ညီအစ်ကို မင်းက နုံအလွန်းတယ်
Vol. 15 Ch. 219
“အကိုကြီး…အကိုကြီး…”
အနိုင်ကျင့်သခင်လေးပါးမှ ဂျပုမှာ အားငယ်စွာဖြင့် ဖက်တီး အား "နောက်တခါ ကျွန်တော် အလှည့်လား၊ ကျွန်တော်ပြန်ချနိုင်မယ်... မထင်ဘူး"
ဂျပု၏ စွမ်းရည်မှာ စွန်းယွမ်နှင့် တော်တော်လေး ဆင်တူသည်။
ဖုန်းဟိုင် ရှုံးနိမ့်ရခြင်းမှာ ယီယွင်ကို လျှော့တွက်မိခြင်းကြောင့် ဖြစ်သည်။ သို့သော် စွန်းယွမ် မှာ ၎င်းတတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။ သို့သော် စွန်းယွမ်မှာလည်း ယီယွင် ၏ အုတ်ခဲထုချက်ကို ခံခဲ့ရသည်။ ၎င်းမှာ ခွန်အား အကြွင်းမဲ့ ကွာခြားမှုကြောင့်ဖြစ်သည်။
ဂျပု သည် အခြေအနေကို လက်ခံရန် မည်မျှပင် တွန့်ဆုတ်နေပါစေ၊ ထိုအချက်ကို ဝန်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။
ယီယွင် က ၎င်းထက် သန်မာလေသည်။
ဖက်တီးမှာ နှုတ်ဆိတ်လျက်ရှိသည်။ သူ့တွင်လည်း ဘာမှပြောစရာမရှိ ဖြစ်နေလေသည်။
အခု ငါတို့ ဘာလုပ်ကြမလဲ။
သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို လောင်းကြေးထပ်ခဲ့သည်။ မတိုက်ပဲ ဒီအတိုင်း အရှုံးပေးမှာလား။
အနိုင်ကျင့် သခင်လေးပါး သာမက နောက်ထပ် ဟုန်တောက် အသင်းမှ လူအများအပြား ကျန်ရှိသေးသည်။ သူတို့အားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လျက် ရှိသည်။ တော်တော်များများက ယီယွင် နဲ့ ယှဉ်ပြိုင်ရန် စာရင်းပေးထားကြသည်။ ၎င်းတို့၏ လောင်းကြေးများကိုပင် ပေးအပ်ခဲ့ပြီးဖြစ်၍ ပြောင်းလဲ၍မရတော့ပေ။
အခုအချိန် သူတို့ လောင်းကြေးထပ်ခဲ့မိသည့် အတွက် နောင်တရကြီးစွာ ရနေလေသည်။
ယီယွင် သည် ယခုကဲ့သို့ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့သိခဲ့လျှင် သေသည့်တိုင် ယီယွင်အားနှောင့်ယှက်မိမည် မဟုတ်ပေ။
ယီယွင် ခွန်အား ကြီးမားနေရင်တောင် ပြဿနာမဟုတ်ပေ။သို့သော် ၎င်း၏လက်နက်မှာ အုတ်ခဲဖြစ်နေခြင်း ကြောင့်ပင်။ ယီယွင်နှင့် တိုက်ခိုက်ပါက အုတ်ခဲဖြင့် သတိလစ်ရမည်ဖြစ်သည်။
သူရဲကောင်းများအတွက်တော့ ပြိုင်ပွဲတွင် ဂုဏ်သိက္ခာ မဆုံးရှုံးသရွေ့ အရှုံးကို ကျေကျေနပ်နပ် လက်ခံကြမည် ဖြစ်ပါသည်။
သို့ရာတွင် အုတ်ခဲဖြင့် အထုခံရခြင်းကြောင့် ဆိုသည်မှာ ရှက်စရာကောင်းလွန်းသည်။
ယီယွင် သည် ကောင်းကင် ချုပ်နှောင် ကို စင်ပေါ်သို့ သယ်ဆောင်လာခဲ့သည်။
ပထမနေ့တွင် ဆယ့်နှစ်ပွဲယှဉ်ပြိုင်ခဲ့ကြသည်။ တစ်နာရီ ပွဲတစ်ပွဲနှုန်းဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။တစ်နေ့လုံး မိုးလင်းမှ ညနေအထိ စုစုပေါင်း ၁၂ နာရီကြာ ပြိုင်ပွဲဝင်ယှဥ်ပြိုင်ရပေသည်။
ယီယွင်၏ဒုတိယပွဲအပြီးမှာတော့ မိမိအား ပတ်ဝန်းကျင်ကလူများက အံ့သြဖွယ်ရာ တစ်ခုအသွင် ကြည့်နေသည့်ကို ခံစားမိသည်။
တိုင်အာ နတ်မြို့တော်တွင် သင်သည် သန်မာနေသရွေ့ နှိမ့်ကျသော နောက်ခံမှ ဆင်းသက်လာသူ ဖြစ်လျှင်ပင် လေးစားခံရမည် ဖြစ်သည်။
ယီယွင်သည် ၎င်း၏တတိယပွဲမစမီအထိ အချိန်အတန်ကြာ တရားထိုင်နေလေသည်။
ပြိုင်ဘက်မှာ အနိုင်ကျင့် သခင်လေးပါးမှ ဂျပု ဖြစ်သည်။
ယီယွင် စင်မြင့်ပေါ်ပြန်တက်လာသောအခါ သွေးစွန်းနေသော အုတ်ခဲများကို လက်ထဲတွင် ကိုင်ထားသည်ကို မြင်လိုက်သောအခါ ဂျပု၏ စိတ်ဓာတ်မှာ အစိတ်အပိုင်းများစွာ ပြန့်ကျဲသွားလေသည်။
ပွဲမစခင် ဂျပု က "ခဏနေဦး ငါပြောစရာရှိတယ်"
"ဘာများပါလဲ"
ယီယွင် အံ့သြတကြီးဖြင့် ဂျပု ကိုကြည့်လိုက်သည်။
ဂျပု က တံတွေးမြိုချကာ "အဲဒါ... မင်းရဲ့လက်နက်ကို ပြောင်းလို့ရမလား" ဟု ပြောလိုက်လေသည်။
"ပြောင်းရမယ် ဘာလို့လဲ"
ယီယွင် သည် အံ့ဩသော အကြည့်ဖြင့် ဂျပု ကို ကြည့်လိုက်သည်။
ဂျပုက ဘာမှဆက်မပြောပဲ နေလေသည်။ ဆိုလိုသည်မှာ အုတ်ခဲနှင့်တော့ မရှုံးချင်ပေ။ ၎င်းမှာရှက်စရာကောင်းလွန်းသောကြောင့် ပြောမထွက်နိုင် ဖြစ်နေလေသည်။
အဆုံးစွန် ဆိုလျှင်မည်သူမျှ “အုတ်ခဲတစ်လုံးနဲ့ ထုတာကို မခံချင်ဘူး။ ငါ့ကို အမှောက်ချဖို့ တခြားလက်နက်ကို ပြောင်းလိုက်ပါ”ဟု မပြောလိုပေ။
၎င်းမှာ တိုက်ပွဲမစခင်ကတည်းက အရှုံးကိုကြိုပြီး ဝန်ခံထားသည်ဆိုသော အဓိပ္ပာယ်ဖြစ်သည်။
အကယ်၍ မြို့တော်ကို ပြန်ရောက်ရပါက ရှက်စရာကိစ္စမှာ ထပ်တူ ကြုံရဦးမည်ဖြစ်သည်။ အခြားသူများက အနိုင်ကျင့်သခင်လေးပါးက လောရှည်နှင့် ငပိန်မှာ အုတ်ခဲနဲ့ အထုခံရပြီးရှုံးနိမ့်သွားသည်ဟု ဆိုကြပေမည်။ ဒါပေမယ့် နောက်ပိုင်းမှာ ဂျပု က အုတ်ခဲတစ်လုံးနဲ့ မရှုံးချင်ဘူးလို့ တောင်းဆိုတာကြောင့် ယီယွင်က အခြားလက်နက်တစ်ခု ပြောင်းပြီး သူကို အနိုင်ယူခဲ့ခြင်းဖြစ်သည်ဟု ပြောကြပေမည်။
၎င်းကိုတွေးမိပြီး ဂျပု မှာ ဒေါသထွက်လျက်သည်။
ဒါပေမယ့် ယီယွင် က "ငါမပြောင်းပါဘူး။ ဒီ ကောင်းကင် ချုပ်နှောင် က အရမ်းအဆင်ပြေတယ်။ ငါပြောင်းမယ်ဆိုရင်တောင် တူနဲ့ဖြစ်ဖြစ် ပြောင်းပစ်မယ်" ဟု ပြောလိုက်လေသည်။
ယီယွင် က ထိုသို့ပြောသောအခါ ဂျပု သည် သူ၏နှလုံးသားကို ရွှံ့နွံထဲနစ်ကာ သားရဲ ၁၀၀၀၀ခန့် နင်းခြေသွားသလို ခံစားလိုက်ရသည်။
လူတွေကို ပုတ်ခတ်ပြောဖို့ စွဲလန်းနေတဲ့ကောင်။
ဂျပု ဒေါသထွက်လာသည်။
"မင်းနဲ့ငါ တိုက်မယ်"
ဂျပု က သူ့ဓားကွေးကို ဆွဲထုတ်ပြီး ယီယွင် ဆီသို့ အားကုန်ပြေးလာသည်။
ယီယွင် ရှေ့သို့ အမြန်ပြေးလာသောအခါ ဂျပု ၏ ခန္ဓာကိုယ်သည် မှုန်ဝါးလာသည်။ သူ့လက်စွပ်ကို ထိလိုက်ကာ အော်လိုက်သည်။
"ကိုယ်ပွား နည်းစနစ်"
ထိုအော်သံကြောင့် ဂျပုမှာ နှစ်ကိုယ်ကွဲသွားသည်။
ဘာလဲ
ထိုသို့ဖြစ်ပေါ်လာသဖြင့် လူတော်တော်များများ အံ့သြသွားကြသည်။
ဂျပု၏ တစ်ခုတည်းသော ခန္ဓာကိုယ်မှာ စက္ကန့်ပိုင်းအတွင်းမှာ နှစ်ကိုယ်ခွဲ သွားလေသည်။
ယခင်က ငပိန် သည် ၎င်း၏ ပုံရိပ်ယောင်ခြေလှမ်းကို အသုံးပြုသောအခါ ခန္ဓာကိုယ်သည် များစွာသောကိုယ်ခွဲအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ၎င်းတို့အားလုံးသည် နောက်ဆက်တွဲရုပ်ပုံများဖြစ်သာရှိသည်။ ရုပ်ပုံများသည် မလှုပ်ရှားနိုင်ဘဲ လူများ၏ အမြင်ထဲတွင်သာ ကျန်ရစ်ခဲ့ပြီး လူတစ်ဦး၏ အမြင်အာရုံကို ရှုပ်ထွေးစေခြင်းသည်။
ယခုမူ ဂျပု ၏ ကိုယ်ပွား နည်းစနစ် သည် သူ၏ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲထားသည်။ သူ့၏ ကိုယ်ပွား မှာလည်း ယီယွင် ကို ပြေး၍ တိုက်ခိုက်လေသည်။
ယီယွင် လည်း အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာမီပင် မည်သို့ ဖြေရှင်းရမည်ကို သဘောပေါက်သွားသည်။
"ဟား"
ဂျပု နှင့် သူ့၏ ကိုယ်ပွားမှာ ခုန်ကာ ယီယွင် ကို ဘယ်ညာကနေ တိုက်ခိုက်ခဲ့သည်။ ဓါးကွေး နှစ်ချောင်းသည် ဘေးဘက်မှ ခုတ်ပိုင်းသွားလေသည်။
"ကိုယ်ပွား ခုတ်ချက်"
တောက်ပနေသော ဓားအလင်းတန်းတစ်ခု ထွက်လာသည်။ သို့သော် ယခုအချိန်တွင် ယီယွင်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ဂျပု နှင့် သူ၏ ကိုယ်ပွား ရှေ့တွင် ပေါ်လာသည်။
ထို့နောက် ယီယွင်က အုတ်ခဲကို မြှောက်လိုက်လေသည်။
"ဒေါင် ဒေါင်"
လျှို့ဝှက်ဆန်းကြယ်သော လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြု၍ ယီယွင် သည် အုတ်ခဲနှင့် ပြင်းထန်သော ရိုက်ချက်နှစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဂျပု က ထိုရိုက်ချက်ကို ရှောင်လွှဲဖို့ နည်းလမ်းမရှိပေ။
ဓားကွေးနှစ်ချောင်းသည် တိကျစွာ ခုတ်ပိုင်းသော်လည်း ဂျပု နှင့် သူ၏ ကိုယ်ပွားတို့မှာ ယီယွင် ၏ အုတ်ခဲချက်ကြောင့် လဲကျသွားလေသည်။
"ဘမ်း"
ဂျပု နှင့် သူ၏ကိုယ်ပွား တို့သည် လှုပ်ရှားနိုင်ခြင်း မရှိတော့ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားလေသည်။
ထိုမှသာလျှင် လူအများမှာ ၎င်းသည် တကယ် ကိုယ်ပွား အစစ် မဟုတ်ကြောင်းကို သိရှိသွားကြသည်။
သိုင်းပညာတွင် မြင့်မားသော ကျင့်ကြံမှုအဆင့်သို့ရောက်သူများသည် ကိုယ်ပွားထုတ်လွှတ် နိုင်သော်လည်း ဂျပု မှာ ထိုကဲ့သို့ အဆင့်နှင့် ဝေးကွာလျက်သည်။
သူ့ရဲ့ ကိုယ်ပွားမှာ တကယ့်တမ်းတွင် ရုပ်သေးရုပ် တစ်ရုပ်သာသည်။ ဂျပု သည် သူ၏ရုပ်သေးအရုပ်ကို ထုတ်လိုက်ကာ ၎င်းတွင် ယွမ်ချီ ဖြင့် ထိုးသွင်း ထိန်းချုပ်ခဲ့သည်။ ထို့နောက် နောက်ဆက်တွဲအနေဖြင့် သူ၏ လျင်မြန်သောအမြန်နှုန်း နှင့် ပုံရိပ်ယောင်ကို အတူအသုံးပြုလျက် ၎င်း၏ ကိုယ်ပွားအကျိုးသက်ရောက်မှုကို ဖန်တီးခဲ့သည်။
သို့သော် ထိုနည်းလမ်းမှာ ကောင်းကင်မျက်လုံးကို ဖန်တီးထားသော ယီယွင် အတွက်တော့ ဘာမှမဟုတ်ပေ။ အကြည့်တစ်ချက်ဖြင့် အရာအားလုံးကို ခွဲခြားနိုင်သည်။
ဂျပုမှာ မေ့မြောသွားကာ အခြားသူများနည်းတူ ယီယွင်အား ရှုံးနိမ့်ခဲ့သည်။
ယခုအချိန်အထိ ယီယွင်၏ အုတ်ခဲကျိန်စာမှ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။ ယီယွင် ၏လက်ထဲတွင်ရှိသော ထိုအုတ်ခဲသည် ဟုန်တောက် အသင်းဝင်များကြား အိပ်မက်ဆိုးများဖြစ်ပေါ်စေမည့် ကြောက်မက်ဖွယ် လက်နက်တစ်ခုဖြစ်သည်။
ခေါင်းပေါ်တွင် အုတ်ခဲရာ အဖုကြီးဖြစ်သွားမှာတော့ ဘယ်သူက ကြောက်တော့မှာလဲ။
မိမိတို့အလှည့်ရောက်သောအခါတွင် ယီယွင် က အုတ်ခဲဖြင့် အမှောက်သိပ်မည်ကို ကူကယ်ရာမဲ့ ကြည့်နေရသည့် ခံစားချက်ကို သူတို့ စိတ်ကူးမယဉ်နိုင်ပေ။
၎င်းတို့မှာ ပွဲရလဒ်ကိုပင် ခန့်မှန်းနိုင်ပြီဖြစ်သည်။ မိမိတို့၏ခေါင်းကို ငုံ့ထားကာ ယီယွင်က သူတို့အား အမှောက်သိပ်ခံမည်ကို စောင့်နေရသလိုပင်။ ထို့ထက် ဘယ်အရာက ပိုနာကျင်တာ ရှိဦးမည်လော့။
ထိုအချိန်တွင်၊ ယီယွင်ကို စိန်ခေါ်ထားသော ဟုန်တောက် အသင်းမှ အဖွဲ့ဝင်များအားလုံးသည် မီးခဲပေါ်တွင် ထိုင်မိသကဲ့သို့ ခံစားနေရသည်။
လူငယ်တစ်ဦးက ရုတ်တရက် အံကြိတ်ကာ "ဒီကောင်က အထူးကျင့်ကြံခြင်းစနစ်ကို လေ့ကျင့်ထားတာဖြစ်မယ် ငါတို့အားလုံးက သူ့ အရူးလုပ်တာခံနေရတာ။ တခြားသူတွေက သူ့ကိုအားနည်းတယ်လို့ ထင်သွားအောင်လုပ်တယ် ပြီးတော့ သူက အပေါ်စီးကနေ အစွမ်းထက်တဲ့ လှုပ်ရှားမှုကို သုံးနေတာ ပြီးတော့ ဒီလှုပ်ရှားမှုတွေ ဖော်ဆောင်ပေးတာက အုတ်ခဲပဲ"
ထိုလူငယ်၏စကားများသည် လူအများကို စဉ်းစားစေခဲ့သည်။
အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကြည့်ကာ ထိုလူငယ်၏ စကားများမှာ အဓိပ္ပါယ်ရှိသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဒါပေမယ့် “မဖြစ်နိုင်ဘူး… သူ့မူလလက်နက်က ဓားမောက်လေ… အဲဒီဓားမောက်က သူ့ရဲ့ရွေးချယ်မှုလက်နက်ဖြစ်သင့်တယ်မဟုတ်လား”
ထိုမေးခွန်းကို ကြားသောအခါ စောစောကလူငယ်က “ညီအစ်ကို မင်းက နုံအလွန်းတယ်။ အပေါ်ယံကို တကယ်ထင်မနေနဲ့၊ ယီယွင် က အဲဒီဓားမောက်နဲ့ တိုက်ခိုက်တာကို မြင်ဖူးလို့လား။ တိုင်အာ နတ်မြို့ကို ရောက်ကတည်းက သူက ဆေးပင်တွေပဲ လိုက်ရှာလိုက် ခူးလိုက် လိုက်ရှာလိုက် ဒါတွေလုပ်နေတာ ငါတို့နဲ့လည်းတစ်ခါမှ မတိုက်ခိုက်ဖူးဘူး အဲတော့ သူ့ဘာကျင့်ကြံခြင်း နည်းစနစ်တွေတတ်လဲ ငါတို့ မသိရဘူး”
"ယီယွင် ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့နည်းပညာကို လေ့ကျင့်ထားတာ ၇၀% သေချာတယ်၊ ဒီလျှို့ဝှက်နည်းက အုတ်ခဲနဲ့ သက်ဆိုင်တယ်။ ဒီကမ္ဘာကြီးမှာ ဓားကျွမ်းကျင်မှု၊ ဓားမောက်ပညာနဲ့ လှံစွမ်းရည်တွေရှိတာပဲ ဘာလို့ 'အုတ်ကျွမ်းကျင်မှု" မရှိရမှာလဲ၊ သေသေချာချာ စဉ်းစားကြည့်စမ်းပါ ဒီလို ထူးဆန်းတဲ့နည်းတွေ ကမ္ဘာမှာ အုတ်ခဲကျင့်ကြံခြင်း နည်းစနစ်ကို အဓိကလက်နက်လို အသုံးပြုတာလဲ သာမာန်ပဲ”
ထိုလူငယ်၏ ၎င်း၏ကိုယ်ပိုင်အယူအဆကို အခိုင်အမာ ယုံကြည်လာ လေသည်။
လူများမှာ တဖြေးဖြေးလက်ခံလာကာ "ညီအစ်ကို၊ မင်းပြောမှန်တယ် ဒီကောင်ကို မနက်က ပြိုင်ကွင်းထဲမှာ အေးအေးလူလူ လမ်းလျှောက်လာတာ ငါမြင်လိုက်တယ်။ သူ့ကို စိန်ခေါ်ဖို့ စောင့်နေတဲ့ သူတွေ အများကြီးရှိမှန်း သိတာတောင် စိုးရိမ်မှုလုံး၀မရှိဘူး ပြိုင်ပွဲမှာသူ မပါသလိုပဲ၊ သူ့ရဲ့ တည်ငြိမ်မှုကတော့ မူမမှန်ဘူး"
"ဟုတ်တယ်၊ သူ စင်ပေါ်မှာတက်တုန်းက ချိုးငှက်လို ငြိမ်သက်နေပြီး၊ ဖိစီးမှုလုံးဝမရှိဘူး။ အရင်တုန်းကတော့ သူက ငါတို့ကို တိုက်ပွဲတွေ ထပ်တိုးဖို့တောင် နှိုးဆော်တယ်။တော်တော် ယုံကြည်မှုရှိပုံရတယ်။ သူ့ရဲ့ လျှို့ဝှက် 'အုတ်' နည်းစနစ်နဲ့ ငါတို့ကို မကြောက်ဘူး၊ ဒီကောင်ယီယွင် က ပါးနပ်လွန်းတယ်။"
ယီယွင် ရဲ့လျှို့ဝှက်ချက်ကို မြင်လိုက်ရသလို လူများမှာ ပိုယုံကြည်လာကြသည်။
တစ်ချိန်တည်းမှာပင်၊ ဟုန်တောက် အသင်း၏ လူငယ်များသည် လောင်းကြေးများ တိုးမြှင့်ရန်အတွက် ယီယွင်က ဒေါသလာဆွသည့်ကို တွေးမိကြကာ အခုအချိန်မှာတော့ ၎င်းဟာ ယီယွင်၏ လှည့်စားမှု ဖြစ်ကြောင်း နောက်ဆုံးတွင် သူတို့ ရိပ်မိလာသည်။
ဒီမျိုးမစစ်ကောင်…
ဒါပေမယ့် အခုပြဿနာက ယီယွင်၏ လျို့ဝှက်နည်းစနစ်ကို လေ့ကျင့်ပြီး ၎င်း၏လက်နက်မှာ အုတ်ခဲဖြစ်ကြောင်း သူတို့သိခဲ့ရင်တောင်မှ ၎င်းကို မည်သို့ ပြန်လှန်တိုက်ခိုက်ရမှန်း မသိချေ။
ခွန်အားကွာခြားချက်မှာ ကြီးမားလွန်းသည်။ စင်ပေါ်သို့တက်ပါကလည်း အမှောက်သိပ်ခံရမည်သာ ဖြစ်သည်။
"ညီအစ်ကိုတို့၊ သူ့လက်ထဲက အုတ်ခဲကို ထိန်းချုပ်ဖို့ နည်းလမ်းကို စဉ်းစားရမှာပေါ့။ အုတ်ခဲရဲ့ လှည့်စားမှုကို မခံနဲ့၊ ရယ်စရာလို့ ထင်ရပေမယ့် ယီယွင် ရဲ့ လက်ထဲမှာတော့ ဒါဟာ ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး လက်နက်ပဲ"
ထိုလူငယ်မှ မှတ်ချက်ပြုပြောလိုက်လေသည်။
အခြားလူငယ်များက "မှန်တယ်။ ငါတို့က အုတ်ကို အချွန်ဆုံးဓား၊ ဓားမောက် လှံတွေလို စဉ်းစားရမယ်။ ဓားသမားဆိုလို့ရှိရင် ဓားသမားတချို့က သူတို့က ‘ဓားနဲ့တစ်သားတည်းဖြစ်နိုင်တယ်’ လို့ဆိုတယ် ဓားသမားနဲ့သူ့ရဲ့ဓားက တစ်သားတည်းဖြစ်သွားပြီဆို အဲဓားက သူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပဲ”
"ယီယွင် သူက'အုတ်ခဲနဲ့ တစ်သားတည်းဖြစ်ခြင်း' အဆင့်ကိုတောင် ရောက်နေပြီ"
"အိုး… 'အုတ်ခဲတစ်သားတည်းဖြစ်ခြင်း' အစွမ်းတော်တော်ထက်နေပြီ 'အုတ်ခဲတစ်သားတည်းဖြစ်ခြင်း' မှာ 'ဓားနှင့်တစ်သားတည်းဖြစ်ခြင်း' ထက်တော့ မနိမ့်နိုင်ဘူး အဲဒီနယ်ပယ်ဆို အလွန်ထူးချွန်ထက်မြက်တဲ့ ဉာဏ်ပညာရှိတဲ့သူတွေပဲ ရောက်နိုင်တာ..."
ယီယွင် သည် “အုတ်ခဲနှင့် တစ်သားတည်းဖြစ်ခြင်း” အဆင့်သို့ ရောက်နိုင်သည်ဟု ကြားသိရသဖြင့် တက်ရောက်လာကြသည့် လူငယ်များသည် ကြိတ်မနိုင်ခံမရ ဖြစ်သွားကြသည်။
ဒီကောင်ကိုချဖို့ အရမ်းခက်တယ်။
သူတို့မှာလည်း ကိုယ်ပိုင်လက်နက်တွေရှိသော်လည်း သူတို့ထဲက တစ်ယောက်မှ သူတို့၏ လက်နက်ဖြင့်တစ်သားတည်း မဖြစ်နိုင်သေးပေ။
"ကျွန်တော် ကြောက်အောင်ပြောတာတော့ မဟုတ်ပေမယ့် 'ဓားနဲ့တစ်သားတည်း' ဖြစ်သွားတဲ့ သူရဲကောင်းတွေကို တွေ့ဖူးတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ရိုးရှင်းတယ်။ များသောအားဖြင့် ဓားတစ်ချောင်းတည်းနဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်တယ်။ အပေါ်ယံမှာ ဘာမှဖုံးကွယ်ထားတာ မရှိဘူး။"
"အခု ယီယွင် လည်း အတူတူပါပဲ။ အုတ်ခဲနဲ့ထုတာ ရိုးရှင်းပုံရပေမယ့် သူ့ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့တယ်။ အဲဒါက 'ဓားနဲ့ တစ်သားတည်းဖြစ်ခြင်း' နဲ့ အလွန်ဆင်တူတယ်။ အဲဒါက အုတ်ခဲနဲ့တစ်သားတည်းကျနေတာ ဖြစ်နိုင်တယ်”