← Chapters

အစေခံ တုန်းအာ

Vol. 15 Ch. 212

အစေခံ တုန်းအာ

Vol. 15 Ch. 212

အထဲကို ပြေးဝင်လာသော ကလေးမလေးမှာ အရွယ်မရောက်သေးပုံပင်။ သူမသည် ယီယွင် ထက်ပင် လူကောင်သေးလှသည်။ သူမသည် ကြီးမားလှသော ဂါဝန်ကို ၀တ်ဆင်ထားသည်။ထို့ကြောင့် ပြေးလွှားရာ၌ အဆင်မပြေသောကြောင့် သူမ၏ သေးငယ်လှသောလက်ဖြင့် ဂါ၀န်ကိုမလျက် ပြေးလွှားနေလေသည်။နဖူးရှေ့ရှိ ဆံစများမှာလည်း တုန်ခါနေလျက်ရှိသည်။

လော့ဟော်အာ က သူမ၏ မျက်ခုံးကို ချက်ချင်း ကျုံ့လိုက်ပြီး "ဘာတွေအလောတကြီးဖြစ်လာလဲ၊ ကိစ္စတစ်ခုခုဖြစ်တာနဲ့ အော်ဟစ်နေတာပဲ၊ မိန်းမကြီးတွေလိုပဲ မိန်းမကြီးတွေကဘယ်လိုပုံစံလဲ မင်းသိတယ်မလား"

လော့ဟော်အာ သည် ကလေးမလေးကို ငုံ့ကြည့်ကာ ‌ဆူလိုက်လေသည်။အဆူခံလိုက်ရသောကြောင့် ကလေးမလေး၏ မျက်နှာမှာ နီရဲလာလေသည်။

ကလေးမလေးမှာ အမှားလုပ်မိသောပုံစံဖြင့် “ကျွန်မ တုန်းအာ သိပါတယ်”

ထိုကလေးမလေးသည် လော့ဟော်အာ ၏အ‌စေခံ မိန်းကလေးဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ လော့ဟော်အာ သည် တိုင်အာနတ်မြို့တော်သို့ လာရောက်ရာတွင် အစေခံမိန်းကလေးကိုပါ ခေါ်ဆောင်လာခြင်း ဖြစ်သည်။ တခြား တော်ဝင်မိသားစုထဲမှ ယန်းချန် တောင် တော်ဝင်အစေခံ (ဝါ) မိန်းမစိုး အားခေါ်ယူခဲ့ခြင်းမရှိပေ။

"ပြောစမ်း၊ ဘာကိစ္စလဲ၊ မီမီ က မင်း ကျွေးတာ မစားတော့ဘူးလား"

မီမီ သည် တုန်းအာ နှင့် လော့ဟော်အာ တို့၏ကြောင်ဖြစ်သည်။ လော့ဟော်အာ သည် အစေခံမိန်းကလေးကို တိုင်အာနတ်မြို့တော် သို့ ခေါ်ဆောင်ခဲ့ရုံသာမက ကြောင်တစ်ကောင်ကိုလည်း ယူဆောင်လာခဲ့သည်။

“အိုး… မဟုတ်ဘူး” တုန်းအာ က ခေါင်းခါလိုက်သည်။ သူမ၏ ဆံပင်ပုံစံမှာ မှိုပွင့်ပုံစံရှိကာ ခေါင်းကို လှုပ်ခါလိုက်သည်နှင့် သူမ၏ ပိုးသားကဲ့သို့ ဆံစများ လွင့်ပျံနေလျက်ရှိသည်။ "မမလေး တစ်... တစ်ယောက်ယောက်က စံချိန်ချိုးသွားပြီ"

“ဘာ...စံချိန်ချိုးပြီ” လော့ဟော်အာ ခဏမျှ အံ့အားသင့်သွားကာ “မင်းပြောတာ စံချိန်ချိုးလိုက်ပြီလို့လား ဘယ်သူက ချိုးလိုက်တာလဲ”

လော့ဟော်အာ၏ ဝိုင်းစက်သော မျက်လုံးများမှာ ပြူးကျယ်သွား‌ လေသည်။

တစ်ခုခုမှားနေသလား။ တိုင်အာနတ်မြို့တော် မှာ နှစ်ပေါင်းထောင်ချီ အတွင်း ဘာစံချိန်မချိုးနိုင်ခဲ့တာ။ သူမ စံချိန်ချိုးခါနီးမှ တစ်စုံတစ်ယောက်မှ သူမကို ကျော်တက်သွားလေပြီ ဖြစ်သည်။ ဒါဘယ်လိုလုပ် တိုက်ဆိုင်မှုဖြစ်နိုင်မှာလဲ။

"ဟုတ်...ဟုတ်တယ်၊ အဲဒီလူက ယီယွင် လို့ခေါ်တယ်။ သူက ဆေးပင်ရှာတဲ့စံချိန်ကို ချိုးလိုက်ပြီ၊ အသက် ၁၂ နှစ် ၁၃နှစ် လောက်ရှိမယ်ထင်တယ်"

"ယီယွင်၊ ကံကောင်းပြီး ရှေးဦးဆေးပင်ကို ရှာတွေ့တဲ့ ကောင်လေး" လော့ဟော်အာ သည် ဘေးအန္တရယ်မှ လွတ်မြောက်‌အောင် မရုန်းကန်နိုင်သည့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ယီယွင် ရှာတွေ့သည်ကို ယခင်က ကြားခဲ့ဖူးသည်။

သူမထို့ကဲ့သို့ ရှာမတွေ့ခဲ့သဖြင့် ယီယွင် ၏ကံကို လော့ဟော်အာ မနာလိုဖြစ်မိသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအား သူမ လေ့ကျင့်ရာ အသုံးပြုနိုင်သည်။၎င်းသည် ရှေးဦးဆေးဖက်ဝင်အပင်ဖြစ်ပြီး လော့ဟော်အာသည် တခါမျှ ရှေးဦးဆေးဖက်ဝင်အပင်အား ဆေးဝါးအဖြစ်သို့ မသန့်စင်ခဲ့ဖူးပေ။

ရက်အနည်းငယ်အကြာတွင် ယီယွင်က ဆေးပင်ခူးသည့်စံချိန်ကို ချိုးဖျက်သွားနိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

လော့ဟော်အာ သည် အလွန်စိတ်ဆိုးသွားသည်။ ယီယွင် စံချိန်ချိုးပြီးနောက် မိမိက စံချိန်ချိုးခဲ့မည်ဆိုပါက အထင်ကြီးလောက်စရာ မရှိဘူးဟု သူမတွေးထင်နေလေသည်။

"သူ လှည့်စားနေတာပဲ၊ သူက မှော်နဂါးကြေးပြားကို အပင်တွေကို ရှာပြီး အများကြီးရခဲ့ပဲတာ အဲ့ဆေးပင်ရဲ့ တန်ဖိုးက စံချိန်ရဲ့ ထက်ဝက်ကျော်လောက်ရှိတာ"

လော့ဟော်အာ က မကျေမနပ်ဖြစ်ကာ အံကြိတ်ထားလေသည်။

သူမသည် ပထမဆုံးစံချိန်ချိုးမည်သူဟု ထင်ရသော်လည်း ယခုအခါ ယီယွင်က ကံကောင်းမှုကြောင့် ဦးစွာစံချိန်ချိုးသွားလေသည်။ဒါပေမယ့် ဆေးပင်ရှာဖွေမှုမှတ်တမ်းက ပျက်စီးခြင်းကောင်းကင် နည်းပညာမှတ်တမ်းနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

ပျက်စီးခြင်းကောင်းကင် နည်းပညာမှတ်တမ်းသည် ကြီးမားသော စံချိန်တစ်ခုဖြစ်ပြီး ၎င်းကရရှိမည့် ဆုလာဘ်များမှာ အလွန်ကောင်းမွန် လှပေသည်။ တိုင်အာနတ်မြို့တော် ၏ အထက်တန်းစားများထံမှ ကြီးကြီးမားမား အသိအမှတ်ပြုခံရရုံသာမက စံချိန်ချိုးပြီးသွားပါက ပညာရှင်ရိပ်သာ တွင် ၎င်း၏ နာမည်ကို ချန်ထားခဲ့နိုင်မည်ဖြစ်သည်။ တိုင်အာနတ်မြို့တော် တစ်ခုလုံးကိုပင် စိတ်ဓာတ်တက်ကြွအောင် နှိုးဆော်နိုင်မည်ဖြစ်သည်။

ဆေးပင်ခူးတာ... အဲဒါက တိုင်အာနတ်မြို့တော် မှာ အနိမ့်ဆုံး စံချိန်ပင်။ ဒီမှတ်တမ်းကို လုပ်ပေးတဲ့သူက စေတနာဖြင့် လုပ်ခဲ့ပေးခြင်း ဖြစ်နိုင်ပေသည်။ ဆုကြေးမှာလည်း အလွန်နည်းပါးလှပေသည်။

ဆေးပင်ရှာဖွေမှုမှတ်တမ်းသည် ပျက်စီးခြင်းကောင်းကင် နည်းပညာ မှတ်တမ်းနှင့် မည်သို့မှနှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။ ထိုမှတ်တမ်းနှစ်ခု၏ အဆင့်မှာ အလွန်ကွာခြားလျက်ရှိသည်။သို့သော် ၎င်းတို့နှစ်ခု၏ "စံချိန်ချိုးနိုင်ခြင်း" ဟူသော အသုံးအနှုန်းမှာ အတူတူပင်ဖြစ်သည်။

ဒါ မတရားဘူး။ ဆေးပင်တွေရှာတာကို “စံချိန်ချိုးနိုင်တယ်”လို့ ပြောတာ မှန်သလား။

"ထားလိုက်ပါ၊ ငါ့ ချိုးမယ့်စံချိန်ကိုတော့ အဲလို အနိမ့်စားဟာတွေ မယှဉ်ချင်ဘူး.." လော့ဟော်အာ က သူ့ကိုယ်သူ ဖြေသိမ့်ကာ စိတ်ကို ဖြည်းဖြည်းချင်းလျော့လိုက် လေသည်။

"မှန်ပါတယ် မမလေး၊ ယီယွင် က ဟုန်တောက် အသင်းကို စော်ကားထားတာ၊ လာမယ့် လူသစ်ပြိုင်ပွဲမှာ ဟုတ်တောက်အသင်း က ယီယွင်ကို ဦးတည်နေတာ။ အားလုံးက သူကို တိုက်ခိုက်ချင်နေပုံပဲ..."

တုန်းအာ က သူမသိရသော နောက်ထပ် အချက်အလက်တစ်ခုကို ပြောပြလိုက်လေသည်။

သို့သော်လည်း လော့ဟော်အာ သည် ထိုအကြောင်းကို စိတ်မဝင်စားပေ။ "ဟုန်တောက် အသင်းလား။ လူသစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုမလား။ လူသစ်တွေ အချင်းချင်းပဲတိုက်ကြတာ‌ဆိုတော့ ကောင်းပါတယ်"

လော့ဟော်အာ က ယီယွင် ပါဝင်မည့် လောင်းကစားပြိုင်ပွဲကို လုံးဝစိတ်မဝင်စားပဲ ရှိနေလေ၏။သူတို့ ဘယ်အဆင့်သို့ရောက်နေပြီလဲ မသိပေ။

တကယ်တော့ လော့ဟော်အာ ဟာ မိုးနှင့်မြေ မှတ်တမ်းတွင် အဆင့် အရမ်းမမြင့်ပေ။ လူသားအဆင့်တွင်သာ သူမဟာ ပထမအဆင့်ဖြစ်သည်။

လူတစ်ယောက်တွက် အချိန်နှင့် စွမ်းအင်မှာ အကန့်အသတ်ရှိသည်။ လော့ဟော်အာ သည် သူမ၏အချိန်အများစုကို ပျက်စီးခြင်းကောင်းကင် နည်းပညာနှင့် အဂ္ဂရိတ်ပညာကို လေ့ကျင့်ခဲ့သည်။ ထို့ကြောင့် သူမသည် ပျက်စီးခြင်း သားရဲများကို အမဲလိုက်ရာတွင် ခက်ခဲသောကြောင့် ကောင်းကင်ဂုဏ် မှတ်တမ်းတွင် သူမ၏ အဆင့်သတ်မှတ်ချက်မှာ အလွန်နိမ့်‌‌နေခြင်း ဖြစ်သည်။

လော့ဟော်အာ သည် ပြိုင်ကွင်းတိုက်ပွဲများတွင် လူသစ်အဆင့်သတ်မှတ် ပြီးနောက်ပိုင်းမှစ၍ ၎င်းတွင်ပါဝင်ခြင်းမရှိတော့ပေ။ သူမ၏အကြောင်းပြချက်မှာ "အမြဲတမ်းစိန်ခေါ်ခံနေရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စေသည်"ဟူသော ကြောင့်ဖြစ်သည်။

ယီယွင် ၏ ဆေးပင်ရှာဖွေမှုစံချိန်ကို ချိုးဖျက်နိုင်လိုက်သည်ကို ဟုန်တောက် အသင်းလည်း သိရှိသွားလေသည်။

ထိုအကြောင်းကို သိရှိပြီးနောက် ဟုန်တောက် အသင်းမှာ ပျော်ရွှင်လျက်ရှိသည်။ ဆေးပင်ခူးခြင်းမှာ ခွန်အားပေါ် မမူတည်ပေ။ ခွန်အားသည် ဆေးပင်‌ရှာဖွေမှု စံချိန်ကို ချိုးဖျက်ရာတွင်အသုံးမ၀င်ပေ။ အသင်းအတွက် အကြီးမားဆုံးအကျိုးအမြတ်အနေဖြင့် ယီယွင်မှာ ထပ်မံချမ်းသာလာခြင်းကြောင့် ၎င်းတို့အား မှော်နဂါးကြေးပြားများ ယခင်ထက်ပို၍ ရရှိနိုင်စေခြင်းဖြစ်သည်။

ယီယွင် သည် ဆေးပင်ရှာဖွေမှု စံချိန်ကို ချိုးဖျက်ခြင်းမှ မှော်နဂါးကြေးပြား ၂၅,၀၀၀နှင့် ဂုဏ်အမှတ် ၂ခု ရရှိခဲ့ကြောင်း ၎င်းတို့ ကြားသိရသည်။

ယီယွင်တွင် ဆေးပင်ရှာဖွေရာမှ ရရှိသည့် ပမာဏ နှင့် အတိုးနှုန်းဖြင့် ချေးယူထားသော ပမာဏကို ခန့်မှန်းကြည့်ပါ စုစုပေါင်း မှော်နဂါး‌ကြေးပြး ၃၅၀၀၀ အထက် ရှိနိုင်သည်။

ထိုအမျှ များပြားလှသော စည်းစိမ်ဥစ္စာသည် လူတိုင်းကို မနာလို ဖြစ်စေသည်။

ရလဒ်အနေဖြင့် ဟုန်‌‌တောက် အဖွဲ့အစည်း ၏အဖွဲ့ဝင်အသစ်အများအပြား အထူးသဖြင့် မြို့တော်မှချမ်းသာသောလူငယ်သခင်များသည် မှော်နဂါးကြေးပြားနှင့်လဲလှယ်ရန်အတွက် ၎င်းတို့၏ပိုင်ဆိုင်မှုအားလုံးဖြင့် ဘဏ်သို့အပြေးအလွှား သွားရောက်ကြလေသည်။၎င်းတို့သည် ယီယွင် နှင့် လောင်းကစားပြုလုပ်ရန် လူသစ်အဆင့်ပြိုင်ပွဲကို စောင့်မျှော်နေကြသည်။

ဟုန်တောက် အသင်းသည် ယီယွင် ကို တိုက်ခိုက်ရန် အမိန့်ကို ဆုံးဖြတ်ရန် အထူးခေါင်းဆောင်များ အစည်းအဝေးကိုပင် ပြုလုပ်ခဲ့လေသည်။ မြို့တော်၏ အနိုင်ကျင့်သခင်လေးပါးမှာ မြို့တော်၏ထိပ်ပိုင်း အကြီးအကဲများနှင့် လီဟုန် တို့ကြား ၎င်းတို့၏ ဆက်ဆံရေးကြောင့် သူတို့ လေးဦးမှာ ပထမဆုံး တိုက်ခိုက်မည်သူများ ဖြစ်လာသည်။

ထို့ကြောင့် သခင်လေးပါး လွန်စွာ ပျော်ရွှင်နေကြလေသည်။

"ဟာဟားဟား၊ ကျွန်‌‌တော်တို့ကို ဒီအခွင့်အရေး ပေးခဲ့တဲ့ အစ်ကိုရဲ့ အကူအညီအားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်အချိန် အစ်ကိုတို့ အကူညီလိုလာရင်လဲ ကျွန်တော်တို့ ဘယ်တော့မှ ငြင်းမှာမဟုတ်ပါဘူး"

အနိုင်ကျင့် သခင်လေးပါးတို့သည် အောင်ပွဲခံနေရသကဲ့သို့ ပြုံးရွှင်ကာ လက်ခုပ်တီး‌နေကြသည်။

အသင်းထဲမှ တစ်ယောက်က "ညီအစ်ကိုတို့ အရမ်းကြီးမတွယ်နဲ့ဦး၊ ညီအစ်ကိုတို့ကြောင့် ယီယွင်မှာ ဒဏ်ရာများရင် သူကို ဆက်ပြိုင်ဖို့ မသင့်တော်ဘူးလို့ ဒိုင်လူကြီးက ဆုံးဖြတ်နိုင်တယ်၊ အဲအခါကျ ငါတို့နဲ့ ပြိုင်ဖို့ အခွင့်အရေး မရှိဖြစ်ကုန်မယ်"

"ဟာဟား ဒီအတွက်တော့စိတ်မပူပါနဲ့၊ ငါတို့က ထိန်းထိန်းသိမ်းသိမ်း သမမှာမလို့ သူ့ရဲ့ နောက်ပိုင်းပြိုင်ပွဲတွေအတွက် ဆိုးဆိုးရွားရွား မထိခိုက်စေပါဘူး "

အနိုင်ကျင့် သခင်လေးပါးသည် ယီယွင်အား အပီအပြင် မတွယ်ရဖြင့် နောင်တရနေလေသည်။

ထိုအချိန်တွင် ဂုဏ်ပလ္လင်ပေါ်တွင်ထိုင်နေသော လီဟုန် က "မင်းတို့လည်း သတိထားဦး။ အရမ်းလွယ်တဲ့အလုပ်မှာ စိတ်ပျက်အောင် မလုပ်မိ‌စေနဲ့။ ဒီကလေးမှာ ကျွမ်းကျင်မှု တစ်ခုခုတော့ ရှိတယ်။ မကြာသေးခင်က အရိုင်းနယ်မြေခန်းမကို အကြိမ်ပေါင်းများစွာ ၀င်ဖူးပြီး မှော်နဂါးကြေးပြား အမြောက်အမြားကို သုံးစွဲခဲ့တာ"

လီဟုန်သည် ယီယွင်နှင့်ရန်သူဖြစ်ကတည်းက ယီယွင်ကို အလေးအနက်ထားခဲ့သည်။ အရိုင်းနယ်မြေနတ်ခန်းမလိုနေရာမျိုးမှာ သူ့ လူများရှိသည့်အတွက် လီဟုန်ဟာ ယီယွင် ၏ လုပ်ဆောင်မှု တော်တော်များများကို သိရှိလေသည်။

"အရိုင်းနယ်မြေနတ်ခန်းမကိုလား၊ အကြိမ်များလား ဒီကောင်က…" ထိုစကားကိုကြားသောအခါ သခင်လေးပါးမှာ အံ့ဩသွားကြသည်။ ရုတ်တရက် သူတို့ လက်လှမ်းမှီနိုင်သည့် လှပသောနတ်ဘုရားမတစ်ပါးမှာ ယီယွင် ကုတင်ပေါ်သို့ ရောက်နေသကဲ့သို့ ဒေါသများထွက်နေကြသည်။

အနိုင့်ကျင့်သခင်လေးပါး မှ ဖက်တီး က "အရိုင်းနယ်မြေနတ်ခန်းမ လို နေရာမျိုးက လူရဲ့ ချီ နဲ့ သွေးတွေကို ဖိသိပ်ဖို့ ရှေးဦးမျိုးစိတ်‌တွေ ရဲ့ ဖိအားကို သုံးဖို့ပဲ၊ အဲဒီကိုမကြာခဏ သွားတာက အလကားပါပဲ။ ဒီငချွတ်မှာက မှော်နဂါးကြေးပြားတွေ အများကြီးရှိပေမယ့် ဖြုန်းတီးတာက ဖြုန်းတီးတာပဲ။ ရက်ပေါင်းများစွာ ကြိုးကြိုးစားစား ပြေးနေရတဲ့ သူ့ဘ၀ကို မုန်းလိုက်တာ"

"ဟုတ်တယ်၊ ငါတို့ဆို အရိုင်းနယ်မြေနတ်ခန်းမထဲကို ဒုတိယအကြိမ်တောင် မဝင်ဖူးသေးဘူး။ ဓားဒဏ်ရာ နန်းတော်ကိုလည်း မရောက်ဖူးသေးဘူး။ သောင်းတန်‌စေတီမှာရှိတဲ့ ပစ္စည်းတွေကိုလည်း မဝယ်နိုင်သေးဘူး။ကံနည်းနည်းကောင်းပြီး ဒီကောင်က သယံဇာတတွေ ရတနာတွေ အများကြီးကို လာဖြုန်းတီးနေတာပဲ၊ အဲဒါတွေအကုန်လုံးက ငါတို့ပိုင်သင့်တာ"

ဒေါသတကြီးဖြစ်နေသော သခင်လေးပါးအား ဟုန်တောက် အသင်းမှ တစ်ယောက်က " တိုင်အာနတ်မြို့တော်က ခွန်အားအတွက် အရေးကြီးသော နေရာတစ်ခုဖြစ်တယ်။ ကံကို အားကိုးတာက အောင်မြင်မှုဖို့ နည်းလမ်းမဟုတ်ဘူး။ ညီအစ်ကိုတို့ပြောတာ မှန်တယ်။ ဒီအရင်းအမြစ်တွေကို ငါတို့ပိုင်တယ်။ ငါတို့က အဲဒါတွေကို သူ့ဆီကနေ ပြန်ယူမယ်"

"မှန်တယ်၊ သူ့ဆီကနေ ပြန်ယူမယ်" အနိုင်ကျင့် သခင်လေးပါးက ထပ်ခါထပ်ခါ သဘောတူလိုက်သည်။

ဒါပေမယ့် လီဟုန် က "အရိုင်းနယ်မြေ နတ်ခန်းမတစ်ခုထဲကို အကြိမ်ကြိမ်သွားတာ မဟုတ်ဘူး၊ရှေးဦးဆေးပင်ရှာတာက ရတဲ့ဆုကြေးတွေနဲ့ တိုင်အာနတ်ကျင့်စဉ်နဲ့ လဲလှယ်လိုက်တယ်လို့လဲ သတင်းရထားတယ်"

"တိုင်အာ နတ်ကျင့်စဉ်"

လီဟုန်၏ စကားများသည် ခန်းမအတွင်းသို့ နောက်ထပ် ကြီးမားသော မုန်တိုင်းတစ်ခု ကျရောက်သွားသလိုပင် ပွတ်လောရိုက်ကုန် ကြသည်။အနိုင်ကျင့် သခင်လေးပါးသည် သူတို့ ခေါင်းထဲသို့ သွေးများ တဟုန်ထိုး ဆောင့်တက်လာသလို ခံစားလိုက်ရကာ ဒေါသများထွက်ကုန်ကြသည်။

ကောင်းတဲ့ပစ္စည်းအားလုံး ဝက်‌တွေဆီရောက်သွားပြီ…

ယီယွင် သည် တိမ်တိုက်ရိုင်းနယ်‌မြေထဲမှ ခွေးသာသာဖြစ်ပြီး သူက 'တိုင်အာ နတ်ကျင့်စဉ်' ကို အမှန်တကယ်လဲလှယ်ခဲ့သည်။ ထိုကျင့်ကြံခြင်းနည်းစနစ်ကို သင်ယူခွင့်ရရှိရန် အဘယ်အရာက ယီယွင်ကို ပေးခဲ့သနည်း။

"တိုင်အာနတ်ကျင့်စဉ်... ရယ်စရာကောင်းလိုက်တာ။ ပါရမီရှင် လေးဦးမှာ တစ်ဦးသာ ထိုကျင့်ကြံခြင်းနည်းစနစ်ကို သင်ယူပြီး နေအလင်းချီ ကိုရရှိနိုင်‌တယ်၊ ၎င်းတို့အားလုံးက ဉာဏ်ကြီးရှင်တွေနော်၊ ပါရမီရှင်တွေတောင် ဒီကျင့်စဉ်ကို သင်ယူနိုင်ဖို့ ဖြစ်နိုင်ခြေနည်းတယ် ငါ့သွေးတွေ ဆူပွက်လာပြီ၊ တိုင်အာနတ်မြို့ရဲ့ အကြီးအကဲတွေက အဲလိုကောင်ကိုဘာလို့ ကျင့်စဉ်ကိုပေးလိုက်တာလဲ၊ ဒါ တိုင်အာ နတ်ကျင့်စဉ်ကို စော်ကားတာပဲ”

အနိုင်ကျင့် သခင်လေးပါးမှာ အလွန်အမင်း ဒေါသဖြစ်နေပုံရသည်။ ၎င်းတို့လည်း 'တိုင်အာ နတ်ကျင့်စဉ်' ကိုလည်း သင်ယူချင်ကြသည်။

သင်ယူနိုင်ခြေနည်းလှသော်လည်း သူတို့လည်း ကံကောင်းသည်ဟု မျှော်လင့်ထားကြသည်။ ထိုကျင့်စဉ်ကို သင်ယူနိုင်မည်ဆိုပါက ၎င်းတို့၏ဘဝမှာ လုံးဝကို ကွဲပြားသွားပေလိမ့်မည်။

၎င်းသည် သူတို့၏ မိသားစုဝင်များတွင် ထင်ရှားသူများအဖြစ် မြင်ရစေနိုင်သည်။ သူတို့သည် မြို့တော်ရှိ သခင်လူငယ်များကြားတွင် ဂုဏ်ယူစွာ လျှောက်လှမ်းနိုင်ကြမည် ဖြစ်သည်။

မြို့တော်ရှိ ထင်ရှားကျော်ကြားသော အချောအလှလေးများသည် ၎င်းတို့နှင့် နီးစပ်ရန်အတွက် တက်ကြွစွာ ကြိုးပမ်းကြပေလိမ့်‌မည်။ ထိုသို့ဖြစ်သွားအခါ၊ အချောအလှလေးများကို မိမိတို့စိတ်ကြိုက် ရွေးချယ်နိုင်မည် မဟုတ်ပေလော။

"သောက် 'တိုင်အာနတ်ကျင့်စဉ်' ကို ငါလေ့လာရင် ကျန်းရှင်လျန်ဆိုတဲ့ ခွေးမ ငါ့ကို ငြင်းဝံ့မှာတောင် မဟုတ်ဘူး၊ သူဟာသူ ငါ့အိပ်ရာပေါ်တောင် တက်လာဦးမယ်"

အနိုင်ကျင့် သခင်လေးပါးထဲမှ လောရှည်က မပျော်မရွှင်ဖြစ်ကာ ၎င်း၏ နှလုံးသားအတွင်း၌ နစ်မြုပ်နေသော ခံစားချက်များ ပေါ်ထွက်လာလေသည်။ထိုအချိန်တုန်းက ကျန်းရှင်လျန် က သူ့ကို ငြင်းပယ်ခဲ့သဖြင့် ဒေါသတကြီးဖြစ်နေလေသည်။ မာနကြီးသော ကျန်းရှင်လျန် ၏အဝတ်အစားများကို ဆုတ်ဖြဲကာ သူမ၏ခန္ဓာကိုယ်အား သုံးဆောင်ဖျက်စီးရန် မစောင့်နိုင်တော့ပေ။

အားလုံးမှာ 'တိုင်အာ နတ်ကျင့်စဉ်' ကို စမ်းသပ်ကျင့်ကြံချင်သော်လည်း ကုန်ကျစရိတ်မှာ ကြီးမားလွန်းလှသည်။ ၎င်းတို့တွင် တတ်နိုင်သည့် နည်းလမ်းလည်း မရှိပေ။

သူတို့တွင် ကြိုးစားရန် အခွင့်အရေးတောင် မရရှိခဲ့သော်လည်း ယီယွင်မှာ ၎င်းကို အလဟသ ဖြုန်းတီးနေသည်ဆိုပါက ၎င်းတို့ ဘယ်လိုခံစားရသလဲ ဆိုသည်ကို သိသာနိုင်သည်။

"ဒီခွေးကောင် ယီယွင် က 'တိုင်အာနတ်ကျင့်စဉ်' ကို သင်ယူချင်နေတာ သေချာပါတယ်။ သူက ငန်းကို ပြန်မြိုချင်နေတဲ့ ဖားတစ်ကောင်ပဲ"

"ဟုတ်တယ်... ဟုတ်တယ်"

မြို့တော်၏ အနိုင့်ကျင်သူလေးပါးထဲတွင် အကြီးဆုံးဖြစ်‌သော ဖက်တီး က သူ့ပေါင်ကို ရုတ်တရက် ရိုက်လိုက်သည်။ဖက်တီးက စိတ်လှုပ်ရှားစွာဖြင့် အတွေးတစ်ခု ၀င်လာလေသည်။ထို့နောက် တုန်တုန်ယင်ယင်ဖြင့် "မင်းတို့ပြော... ယီယွင်က နတ်ကျင့်စဉ်နဲ့ကို လောင်းလို့ ဖြစ်နိုင်ပါ့မလား"

ဖက်တီး ထိုသို့ပြောလိုက်တဲ့အခါ အားလုံးက ချက်ချင်း ငြိမ်သက်သွား လေသည်။

‘တိုင်အာ နတ်ကျင်စဉ်'နှင့် လူဖြင့် အလောင်းအစားလုပ်မည် ဟူသော အဆိုပြုချက်က လူတိုင်းကို ထိတ်လန့်စေသွားစေသည်။ထို့နောက် လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဖြစ်နိုင်မလား... ဖြစ်နိုင်ချေရှိလောက်လား…

All Chapters