← Chapters

ထိုအုတ်တစ်ချပ်၏ အံဝင်ခွင်ကျ အသွင်အပြင်

Vol. 15 Ch. 216

ထိုအုတ်တစ်ချပ်၏ အံဝင်ခွင်ကျ အသွင်အပြင်

Vol. 15 Ch. 216

ယီယွင် သည် ယခုအခါ လူသိများသူတစ်ဦးဖြစ်သည်။ ချူရှောင်ရန် နှင့် ချိုးနျိုသည် ဇာတ်လိုက်များဆိုပါက ယီယွင် သည် အရေးအကြီးဆုံး ဇာတ်ပို့ ဖြစ်လာမည်ဖြစ်သည်။

ယီယွင်နှင့် ဟုန်တောက် အသင်း၏ အဖွဲ့လိုက် တိုက်ပွဲသည် လူအများ၏ အာရုံစိုက်မှုကို အခံရဆုံးပြိုင်ပွဲဖြစ်သည်။

ယီယွင် မည်မျှကြာရှည်စွာ ယှဥ်ပြိုင်နိုင်မည်ကို လူအများက သိချင်နေကြသည်။ တခြားလူများသည် ပထမအချီမှာတင် ယီယွင် က ဖုန်းဟိုင်ကို ရှုံးနိမ့်မှာ သေချာသည်ဟုထင်နေကြသည်။

အနိုင်ကျင့် သခင်လေးပါးသည် သာမာန်လူများမဟုတ်ပေ။ မြို့တော်တွင် ထင်ရှားသော နာမည်တစ်ခုရရှိရန်မှာ ၎င်းတို့၏ နောက်ခံ သို့မဟုတ် ချမ်းသာကြွယ်ဝမှုတို့ဖြင့် မရနိုင်သောအရာဖြစ်သည်။

ဖုန်းဟိုင် ကိုယ်တိုင်က အဆင့် ၁၀၇၅၀တွင် ရှိသည်။ သူ့ရှေ့တွင် ထိပ်တန်းအဆင့် ၁၀၀၀၀ မ၀င်သော ဝါရင့် ကျင့်ကြံသူ အများအပြား ရှိနေသည်။ ထိုလူဟောင်းများမပါက ဖုန်းဟိုင် သည် လူသစ်များကြားတွင် အဆင့် ၃၀၀တွင်ရှိသည်။

ထိုအဆင့်ရရှိရန်မှာလည်း လွယ်ကူလှသည် မဟုတ်ပေ။

ပရိသတ်ထဲတွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးပါရှိသည်။ သူမက ယီယွင်ကို စူးစူးစိုက်စိုက်ကြည့်ရင်း "အဲတာ ယီယွင်ပေါ့…"

အစိမ်းရောင်ဝတ်စုံ၀တ်ဆင်ထား‌သော မိန်းမပျိုလေးမှာ သေးသေးကွေးကွေးဖြင့် ချစ်စရာအသွင်အပြင်ရှိသည်။ သူမသည် တိုင်အာ တော်ဝင်မိသားစု၏ လက်ရှိ ကာကွယ်သူ နယ်စား၏ သမီး ချူရှောင်ရန် ဖြစ်သည်။

ချူရှောင်ရန် အနားတွင် အရပ် ‌၆ပေ ၂လက်မခန့်ရှိသော လူငယ်တစ်ဦးရပ် နေသည်။ သူသည် ပြောင်လက်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မျက်ခုံးမွှေးများကို ရိတ်ထားသည်။ ခေါင်းတွင်လည်း ဘေးပတ်လည်ရှိ ဆံပင်အများကို ရိတ်ထားပြီး အလယ်တွင် တစ်လက်မခန့် သာချန်ထား လေသည်။ ထို အလယ်မှဆံပင်သည် နောက်ကျောဘက်အထိ ရှည်လျားလျက် ရှိသည်။

ထိုလူငယ်က လက်ပိုက်လျက် ကျောက်ခုံတန်းလျားပေါ်တွင် မြင်းစီးသည့်ပုံစံအတိုင်း ခွလျက် ထိုင်နေလေသည်။ သူ့၏နောက်ကျောမှာ ကျယ်၀န်းပြန့်ပြူးကာ ကြီးကျယ်ခမ်းနားသည့်အသွင်ဆောင်သည်။

ထိုလူငယ်မှာ အသက်ဆယ့်ရှစ်နှစ်မှ ဆယ့်ကိုးနှစ်အရွယ် လူငယ်တစ်ဦး အသွင်ပြင်ဖြစ်နေ‌သော်လည်း အမှန်တကယ်မှာမူ အသက် ဆယ့်သုံးနှစ်သာရှိသေးသော ချိုးနျို ဖြစ်သည်။

ချိုးနျို က ပြုံးပြီး "ဒီကောင်လေးက စိတ်ဝင်စားစရာပဲ။ မင်းသိမှာတော့ မဟုတ်ဘူး သူက တိမ်တိုက်ရိုင်းနယ်က လာတာ။ သူက နိမ့်ကျတဲ့ နောက်ခံကနေ လာတဲ့အတွက် သူ့ရဲ့ လက်ရှိအောင်မြင်မှုတွေကို ရဖို့က အရမ်းခက်ခဲတယ်။"

"ယီယွင်က အခုအချိန် အန္တရာယ်မရှိပေမယ့် နောက်တစ်ချိန် ငါတို့အတွက် အန္တရာယ် ဖြစ်လာနိုင်တယ်၊ သူက ကျောက်ရိုင်းတစ်ပွင့်လိုပဲ"

"အိုး" ချူရှောင်ရန် ၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာလေသည်။ "အနာဂတ်မှာ၊ သူက ငါတို့နဲ့ ကောင်းကင်ဂုဏ်စာရင်းရဲ့ နံပါတ်တစ်အဆင့်ကို ယှဉ်နိုင်မှာလား။"

"ဖြစ်နိုင်တယ်" ချိုးနျို ခေါင်းညိတ်လိုက်သည်။

ချိုးနျို နှင့် ချူရှောင်ရန် တို့နှစ်ဦးစလုံးမှာ အနာဂတ်တွင် ကောင်းကင် သို့မဟုတ် မြေကြီး စာရင်း တွင် ပထမရရှိရန်အတွက် ရည်မှန်းချက်များ ရှိကြသည်။

ချင်ဟောင်ထျန်း နှင့် သူ၏အဖွဲ့သည် တိုင်အာ နတ်မြို့တော် တွင် ငါးနှစ်ကြာလေ့ကျင့်ပြီးနောက် တိုင်အာ နတ်မြို့တော် မှ ထွက်ခွာသောအခါတွင် ချင်ဟောင်ထျန်း နှင့် ချူရှောင်ရန်တို့မှာ ထိပ်ဆုံးတွင် ရပ်တည်ရန် ခက်ခဲမည်မဟုတ်ပေ။

သူတို့အတွက် ခက်ခဲလှသော ထိုပန်းတိုင်ကို ငါးနှစ်အတွင်း ပြီးမြောက်အောင်လုပ်ဆောင်ရန်ဖြစ်သည်။

"ရှောင်ရန်၊ ငါ ဒီလူသစ်တွေရဲ့ ပထမနေရာရဲ့ ဂုဏ်အမှတ်ကို လိုချင်တယ်၊ ငါနေရာကို လာမလုနဲ့" ချိုးနျို က သူ့နှုတ်ခမ်းကို သပ်လိုက်ကာ ချူရှောင်ရန် အား ပြောလိုက်လေသည်။

ချူရှောင်ရန် က ရယ်မောပြီး "မင်းအရည်အချင်းပေါ်လဲ မူတည်တယ်၊ ငါတို့ ပြိုင်တာတော်ရုံနဲ့ပြီးမှာမဟုတ်ဘူး"

ချိုးနျို နှင့် ချူရှောင်ရန် တို့သည် ရှေးယခင်ကတည်းက သိခဲ့ကြပြီး သူငယ်ချင်းများဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးတွင် ကိုယ်ပိုင်အားသာချက်တွေရှိကြပြီး တစ်ဖက်နှင့် တစ်ဖက် ယှဉ်ပြိုင်နေလျက်ရှိကြသည်။

"ယီယွင် မင်းရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ စင်ပေါ်ကို မြန်မြန်လာ" ဥပဒေအရာရှိက သူ့နာမည်ကို ကြေငြာလိုက်တဲ့အခါ၊ ဖုန်းဟိုင် ဟာ နတ်အရိုင်းမြေ စင်မြင့်ပေါ်ကို ခုန်တက်ကာ တိုက်ခိုက်ရန် မစောင့်နိုင်သည့် ပုံစံပင်။ ကြီးမားလှသောဓားရှည်ကြီးကို သူ့လက်ထဲတွင်ကိုင်ထားကာ တိုက်ခိုက်ရေးစိတ်ဓာတ်များ ပြည့်နှက်နေ‌လေသည်။

“ဒီနေ့တော့ ငါ ရှယ်ကြမ်းပြမယ်”ဖုန်းဟိုင် က စိတ်ထဲတွင်အော်ပြော လိုက်သည်။ မိမိ၏ အံ့သြဖွယ်ရာဘဝမှ ယခုအချိန်မှ စတင်ပြီဟု ဖုန်းဟိုင် ခံစားနေရသည်။

ထို့အပြင် ယီယွင်မှာ မိမိတိုင်အာ နတ်မြို့တော်သို ရောက်ရှိချိန်၌ ပထမဦဆုံး ရှင်းလင်းရမည့် ဆူးငြှောင့်ခလုတ်သာဖြစ်သည်။

ယီယွင် စင်မြင့်ပေါ်သို့ အေးဆေးစွာပင် လျှောက်လာလေသည်။ သူ့၏နောက်ကျောတွင် အလံတိုင်သဖွယ် ထောင်မတ်နေသော ၎င်း၏ လက်စွဲတော် တပ်တစ်ထောင် ဓားမောက်ကြောင့် ပုံစံမှာ ကွဲပြားနေလျက် ရှိသည်။

"ဟာဟား မင်းသုံးမယ့်ဓားမောက်က မင်းထပ်တောင်ရှည်နေသေးတယ်" ဖုန်းဟိုင် သည် လောရှည်၊ဂျပု၊ဖက်တီး နှင့် ငပိန် လေးယောက်တွက် အရပ်အရှည်ဆုံး ဖြစ်သည်။ ထို့ကြောင့် ယီယွင်အားနှိမ်နေခြင်းဖြစ်သည်။ "မင်းရဲ့ဓား‌မောက်ကို ထုတ်လိုက်စမ်းပါ ငါတို့နှစ်ယောက်စလုံး ဓားမောက်သုံးကြမှာ ဒီနေ့ ဓားမောက်က ဘယ်လိုသုံးရလဲဆိုတာ ငါပြမယ်"

ဖုန်းဟိုင် ၏ဓား‌မောက်သည် ယီယွင် ဓားမောက်နှင့် အလွန်ကွာခြားလျက် ရှိသည်။

ယီယွင်တွင် ရှည်လျားလှသောဓားမောက်တစ်လက်ရှိပြီး ၎င်း၏ တိုက်ခိုက်ရေးနည်းလမ်းမှာ ဓားရှည်နှင့်ဆင်တူသည်။ ၎င်း၏ အမြန်နှုန်းနှင့် ပြတ်သားမှုအတွက် သတိထားအသုံးပြုရသည်။

သို့သော် ဖုန်းဟိုင်၏ အပြားကြီးသောဓားမောက် အမျိုးအစားသည် ဦးတည်တိုက်ခိုက်ရာတွင် ကောင်းမွန်သည်။ ၎င်းတို့သည် လုံးဝကွဲပြားသော လက်နက်အမျိုးအစား နှစ်မျိုးဖြစ်သည်။

"ဓားကို ထုတ်လိုက် ဟုတ်လား" ယီယွင် က ဖုန်းဟိုင် ကို တစ်ချက်ကြည့်လိုက်သည်။

တပ်တစ်ထောင်ဓားမောက်မှာ ဖုန်းဟိုင် နှင့်တိုက်ခိုက်ရာတွင် အသုံးပြုစရာမလိုအပ်ပေ။ အကြောင်းမှာ ဓားအိမ်ထဲမှာထုတ်ပြီးပါက ဓားမောက်မှာ အလွယ်တကူ ထိန်းမရသောကြောင့်ဖြစ်သည်။

တိုင်အာ နတ်မြို့တော် သည် ပြိုင်ပွဲအတွင်း ပြိုင်ဖက်ကို ရည်ရွယ်ချက်ဖြင့် သတ်မိပါက သေဒဏ်ချမှတ်ရန် အမိန့်ချနိုင်ခဲ့သည်။ ပြိုင်ဖက်ကို မတော်တဆ သတ်မိပါက ထောင်ဒဏ် ချနိုင်ပေသည်။

ဟုန်တောက် အဖွဲ့သည် ယီယွင်အား လအနည်းငယ်ကြာ အိပ်ရာပေါ် မထနိုင်အောင် ပြုလုပ်ရန်အတွက် အဖွဲ့လိုက်တိုက်ပွဲကို အသုံးပြုရန် စီစဉ်ခဲ့ကြသည်။သို့သော် သူတို့သည် ယီယွင် ၏ အသက်ကို မထိခိုက်စေဝံ့ခဲ့ပေ။

ယီယွင် သည် ၎င်း၏ နေအလင်းချီ နှင့် ခရမ်းရောင် အဖြိုက်နက်ဖြင့် ပြုလုပ်ထားသောဓားမောက်မှာ နတ်တောရိုင်း စင်မြင့်ကိုပင် အလွယ်တကူ ဖြတ်တောက်ပစ်နိုင်သည်။ ထိုသို့သော စွမ်းအားမျိုးသည် ဖုန်းဟိုင် ကို မတော်တဆ သေစေနိုင်‌ပေသည်။

နေအလင်းချီ မရှိရင်တောင်မှ ယီယွင်၏ တပ်တစ်ထောင် ဓားမောက် ဟာ ဖုန်းဟိုင်၏ ခုခံမှု များကို အလွယ်တကူပင် ဖျက်ဆီးပစ်နိုင်သည်ဟု ခံစားရသည်။ တပ်တစ်ထောင် ဓားမောက်သည် မြင်းတစ်ကောင်ကို ပိုင်းဖြတ်ရန်ပင် လုံလောက်သည်။ ထို့အပြင် သူတို့နှစ်ဦး၏ အင်အား ကွာဟချက်ရှိသဖြင့် ယီယွင်ကဓားသွားများကို တစ်ချိန်လုံး ထိန်းချုပ်နေရမည် ဖြစ်သဖြင့် အဓိပ္ပါယ်မရှိလှပေ။

ထို့အပြင် တပ်တစ်ထောင် ဓား‌မောက်၏ ဓားသွားများမှာ နှစ်ဖက်စလုံးတွင် ပါရှိသည်။ ယီယွင်သည် ဓားရိုးကို အသုံးပြု၍ တိုက်ခိုက်မည်ဆိုပါက ဖုန်းဟိုင် သည် ၎င်းဒဏ်ကို ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဓားမောက်အား လုံးဝအသုံးမပြုရန် ဆုံးဖြတ်လိုက်လေသည်။

ယီယွင် က အေးဆေးစွာ ခေါင်းခါလိုက်သည်။ သူသည် အတိတ်ဘဝက ဒဏ္ဍာရီဝတ္ထုများတွင် တွေ့ရလေ့ရှိသည့် စကားပြောတစ်ခု သတိရမိသည်။ ထို့ကြောင့် သူက ဖုန်းဟိုင် အား "ငါ့ဓားက လွယ်လွယ်ကူကူထုတ်လို့မရဘူး အေး ထုတ်ပြီးပြီဆိုရင်လည်း သွေးတိုက်ပြီးမှပြန်ထည့်လို့ရတာ"

ယီယွင် ထိုကဲ့သို့လိုက်ပြောသောအခါ အားလုံးမှာအံ့သြသွားကြလေသည်။

လူများမှာ ခဏကြာစဉ်းစားပြီးနောက် ယီယွင် ဆိုလိုရင်းကို နားလည်သွားကြသည်။ ဖုန်းဟိုင် ဟာ သူ့လက်နက်ကိုထုတ်သုံးဖို့ အထိ မထိုက်တန်ဘူးဟု ယီယွင်ခံစားမိသည်။

ဒီကောင်က သူ့စိတ်ထဲထင်တာတွေပြောနေတာလား။ သူ့နောက်မှာ လူဘယ်နှယောက်လောက် သူ့ကို စိုက်ကြည့်နေလဲ သူမသိဘူးလား။ အကုန်လုံးက တခြားသူတွေထက် ပိုသန်မာကြတဲ့လူတွေကြီးပဲ။

ဖုန်းဟိုင် သည် ယီယွင် ၏ စကားကြောင့် တွေဝေနေရာမှ ဒေါသထွက်လာခဲ့သည်။ မိမိအားအထင်သေးနေသော ယီယွင် ကို တစ်စဆီဆွဲဖြဲချင်နေသည်။ ဒါပေမယ့် ထိုဒေါသများမှာ တစ်စက္ကန့်ပင်မကြာပေ။ အရူးတစ်ယောက်အတွက် ဒေါသဖြစ်စရာ အကြောင်းမရှိပေ။

အဖွဲ့လိုက် တိုက်ပွဲနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၏ ခွန်အားကို ယုံကြည်မှုရှိသူများပင် သူတို့ကိုယ်သူတို့ ပြင်ဆင်မှုများလုပ်ဆောင် ကြသည်။ သို့သော်လည်း ယီယွင် သည် ၎င်းနှင့် ဘာမှမဆိုင်သလိုပင် အဖွဲ့လိုက် တိုက်ပွဲကို ဂရုပင်မစိုက်ချေ။ သူ့ဓားအား အသုံးမပြုဘူးဟု၍ပင် ကြွားလုံးထုတ်ဝံ့သလော့။

ထို့ကြောင် ဖုန်းဟိုင်မှာ ယီယွင်အား ရူးသွားပြီလို့ သတ်မှတ်လိုက် လေသည်။

ဟုန်တောက် အသင်းမှလူများသည် ယီယွင်ကို ကြည့်ကာ ရယ်မော‌နေ ကြသည်။

ယီယွင် သည် မကြောက်မရွံ့သဖြင့် အရူးဟု အားလုံးက ခံစားမိကြသည်။ သူ ဒီလောက် ငြိမ်သက်နေတာ မဆန်းပါဘူး။

ဆိုရိုးစကားအရ ပညာရှိတို့သည် စိုးရိမ်တတ်သော်လည်း အရူးတို့သည် မကြောက်တတ်ပေ။

"ကျွန်တော်ကို အထင်မလွဲပါနဲ့။ ဓားမောက်ကို မသုံးပေမယ့် လက်နက် ရွေးနေတုန်းပဲ" ယီယွင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဖုန်းဟိုင်ကို မတော်တဆ ထိခိုက်မှုများ မဖြစ်စေချင်သဖြင့် တပ်တစ်ထောင် ဓားမောက်ကို အသုံးမပြုခြင်း ဖြစ်သည်။

သို့သော် လက်နက်မပါဘဲတိုက်ခိုက်ပါက မှန်ကန်သည့်ဟု မခံစားရပေ။ ယီယွင်၏ လက်သီးစွမ်းရည်မှာ အားနည်းချက်များရှိသည်။ ယီယွင် သည် ဖုန်းဟိုင် နှင့် တိုက်ခိုက်ပြီးသော်လည်း သူ့နောက်တွင် တိုက်ခိုက်ရန် လူများစွာ ကျန်ရှိဦးမည်ဖြစ်သည်။ လက်သီးကိုသုံး၍ တိုက်ခိုက်ရသည်မှာ ပင်ပန်းလှသည်။ နောက်ဆုံးတွင် ကွဲပြဲနေသော လက်သီးဖြင့်ပင် အဆုံးသတ်သွားနိုင်‌သည်။ အကယ်၍ ယီယွင်သည် စွမ်းအင်အချို့ကို ချွေတာနိုင်ခဲ့ပါက အဘယ်ကြောင့် ထိုသို့မလုပ်ရမည်နည်း။

ထိုတိုက်ပွဲကြောင့် ယီယွင် ဟာ ၎င်း၏ ပြဒါးစီး၀တ်ရုံ ကို ချွတ်ထားပြီး ပေါ့ပါးသော အသွင်ဖြင့် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ယီယွင် က စင်မြင့်အစွန်းဆီသို့ လျှောက်သွားလေသည်။

လူအားလုံးက ယီယွင်ကိုကြည့်ရင်း ဘာတွေဆက်ဖြစ်မည်ကို တွေးနေကြသည်။

စင်ပတ်လည်တွင် လက်နက်ဆယ့်ရှစ်မျိုးရှိသည်။

"ဒီလက်နက်တွေကို မင်းရွေးချင်လား" ဒိုင်က မေးလိုက်သည်။ ထိုလက်နက်များမှာ ကျင့်ကြံသူများ အသုံးပြုနိုင်ရန် စင်မြင့်ဘေးတွင် ထားရှိထားခြင်း ဖြစ်သည်။

“ဟုတ်ကဲ့” ယီယွင် သည် ဓားမောက်၊ဓားရှည်၊လှံနှင့် စစ်ပုဆိန်တို့အား တချက်ကြည့်လိုက်သည်။

ထို့နောက် ၎င်းလက်နက်များကို မရွေးချယ်ခဲ့ပေ။ ယီယွင် သည် အသွားမပါသည့်လက်နက်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ကိုင်ရတာ လွယ်ကူပြီး တစ်စုံတစ်ယောက်ကို မတော်တဆ သတ်မိမည်ကို စိုးရိမ်ရန် မလိုအပ်သည့် လက်နက်မျိုးဖြစ်သည်။

"ဟုတ်ပြီ၊ ဒါအဆင်ပြေမဲ့ပုံပဲ ဒါကဘာလဲ"

ယီယွင် သည် လက်နက်စင်မှ စတုဂံပုံသတ္ထုအပိုင်းအစကို ကောက်ယူလိုက်သည်။ အရှည်တစ်ပေခန့်ရှိပြီး လူကြီးလက်ဖဝါးခန့် ကျယ်သည်။

"အို၊ မင်း ဒါကို မသုံးနိုင်ဘူး" ဒိုင်လူကြီးက ခေါင်းခါသည်။ "ဒါက မှော်ဆန်တဲ့လက်နက်ပဲ၊ သူ့နာမည်က ကောင်းကင် ချုပ်နှောင်။ သာမာန် ယွမ် အုတ်မြစ်ချနယ်ပယ်ကစစ်သည်တွေက ဒီလက်နက်ကို သုံးပြီး သတ်ဖြတ်ဖို့ဆို ခန္ဓာကိုယ်ထဲက ယွမ်ချီ ကို အသုံးပြုပြီး ထိန်းကျောင်းပေးရတာ"

"ထို့တင်မကဘူး ကောင်းကင် ချုပ်နှောင် အထဲမှာ လက်ရာမြောက်သော အစီအရင်နည်းပညာတစ်ခုပါတယ် အဲတာကို မသိပဲသုံးရင် ကောင်းကင် ချုပ်နှောင်ရဲ့ စွမ်းအား‌တွေ လျော့ကျသွားလိမ့်မယ်"

ယီယွင် သည် အစီအရင် နည်းပညာကို သိရန် မမျှော်လင့်ထားပေ။ ယွမ် အုတ်မြစ်ချနယ်ပယ်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ပေ။ တကယ်တမ်းတွင် ယီယွင်သည် ကောင်းကင် ချုပ်နှောင် ၏ စွမ်းအားကိုလည်း မထုတ်နိုင်ပေ။

“သိပါတယ်…” ယီယွင် က ဒိုင်လူကြီးပြောသမျှကို ကြားသော်လည်း ခေါင်းထဲတစ်လုံးမျှ မ၀င်ပေ။

ကောင်းကင် ချုပ်နှောင်မှ။ မဆီမဆိုင်ရှင်းပြချက်များဖြင့် ကြောက်မက်ဖွယ်နာမည်ပေးထားသော်လည်း ၎င်းမှာ အုတ်ခဲတစ်လုံး သာဖြစ်သည်။

'သတ်ဖြတ်ဖို့ ထိန်းကျောင်းရမယ်' ဆိုတာဘာလဲ။ လုပ်ရမှာက တစ်စုံတစ်ယောက်ရဲ့ ခေါင်းကို ထုဖို့ပဲကို။

ယီယွင် သည် ကောင်းကင် ချုပ်နှောင်ကို ကိုင်ထားပြီး လက်ထဲတွင် ချိန်တွယ်လိုက်သည်။ အရွယ်အစားမှာ အုတ်ခဲတစ်လုံးနဲ့ ဆင်တူပြီး အလွယ်တကူ လက်ထဲတွင် ကိုင်ထားနိုင်သည်။

ယီယွင် ကျောင်းတက်စဉ်တွင် တခြားသူများနှင့် ရန်ဖြစ်စဉ်က လက်ထဲတွင် အုတ်ခဲကို ကိုင်ထားဖူးသည် ယခင်အတိတ်က ခံစားချက်ကို ပြန်အမှတ်ရနေမိသည်။

"မင်းက ကောင်းကင် ချုပ်နှောင် ကို တကယ်သုံးချင်တာလား" ကောင်းကင် ချုပ်နှောင် ကို စင်ပေါ်သို့ သယ်ဆောင်လာစဉ် ဒိုင်လူကြီးသည် ယီယွင် ကို ကြည့်ကာမေးလိုက်သည်။ ဒိုင်လူကြီးကရှင်းရှင်းလင်းလင်း ရှင်းပြထားသည့်ကြားကပင် ၎င်းကို ရွေးချယ်ခဲ့သည့်အတွက် နားမလည်နိုင်ဖြစ်နေသည်။

"ဟုတ်ပါတယ်၊ ဒါကိုသုံးမယ်" ယီယွင် သည် အုတ်ခဲကို ကိုင်ကာ စင်မြင့်ပေါ်သို့ အေးအေးဆေးဆေး တက်လာခဲ့သည်။

ယီယွင်ကို လူရွှင်တော်သဖွယ် မြင်လိုက်သောကြောင့် ဟုန်တောက် အသင်းမှ အားလုံးက ခွက်ထိုးခွက်လှန် ရယ်မောနေကြသည်။

သူတကယ်ပဲ ယှဉ်ပြိုင်ဖို့ ဒီနေရာလာတာလား၊ အရူးလုပ်ဖို့ လာတာလား။

ထိုကဲ့သို့ ပုံမှန်မဟုတ်သည့် ဉာဏ်ရည်ဉာဏ်သွေးရှိသူကို ရင်ဆိုင်ရာတွင်၊ သူ့ကို သာမန်လူတစ်ဦးအဖြစ် မမြင်သင့်ပေ။

ထိုအချိန်တွင် ဟုန်တောက် အသင်းသာမက ကျိုးခွေ့၊ စုန့်ကျစ်ကျွင်း၏ ယီယွင်အပေါ် အလွန်ယုံကြည်မှုရှိသော ၎င်း၏တွဲဖက်တို့ပင် ထိတ်လန့်တုန်လှုပ်ကာ ဘာပြောရမှန်းမသိရှိနေလေသည်။

ယီယွင် သည် အစီအရင် နည်းပညာကို မည်သို့သိနိုင်မည်နည်း။ ဤ ကောင်းကင် ချုပ်နှောင် ကို သူ သေချာပေါက် မသုံးနိုင်ဘူး။

"ငါတို့ စတင်လို့ရပြီလား" ဒိုင်လူကြီးက ပြိုင်ပွဲစည်းကမ်းအရ မေးလိုက်လေသည်။ ဤမျှ ထူးဆန်းသည့် မြင်ကွင်းမျိုးနှင့်ပင် ဒိုင်လူကြီးက ယီယွင် ကို ထူးဆန်းသည့်ဟူသော အကြည့်ဖြင့်သာ ကြည့်နိုင်‌တော့သည်။ ထို့နောက်မှာတော့ သူက စကားမပြောဘဲ ပြိုင်ပွဲကို အာရုံစိုက်ခဲ့သည်။

“အို ဟုတ်သားပဲ… တစ်ခုတော့ ရှိတယ်…” ယီယွင်တွင် ပြောစရာများ ကျန်ရှိ‌နေသည်။ "ဟုန်တောက် အသင်းက လောင်းကြေးကို ဖွင့်ထားတယ်လို့ ကြားတယ်။ ကျွန်တော်ပွဲစဉ် ၂၀ ကျော်လောက် ကစားနိုင်မယ့်ဘက်က မှော်နဂါးကြေးပြား ၅၀၀၀ ကို လောင်းထားတယ်။ သူတို့ ပေးကော ပေးနိုင်မလား "

ပွဲစဉ် ၂၀ ပြီးမြောက်သည့်အခါ ယီယွင် အတွက် အမြင့်ဆုံးပေးချေမှု အချိုးမှာ ၁:၁၀ ဖြစ်သည်။

သို့သော် တိုင်အာ နတ်မြို့တော် သည် လူများအား ကံတရားကို လောင်းကစားလုပ်ပြီး အရင်းအမြစ်များရှာဖွေခြင်းကို မအားပေးပေ။ ထို့ကြောင့် အလောင်းကစားအတွက် အခွန် ၄၀ ရာခိုင်နှုန်း ပေးဆောင်ရသည်။ ထို့အပြင် မှော်နဂါးကြေးပြား ၅၀၀၀သာ လောင်းကြေးထိုး ရမည်ဟု ကန့်သတ်ချက် ထားရှိထားသည်။

အမှန်ပင် ယီယွင်မှာ အမြင့်ဆုံးလောင်းကြေးကို ထိုးထားခြင်းဖြစ်သည်။ အနိုင်ခဲ့ပါက မှော်နဂါးကြေးပြား ၅၀,၀၀၀ ရရှိမည်ဖြစ်ပြီး အခွန် ၂၀,၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။

သို့သော် အရေးအကြီးဆုံးမှာ ဟုန်တောက် အသင်းသည် ထိုလျော်ကြေးအား ပေးနိုင်ရန် လိုအပ်နေခြင်းဖြစ်သည်။

မှော်နဂါး‌ကြေးပြား ၅၀,၀၀၀သည် ဟုန်တောက် အသင်းကဲ့သို့ အသင်းအဖွဲ့ကြီးတစ်ခုအတွက်ပင် များပြားသော ပမာဏဖြစ်သည်။ နောက်ဆုံးတွင် လီဟုန်သည် ဒုတိယနှစ် စစ်သည်တစ်ဦးသာဖြစ်သည်။

“ဟားဟားဟား"

ဖုန်းဟိုင် မျက်ရည်ထွက်မတတ် ရယ်‌မောနေသည်။ ပွဲနှစ်ဆယ်နှင့်အထက်။

ယီယွင် မှာ အရည်အချင်းတစ်ခုခုရှိနေတယ်လို့ ဖုန်းဟိုင်အမြဲ တွေးနေခဲ့သည်။ ယခုမူ ယီယွင်သည် ရယ်စရာကောင်းသော ဖျော်ဖြေပွဲများစွာကို ဖျော်ဖြေသကဲ့သို့ ပွဲ ၂၀ ကျော်အနိုင်ရယူလို့သည့် သူ၏စိတ်ကူးမှာ ရယ်စရာကောင်းလှပေသည်။

တခြား ဟုန်တောက် အသင်းဝင်များမှာလည်း ရယ်မောနေကြသည်။

ဒီကောင်က ဟာသတွေဖျော်ဖြေဖို့ ခေါ်ထားတဲ့ ရှေး‌ဟောင်း မျောက်စိတ်ဝိညာဉ်များလား..

ယီယွင်မှာ မိမိတို့ကို မှော်နဂါးကြေးပြား ပေးရန်အတွက် ထိုနေရာသို့ ရောက်လာပြီး ရယ်မောစေခဲ့သည်။ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဟုန်တောက်အသင်းမှာ ကြည်နူးလျက်ရှိသည်။

"ဟုတ်ပြီ စလို့ ရပြီ" ယီယွင်က ခေါင်းညိတ်ပြလိုက်သောအခါ ဒိုင်လူကြီးက ပွဲစတင်ကြောင်း ကြေညာသည်။

လူတိုင်း၏ အာရုံမှာသည် နတ်အရိုင်းမြေ စင်မြင့်ပေါ်တွင် ရှိနေကြသည်။ ထိုအံ့ဩစရာကောင်းသော ပြိုင်ပွဲမှာ မည့်သို့အဆုံးသတ်မည်ကို သိချင်နေကြသည်။

ထိုအချိန်တွင် ဖုန်းဟိုင်လည်း ရယ်မောနေသည်ကို ရပ်လိုက်လေသည်။

ရယ်မောခြင်းသည် တစ်ခဏတာမျှဖြစ်ပြီး ပြိုင်ပွဲစတင်လိုက်သောအခါ ဖုန်းဟိုင်သည် ပြိုင်ပွဲပေါ် အာရုံစူးစိုက်လျက်ရှိသည်။ ဖုန်းဟိုင်မှာ ထိုပွဲအတွက် မှော်နဂါးကြေးပြား ၁၀၀၀ နှင့် သိုလှောင်လက်စွပ် တစ်ကွင်းကို လောင်း‌ကြေးထပ်ထားသည်။

လီဟုန်က ယီယွင်ကို လျှော့မတွက်မိရန် အကြိမ်ကြိမ် သတိပေးခဲ့သည်။ လွယ်ကူတဲ့အလုပ်တွင် မကျရှုံးချင်ပေ။

ယခုအခါ ယီယွင်ဟာ ကျပ်မပြည့်သူတစ်ဦးဖြစ်နိုင်ကြောင်း သိသာနေပြီဖြစ်သော်လည်း၊ ထိုကျပ်မပြည့်သူကို အနိုင်ယူလိုသည်။

ဖုန်းဟိုင် သည် ၎င်း၏ ကိုယ်ဟန်ကိုပြင်လိုက်လေသည်။ထို့နောက် ခရမ်းရောင်အဖြိုက်နက်စင်ပေါ်တွင် အရှိန်အဟုန်ဖြင့် စတင်လှုပ်ရှားခဲ့သည်။

လူအများမှာ ဖုန်းဟိုင်၏ ခန္ဓာကိုယ်လှုပ်ရှားမှုကို မှုန်ဝါးဝါးသာမြင်ရပြီး ခြေသံများမှာ အစီအစဉ်အတိုင်းပင် "တက့် တက့် တက့် တက့် တက့်..."

ဖုန်းဟိုင် သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်မှုနှင့် အတူတူပင် သူ၏ဓား‌မောက်ကို ဝှေ့ယမ်းလိုက်သည် ။

ရွှေဓားမောက်သည် ဝှေ့ယမ်းနေသောအခါ လေထဲရှိ ချီစွမ်းအားများကို ချွန်ထက်လှ ဓား‌သွားကခုတ်ဖြတ်သွားသော နားစည်ဖောက်အသံကိုပင် ကြားနေရသည်။

"ဒါ ဖုန်း မိသားစုရဲ့ ‘ခေါင်းလောင်းသံ ခြေလှမ်း' နဲ့ ရွှေဝါယောဓားမောက်' ပဲ" ကြည့်ရှုနေသူများထဲမှ တစ်ယောက်က ပြောလိုက်‌လေသည်။

ကျင့်ကြံသူအများစုသည် ကျင့်ကြံနည်းစနစ်တစ်ခုအတွက် လဲလှယ်ရန် မှော်နဂါးကြေးပြားအလုံအလောက်မရှိကြသောကြောင့် အများစုမှာ မိသားစု၏ ကျင့်ကြံနည်းစနစ်ကိုသာ အသုံးပြုကြသည်။

မိသားစုမျိုးနွယ်အချို့တွင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့သော အရည်အသွေးမြင့် ကျွမ်းကျင်မှုများ ရှိသည်။ မြို့တော်ရှိ မိသားစုမျိုးနွယ်ကြီးများထဲမှ တစ်ခုဖြစ်သည့် ဖုန်းမိသားစုကို ဥပမာထားလျှင်၊ "ခေါင်းလောင်းသံခြေလှမ်း" နှင့် "ရွှေဝါယော ဓားမောက်" တို့မှာ ၎င်းတို့မိသားစု၏ အခြေခံ စွမ်းရည်များဖြစ်သည်။ ဖုန်းဟိုင်းသည် ၎င်းတို့၏ စွမ်းရည်အနည်းငယ်မျှကိုသာ ပြသနိုင်သော်လည်း၊ ၎င်းသည် စွဲမက်ဖွယ်ကောင်းနေတုန်းပင်ဖြစ်သည်။

၎င်းတို့ ပတ်ဝန်းကျင်ရှိ အထက်တန်းလွှာများစွာ၏ ချီးကျူးမှုကိုခံရသော အခါ ဖုန်းဟိုင် ၏ မာနဘ၀င်မြင့်သွား‌ စေလေသည်။ ၎င်းသည် အသက်ဆယ့်သုံးနှစ်အရွယ်သာရှိသေးပြီး အသိအမှတ်ပြုမှု အခံရဆုံးအချိန်ဖြစ်သည်။ ချက်ခြင်းပင်၊ ဖုန်းဟိုင် သည် စင်မြင့်၏ ကြယ်ပွင့်ဖြစ်ရခြင်းအတွက် အလွန်ကျေနပ်အားရနေလျက် ရှိသည်။

ဖုန်းဟိုင် ယီယွင်ကို တိုက်ခိုက်ရန် အလျင်လိုနေသည်။ ချက်ချင်းပင် ဖုန်းဟိုင်က ၎င်း၏ “ခေါင်းလောင်းသံ ခြေလှမ်း” နှင့် “ရွှေဝါယော ဓားမောက်” ကို စတင်သရုပ်ပြခဲ့သည်။

"‌ဓားမောက် သည် အကြောက်တရားမရှိ၊ လက်နက်တို့၏ ဧကရာဇ်၊ ခေါင်းလောင်းသံများ တိတ်ဆိတ်သွား မိုင်ထောင်ချီ ခရီးဆန့်... "

ဖုန်းဟိုင် သည် ရန်သူကိုမသတ်မီ ဖုန်း မျိုးနွယ်‌ခေါင်းဆောင် ၏ “ခေါင်းလောင်းသံ ခြေလှမ်း” နှင့် “ရွှေဝါယော ဓားမောက်” အတွက် သီစပ်သော ကဗျာကို စတင်ရွတ်ဆိုခဲ့သည်။ထို့နောက် ယီယွင် ကို ရဲရင့်စွာ သတ္တိရှိရှိ ပြေး၀င်တိုက်ခိုက်လေသည်။

"ဖုန်း မိသားစု၏ဓားသွားနည်းပညာ၏ပထမဆုံးလှုပ်ရှားမှု - ရွှေဝါယောကျောက်စိမ်း နှင်းစက်"

ဖုန်းဟိုင် က အောက်ဘက်သို့ ပိုင်းခုတ်လိုက်လေသည်။ ထိုခုတ်ချက်တွင် ရွှေရောင်လေများ မြောက်မြားစွာဖြင့် လိုက်ပါလာသောကြောင့် ထိုလှုပ်ရှားမှု၏ လှပသောနာမည် ရရှိခြင်းဖြစ်သည်။

ထိုအချိန်တွင် လေပြင်းများ နှင့် မရေမတွက်နိုင်သော ဓားချက်များအတွင်း၌ ယီယွင် ပိတ်မိနေလေသည်။

"ချာ ချာ ချာ"

ရွှေရောင်အလင်းတန်းများနှင့်အတူ ခရမ်းရောင်အဖြိုက်နက်သတ္တု မျက်နှာပြင်ပေါ်တွင် တစ်ခဏအတွင်း ဓားရာများ ပြည့်နှက်သွားသည်။

သို့သော် ဤအခိုက်တွင် ယီယွင်၏အသွင်အပြင်မှာ ပြောင်းလဲသွားသည်။ ယီယွင်သည် တစ်ဒင်္ဂလှုပ်ရှားမှု ၏ ကြီးမားသော အောင်မြင်မှုအဆင့်ကို သရုပ်ပြခဲ့သည်။ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်နေပုံပင်။

ရွှေဝါယော ဓားမောက် ၏ အလင်းတန်းများကို ဆံချည်တမျှင် အကွာမျှဖြင့် ရှောင်ရှားသွားလေသည်။

ဖုန်းဟိုင် ၏ဓားချက်များသည် အလွန်လျင်မြန်သည်။ထို့အပြင် ၎င်းသည် ဖုန်း မိသားစု၏ နတ်မိစ္ဆာဓားမောက်နည်းပညာဖြစ်သည်။ ၎င်းကိုအသုံးပြုပြီးသည်နှင့် တစ်ပြိုင်နက် ဓားချက်များသည် ရှုပ်ထွေးပြီး ကစင့်ကလျားပေါ်လာကာ ၎င်းကိုရှောင်ရန် ဓားချက်အားလုံး၏ လမ်း‌ကြောင်းများကို တွက်ချက်ကာ နေရာတိုင်းကို အသုံးချ ရမည်ဖြစ်သည်။

သို့သော် ယီယွင် သည် ဓားမောက် လေပွေထဲတွင် ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။ ဓားသွားများသည် ထက်လှသော်လည်း ယီယွင်ကို ထိခိုက်မိခြင်း မရှိပေ။

အနီးနားရှိ ပရိသတ်များ အားလုံးသည် လက်ရွေးစင်များ ဖြစ်သည်။ သူတို့၏ မျက်လုံးများသည် စူးရှပြီး ဓားမောက် လေပွေများအတွင်း ယီယွင် ၏ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

“ဘာလဲ သူတကယ်ရှောင်နေတာလား”

ယီယွင် ရဲ့အရှိန်မှာ မြန်ဆန်လှသည်။ထူထဲလှသော ဓားမောက် လေပွေများကို ဖြတ်ကျော်သွားနိုင်သည်။ ဒီလှုပ်ရှားမှုနည်းပညာက... ကြောက်စရာကောင်းလှပေသည်။

ရုတ်တရက် ယီယွင်မှာ ပျောက်ကွယ်သွား‌လေသည်။

"ဟင် " ဖုန်းဟိုင် သည် ၎င်း၏ မျက်စိ သူငယ်အိမ်မှာ ကျုံ့သွားကာ တုန့်လှုပ်သွားလေသည်။

ယီယွင် သည် သူ၏ ပထမဆုံး ဓားမောက်တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သောအခါတွင် ၎င်းတွင် သတိရှိလာသည်။ သို့သော် အခု ယီယွင် ရုတ်တရက် ပျောက်သွားတာကို မြင်တော့ ဖုန်းဟိုင် ဟာ မထင်မှတ်ဘဲ နောက်ပြန်ဆုတ်ရန် သူ့၏ ခေါင်းလောင်းသံ ခြေလှမ်းများကို ချက်ချင်းအသုံးပြုလိုက်သည်။

တိုက်ခိုက်မှုများကို ကြိုကာကွယ်ရန်အတွက် ခပ်ခွာခွာ နေချင်သည်။ သို့သော် တစ်ချိန်တည်းမှာပင် နောက်ပြန်ခုန်လိုက်သည့် အခိုက် သူ့နောက်ကွယ်မှ သတ်ပစ်ရန် ရည်ရွယ်ချက်ကို အလျင်စလို ခံစားလိုက်ရသည်။ ယီယွင် သည် ဖုန်းဟိုင် ၏နောက်သို့ ရောက်နှင့်နေပြီဖြစ်သည်။

ထိုမြင်ကွင်းမှာ ပရိသတ်အားလုံးကို ထိတ်လန့်စေခဲ့သည်။

အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ...

လူအများ အံ့ဩထိတ်လန့်နေချိန်၌ပင် ယီယွင် က လက်ကိုမြှောက်ကာ အုတ်ခဲဖြင့်ထုလိုက်လေသည် ... မဟုတ်ဘူး ၊ ဖုန်းဟိုင် ရဲ့ ခေါင်းနောက်ဘက်မှာရှိတာ ကောင်းကင် ချုပ်နှောင် ပဲ ဖြစ်သင့်တာ။

"ထွက်သွား"

"ပင်း"

စူးရှသောအသံနှင့်အတူ၊ ပိုလိုကလပ်တစ်ခုမှ ဘောလုံးထိမှန်သောအခါ ထွက်လာသော အသံလိုပင် ထွက်လာသည်။

ဖုန်းဟိုင် က သူ့ခေါင်းကို လှည့်ချင်သော်လည်း သူ့နောက်ကျောက တဆတ်ဆတ်တုန်နေသလို ခံစားလိုက်ရသည်။ဖုန်းဟိုင်သည် လေးလံသော တူဖြင့် အရိုက်ခံရသလိုပင်။

ထို့နောက် သူ့ပတ်ဝန်းကျင်မှာ ကမ္ဘာကြီးက လှည့်ပတ်နေသလို ခံစားနေရသည်။ မူးဝေလာကာ ကြယ်များကို မြင်လာရသည်။

ယီယွင် ၏ အုတ်ခဲဖြင့် တိုက်ခိုက်မှုကြောင့် နောက်သို့ဆုတ်လာသော ဖုန်းဟိုင် ၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားခဲ့သည်။

ဖုန်းဟိုင် သည် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူသည် ခန္ဓာကိုယ်အား ရွှေဓား‌မောက်ဖြင့် ထောက်ရုံမျှသာလုပ်နိုင်‌တော့သည်။ သူ့ခေါင်းနောက်ဘက်မှ သွေးများထွက်လာသည့် စေးကပ်မှုကို ခံစားနေရသည်။

ဘာလဲ...ဘာလဲ...

ဖုန်းဟိုင် ဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ နှေးကွေးသွားတဲ့အထိ အရိုက်ခံခဲ့ရသည်။ သူ့ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်နှင့်အမျှ အရာအားလုံးကို တုံ့ပြန်နိုင်စွမ်းမရှိတော့ပေ။ ယီယွင် က သူ့ကို ဘယ်လိုတိုက်ခိုက်ခဲ့လဲဆိုသည်ကို ကြည့်ရှုရန် အလွန်ခက်ခဲစွာ ခေါင်းကိုလှည့်ရလေသည်။ သို့သော် ၎င်း၏မျက်စိအမြင်များမှာ မှုန်ဝါးသွားခဲ့သည်။ ယီယွင်၏ပုံရိပ်သည် မှုန်ဝါးနေသော အစက်အပြောက်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။

"အိုး တော်တော် သန်တာပဲ..." ယီယွင် က တုံ့ဆိုင်းသွားပြီး အနည်းငယ် အံ့သြသွားသည်။ အဲဒီနောက်မှာတော့ မဆိုင်းမတွပင် အုတ်ခဲကို မြှောက်ပြီး အောက်ကို ဆောင့်ချလိုက်သည်။

ထိုအုတ်ခဲမှာ ဖုန်းဟိုင် ၏နဖူးကို ထိသွားလေသည်။

"ပင်း"

ဖရဲသီးမှည့်ခေါက်သံကဲ့သို့ ပြတ်သားပြတ်သားစွာ ထွက်ပေါ်လာသည် ။

ယီယွင် ကို မြင်ခွင့်မရခဲ့သော ဖုန်းဟိုင် သည် သူ့အမြင်အာရုံ မည်းမှောင်သွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် ခေါက်ဆွဲတစ်မျှင်ကဲ့သို့ ပျော့ခွေ့သွားကာ အရိုးများမရှိတော့သည့် ပုံစံပင်။

ရုန်းကန်ပြီးနောက် ဖုန်းဟိုင် သည် မြေပြင်ပေါ်တွင် လုံးဝ ဒူးထောက်သွားခဲ့သည်။ ခြေလက်တွေ တုန်နေကာ ပါးစပ်မှာ အမြှုပ်များပင် ထွက်နေလေသည်။

ဖုန်းဟိုင် ၏ ဦးခေါင်းမှ သွေးများသည် လျင်မြန်စွာ စီးကျလာကာ သွေးအိုင်ပင် ဖြစ်ပေါ်လာလေသည်။

ထိုမြင်ကွင်းကို မြင်တော့ လူအများမှာ ရယ်ချင်စဖွယ်ဖြစ်‌နေ လျက်ရှိသည်။ ယီယွင် သည် အမှန်တကယ်ပင် ကောင်းကင် ချုပ်နှောင် ကို အုတ်ခဲအဖြစ် အသုံးပြုခဲ့ပြီး "ခေါင်း‌လောင်းသံခြေလှမ်း" နှင့် "ရွှေဝါယော ဓားမောက်"အသုံးပြုသော ဖုန်းဟိုင်အား နှစ်ချက်တည်းဖြင့် မြေပြင်သို့ အမှောက်ချကာ အနိုင်ယူခဲ့လေသည်။

“လျင်မြန်တဲ့ လှုပ်ရှားမှုနဲ့... အုတ်ခဲတစ်တုံးကြောင့် ရှုံးသွားတယ်”

မြို့တော်၏အနိုင်ကျင့်သခင်လေးပါးထဲမှတစ်ဦးဖြစ်သည့် ဖုန်းဟိုင် သည် ယီယွင် ၏တိုက်ခိုက်မှုကိုခံခဲ့ရသည်။ ဒါက...

ကြည့်ရတာ မယုံနိုင်စရာပင်

ဟုန်တောက် အသင်းဝင်များ အထူးသဖြင့် အနိုင်ကျင့်သခင်လေးပါးမှ အခြားသုံးဦးသည် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သူတို့မျက်လုံးတွေက စူးစူးဝါးဝါးဖြင့် စကားတစ်ခွန်းမှ မပြောနိုင်ကြပေ။

ယခင်ကသူတို့ ရယ်မောနေကြသော်လည်း ယခုအခါတွင် မရယ်မောနိုင်တော့ပေ။

ဘာလဲ... ဘာကြီးလဲ။

All Chapters