← Chapters

အရှုံးပေးခြင်း

Vol. 15 Ch. 220

အရှုံးပေးခြင်း

Vol. 15 Ch. 220

ဟုန်တောက် အသင်း၏ ဆယ့်သုံးနှစ်အရွယ် လူငယ်များအားလုံး စုဝေးနေကြသည်။ သူတို့သည် ယီယွင် ၏ လှုပ်ရှားမှုများနှင့် အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာလျက်ရှိကြသည်။ နောက်ဆုံးတွင် သူတို့၏ တိုက်ပွဲဗျူဟာကို ရွေးချယ်ဆုံးဖြတ်ခဲ့လေသည်။

ဓားသမားတစ်ဦးသည် ဓားနှင့်တစ်သားတည်းဖြစ်မည့်အဆင့်သို့ ရောက်သောအခါတွင် အားနည်းချက်တစ်ခုရှိသည်။ ဤသည်မှာ သူ့လက်ထဲရှိ ဓားကို ဆုံးရှုံးလိုက်သည်နှင့် သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ လျော့ကျသွားမည် ဖြစ်သည်။ ထိုအချက်အရ ယီယွင်လည်း ထိုသို့ဖြစ်မည်ဟု အသင်းမှလူငယ်များမှာ ယုံကြည်လျက်ရှိကြသည်။ ယီယွင်လက်ထဲမှာ အုတ်ခဲ မရှိတော့ဘူးဆို သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်း ကျဆင်းသွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူတို့၏တိုက်ပွဲဗျူဟာမှာ ယီယွင် ၏လက်ထဲရှိ အုတ်ခဲများကို ဦးစွာထိန်းချုပ်ရန်ဖြစ်ပြီး၊ ယီယွင် အပြင်းအထန် နာကျင်စေမည့် အခွင့်အရေးကို ရှာဖွေရန်သာဖြစ်သည်။ အနိုင်ရရန်မှာတော့ ဖြစ်နိုင်ခြင်းမရှိပေ။

လူငယ်များသည် ကျိုးကြောင်းဆီလျော်သော ကိစ္စများအားလုံးကို တိုင်ပင်ဆွေးနွေး‌နေချိန်၌ အေးစက်သောအသံဖြင့် “အားလုံးပါးစပ်ပိတ်ထား” ဟု၍ အော်သံကို ကြားလိုက်ရသည်။

ထိုအသံကိုကြားသောအခါ လူငယ်များမှာ ထိတ်လန့်တုန်လှုပ်သွား လေသည်။ မည်သူက မိမိတို့အား ပါးစပ်ပိတ်ရန် အထက်စီးဖြင့် အော်လိုက်သနည်း။

ဘယ်သူလဲ ဆိုတာ သိရန် ခေါင်းကို လှည့်ကြည့်လိုက်သောအခါ လူငယ်အားလုံးမှာ ချက်ချင်းပင် ငြိမ်ကျသွားလေသည်။

သူတို့ကို အော်ဟစ်နေသူမှာ ဟုန်တောက် အသင်းကြီး ၏ ဥက္ကဌ လီဟုန် ဖြစ်သည်။

လီဟုန်၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည်ကို အထင်းသားမြင်ရ လေသည်။ ၎င်းမှာ မိမိတို့အား စားတော့ဝါးတော့မည့် အတိုင်းပင် ကြည့်နေလေသည်။

ဟုန်တောက် အသင်းတွင် လီဟုန်မှာ အခွင့်အာဏာအရှိဆုံးဖြစ်သည်။ လီဟုန်သည် ဒေါသတကြီးဖြစ်နေသည်ကို မြင်သောအခါ လူငယ်အားလုံး ကြောက်လန့်တကြား ငြိမ်သက်လျက်ရှိသည်။

"အရူးတွေ မင်းတို့ငါ့ရှေ့မှာ ပေါက်ကရပြောထွက်တယ်ပေါ့"

လီဟုန်က ကြိမ်းမောင်းလိုက်လေသည်။ ယခင်ကတိုင်ပင်နေကြသော လူငယ်များမှာ အခြေအနေကို ဝေခွဲမရဖြစ်နေလေသည်။

ထိုလူငယ်များ၏ အမူအရာများကို မြင်သောအခါ လီဟုန်မှာ ဒေါသထွက်ကာ နှုတ်ခမ်းများပင် လှုပ်ခါလျက်ရှိသည်။ လီဟုန်သည် ထိုအဖွဲ့အား တိုင်အာ နတ်မြို့တော်၏ ချောက်ကမ်းပါးအောက်သို့ လွှင့်ပစ်ချင်စိတ်များ ပေါက်လာသည်။ ဟုန်တောက် အသင်း ကိုဖွဲ့စည်း ပြီးနောက်တွင် မိမိသည် လူမိုက်များကို စုဆောင်းပြီး အမှိုက်များကို အုပ်ချုပ်နေရသည် ဟု သူအမြဲ ခံစားမိသည် ။

ဒီကောင်တွေက ယီယွင် နဲ့ ယှဥ်ရင် ကျောက်စိမ်းနဲ့ အမှိုက်လိုပဲ။

သို့သော် တစ်ဖန် အသက်ဆယ့်နှစ်မှ ဆယ့်သုံးနှစ်အရွယ် ကလေးအများစုတွင် ၎င်းတို့၏ တွေးခေါ်မှုများမှာ မရင့်ကျက်သေးလျက် ရှိသည်။ သူတို့သည် ရံဖန်ရံခါတွင် နုံအသော အမှားတစ်ခု ပြုလုပ်ပြီး ကလေးဆန်သော စကားကို ပြောတတ်သည်။ ၎င်းမှာ ပုံမှန်အခြေနေသာဖြစ်သည်။

သို့သော် ယီယွင်မှာ ထိုကဲ့သို့ မဟုတ်ပေ။၎င်း၏စိတ်က ကလေးတစ်ယောက်နှင့် လုံးဝမတူပေ။

ယီယွင် သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လူအများအပြား၏ စိန်ခေါ်ခြင်းခံခဲ့ရသည်။ သို့သော်လည်း သူသည် ထိုကိစ္စကို စိုးရိမ်ကြောင့်ကြနေခြင်း မရှိပေ။ အအိပ်အစား မပျက် ပုံမှန်အတိုင်း သွားလာနေမြဲ ဖြစ်သည်။

စိုးရိမ်နေမည့်အစား လူများစွာကိုပင် ကဲ့ရဲ့ကာ တခြားသူများကိုပင် ထပ်မံ လှောင်ပြောင်ကာ စိန်ခေါ်ခဲ့သည်။ ထိုအပြုအမူများက ယီယွင်အား သာမန်ဆယ်ကျော်သက်အရွယ်များနဲ့ ကွဲပြားစေခြင်း ဖြစ်သည်။ စိန်ခေါ်ခြင်း၏ ရလဒ်အနေဖြင့် လှောင်ပြောင်ခံရ‌သော လူငယ်များမှာ ထူပူလာကာ ၎င်းတို့၏ လောင်းကြေးများကို အဆုံးထိ မြင့်တင်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ဖြင် ယီယွင် က ၎င်းတို့အားလုံးအပေါ် အမြတ်ထုတ်သွားခြင်း ဖြစ်သည်။ထို့ထဲမှာ အနိုင်ကျင့်သခင်လေးပါးလည်း အပါ၀င်ဖြစ်သည်။

အစပိုင်းတွင် လီဟုန်သည် တစ်ခုခုလွဲမှားနေသလို ခံစားရသည်။ ယီယွင် မှာ အမြဲတမ်း ၎င်း၏ ဆယ်ကျော်သက်အရွယ် စိတ်ကူးယဉ်ပုံစံထဲတွင်နေ နေသည့်ဟုထင်ရသည်။ သို့သော် ထိုသို့ဆိုလျှင် ရှေးဦးဆေးပင်ကို ၎င်းက မည်သို့ရွေးချယ်နိုင်ခဲ့သနည်း။

၎င်းဆေးပင်ရှာတွေ့မှုအား ကံကောင်းခြင်းကြောင့်ဟု အကြောင်းပြရန် မှာလည်း မဖြစ်နိုင်ပေ။

လီဟုန်ကဲသို့ သတိကြီးကြီးထားသူ တစ်ဦးပင် ယီယွင်၏လှည့်စားမှုကို ခံခဲ့ရသည်။

အဓိက အကြောင်းအရင်းမှာ ယီယွင် သည် သွေးအေးရက်စက်သူ တစ်ဦးသာ ဖြစ်မည်။ သာမာန်အခြေအနေအရ တိမ်တိုက်ရိုင်းနယ်ထဲမှ ကလေးတစ်ယောက်ဟာ လောကအတွေ့အကြုံ အများကြီးမရှိသင့်သလို ကြီးကျယ်ခမ်းနားသော စွမ်းအားလည်း မရှိသင့်ပေ။

လီဟုန် သည် ၎င်း၏အဖွဲ့မှလူများအား ယီယွင် နှင့် လောင်းကစား ပြုလုပ်ရန် ခွင့်ပြုခဲ့ခြင်းကြောင့် လောင်းကြေးများ ပိုမိုမြင့်မား လာခြင်းသည်။

ယခုအခါတွင် ယီယွင်မှာ ဟုန်တောက်အသင်းမှ ဖွင့်ထားသော လောင်းကြေးမှာပင် လာရောက်ကြေးထိုး ထားလေသည်။ ယီယွင် သည် ထို‌လောင်းကြေးတွင် သူ့ကိုယ်သူ မှော်နဂါးကြေးပြား ၅၀၀၀ လောင်းကြေးထပ်ထားသည်။ ယီယွင်တိုက်ပွဲ ၂၀ကျော် အနိုင်ရရှိဘက်မှာ လောင်းကြေးထပ်ထားခြင်းဖြစ်သည်။

ထိုလောင်းကြေးပမာဏကို တွေးမိကာ လီဟုန်မှာ အသက်ရှူမဝသလို ဖြစ်လာလေသည်။

မှော်နဂါးကြေးပြား ၅၀၀၀ ၏ ၁:၁၀ ပေးချေရမည်ဖြစ်သဖြင့်၊ ဟုန်တောက် အသင်းသည် မှော်နဂါးကြေးပြား ၄၅၀၀၀ ဆုံးရှုံးသွားမည်ဖြစ်သည်။ထိုပမာဏမှာ လီဟုန်၏ အသက်ကို တဖြည်းဖြည်းစုပ် ယူနေသလိုပင်။

ခွန်အားကော ဦးနှောက်ပါမရှိသော မိမိ၏ အသင်းသားများအား ပြိုင်ပွဲ ရလာဒ်ကို ပြောင်းပြန်လှန်နိုင်မည်ဟု မျှော်လင့်ခြင်းထက် ဝက်များကို ပျံသန်းရန် မျှော်လင့်ခြင်းမှာ ပို၍နီးစပ်မည်ဖြစ်သည်။

လီဟုန် မှာ ယီယွင်သန်မာနေသည်မှာ "အုတ်ဝိဇ္ဇာနည်းပညာ" ကို သင်ယူခဲ့သည်ဟု ယုံရလောက်အောင် နုံအသူ မဟုတ်ပေ။

ယီယွင် သည် သူ့ဓားကိုအသုံးမပြုရခြင်းမှာလည်း ၎င်းရင်ဆိုင်ရသူများသည် ဓားကိုအသုံးပြုရသည်အထိ အရည်အချင်းမမှီသူများ ဖြစ်သည့်ဟု ဆိုလိုခြင်းဖြစ်သည်။

ယီယွင် အတွက် အုတ်ခဲတစ်လုံးထဲဖြင့် ထိုအရူးများကို ထိန်းထားနိုင်သည်ထက် ပိုသည်။

ဟုန်တောက် အသင်း၏ လူသစ်များ သည် ယီယွင်အတွက် ပြိုင်ဘက်ပင် မဟုတ်ပေ။၎င်းတို့နှင့် ယှဉ်ပြိုင်ပါက ယီယွင်မှာ မောမည်တောင် မဟုတ်ပေ။

ထိုမှော်နဂါးကြေးပြား ၄၅၀၀၀ သည် ကျိန်းသေပေါက် ဆုံးရှုံးမည် ဖြစ်သည်။လီဟုန် နလုံးအတွင်းမှ သွေးများ စီးဆင်းနေသည်ကိုပင် ခံစား‌ နေရသည်။

မှော်နဂါးကြေးပြား နှင့် အရင်းအမြစ်များကို ရှာဖွေကာ ထိုသို့သော ကြီးမားသောအသင်းအဖွဲ့ကို ထောက်ပံ့ရခြင်းမှာ မလွယ်ကူ‌ပေ။ လီဟုန်၏ ခွန်အားနှင့် စွမ်းရည်သည် အကောင်းဆုံးမဟုတ်‌သော်လည်း တစ်နှစ်အတွင်း ထူးချွန်သော ရလဒ်များကို လီဟုန် ရယူနိုင်ခဲ့သည်။ သို့သော် ကောင်းကင် နှင့် မြေကြီး၏ ဂုဏ်စာရင်း အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိခဲ့ပေ။

မှော်နဂါးကြေးပြား ရရှိရန်မှာ လီဟုန်အတွက် မလွယ်ကူပေ။

လီဟုန်သည် လက်သီးကို တင်းတင်းဆုပ်ထားလေသည်။‌ အကွာအဝေးမီတာ တစ်ရာကျော်မှ ယီယွင် အား လှမ်းကြည့်လိုက်လေ၏။

ယီယွင် သည် အုတ်ခဲကို စားပွဲပေါ်တင်ကာ တရားထိုင်‌နေလေသည်။

လီဟုန် ကြည့်နေသည်ကို ယီယွင်က သတိပြုမိသဖြင့် ၎င်း၏ မျက်လုံးဖွင့်လိုက်ရာ နှစ်ဦးသား အကြည့်ခြင်းဆုံမိ ကြလေသည်။

ထိုအကြည့်များထဲတွင် ဒေါတတကြီးဖြစ်သည့် လီဟုန်ကိုပင် ကြောက်ရွံ့ထိတ်လန့်သွားစေသည်။

ယီယွင်၏ အာရုံခံနိုင်စွမ်းမှာ ပြင်းထန်လှသည်

အာရုံစူးစိုက်မှုရှိသော လူများသည် ၎င်းအား တိတ်တဆိတ် ကြည့်ရှုနေသည်ကိုပင် ခံစားမိနိုင်သည်။ ၎င်းတို့ကြားတွင် ဝေးကွာသော အကွာအဝေးရှိသော်လည်း ယီယွင် က ၎င်းကို ခံစားနိုင်ဆဲဖြစ်သည်။ ထိုအာရုံ စူးစိုက်နိုင်စွမ်းမှာ ကြောက်စရာကောင်းလွန်းလှသည်။

နတ်မျက်လုံးကို ဖန်ဆင်းထားသောလူများ အားလုံးပင် ထိုကဲ့သို့ အာရုံစူးစိုက်စွမ်းကို မလုပ်ဆောင်နိုင်ပေ...

"ဒီကောင်လေး တော်တာ သေချာတယ်၊ ငါလှည့်ကွက်ထဲ ရောက်သွားတယ်ဆိုတာ ဝန်ခံတယ်"

လီဟုန်သည် အပြင်းအထန် ထိုးနှက်ခံလိုက်ရသလို ခံစားရသည်။ ယီယွင်သည် ငယ်ရွယ်စဉ်ကတည်းက စဉ်းစားတွေးခေါ်မှုဖြင့် ရင့်ကျက်လာရသောကြောင့် အသက်ဆယ့်လေးနှစ်သာရှိသေးသော်လည်း အရွယ်ရောက်ပြီးသူ၏ စိတ်ဓာတ်ရှိနေပြီဖြစ်သည်။

မြို့တော်မှာ ချမ်းသာသော ကလေးတွေ အသိုင်းအဝိုင်းကပဲဖြစ်ဖြစ် တိုင်အာနတ်မြို့တော် မှာပဲဖြစ်ဖြစ်၊ လီဟုန် က သူ့၏ ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးကို အသုံးချပြီး ရှင်သန်ခဲ့သည်။ ထိုသို့မဟုတ်ပါက လီဟုန်မှာ ဟုန်တောက် အသင်းကဲ့သို့ ကြီးမားသောအဖွဲ့အစည်းကို စုစည်းတည်ထောင်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် ယနေ့တွင် သူ့ထက် နှစ်နှစ်နီးပါးငယ်သော ယီယွင် က သူ့ကို လှည်စားနိုင်လိုက်ပြီ ဖြစ်သည်။

"၀မ်ခိုင် မင်း ယီယွင် ကို အနိုင်မယူနိုင်ဘူးထင်ရင် အရှုံးတစ်ခါပေးလိုက်"

လီဟုန်က သူ့ဘေးမှာ ရပ်နေသော အနိုင်ကျင့် သခင်လေးပါးမှဖက်တီးကို ပြောလိုက်လေသည်။ ၎င်း၏ နာမည်မှာ ၀မ်ခိုင် ဖြစ်သည်။ မြို့တော်ရှိ ဝမ်မိသားစုမှဖြစ်ပြီး အလွန်ကျော်ကြားသော မိသားစုမျိုးနွယ်ဖြစ်သည်။

၀မ်ခိုင် ၏ ခွန်အားသည် အနိုင်ကျင့်သခင်လေးပါးတွင် အသန်မာဆုံး ဖြစ်သည်။ ၎င်းမှာ အားလုံးထက် ၂၀-၃၀%အထိသန်မာလေသည်။ သို့သော် လီဟုန်မှာ ဝမ်ခိုင်တွင် ယီယွင်အား အနိုင်ယူရန် အခွင့်အရေးရှိမည်ဟု မထင်ပေ။

ယီယွင် သည် အနိုင်ကျင့်သခင်လေးပါးမှ သခင်သုံးကို ၎င်း၏ လက်နက်သာမက အထူးလှုပ်ရှားမှုပင် ပြုလုပ်ခြင်းမရှိပဲ အလွယ်တကူ အနိုင်ယူခဲ့သည်။အပြတ်အသတ် အနိုင်ရနေသည်ဟု၍ပင်ဆိုနိုင်သည်။

၀မ်ခိုင်သည် အုတ်ခဲဖြင့် ဖြုတ်ချခံရမည်ကို သိသောကြောင့် စင်ပေါ်သို့ မတက်ဖြစ်တော့ပေ။

“ငါ…” ၀မ်ခိုင် ၏ အဆီဖုံးသော မျက်နှာမှာ နီမြန်းလာသည်။

တိုက်ခိုက်ခြင်းမရှိပဲ အရှုံးပေးရသည်မှာ ရှက်ရစရာပင်ဖြစ်သည်။

သို့သော် ၎င်းတိုက်ခိုက်ပါကလည်း၊ အနိုင်ကျင့်သခင်လေးပါးစလုံးသည် ယီယွင်ကို အုတ်ခဲချက်ကြောင့် ၎င်းတို့အားလုံးဖြုတ်ချခံရမည်သာ ဖြစ်သည်။ထို့သို့ အရှက်ရစရာ ကိစ္စမှာလည်း မသက်သာလှပေ။

တိုက်ခိုက်ရန် ရွေးချယ်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ အရှက်ကွဲမည့်ရလဒ်မှာ မလွဲမသွေကြုံရမည့် ကိစ္စပင်ဖြစ်သည်။

၀မ်ခိုင် သည် တစ်ခါမျှ ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကိစ္စကို မခံစားရဖူးပေ။

ထိုအချိန်တွင် လီဟုန်သည်လည်း ဟုန်တောက် အသင်းကြီး မှ လူများဘက်သို့ လှည့်ကာ စိတ်လက်ပျက်စွာဖြင့် “အားလုံးပဲ…ယှဉ်ပြိုင်နိုင်မယ့်လို့ မထင်ရင် တစ်ခါထဲ အရှုံးပေးလိုက်ပါ…”

ထိုစကားများကိုကြားတော့ အသင်းသားအားလုံးမှာ အံသြသွားကြ လေသည်။

"အစ်ကိုဟုန် မင်းက ငါတို့ကို အရှုံးပေးစေချင်တာလား၊ ဒါဆို ငါတို့လောင်းကြေးတွေ အကုန်ဆုံးမှာမလား"

အသင်းသားများမှာ စည်းစိမ်ဥစ္စာများအားလုံးကို လောင်းကြေးထပ်ပြီး တိုက်ခိုက်ခြင်းမရှိပဲ အရှုံးမပေးချင်ကြပေ။

သို့ရာတွင် ပြိုင်မည့်သူ အားလုံးကို အရှုံးပေးခိုင်းခဲ့သော်လည်း လီဟုန်မှာ နာကျင်မှုခံစားရပြီး အကျိုးတစ်ခုခုသာ ပြန်ရပါက ၎င်းတို့အားလုံးကို စင်ပေါ်မှာ တက်ခိုင်းမည့်လူစားမျိုးဖြစ်သည်။

သို့သော်လည်း ပြဿနာ၏ အဓိကအချက်မှာ သူတို့အားလုံး ခေါင်းပေါ်တွင် အုတ်ခဲချက်ကြောင့် ဘုထွက်ရုံကလွဲ၍ ၎င်းတို့ လှည့်စားခံရသည့်အချက်မှာ ပြောင်းလဲမည် မဟုတ်သောကြောင့် ဖြစ်သည်။

"အစ်ကိုဟုန်၊ ဟုန်တောက် အသင်းနဲ့ ယီယွင် တို့ကြားက ကိစ္စတွေကို တိုင်အာ နတ်မြို့တော် တစ်ခုလုံးက သိပါတယ်။ ဒီလောင်းကြေးကို ကျွန်တော်တို့ ဟုန်တောက် အသင်းက ပထမဆုံး စိန်ခေါ်ခဲ့တာ ကျွန်တော်တို့အရှုံးပေးလိုက်ရင် တိုင်အာနတ်မြို့တော်မှာ ဘယ်လိုဆက်နေထိုင်မလဲ"

အသင်းထဲမှတစ်ယောက်က စိတ်ဓာတ်ကျစွာ ပြောလိုက်လေသည်။

လီဟုန်က ထိုလူကို မျက်လုံးပြူးကြည့်ကာ "မင်းတို့အုပ်စုတွေ တန်းစီပြီး ဟိုကောင် အုတ်ခဲနဲ့ ထုတာပြီးရင်‌ကော အနာဂတ်မှာ တိုင်အာ နတ်မြို့တော်ထဲနေဖို့ မင်းမျက်နှာထားစရာရှိမယ်လို့ ထင်နေတာလား"

လီဟုန်က ထိုမေးခွန်းကိုမေးလိုက်သောအခါ အကုန်လုံး တစ်ခွန်းမှမဟရဲ ကြတော့ပေ။

တကယ်တမ်းတွင် ထို့သို့ဖြစ်ခဲ့ပါက အသင်းမှာ ပိုမိုကာ အရှက်ကွဲရမည် ဖြစ်သည်။

ထိုတိုက်ပွဲအပြီးတွင် လူများက ဟုန်တောက် အသင်းအကြောင်း ပြောသောအခါ “ မင်းပြောနေတာက ဟုန်တောက် အသင်းအကြောင်း ပြောနေတာပဲ၊ အသင်းက ကောင်‌လေး တစ်ယောက်ကို သွားအနိုင်ကျင့်တာ ဟိုက အုတ်ခဲနဲ့ ပဲ တစ်သင်းလုံး ဖြုတ်ချသွားတာ သူတို့အကြောင်း ငါသိတာပေါ့၊ မင်းက ဘာလဲ၊ အဲဒီအသင်းကလား။ တွေ့ရတာဝမ်းသာတယ် ဒါနဲ့ စကားမစပ် အဲတုန်းက ယီယွင်က မင်းကိုဘယ်လို ရိုက်လိုက်တာလဲ” ထို့သို့ အပြောခံရမည်ကို တွေးမိကာ တော်တော်များများ၏ မျက်နှာတွေ နီရဲသွားကြသည်။

“အရှုံးပေးမယ် …” ၀မ်ခိုင် က ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ ညံ့ဖျင်းသည့်အတွက် အရှုံးပေးရန်သာ လုပ်နိုင်တော့သည်။

အရှုံးကို ဝန်ခံရာတွင် ၀မ်ခိုင် ၏ ခြေရာကို နင်းလိုသော ဟုန်တောက် အသင်းမှ လူငယ်များလည်း ရှိကြသည်။ သို့သော် အများစုက မခံမရပ်နိုင်ဖြစ်လျက် ယီယွင်ဟာ ထင်သလောက်မသန်မာဘူးဟု ခံစားမိကြသည်။

ထို့ကြောင့် ယီယွင် သည် လွန်ခဲ့သောရက်များတွင် ထူးထူးခြားခြား ခုခံနိုင်စွမ်းရှိမည့်ပုံမျိုး မတွေ့ခဲ့ကြခြင်းဖြစ်သည်။

ဒိုင်လူကြီးက ၀မ်ခိုင် ကို စင်ပေါ်တက်ခိုင်းသောအခါ ၎င်းက အရှုံးပေးမည်ဟု ချက်ချင်းဝန်ခံခဲ့သည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အနီးနားပတ်ဝန်းကျင်က ပရိသတ်များမှာ ငြိမ်သက်လျက်ရှိသည်။ ၀မ်ခိုင် ၏ စုစုပေါင်းအဆင့်မှာ ၁၀၅၀၀ ဝန်းကျင်တွင်ရှိသည်။ထို့အပြင် ၎င်းသည် ယီယွင် နှင့် အကြီးအကျယ် လောင်းကြေးထပ်ခဲ့သည်။

ထိုသို့သောအခြေအနေမျိုးတွင် ၀မ်ခိုင်သည် ပွဲမစမီပင် ပြတ်ပြတ်သားသား အရှုံးပေးခဲ့လေသည်။

၀မ်ခိုင် သည် အနိုင်ရရန် မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးခဲ့ရသည်မှာ ထင်ရှားသည်။

၀မ်ခိုင် က စိတ်ပျက်လက်ပျက်ဖြင့် စင်ပေါ်မှ ထွက်ခွာသွားသည်။ ယီယွင် မှာ တိုက်ခိုက်စရာမလိုအပ်ပဲ အနိုင်ရရှိခဲ့သည်။

၀မ်ခိုင် ပြီးနောက် အလှည့်ကျသော ဟုန်တောက် အသင်းမှ အဖွဲ့ဝင် နှစ်ဦးသည်လည်း အရှုံးပေးခဲ့လေသည်။

ယီယွင် သည် "အုတ်ဝိဇ္ဇာနည်းပညာ" ကို သင်ယူခဲ့ကြောင်း အခိုင်အမာပြောဆိုခဲ့သော လူငယ်၏ အယူအဆကို ယုံကြည်သော တခြားသူများလည်း ရှိသည်။ သူတို့သည် ယီယွင်လက်ထဲမှ အုတ်ခဲကို ဖယ်ထုတ်ရန် ကြိုးစားကြပြီး “ယီယွင်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေမယ့် အခွင့်အ‌ရေးကို ရှာပါ”ဟုသော သူ့တို့၏ကိုယ်ပိုင် တိုက်ပွဲနည်းဗျူဟာကို ခိုင်ခိုင်မာမာ ကျင့်သုံးနေဆဲဖြစ်သည်။

ထိုသူတို့၏ ပြိုင်ပွဲရလဒ်မှာ ထင်ရှားလှသည်။ တိုက်ပွဲစတင်ချိန်တွင် ထိုလူငယ်သည် သူ၏တိုက်ပွဲဗျူဟာကို အကောင်အထည်ဖော်ရန် စောင့်ဆိုင်းနေချိန်တွင် ယီယွင် သည် ၎င်း၏အမြင်မှ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင် ဦးခေါင်းမှာ နာကျင်မှုကို ခံစားရကာ အမြင်အာရုံတွေ မည်းမှောင်လာကာ ချက်ချင်းဆိုသလို လဲကျသွားလေသည်။

ဟုန်တောက် အသင်းမှ လူငယ်များသည် အံ့အားသင့်သွားကြသည်။ အင်အားကွာဟချက်မှာ မြင့်မားလွန်းလှသည်။

ထိုအခိုက်အတန့်တွင် တိုင်အာ နတ်မြို့တော်မှ လူသစ်များ သည် ယီယွင် အား ကြောက်လန့်တကြား ကြည့်နေကြသည်။

ယီယွင် က အနာဂတ်မှာ ဘယ်လောက်အဆင့်အထိ သွားနိုင်မလဲ။ သူ့ရဲ့ မြေအဆင့်မှ ဘယ်လိုဖြစ်မလဲကို စိတ်ကူးနိုင်စွမ်း မရှိ‌ကြပေ။

All Chapters