← Chapters

မင်း သိုင်းပညာ ဘယ်လောက်ကောင်းနေပါစေ မင်းကို အုတ်ခဲနဲ့ပဲ ထုမယ်

Vol. 15 Ch. 217

မင်း သိုင်းပညာ ဘယ်လောက်ကောင်းနေပါစေ မင်းကို အုတ်ခဲနဲ့ပဲ ထုမယ်

Vol. 15 Ch. 217

ဟုန်တောက် အသင်းကြီး မှလူများသည် အချိန်အတော်ကြာ မှင်တက်နေကြပြီး ဖုန်းဟိုင်၏ သွေးများ စင်မြင့်ပေါ် အိုင်ထွန်းလာချိန်မှ အနိုင်ကျင့်သခင်လေးပါးမှ ကျန်သခင်သုံးပါးမှာ စတင်လှုပ်ရှားလာ‌သည်။

"အစ်ကိုဟိုင်"

"ဒုတိယအစ်ကို"

သုံးယောက်သား အပြေးတက်လာပြီး အစ်ကိုဖြစ်သူဖုန်းဟိုင်မှာ ဆိုးဆိုးရွားရွား အရိုက်ခံရသည်ကို တွေ့လိုက်ရသည်။

အနိုင်ကျင့်သခင်သုံးပါးတို့သည် ဖုန်းဟိုင် ကို မလိုက်သောအခါ ၎င်းတို့မြင်ရသည်မှာ ဖုန်းဟိုင် ၏နဖူးတွင် ကြီးမားသော အဖုကြီးတစ်ခုနှင့် နောက်စိဘက်တွင် နောက်ထပ်အဖုတစ်ခုရှိ‌လေသည်။

အဖုနှစ်ခုက သိသိသာသာကြီး ထွက်ပေါ်လျက်ရှိသည်။ ဘေးမှကြည့်လျှင် ဝက်ဝံတစ်ကောင်နှင့် ဆင်တူလှသည်။

ထိုပုံစံသည် လူအများကို ရယ်ရမလို ငိုရမလို ဖြစ်စေသည်။

"အစ်ကိုဟိုင်၊ အစ်ကိုဟိုင်"

သခင်သုံးပါးမှာ ဖုန်းဟိုင် ကို လှုပ်နှိုးကာ တစ်ယောက်နှင့်‌တစ်ယောက် ကြည့်လျက်ရှိနေကြသည်။ ဖုန်းဟိုင် နဲ့ ယီယွင်တို့၏ တိုက်ပွဲမှာ ထိုကဲ့သို့ရလဒ်မျိုး ထွက်လာသည်ကို ၎င်းတို့ မယုံနိုင်ကြပေ။

တကယ်တမ်းတွင် ကြွရောက်လာသော လက်ရွေးစင် စစ်သည်များ အားလုံးပင် ထိုအခြေ‌အနေကို မယုံကြည်နိုင်ဖြစ်နေကြသည်။

အခြေအနေမှာ မျှော်လင့်ထားသလို မဖြစ်ခဲ့ပေ။ ဖုန်းဟိုင် သည် အံ့သြဖွယ်ကောင်းသော လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း အသုံးပြုခဲ့ပြီး လှပစွာ သရုပ်ပြခဲ့သည်။ မြို့တော် ဖုန်းမိသားစု၏ လျှို့ဝှက်နည်းပညာ ဖြစ်သဖြင့် အဘယ်ကြောင့် အခြေနေမှာ ဆိုးရွားသွားရသနည်း။

ဓါးသွားအလျင်၊ အရှိန်ဝါ၊ လှုပ်ရှားမှု၊ လေတိုက်အား... အားလုံးမှာ အမှားကင်းသည်။

ဖုန်းဟိုင် ဟာ သူ့အရည်အချင်းတွေကို ကြွားလုံးထုတ်တော့မယ်လို့ လူတိုင်းက ထင်နေကြသည်။

သို့သော်... ထိုအချိန်မှာ ဖုန်းဟိုင် ယီယွင်၏ အုတ်ခဲတစ်လုံးကြောင့် ပြန်၍ပင် မထနိုင်တော့ချေ။

ဘယ်လိုပဲ သေချာစဉ်းစားနေစေကာမူ ယီယွင် ၏ အုတ်ခဲမှာ ဘာမှ မထူးခြားပေ။ တိုက်ခိုက်မှုသည် တိုက်ရိုက်ဖြစ်ပြီး ဆန်းသစ်သော ကျင့်ကြံခြင်းနည်းစနစ် ပါ၀င်ခြင်းပင်မရှိပေ။ တကယ်တမ်းတွင် နည်းပညာနဲ့ပတ်သက်၍ ထူးထူးခြားမပါ၀င်သော်လည်း ရလဒ်မှာ မယုံနိုင်စရာကောင်းလှသည်။

သိုင်းမိသားစုတစ်ခုမှ သိုင်းပညာကဝိတစ်ပါးက အဆင့်မြင့် သိုင်းသင်တန်းကျောင်းတစ်ခုထဲတွင် ထိုက်ကျိလက်သီးသိုင်းအား လှပစွာ သရုပ်ဖော်ပြသနေသကဲ့သိုပင် ဖြစ်နေလေသည်။သူက သိုင်းပညာမှ တစ်ဆင့် အခြားသူများရင်းနှီးမှုရစေရန် စီစဥ်နေပြီး တစ်လောကလုံးများ သူရဲကောင်းများနှင့် ဆုံတွေ့နေချိန်တွင် ထိုသိုင်းကဝိကို လမ်းလူမိုက်တစ်ဦးက အုတ်ခဲနှင့် ဝင်ရိုက်သွားသကဲ့သို့ပင်။ ၎င်းမှာ မျက်လုံးပြူးစရာ အတွေ့အကြုံတစ်ခုပင် ဖြစ်သည်။

မိသားစု မျိုးနွယ်၀င် အများစုက ၎င်းရလဒ်ကို လက်မခံနိုင်ပေ။

"ဖုန်းဟိုင် သတိမရှိဘူးဟုတ်လား...ယီယွင် က ကောင်းကင် ချုပ်နှောင် ကို အုတ်ခဲလို သုံးနေလို့ သူက မရှောင်ခဲ့တာ..."

ဟုန်တောက် အသင်းသည် ရလဒ်ကို လက်မခံနိုင်သောကြောင့် ဖုန်းဟိုင် အတွက် ဆင်ခြေပေးရန် ကြိုးစား‌နေကြသည်။

ဟုန်တောက်အသင်းထဲမှ အများစုက ယီယွင်ရှုံးမည့်ဘက်မှ အကြီးအကျယ် လောင်းကြေးထပ်ထားကြသည်။ ၎င်းတို့အထဲမှ လောင်းကြေးအနည်းဆုံးပမာဏမှာပင် မှော်နဂါးကြေးပြား ၈၀၀-၉၀၀ အထိရှိသည်။ ၎င်းတို့၏ မိသားစုပိုင်ပစ္စည်းတွေဖြစ်သော ဆေးရည်၊ အမတေ နှင့် သိုလှောင်လက်စွပ် စသည်တို့ကို လောင်းထားသူများပင် ပါ၀င်သည်။

သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို အမှန်တကယ် လောင်းကြေးထပ်ခဲ့ကြသည်။

ယီယွင်သည် သူတို့ထက် သန်မာသည်ဟု ၎င်းတို့ မယုံခဲ့ကြသည်မှာ သေချာလှသည်။

သို့သော် အခြားတစ်ဖက်တွင် ချိုးနျို သည် မေးစေ့ကို ပွတ်ကာ ယီယွင်အား အဓိပ္ပါယ်ရှိစွာကြည့်နေလေသည်။ "ဒီ ယီယွင် က တော်တော်သန်တာပဲ... ငါ့ သူကို လျော့တွက်ထားမိတာပဲ"

“ဟုတ်တယ်” ချိုးနျို အနားရှိ ချူရှောင်ရန် ခေါင်းညိတ်ကာ ထောက်ခံလိုက်လေသည်။ "ဖုန်းဟိုင် က ယီယွင် ကို ပေါ့ပေါ့တန်တန် တွေးထားပေမယ့်၊ သူ့အစွမ်းကုန်တိုက်ရင်တောင် သူက ယီယွင် ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ယီယွင် က အရမ်းသန်မာတယ်"

"ဒီကောင်က စိတ်ဝင်စားစရာပဲ" ချိုးနျို ၏ အံဩကြီးစွာ ပြော‌‌နေလေသည်။ ကျွမ်းကျင်သူတွေနဲ့ ယှဉ်ပြိုင်ရသည်ကို ဖုန်းဟိုင် နှစ်သက်သည်။ ယီယွင်က သူ့၏စိတ်ဝင်စားမှုကို နှိုးဆွနိုင်နေပြီဖြစ်သည်။

"အရိုင်းနယ်‌မြေ စင်မြင့်၊ ယီယွင် နှင့် ဖုန်းဟိုင်၊ ယီယွင် အနိုင်ရသည်"

ထိုအချိန်တွင် ဒိုင်လူကြီးက ပွဲပြီးဆုံးကြောင်း ကြေညာခဲ့သည်။ ယီယွင် သည် အုတ်ခဲကို ‌ကိုင်ကာ စင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

ပရိသတ်စင်များဆီသို့ လျှောက်သွားရင်း ယီယွင် က လှည့်ပြီး "ဒိုင်လူကြီး ဒီအုတ်ခဲ ငှားလိုက်မယ်နော်" ဟုဆိုကာ ယီယွင် က နှုတ်ဆက်စကားပြောကာ အုတ်ခဲကိုပြလိုက်လေသည်။

ဒိုင်လူကြီးက ထိုစကားကိုကြားတော့ ဘာမှမပြောနိုင်ဖြစ်ကာ နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ပြီး "ဒီလက်နက်ကို ... ကောင်းကင်ချုပ်နှောင်လို့ ခေါ်တယ်"

"ဟုတ်ပါတယ်၊ အတူတူပါပဲ။ ဒီလက်နက်က တော်တော်လေး သုံးရ အဆင်ပြေလို့ ကျေးဇူးပါ" ယီယွင် က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်‌ လေသည်။

ဘာလဲဟ။

ဝီရိယစိုက်ထုတ်ပြီးပြုလုပ်ထားသော ထို ကောင်းကင်ချုပ်နှောင်ကို ဒီလိုပုံစံနဲ့ အသုံးချလို့ရလို့လား။

ကောင်းကင် ချုပ်နှောင် ကို ပြုလုပ်သူသည် မိမိပြုလုပ်သော လက်နက်ကို ထိုကဲ့သို့သော ပုံစံဖြင့် ချီးမွမ်းခံရကြောင်း သိပါက သူ မည်သို့တွေးမည်ကို စဉ်းစားစရာပင် ဖြစ်သည်။

ထို့ကြောင့် ယီယွင် သည် ၎င်းထိုင်ရာနေရာသို့ ပြန်သွားလေသည်။ ကျိုးခွေ့ နှင့် စုန့်ကျစ်ကျွင်းတို့ပင် ယီယွင်အားမယုံနိုင်သော အကြည့်ဖြင့် ကြည့်နေလေသည် ။

ယီယွင်မှာ လူသားပုံသဏ္ဌာန်ရှိသော ရှေးဦးမျိုးစိတ်တစ်ခုနှင့်ပင် တူနေသည်။ ယီယွင် ကြီးပြင်းစဉ်က မည်သည့်ဆေးပင်များ စားသုံးခဲ့သည်ကို မသိရသော်လည်း၊ ကောင်းကင်ချုပ်နှောင်ကို အုတ်ခဲသဖွယ် အသုံးပြုကာ ဖန်းဟိုင်ကို သတိလစ်အောင် ရိုက်နှက်နိုင်ခဲ့‌လေသည်။

ယီယွင် သည် သူ့ရှေ့ရှိ ကျောက်စားပွဲပေါ်သို့ သွေးစွန်းနေသော အုတ်ခဲကို ချလိုက်လေသည်။

ဒါက တကယ်ပဲ...မင်းရဲ့ သိုင်းပညာ ဘယ်လောက်ကောင်းနေပါစေ မင်းကို အုတ်ခဲနဲ့ပဲ ထုမယ်။

"ခေါင်းလောင်းသံခြေလှမ်း" နှင့် "ရွှေဝါယော ဓားမောက်"လို့ ဘယ်လိုပဲ ခေါ်ခေါ် ထိုသိုင်းများမှာ အုတ်ခဲရှေ့တွင်တော့ အလုပ်မဖြစ်ပေ။

ယီယွင် သည် သူ့စိတ်ကို တည်ငြိမ်စေရန်အတွက် တရားထိုင်‌‌နေလေသည်။

လူသစ်အဆင့်သတ်မှတ်ချက်ပြိုင်ပွဲသည် ပြိုင်ကွင်းထဲတွင် ဆက်လက်ကျင်းပနေပါသည်။

ဤသို့ဖြင့် ဟုန်တောက်အသင်းမှာ အဖွဲ့ဝင်များသည် စိတ်ဓာတ်ကျလာ လေသည်။

သူတို့သည် ဆက်လက်အော်ဟစ်ခြင်း မပြုတော့ဘဲ၊ ရံဖန်ရံခါ စင်မြင့်ပေါ်တက်၍ပြိုင်ဆိုင်ခြင်းကလွဲ၍ ကျန်အချိန်များတွင် ငြိမ်သက်စွာနေထိုင်လာကြသည်။

အချိန်မရွေး သူတို့၏ ဦးခေါင်းပေါ်သို့ အုတ်ခဲတစ်လုံး ပြုတ်ကျလာနိုင်သဖြင့် ၎င်းတို့မှာ ဘယ်လိုမှ ရယ်မောနိုင်ခြင်းမရှိ‌ကြပေ။

"တောက် ငါတို့က အစ်ကို ဟိုင် အတွက် လက်စားချေရမယ်"

ဖုန်းဟိုင် သည် ဒဏ်ရာအတွက် ဆေးကုသမှု ခံနေရသော်လည်း သတိလစ်နေဆဲပင်ဖြစ်သည်။

ထိုယှဉ်ပြိုင်မှုမှာ ဖုန်းဟိုင်အား ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။

ဖုန်းဟိုင် သည် မူလက ရပ်တန့်၍မရနိုင်ပုံပင်။ ၎င်းမိသားစု၏ လျှို့ဝှက်ကျွမ်းကျင်မှုများကို ပြောင်မြောက်အောင် သရုပ်ပြသပြီး သိုင်းကွက်များ အထွတ်အထိပ်ကို ရောက်သည်နှင့် ယီယွင် ၏ ထိုးနှက်ချက်နှစ်ခုကြောင့် အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။ ၎င်းမှာ ကောင်းမွန်သော ခံစားမှုတော့ မဟုတ်ပေ။

"သတိထားနော် ‌အဲကောင်က သောက်ရမ်းထူးဆန်းတယ်" အနိုင်ကျင့် သခင်လေးပါးတို့တွင် အသက်အကြီးဆုံး ဖက်တီးကပြောလိုက်သည်။ ယီယွင် နှင့် ယှဉ်ပြိုင်ရမည့် အနိုင်ကျင့် သခင်လေးပါးထဲမှ တစ်ဦး ဖြစ်သည်။

တူညီသောအမှားများကို လုံးဝထပ်အဖြစ်မခံနိုင်တော့ပေ။ ထိုသို့ထပ်ဖြစ်လာပါက ၎င်းတို့ အနိုင်ကျင့် သခင်လေးပါးမှာ လုံးဝမျက်နှာပျက်သွားမည် ဖြစ်သည်။

"စတုတ္ထညီအစ်ကို၊ မင်းအလှည့်ရောက်ပြီ မင်းမျက်လုံးတွေကို ရှင်ရှင်ထားစမ်းပါ။ နောက်ကိုကြည့်လိုက် မင်းကိုသာ ယီယွင် အနိုင်ယူခဲ့မယ်ဆိုရင် ငါတို့ သခင်လေးပါက မြို့တော်ရဲ့ ‌ ငပေါ‌တွေ ဖြစ်သွားလိမ့်မယ်။

"ရပြီ ညီအစ်ကို" သခင်လေးပါးထဲမှ ငပိန်က ယုံကြည့်ချက်အပြည့်ဖြင့် ရင်ဘတ်ကို လက်ဖြင့်ပုတ်လိုက်လေသည်။

"ညီအစ်ကို ငါအပိုတွေ မပြောတော့ဘူး ငါ့အကြောင်း မင်းတို့ သိပါတယ်။ ငါ့အမြန်နှုန်းက ငါတို့လေးယောက်ထဲမှာ အမြန်ဆုံးပဲ။ ငါ့မျက်လုံးတွေက အလျင်ဆုံးပဲ။ တခြားသူတွေကို ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်လို့ ရရင်ရမယ် ငါတော့လာမလုပ်နဲ့..."ငပိန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။

ငပိန်၏ လှုပ်ရှားမှုများသည် အလွန်သွက်လက်လှသည်။ ထို့အပြင် ၎င်းမိသားစုမှာ ထိပ်တန်း လှုပ်ရှားမှုများတွင် ကျွမ်းကျင်ကြသည်။ ငပိန်၏ ရွေ့လျားမှုစွမ်းရည်တွင် ကောင်းမွန်သော စွမ်းရည်ရှိသောကြောင့် ထိုရွေ့လျားမှုစွမ်းရည်ကို နှစ်ပေါင်းများစွာ လေ့လာသင်ယူခဲ့ ပြီးနောက်တွင် ပထမအဆင့်သုံးဆင့်ကို ပြီးမြောက်အောင်မြင်ခဲ့သည်။

ကျင့်ကြံမှုအဆင့်တွင် ငပိန်ထပ်မြင့်သောအဆင့်မှ လူများစွာပင် သူ့ကို မတိုက်ခိုက်နိုင်ပေ။

သခင်လေးပါးမှ ဖက်တီးသည် ငပိန်နောက်မှ ယှဉ်ပြိုင်ရမည့်သူ ဖြစ်‌သောကြောင့် စိတ်သက်သာရာရသွား‌လေသည်။

ငပိန် သည် ယီယွင် ကို လက်တွေ့တွင် တိုက်ခိုက်နိုင်မည် မဟုတ်သော်လည်း ပြဿနာမရှိပေ။ ငပိန် ၏ လှုပ်ရှားမှုစွမ်းရည်ဖြင့် ယီယွင်အား တခဏအတွင်း မရှုံးနိမ့်လျှင်ပင် လုံလောက်ပြီဖြစ်သည်။

အနည်းဆုံးတော့ သူတို့ဟာ အဖွဲ့လိုက်တိုက်ပွဲလုပ်ဆောင်နေသည် ဖြစ်သည့် အတွက် ယီယွင် ၏ ခွန်အားများကုန်ခမ်းအောင် မိမိကလုပ်ဆောင်နိုင်ပါက ဂျပု စင်ပေါ်တက်သောအခါ ယီယွင်ကို သေချာပေါက် အမှောက်သိပ်နိုင်မည်ဖြစ်သည်။

ယီယွင် သည် ပွဲပြီးသောအခါတွင် တစ်နာရီခန့် အနားယူခဲ့သည်။

ထိုကာလအတွင်း ယီယွင် သည် လူသစ်များကြားတွင် ပွဲစဉ်များကို ကြည့်သော်လည်း စိတ်၀င်စားစရာပွဲမျိုး မတွေ့ခဲ့ပေ။

‘တိုင်အာ နတ်ကျင့်စဉ်'အား ယီယွင် မသင်ယူနိုင်မီက ထိုလူများ၏ ကျင့်ကြံခြင်းနည်းစနစ်သည် ယီယွင်အား အံ့ဩသင့်စေခဲ့သည်။ ယခုမူ 'တိုင်အာ နတ်ကျင့်စဉ်’သည် ထိုကျင့်ကြံခြင်းနည်းစနစ်များထပ် အလွန် ကောင်းမွန်သောကြောင့် ထိုနည်းစနစ်များကို အထင်မကြီးတော့ပေ။

ပြိုင်ပွဲများ တစ်ခုပြီးတစ်ခု ပြီးဆုံးသွားလေသည်။

လူသစ်အဆင့်သတ်မှတ်ချက်များလည်း အမြဲပြောင်းလဲနေလျက်ရှိသည်။

တချို့သော လူသစ်များသည် ပြိုင်ကွင်းထဲတွင် အနိုင်ရရှိကာ ပြုံးပြုံးရွှင်ရွှင်နှင့်ပင် စင်ပေါ်မှ ဆင်းသွားကြသည်။

တခြားသူများမှာ ကွင်းထဲတွင် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည်။ ထိုသူများသည် မိမိတို့၏မျှော်လင့်ချက်အတိုင်း အနိုင်မရခဲ့သည့်အတွက် စိတ်ပျက်နေလျက် ရှိကြသည်။

ယင်းသည်မှာ တိုင်အာ နတ်မြို့တော် ၏ ကျင့်ကြံသူများ အားလုံး ကြုံတွေ့ရမည့် အရာဖြစ်သည်။

သိုင်းပညာမှာ အမြတ်အစွန်းတွေ များသည်။ တစ်ခါတစ်ရံတွင်၊ မှော်ဆန်သောနယ်ပယ်မှ ဆုလာဘ်များသည် သင့်အား အနှစ်တစ်ရာကြာအောင် ပျော်ရွှင်စေနိုင်သည်။ သို့သော် ဘေးအန္တရာယ် တစ်ခုကြုံတွေ့ပါက သင့်ရဲ့ခြေလက်တွေအားလုံးကို ပျက်စီးစေကာ သိုင်းပညာအားလုံးကိုပင် ဆုံးရှံးနိုင်သော အချိန်များလည်း ရှိသည်။

သိုင်းပညာ လေ့ကျင့်သောအခါ ကြီးမားသော ပျော်ရွှင်မှု နှင့် ဆင်းရဲဒုက္ခများကို ခံနိုင်ရည်ရှိရမည်။ယခု လူသစ်အဆင့်ပြိုင်ပွဲ၏ အရှုံးသည် ပထမအဆင့်သာဖြစ်သည်။

ယီယွင် သည် မူလက ချူရှောင်ရန် နှင့် ချိုးနျို တို့၏တိုက်ပွဲကို မြင်ချင်သော်လည်း မည်သူမျှ ၎င်းတို့နှစ်ဦးအား စိန်ခေါ်ခဲ့ခြင်း မရှိပေ။

တွေးကြည့်ပါက ၎င်းတို့သည် သန်မာသည့်အတွက်ကြောင့် မည်သူမျှ ၎င်းတို့နှစ်ဦးအား စိန်မခေါ်၀င့်သည်ကို ယီယွင် သဘောပေါက်သွားသည်။ ဘယ်သူကမှ မိမိမှော်နဂါးကြေးပြားကို တခြားသူကို ပေးပြီး အရိုက်မခံချင်ကြပေ။

တတိယအဆင့်ဖြင့် မှော်နဂါး‌ကြေးပြား အများအပြားရှိပြီး အလွန်အားနည်းပုံပေါက်သော မိမိကိုသာ တခြားသူများအား ယှဉ်ပြိုင်ရန် ဆွဲဆောင်နေပုံရသည်။

"ကောင်လေး မင်း အရင်ကထပ်ပိုပြီး တိုးတက်လာတာလား"

ထိုအချိန်တွင် ကတုံးချင် သည် ယီယွင် ထံ လျှောက်လာခဲ့သည်။ ယီယွင် ၏နောက်ကျောကို ပုတ်လိုက်သည်။ ကတုံးချင် သည် ယီယွင်၏ တိုက်ပွဲ ကိုမြင်သောအခါ ယီယွင်၏ တိုးတက်မှုသည် ပမာဏအနည်းငယ်မျှ မဟုတ်ကြောင်း ခံစားမိလေသည်။

ယီယွင် က မတ်တပ်ထရပ်ပြီး ပြုံးကာ "ဆရာ ချင် မကြာသေးခင်ကမှ ကျွန်တော် ပိုပြီးတိုးတက်လာတာပါ..."

ယီယွင် သည် ‘တိုင်အာ နတ်ကျင့်စဉ်' ကို သင်ယူပြီးနောက်တွင် ၎င်း၏ နေအလင်းချီကို အသုံးမပြုသည့်တိုင် ယီယွင်၏ ခွန်အားသည် ယခင်နှင့်မတူတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယီယွင် ၏ ယွမ်ချီ စုဆောင်းမှု နှင့် သန့်စင်မှုတို့မှာ များစွာတိုးတက်လာသောကြောင့် ဖြစ်သည်။

ကတုံးချင် သည် အနည်းငယ်သာ ခံစားမိသော်လည်း တပ်အပ် မပြောနိုင်ပေ။

ကတုံးချင် သည် သူ၏ နတ်မျက်လုံး ဖွင့်ထားသော်လည်း၊ နတ်မျက်လုံး တွင် အဆင့်များစွာရှိသည်။ ဥပမာအားဖြင့် တိုင်အာ နတ်မြို့တော် ၏အကြီးအကဲ ကျန်းကဲ့ သည် ယီယွင် ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ခရမ်းရောင်သလင်းကျောက်မှလွဲ၍ အရာအားလုံးကို သူမြင်မည် ဖြစ်သည်။

ကတုံးချင် အတွက်တော့ ထိုကဲ့သို့ စွမ်းရည်မရှိသည်မှာ ထင်ရှားလှသည်။

ကတုံးချင် သည် ယီယွင် ရှေ့ရှိ ကျောက်စားပွဲပေါ်မှ အုတ်ခဲကို မြှောက်ကာ ကြည့်လိုက်သည်။

"အုတ်ကောင်းတစ်လုံးပဲ လေးလံခိုင်ခံတယ်"

“ကျွန်တော်လည်း အဲလိုပဲထင်တယ်” ယီယွင် ပြုံး၍ ပြောလိုက်လေသည်။

ယီယွင် သည် ကတုံးချင်အား အထင်ကြီးလေးစားသည်။ ကတုံးချင် က သူ့ကို တမင်ဂရုမစိုက်သော်လည်း နည်းပြဆရာအဖြစ် ရာနှုန်းပြည့် တာဝန် ကျေပွန်ကာ မိမိအား အကြံဉာဏ်များစွာပေးခဲ့လေသည်။

ထိုအချိန်တွင် ဒိုင်လူကြီးက "နတ်အရိုင်းမြေ စင်မြင့်၊ ၁၀၀၀၃ ယီယွင်၊ ၁၀၇၀၈၊ စွန်းယွမ် ပွဲအတွက် စင်ပေါ်တက်ပါ"

ယီယွင် အလှည့်သို့ရောက်ရှိလာပြီဖြစ်သည်။

ထို့အပြင် ပြိုင်ဘက်ဖြစ်သည့် မြို့တော်၏ အနိုင်ကျင့် သခင်လေးပါးမှ ငပိန်၏ နာမည်မှာ စွန်းယွမ် ဖြစ်သည်။

စွန်းယွမ်တွင် ချွန်‌နေသော နားရွက်များ နှင့် မျောက်ကဲ့သို့ပါးများ ရှိသည်။ သူ့၏ အထူးသီးသန့် လက်နက်မှာ ရုပ်ဆိုးခြင်းဖြစ်သည်။

စွန်းယွမ်မှာ ထူးဆန်းတဲ့အသံဖြင့် စင်ပေါ်ကိုခုန်တက်ကာ "ယီယွင် မြန်မြန်လာ တိုက်ခိုက်ဖို့အချိန် ရောက်ပြီ"

All Chapters