လျိုယွီရှင်း
Vol. 15 Ch. 221
လူသစ်အဆင့်ပြိုင်ပွဲ၏ ပထမနေ့ ပြီးဆုံးသွားပြီဖြစ်သည်။
ယီယွင် သည် စုစုပေါင်း တိုက်ပွဲငါးပွဲကို ယှဉ်ပြိုင်ခဲ့ရပြီး အားလုံးကို အလွယ်တကူဖြင့် အနိုင်ရခဲ့သည်။
တခြား ခုနစ်ပွဲတွင် ပြိုင်ဘက်များမှ အရှုံးပေးခဲ့သဖြင့် တိုက်ခိုက်ရန်မလိုပဲ ပြီးဆုံးခဲ့လေသည်။
ယီယွင်အား အရှုံးဖြင့်ရင်ဆိုင်ရရန် စောင့်မျှော်နေသူများပင် ကြောင်အမ်းအမ်း ဖြစ်လျက်ရှိကြသည်။ ဟုန်တောက် အသင်းမှ အဖွဲ့ဝင်များသည် ဒေါသပင် မထွက်နိုင်တော့ပေ။ ယီယွင်၏ အနိုင်ပိုင်းခြင်းကို ခံထားရသဖြင့် ဘာမျှထပ်မပြောနိုင်တော့ချေ။
အစက ယီယွင်ကို တိုက်ခိုက်ကာ လောင်းကြေးထပ်ရန် ပြုလုပ်နေသူများ ရှိသည်။ ၎င်းတို့ကို ဟုန်တောက် အသင်းမှ တားမြစ်ခဲ့သည့် အတွက် ယခုအချိန်တွင် ထိုသူများမှာ ဘုရားသိကြားမသည် ဟု၍ပင် ခံစားရနေသည်။
မီးတွင်းထဲသို့ မကျရန် အချိန်မီ ပြန်ဆွဲထုတ်ခဲ့သော ဟုန်တောက် အသင်းအား ၎င်းတို့က အလွန်ကျေးဇူးတင်နေကြသည်။ မဟုတ်ပါက ထိုအုတ်ခဲတစ်လုံးက ဘဝကို ဘယ်လိုဦးဆောင်ရမယ်ဆိုတာကို သင်ကြားပေးလိမ့်မည် ဖြစ်သည်။
ပထမနေ့ပြိုင်ပွဲ၏အဆုံးသတ်တွင် စည်းမျဉ်းများအရ ရှုံးနိမ့်သူများသည် အနိုင်ရသူများအား ၎င်းတို့၏လောင်းကြေး မှော်နဂါးကြေးပြား ပေးချေရမည်ဖြစ်သည်။
အနိုင်ကျင့် သခင်လေးပါး အပါအဝင် ဟုန်တောက် အဖွဲ့မှ အဖွဲ့ဝင် ၁၀ ဦးသည် ၎င်းတို့၏ မှော်နဂါးကြေးပြားများကို ယီယွင်အား ပေးအပ်ရန် တန်းစီနေကြသည်။
အများအားဖြင့် အရင်းအမြစ်များ သို့မဟုတ် ကျင့်ကြံခြင်းနယ်မြေများ သို့မဟုတ် တခြားအဖိုးတန်အရာအမျိုးမျိုးကို စုဆောင်းရာတွင်တန်းစီလေ့ ရှိကြသည်။ အဆိုးဆုံး တန်းစီမှုမျိုးမှာ မုန့်ဝယ်ရန် ဒါမှမဟုတ် ရေချိုးခန်းအတွက် တန်းစီခြင်းမျိုးဖြစ်သည်။ ယခုမူ ၎င်းတို့သည် သူတို့၏မှော်နဂါးကြေးပြားကို တခြားသူအား ပေးဆောင်ရန် တန်းစီနေကြခြင်း ဖြစ်သည်။
ထိုမှော်နဂါးကြေးပြား များသည် ၎င်းတို့၏ ပစ္စည်းအားလုံးကို အပေါင်ခံထားခြင်းမှ ရရှိလာခြင်း ဖြစ်သည်။ ထိုလူများ မည်သို့ခံစားနေမည်ကို ၎င်းတို့အားကြည့်ရုံဖြင့် သိသာနိုင်သည်။
ယီယွင် သည် သူ၏ တံဆိပ်ပြားကို ကိုင်ဆောင်ကာ မိမိဆီသို့ ပျံသန်းလာနေသော မှော်နဂါးကြေးပြား များကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေသည်။
ယီယွင်က ရယ်မောစွာဖြင့် "စေတနာကောင်းကြတာပဲ၊ မင်းတို့အရမ်းရက်ရောတယ်။ မင်းတို့ရဲ့ ကြင်နာရက်ရောမှုအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ငါကလူသစ်တစ်ယောက်ဆိုတော့ အရာရာကမလွယ်ဘူးဆိုတာ မင်းတို့သိလို့ မင်းတို့အကုန်လုံးက ငါသုံးဖို့ မှော်နဂါးကြေးပြားတွေပေးတာ အရမ်းကျေးဇူးတင်တယ်"
ယီယွင် ၏စကားကိုကြားသောအခါ နဂိုမှ နှလုံးနှင့်အသည်းများ နာကျင်နေသော ဟုန်တောက် အသင်းဝင်များသည် သွေးအန်လုနီးပါး ဖြစ်ကုန်ကြသည်။
ယီယွင်က သူက လူသစ်တစ်ယောက်ဖြစ်လို့ အရာရာမလွယ်ဘူးဆိုတာ တကယ်ပြောနေတာလား။
သူ့၏ အသားတင်ပိုင်ဆိုင်မှုမှာ တိုင်အာ နတ်မြို့တော်တွင် ရှိသော ဒုတိယနှစ်နှင့် တတိယနှစ် ကျင့်ကြံသူများထက်ပင် ပိုများလျက်ရှိသည်။ လူသစ်တွေဆို လိုက်လို့ကို မမှီပေ။
ယီယွင်၏ တောက်ပသော အပြုံးကို မြင်လိုက်ရသောအခါ ၎င်းတို့ယီယွင်ကို ထိုးချင်သော်လည်း... သူတို့ ထိုးခွင့်မရကြပေ။
“ပြီးတော့ သိုလှောင်လက်စွပ်၊ အဲဒါကော…”
ယီယွင် သည် အနိုင်ကျင့် အရှင်သခင်လေးပါးမှ ဖက်တီးအား သတိလှမ်းပေးလိုက်လေသည်။ ဖက်တီး ၏လက်စွပ်ကို ယီယွင် မယူရသေးပေ။
ဖက်တီးက သူ့လက်ထဲရှိ အစိမ်းရောင် လက်စွပ်ကို တစ်ချက်ကြည့်လိုက် လေသည်။ထို့နောက် တုန်တုန်ယင်ယင်ဖြင့် လက်စွပ်ကိုချွတ်လိုက် လေသည်။
ထိုလက်စွပ်မှာ သူ့ဆယ့်နှစ်နှစ်မြောက်မွေးနေ့အတွက် ၎င်းမိသားစုက ပေးခဲ့သော မွေးနေ့လက်ဆောင်ဖြစ်သည်။
တိုင်အာ နတ်ပြည်ထောင် တွင် အသက် ၁၂ နှစ်၊ ၁၅ နှစ် နှင့် ၂၀ နှစ် အရွယ် ယောက်ျားလေး များအတွက် အရေးကြီးသော မွေးနေ့များဖြစ်သည်။
အသက်ဆယ့်နှစ်နှစ်သည် ကလေးဆန်သော အမူအကျင့်များ ပျောက်ကာ အရွယ်ရောက်သူတစ်ဦး၏ အမူအကျင့်များ စတင်ချိန် ဖြစ်သည်။ အသက်ဆယ့်ငါးနှစ်သည် မိန်ကလေးတစ်ဦးနှင့် အိမ်ထောင်ပြု နိုင်သည့် အချိန်ဖြစ်သည်။ အသက်နှစ်ဆယ့်သည် တရား၀င်လူကြီးဖြစ်ခြင်း အမှတ်အသားဖြစ်သည်။
ဆယ့်နှစ်နှစ်မှာ ရရှိခဲ့တဲ့ ထိုကောင်းချီးမင်္ဂလာလက်ဆောင်အား စွန့်လွှတ်ရတော့မည့် ဖက်တီး၏ ခံစားချက်မှာ ပေါ်လွင်လျက်ရှိသည်။
သူ့မိသားစုဆီ ပြန်သွားသောအခါ မိဘများက ထိုကိစ္စကို သိသွားပါက သူ့အား ပြစ်တင်ကြိမ်းမောင်းကြမည်ဖြစ်သည်။
သို့သော် တိုင်အာ နတ်မြို့တော်မှ စည်းကမ်းအတိုင်း လိုက်နာရမည် ဖြစ်သည်။ တိုင်အာ နတ်မြို့တော် ၏ စည်းကမ်းအရ ရှုံးနိမ့်မှု၏ တန်ဖိုးကို ပေးဆောင်ရမည် ဖြစ်သည်။
"လက်စွပ်လေးကွင်းလုံးဝတ်မှာလား"
အနိုင်ကျင့် သခင်လေးပါးမှ' ငပိန် က မကျေမနပ်ဖြင့် မေးလိုက်သည်။
"ဒါပေါ့ ငါ၀တ်ချင်၀တ်မှာပေါ့၊ ငါမ၀တ်နိုင်ဘူးလို့ ဘယ်သူပြောလို့ရမှာလဲ။ လက်တစ်ဖက်တည်းမှာ ရှစ်ကွင်းကို လွယ်လွယ်ကူကူ ဝတ်နိုင်တယ်။ လက်စွပ်လေးကွင်းကို လက်နှစ်ချောင်းနဲ့၀တ်လို့ရတယ်"
ဒီလိုပြောနေရင်း ယီယွင် က သူ့ဘယ်လက်၏ လက်ခလယ်နှင့် လက်သူကြွယ်မှာ လက်စွပ်လေးကွင်းကိုစွပ်လိုက်လေသည်။ လက်ချောင်းတစ်ချောင်းစီတွင် လက်စွပ်နှစ်ကွင်းဆီ ဝတ်ဆင်လိုက် လေသည်။
ယီယွင် က ၎င်းကိုမြင်တော့ ကျေနပ်သွားသည်။
နောက်ဆုံးတွင် သူ့တွင် သိုလှောင် လက်စွပ်များရှိပြီ ဖြစ်သည်။ ပျက်စီးခြင်း သားရဲများကို အမဲလိုက်ရန် နတ်အရိုင်းတောသို့ သွားသောအခါ ယခင်ကထက် ပို၍လွယ်ကူသွားပြီ ဖြစ်သည်။
ဆေးတောင် အမှတ်၆၀အား ကို မကြာခဏသွားရန် မလိုတော့ဟု ယီယွင် တွေးနေလေသည်။
ယီယွင် သည် လက်တစ်ဖက်တွင် လက်စွပ်လေးကွင်းကို ၀တ်ဆင်ထားပြီး လောလောလတ်လတ်ချမ်းသာလာသော မျက်နှာဖြင့်ရပ်နေလေသည်။ ငပိန်က သူ့တံတွေးများကို မျိုချကာ ယီယွင်အား ကြည့်နေလေသည်။
ယီယွင် သည် စည်းစိမ်ဥစ္စာများ အပြည့်ဖြင့် ပြန်လာခဲ့သည်။ တော်တော်များများက ယီယွင်၏ ကျောပြင်ကို ပူလောင်နေသော မျက်လုံးများဖြင့် ကြည့်၍ ကျန်ခဲ့ကြသည်။
ကျိုးခွေ့၊ စုန့်ကျစ်ကျွင်း၊ ကတုံးချင်နှင့် အခြားလူငယ်များမှာ ပြောစရာ စကားရှာမရပင်ဖြစ်နေလေသည်။ ယီယွင် ၏ တစ်ရက်ဝင်ငွေသည် ၎င်းတို့တစ်နှစ်အတွင်း ရရှိသည့်ပမာဏထက် ပိုများသည်။
ယခင်က ယီယွင် ဘာကြောင့် စိုးရိမ်ပူပန်မှုမရှိသည်ကို နောက်ဆုံးတော့ သူတို့ သဘောပေါက်သွားကြသည်။
"အာ ငါစောစောကထဲသိရင် ထပ်လောင်းပါတယ် ယီယွင် ဆယ်ပွဲကျော်အနိုင်ရမယ့်ဘက်က မှော်နဂါးကြေးပြား ၅၀ပဲ လောင်းလိုက်မိတယ်..."
ကျိုးခွေ့က နောင်တရစွာ ပြောလိုက်လေသည်။ မှော်နဂါးကြေးပြား ငါးဆယ်သည် သူ့အတွက်များပြား ပမာဏမဟုတ်ပေ။ ဆယ်ပွဲဆိုသော ပြိုင်ပွဲမှာ အရမ်းများလွန်းသည်ဟု ခံစားရဖြင့် အများကြီးလောင်းရန် စိုးရိမ်နေသောကြောင့်ဖြစ်သည်။
ယခုမူ ယီယွင် သည် ပြိုင်ပွဲဆယ်ပွဲစလုံးကို အနိုင်ရရုံသာမက ၎င်းဓားကိုပင် အသုံးမချခဲ့ပေ။ ကျိုးခွေ့သာ စောစောသိပါက သူ့ပိုင်ဆိုင်မှုတွေအားလုံးကို ယီယွင်ဘက်မှ လောင်းလိုက်မည် ဖြစ်သည်။
ညဘက်၌ တိုင်အာ နတ်မြို့တော် အထက်တန်းစား နေအိမ်များကြားရှိ တောက်ပပြီး ကျယ်ဝန်းသော အိမ်တစ်အိမ်ထဲတွင် ဖုန်မုန့်များကို ရှင်းလင်းရန်အတွက် ရုပ်သေးသားရဲတစ်ကောင်သည် ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေသည်။
ထိုရုပ်သေးရုပ်ကို မြို့တော်မှာရှိ မိသားစုတချို့မှာ ကြမ်းပြင်ကို သန့်ရှင်းရေးပြုလုပ်ရာတွင် အသုံးပြုကြသည်။ တိုင်အာ နတ်မြို့တော် ထိုကဲ့သို့ ပစ္စည်းများ မပေးပေ။ သို့သော်လည်း မိသားစု မျိုးနွယ်၀င်ကြီးများမှ သားသမီးတချို့သည် ၎င်းတို့၏ အိမ်များကို သန့်ရှင်းရေးလုပ်ရန် တိုင်အာ နတ်မြို့တော်သို့ ထိုရုပ်သေးရုပ်များကို ယူဆောင်လာကြသည်။
"အိုး မနက်ဖြန် အစ်ကိုကကျွန်တော်ကို ယီယွင်နဲ့ စိန်ခေါ်စေချင်တာလား"
ထိုအခန်းတွင် သေးငယ်သောဓားမြှောင်တစ်လက်နှင့် ဆော့ကစားရင်း လူငယ်တစ်ဦးသည် ကုတင်ပေါ်တွင် လှဲနေလေသည်။
ထိုလူငယ်လေး၏ဘေးတွင် ခက်ထန်သောမျက်နှာနှင့် ခပ်ထွားထွား လူတစ်ဦးထိုင်နေလေသည်။ ထိုလူမှာ ဟုန်တောက်အသင်းကြီး ၏ဥက္ကဌ လီဟုန် မှလွဲ၍ အခြားသူမရှိပေ။
"ဟုတ်တယ် ညီအစ်ကို လျို မင်းက လူသစ်တွေထဲမှာ အဆင့်ခြောက်ပဲ။ မင်းက လှုပ်ရှားမှုနည်းစနစ် တွေလည်း ကောင်းတယ်။ပြီးတော့ မြို့တော်မှာ မင်းကနာမည်ကြီး၊ လျိုယွီရှင်း ကို မသိတဲ့သူဆို လူအနည်းငယ်ပဲရှိမယ်"
လီဟုန်၏ အကြံသည် ရိုးရှင်းသည်။ တိုင်အာ နတ်မြို့တော် ၏ စည်းမျဉ်းများသည် လူသစ်အဆင့်ပြိုင်ပွဲအတွက် တစ်ရက်လျှင် ဆယ့်နှစ်ပွဲအများဆုံးသာ ခွင့်ပြုထားသည်။ ထိုအချက်က ပြိုင်ပွဲဝင်များအား ခွန်အားကျဆင်းမှု ပင်ပန်းနွမ်းနယ်မှုကို တားဆီးရန် ဖြစ်သည်။
သို့သော် ယှဉ်ပြိုင်ခြင်းမရှိဘဲ အနိုင်ရခဲ့သော ယီယွင် အတွက်မူ နောက်ထပ်ပွဲများ ရှိလာနိုင်သည်။
ထို့ကြောင့် လီဟုန် သည် လျိုယွီရှင်း ကို ယီယွင် အားအနိုင်ယူရန် စိန်ခေါ်စေလိုသည်။ ဤသည်မှာ ယီယွင်၏ အနိုင်ပွဲလမ်းကြောင်းကို အဆုံးသတ်ရန် နည်းလမ်းဖြစ်သည်။
အနည်းဆုံး လီဟုန်သည် ဟုန်တောက်အသင်း လောင်းကြေးဖွင့်ထားခြင်းမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို အဖတ်ဆယ်နိုင်မည် ဖြစ်သည်။ မဟုတ်ပါက လီဟုန်သည် ယီယွင်အား မှော်နဂါးကြေးပြား ၅၀,၀၀၀ ပေးရမည် ဖြစ်သည်။
ထိုပမာဏသည် လီဟုန်အား ကုန်းကောက်စရာ မရှိအောင် လုပ်လိုက်သည်နှင့် ညီမျှသည်။
"ဟာဟား အစ်ကို ဟုန်၊ မင်းရဲ့ ဟုန်တောက် အသင်းမှာ ယီယွင် ကို တားနိုင်တဲ့သူမရှိဘူးလား"
လီဟုန်က ခေါင်းခါလိုက်ပြီး "ဒုတိယနှစ် ကျင့်ကြံသူတွေထဲမှာ သူ့ကို အနိုင်ယူနိုင်တဲ့ သူတွေ အများကြီးရှိပေမယ့် လူသစ်တွေထဲမှာတော့ တကယ်မရှိဘူး..."
ဟုန်တောက် အသင်းသည် ၃-၄ နှစ်ကြာ တည်ထောင်ခဲ့သော လော့ဟော် အသင်းကဲ့သို့ ကြီးမားသောအသင်းထက် အဆင့်နိမ့်သည်။ ၎င်းအသင်း အခြေခံအုတ်မြစ်ကို မတည်ဆောက်ရသေးသောကြောင့် ထူးချွန် ပြောင်မြောက်သော လူသစ်အများစုသည် ဟုန်တောက် အသင်းသို့ ဝင်ရောက်ကြခြင်း မရှိဘဲ တခြား ကြီးမားသောအသင်းအဖွဲ့များသို့သာ ဝင်ရောက်ခဲ့ကြသည်။ ဟုန်တောက် အသင်းအဖွဲ့များသည် ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များကို ပေးစွမ်းထားသော်လည်း လီဟုန် ကတိပြုထားသော အကျိုးခံစားခွင့်များသည် ၂-၃ နှစ်အကြာမှသာ အသက်ဝင်လာမည် ဖြစ်သည်။
ထို့ကြောင့် လီဟုန်သည် လူသစ်စာရင်း၏ ထိပ်တန်း ၂၀ အတွင်းရှိ မည်သူကိုမျှ ခေါ်ယူနိုင်ခြင်းမရှိခဲ့ပေ။ ချိုးနျို နှင့် ချူရှောင်ရန် ကဲ့သို့သော တစ်ဦးတည်း လှုပ်ရှားသူများလည်း ရှိပြီး မည်သည့်အသင်းအဖွဲ့ကိုမှ ၀င်ရောက်ခြင်း မရှိပေ။
လျိုယွီရှင်းမှာ အဆင့်ခြောက်နေရာတွင် ရှိသည်။ လီဟုန်က သူ့ကို ယီယွင်အား စိန်ခေါ်စေလိုသည်။ အကြောင်းမှာ လျိုယွီရှင်းနှင့် လီဟုန်သည် အချိန်အတန်ကြာ ခင်မင်ရင်းနှီးကြပြီး မိတ်ဆွေဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။
ချိုးနျို နှင့် ချူရှောင်ရန် တို့မှာ လီဟုန်နှင့် အဆက်အသွယ်မရှိကြပေ။ ထို့အပြင် လီဟုန်သည် သူတို့နှစ်ဦးအား ထိန်းချုပ်နိုင်ခြင်းမရှိပေ။ အကယ်၍ ထိန်းချုပ်နိုင်ခဲ့လျှင်ပင် သူတို့နှစ်ဦးသည် ယီယွင် ထက် အဆင့်မြင့်သူများဖြစ်သည်။ ထို့ကြောင့် သူတို့က ယီယွင်အား စိန်ခေါ်ပါက ယီယွင်ဘက်မှ ငြင်းပယ်နိုင်လေသည်။
"အစ်ကိုဟောင်၊ ခင်မင်ရင်းနှီးတာက ခင်မင်ရင်းနှီးတာပဲ ဒါပေမယ့် ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ယီယွင် က သူ့လက်နက်တောင် မသုံးရသေးဘူး၊ လက်နက်မပါပဲနဲ့တောင် သူက အနိုင့်ကျင်သခင်တွေ တွေကို တစ်ချက်တည်းနဲ့ အနိုင်ရခဲ့တာ၊ သူ့မှာ ကျွမ်းကျင်မှုရှိတယ်…"
"သူ အခုထိ သုံးထားတဲ့ စွမ်းအားက ကျွန်တော်အတွက် ခြိမ်းခြောက်မှု မရှိပေမယ့်၊ သူ့မှာ ဖုံးကွယ်ထားတဲ့ ခွန်အားတွေ အများကြီး ရှိသေးတယ် ဆိုရင်ကော ဘယ်သူသိနိုင်မှာလဲ"
" ကျွန်တော်က မြေအဆင့်ရဲ့ ထိပ်တန်း ၅၀၀၀ နေရာကို ရဖို့ အသဲအသန်ကြိုးစားနေတာ၊ ယီယွင် က အခုထိ အဲအဆင့် မရောက်သေးဘူး။ သူ့ကို အနိုင်ရရင်တောင်မှ သူ့ရဲ့ ၁၀,၀၀၃နေရာကို ရောက်ရုံပဲ ဒါ့အပြင် တခြား ဘာအကျိုးကျေးဇူးမှ မရှိဘူး"
"ကျွန်တော်က မြို့စားရဲ့ နေအိမ်မှာ မွေးဖွားလာတာ ယီယွင် က တိမ်တိုက်ရိုင်းမှာ မွေးဖွားလာတာပါ။ သူ့မှာ ရှုံးစရာ ဘာမှမရှိဘူး။ ယီယွင် ကို မျှော်လင့်ထားသလို အနိုင်ယူလိုက်ရင် လူတွေက ယီယွင်ကို အရမ်းသန်မာလို့ မြို့စားရဲ့သား လျိုယွီရှင်း က သူ့ကို စိန်ခေါ်လိုက်တာ ဆိုပြီး သူ့ရဲ့နာမည်နဲ့ ဂုဏ်သတင်းတောင်ပိုတိုးသွားဦးမယ်”
လျိုယွီရှင်း က ဖြည်းညှင်းစွာပြောသည်။သူ့သည် မြို့တော်၏ သားသမီးများကြားတွင် အမှန်တကယ် ထက်မြက်သော ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။သူအနေဖြင့် အနိုင်ကျင့် သခင်လေးပါး ကဲ့သို့သော လူဆိုးဂိုဏ်းများနှင့် လုံးဝကွဲပြားပါသည်။ သူ့ကိုယ်သူ ချစ်မြတ်နိုးသူ တစ်ဦးဖြစ်သည်။ သာမာန်အခြေအနေတွင် တိမ်တိုက်ရိုင်းနယ်မှ ကောင်လေး တစ်ယောက်ကို အဘယ်တွက်ကြောင့် စိန်ခေါ်မည်နည်း။
ဤသည်မှာ မင်းမျိုးနွယ်တစ်ဦးက တောသားတစ်ဦးနှင့် ယှဉ်ပြိုင်ရသကဲ့သို့ဖြစ်ပြီး၊၎င်းက လျိုယွီရှင်း၏ အဆင့်အတန်းကို ကျဆင်းစေတယ်လို့ ဆိုလိုခြင်းဖြစ်သည်။
"မင်း ယီယွင် ကို အနိုင်ရရင် မင်းကို မှော်နဂါးကြေးပြား ၃၀၀၀ ပေးမယ်"
လီဟုန် သည် လျိုယွီရှင်း ကို အဘယ်ကြောင့် ငြင်းပယ်နေသည်ကို သိသည်။ ယီယွင်ကို အစွမ်းထက်သူ တစ်ဦးတဖွယ် ပြောဆိုနေခြင်းမှာ အခကြေးငွေ တစ်စုံတစ်ရာ ရရှိရန်အတွက်ဖြစ်သည်။
လီဟုန် ၏စကားကိုကြားတော့ လျိုယွီရှင်း က ရယ်မောလိုက်ပြီး "အစ်ကိုဟောင်က နားလည်ပါတယ်။ ဒါပေမယ့် ၃၀၀၀ က နည်းလွန်းတယ်။ မှော်နဂါးကြေးပြား ၈၀၀၀တော့ထားလိုက် ဘယ်လိုလဲ"
လျိုယွီရှင်း က လီဟုန်ကို စိုက်ကြည့်ကာဈေးဆစ်နေလေသည် "၈၀၀၀ မင်းက တစ်ပွဲတည်း တိုက်ရမှာကို ၈၀၀၀ လိုချင်တာလား"
လျိုယွီရှင်း သည် သန်မာသော်လည်း မှော်နဂါးကြေးပြား ၈၀၀၀မှာ သူ့အတွက် အလွန်များသည့် ပမာဏဖြစ်သည်။ လျိုယွီရှင်း သည် လူသစ်တစ်ယောက်အနေဖြင့် ထိုကာလအတွင်း အလွယ်တကူ ရရှိနိုင်သော မှော်နဂါးကြေးပြားများကို မရရှိခဲ့ပေ။
"ဟာ ယီယွင်က နောက်ထပ် ၈ပွဲမှာ အနိုင်ရရင် ၅၀,၀၀၀ ပေးရမှာနော်၊ ကျွန်တော် ၈၀၀၀ပဲ တောင်းတာ၊ အဲဒါက ယုတ္တိမရှိဘူးလား"
လျိုယွီရှင်း သည် လီဟုန်၏ အကျပ်အတည်းထဲ ရောက်ရှိနေသည်ကို သိဖြင့် ငွေညှစ်နေခြင်းဖြစ်သည်။
လီဟုန် အံကြိတ်ကာ "ကောင်းပြီ... ၈၀၀၀ ရတယ်၊ ဒါပေမယ့် မင်းနိုင်မှ ရမှာနော်"ဟု ပြောလိုက်လေသည်။
"စိတ်ချစမ်းပါ" လျိုယွီရှင်း ရယ်ပြီး ကုတင်ပေါ်မှ ထလိုက်လေသည်။ "တိမ်တိုက်ရိုင်းထဲက ကလေးတစ်ယောက်က ခွေးတွေကိုပဲ အနိုင်ယူလို့ရမယ်၊ ကျွန်တော်တော့ ဘယ်ရမှာလဲ"
အနိုင်ကျင့်သခင်လေးပါး နှင့် အခြားသော ဟုန်တောက်အသင်းမှ အဖွဲ့ဝင်များသည် ရာနှင့်ချီ၍ အဆင့်သတ်မှတ်ခံခဲ့ရသည်။ သူတို့နှင့် လျိုယွီရှင်း၏ ဆဋ္ဌမနေရာကြား ခွန်အားကွာခြားချက်မှာ အမှန်ပင် ကြီးမားလှသည်။
၎င်းမှာ လျိုယွီရှင်း ယုံကြည်မှုလွန်ကဲနေခြင်း၏ အကြောင်းရင်းပင်…