← Chapters

လူသစ်အဆင့်သတ်မှတ်ခြင်း

Vol. 15 Ch. 213

လူသစ်အဆင့်သတ်မှတ်ခြင်း

Vol. 15 Ch. 213

ယီယွင် စံချိန်ချိုးပြီးသည် အချိန်မှစ၍ တိုးတိုးတိတ်တိတ်သာ နေထိုင်ခဲ့သည်။ ဆေးတောင်အမှတ် ၆၀သို့ 'တိုင်အာ နတ်ကျင့်စဉ်' ကို လေ့ကျင့်ရန် သွားလာ‌လျက်ရှိသည်။

ယီယွင် သည် ထိုသို့နေထိုင်ကာ ၎င်း၏ဆယ့်သုံးနှစ်ပြည့်မွေးနေ့ကို ဖြတ်သန်းခဲ့‌‌လေသည်။ယီယွင် မျက်နှာမှာ ကလေးတစ်ယောက်ပုံစံဖြစ်နေ သော်လည်း သိုင်းပညာကို အချိန်အတော်ကြာအောင် လေ့ကျင့်ပြီး ဖြစ်သဖြင့် ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြံ့ခိုင်တောင့်တင်း လာလျှက်ရှိသည်။ ယခုအခါ ယီယွင်မှာ ချောမောသော လူငယ်တစ်ယောက် အသွင်ဖြစ်နေလေသည်။

လူသစ်အဆင့်‌ရွေးချယ်ပွဲကျင်းပရန်မှာ ဆယ်ရက်သာ လိုတော့သည်။

ယီယွင် သည် ၎င်း၏ နေအလင်းချီ အား အပြည့်အဝ ထိန်းချုပ်ထားသည်။ 'တိုင်အာ နတ်ကျင့်စဉ်' ၏ အခြေခံအုတ်မြစ်ဖြစ်‌သော ပထမအဆင့်ကို ပြီးမြောက်ခဲ့သည်။

"ယီယွင် လူသစ်ပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ချက်တွေ ထွက်လာပြီ"

စုန့် ကျစ်ကျွင်း နှင့် ကျိုးခွေ့ မှာ ယီယွင်ကို ညစာစားချိန်၌ရှာတွေ့ခဲ့သည်။

စုန့် ကျစ်ကျွင်း နှင့် ကျိုးခွေ့ သည် ယီယွင် ကဲ့သို့ တူညီသော အုပ်ထိန်းမှု အောက်တွင် ရှိနေသည်ဟု ယူဆနိုင်သည်။ ၎င်းတို့အားလုံးသည် ကျင်း ပြည်နယ်နှင့် အနီးနားပြည်နယ်များမှ ကတုံး ချင် နှင့်အတူ တိုင်အာ နတ်မြို့တော်သို့ လာ‌ရောက်ခဲ့ကြသည်။ ကျိုးခွေ့ နှင့် ယီယွင် တို့သည် ယခင်က ပြိုင်ဆိုင်မှုများရှိခဲ့ကြသော်လည်း ယခုအခါတွင် ထိုပြိုင်ဆိုင်မှုများမှာ အတိတ်အဖြစ်သာ ကျန်ရှိတော့သည်။ ဟုန်တောက် အသင်းမှ ယီယွင် ကို ခွဲခြားသတ်မှတ်ပြီးနောက် ကျိုးခွေ့ သည် အပြစ်ရှိသလို ခံစားခဲ့ရသည်။ ထို့အပြင်၊ လူသစ်အဆင့်ပြိုင်ပွဲတွင်၊ ၎င်းတို့သည် တူညီသောအဖွဲ့၏အစိတ်အပိုင်းဖြစ်လာသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ဆက်ဆံရေးသည် ပိုမိုနီးကပ်လာကာ အချင်းချင်း ကူညီကြရမည်ဖြစ်သည်။

"အိုး မင်းပြောနေတာက ဘယ်အဆင့်တွေလဲ။" ယီယွင် နားမလည်စွာ မေးလိုက်‌လေသည်။

"လူသစ်တွေရဲ့ အဆင့်သတ်မှတ်ချက်ဟ၊ လူသစ်ပြိုင်ပွဲမစခင်မှာ အနီးစပ်ဆုံးအဆင့် သတ်မှတ်ပေးထားတာ၊ နောက်ပိုင်းမှာ ငါတို့ ရာထူးအလိုက် ပြိုင်ရမှာ၊ နောက်ဆုံးအဆင့်က လူတွေက သူတို့ရှေ့အဆင့်ကသူတွေကို စိန်ခေါ်နိုင်တယ် ရှေ့ဆုံးအဆင့်ကလူတွေက စိန်ခေါ်တာငြင်းလို့မရဘူး။ နှစ်ဖက်စလုံးက လောင်းကြေးထပ်ရမှာ"

“ဆန့်ကျင်ဘက်အနေနဲ့ ရှေ့အဆင့်ကလူတွေက သူ့နောက်ကလူတွေကို စိန်ခေါ်နိုင်တယ်၊ ဒါပေမယ့် စိန်ခေါ်ခံရတဲ့ဘက်က ငြင်းနိုင်တယ်၊ အဲဒီအတွက်က အကျိုးသိပ်မရှိဘူး၊ ဒါကြောင့် အဲလိုစိန်ခေါ်တဲ့သူက ရှားပါတယ်။” ကျိုးခွေ့ က ရှင်းပြလေသည်။ ကျိုးခွေ့မှာ လူသစ်အဆင့် သတ်မှတ်ချက်များကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။ ၎င်း၏အဆင့်မှာ ဘယ်လိုဖြစ်မလဲဆိုသည်ကို ကျိုးခွေ့ အမြဲသိချင် နေလျက်ရှိသည်။ ထိုအဆင့်သတ်မှတ်ချက်သည် တိုင်အာ နတ်မြို့တော် ၏ အုပ်ချုပ်သူများထံမှ ဆုံးဖြတ်ခဲ့ပြီး လူတစ်ဦး၏ ခွန်အား ပြည့်စုံမှုကို ထင်ဟပ်ခြင်းမဟုတ်သော်လည်း၊ လူတစ်ဦး၏ အလားအလာရှိမှု ပေါ်တွင်လည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ရုပ်ရည်နှင့်လည်းမဆိုင်ပေ။

မည်သူမဆို ရာထူးက အမြင့်ကိုလိုချင်ကြသော်လည်း ရာထူးမြင့်လေ ပိုပြီး တိုက်ခိုက်ရလေဖြစ်မည်။

“အိုး အဲဒီ အဆင့်သတ်မှတ်ချက်လား၊ ငါ့အဆင့်က ဘယ်လောက်လဲ”

ယီယွင် သည် အသားကို ဆက်စားရင်း အဆင့်သတ်မှတ်ချက်ကို အာရုံမရပဲ မေးလိုက်လေသည်။

စုန့် ကျစ်ကျွင်း နှင့် ကျိုးခွေ့ တို့သည် ယီယွင် ၏ အပြုအမူများကြောင့် ပြောစကားမရှိ ဖြစ်နေကြသည်။ယီယွင်မှာ သဘောထားကြီးလွန်း လှသည်။ လူပေါင်းများစွာ သူ့ကိုအာရုံစိုက်နေသည်ကိုလည်း သိဟန်မတူပေ။

"မင်း အဆင့်က ၁၀၀၀၃" ကျိုးခွေ့ က ယီယွင် ကို ကရုဏာဖြင့် ကြည့်လိုက်လေသည်။

"၁၀၀၀၃က ဘာကိုဆိုလိုတာလဲ" ယီယွင် ချက်ချင်း နားမလည်ပေ။

"တကယ်တော့ အဲတာက တတိယနေရာပဲ၊ စည်းမျဉ်းအရ၊ လူသစ်အဆင့်သတ်မှတ်ချက်ပြိုင်ပွဲက ၁၀၀၀၀ မှ စမှာဖြစ်ပြီး၊ ပထမနေရာက ၁၀၀၀၁ ဒုတိယက ၁၀၀၀၂ အဲလို၊ မင်းက တတိယနေရာမှာ ရှိတယ်"

နတ်မြို့တော်ရှိ လက်ရွေးစင်များသည် တိုင်အာနတ်မြို့တော်၌ ခြောက်နှစ်ဆက်တိုက် လေ့ကျင့်ကြမည်ဖြစ်သည်။ အုပ်စုတစ်စုလျှင် လူ ၂၀၀၀ ခန့် ရှိသည်။ ပထမအုပ်စုငါးစု၏ လူဦးရေမှာ ပုံမှန်အားဖြင့် ၁၀၀၀၀ ခန့်ရှိသည်။ လူသစ်များ ၁၀၀၀၀ မှစတင်၍ ပထမနေရာဖြင့် သတ်မှတ်ထားလေသည်၊ အချို့သော လူဟောင်းများသည် ၁၀၀၀၀အောက် အဆင့်များကြားတွင်လည်း တွေ့နိုင်ပေသည်။

လူသစ်များကြားတွင် လူဟောင်းများ အဆင့်သတ်မှတ်ခံရခြင်းမှာ ၎င်းတို့အတွက် အလွန်ရှက်ဖွယ်ကောင်းလှသည်။

"တတိယနေရာ... အဆင့်က တော်တော်ကောင်းတာပဲ" ယီယွင် သည် အလွန်သဘောကျသော်လည်း သူရရှိထားသော မှော်နဂါးကြေးပြားများသည် သတ်မှတ်ထားသော အဆင့်ထက် များစွာသာလွန်ကြောင်း သိသည်။ သူ၏မှော်နဂါးကြေးပြား ဝင်ငွေမှာ တိုင်အာနတ်မြို့တော်ရှိ လူသစ်များကြားတွင် ပထမဆုံးဖြစ်သည်။ ရလဒ်အနေဖြင့် တတိယနေရာမှာ ရပ်တည်ဖို့ သင့်လျော်ပါတယ်။

ယီယွင် ၏ စကားကိုကြားတော့ စုန့် ကျစ်ကျွင်း နှင့် ကျိုးခွေ့ သည် စကားမပြောနိုင်လျက် တတိယနေရာက "တော်တော်ကောင်းတယ်" ဒါပဲလား။

ထို့ပြင် ယီယွင်က သူဘာတွေရင်ဆိုင်နေရတယ်ဆိုတာ မသိတာလား။ သူ့အိမ်တံခါးမှာ မီးတောက်လောင်နေသော်လည်း သူ့အသားကို ကြည်နူးစွာစားနေလျက်ရှိသည်။

ကျိုးခွေ့ က "ယီယွင်၊ ငါ့အဆင့်က ဘယ်လောက်လဲ မင်းသိလား"

"ဘယ်လောက်တုန်း..." ယီယွင် က မေးလိုက်သည်။

"အားလုံးမှာ၁၁၅၂၃ အဆင့်ပဲ။ တကယ်လို့ လူသစ် ၂၀၀၀ကြားမှာဆို ခန့်မှန်းခြေ ငါ အဆင့်က ၁၁၀၀ လောက်ရှိမယ်။ နောက်ထပ် လူ၄၀၀က ထိပ်တန်း ၁၀၀၀၀ ထဲမ၀င်တဲ့ လူဟောင်းတွေ"

"လွန်ခဲ့တဲ့ သုံးလလောက်က လူသစ်လေ့ကျင့်မှုမှာ၊ အစွမ်းကုန် ကြိုးစားတာတောင် အလယ်တန်းအဆင့်လောက်ပဲ ဝင်ခဲ့တယ်။ ညီအစ်ကို ကျစ်ကျွင်း နဲ့ ကျွန်တော့်ရဲ့ ရွှမ်းဝူစစ်တပ် ညီအစ်ကိုတချို့ဆို နောက်ဆုံးအဆင့်အထိကို ရောက်သွားတယ်"

"ပထမ အဆင့်၁၀၀၀ ထဲဝင်တဲ့သူအများစုသည် ကျုံး ပြည်နယ်၊ အင်ပါယာမြို့တွေ ဒါမှမဟုတ် သီးခြားမိသားစုမျိုးနွယ်တွေက လူတွေ ရကြတာ၊ ထင်ရှားကျော်ကြားတဲ့ လူတွေက မင်းနောက်က အဆင့်မှာပဲရှိနေကြတာ"

ကျိုးခွေ့ က ယီယွင်အား တတိယအဆင့်ဖြစ်ရခြင်းအကြောင်း ရှင်းပြနေသည်။

တော်ဝင်မိသားစုနှင့် သီးသန့်မိသားစု မျိုးနွယ်၀င်များအား ခဏဘေးဖယ်ထားပြီး အင်ပါယာမြို့‌တော်ရှိ မိသားစု မျိုးနွယ်စုများကို ကျင်း ပြည်နယ် မိသားစု မျိုးနွယ်၀င်များနှင့် ယှဉ်နိုင်ရန်ပင် ဝေးကွာလျက်ရှိသည်။

"မင်းမြို့တော်ကို မရောက်မချင်း မင်းရဲ့ ရာထူးက ဘယ်လောက်သေးလဲ သိမှာမဟုတ်ဘူး"ထိုစကားအတိုင်းပင် နတ်မြို့တော်၏ အင်ပါယာမြို့တော်ရှိ မှူးမတ်များသည် သေးငယ်သောရုံးခန်းအချို့ကို တာဝန်ခံရသော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်များမှာ ကြီးကြီးမားမားမဟုတ်သော်လည်း အခြားဒေသခံများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် အလယ်အလတ်တန်းစားမြို့ကိုပင် အုပ်ချုပ်နိုင်သည်။

မှန်ပေသည်။ ဒေသခံမိသားစု မျိုးနွယ်၀င်များမှာ အရင်းအနှီးနှင့် သွေးသားရင်းမြစ်တွေအတွက် တော်၀င်အင်ပါယာမြို့တော်နှင့် ယှဉ်ပြိုင်ရန် နည်းလမ်းမရှိပေ။

ခိုင်မာသော သွေးသားရင်းမြစ်များနှင့် ခိုင်မာသော မိသားစုမျိုးရိုး ရှိသူတို့သည် တော်၀င်အင်ပါယာမြို့သို့ မကြာခဏ ပြောင်းရွှေ့လာ ကြသည်။ တော်ဝင်အင်ပါယာမြို့က ထိုအရင်းအမြစ်များကို လျစ်လျူရှုခြင်းကြောင့် ၎င်းဒေသတို့မှ မျိုးဆက်သစ်များသည် တော်ဝင်အင်ပါယာမြို့၏ မိသားစု မျိုးနွယ်စုကြီးများမှ အဖွဲ့ဝင်များကို လက်ထပ်နိုင်ကြသည်။ ၎င်းတို့၏ မိသားစု မျိုးနွယ်စု၏ သွေးသားအရင်းမြစ်များကို ပိုမို ကောင်းမွန်လာနိုင်‌စေသည်။

"ညီအစ်ကို ယီ၊ တကယ်ပဲ လူကြီးလူကောင်းဖြစ်လာပြီနော်။ ကျွန်တော်သိထားတဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ အဖေက အမတ်ဖြစ်ပြီး သူ့ကို သူ့မိသားစုမျိုးနွယ်ထဲမှာ အတော်ဆုံးလို့ သတ်မှတ်ထားကြတာ ဒါပေမယ့် လူသစ်စာရင်းမှာ အဆင့် ၂၀၀ လောက်ပဲရှိတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဒီအသုတ်ထဲမှာပဲ ရွှမ်းဝူစစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးရဲ့ မြေးနှစ်ယောက်ပါတယ်၊ သူတို့ရဲ့အဆင့်တွေက ၃၀၀ ဝန်းကျင်လောက်ပဲ ဒီလောက်ဆို တတိယအဆင့်ရတာက ဘာကိုဆိုလိုတယ်ဆိုတာ သိပြီထင်တယ်"

“သိပါတယ်…” ယီယွင် က ပါးစပ်မှ ဆီများကို သုတ်ကာဖြေလိုက် လေသည်။

တိုင်အာနတ်ပြည်ထောင် တွင် မိသားစု မျိုးနွယ်၀င် အများအပြား ရှိသည်။ မိသားစု မျိုးနွယ်၀င်တိုင်းတွင် သား၊မြေးများ အများအပြားရှိသည်။ တိုင်အာ နတ်မြို့တော် ၏ အလုံးစုံ အဆင့်သတ်မှတ်ချက်များကို ကောက်ခံရန် ခက်ခဲသည်သာမက၊ ၂၀၀၀ ကျော် လူသစ်များကြားတွင် မြင့်မားသော အဆင့်ရရန်ပင် လွယ်ကူသော အလုပ်မဟုတ်ပေ။

"အဲဒါကြောင့် လူအများရဲ့ အာရုံကမင်းပေါ်ရောက်နေတာ။ မင်းရှေ့မှာ လူနှစ်ယောက်၊ တစ်ယောက်က ချိုးနျို ၊ နောက်တစ်ယောက်က ချူရှောင်ရန် ကွ၊တစ်ယောက်က သဘာဝလွန်စွမ်းအားတွေနဲ့ မွေးဖွားလာပြီး နောက်တစ်ယောက်ကတော့ ထူးထူးခြားခြား ခံယူချက်ရှိတယ်။ ငါတို့ထဲက တော်တော်များများက သာမာန်အလုပ်တွေနဲ့ အလုပ်ရှုပ်နေချိန်မှာ ချိုးနျို နဲ့ ချူရှောင်ရန်က နတ်အရိုင်းတောထဲက ပျက်စီးခြင်း သားရဲတွေကို လိုက်ဖမ်း‌နေပြီ။ ကောင်းကင်ဘုံ ဂုဏ်မှတ်တမ်း မှာတောင်သူတို့နာမည်တွေရှိနေပြီ အဲဒါကြောင့် ပထမနဲ့ ဒုတိယအဆင့်ကို ရောက်နေတာ”

"ချိုးနျို နဲ့ ချူရှောင်ရန် တို့ဟာ ဒီအခွင့်အရေးကို ယူပြီး မြေအဆင့်မှာ အဆင့်တွေတက်နေပြီ၊ သူတို့ ဘယ်လောက်ထိအဆင့်တက်သွားမလဲ ငါလဲမသိဘူး၊ ၃၀၀၀-၄၀၀၀ ထိတောင် ရောက်နိုင်တယ်"

လူသစ်အဆင့်သတ်မှတ်ခြင်းကို ဆုံးဖြတ်ပြီးနောက် ထိပ်ဆုံး တွင်ရှိနေသည့် ချိုးနျို နှင့် ချူရှောင်ရန် တို့သည် ၎င်းတို့နောက်ရှိ လူများ၏စိန်ခေါ်ခြင်းကို ခံရနိုင်သော်လည်း တစ်ချိန်တည်းတွင် ၎င်းတို့ရှေ့ရှိ အဆင့်များမှ အကြီးတန်းကျင့်ကြံသူများကိုလည်း စိန်ခေါ်ပိုင်ခွင့်ရှိသည်။

တစ်စုံတစ်ဦးကို စိန်ခေါ်ခြင်းသည် လောင်းကစားပြုလုပ်ခြင်းဟု အဓိပ္ပါယ်ရသည်။ သူတို့ ဘယ်လောက်ဝေးဝေး သွားနိုင်တယ်ဆိုသည်မှာ ၎င်းတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ် တွင်သာ မူတည်သည်။

ကတုံးချင် သည် တစ်နှစ်အတွင်း ကောင်းကင် သို့မဟုတ် မြေကြီး ထိပ်တန်းအဆင့် ၁၀၀၀ သို့ ဝင်ရောက်နိုင်သူတိုင်းသည် တိုင်အာနတ်ပြည်ထောင် ရှိ ဂိုဏ်းကြီးများ အသီးသီး၏ အာရုံစိုက်မှုကို ခံရလိမ့်မည်ဟု ယခင်က ပြောခဲ့ဖူးသည်။

ယီယွင် နှင့် လူသစ်များသည် လွန်ခဲ့သည့် သုံးလခန့်က တိုင်အာ နတ်မြို့တော်သို့ ဝင်ရောက်ခဲ့ကြသည်။ အကယ်၍ သူသည် တစ်နှစ်အတွင်း ထိပ်တန်း ၁၀၀၀ သို့ ၀င်လိုပါက၊ ယခု ထိပ်တန်း ၃၀၀၀-၄၀၀၀ ကြားသို့ ၀င်ရောက်ခြင်းသည် ချဲ့ကားလွန်းသည်ဟု မယူဆပေ။

“ချိုးနျို, ချူရှောင်ရန်…” ယီယွင် အနည်းငယ် စဉ်းစားမိသည်။ ဤသူတို့နှစ်ဦးက တခြားလူတွေ သာမာန်အလုပ်များ လုပ်နေကြစဉ်တွင် ၎င်းတို့မှာ ပျက်စီးခြင်း သားရဲများကိုလိုက်လံရှာဖွေရန် နတ်အရိုင်းတော အတွင်းသို့ဝင်ရောက်နိုင် စွမ်းရှိကြသည်။ အမှန်တော့၊ သူတို့တွင် စွမ်းအင်အရည်အချင်းရှိသည် မဟုတ်ပါက ပထမ နှင့် ဒုတိယအဆင့်ရရှိမည် မဟုတ်ပေ။

ယီယွင် သည် ယခုအချိန်တွင် မြေအဆင့်တွင် အဆင့်မည်မျှအထိ တက်ရောက်နိုင်မည်ကို မသိနိုင်ပေ။

"ညီအစ်ကို ယီ၊ ချိုးနျို နဲ့ ချူရှောင်ရန် ကို ဘယ်သူမှ မထိဝံ့ကြဘူး။ အခု လူတိုင်းက မင်းကိုပဲ အာရုံစိုက်နေကြတာ။ တိုင်အာနတ် မြို့တော်က လူသစ်တွေကြားထဲမှာ မင်းက နာမည်ကြီးပဲ။ မင်း စည်းစိမ်ဥစ္စာတွေ ပြည့်လျှံနေတယ်ဆိုတာ လူတိုင်းသိတယ်။ စည်းမျဉ်းအရ မင်းရဲ့ တတိယအဆင့်က ခွန်အားကြောင့်မဟုတ်ပဲ မင်းရဲ့ မှော်နဂါးကြေးပြား အများကြီးရှာနိုင်တာ‌ကြောင့်ပဲ။ ဆေးပင်ရှာတဲ့ စံချိန်ကလည်း လူတော်တော်များများကို မနာလိုဖြစ်စေတယ်”

"မင်း ရှေ့ကိုရောက်နေတဲ့အချက်ကို လူတော်တော်များများက သိပ်မကျေမနပ်ကြဘူး။ မင်းရဲ့ချမ်းသာမှုကြောင့် ‌ဟုန်တောက်အသင်းသာ မကဘူး လူတော်တော်များများက မင်းကိုအရေခွံဆုတ်ချင်နေကြတယ်”

"ဒါပေမယ့် ဟုန်တောက် အသင်းကြီးရဲ့ ခွင့်ပြုချက်မရှိဘဲ မင်းကို ဘယ်သူကမှ စိန်ခေါ်လို့ မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ မည်သူမဆို အဲလိုပြုလုပ်ပါက ဟုန်‌တောက်အသင်းကြီးရဲ့ စီးပွားရေးကို နှောင့်ယှက်ရာရောက်ပြီး၊ အသင်းကြီးက လက်စားချေမယ်လို့ သတိပေးထားတယ် အဲတာကြောင့် တော်တော်များများ မင်းကိုစိန်‌ခေါ်ရဲမှာမဟုတ်ဘူး။ဘာပဲပြောပြော အဆိုးထဲကအကောင်းပေါ့"

စုန့် ကျစ်ကျွင်း က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ “မကောင်းချမ်းသာ” ဟူသော စကားလုံးသည် သရော်စာဖြစ်သည်မှာ သိသာထင်ရှားသည်။

ယီယွင် က ထိုစကားများကိုကြားတော့ မေးစေ့ကို ပွတ်သပ်ပြီး "စီးပွား‌ရေးကို နှောင့်ယှက်တယ်၊ ဒီစကားလုံးက ငါ့ကို စဉ့်တီတုံးပေါ်က သားငါးလို သဘောထားနေကြတာပဲကွ"

ကျိုးခွေ့ က "ညီအစ်ကို ယီ၊ တိုက်ပွဲတွေအတွက် ပထမပွဲက မကြာခင် စတော့မယ်။ တစ်နေ့ကို တိုက်ပွဲ ၁၂ ပွဲပဲ ကန့်သတ်ထားတယ်။ မင်းရဲ့ တံဆိပ်ပြားကို လူတော်တော်များများက မျက်စိကျနေတော့ သူတို့က အစကတည်းက လုယူကြလိမ့်မယ်။ မင်း တစ်နေ့ကို ၁၂ ပွဲ ဆက်တိုက် သုံးရက်လောက် တိုက်ရလိမ့်မယ်"

" မင်းမသိသေးတာက၊ ဟုန်တောက်အသင်းကြီးက မင်းဘယ်နှစ်ပွဲခံနိုင်မလဲဆိုပြီး စတင်ကြေးထိုးနေလောက်ပြီ။ ပထမဆုံး စိန်ခေါ်မယ့်သူတွေက ဟုန်တောက်အသင်းကြီးရဲ့ အနိုင်ကျင့်သခင်လေးပါး ပဲနေမယ်၊ သူတို့တွေရဲ့ လူသစ်စာရင်းမှာ အဆင့်ရာချီနေကြတယ်။ ငါ ပန်းပဲဖိုသွားတုန်း သူတို့ထဲက တစ်ယောက်နဲ့တွေ့ဖူးတယ်။ မြို့တော်ထဲမှာ သူတို့ရဲ့နာမည်က ငါ့ထက်များစွာကြီးတယ်"

"အနိုင်ကျင့်သခင်လေးပါး"

ယီယွင် သည် အပေါင်ဌာနတွင် သူမြင်ခဲ့ရသော အရပ်ရှည်ရှည်၊ခပ်ပုပု၊ ၀ဖိုင့်ဖိုင့်နှင့် ပိန်ပိန်နှင် လူလေးဦးကို တွေးလိုက်မိသည်။ သူတို့တွေက အနည်းဆုံးတော့ မိမိနှင့် လောင်းကစားလုပ်ရန်အတွက် သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို အပေါင်ခံတာဖြစ်နိုင်တယ်။

“ညီအစ်ကို ယီ၊ မင်းဘက်က ဆယ်ကြိမ်ထက်ပိုပြီး တိုက်နိုင်တယ်ဆိုတဲ့ ဘက်ကလောင်းခဲ့တယ်”

စုန့် ကျစ်ကျွင်း သည် ယီယွင် ကို ထောက်ခံကြောင်းပြောကာ လက်ကို ပုခုံးပေါ်သို တင်လိုက်လေသည်။

တကယ်တော့၊ စုန့် ကျစ်ကျွင်း၊ ကျိုးခွေ့ နှင့် ကျင်း ပြည်နယ်က လူငယ်လေးများဟာ ယီယွင် သန်မာသည်ဆိုတာကို သိကြလေသည်။ မှော်နဂါးကြေးပြားမရှိရင်တောင် ယီယွင် ဟာ သူ့အစွမ်းဖြင့် ကောင်းမွန်သောအဆင့်ကို ရနိုင်ပေသည်။

ပြဿနာ၏ အဓိကအချက်မှာ ယီယွင်သည် အသင်းအလိုက် တိုက်ပွဲတစ်ခုလုံးကို ခံနိုင်ရည်ရှိမည့် မဟုတ်ဟူသည့် အချက်ပင် ဖြစ်သည်။

ယီယွင် ၏ တတိယနေရာသည် မယုံနိုင်ဖွယ်ကောင်းလွန်းသည်။ ထိပ်တန်း ၅၀အတွင်းရှိ လူသစ်များ အားလုံးမှာ ကြောက်မက်ဖွယ်ကောင်း သူများဖြစ်ကြသည်။

၎င်းတို့ထဲမှ တချို့သည် မြေအဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၄၀၀၀ အထိပင် ရောက်ရှိနေသည်။

"ကျေးဇူးတင်ပါတယ်" ယီယွင်က လက်အုပ်ချီကပြောလိုက်လေသည်။ “စာရင်းတွေက ဘယ်မှာရှိနေတာလဲ၊ အဲဒီစာရင်းတွေကို သွားကြည့်ချင်တယ်”

ယီယွင်သည် တစ်ရက်လျှင် တိုက်ပွဲအရေအတွက်မှာ အကန့်အသတ် ရှိသည်။ ယီယွင်သည် တွေ့ရာလူဖြင့် တိုက်ခိုက်၍ မရနိုင်ပေ။ သူတို့တွင် အရည်အသွေးတချို့ရှိရပေမည် ထို့အပြင် သူတို့တွင် လုံလောက်သော ပမာဏရှိသည့် မှော်နဂါး‌ကြေးပြားများပါ ရှိရန်လိုအပ်ပေသည်။

မဟုတ်ပါက တိုက်ပွဲများမှာ အချည်းနှီးသာဖြစ်ပေတော့မည်။

All Chapters