမ်ရှေ့စံမင်းသား အရာတိုင်းက ထိန်းချုပ်မှုအောက်တွင် ရှိသည့်အလား အပြုံးတစ်ပွင့်ကို ဖော်ပြသည်။

"တကယ်လို့ သူသာလူတော်တစ်‌ယောက်ဆိုရင် ဘာတစ်ခုမှ မသိသလို ဟန်ဆောင်လိမ့်မယ်"

နောက်ဆုံးတွင် ဓားဘိုးဘေးမှာ စိတ်သက်သာရာရသွားတော့သည်။

သူ ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ ထိုအဖိုးကြီးများ၏ လိုက်ဖမ်းဆီးခြင်းကို မခံချင်သည်မှာ ရှင်းနေသည်။

မည်သို့ပင်ဆိုစေကာမူ ကိုယ်ပိုင်တပည့်တစ်ယောက်ကို သတ်ပစ်ခြင်းက ဝိဉာဉ်အနှစ်သာရကျောင်းတော်အား သေချာပေါက် ဒေါသထွက်စေမည်သာ။

"ကောင်းပြီ၊ စီနီယာ၊ ခင်ဗျားအများကြီးကြိုးစားခဲ့ပြီးပါပြီ၊ အခုတစ်ခဏလောက် တိတ်‌တိတ်လေးနေဖို့ အချိန်ကျပြီ" အိမ်ရှေ့စံမင်းသားပြုံးရင်း ဓားဘိုးဘေးကို ကြည့်သည်။

"နောက်ကျရင် ကျုပ် ခင်ဗျားကို မိုမိသားစုနဲ့ မိတ်ဆက်ပေးပါမယ်"

ဓားဘိုးဘေး၏မျက်နှာက ပျော်ရွှင်မှုနှင့်အတူ လင်း၀င်းသွားပြီးနောက် ဦးညွတ်ကာ သစ်သားတဲလေးထဲကနေ ပျောက်ကွယ်သွားလေတော့သည်။

အိမ်ရှေ့စံမင်းသား မျက်လုံးအစုံမှိတ်ရင်း တေးသွားလေးတစ်ခုကို သီကျူးကာ ရေရွတ်လိုက်မိသည်။

"ကြည့်ရတာ ငါသူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့လိုနေပုံပဲ"

"သူက အရမ်းအားကောင်းတယ်လို့ မထင်ရပေမယ့် အဲဒီအုပ်စုထံမှာ စွမ်းအားကို အနက်ရှိုင်းဆုံး ဖုံးကွယ်ထားသူ ဖြစ်လောက်တယ်....."

.....

နေမင်းကြီးက အရှေ့အရပ်တွင် ပြင်းထန်စွာ တောက်ပထွန်းလင်းနေသည်။

ချန်းတဟိုင်နှင့် ယုချန်းတို့သေခဲ့သည့်နေရာ၌ လူလေးယောက်ရပ်နေကြပြီး အလောင်းနှစ်လောင်းအား တင်းမာသည့် အမူအရာများဖြင့် ကြည့်နေကြ၏။

သူတို့ထဲက ဦးဆောင်သူက ဒုတိယအကြီးအကဲဖြစ်ပြီး ကျန်သုံးယောက်က ဥပဒေစိုးမိုးရေးခန်းမမှ အကြီးအကဲများဖြစ်သည်။

ချန်တဟိုင်သေဆုံးပြီးနောက် သူ့ဝိဉာဉ်တုံကင်က ပြိုကွဲသွားခဲ့လေရာ ဒုတိယအကြီးအကဲ ဥပဒေစိုးမိုးရေးခန်းမက လူများအား ဤနေရာသို့ ချက်ချင်းခေါ်ဆောင်လာခဲ့သည်။

"ဘယ်သူလုပ်ခဲ့သလဲဆိုတာ ဆုံးဖြတ်လို့ရလား" ဒုတိယအကြီးအကဲ၏မျက်နှာက ရေတစ်စက်အလား မှောင်မိုက်နေသည်။

ဥပဒေစိုးမိုးရေးခန်းမမှ အကြီးအကဲတစ်ဦး ဒူးထောက်ကာ ချန်တဟိုင်နှင့် ယုချန်းတို့၏ ရုပ်အလောင်းများကို စစ်ဆေးရန်အတွက် ညွှတ်လိုက်စဉ် သူ့မျက်ခုံးများက တင်းကျပ်စွာ ကျုံ့နေသည်။

"သတင်းစကားနဲ့ မသေခင်ကြေးမုံပုံရိပ်ကို လူသတ်သမားက ဖျက်ဆီးလိုက်ပါပြီ၊ အနီးအနားမှာ တခြားဘာခြေရာမှ မရှိသလို ချန်တဟိုင်နဲ့သူ့အဖော်ဆီက ဘာခုခံမှုလက္ခဏာကိုလည်း မပြသဘူး၊ ဆိုလိုတာက လုပ်ကြံသတ်ဖြတ်သူရဲ့ ခွန်အားက သူတို့ထက် အများကြီးပိုသာလွန်နေတာပဲ၊ အနည်းဆုံး ဘိုးဘေးနယ်ပယ်စွမ်းအားရှင်တစ်ယောက်ဖြစ်ရမယ်"

ဥပဒေစိုးမိုးရေးခန်းမမှ နောက်အကြီးအကဲတစ်ယောက်က သူတို့မျက်ခုံးအလယ်၌ ရစ်ဝဲနေသည့် ဓားချီကို ကြည့်လိုက်၏။

"ဓားတာအိုဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပဲ၊ တျန်းဂျီတိုက်မှာ ဓားနဲ့ ဘိုးဘေးနယ်ပယ်ကို ၀င်နိုင်တဲ့သူသိပ်မရှိဘူး၊ ဒါကြောင့် စုံစမ်းစစ်ဆေးဖို့က အရမ်းခက်ခဲတယ်"

"ဘာပဲဆိုဆို ရှိတဲ့အဲဒီဓားတာအိုဘိုးဘေးနယ်ပယ်စွမ်းအားရှင်တွေကလည်း ခေါင်းနဲ့ အမြီးကို မမြင်နိုင်တဲ့ နတ်နဂါးတွေလိုပဲ"

ဒုတိယအကြီးအကဲ တင်းမာခက်ထန်သည့် အမူအရာဖြင့် ပြောသည်။

"သူတို့ယူခဲ့တဲ့တာ၀န်က နဂါးကိုးကောင်နတ်မင်းဆက်နဲ့ ဆက်စပ်နေတယ်မလား၊ နတ်မင်းဆက်မှာ ဓားတာအိုကျွမ်းကျင်သူ တစ်ယောက်ယောက်များရှိလား"

ဥပဒေစိုးမိုးရေးခန်းမမှ အကြီးအကဲသုံးဦးစလုံး ခေါင်းခါယမ်းလိုက်ကြ၏။

ဒါကိုမြင်သောအခါ ယခုလိုနည်းနှင့် အဖြေများကို ဆက်ရှာနေတာက ရလဒ်မထွက်လာာနိုင်တာကို ဒုတိယအကြီးအကဲ သဘောပေါက်သွားသည်။ ဒါ့အပြင် ထိုနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က ဂရုမမူဘဲ မည်သည့်သဲလွန်စကိုမှ ချန်ထားခဲ့မည်မဟုတ်။

ထိုစဉ် ဒုတိယအကြီးအကဲ အထူးစုဆောင်းထားသည့် ကျောင်းသားသစ်များထဲမှ ဓားတာအိုကို အထူးပြုသည့် တစ်ယောက်ကို ရုတ်တရက်သတိရသွားသည်။

သူတို့နောက်ကွယ်က တစ်ယောက်ယောက်များလား!

သို့သော်အရာများက မသေမချာဖြစ်နေဆဲပင်။ ဒုတိယအကြီးအကဲမှာ ရွေးချယ်စရာမရှိတော့သဖြင့် ချန်တဟိုင်နှင့် ယုချန်းတို့၏ အလောင်းများကို ကျောင်းတော်သို့ ပြန်ယူသွားရန်သာ အမိန့်ပေးနိုင်တော့သည်။

အထူးကျောင်းသားသစ်များအား သူတို့ပြန်လာသောအခါမှသာ မေးခွန်းထုတ်ရပေတော့မည်။

.....

ကျိုးလုံမြို့!

၀န်ကြီးများက ကြိုဆိုနေကြစဉ် အိမ်ရှေ့စံမင်းသား အဇူရာနဂါးခြံ၀င်းအတွင်းက သူ့နယ်မြေသို့ ပြန်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ရောက်လာကြ၏။

အိမ်ရှေ့စံမင်းသား သူ့တံဆိပ်နှင့်အတူ တာ၀န်စာလိပ်အပြင် နဂါးပုံသဏ္ဍာန်ကျောက်စိမ်းဆွဲသီးတစ်ခုကိုပါ ဖုန်းယီအား ပေးလိုက်သည်။

၎င်းကိုလက်ဖဝါးပေါ်၌ ကိုင်ထားရုံမျှနှင့် ပဲ့တင်ထပ်နေသည့် နဂါးဟိန်းသံနှင့် အစွမ်းထက်နဂါးဝိဉာဉ်စွမ်းအင်ကို ခံစားနိုင်သည်။

နဂါးကိုးကောင်ဟဲရှီပိ!

ရယ်မောရင်း အိမ်ရှေ့စံမင်းသားပြောသည်။

"မင်းတို့ထွက်သွားဖို့ အလျင်မလိုဘူးဆိုရင် နောက်ထပ်နည်းနည်းပိုကြာအောင် နေမယ်ဆိုရင်ရော၊ ဒီရက်တွေအတွင်း မင်းတို့ရဲ့ ကာကွယ်မှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ နောက်မှပဲ မင်းတို့အတွက် ငါပွဲတော်တစ်ခု ကျင်းပပေးမယ်"

"အိုး၊ ဒါနဲ့စကားမစပ် ဒီမှာ လူငယ်ပါရမီရှင်တွေအများကြီးရှိတယ်၊ မင်းတို့ တစ်ဦးနဲ့တစ်ဦး အမြင်တွေလည်း ဖလှယ်လို့ရတယ်"

မူလက ငြင်းဆန်လိုသည့်ဖုန်းယီမှာ ထိုစကားကို ကြားသောအခါ လင်း၀င်းသွားပြီး သဘောတူသည့်အသွင် ချက်ချင်းခေါင်းညိတ်သည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများမှာ အကူအညီမဲ့နေသည့် အကြည့်များ ဖလှယ်လိုက်ကြ၏။

အိမ်ရှေ့စံမင်းသား ဖုန်းယီအကြောင်းကို သေချာစုံစမ်းပြီးသားဖြစ်လောက်သည်။

All Chapters