← Chapters

အဆင့်သတ်မှတ်ချက်ပြိုင်ပွဲဖွင့်ပွဲ

Vol. 15 Ch. 215

အဆင့်သတ်မှတ်ချက်ပြိုင်ပွဲဖွင့်ပွဲ

Vol. 15 Ch. 215

နတ်အရိုင်းတောမှာ တိုင်အာ နတ်ပြည်ထောင်၏ မြောက်ဘက်တွင် တည်ရှိသောကြောင့် ထိုဒေသရှိ ရာသီဥတုမှာ အေးစက်‌နေတတ်သည်။ ယနေ့တွင် အေးစက်သည့် မြောက်‌လေများ တိုက်ခတ်လာသဖြင့် တစ်ညတာလုံး နှင်းမုန်တိုင်းကြီးများ ဖြစ်ပေါ်ခဲ့သည်။ တစ်ညလုံး နှင်းများကျရောက်သဖြင့် တိုင်အာနတ်မြို့တော်အား နှင်းများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။

အရုဏ်တက်သည်အထိ ကောင်းကင်မှာ မဲမှောင်‌နေလျက်ရှိသည်။ ယီယွင်သည် ၎င်း၏ကျောက်တုံးအိမ်မှ ထွက်လာ‌လေသည်။ အပြာရောင်ကောင်းကင်မှ အလင်းရောင်သည် ထူထပ်သော နှင်းလွှာများ တွင်ရောင်ပြန်ဟပ်နေသဖြင့် တောက်ပသော အပြာနု‌ရောင် အလွှာမှာ ပတ်၀န်းကျင်နှင့် ပေါင်းစပ်သွားသည်။

အပြာရောင်နှင်းများသည် ပတ်ဝန်းကျင်မှ ရှေးကျသော ကျောက်တုံးအိမ်များနှင့် လိုက်ဖက်နေပြီး သံခေတ်မြို့တော်နံရံများက လူကို မှော်ဆန်သော ဒဏ္ဍာရီကမ္ဘာတွင် နေထိုင်သည့်ခံစားချက်ကို ပေးစွမ်းသည်။

"ဒန်"

"ဒန်"

"ဒန်"

ထိုအချိန် ပြိုင်ကွင်းအတွင်းမှ အသံများထွက်ပေါ်လာကာ တိုင်အာ နတ်မြို့တော် တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။အသံမှာ ရှည်လျားလေးလံ လှသည်။

၎င်းသည် လူသစ်အဆင့်ပြိုင်ပွဲ၏ အစကို ရည်ညွန်းသော ခေါင်းလောင်းဖြစ်သည်။ တိုင်အာ နတ်မြို့တော် ၏ ကျင့်ကြံသူများ အထူးသဖြင့် လူသစ်များသည် ထိုခေါင်းလောင်းသံကို စောင့်မျှော်နေလျက် ရှိကြသည်။

သူတို့ထဲမှ အတော်များများမှာ ၎င်းတို့၏ တိုက်ပွဲတွေကို စောင့်မျှော်ရင်း စိတ်အခြေအနေကို အကောင်းဆုံးဖြစ်‌စေရန် အတွက် ညလုံးပေါက် တရားထိုင်ခဲ့ကြသည်။

ကျင့်ကြံသူအသစ်များသည် တိုင်အာ နတ်မြို့တော် တွင် ၎င်းတို့၏ ပထမဆုံးတိုက်ပွဲများကို တိုက်ခိုက်ရတော့မည်ဖြစ်သည်။ ထိုတိုက်ပွဲများက သူတို့၏ အနာဂတ်ကို ဆုံးဖြတ်ပေး‌ပေလိမ့်မည်။

လူသစ်များသည် ၎င်းတို့၏ နေအိမ်အသီးသီးမှ ထွက်လာကြကာ ပြိုင်ကွင်းဆီသို့ ဦးတည်သွားကြလေသည်။

ဒုတိယနှစ်နှင့် တတိယနှစ် လူဟောင်းအချို့သည် ပြိုင်ကွင်းထဲသို့ လူသစ်များနောက်မှ လိုက်ပါလျက်ရှိကြသည်။ လူသစ်များ၏ ပြိုင်ဆိုင်မှုများကို ကြည့်ရှုချင်နေကြသည်။

လူသစ်ပြိုင်ပွဲတိုင်းတွင် ထူးချွန်ထက်မြက်သော လူသစ်အချို့ အမြဲပါရှိသည်။ သူတို့သည် ထိပ်တန်းအဆင့် ၆၀၀၀ သို့မဟုတ် ၄၀၀၀ အတွင်းသို့ဝင်ရောက်နိုင်ကြသည်။ ထိုလူသစ်များသည် တိုင်အာ နတ်မြို့တော် တွင် ၃-၄ နှစ်ကြာကျင့်ကြံနေထိုင်ပြီးသော စီနီယာကျင့်ကြံသူ များကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိကြသည်။

ထို့ကြောင့် လူသစ်ပြိုင်ပွဲမှ မည်သူက အစွမ်းတွေထက်ပြီး မည်သူက အာရုံစိုက်ရမည့်သူများဖြစ်မည်ကို သိချင်နေကြသည်။

"ဒီတစ်‌ခေါက် လူသစ်အဆင့်ပြိုင်ပွဲအတွက် နတ်မြို့တော်က ဆုကြေးတွေ တိုးထားတယ်လို့ကြားတယ်။ ထိပ်တန်းအဆင့် ၈၀၀၀အတွင်း ၀င်တဲ့သူတွေက မှော်နဂါးကြေးပြား ကို ဆုငွေအဖြစ်ပေးမှာတဲ့၊ အဆင့် ၆၀၀၀ ထဲကိုဝင်ရင်တော့ ဆုကြေးက နှစ်ဆတဲ့ ပြီးတော့ လူသစ်ထဲက ထိပ်တန်းအဆင့်ရှိသူကို ဂုဏ်အမှတ်တွေက‌ကော ဓားဒဏ်ရာနန်းတော် နဲ့ ပညာရှိကျောင်းမှာပါ ကျင့်ကြံဖို့ အခွင့်ရေးတွေပေးမယ်ပြောတယ် "

လူသစ်များကြားတွင် ၎င်းတို့ကြားသိခဲ့ရသည့် ‌ဆုကြေးများ အကြောင်းကို ပြောဆိုနေလျက်ရှိကြသည်။ တိုင်အာ နတ်မြို့တော်က ထိုဆု‌ကြေးများကို တရားဝင်မကြေငြာသေးသော်လည်း တာဝန်ရှိသူတွေက ဆုံးဖြတ်ထားပြီးဖြစ်သည်။

"ဓားဒဏ်ရာနန်းတော်၊ ပညာရှိကျောင်း နဲ့ ဂုဏ်အမှတ်"

လူသစ်များ ဆုကြေးကိုများကြာသောအခါ ပါးစပ်ကပင် ရေရွတ်နေကြသည်။ သို့သော် အများစုမှာ ထိုဆုကြေးများကို မရရှိနိုင်ဘူးဆိုသည်ကို သိကြလေသည်။

တိုင်အာ နတ်မြို့တော် ၏ အထက်အဆင့် ခေါင်းဆောင်များသည် ယခုလူသစ်များ အရည်အချင်းရှိသည်ဟု ခံစားမိသောကြောင့် ယခုနှစ်၏ ဆုကြေးများကို တိုးမြှင့်ပေးခဲ့သည်။

ဥပမာအားဖြင့် ချူရှောင်ရန် နှင့် ချိုးနျို တို့မှာ တစ်နှစ်အတွင်း ထိပ်တန်း အဆင့် ၁၀၀၀ အတွင်းသို့ဝင်ရောက်ရန် မျှော်လင့်ချက်ရှိကြသည်။ တစ်နှစ်အတွင်း ထိုကဲ့သို့ အဆင့်မျိုးရရှိရန်မှာ တကယ့်ကို အံ့သြစရာပင် ဖြစ်သည်။

လူအများက ချူရှောင်ရန် နှင့် ချိုးနျိုတို့ ၏တိုက်ပွဲကို စောင့်မျှော်နေကြသည်။

ယီယွင် သည် လူအများပြောဆိုနေသည်များကို နားထောင်ရင်း လူအုပ်ကြားထဲမှ ရောထွေးလိုက်ပါလာသည်။

ယီယွင်မည်မျှပင် တိတ်ဆိတ်တိုးလျှိုးကာ မည်သည့်နေရာကိုသွားနေပါစေ ၎င်းက ညအမှောင်ထဲမှ ပိုးစုန်းကြူးတစ်ကောင်လိုပင် ထင်ရှားနေလျက် ရှိသည်။

"ဟိုကောင်ကို တွေ့လား၊ သူက လူသစ်တွေကြားထဲမှာ ရက်စက်တဲ့ အသွင်အပြင်ပဲ၊ သူတစ်ယောက်တည်း ‌ဟုန်တောက် အသင်းနဲ့ ငြိတာ"

လူတိုင်းက ယီယွင်ကိုကြည့်နေကြသည်။ ယီယွင်မှာ ပိတ်ကြမ်းထည်နဲ့ သူ့၏ရှည်လျားလှသော ဓားမောက်ကို လွယ်ထားလေသည်။ လက်ကို အိတ်ကပ်အတွင်းသို့ထည့်ကာ ပြိုင်ကွင်းဆီသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။ ၎င်း၏ပုံစံမှာ မနက်စာစားရန် ထမင်းစားဆောင်သို့ သွားနေပုံမျိုးပင် မျက်နှာတွင်လည်း ကြောက်ရွံ့ခြင်း စိတ်ပူခြင်းလည်း ရှိပုံမပေါ်ပေ။

ထိုအချိန်၌ လူအများမှာ ၎င်းတို့၏စိတ်ထဲတွင် ကြောက်ရွံနေလျက် ရှိကြသည်။

လူအများက ပြိုင်ပွဲအကြောင်းပြောဆိုနေကြသော်လည်း ယီယွင်မှာ ဂရုပင်မစိုက်ပုံစံ ရှိသည်။

"သူက တကယ့်ကို တိုက်ခိုက်ရေးသမားပဲ" လူတချို့ကတီးတိုးပြောဆိုနေကြသည်။ တော်တော်များများက ယီယွင် ကို သဘောကျလျက် ရှိကြသည်။

ထိုပထမနှစ် လူသစ်အသုတ်တွင် ယီယွင် ၏အမည်မှာ လူသိများလှသည်။ ရှေးဦးဆေးပင်ကို ရှာနိုင်ခြင်း၊ စံချိန်ချိုးခြင်း၊ ဟုန်တောက် အသင်းအား အရှက်ရစေသော ဖြစ်ရပ်များအားလုံးသည် ယီယွင်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုကဲ့သိုလူမျိုးဟာ တိုက်ခိုက်ရေးသမားမဟုတ်ရင် မည်သည့်လူစားမျိုး ဖြစ်မည်လော့။

ဆယ့်ငါးမိနစ်ခန့်ကြာတွင် တိုင်အာ နတ်မြို့တော်ရှိ လူများမှာ ပြိုင်ကွင်းထဲတွင် တဖြည်းဖြည်း စုရုံးလာကြသည်။

တိုင်အာ နတ်မြို့တော် ၏ ပြိုင်ကွင်းသည် ဆယ်ထပ်ခန့်မြင့်သော ကြီးမားသည့် စက်ဝိုင်းပုံ အဆောက်အအုံကြီး ဖြစ်သည်။

ပြိုင်ကွင်းသို့ အဓိက ဝင်ပေါက် ဆယ့်နှစ်ပေါက်ရှိသည်။ အလယ်တွင် စင်အမှတ်၉ ရှိပြီး ကျန်စင်ငယ်ရှစ်ခုသည် ဗဟိုစင်မြင့်ကြီးကို ဝန်းရံထားသည်။

စင်များ၏ ဘေးပတ်လည်တွင် လက်နက်တန်းများရှိသည်။

ကျောက်ဆောင်များတွင် ဓား‌မောက်များ၊ ဓားရှည်များ၊ လှံများ၊ လေး စသည်တို့ပါ၀င်သည်

လက်နက်စုစုပေါင်း ဆယ့်ရှစ်မျိုးစလုံး ပါ၀င်‌လေသည် ။

ဤလက်နက်များ၏ အရည်အသွေးသည် အကောင်းဆုံး မဟုတ်သည့် သာမာန်လက်နက်မျိုးသာဖြစ်သည်။ ၎င်းတို့အားလုံးကို တိုင်အာ နတ်မြို့တော်၏ ပန်းပဲဖို အလုပ်ရုံများရှိ လက်ရာမြောက် ကျင့်ကြံသူများ ပြုလုပ်ထားခြင်းဖြစ်သည်။

ထို ကျင့်ကြံသူများပြုလုပ်ထားသော လက်နက်များသည် ပြိုင်ကွင်းအတွင်း ထားရှိပါက ၎င်းလက်နက်ပြုလုပ်သူ၏ ‌အကောင်းဆုံးလက်ရာ ဖြစ်သည်ဟုဆိုနိုင်ပေသည်။

သို့ရာတွင်၊ ကွင်းအတွင်းရှိ စစ်သည်များသည် ၎င်းတို့၏ ကိုယ်ပိုင်လက်နက်များကို အသုံးပြုလိုသောကြောင့် ကွင်းအတွင်းရှိ လက်နက်များကို အမြဲတစေ မရွေးချယ်တတ်ပေ။

လက်နက်စင်များကို စင်မြင့်နှင့် မီတာ ၂၀ခန့်အကွာတွင် ထောင်ထား လေသည်။

ထိုနေရာတွင် ခုံတန်းများစွာပါရှိပြီး လူပေါင်း ၂၀,၀၀၀ကို အလွယ်တကူ လက်ခံနိုင်သည်။ မြင်ကွင်းတိုင်းမှာလည်း ရှင်းရှင်းလင်းလင်းရှိကာ ထိုင်ခုံများမှာလည်း အလွန်သက်တောင့်သက်သာရှိသည်။

ပြိုင်ကွင်းသည် လူအရေအတွက် အများဆုံးဆန့်သည့် တိုင်အာ နတ်မြို့တော် ၏ နေရာဖြစ်သည်။ တိုင်အာ နတ်မြို့တော် မှ ကျွမ်းကျင်သူ အများအပြားသည် တိုက်ခိုက်ရန် ထိုနေရာ၌ စုရုံးကြမည်ဖြစ်သည်။ ယှဉ်ပြိုင်သူ များလေလေ ပရိသတ် များလေဖြစ်သည်။

ကျင့်ကြံသူ အများအပြားသည်လည်း တခြားသူများ၏ပြိုင်ပွဲများကို ကြည့်ရှုရန် လာရောက်ခဲ့ကြသည်။ ထိုကျွမ်းကျင်သူများ၏ ပြိုင်ဆိုင်မှုများမှ အတွေ့အကြုံကောင်းများ ရရှိနိုင်သည်။ သူရဲကောင်းများအတွက် ထိုပြိုင်ကွင်းမှာ အလွန်အကျိုးရှိသည်။

လူသစ် ၂၀၀၀ နှင့် စီနီယာ ကျင့်ကြံသူ တစ်ထောင်ကျော်နှင့် ဝန်ထမ်းအားလုံးမှာ လူ ၄၀၀၀ ထက် မပိုပေ။ ထိုသူများအားလုံး ပြိုင်ကွင်းထဲသို့ ဝင်ပြီးပါက ကွင်းတစ်ခုလုံးမှာ နေရာလွတ်များစွာ ကျန်‌ရှိဦးမည် ဖြစ်သည်။ ပြိုင်ကွင်းအတွက် လူပေါင်း ၄၀၀၀မှာ အလွယ်တကူပင် ၀င်ဆန့်နိုင်သည်။

"မင်းတို့အားလုံး စုံပြီလား" ယီယွင် ထိုနေရာသို့ရောက်သောအခါ ကတုံးချင်ဆီမှာ အသံကိုကြားလိုက်ရသည်။

ယီယွင်၊ ကျိုးခွေ့ နှင့်၎င်း၏တွဲဖက်တို့၏ နည်းပြဆရာမှာ ကတုံးချင် ဖြစ်သည်။ ထိုတပ်သားသစ်များ၏ ပထမဆုံးတိုက်ပွဲများတွင် ကတုံးချင်မှာ မပျက်ကွက်လာမည်မှာ သေချာသည်။

"မင်းတို့ရဲ့တိုက်ပွဲတွေကို သေချာအာရုံစိုက်ပါ။ မင်းတို့က မြည်းလား မြင်းလားဆိုတာ အခုက စပြီး သိရလိမ့်မယ်၊ လေ့ကျင့်တုန်း ကြိုက်တာလုပ် အေး ဒါပေမယ့် ငါကိုတော့ လူမြင်ကွင်းမှာ မျက်နှာမပျက်ရစေနဲ့ နားလည်လား" ကတုံးချင် ၏ အဖွင့်မိန့်ခွန်းသည် တိုတိုနှင့်လိုရင်းပေ။

ကျိုးခွေ့နှင့် ၎င်း၏တွဲဖက်က ကျယ်လောင်စွာဖြင့် "နားလည်ပါတယ်"ဟု ဖြေကြားလေသည်။

“ကောင်းပြီ” ကတုံးချင် က ခေါင်းညိတ်လိုက်‌လေသည်။

ထို့နောက် ယီယွင်အား အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် ကြည့်ကာ "ကောင်လေး မင်းနေကောင်းလား"

ယီယွင် က အလေးပြုပြီး ရိုးရိုးရှင်းရှင်းပင် "ဆရာကို သတင်းပို့၊ ကျွန်တော် နေကောင်းပါတယ်"

"ဟာ စိတ်ဓာတ်ကောင်းတယ်။ သူတို့က အဖွဲ့နဲ့တိုက်ခိုက်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ငါတို့ ကျင်းပြည်နယ် လူသစ်စုဆောင်းရေးစခန်းအတွက် မင်းကြီးကြီးမားမား လုပ်ဆောင်ရမယ်။ အားလုံးကို သတ်ပစ်" ကတုံးချင် က ယီယွင် ကို ပုခုံးအား အားဖြင့်ပုတ်လိုက်‌လေသည်။ ကျယ်လောင်သော အသံနှင့်အတူ ယီယွင်အောက်ရှိ မြေကြီးများပါ တုန်လှုပ်သွား‌လေသည်။

ပတ်ဝန်းကျင်ရှိ လူငယ်များသည် ရုတ်တရက် ထိတ်လန့်သွားကြလေသည်။ ထိုရိုက်ချက်မှာ ဆင်တစ်ကောင်ကို အလွယ်တကူသတ်ပစ်နိုင်ပေသည်။ သို့သော် ယီယွင်မှာ ထိုရိုက်ချက်ကြောင့် တုန်လှုပ်ခြင်းပင် မရှိချေ။

"ဟုတ်ကဲ့ ဆရာကြီး" ယီယွင် က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်သည်။

ကတုံး ချင်ကျေနပ်သွားသည်။ "ကြားလား သူတို့က မင်းထက် အဆင့်ပိုမြင့်လို့ သန်မာတယ်လို့ မထင်နဲ့။ မင်းရဲ့ စိတ်ဓာတ်ကို မြှင့်ထား၊ မင်းကွင်းထဲမှာ အရိုက်ခံရရင်တောင် သူတို့ကို မင်းနဲ့အတူ ဆွဲချရမယ်"

ကတုံး ချင် က တပ်သားသစ်များကို အားပေးနေသည်။ ထိုအချိန်တွင် ဗဟိုနတ်မျှော်စင်မှ ဥပဒေအရာရှိတစ်ဦးသည် ဗဟိုစင်မြင့်၌ ပေါ်လာပြီး အဖွင့်မိန့်ခွန်းများ ပြောကြားနေသည်။

အဖွင့်မိန့်ခွန်းမှာ ရိုးရှင်းလှသည်။ ပြိုင်ပွဲစည်းမျဥ်းများ နှင့် အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဆုများကိုကြေညာပြီးနောက်၊ လူသစ်အဆင့်ပြိုင်ပွဲ စတင်ပြီဖြစ်ကြောင်း ပြောလိုက်လေသည်။

"ဒန်"

မောင်းသံက ပြိုင်ပွဲအစကို ကိုယ်စားပြုတယ်။ နောက်တစ်ကြိမ် မောင်းထုပြီးသည့်နောက်တွင် တပ်သားသစ် အများအပြားမှာ အသက်ရှု‌ရပ်‌လောက်‌အောင် စိတ်လှုပ်ရှား သွားကြသည်။

တိုင်အာ နတ်မြို့တော် တွင် ၎င်းတို့၏ ပထမဆုံးတိုက်ပွဲကို လူများစွာရှေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ၎င်းတွင် နိုင်ငံတစ်ဝှမ်းမှ အထက်တန်းလွှာများ၊ ၎င်းတို့၏ သင်တန်းဆရာများ၊ ဥပဒေအရာရှိများနှင့် လူ‌ပေါင်းများစွာက ကြည့်ရှုနေမည်ဖြစ်သည်။

ပြိုင်ကွင်းတွင် ၎င်းတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုရန် အဆက်အသွယ် အမျိုးမျိုးကို အသုံးပြု၍ လာရောက်ကြသော မိသားစုမျိုးနွယ်စုများလည်း ပါဝင်သည်။

ဒီလိုအခြေအနေမျိုးတွင် စိတ်မလှုပ်ရှားရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

"ငါ အဆင့်နံပါတ်တွေကို ကြေညာပြီးတာနဲ့ ယှဉ်ပြိုင်ဖို့ စင်ပေါ်တက်လာမယ်"

"ချန် စင် ၁၁,၈၁၀ကျုံးဟန်၊ ၁၂,၀၀၇ ပိုင်မင်ယွမ်…"

"ခွင်း စင် ၁၁,၆၄၂ လျိုဟယ်ယွီ၊ ၁၂,၀၅၀ ကျန်းတုယွမ်…"

"ကျန်း စင်..."

ပြိုင်ပွဲတာဝန်ခံ ဒိုင်လူကြီးတစ်ဦးသည် အမည်စာရင်းကို စတင်ကြေညာသည်။

လူတိုင်းတွင် သက်ဆိုင်ရာ အဆင့်နံပါတ်များ ရှိကြသည်။

နောက်ဆုံးအဆင့်ရှိသူများသည် စင်ငယ်ရှစ်ခုတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ပါကွ ရှစ်ထောင့် ပုံအရ စင်ငယ် ရှစ်ခုကို "ချန်, ခွင်း, ကျန်း, ရွှင်း, ခန်, လီ, ကန်း နှင့် သွေ့" ဟုခေါ်သည်။

ထိပ်တန်းအဆင့်များ ယှဉ်ပြိုင်ရမည့်စင်မှာ ဗဟိုစင်မြင့်တွင် ဖြစ်သည်။

ထိုစင်၏အမည်မှာ နတ်အရိုင်းမြေ စင်မြင့် ဖြစ်သည်။

နတ်အရိုင်းမြေ စင်မြင့် သည် သာမန်လူများ ယှဉ်ပြိုင်နိုင်သော နေရာမဟုတ်ပေ။

"နတ်အရိုင်းမြေ စင်မြင့်၊ ၁၀၀၀၃ ယီယွင်၊ ၁၀၇၅၀ ဖုန်းဟိုင်"

ဒိုင်လူကြီး၏ ကျယ်လောင်သော အသံမှာ ကွင်းအတွင်းတွင် ပဲ့တင်ထပ်သွား လေသည်။

"အိုး... ငါ့အလှည့်ရောက်နေပြီ" ယီယွင်က အံ့ဩသွားလေသည်။ မိမိ၏အလှည့်ရောက်ရန် အချိန်ကြာမည်ဟု ယီယွင်ထင်ခဲ့သည်။ ပြိုင်ကွင်းထဲကို ဝင်လိုက်ပြီး ခဏအတွင်း မိမိ၏နာမည်ကို ခေါ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

လူအများက မိမိအား စိန်ခေါ်မည်ကို ယီယွင်သဘောပေါက်သည်။ တစ်နေ့ကို ဆယ့်နှစ်ပွဲတိုက်ရမည် ဖြစ်သဖြင့် ဒိုင်လူကြီးများသည် ၎င်းအား စောစောစီးစီး စတင်ခွင့်ပြုရန် ထည့်သွင်းစဉ်းစားထားရမည်ဖြစ်ပြီး ယီယွင်၏တိုက်ပွဲများကို အလျင်မှီစေရန် အတွက်ဖြစ်သည်။ ယီယွင်၏တိုက်ပွဲများကြားတွင် အချိန်ကို တိုးမြှင့်လိုက်ခြင်းဖြင့် ခံနိုင်ရည်အချို့ကို ပြန်လည်ရရှိလာနိုင်သည်။

"ဟားဟား ငါ့အလှည့်ရောက်နေပြီ" အရပ်ရှည်ရှည် လူငယ်တစ်ဦးသည် ဟုန်တောက် အသင်းဘက်မှ စိတ်လှုပ်ရှားစွာ ခုန်တက်လာသည်။ ထိုသူသည် အနိုင်ကျင့်သခင်လေးပါးထဲမှ လောရှည် ဖြစ်ပြီး သူ၏အမည်မှာ ဖုန်းဟိုင် ဖြစ်သည်။

စင်ပေါ်သို့ ပထမဆုံး တက်ခွင့်ရမည်ကို ဖုန်းဟိုင်းလည်း မမျှော်လင့်ထားပေ။ ထို့သို့ဖြင့် ၎င်းသည် နတ်အရိုင်းမြေ စင်မြင့်ပေါ်သို့ တက်လာလေသည်။

“တော်‌တော်မိုက်တယ်ဟ...”

ယီယွင် နဲ့ ဖုန်းဟိုင် တို့၏ ပွဲမှာ ပရိသတ်အားလုံး၏ အာရုံစိုက်မှု ခံရမည်မှာ သေချာလှသည်။

All Chapters