စွန်းယွမ် ရှုံးနိမ့်ခြင်း
Vol. 15 Ch. 218
စွန်းယွမ် သည် နတ်အရိုင်းမြေ စင်မြင့်ပေါ်မှ ယီယွင်အား ပြင်းပြင်းထန်ထန် အော်ဟစ်နေသည်။ ယီယွင် က မတ်တပ်ရပ်ကာ စားပွဲပေါ်မှ အုတ်ခဲကို ကောက်ယူလိုက်လေသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော လက်ရွေးစင် စစ်သည်များမှာ မယုံနိုင်အောင်ဖြစ်နေကြသည်။ယီယွင် က အုတ်ခဲတွေကို စင်ပေါ်ကို သယ်လာပြန်ပြီ။
ယီယွင်က ဖုန်းဟိုင်ကို အနောက်ကနေ အုတ်ခဲနဲ့ထုခဲ့တဲ့ အကွက်ပဲ စွန်းယွမ် ကိုပြန်သုံးမှာလား။
"စွန်းယွမ်" သည် ယခုအခါ ပြိုင်ဘက်အတွက် ပြင်ဆင်နေပြီ ဖြစ်သောကြောင့် ထိုအကွက်မှာ မည်သို့ထပ်မံကျရှုံးမည်နည်း။
"ဒီကောင် ယီယွင် မာနကြီးတာ သေချာတယ်။ သူက သန်မာပေမယ့် ရန်သူကိုတော့ လျှော့မတွက်သင့်ဘူး။ ဖုန်းဟိုင် နဲ့ရင်ဆိုင်တုန်းက အုတ်ခဲသုံးခဲ့တာ ဟုတ်ပေမယ့် အခု စွန်းယွမ်က အဲဒီအကွက်ကို သိပြီးသားလေ အဲဒါကို သူက ဒီအုတ်ခဲကို သုံးနေတုန်းပဲ"
"အုတ်ခဲက မာပေမယ့် သင့်တော်တဲ့ လက်နက်တော့ မဟုတ်ဘူး။ သူ့ဓားကို သုံးသင့်တယ်။ ရန်သူကို လျှော့တွက်တာက ကျရှုံးဖို့ သေချာတဲ့နည်းပဲ။ ယီယွင်က ဖုန်းဟိုင် ရဲ့ ခြေရာ နင်းနေတာလား။"
လူများမှာ စတင်တီးတိုးပြောနေကြသည်။ ထိုအချိန်မှာပင် ယီယွင် က အုတ်ခဲကို နတ်အရိုင်းမြေ စင်မြင့်ပေါ်ကို သယ်ဆောင်သွားပြီ ဖြစ်သည်။
စွန်းယွမ် က ယီယွင် ကိုကြည့်လိုက်တော့ လက်ထဲက အုတ်ခဲကို ကိုင်လာသည်ကို တွေ့လိုက်ရသည်။ သူက ပြုံးလျက် "မင်း ငါ့အပေါ် ဒီအကွက်ပဲ သုံးချင်တာလား ငတုံး"
ထိုစကားများကို စွန်းယွမ် ပြောလိုက်ပြီးနောက် သူ့ခြေနှစ်ချောင်းကို တဖြည်းဖြည်း စတင်လှုပ်ရှားလိုက်သည်။
စွန်းယွမ်၏ အရှိန်အဟုန်မှာ ထူးဆန်းလှသည်။ လှုပ်ရှားနေမှုများမှာ နှေးကွေးနေပုံရသော် သူ့ခြေထောက်များကို မြင်ရန်မှာ ခက်ခဲလှသည်။ ၎င်းမှာ အချိန်မတည်ငြိမ်မှုများ ဖြစ်လာသည့်အခါ ဖြစ်ပေါ်လာသည့် ပုံစံမျိုးပင်။
စွန်းယွမ်သည် ခြေလှမ်းအနည်းငယ် ရွှေ့ပြီးနောက် အရိပ်များမှာ ခန္ဓာကိုယ်နောက်တွင် ကျန်ရှိနေခဲ့သည်။ ထိုအရိပ်များသည် အချိန်အတော်ကြာကြာ တည်ရှိနေခဲ့ပြီး စွန်းယွမ်အစစ်အမှန်မှာ မည်သူဖြစ်သည်ကို ခွဲခြားရန် ခက်ခဲစေခဲ့သည်။
တစ်ခုပြီးတစ်ခု၊ စွန်းယွမ် ၏ နောက်ဆက်တွဲ ပုံရိပ်များ တိုးလာခဲ့သည်။
ထိုအရိပ်များမြင်တော့ လူများမှာ အံ့ဩလျက်ရှိသည်။ ၎င်းသည် စွန်း မိသားစု၏ ပုံရိပ်ယောင် ခြေလှမ်း ဖြစ်သည်။
ရွေ့လျားရန် အထူးအရှိန်အဟုန်ကို အသုံးပြုခြင်းဖြင့် ပြိုင်ဘက်သည် ပုံရိပ်ယောင် ခြေလှမ်း သရုပ်ပြသူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ခွဲခြားရ ခက်ခဲစေသည်။ တစ်ချိန်တည်းမှာပင်၊ ခြေလှမ်းတိုင်းကို ယွမ်ချီ စွမ်းအား အသုံးပြုပြီး ပုံရိပ်ယောင်တစ်ခုကို ဖန်တီးသည်။ထို ပုံရိပ်ယောင်မှာ အစစ်နှင့် ခွဲမရအောင်ပင် ဆင်တူလှသည်။
ပြိုင်ဘက် ကို ရှာမတွေ့ပါက မည်သို့တိုက်ခိုက်မည်နည်း။
အလားတူပင်၊ ပြိုင်ဘက်၏ နေရာကို မသိပါက ၎င်း၏ တိုက်ခိုက်မှုများသည် မည်သည့်နေရာမှ ပေါ်လာမည်ကို မသိနိုင်ပေ။ စွန်းယွမ်၏ တိတ်တဆိတ် တိုက်ခိုက်ခြင်းကို လွယ်ကူခံရမည် ဖြစ်သည်။
'ပုံရိပ်ယောင် ခြေလှမ်း' သည် စွန်းမိသားစု၏ အဓိက အမွေအနှစ် ဖြစ်သည်။ စွန်းယွမ် သည် ၎င်း၏ ထူးချွန်သော စွမ်းရည်ဖြစ်သည့် ပုံရိပ်ယောင် ခြေလှမ်းကို အသုံးပြုကာ မြို့တော်၏ အနိုင်ကျင့် သခင်လေးပါး အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ပုံရိပ်ယောင်ခြေလှမ်းမှ စွန်းယွမ်၏ ကိုယ်ခန္ဓာအစစ်ကိုမဖော်ထုတ်နိုင်သ၍ ၎င်းအား တိုက်ခိုက်၍ မရနိုင်ပေ။
ထပ်မံထွက်ပေါ်လာသော ပုံရိပ်များမှာ ယီယွင်အား ပတ်လည်ဝိုင်းထားလျက် ရှိသည်။ နောက်ထပ် ပုံရိပ်များ ပို၍ပင် များပြားလာလေသည်။ ပုံရိပ်တစ်ခုစီတိုင်းသည် ခန္ဓာကိုယ်အစစ်ဖြစ်နိုင်ပြီး စွန်းယွမ်က ယီယွင် အား အချိန်မရွေးတိုက်ခိုက်နိုင်သည်။
လာရောက်ကြည့်ရှုသော လက်ရွေးစင်အားလုံးမှာ အားနည်းသူများ မဟုတ်ကြပေ။၎င်းတို့သည် အဝေးမှ ကြည့်နေကြပြီး စွန်းယွမ်၏ ပုံရိပ်ယောင် ခြေလှမ်းမှ မည်သည်က စွန်းယွမ် ၏ ခန္ဓာကိုယ်အစစ်ကို တော်တော်များများမှာ မပြောနိုင်ကြပေ။
“ပုံရိပ်ယောင် ခြေလှမ်း မှ ဖန်တီးထားတဲ့ ပုံရိပ်တွေကြားထဲမှာ ဘယ်ဟာ တကယ့်အစစ်လဲဆိုတာ ငါတော့ မပြောနိုင်ဘူး”
"စွန်း မိသားစုရဲ့ လျှို့ဝှက်နည်းစနစ်တွေ မျှော်လင့်ထားသလိုပဲ ယီယွင် ဘယ်လိုပြန်တိုက်မလဲ မသိဘူး"
လူအများက ချီးကျူးစပြုလာကြသည်။ စွန်းယွမ်သည် အခြေအနေကို ဖြည်းဖြည်းချင်း ထိန်းချုပ်လာနိုင်သည်ကို မြင်လိုက်ရပြီး သူ့ကိုယ်သူ ကျေနပ်လျက်ရှိသည်။ စွန်းယွမ်၏ ကျွမ်းကျင်မှုမှာ ခွန်အားကို အခြေခံသည်။ ထိုလှုပ်ရှားမှုများသည် ယီယွင်၏ တိုက်ခိုက်မှု အပြည့်အ၀ တန်ပြန်နိုင်လေသည်။
ဓားရှည်ကိုင်သူ သို့မဟုတ် ဓားမောက်သမားဆိုပါက စွန်းယွမ်၏ ခန္ဓာအစစ်အမှန်ကို မရွေးချယ်နိုင်လျှင် ၎င်းတို့သည် ဓားသွားများကို လွှဲကာ သိမ်းကျုံးတိုက်ခိုက်နိုင်သည်။
ထိုသို့ဆိုလျှင် စွန်းယွမ် ၏ ပုံရိပ်ယောင် ခြေလှမ်း သည် မည်မျှပင် လက်ရာမြောက်သည်ဖြစ်စေ ၎င်းမှာ ရင်ဆိုင်တိုက်ခိုက်ရန် ရုန်းကန်ရပေလိမ့်မည်။ ထိုသိုင်းနည်းစနစ်၏ ချို့ယွင်းချက်များကို ဓားသွားချက်များ ဖြင့်လွယ်ကူ ဖော်ထုတ်နိုင်မည် ဖြစ်သည်။
သို့သော် ယီယွင်လက်ထဲတွင် အုတ်ခဲတစ်လုံးသာရှိသည်။ သူ၏ တပ်တစ်ထောင် ဓားမောက်အား ကို စင်အောက်တွင် ထားခဲ့လေသည်။ အုတ်ခဲတစ်လုံး၏ တိုက်ခိုက်မှုမှာ လုံလောက်သော အရှိန်အဟုန်အား မထုတ်လွှတ်နိုင်ပေ။
ဘယ်သူက သတိမမူတာလဲ။
ရန်သူကို လျှော့တွက်ရင် ရလဒ်က ဒီလိုပဲဖြစ်မှာ။
ယခုအချိန်၌ စင်မြင့်အလယ်တွင် ယီယွင်မှာ အုတ်ခဲကို ကိုင်ထားကာ ရပ်နေလျက်ရှိသည်။တကယ်တမ်းတွင် ယီယွင်လည်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေလေသည်။
စွန်းယွမ်တွင် ၎င်း၏လှည့်ကွက်များ မကုန်သေးသည်မှာ သေချာသည်။
ယီယွင်မှာ နတ်မျက်လုံး ပွင့်ထားပြီးသားဖြစ်သည်။ နတ်မျက်လုံးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် စွန်းယွမ် ရဲ့ ခန္ဓာကိုယ်အစစ်အမှန်မှာ ယီယွင်ထံတွင် ပုန်းအောင်းနိုင်မည် မဟုတ်ပေ။
ထိုဖန်ဆင်းထားသော နတ်မျက်လုံးအား အသုံးမပြုပဲ ယီယွင်သည် မျောက်တစ်ကောင်လို ခုန်ပေါက်နေသည် စွန်းယွမ်အားကို မြင်နိုင်ရန် ခရမ်းရောင်သလင်းကျောက်ဖြင့် ယီယွင်၏အမြင်အာရုံကို ဖွင့်ကာ ၎င်းကိုရှာဖွေနိုင်သေးသည်။
ယီယွင် တွင် စွန်းယွမ် ကို ရှာဖွေနိုင်မည့် နည်းလမ်းပေါင်း ရာချီ ရှိသည်။
စွန်းယွမ်မှာ မိမိအား တူညီသောအကွက်ကို ထပ်မံအသုံးပြု၍မရနိုင်ဘူးဟု ထင်မြင်ယူဆနေသည်။ သူ့ကိုယ်သူ သူတော်စင် စစ်သည်တစ်ပါးဟု ထင်နေပုံပင်။
ထိုအချိန်တွင် စွန်းယွမ် ၏ ပုံရိပ်အတုများသည် ယီယွင်နှင့် ကိုးမီတာအကွာအထိ ချဉ်းကပ်လာလေသည်။
စစ်သည်များ အတွက် ထိတွေ့တိုက်ခိုက်ရန်မှာ မခက်ခဲလှပေ။ တိုက်ခိုက်မှုတစ်ခု စတင်မှာ စက္ကန့်ပိုင်းလောက်သာကြာသည့် ကိစ္စဖြစ်သည်။
“ကောင်းပြီ”
အနိုင်ကျင့်သခင်လေးပါးမှ ဖက်တီး ၏ မျက်လုံးများ တောက်ပလာသည်။ စွန်းယွမ်၏ နောက်ဆက်တွဲ ပုံရိပ်တုများမှာ ပြိုင်ဘက်နှင့် ကိုးမီတာပတ်လည် အတွင်းသို့ ထုတ်လွှတ်ကာ ခန္ဓာကိုယ်အစစ်အမှန်အား ဖုံးကွယ်ခြင်းကြောင့် တချို့ ပုံရိပ်တုများမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
စွန်းယွမ် သည် ယီယွင်အား အနိုင်ယူနိုင်မည်ဟု ဖက်တီး က မမျှော်လင့်ထားပေ သို့သော် ယခု စွန်းယွမ်မှာ အသာစီးရနေပုံပေါ်သည်။
“တိုက်လိုက်တော့”
စွန်းယွမ်ကစတင် လှုပ်ရှားလိုက်ကာ ယီယွင်၏ နောက်ဖက်မှ ရုတ်တရက် တိုက်ခိုက်လိုက်သည်။
ကိုးမီတာအကွာအဝေးမှ ချက်ချင်းပင် အနားရောက်သွားလေသည်။
စွန်းယွမ် သည် သူ့လက်စွပ်အတွင်း ဝှက်ထားသည့် ပါးလျ ပျော့ပြောင်းသော ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဓားသွားမှ လေထဲတွင် အလွယ်တကူ မမြင်နိုင်လောက်သည့်အထိ ပါးလျပျော့ပြောင်းလှသည်။
ထို ပျော့ပျောင်းသောဓားသည် တွင်းပေါက်မှထွက်သော အဆိပ်ရှိ မြွေတစ်ကောင်လိုပင်။ ယီယွင် ရဲ့ နောက်ကျောဘက်သို့ ရောက်သည်နှင့် တပြိုင်နက်မှာပင် ၎င်း၏လက်ကို မြှောက်ကာ လျို့၀ှက်လက်နက်များ ပစ်လွှတ်လိုက်သည်။
ထိုလျို့ဝှက်လက်နက်များသည် သိသာထင်ရှားသော ပုံစံများမဟုတ်သည့် အပ်ပျံများဖြစ်သည်။
စွန်း မိသားစု၏ အပ်ပျံများမှာလည်း အလွန်ကျော်ကြားသည်။ ပျံထွက်သွားသော အပ်များကို ဓါးအလင်းတန်းများက နှောရောနေမည် ဖြစ်သည်။ သာမာန်ပြိုင်ဘက်က ထိုအပ်များကို ရှောင်ရန်သာမက အပ်များကိုပင် တွေ့ရန် မလွယ်ကူလှပေ။
ပြိုင်ဘက်သည် ပုံရိပ်အတုများကြားတွင် ဝေခွဲမရဖြစ်နေပြီး ထွက်ပေါ်လာသော ဓါးအလင်းတန်းကို ရှောင်နိုင်ခဲ့လျှင်ပင် အပ်ပျံများကို ရှောင်နိုင်မည်မဟုတ်ပေ။ထိုသို့ တိုက်ခိုက်ပုံမှာ စက်ဆုပ်ဖွယ်ကောင်းသည်ဟု ဆိုနိုင်ပါသည်။
ဖုန်းဟိုင် ၏ ကျရှုံးမှုကို သင်ခန်းစာတစ်ခုအနေဖြင့်ယူကာ စွန်းယွမ် က သူ့၏ လှုပ်ရှားမှုအားလုံးကို အစွမ်းကုန် အသုံးပြုကာ ယှဉ်ပြိုင်ခဲ့လေသည်။
ထိုသို့ ပုံရိပ်ယောင်များနှင့် ယီယွင် အနားသို့ ချဉ်းကပ်ကာ ပျော့ပျောင်းသော ဓားနှင့် လျို့ဝှက်လက်နက်များ ပေါင်းစပ် တိုက်ခိုက်ခဲ့သည့် စွန်းယွမ် မှာ အနိုင်ရမည်ဟု ယုံကြည့်နေလေသည်။
ထိုကောင်လေး ယီယွင်မှာ မာနကြောင့်အရှုံးနှင် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ အုတ်ခဲတစ်လုံးနဲ့ အနိုင်ရမယ်လို့ သူထင်နေတာလား။
စွန်းယွမ်က တွေဝေမနေပဲ ယီယွင်၏ နှလုံးဆီသို့ ဓားဖြင့်ထိုးလိုက်သည်။
လျို့ဝှက် လက်နက်များမှာလည်း ခန္ဓာကိုယ်အနှံ့ ထိုးဖောက်ဝင်ရောက် လာသည်။
ထိ…
" ချာ "
ပျော့ပျောင်းသောဓားသည် ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက် သွားသည်။
သို့သော် စွန်းယွမ် ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
ဓားမှာ ခန္ဓာကိုယ်၏ ယွမ်ချီ အကာအကွယ်ကို ထိုးဖောက်၀င်ရောက်ကာ ဓားဖြင့်ထိုးလိုက်သကဲ့သို့ ခံစားချက်မျိုး မရရှိပေ။
ထိုအခိုက်တွင် ယီယွင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မှုန်ဝါးသွားသည်။
ပုံ….ပုံရိပ်အတုလား
စွန်းယွမ်သည် အလွန်အံ့သြသွားသည်။ သူဓားနဲ့ထိုးလိုက်သည်မှာ ယီယွင်၏ ပုံရိပ်ယောင် တစ်ခုပေလော့။
ပုံရိပ်ယောင် ခြေလှမ်း သည် ယွမ်ချီ နှင့် ပေါင်းစပ်ပြီးနောက် ပုံရိပ်များကို ဖန်တီးပေးသော ဆန်းကြယ်သောနည်းစနစ်ဖြစ်သည်။ ယီယွင် သည် ပုံရိပ်ယောင် ခြေလှမ်း ကို မသိသော်လည်း အကြွင်းမဲ့ အရှိန်ဖြင့် ယီယွင်မှာ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးနိုင်သည်။
အကြောင်းမှာ မူလရုပ်ပုံသည် လူ၏မျက်လုံးအာရုံတွင် စက္ကန့်ပိုင်းခန့် ဆက်လက်တည်ရှိနေသောကြောင့်ဖြစ်ပြီး၊ ထိုဖြစ်စဉ်မှာ ပုံရိပ်ယောင်၏ အကြောင်းရင်းဖြစ်သည်။ နတ်မျက်လုံး ဖွင့်ခြင်းမရှိပါက မျက်လုံးထဲတွင် ကျန်ရစ်ခဲ့သော ထိုပုံရိပ်ယောင်ကို ခွဲခြား၍မရနိုင်ပေ။
စွန်းယွမ် ၏မျက်လုံးထဲတွင် ကျန်ခဲ့သော ယီယွင်၏ ပုံရိပ်အတုကိုသာ ဓားဖြင့်ထိုးလိုက်ခြင်း ဖြစ်သည်။
စွန်းယွမ်မှာ အခြေနေမဟန်တော့ဘူးဆိုသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ နောက်ဆုတ်သို့ အမြန်ဆုတ်လိုက်သော်လည်း သူ့၏ အနောက်ဘက်မှ လေသံကြားလိုက်ရသည်။
ယီယွင်စိတ်ထဲတွင် ပြင်းထန်သော ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။ စွန်းယွမ်မှာ ဦးခေါင်းနောက်ဘက်မှ ထုံကျင်သွားသည်ကို ခံစားရသည်။ ထိုသို့အခြေအနေမှာ ရှောင်ထွက်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း... အရာအားလုံးမှာ နောက်ကျသွားပြီဖြစ်သည်။
"ဒေါင်"
ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ယီယွင် က စွန်းယွမ်၏ ခေါင်းကို အုတ်ခဲဖြင့် ထုလိုက်လေသည် ။
စွန်းယွမ်၏ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး ခေါင်းနောက်ဘက်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ အမြင်အာရုံများ မှောင်မိုက်လာကာ ချက်ချင်းမူးဝေသွားတယ်။
သော…သောက်...ခွေး…
စွန်းယွမ် က စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ မျက်လုံးကိုဖွင့်ကာ ခန္ဓာကိုယ်ကို ထိန်းရန်အတွက် ရှိသမျှ အားကုန်သုံးသော်လည်း အရာအားလုံးက အချည်းနှီးသာဖြစ်ပြီး၊ နာကျင်မှုများသာ တိုးလာခဲ့သည်..။
စွန်းယွမ်အား အုတ်ခဲဖြင့် တစ်ချက်ထုရုံဖြင့် ပွဲမပြတ်သေးကြောင်း သတိပြုမိသောအခါ ယီယွင် အံ့သြသွားသည်။ ထို အနိုင်ကျင့် သခင်လေးပါးမှာ အမှန်ပင် ခံနိုင်ရည်ရှိသည်။ ထိုသခင်လေးပါးမှာ ယခင်က အုတ်ခဲဖြင့် အထုခံဖူးသည် အတွေ့ကြုံရှိပုံပင်။
ယီယွင် က စွန်းယွမ် ရဲ့ ပုခုံးကို ပုတ်ကာ "ငါပြောသားပဲ မင်းရဲ့ မျောက်လို ခုန်ပြီး ထုတ်နေတဲ့လှည့်ကွက်တွေက တိုက်ပွဲမှာ ဘာများ ထူးထူးခြားခြား ဖြစ်စေလို့လဲ၊ တည်တည်ငြိမ်ငြိမ် တိုက်တာ အကောင်းဆုံးပဲ..."
ထိုသို့ ပြောနေစဉ် ယီယွင်က အုတ်ခဲကို အသာလေး မြှောက်လိုက် လေသည်။
စွန်းယွမ်က တစ်စုံတစ်ခုကို ပြောရန် ပါးစပ်လှုပ်သွားသော်လည်း သူ့တွင် အခွင့်အရေးမရှိပေ။အသံထွက်ရန် ခက်ခက်ခဲခဲ ကြိုးစားနေချိန်၌ ယီယွင် ၏ ဒုတိယအုတ်ခဲသံ ထွက်ပေါ်လာကာ ပထမဒဏ်ရာပေါ်သို့ ထုလိုက်လေသည်။
"ဒေါင်"
နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာကာ စုစုပေါင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့သည်။
စွန်းယွမ် ဟာ တူဖြင့် အရိုက်ခံထားရသော သံချောင်းလိုပင်။ တစ်ကိုယ်လုံး တုန်တုန်ယင်ယင်နှင့် မျက်လုံးများ မှိတ်ကာ မြေပြင်ပေါ်သို့လဲကျ သွားလေသည်။
စွန်းယွမ်၏ နောက်ဆုံးပြောရန်ကြိုးစားခဲ့သောစကားများကို မည်သူမျှ မသိခဲ့ကြပေ။
အုတ်ခဲကို လက်ထဲတွင်ကိုင်ထားရင်း ယီယွင် သည် လက်ကောက်ဝတ် အကြောများကို ဖြေလျော့လိုက်သည်။
ထို့သို့ ပြိုင်ပွဲပြီးဆုံးသွားသည်ကိုမြင်တော့ ပရိသတ်အားလုံးမှာ ငြိမ်သက်နေလျက်ရှိသည်။
စွန်းယွမ် သည် ၎င်းတို့ စွန်း မိသားစု၏ လျှို့ဝှက်နည်းစနစ်ဖြစ်သည့် ပုံရိပ်ယောင် ခြေလှမ်း ကို အသုံးပြုကာ ပုံရိပ်ယောင် ၃၆ ခုကို ခွဲထုတ်ခဲ့သည်။ သူ၏ လှုပ်ရှားမှုသည် အလွန်ဆန်းကြယ်ပြီး သွက်လက်လှသည်။
သို့သော် ရလဒ်မှာ... အုတ်ခဲဖြင့် အထုခံလိုက်ရခြင်းဖြစ်သည်။
ယီယွင် က စင်ပေါ်သို့ နှစ်ကြိမ်တက်လာပြီး လူနှစ်ယောက်ကို အနိုင်တိုက်ရန်အတွက် အုတ်ခဲဖြင့် နှစ်ကြိမ်ရိုက်ခဲ့သည်။
ဒါဘယ်လိုကျွမ်းကျင်သူတွေရဲ့ ပြိုင်ပွဲလဲ။
တိုင်အာနတ်မြို့တော်သို့ ရောက်လာသူတိုင်းသည် ကျွမ်းကျင်သူများသာဖြစ်သည်။၎င်းတို့၏ တိုက်ပွဲများကို ဓားအလင်းတန်းတွေ၊ ကောင်းကင် တှုန်လှုပ်စေနိုင်သည့် အရှိုန်အဟုန်တို့ဖြင် ပြည့်နှက်နေသင့်သည်။
မင်း ဘယ်လိုပဲဖြစ်နေပါစေ အမှောက်သိပ်ရန်အတွက် အုတ်ခဲဖြင့် နှစ်ချက်သာထုရန် လိုသည်။
ထိုအခိုက်အတန့်တွင် နတ်အရိုင်းမြေ စင်မြင့်ပေါ်မှ ယီယွင် သည် အုတ်ခဲကိုဘေးတွင်ချကာ ငုတ်တုတ်ထိုင်လိုက်လေသည်။ထို့နောက် စွန်းယွမ် ၏လက်ကို ဖမ်းကိုင်လိုက်ပြီး သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်သည်။
ထိုလက်စွပ်မှာ အလောင်းကြေးထဲတွင် ပါ၀င်သည် ဖြစ်သဖြင့် အနှေးနဲ့အမြန်ဆိုသလို မိမိထံရောက်လာမည့် ဖြစ်သဖြင့် ယီယွင်ကချွတ်ယူထားလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်"
ယီယွင် က ရန်ဆွသောလေသံဖြင့် ပြောသော်လည်း၊ စွန်းယွမ် မကြားနိုင်တော့ပေ။
ဒီမြင်ကွင်းကိုမြင်တော့ သခင်လေးပါမှ ဖက်တီးမှာ ကွင်းအပြင်တွင် ဒေါသတကြီးဖြစ်နေလေသည်။ သူ့မျက်နှာတွင် အဆီတ၀င်၀င်းနှင့်ပင်။
ငပိန် လည်း ရှုံးသွားပြီ။
ငပိန် လက်စွပ်ကို ယူသွားပြီး မှော်နဂါးကြေးပြား ၁၀၀၀ ဆုံးရှုံးပြီ ဖြစ်သည်။
ယခင်ပွဲနှင့်အတူ သခင်လေးပါးမှာ မှော်နဂါးကြေးပြား ၂၀၀၀ နှင့် သိုလှောင်လက်စွပ် ၂ကွင်း ဆုံးရှုံးသွားပြီဖြစ်သည်။
မြို့တော်၏ လမ်းများပေါ်မှာ တခြားသူများနှင့် ဆုံကြသောအခါ “အိုး မင်းက အနိုင်ကျင့် သခင်လေးပါးထဲမှာ အကြီးဆုံးမလား။ မင်းအကြောင်း ငါကြားဖူးတာကြာပြီ။ မင်းတို့ထဲက ညီအကိုနှစ်ယောက်က တိမ်တိုက်ရိုင်းနယ်ကလာတဲ့ ကောင်လေးရဲ့ အုတ်ခဲနဲ့အရိုက်ခံရပြီး ပိုင်ဆိုင်မှုတွေအကုန်လုံး ပေးလိုက်ရတာမလား မင်းတို့ရဲ့နာမည်ကို ကြားဖူးကြာပြီ။အခုမှပဲ တွေ့ဖူးတော့တယ်…"
ထို့သို့တွေးမိကာ ဖက်တီးမှာ မျက်စိပျက်မျက်နှာပျက် ဖြစ်နေလေသည်။ ထို့အတိုင်းသာ ဆက်သွားနေပါက သူတို့ကို ဘယ်သူမှအနိုင်ကျင့် သခင် လေးပါးဟုခေါ်တော့မည် မဟုတ်ပဲ မျိုးမစစ် လေးကောင် ဟူ၍ပင် ပြောင်းလဲ ခေါ်ဆိုကြပေတော့မည်။