လွန်ကဲသော အမြန်နှုန်း
Vol. 15 Ch. 224
လျိုယွီရှင်း ၏ဓားမှာ လျင်မြန်လွန်းသည်။ လျင်မြန်လွန်းသဖြင့် လက်ရှိတွင် ကျွမ်းကျင်လှသော ကျင့်ကြံသူများပင် လျိုယွီရှင်း ၏ ဓားလမ်းကြောင်းကို အလွယ်တကူ မမြင်နိုင်ပေ။ ပြိုင်ဘက်၏ လှုပ်ရှားမှုများကို မြင်နိုင်ရုံဖြင့် တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သည်ဟု မဆိုလိုပါ။ ယခုမှာမူ လှုပ်ရှားမှုများကိုပင် မမြင်နိုင်သဖြင့် တိုက်ခိုက်မှုများကို မည်သို့ရှောင်တိမ်းမည်နည်း။
လျိုယွီရှင်း ၏ဓားချီ သည် အဝေးတွင် တည်ရှိနေသော်လည်း ထို့မှ အဆုံးမဲ့သတ်ဖြတ်လိုစိတ်များကို လူအများ ခံစားမိစေသည်။ ထိုခံစားချက်များသည် မိမိတို့၏ မွှေးညှင်းများအထိ စိမ့်၀င်လာသလိုပင်။
ကျိုးခွေ့၊ စုန့်ကျစ်ကျွင်း နှင့် တွဲဖက်တို့အားလုံးသည် ယီယွင်အား စိုးရိမ်ကာ ချွေးစေးများပင် ကျလာသည်။
"ချာ ချာ ချာ ချာ"
ထိုအခိုက်အတန့်တွင် ယီယွင်၏ ခန္ဓာကိုယ်အား ဓါးအလင်းတန်း ပေါင်းများစွာ ဖြတ်၀င်သွားလေသည်။
လူအများ အံ့ဩနေချိန်တွင် ယီယွင်၏ ပုံရိပ်မှာ တဖြည်းဖြည်း မှုန်ဝါးလာကာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ဓားဖြင့်ထိုးချိန်၌ ရှောင်တိမ်းသွားခြင်း ဖြစ်သည်။
လျိုယွီရှင်း ၏ဓားသည် အောက်ဘက်သို့ရွေ့လျားသွားသည်နှင့်အမျှ ယီယွင် ၏ခန္ဓာကိုယ်သည်လည်း ၎င်း၏ပုံရိပ်များနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ယီယွင်မှာ လေထုနှင့် ပေါင်းစပ်သွားကာ ပျောက်ကွယ်သွားလေသည်။
ယီယွင် ပျောက်ကွယ်သွားသော်လည်း၊ ကြည့်ရှုနေသူများမှာ ယီယွင် ၏ ပုံရိပ်များ မကြာခဏ လျှပ်တစ်ပြက် ပေါ်လာသည်ကို မြင်တွေ့ကြသည်၊ သို့သော် ၎င်းတို့သည် ဓားအလင်းတန်းများကြောင့် ချက်ချင်းပင် ပျက်စီးသွားကြသည်။
လျိုယွီရှင်း ၏ဓားချက်သည် နေရာတိုင်းတွင်ရှိသည်။ နေရာလွတ်မကျန် ယီယွင်အားကို ဓားဖြင့် ထိုးသွင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။ ထိုဓား၏အရှိန်မှာ မြန်လွန်းလှသဖြင့် ယီယွင်မှာ ဓားဖြင့် မကြာမီ အထိုးခံရတော့မည်ဟု လူအများမှာ ထင်မြင်လျက်ရှိသည်။ သို့သော် လျိုယွီရှင်း၏ ဓားချက်များမှာ ယီယွင်၏ ပုံရိပ်များကိုသာ ထိုးမိနေလေသည်။
ဓားအလင်းတန်းများဖြင့် ပြည့်နှက်နေသော နေရာအတွင်း ရှောင်တိမ်းရခြင်းမှာ တိုက်ခိုက်ခြင်းထက် များစွာ ခက်ခဲမည်မှာ သေချာလှသည်။
"လန့်စရာပဲ ယီယွင် က လျိုယွီရှင်း ရဲ့ဓားချက်ကို ကပ်သီးလေး ရှောင်ရှောင်သွားတာ" "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ဒီလောက်များတဲ့ ဓားချက်တွေကြားထဲမှာ ရှောင်စရာနေရာတောင် မရှိဘူး"
လာကြည့်သူများအတွင်းမှ တစ်ဦးက မနေနိုင်ဘဲ မေးလိုက်မိသည်။ ပိုက်ကွန်သဖွယ် ကြီးမားရှုပ်ထွေးနေသော ဓားအလင်းတန်းများကြားတွင် ခန္ဓာကိုယ်ကို မကျုံ့ပဲ မည်သို့ရှောင်တိမ်းနေသနည်း။
နောက်တစ်ဦးက ခေါင်းခါလိုက်ပြီး "မှားနေတယ်၊ လျိုယွီရှင်း ရဲ့ ဓါးတန်းတွေဟာ ပိုက်ကွန်တစ်ခုလို ထင်ရပေမယ့် ဒါဟာ သူ့ရဲ့ အရှိန်ကြောင့် ထင်ယောင်ထင်မှား ဖြစ်စေတာ သူက ဓားအလင်းတန်း တစ်ခုစီကို တစ်ချက်စီ ခုတ်နေတုန်းပဲ၊ ပထမတစ်ချက်နဲ့ နောက်တစ်ချက် ကြားထဲမှာ တစ်စက္ကန့်လောက် ရှိတယ်၊ အဲဒီအချိန်မှာ ယီယွင်က လုံးဝ ရှောင်တိမ်းသွားတာ"
ဓားသည် လူသားထက် အမြဲတမ်းနီးပါး ပိုမြန်သည်။ ထိုအမျှ များပြားလှသော ဓားချက်များကို ရှောင်တိမ်းနိုင်ရန် လူတစ်ဦး၏ ရွေ့လျားနိုင်သောအကွာအဝေးကို လျှော့ချရမည်ဖြစ်သည်။ ယီယွင်မှာ ထိုသို့ရှောင်တိမ်းနေသည်မှာ သံသယဖြစ်စရာမရှိပေ။
ကြည့်ရှုနေသူ တော်တော်များများမှာ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။ ယီယွင် သည် လူအများရှေ့တွင် ၎င်း၏ လှုပ်ရှားမှုနည်းပညာများကို ဖြည်းညှင်းစွာ ထုတ်ဖော်လိုက်သောအခါ အများစုသည် ယီယွင် ၏ အခြေအနေကို နားလည်လာကြသည်။
“ဒါက... တဒင်္ဂလှုပ်ရှားမှု ရဲ့ ကြီးမားတဲ့ အောင်မြင်မှု အဆင့်ပဲ”
"ဒီကောင်လေးက တဒင်္ဂလှုပ်ရှားမှု ရဲ့ ကြီးမားတဲ့ အောင်မြင်မှုအဆင့်ကို ရောက်နေပြီလား"
လူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ တဒင်္ဂလှုပ်ရှားမှု ၏ ကြီးမားသော အောင်မြင်မှုအဆင့်။ ၎င်းသည် ခိုင်မာသောအခြေခံနှင့် အားကောင်းသောခန္ဓာကိုယ်ကို လိုအပ်ရုံသာမက ပြီးမြောက်အောင်မြင်ရန် ထူးကဲသော အာရုံခံနိုင်စွမ်းလည်း လိုအပ်ပါသည်။
ချူရှောင်ရန် သူမ၏လက်ကို ညင်သာစွာ ညှစ်လိုက်သည်။ အနိုင့်ကျင့်သခင် လေးပါးနှင့် တိုက်ပွဲများအတွင်း ယီယွင် သည် ၎င်း၏ ပြောင်မြောက်သော လှုပ်ရှားမှုစွမ်းရည်ကို ပြသခဲ့သော်လည်း ယင်းတို့မှာ အံ့သြဖွယ်မဟုတ်ပေ။
"သူက တိမ်တိုက်ရိုင်းနယ်က လာတယ်ဆိုတာ ယုံရခက်ပဲ၊ ဒီကမ္ဘာကြီးက ကျယ်သလောက် ထိပ်တန်းလက်ရွေးစင်တွေ အများကြီးရှိတာပဲ"
ချူရှောင်ရန် က ရေရွတ်လိုက်သည်။ သူမအနားရှိ ချိုးနျို မှာလည်း သက်ပြင်းချကာ "ကောင်းကင်အောက်က သူရဲကောင်းတွေကို ငါတို့တကယ် နှိမ့်ချလို့ မရပါဘူး"
ပြိုင်ကွင်းထဲတွင် လျိုယွီရှင်း က တိုက်ခိုက်နေပြီး ယီယွင် ရှောင်ထွက်သွားသည်။ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ယီယွင်မှာ နတ်မြို့တော်ရှိ အအေးသတ္တုသွေးဘောလုံး အစီအရင် သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားခဲ့ရသည်။ ယီယွင်သည် ၎င်း၏လှုပ်ရှားမှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် အအေးသတ္တုသွေးဘောလုံး အစီအရင် ကို ယခင်က အသုံးပြုခဲ့ဖူးသည်။
သို့သော် အအေးသတ္တုသွေးဘောလုံးများသည် သက်မဲ့ဖြစ်သောကြောင့် တိုက်ခိုက်ရာတွင် လိုက်လျောညီထွေရှိမှုအရ ၎င်းတို့သည် လျိုယွီရှင်း ထက် နိမ့်ကျသည်။
သို့သော် လျိုယွီရှင်း ၏ တိုက်ခိုက်မှု အရှိန်သည် ယီယွင် ကျေနပ်လောက်သည် မမြန်လှပေ။
"မင်းနာမည်က လျိုယွီရှင်း ဟုတ်တယ်ဟုတ်... တိုက်ခိုက်မှုဘယ်နှစ်ခါ လုပ်ပြီးပြီလဲ"
ယီယွင် သည် လျိုယွီရှင်း၏ တိုက်ခိုက်မှုများကိုရှောင်တိမ်းရင်း လျိုယွီရှင်း၏ နားထဲသို့ စူးစူးရှရှ အသံတစ်ခုတိုး၀င်လာသည်။ ထိုအသံကြောင့် လျိုယွီရှင်းမှာ ကြိတ်မနိုင်ခဲမရ ဖြစ်သွားလေသည်။
လျိုယွီရှင်း ယခင်က ယီယွင်အား ၎င်း၏ဓား လှုပ်ရှားမှုဆယ်ခါအတွင်း ဓားအိမ်အတွင်းမှာ ဓားကိုထုတ်နိုင်အောင် လုပ်နိုင်မလားဟု ပြောခဲ့ဖူးသည်။
"တောင်ပိတ်လှောင်" သည် တစ်ခါ လှုပ်ရှားမှုတွင် ဓားချက် ဆယ်ချက်ခန့်ထုတ်လွှတ်နိုင်သည်။ ထိုကြောင့် လျိုယွီရှင်း၏ အချက်ပေါင်း ဆယ်ကြိမ် ကျော်လွန်ခဲ့ပြီ ယူဆနိုင်သည်။
ယီယွင် နှင့် လျိုယွီရှင်း တို့သည် တစ်မိနစ်နီးပါး တိုက်ပွဲဖြစ် ပြီးနေပြီဖြစ်သည်။ လျိုယွီရှင်း တိုက်ခိုက်မှာမည်မျှပြုလုပ်ခဲ့သနည်း။ ၎င်းတို့အား မရေမတွက်ရန်ပင်မဖြစ်နိုင်ပေ။
တိုက်ခိုက်မှု အကြိမ်ကြိမ် လွှဲချော်ပြီးနောက် ယီယွင်၏ လှောင်ပြောင်မှုပါ ခံနေရသဖြင့် လျိုယွီရှင်းသည် အလွန်အမင်း ဒေါသထွက်နေလျက် ရှိသည်။
"မင်းကတော့ သေပြီ"
“ကလန်”
ပြတ်သားသောအသံနှင့်အတူ လျိုယွီရှင်း၏လက်ထဲမှ ဓားမှာ ဓားအိမ်အတွင်းမှထွက်လာသည်။ တောက်ပသောဓားဖြင့် ယီယွင် ကို ခုတ်ပိုင်းလိုက်သည်။
လျိုယွီရှင်း သည် နောက်ဆုံးတွင် သူ၏ဓားကို ဓားအိမ်မှချွတ်လိုက် လေသည်။ ၎င်း၏ ယခင် မာနကြီးစွာ ပြောခဲ့သော စကားများသည် ယခုအခါ သူ့ကို လှောင်ပြောင်စရာ အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
လျိုယွီရှင်း သည် သူ၏ဓားကို ထုတ်ပြီးနောက် တိုက်ခိုက်မှုအရှိန်သည် ပို၍ လျင်မြန်လာခဲ့သည်။
သို့သော် ယီယွင်မှာ ဓားချက်များအား ရှောင်တိမ်းနေဆဲဖြစ်သည်။
လျိုယွီရှင်း သည် သူ့ဓားကို ဓားအိမ်အတွင်းမှ ထုတ်ပြီးသော်လည်း ယီယွင် မှာထိုအချိန်ထိ ၎င်း၏ဓားမောက်ကို မထုတ်ရသေးပေ။
"ယီယွင် မင်း" လျိုယွီရှင်း ၏ မျက်လုံးများမှာ ဒေါသမီးများဖြင့် တောက်လောင်နေပြီ ဖြစ်သည်။လျိုယွီရှင်းသည် မြို့စား၏သားဖြစ်သောကြောင့် တိမ်တိုက်ရိုင်းမှ ယီယွင်နှင့် တိုက်ခိုက်ရခြင်းမှာ ၎င်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သူအမြဲတမ်း ခံစားခဲ့ရသည်။ ထို့ကြောင့် လျိုယွီရှင်းသည် ၎င်း၏ ဓားကိုမထုတ်ချင်သလို 'ကြယ်ခူးလက်' ကိုလည်းမသုံးချင်ပေ၊ မိမိနှင့် ယီယွင်တို့၏ အဆင့်အတန်း ကွာခြားမှုကို သက်သေပြလိုသည်။
သို့သော် မမျှော်လင့်ဘဲ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားသည်။
လျိုယွီရှင်း၏ ဓားမှာ ဓားအိမ်မှ ထုတ်ပြီးသွားသော်လည်း ယီယွင် မှာ အုတ်ခဲတစ်လုံးကို ကိုင်ထားဆဲဖြစ်သည်။
ထိုအချက်ကြောင့် လျိုယွီရှင်း မှာ အမှန်တကယ်ပင် ဒေါသထွက်နေလျက်ရှိသည်။ သူ့တိုက်ခိုက်မှုအရှိန်မှာ ပိုမြန်လာသော်လည်း ယီယွင်၏ အင်္ကျီစကိုပင် မထိနိုင်သေးပေ။
“ဒီ…”
၎င်းကိုမြင်တော့ ကြည့်ရှုသူများမှာ လန့်ဖြန့်သွားလေသည်။ တိုက်ပွဲမှာ ထိုသို့အခြေအနေမျိုးသို့ ရောက်ရှိလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
"လျိုယွီရှင်း က သူ့ဓားကို အိမ်ကထုတ်ပြီးတာတောင် ယီယွင် ကို အခုမထိသေးဘူး"
ကြည့်ရှုသူများမှာ ၎င်းတို့မျက်စိကိုပင် မယုံကြည်နိုင်ဖြစ်နေကြသည်။ တိုက်ပွဲအစတွင် လျိုယွီရှင်း သည် အနိုင်ရရန် အခွင့်အလမ်းပိုများသည်ဟု လူအများက ထင်ခဲ့ကြသော်လည်း ယခုတွင် ယီယွင်က ရလာဒ်ကို ပြောင်းပြန်လှန်လိုက်ပြီ ဖြစ်သည်။
"မင်းရဲ့ဓားကလည်း ထင်သလောက်လဲ မမြန်ပါဘူး" ယီယွင်၏ အသံသည် အနောက်မှ ထွက်ပေါ်လာသည်။ လျိုယွီရှင်း သည် ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားသော်လည်း ယီယွင် ကို ဘာမှမလုပ်ပေးနိုင်ခဲ့ပေ။
ထိုအချိန်တွင် လျိုယွီရှင်း သည် ရုတ်တရက် သူ့ခေါင်းနောက်မှ လေတိုး လာသည်ကို ခံစားလိုက်ရသည်။မိမိအား တိုက်ခိုက်တော့မည့် ခံစားချက်ကို ရရှိလိုက်သည်။
အုတ်ခဲကို လက်ထဲတွင်ကိုင်ထားပြီး ယီယွင် သည် လျိုယွီရှင်း ၏ ခေါင်းကို အားဖြင့် ဆောင့်ချလိုက်သည် ။
"ယီယွင် မင်း…"
လျိုယွီရှင်း ၏ ချောမောသော မျက်နှာသည် လုံးဝ မျက်စိပျက်မျက်နှာပျက် ဖြစ်သွားလေပြီ။
"တိန်"
လျိုယွီရှင်း သည် ဓားကို လှည့်၍ အချိန်တိုအတွင်း ယီယွင် ၏ အုတ်ခဲကို ပိတ်ဆို့နိုင်ခဲ့သည်။
သို့သော် ယီယွင် သည် ရှေးဦးဆေးဖက်ဝင်အပင်၏ စွမ်းအင်ကို စုပ်ယူပြီး 'တိုင်အာ နတ်ကျင့်စဉ်' ၏ ပထမအဆင့်ကို ကျွမ်းကျင်တတ်မြောက် နေပြီဖြစ်သည်။ ယီယွင်၏ ကာယကြံ့ခိုင်မှုသည် မယုံနိုင်စရာ အဆင့်သို့ ရောက်ရှိ နေပြီသည်။ ယီယွင် ကိုင်ဆောင်ထားသည့် မည်သည့် လက်နက်ကိုမဆို ပြိုင်ဘက်ကင်း ခွန်အားဖြင့် အသုံးပြုနိုင်လေပြီ။
လျိုယွီရှင်း သည် တစ်ဟုန်ထိုး ထွက်ပေါ်လာသော စွမ်းအင်ကို ခံစားလိုက်ရသည်။ တုန်ခါမှုကြောင့် ၎င်း၏လက်မောင်းကို ထုံကျင်စေပြီး လက်ဖဝါးကို နာကျင်စေခဲ့သည်။ စွမ်းအားများ လျော့ပါးမသွားဘဲ လျိုယွီရှင်းအား ဟန်ချက်ပျက်လုနီးပါးဖြစ်ခဲ့သည်။ ရလဒ်မှာ ယီယွင်၏ အုတ်ခဲချက်ကြောင့် လျင်မြန်စွာ လှုပ်ရှားနေသော ၎င်း၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားလေသည်။
"ဒန် ဒန် ဒန်"
လွင့်စင်ပြီးနောက် လျိုယွီရှင်း နောက်သို့သုံးလှမ်းဆုတ်လိုက်သည်။ ၎င်း၏ သွေးခုန်နှုန်းများပါ ကမောက်ကမ ဖြစ်ကုန်သည်။ လှုပ်ရှားမှုနည်းစနစ်ကို ယီယွင် က ချိုးဖျက်ပစ်လိုက်လေသည်။
လျိုယွီရှင်း မျက်နှာမှာ နီရဲလာသည်။ သူ့တစ်သက်လုံးတွင် ထိုအမျှ အရှက်မရဖူးပေ။ တိမ်တိုက်ရိုင်းထဲက ကလေးတစ်ယောက်က သူ့အား အုတ်ခဲဖြင့် ထုနေလေပြီ။
အုတ်ခဲဖြင် ထုရုံသာမကဘဲ သွေးခုန်နှုန်းပါ ကမောက်ကမ ဖြစ်ကာ နောက်သို့ သုံးလှမ်း ပြန်ဆုတ်ခဲ့ရသည်။
လျိုယွီရှင်း သည် မြို့စား၏သားဖြစ်ပြီး တော်ဝင်မြို့တော်၏ မျိုးဆက်သစ်လူငယ်များကြားတွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အုတ်ခဲနှင့်ထုခံရခြင်းမှာ စော်ကားခံခြင်းဖြစ်သည်ဟု လျိုယွီရှင်း က ခံစားခဲ့ရသည်။
ဒါတင်မကသေးပါပေ။
အနီးနားရှိ စစ်သည်တော်များ စိတ်ထဲမှာတော့ ယီယွင်မှာ မှော်ဆန်သောနယ်ပယ်တစ်ခုမှ မွေးဖွားလာသည်အထိ ပြောဆိုနေကြလေသည်။
အုတ်ခဲတစ်လုံး ရှိရုံဖြင့် တခြားသူများ ထိုးဖောက်တိုက်ခိုက်၍ မရနိုင်ပေ။ လျိုယွီရှင်းပင် ၎င်း၏ဓားကို အသုံးပြု၍ ယီယွင်အား တိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ပေ။
"ယီယွင် ငါမင်းကို တကယ်ဒေါသထွက်ပြီ”
လျိုယွီရှင်း ၏ မျက်လုံးများ နီရဲလာကာ ၎င်း၏လက်စွပ်ကို ပွတ်သပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ယွမ်ချီများ ဖြန့်ကျက်လိုက် လေသည်။ လျိုယွီရှင်းတစ်ကိုယ်လုံး ပြောင်းလဲသွားသလိုပင်။
လျိုယွီရှင်း ၏ ခန္ဓာကိုယ်ပေါ်တွင် မူလက တည်ရှိနေသော မိန်းမဆန်မှုများမှာ ပျောက်ကွယ်သွားကာ ထို့အစား ထူးခြားနက်ရှိုင်းမှုများ ဖြစ်ပေါ်လာလေသည်။ လျိုယွီရှင်း၏ ခန္ဓာကိုယ်ထဲတွင် ပျက်စီးခြင်း သားရဲတစ်ကောင် ပုန်းအောင်းနေသလိုပင်။
လျိုယွီရှင်း၏ လက်ရှိအခြေအနေကို မြင်လိုက်ရသဖြင့် လူအများ ခေတ္တမျှ တွေဝေသွားကြသည်။ ထို့နောက်အခိုက်အတန့်တွင် လျိုယွီရှင်း ဘာလုပ်မယ်ဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားကြသည်။
“ဒါက ကြယ်ခူးလက်”
လျိုယွီရှင်း သည် နောက်ဆုံးတွင် 'ကြယ်ခူးလက်' ကို အသုံးပြုတော့မည် ဖြစ်သည်။
ထိုအချိန်တွင် လျိုယွီရှင်း သည် ၎င်း၏စွမ်းရည်အားလုံးကို အသုံးမပြုပါက ယီယွင်အား ရှုံးနိမ့်တော့မည် ဖြစ်သည်။
တော်တော်များများမှာ နာမည်ကြီး 'ကြယ်ခူးလက်' ကို အရင်က ကြားဖူးကြသော်လည်း 'ကြယ်ခူးလက်' ၏ သက်ရောက်မှုကိုတော့ သိရှိခြင်းမရှိကြပေ။ နောက်ဆုံးတွင် လျိုယွီရှင်း သည် လျို မိသားစုမှ ၎င်းလျှို့ဝှက်နည်းစနစ်ကို အသုံးပြုတော့မည်ကို မြင်လိုက်ရသော အခါတွင် စိတ်လှုပ်ရှားကုန်ကြသည်။
'ကြယ်ခူးလက်' သည် အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာလား။
ယီယွင် က လျိုယွီရှင်းအား ကောင်းကင်ချုပ်နှောင်ကို လက်ထဲတွင် ကိုင်ထားလျက် ကြည့်လိုက်လေသည်။ ကျော်ကြားသော ကျင့်ကြံခြင်းနည်းစနစ်သည် 'တိုင်အာ နတ်ကျင့်စဉ်' နှင့် မည်ကဲ့သို့ ကွာခြားသည်ကို ယီယွင်လည်း သိချင်မိသည်။
"ကြယ်ခူး မရဏတိုက်ကွက်" လျိုယွီရှင်း သည် ဟိန်းဟောက်သံဖြင့် တိုက်ခိုက်သည်။
သေးငယ်သော ယွမ်ချီ အတက်အကျများကြောင့် လျိုယွီရှင်း ၏ဓားသည် ယီယွင် ဆီသို့ လေထဲမှ လျင်မြန်စွာ တိုး၀င်သွားသည်။ တစ်ချိန်တည်းမှာပင် လျူယွီရှင်း၏ ရင်ခွင်ထဲမှ ဓားငယ် ၁၀ ချောင်းကျော် ပြေးထွက်လာသည်။ ဓားတစ်ချောင်းစီသည် ပေဝက်ခန့်ရှည်သည်။
ဤဓားငယ်များကို လျိုယွီရှင်း မှ ပစ်ထုတ်ခြင်းမရှိဘဲ ယီယွင် ဆီသို့ ကိုယ်တိုင် ပျံသန်းလာခြင်းဖြစ်သည်။ ထိုအချိန်တွင် ဤဓားငယ်များသည် အသက်၀င်နေသကဲ့သို့ပင်…..