← Chapters

နတ်မျက်လုံးဆံ၏ရလာဒ်

Vol. 15 Ch. 210

နတ်မျက်လုံးဆံ၏ရလာဒ်

Vol. 15 Ch. 210

နေအလင်းချီ သည် ယီယွင် ၏ ခန္ဓာကိုယ်အနှံ့ရှိ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်ကာ ခွန်အားများကို ဖြစ်‌ပေါ်စေသည်။ စွမ်းအင်အသစ်များက ယီယွင် ရဲ့ ခန္ဓာကိုယ်ကို နွေးထွေးစေသည်။

နေအလင်းချီ မှရရှိ‌သော 'တိုင်အာနတ်ကျင့်စဉ်' သည် တကယ့် 'တိုင်အာနတ်ကျင့်စဉ်'၏စွမ်းအင် အစစ်ဖြစ်သည်။

'တိုင်အာနတ်ကျင့်စဉ်' သည် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်သည်။ သို့သော် ထိုနည်းစနစ်သည် စစ်သည်တော်၏ ယွမ်ချီစွမ်အားနှင့် ပေါင်းစပ်စေကာ ၎င်းကျင့်စဥ်၏အရည်အသွေးကို တိုးမြင့်စေနိုင်သည့် ကိုယ်အတွင်းပိုင်းစွမ်းအင် အပေါ် ပိုမိုသက်ရောက်စေသော သဘောရှိသည်။ ရပ်တည်ချက်နှင့် ပတ်သက်၍ 'တိုင်အာနတ်ကျင့်စဉ်'တွင် အလွန်အကျွံ မပါဝင်ပေ။

'တိုင်အာနတ်ကျင့်စဉ်' စွမ်းအားဖြင့် အသုံးပြုရမည့်လက်နက်ဟူ၍ ကန့်သတ်ထားခြင်း မရှိပေ၊ ဓားမောက်၊ ဓား၊ လှံ မည်သည့် လက်နက်ကိုမဆို အသုံးပြုနိုင်သည်။

ယီယွင် သည် ၎င်း၏တပ်တစ်ထောင် ဓားမောက်ကို ကျောတွင်လွယ်ကာ ဆေးပင် အလုပ်ရုံးခန်းဆီသို့ ဦးတည်လာခဲ့လေသည်။

နောက်ထပ်ရက်အနည်းငယ်ကြာသောအခါ ယီယွင် အသက်ဆယ့်သုံးနှစ်ပြည့်တော့မည် ဖြစ်သည်။ ယီယွင်၏ အရပ်မှာ ရှည်လာသော်လည်း တပ်တစ်ထောင် ဓားမောက်အရှည်နှင့် ယှဉ်ပါက ယီယွင်မှာပု‌နေလျှက် ရှိနေသေးသည်။

ထို့ကြောင့် ယီယွင် သည် တပ်တစ်ထောင် ဓားမောက်ကို သယ်ဆောင်ရာ၌ ကို့ရို့ ကားယားနိုင်လျှက်ရှိသည်။

"ငါ့အခွင့်အရေးရရင် သိုလှောင်လက်စွပ်တစ်ကွင်း ၀ယ်မှရမယ်" ယီယွင် က တပ်တစ်ထောင် ဓားမောက် သို့မဟုတ် ထိုက်ခန်းလေးကို ဖြစ်ဖြစ်သယ်ဆောင်ရာတွင် ၎င်းတို့၏အရှည်ကြောင့် နောက်ကျောတွင် လွယ်ထားရသည့်မှာ ရှည်လျားလွန်းလှသည်ဟု ယီယွင် တွေးနေသည်။ သာမာန်လေ့ကျင့်ရေးများအတွက် သယ်ယူရသည့်မှာ အကြောင်းမဟုတ်သော်လည်း ဆေးတောင်အမှတ် ၆၀ကဲ့သို့သော တောအုပ်မျိုးတွင် ဆေးဖက်၀င်အပင် ရှာသောအခါ ခရီးမတွင် လျှက်ရှိသည်။

သို့ရာတွင် ယီယွင်၌ ယခုအချိန်တွင် ငွေ‌ရေးအကျပ်အတည်း ဖြစ်ပေါ်နေလျှက်ရှိသည်။ယီယွင်တွင် မှော်နဂါးကြေးပြား ၃၀၀၀ အကြွေးရှိပြီး နောက်ထပ်ရက်အနည်းငယ်အတွင်း လောင်းကစားပြိုင်ပွဲ အတွက် မှော်နဂါးကြေးပြား ပေးအပ်ရန်အတွက် ပြင်ဆင်ရဦးမည် ဖြစ်သည်။

ယီယွင်မှာ သိုလှောင် လက်စွပ်မဝယ်နိုင်သေးပဲ လောင်းကစားပြိုင်ပွဲ အတွက် လိုအပ်သော မှော်နဂါး‌ကြေးပြား ပမာဏကို ပြင်ဆင်ထားရန် လိုအပ်လျှက်ရှိသည်။

လက်ရှိအချိန်တွင် မှော်နဂါးကြေးပြားများကို အလျင်မြန်စုဆောင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ ဆေးပင်ရှာဖွေမှုစံချိန်ကို ချိုးဖျက်ရန်သာဖြစ်သည်။

ယီယွင် သည် ဆေးပင် အလုပ်ရုံးခန်းသို့ ရောက်ရှိလာသော်အခါ ယီယွင် နောက်‌ကျောရှိ တပ်တစ်ထောင် ဓားမောက်မှာ အလံတိုင်ကိုလွယ်၍ လျှောက်လာသကဲ့သို့ ဖြစ်နေသည်။ထိုပုံစံကြောင့်ပင် ယီယွင်အား အလွယ်တကူ သတိထားမိစေသည်။

"မောင်လေး ယီယွင်၊ မတွေ့တာကြာပြီနော် မင်း ရှေးဦးဆေးပင် ရသွားပြီဆို‌တော့ ဆေးပင်ထပ်မရှာတော့ဘူးထင်နေတာ" ရုံးခန်းထဲမှာ ကျောက် ချင်ချန်း နဲ့ ၎င်း၏တွဲဖက်က ယီယွင်အား အဝေးကနေပြုံးပြကာ လှမ်းနှုတ်ဆက်ကြလေသည်။ယီယွင်အား အိမ်နီးနားချင်းကောင်း တစ်ယောက်သဖွယ် ကျောက်ချင်ချန်း နှင့် သူမ၏ တွဲဖက်မိန်းမပျိုလေးကပါ အထင်ကြီးလေးစားကြသည်။

ယီယွင် သည် ရှေးဦးအပင်တစ်ပင်ကို ခူးယူခဲ့ကြောင်း ကြားသိရသောအခါတွင် ယုံရခက်လှသည်။သို့‌သော် အတည်ပြုချက် တချို့ရပြီးနောက် ၎င်းမှာနောက်ပြောင်နေသည် မဟုတ်မှန်းသိရသည့်အခါ ၎င်းတို့မှာ ယီယွင် အတွက် စိတ်ရင်းမှန်ဖြင့် ၀မ်းသာပေးခဲ့ကြသည်။

"ဟုတ်တယ်...လွန်ခဲ့တဲ့ရက်တွေက လေ့ကျင့်ရေးက အလုပ်ရှုပ်နေတော့ ဆေး‌တောင်တန်းဘက် ‌မရောက်ဖြစ်တာ" ယီယွင် က ပြုံး၍ပြောလိုက် လေသည်။

"ဟီး… မောင်လေး ယီယွင် အရမ်းတော်တယ်။ မင်းစံချိန်ချိုးမယ်လို့ အစ်မတို့အားလုံးမျှော်လင့်ထားတာ မင်းကထောင်ကျော်လောက်ပဲ လိုတော့တာ ဆိုပေမယ့် မင်းမရောက်တာ ဆယ်ရက်လောက်ရှိပြီ... အခုဆို သတ်မှတ်ထားတဲ့ ရက်ပေါင်း ၆၀ပြည့်ဖို့ကလဲ ဆယ့်နှစ်ရက်ပဲ လိုတော့တာ..." ကျောက် ချင်ချန်း က စိတ်မကောင်းစွာ ပြောလိုက်သည်။

ယခင်က ယီယွင် သည် မှော်နဂါးကြေးပြား ၁၀၀၀၀ တန်ဖိုးရှိသော ရှေးဦးဆေးဖက်၀င်အပင်ကို ရှာဖွေနိုင်ခဲ့သည်။ ထို့အပြင်တခြား အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များနှင့်အတူ ယီယွင်သည် စုစုပေါင်းမှော်နဂါးကြေးပြား ၁၄၀၀၀ခန့်ရှာဖွေနိုင်ခဲ့ပေသည်။

သို့ရာတွင် ကျုံးယီ၏ စံချိန်မှာ ၁၉၀၀၀ခန့် ရှိသည်။

ယီယွင်သည် စံချိန်ချိုးရန်အတွက် မှော်နဂါးကြေးပြား ၅၂၀၀ခန့်လိုအပ်‌ နေသေးသည်။

ဆေးဖက်၀င်အပင် ၅၂၀၀တန်ဖိုး ခန့်ကို ရှာဖွေရန်အတွက် အချိန် ဆယ့်နှစ်ရက်သာ ကျန်တော့သည်။ယီယွင်သည် ၎င်း၏ပန်းတိုင်ရောက်ရန် တစ်ရက်လျှင် ပျမ်းမျှအားဖြင့် မှော်နဂါးကြေးပြား ၄၃၄ တန်ဖိုးရှိ ဆေးဖက်၀င်အပင်များကို ရှာဖွေရမည်ဖြစ်သည်။

ယင်းမှာ မလွယ်ကူလှပေ။

"နောက်ဆုံးတော့ ဆေးပင်တွေ ရှာဖို့ တွေးပြီပေါ့။ငါကတော့ မင်းအချီကြီးပွပြီး ဆေးပင်တွေကို စိတ်မဝင်စားတော့ဘူး ထင်နေတာ" ထိုအချိန်တွင် ၀မ် သည် ဆေးပင်အပ်နှံသည် စားပွဲနောက်ကွယ်မှ စိတ်မပါလက်မပါ ပြောလိုက်လေသည်။

"အစ်မ ၀မ် က ဟာသတွေပြောနေတာပဲ။ ကျွန်တော် စံချိန်ချိုးဖို့ အစီအစဉ်ရှိပါသေးတယ်" ယီယွင် ပြုံးပြီး ၀မ် ကို နှုတ်ဆက်လိုက်သည်။

"စံချိန်ချိုးမယ် ဟုတ်စ" ၀မ် သည် လက်တစ်ဖက်ကို စားပွဲပေါ်တင်လိုက်ပြီး ယီယွင် ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ "ကောင်လေး၊ မင်းယုံကြည်ချက်တွေဘယ်ကရနေလဲတော့မသိဘူး မင်းစံချိန်ချိုးဖို့ မှော်နဂါးကြေးပြားဘယ်လောက်လိုနေလဲကော သိလား"

"ကျွန်တော်သိပါတယ်" ယီယွင် က အလျင်အမြန်ပင်ပြောသည်။ "ကျွန်တော် သေချာရေတွက်ပြီးပြီ။ လူသစ် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို မကြာခင်မှာ စတင်တော့မှာ၊ လောင်းကစားအတွက် ဒီကရတဲ့ မှော်နဂါးကြေးပြား ကို အသုံးပြုချင်တယ်"

ယီယွင် ပြောသည်ကို ကြားတော့ ၀မ်မှာ မျက်လုံးပြူးပြီး ယီယွင် ကို ကြည့်လိုက်လေသည်။ "ဆယ့်နှစ်ရက်အတွင်း မှော်နဂါးကြေးပြား ၅၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဆေးပင်တွေ ကိုရှာဖို့နဲ့ ကောင်းကင်အဆင့်ရှိတဲ့ ဆေးပင်တွေကို ရှာတွေ့ဖို့ မျှော်လင့်လို့မရနိုင်ဘူး..."

ယခင်ကယီယွင် စုဆောင်းထားသော မှော်နဂါးကြေးပြား ၈၀% သည် ယန်‌သွေးပန်းနှင့် ရှေးဦးဆေးပင်များမှ ရရှိခြင်းဖြစ်သည်။၎င်းမှာ ကံကောင်းခြင်းကြောင့် ဖြစ်သော်လည်း ယီယွင်သည် အဆင့်နိမ့် ဆေးပင်များကို တကယ်တမ်းတွင် များစွာ ခူးယူးခဲ့ခြင်းမရှိပေ။

"မင်း ဟုန်တောက် အသင်းကို မကျေမနပ်ဖြစ်အောင်လုပ်ထားတယ်လို့ ကြားတယ်။ဟိုအသင်း တစ်ဖွဲ့လုံး မင်းကို စစ်ကြေညာလိုက်ပြီ..." ၀မ် က ကျေနပ်နေသော လေသံဖြင့် ပြောလိုက်သည်။ ထိုအကြောင်းသည် တိုင်အာနတ်မြို့တော် တွင် ပျံ့နှံ့သွားပြီး လူသစ်များကြားတွင် အပြောများနေသော ကိစ္စဖြစ်သည်။ ကျောက် ချင်ချန်းနဲ့ သူ့သူငယ်ချင်းများမှာ ထိုသတင်းကိုကြားသောအခါ ယီယွင် အတွက် စိတ်ပူနေကြပေသည်။

"ဟုတ်တယ်၊ အဲဒါကြောင့် အစ်မ ၀မ် ရဲ့ ဂရုစိုက်မှုနဲ့ စိုးရိမ်မှုတွေ လိုအပ်တယ်။ အသင်းအဖွဲ့ထဲက လူသစ်တွေက ကျွန်တော်နဲ့ လောင်းကစားလုပ်ဖို့ ပစ္စည်းတွေ အားလုံးကို အပေါင်ထားကြတယ်။ အစ်မ ကျွန်တော်ကို မှော်နဂါးကြေးပြားတွေ ထပ်မပေးဘူးဆိုရင် ကျွန်တော် လောင်းကြေးမတတ်နိုင်တော့ဘူး..." ယီယွင် က သနားစဖွယ်ပုံစံဖြင့် ပြောလိုက်လေသည်။

"ငါကို အာရုံလာမနောက်စမ်းပါနဲ့" ၀မ် က အေးစက်စွာပြောသည်။ သူမသည် ယီယွင်အား ဆေးပင်ထည့်ရန်ခြင်းတောင်းတစ်ထည်နှင့် တံစဉ်တစ်ခု ပေးလိုက်သည်။ ထို့နောက် ၀မ်က လေသံအေးအေးဖြင့် "အကြီးအကဲ ကျန်းကဲ့ က ဆေးပင်ရှာဖွေမှုစံချိန်ကိုချိုးဖျက်ဖို့အတွက် ဆုကြေးကို တိုးပေးနိုင်တယ်။ စံချိန်ကိုချိုးဖျက်ဖို့ဆို မှော်နဂါးကြေးပြား ၂၅၀၀၀ နှင့် ဂုဏ်အမှတ် ၂ မှတ် ရရှိနိုင်တယ်"

၀မ် ၏ စကားများကြောင့် ယီယွင် ဝမ်းသာသွားလေသည်။၎င်းမှာ အချိန်မီ အကူအညီဖြစ်စေခဲ့သည်။ယီယွင်တကယ်ပင် အကြီးအကဲ ကျန်းကဲ့ ကို ကျေးဇူးတင်ရပေမည်။

"အရမ်းစောပြီး ပျော်မနေနဲ့၊ စံချိန်ကို အရင်ချိုးစမ်းပါ" ၀မ်က ငေါက်‌လိုက်လေသည်။ သို့သော် သူမသည် ယီယွင် ကို စကားလုံးများဖြင့် တိုက်ခိုက်နေသော်လည်း ယီယွင် နောက်တစ်ဆင့်တက်ရန်အတွက် စောင့်မျှော်နေလျှက်ရှိသည်။

ယီယွင် ခရမ်းရောင်ကောင်းကင်ယန် ဂျင်ဆင်း ကို ရှာတွေ့ပြီးနောက် ၀မ် သည် ယီယွင် ကို ကွဲပြားသော တန်ဖိုးထားမှုမျိုး ရှိခဲ့သည်။ ထိုလူငယ်သည် တစ်နေ့တွင် တိုင်အာနတ်မြို့ တော်၌ အဆင့်မြင့်မြင့်ရရှိမည်ဟု သူမ စိတ်က ယုံကြည်နေသည်။

နေရာခုန်ကူးခြင်းအစီအရင်၏အလင်းတန်းများနှင့်အတူ ယီယွင် သည် ဆေးတောင်အမှတ် ၆၀ သို့ အချိန်အကြာကြီးနေမှ နောက်ထပ် တစ်ခေါက် ရောက်ရှိလာလေသည်။

ရင်းနှီးသောပတ်ဝန်းကျင်သို့ ရောက်သောအခါ ယီယွင်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ ဆေးတောင်အမှတ် ၆၀ ၏ ကောင်းကင်အဆင့် ယွမ်ချီမှာသိပ်သည်း လတ်ဆတ်ကာ လူများ၏ စိတ်ကိုလန်းဆန်းစေသည်။

ယီယွင်၏ စိတ်ဝိညာဉ်စွမ်းအင်သည် ခရမ်းရောင်သလင်းကျောက်နှင့် ထိတွေ့မှုနှင့်အတူ မကြာသေးမီက ဖန်ဆင်းထားသော နတ်မျက်လုံးဆံဖြင့် ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရှုရန် အသုံးပြုလိုက်လေသည်။

ချက်ချင်းပင် စွမ်းအင်အပြည့်အ၀ဖြစ်ပေါ်လာသော ကမ္ဘာကြီးမှာ ယီယွင် ၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။

ငါးကီလိုမီတာအကွာအဝေးအတွင်းရှိ သက်ရှိတိုင်းသည် စွမ်းအင်ပုံသဏ္ဍန်များအဖြစ် ပြောင်းလဲသွားသည်။ မြက်ပင် သို့မဟုတ် ပျံနေသော ပိုးကောင်များအားလုံးမှာ ၎င်းတို့ကို ကိုယ်စားပြုစွမ်းအင် အလင်းစက်များ အဖြစ် ပုံပေါ်လာလေသည်။

ထိုအလင်းအစက်များသည် အလွန်အားနည်းလှသည်။ ယီယွင် က နတ်မျက်လုံးဆံကို မဖန်ဆင်းနိုင်ခင်က ထိုသို့ အာရုံများကို လုံး၀ မခံစားနိုင်ခဲ့ပေ။

မီးတောက်ကဲ့သို့ ထင်ထင်ရှားရှား လင်းလက်နေသော အလင်းစက်များသည် ဆေးဖက်ဝင်အပင်များဖြစ်မည်မှာ သေချာသည်။

ဆေးဖက်ဝင်အပင်က ပိုတန်ဖိုးရှိလေလေ၊အလင်းစက်မှာလည်း ပို‌အားကောင်းလေဖြစ်သည်။

မိုင်ဒါဇင်အနည်းငယ်အကွာအဝေးတွင် ဆေးဖက်၀င်အပင်ပေါင်း ၂၀-၃၀ ရှိသည်။ ဆန်းကြယ်မှု အဆင့်ရှိသော ဆေးဖက်၀င်အပင် အနည်းငယ်လည်း ပါရှိသည်။‌ မြေကြီးအဆင့်ရှိ ဆေးဖက်၀င်အပင်များ မရှိသော်လည်း ၎င်းတို့ကို နေရာပြောင်းပြီးရှာဖွေပါက အလွယ်တကူ ရှာတွေ့နိုင်မည် ဖြစ်သည်။

နတ်မျက်လုံးဆံကို ဖန်ဆင်းပြီးနောက် ယီယွင် သည် ဆေးပင်တောင်၏ မြေပြင်တွင် ခူးယူရန် ဆေးပင်များစွာဖြင့် ပြွတ်သိပ်လျက် ရှိနေသကဲ့သို့ ခံစားရသည်။

အချိန်ပေး၍ တိုင်အာနတ်မြို့တော်ရှိ အပင်အနည်းငယ်ကို ဂရုတစိုက်ရှာဖွေမည်ဆိုပါက တခြား‌ရှေးဦးအပင်များကိုပင် ရှာဖွေနိုင်မည် ဖြစ်သည်။

၎င်းမှာ အမှန်တကယ်ပင်၊သို့သော်လည်း ယီယွင်မှာ ထိုသို့ပြုလုပ်ရန် မလိုအပ်သေးပေ။

ပထမအချက်မှာ ၎င်းသည် ကြာမြင့်စွာအချိန်ပေးရမည်ဖြစ်ကာ ရလဒ်ကို အာမမခံနိုင်ပေ။

ဒုတိယအချက်မှာ ယီယွင် သည် ၎င်းရှာဖွေထားသော ရှေးဦးဆေးပင်ကို မအပ်နှံချင်ပေ။ ၎င်းကိုယ်တိုင်သာ စုပ်ယူအသုံးချချင်သည်။ယခု ယီယွင် အတွက် အရေးအကြီးဆုံးက ဂုဏ်မှတ်များဖြစ်ကာ စွမ်းအင်ဆိုင်ရာအတွက် ယီယွင် သည် ၎င်းကို အရိုင်းနယ်မြေနတ်ခန်းမ မှ ရယူနိုင်သည်။

အရိုင်းနယ်မြေနတ်ခန်းမ တွင် ရှေးဦးမျိုးစိတ် ပန်းပုရုပ်တု ခြောက်ခုရှိသည်။ ရုပ်တုတစ်ခုစီတွင် ၎င်းအတွင်း၌ ကြောက်မက်ဖွယ် စွမ်းအင်ပမာဏတစ်ခုစီရှိကြသည်။ ယီယွင် ၏ လက်ရှိ ကျင့်ကြံမှု အဆင့်နှင့် ယီယွင်၏ ကြိုးစားမှု အနည်းငယ်ဖြင့် ၎င်းတို့အတွင်း စွမ်းအင်ကို များကို သိသိသာသာမလျှော့ချနိုင်မည် မဟုတ်ပေ။

ယီယွင် သည် ၎င်းစိတ်တိုင်းကျ ဆေးဖက်၀င်အပင်များကို ခူးဆွတ်ပြီးသောအခါ မှော်နဂါးကြေးပြား ၂၀၀ ခန့်ကို ရရှိနေပြီဖြစ်သည်။

ယီယွင်က နေရာကိုပြောင်းကာ သူ့အာရုံများဖြင့် ရှာဖွေမှုများဆက်လက်လုပ်ဆောင်ကာ နောက်ထပ်တစ်နာရီခန့်အတွင်း မှော်နဂါးကြေးပြား ၅၀၀ခန့် ရှာဖွေနိုင်ခဲ့သည်။

လွယ်လွန်းတယ်…

ယီယွင် သည် ကျင့်ကြံခြင်းအတွက် ကျန်ရှိ‌‌သောအချိန်ကိုအသုံးပြုခဲ့သည်။

စစ်သည်တစ်ဦးသည် ငြီးငွေ့စရာကောင်းပြီး အထီးကျန်ဆန်သော ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရသည်။ ယီယွင် သည် နောက်ဆုံးနေမင်းပုံရိပ် ကိုဆွဲသောအခါ ထာဝရတည်မြဲသော သဘောတရား အနည်းငယ်ကို သဘောပေါက်ခဲ့သည်။

ယင်းက ယီယွင် ကို ပို၍ပင် လုံ့လစိုက်ထုတ်စေခဲ့သည်။ ဘဝသည် နေထွက်ခြင်းနှင့် နေဝင်ခြင်းကဲ့သို့ သူ့အလိုလို မဖြစ်နိုင်ပေ။ အချိန်တိုင်းကို မဆုပ်ကိုင်ထားနိုင်ပါက မိမိတို့၏ အရည်အချင်းနှင့် စွမ်းရည်များကို ဆုံးရှုံးသွားစေကာ နောင်တကြီးစွာရပေလိမ့်မည်။

All Chapters