← Chapters

နေအလင်းချီ၏တန်ခိုး

Vol. 15 Ch. 211

နေအလင်းချီ၏တန်ခိုး

Vol. 15 Ch. 211

နေမင်းကြီးသည် ကောင်းကင်ယံ၌ တောက်ပနေသည်…

တောအုပ်အတွင်းနေရာလွတ်တစ်ခုတွင် ယီယွင်မှာ လီနင်ထည်၀တ်စုံကို ၀တ်ဆင်လျှက် မတ်တပ်ရပ်နေလေသည်။ညာဘက်လက်တွက် သူ၏ ‌တပ်တစ်‌ထောင် ဓားမောက်အား ဆုပ်ကိုင်ထားသည်။ ခုနစ်ပေနှစ်လက်မ ရှည်သော ဓားမောက်မှာမြေပြင်နှင့်အပြိုင်တစ်တန်းတည်း ဖြစ်နေလေသည်။ ရေအပြည့်ပါတဲ့ ဇလုံတစ်လုံးအား ဓါးသွားထိပ်တွင် တင်ထားပါက ဇလုံအတွင်းရေများ မဖိတ်ကျနိုင်အောင်ပင် တည်ငြိမ် လှသည်။

ယီယွင် သည် ထိုပုံစံအတိုင်း ၁၅ မိနစ်ကြာသည့်အထိ မလှုပ်မယှက်ရပ် နေလေသည်။

ထိုသို့ မလှုပ်မယှက်ရပ်သော်လည်း ယီယွင်၏ ခန္ဓာကိုယ်အတွင်းတွင်မှု များပြားလှသော စွမ်းအင်ပမာဏများ လည်ပတ်နေလေသည်။ နေအလင်းချီသည် ဆူနာမီကဲ့သို့ လှိုင်းထနေလေသည်။

မွန်းတည့်ချိန်ဖြစ်၍ ထိုအချိန်သည် နေအလင်းချီ စွမ်းအင်များ အပြင်းထန်ဆုံးအချိန်ဖြစ်သည်။

ဤအခိုက်တွင် ကောင်းကင်၌ နေမင်းသည်တဖြည်းဖြည်း ရွေ့လျားသဖြင့် အရိပ်များသည်လည်း လိုက်ကာ ရွေ့လျား‌နေလျက်ရှိသည်။ တပ်တစ်ထောင် ဓားမောက်သည် အရိပ်အောက်မှ လွတ်သွားသောအခါ နေ အလင်းရောင်ကြောင့် မျက်စိကျိန်းဖွယ် ရောင်ပြန်များထွက်လာ လေသည်။

ထိုခိုက်အတန့်တွင် ယီယွင် လှုပ်ရှားလိုက်လေသည်။

"ဘွန်း"

နေအလင်းချီ သည် မီးတောင်မှ ထွက်လာသော ချော်ရည်များကဲ့သို့ ယီယွင် ၏ ခန္ဓာကိုယ်မှ ထွက်လာ‌လေသည်။ ယီယွင် ၏ ခန္ဓာကိုယ်မှ အရိပ်အယောင်များ ထွက်လာကာ သူ့ရှေ့တွင်ရှိသော မြင့်မားသည့် ချောက်ကမ်းပါး တစ်ခုအား တိုက်ခိုက်ရန်ပြင်လိုက်‌လေသည်။

ယီယွင် ၏ ခန္ဓာကိုယ် တစ်ခုလုံး တောက်လောင်နေသော နေမင်းအတွင်း နစ်မြုပ်နေပုံရပြီး တပ်တစ်ထောင် ဓားမောက်အား အားကုန်လွှဲ လိုက်သောအခါ တောက်လောင်နေသော မီးလျှံများကဲ့သို့ပင်။

"ဆွစ်"

ကောင်းကင်ယံမှ တောက်ပလင်းလက်သော အလင်းတန်းတစ်ခု ကျရောက်လာလေသည်။၎င်းမှာ ကောင်းကင်ယံမှ စီးဆင်းလာသော အဖြူရောင်ရေစီးကြောင်းတစ်ခုနှင့် တူလှသည်။

လျှပ်စီးများနှင့်အတူ မိုးခြိမ်းသံများထွက်ပေါ်လာလေသည် ။ ကြီးမားသော လခြမ်းကွေးဓားအလင်းတန်းမှာ မယုံနိုင်လောက်သော အရှိန်ဖြင့် ချောက်ကမ်းပါးကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

"ဘွန်း"

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ဓါးအလင်းတန်းသည် ချောက်ကမ်းပါးတစ်ခုလုံးကို လုံးဝဖြတ်သွားကာ ဆူညံသံများ ထွက်ပေါ်လာလေသည်။

စက္ကန့်အနည်းငယ်အကြာတွင် အလင်းတန်းများလည်း ပျောက်ကွယ်သွား လေသည်။ ယီယွင် ရှေ့ရှိ ချောက်ကမ်းပါးမှာ ဆယ်မီတာကျော် မြင့်လှသည်။ထိုချောက်ကမ်းပါးအား အောက်ခြေမှ အပေါ်အထိ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်စေခဲ့လေသည်။

ထိုအက်ကွဲကြောင်း၏ အကျယ်မှာ တစ်ပေခန့်ကျယ်ကာ အက်ကွဲကြောင်းဘေးနှစ်ဖက်တွင် မြင့်မားလှသောအပူချိန်ကြောင့် ချော်ရည်များကဲ့သို့ ပျော်ကျနေလျက်ရှိသည်။

အရှည် ခုနစ်ပေနှစ်လက်မ ရှည်သော တပ်တစ်‌ထောင် ဓားမောက်၏ ဓားသွားခြောက်ပေခန့်ဖြင့် ဆယ်မီတာကျော်ရှိသည့်ချောက်ကမ်းပါးအား ပိုင်းဖြတ်လိုက်ခြင်းဖြစ်သည်။

၎င်းမှာ နေအလင်းချီ စွမ်းအားကြောင့်ပင်။

နေအလင်းချီ သည် တပ်တစ်ထောင် ဓားမောက်အား ၎င်းစွမ်းအားဖြင့် ပေါင်းစပ်နိုင်သဖြင့် ဓားမောက်၏ စွမ်းအားသည် ယခင်ကနှင့် ပို၍ စွမ်းအားကြီးလာလေသည်။

အကယ်၍ ထိုဓားမောက်သည် လူတစ်ဦးကို ပိုင်းဖြတ်မည်ဆိုပါက ရလဒ်မှာ ပြောစရာပင်မလိုချေ။ ပျော့ပျောင်းလှသောလူများအား နှစ်ပိုင်းခွဲရုံသာမက ပြာအဖြစ်သို့ပင် ပြောင်းလဲပေးနိုင်လေသည်။

ယီယွင် သည် ၎င်း၏အတိတ်ဘဝက ဒဏ္ဍာရီဝတ္ထုများတွင် တွေ့ရလေ့ရှိသည့် စကားတစ်ခွန်းကို ရုတ်တရက် သတိရမိသွားသည် "ငါ့ဓားက လွယ်လွယ်ဆွဲထုတ်မရဘူး အေး ဆွဲထုတ်ပြီးရင်လဲ သွေးတိုက်ပြီးမှ ပြန်ထည့်လို့ရတာ"

ထိုစကားလုံးများကို အဓိကဇာတ်ကောင်များက အသံကောင်းဟစ်ရာတွင် အသုံးပြုလေ့ရှိကြသည် ယခုအခါ ယီယွင်နှင့် အတိအကျပင်ကိုက်ညီ နေလေသည်။

ဓားမောက်၏ စွမ်းအားသည် ကြီးလွန်းသဖြင့် တော်ရုံထိခိုက်မှုမျိုးဖြင့် ရပ်တန့်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဓားအိမ်အတွင်းမှထွက်လာပါက သွေးစွန်းရမည်သာဖြစ်သည်။သို့သော် နေအလင်းချီ၏ အပူရှိန်‌ကြောင့် သွေးများမှာ အငွေ့ပျံသွားမည်ဖြစ်သဖြင့် သွေးကို မမြင်ရနိုင်ပေ။

“အခု ငါ့ရဲ့ ခွန်အားက ဘယ်အဆင့်ရောက်နေပြီလဲ သိချင်တယ်…”

လွန်ခဲ့သည့်တစ်လကျော်က တိုင်အာ နတ်မြို့တော် သို့ရောက်ရှိပြီးနောက် ယီယွင်၏ ခွန်အားမှာ လွန်စွာကြီးမားလာခဲ့လေသည်။အကြောင်းမှာ ယီယွင်သည် ‘တိုင်အာနတ်ကျင့်စဉ်’ကို သင်ကြားပြီး မကြာမီပင် ရှေးဦးမျိုးစိတ်များနှင့် ရှေးဦးဆေးဖက်ဝင်အပင်များ၏ စွမ်းအင်များကို စုပ်ယူနိုင်ခဲ့သောကြောင့်ဖြစ်သည်။

ယီယွင်၏ ကျင့်ကြံမှုအဆင့်သည် ခရမ်းသွေးနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ နီးကပ်လာ‌လေသည်။ ဤကျင့်ကြံမှုအဆင့်သည် အရှိန်မှာ အလွန်အမင်းလျင်မြန်လှပေသည်။

ယီယွင် သည် နတ်မြို့တော်၏နေရာအရပ်ရပ်မှ ထိပ်တန်းလက်‌ရွေးစင်များ အားလုံးနှင့် ယှဉ်ပြိင်စမ်းသပ်လိုသည်။

"လူသစ်အဆင့်သတ်မှတ်ချက်ကို ငါတကယ်မျှော်လင့်တယ်..." ယီယွင်မှာ တိုက်ခိုက်လိုစိတ်များ တက်ကြွလျက် တစ်ကိုယ်တည်း ရေရွှတ်လိုက်လေသည်။

နေဝင်ရီတရောအချိန်တွင် ယီယွင် တိုင်အာနတ်မြို့တော်သို့ ပြန်လာခဲ့သည်။

ရုံးခန်းထဲတွင် ယီယွင် တစ်နေ့တာ ရှာဖွေခဲ့သော ဆေးပင် စုစုပေါင်းမှာ မှော်နဂါးကြေးပြား ၅၀၉ တန်ကြေးရှိသည်။

ထိုပမာဏကြောင့် ဝမ်ကို အလွန်အံ့အားသင့်စေခဲ့သည်။

"ဘယ်လို... အများကြီးရှာလာတာလဲ" ယီယွင် ၏မူလကအမြန်နှုန်းသည် တစ်နေ့လျှင် မှော်နဂါးကြေးပြား ၂၀၀ ခန့်ဖြစ်သည်။ဆယ်ရက်ခန့် မလာသော်လည်း အရှိန်မှာ ယခင်ကထက် နှစ်ဆတိုးသွားလေသည်။

ယီယွင် က ပခုံးတွန့်ပြီး "လွန်ခဲ့တဲ့ရက်အနည်းငယ်က နတ်မျက်လုံးဆံကို ကျွန်‌တော်ဖန်တီးနိုင်ခဲ့တယ်၊အဲတာကပဲ ကျွန်တော်ရဲ့အာရုံတွေ ပိုပြတ်သားလာခဲ့တာ..."

တစ်ရက်လျှင် မှော်နဂါးကြေးပြား ၅၀၀ တန် ဆေးဖက်ဝင်အပင်များကို ရှာနိုင်ခဲ့သည်မှာ တကယ်ကို မယုံနိုင်ဖွယ်ကောင်းသော်လည်း ယီယွင်တွင် ပြီးပြည့်စုံသော အကြောင်းပြချက်တည်ရှိနေလေသည်။

သို့သော် ထိုအကြောင်းပြချက်က ၀မ်ကို ပို၍အံ့သြသွားစေသည်။

နတ်မျက်လုံးဆံကို ဖန်တီးခဲ့တာလား…

သူအသက်ဘယ်လောက်လဲ…

ပြန်တွေးကြည့်အခါ ၀မ် နတ်မျက်လုံးဆံကို ဖန်တီးနိုင်ချိန်တွင် သူမဟာ ယွမ်အုတ်မြစ်ချနယ်ပယ်၏ အလယ်အလတ်အဆင့်မှာပင် ရှိနေသေးသည်။ နတ်မျက်လုံးဆံအား အပြည့်အဝဖွင့်နိုင်ခဲ့သည့်ယီယွင်မှာ သူမ၏ ယခင် ကျင်ကြံခြင်းအဆင့်ထက်ပင် ပိုမိုမြင့်မားနေသည်။

၀မ် ရဲ့ ပင်ကိုယ်စွမ်းရည်က မဆိုးသော်လည်း ယီယွင်နှင့် ယှဉ်ပါက ကွာဟချက်က ကြီးမားလျက်ရှိသည်။

ဒီကောင်က ကြောက်မက်ဖွယ်အရူးပဲ...

၀မ်က ယီယွင်အား အရူးဟု၍သာ ဖော်ပြနိုင်တော့သည်။ ယီယွင်သည် ပါရမီရှင်မဟုတ်သော်လည်း ထူးချွန်သူဖြစ်သည်။ တကယ်တော့ ယီယွင်သည် တချို့သော ကဏ္ဍများတွင် အလယ်အလတ်အဆင့်ရှိသူ ဖြစ်ပြီး တချို့ ကဏ္ဍများတွင် ယီယွင်မှာ အံ့သြဖွယ် အရည်အချင်းများ ရှိနေပြန်သည်။

ထိုအတိုင်းဆက်သွားပါက ယီယွင် ဘယ်လောက်အထိ သွားနိုင်မလဲ ဆိုသည်ကို ၀မ် က မသိပေ။ သူမလည်း ထိုအရာကို စောင့်မျှော်နေမိသည်။ သူမ၏ စိတ်ထဲတွင် ယီယွင်အား လျှော့တွက်မိသည် ဟု၍ပင် ခံစားနေမိသည်။

နောက်ထပ်ရက်အနည်းငယ်ကြာသော် ယီယွင် ရှာဖွေလာသော ဆေးဖက်ဝင်အပင် အရေအတွက်က လျော့မသွားဘဲ အမှန်တကယ် တိုး၍လာလေသည်။

၎င်းသည် မှော်နဂါးကြေးပြား ၅၀၀ ကျော်မှ ၆၀၀ကျော် ထို့နောက် ၆၀၀ပင် ကျော်သွားခဲ့သည်။

၈-၉ရက်တာ အချိန်အတွင်း ယီယွင် ၏ ဆေး‌ပင်ရှာဖွေခြင်းမှ မှော်နဂါးကြေးပြား ၁၉၃၀၀ စုဆောင်းပြီး ကျုံးယီ ၏စံချိန်ကို ချိုးဖျက်ခဲ့သည်။

စံချိန်ချိုးဖျက်သူလား...

၀မ် က အံ့သြဖွယ်ကောင်းသည်ကို တွေ့လိုက်ရသည်။ သူမတစ်သက်တာတွင် ယခင်က ဆေးပင်ရှာဖွေမှုစံချိန်ကို ချိုးဖျက်ခဲ့သည့် လူငယ်တစ်ဦးကို တိုင်အာ နတ်မြို့တော် ၏ အလုပ်ရုံးခန်းတွင် တာဝန်ထမ်းဆောင်နေချိန်၌ကြုံတွေ့ရမည်ဟု သူမ မထင်မှတ်ခဲ့ပေ။

တိုင်အာ နတ်မြို့တော် သည် အထွေထွေအလုပ်များအတွက် မှတ်တမ်းများကို သိပ်ဂရုမစိုက်သောကြောင့် ပညာရှင်ရိပ်သာ တွင် ၎င်းတို့၏အမည်ကို ရေးထိုးရန် အရည်အချင်းမပြည့်မီပေ။ အထွေထွေအလုပ်များအတွက် ပေးအပ်သောဆုများသည် ခက်ခက်ခဲခဲရရှိသောမှတ်တမ်းများအတွက် ပေးသောဆုများထက် များစွာနည်းလှသည်။

သို့သော် မှတ်တမ်းတစ်ခုဖြစ်‌တည်ရှိနေသေးသည့်အတွက် ထူးခြားဖြစ်စဉ် အဖြစ်ရှိနေဆဲပင်။

တိုင်အာ နတ်မြို့တော်တွင် မည်သူမျှ စံချိန်မချိုးနိုင်သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။ထို့ကြောင့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ယီယွင် သည် ယခင်က ဟုန်တောက် အသင်းနှင့် အငြင်းပွားခဲ့သည့် ပထမနှစ်နှင့် ဒုတိယနှစ် တပ်သားသစ်များကြားတွင် ပျံ့နှံ့သွားခဲ့သည်။ အကြီးတန်း ကျင့်ကြံသူများသည် ကောင်လေးတစ်ဦးနှင့် အသင်းအဖွဲ့အသစ်၏ လောင်းကစားတိုက်ပွဲကို စိတ်မဝင်စားကြပေ။

သို့သော် သူတို့မှာ စံချိန်ချိုးရန်အတွက် အာရုံစိုက် ကြလေသည်။ ဆေးပင်ရှာဖွေသည့်မှတ်တမ်းသည် စိုးရိမ်စရာတစ်ခုဖြစ်ခဲ့လေသည်။

ချင်ဟောင်ထျန်း နှင့် လီရှောင်း တို့မှာလည်း ခြွင်းချက်မရှိပေ။

တိုင်အာ နတ်မြို့တော် ၏ဗဟိုနတ်မျှော်စင်တွင် အနီရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ဦးသည် မိုးမြေပျက်စီးခြင်းမီးခန်းထဲတွင် ရပ်နေလေသည်။ သူမတွင် သန့်စင်ပြီးသား ပျက်စီးခြင်း အရိုးအမတေထည့်ထားသော ဒယ်စောက်တစ်လုံး ရှိနေလေသည်။ သူမ နဖူးပေါ်ရှိ ချွေးစက်များကို သုတ်ရန်အတွက် အမွှေးနံ့ပါသော လက်ကိုင်ပုဝါကို ထုတ်လိုက်လေသည်။

ထိုမိန်းကလေးသည် လူသားဂုဏ်မှတ်တမ်းတွင် နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သော လော့ဟော်အာ ဖြစ်သည်။ သူမသည် လူအများထဲတွင် ရှားရှားပါးပါး ပေါ်လွင်တတ်သော ထူးဆန်းသည့် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူမသည် ပျက်စီးခြင်းကောင်းကင် နည်းပညာပါရှိသော အဂ္ဂိရတ်ပညာတွင် အလွန်ထူးချွန်သောကြောင့် လူများစွာကို မယုံနိုင်အောင် ဖြစ်စေခဲ့သည်။

လော့ဟော်အာ သည် သူမ၏ အရည်အချင်းကို ပြသသောအခါ ကြီးမားသော အဖွဲ့ခွဲများစွာက သူမအား ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အားလုံးကို ပယ်ချခဲ့သည်။

ထို့ကြောင့် ထို့အဖွဲ့များသည် လော့ဟော်အာက သီးခြားအဖွဲ့ခွဲတစ်ခုမှ လာရောက်သည်ဟု သံသယရှိလာသည်။ ထင်ရှားသော မိသားစုမှ ဆင်းသက်လာသည်အတွက် သူမအား ခေါ်ယူရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။

သို့သော် လော်ဟော်အာ၏ နောက်ခံသမိုင်းကြောင်းကို စုံစမ်းကြည့်တဲ့အခါမှာတော့ ဘာမှ ရှာမတွေ့ခဲ့ပေ။မုန်တိုင်းများအတွင်းမှ ထွက်ပေါ်လာလူလိုပင်၊ သူမ၏ နောက်ကြောင်းသည် ပြီးပြည့်စုံသော ပဟေဠိတစ်ခုသဖွင် ဖြစ်နေလေသည်။

လော့ဟော်အာ သည် မယုံနိုင်လောက်အောင် ကြီးမားသည့် မိသားစုမျိုးနွယ်မှ ဆင်းသက်လာဖွယ် ရှိသည်ဟု လူအများကပင် ထင်ကြေးပေးခဲ့ကြသည်။ ထိုမိသားစု မျိုးနွယ်စုသည် တိုင်အာ နတ်ပြည်ထောင် ထက်ပင် ကြီးမားနိုင်သည်။ထို့ကြောင် သူမ၏နောက်ကြောင်းများ ရှာမတွေ့ရသည့် အကြောင်းရင်း ဖြစ်သည်ဟု လူအများက ထင်ကြေးပေးကြသည်။

သို့သော် ဒီထင်မြင်ယူဆချက်တွေအားလုံးဟာ ယုတ္တိမတန်လှပေ။ ရိုးရှင်းသောအကြောင်းပြချက်မှာ လော့ဟော်အာ သည် သာလွန်ကောင်းမွန်သော မိသားစုမျိုးနွယ်မှ ဆင်းသက်လာပါက၊ သူမသည် တိုင်အာ နတ်မြို့တော် သို့ လေ့ကျင့်ရန်အတွက် လာရောက်စရာအကြောင်းမရှိပေ။

တိုင်အာ နတ်မြို့တော် သည် အထင်ကြီးလောက်စရာဖြစ်သော်လည်း တိုင်အာနတ်ပြည်ထောင်ထက် အင်အားကြီးသော အုပ်စုများနှင့် ယှဉ်နိုင်စရာမရှိပေ။ထိုမျိုးနွယ်စုများတွင် တိုင်အာ နတ်မြို့တော် ထက် ပိုကောင်းသော လေ့ကျင့်ရေးကွင်းတွေ ရှိနိုင်ပေသည်။ ထို့ကြောင့် လော့ဟော်အာသည် သာလွန်ကောင်းမွန်သော နောက်ခံမျိုးနွယ်မှ ဆင်းသက်လာသည်ဆိုပါက လေ့ကျင့်ရေးအတွက် ထိုမျိနွယ်စုများထဲတွင် အဘယ်ကြောင့် မနေရသနည်း။

ထို့ကြောင့် လော့ဟော်အာ၏ နောက်ကြောင်းရာဇ၀င်သည် ပို၍ပင်ရှုပ်ထွေး လာသည်။

ထိုအချိန်တွင် လော့ဟော်အာ သည် ဒယ်ဆောက်ကို ဂရုတစိုက်ဖွင့်နေ‌ လေသည်။ စတုရန်းပုံ အစီအရင်တစ်ခုမှာ လွင့်ထွက်သွားလေသည်။ အစီအရင်ပြုလုပ်ထားသော အပြားပေါ်တွင် အစိမ်းရောင် ပျက်စီးခြင်း အရိုးအမ‌တေ ၇ ခုရှိသည်။ အမတေတို့သည် နတ်မှင်စာများကဲ့သို့ ပုံစံဖြင့် ကခုန်လှည့်ပတ်နေကြသည်။

ထို့မှထွက်‌‌ပေါ်လာသော သင်းပျံ့သောရနံ့သည် လူအများကို စွဲဆောင်လျက်ရှိသည်။

လော့‌ဟော်အာသည် ပင်ပန်းနေသော်လည်း သည် သူမ၏ သေးသွယ်သော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများကြောင့် နီမြန်းနေလျက်ရှိသည်။

ပျက်စီးခြင်း အရိုးအမတေများကို သိမ်းဆည်းကာ လော့ဟော်အာ သည် မှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။ သူမ၏ သန့်စင်မှု လုပ်ငန်းစဉ် ပြီးဆုံးပြီးနောက် ရှုပ်ပွနေသော ဆံပင်များကို သပ်သပ်ရပ်ရပ် ပြုပြင်လိုက်သည်။ သူမက မှန်ကို ကြည့်ကာ "လော့ဟော်အာ မျှော်မှန်းထားသည့်အတိုင်း၊ သင်က အရိုးတွေ ဒီအဆင့်အထိ သန့်စင်နိုင်ခဲ့တယ်"

ထိုသို့ပြောနေစဉ်တွင် လှပသော အပြုံးတစ်ခုပေါ်လာသည်။ အပြုံးကြောင့် သူမ၏ နှုတ်ခမ်းစွန်းတွင် ချစ်စရာ ပါးချိုင့်နှစ်ခု ပေါ်လာ‌လေသည်။

"ဟဲဟဲ၊ အဲဒါတွေကို သောင်းတန်စေတီကို ယူသွားလို့ရပြီ၊ ပြီးတော့ စံချိန်တင်အောင်လုပ်ဖို့ ဆို မှော်နဂါးကြေးပြား ၈၀၀၀ ပဲရှိတော့မယ်။ မလွယ်တာတော့ သေချာတယ်။ အနှစ်ပေါင်း ၂၀၀၀က‌နေ၃၀၀၀ အထိ တိုင်အာနတ်မြို့တော်မှာ ဘယ်သူမှ စံချိန်မချိုးဖူးဘူးလို့ ကြားတယ်။ ငါ ဒီတစ်ခုကို ချိုးဖို့ လိုတယ်"

"စဉ်းစားကြည့်ရအောင်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀,၀၀၀ က တိုင်အာ နတ်မြို့တော် မှာ ပေါ်လာတဲ့ စုကျဲ လို့ခေါ်တဲ့ အရူးတစ်ယောက်ရှိတယ်။ အဲဒီလူက ပျက်စီးခြင်း ကောင်းကင်နည်းပညာမှတ်တမ်းကို အရမ်းမြင့်အောင် တွန်းပို့ခဲ့လို့ပေါ့ မဟုတ်ရင် ပထမနှစ်မှာတင် ပျက်စီးခြင်းကောင်းကင် နည်းပညာမှတ်တမ်းကို ချိုးဖျက်သွားနိုင်တယ်။ တိုင်အာနတ်ပြည်ထောင်က ဘယ်လိုကံကောင်းပြီး ငါ့စံနှုန်းရဲ့ ၇၀-၈၀ရာခိုင်နှုန်းလောက်ရှိတဲ့ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့တာလဲ မသိဘူး...” အနီရောင်ဝတ် မိန်းကလေးက မျက်နှာအမူအရာ ဟန်ပါပါဖြစ်ပြောလိုက်လေသည်။မှန်ကိုကြည့်ရင်း သူ့ကိုယ်သူ စကားပြောပုံမှာ မြင်ရခဲသော မြင်ကွင်းတစ်ခုပင်။

"ဒါပေမယ့်လည်း ကောင်းပါတယ်။ ငါ စံချိန်ချိုးပြီးရင် ပျက်စီးခြင်း ကောင်းကင် နည်းပညာ စံချိန်ကို ဘယ်သူမှ ချိုးနိုင်မှာ မဟုတ်ဘူး။ ဟဲဟဲ၊ ငါ့နာမည် လော့ဟော်အာက ဒီမှာ ထာဝရ ရှိနေမှာ"

"ဒါပေမယ့်... စံချိန်ကို ချိုးဖျက်ဖို့၊ ငါ့ရဲ့ အဂ္ဂရိတ်ပညာကို ငါ မလေ့ကျင့်ဖူးဘူး။ ပျက်စီးခြင်း ကောင်းကင် နည်းစနစ်နဲ့ အဂ္ဂိရတ်ပညာတွေကြားမှာ လေ့ကျင့်တာက ပိုကောင်းတယ်ဆိုတာ ငါသိပေမယ့် ငါ့ရဲ့ အဂ္ဂိရတ်ကျွမ်းကျင်မှုကလည်း ကောင်းလွန်းတယ်။ အဲဒါကို လက်လွှတ်မခံနိုင်ဘူး။ ဟားဟား.. ငါ့မှာအရည်အချင်းတွေ အများကြီးရှိတာ သေချာတယ်"

လော့ဟော်အာ ၏ စကားများသည် အလွန်မောက်မာပုံရသော်လည်း သူမ၏ လှပသော ရုပ်ရည်နှင့် အပြုံးတို့ကြောင့် သူမ၏ မျက်နှာမှာ အလွန်ချစ်စရာကောင်းပုံပေါ်သည်။

သို့သော် ဤအခိုက်အတန့်တွင် ကလေးမလေး တစ်ဦးသည် ထိတ်လန့်တကြားဖြင့် ပျက်စီးခြင်း ကောင်းကင်ဘုံခန်းထဲသို့ ပြေးဝင်လာခဲ့သည်။ သူမ ပြေးလာရင်း “သခင်မလေး၊ တစ်ခုခုတော့ ဖြစ်သွားပြီ” ဟု အော်လိုက်‌လေသည်။

All Chapters