← Chapters

ဘာ? မင်းက ဖိုးဖိုးချန်ရဲ့ အိပ်ရာပေါ်ကို တက်ချင်တယ်ပေါ့လေ?_၆

Vol. 25 Ch. 337

ဘာ? မင်းက ဖိုးဖိုးချန်ရဲ့ အိပ်ရာပေါ်ကို တက်ချင်တယ်ပေါ့လေ?_၆

Vol. 25 Ch. 337

လင်းယုန်အစောင့်အရှောက်၁၂ဦး၏ အမည်များသည် အလွန်စိတ်ဝင်စားဖွယ်ကောင်း၏။ အကြီးဆုံးအစ်ကိုကြီးကို ယင်းသာ့ဟု ခေါ်ပြီး အစ်ကို၂ကို ယင်းအာ့ဟု ခေါ်သည်။

ချန်ကျဲ့သည် ယင်းအာ့နှင့် ရင်းနှီးသဖြင့် အပြန်အလှန် နှုန်ဆက်ကြသည်။

“ဦးလေးဖူနဲ့ ယင်းသာ့တို့ ဘယ်သွားကြလဲ”

ချန်ကျဲ့ မေးမြန်းလိုက်သည်။ ယင်းအာ့မှ ပြုံးလျက် ပြန်ဖြေသည်။

“ဦးလေးဖူက ရွှေသစ်ရွက်တွေ လဲဖို့သွားတယ်။ အစ်ကိုကြီးက နွေဦးပြဇာတ်ရုံကို သွားပြီး အခြေအနေကို ထောက်လှမ်းနေတယ်။ ခန်းမအရှင်သခင်ဖန်းက သဘက်ခါကျရင် ဖျော်ဖြေပွဲတစ်ခု သွားကြည့်ဖို့ စီစဉ်နေတာ”

အို

ချန်ကျဲ့ သာမန်ကာလျှံကာမျှ တုံ့ပြန်လိုက်သည်။

ဖန်းရှစ်ကျုံးသည် ဂီတနားထောင်ရခြင်းကို နှစ်သက်ကြောင်း ချန်ကျဲ့သိသည်။

ဤအပိုင်းကို ချန်ကျဲ့ အလွန်အားပေးထောက်ခံပါ၏။

ကိုယ့်ရဲ့ပိုင်နက်နယ်မြေတစ်ခုကို တည်ထောင်နိုင်ဖို့အတွက် ဘဝတစ်ခုလုံး တိုက်ခိုက်လာရတဲ့ ဖန်းရှစ်ကျုံးအနေနဲ့လည်း သာယာပျော်မွေ့မှုလေးတချို့နဲ့ အပန်းဖြေဖို့ လိုအပ်တယ်မဟုတ်လား။

ဂီတသံလည်း ဆက်သီပါစေ၊ အကတွေလည်း မရပ်တန့်ပါစေနဲ့လေ!

…

“မွေးစားအဖေ”

ယင်းအာ့၏ ဦးဆောင်မှုဖြင့် ချန်ကျဲ့ ဖန်းရှစ်ကျုံး၏အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန်၌ ဖန်းရှစ်ကျုံးသည် အိပ်ရာထက်တွင် လဲလျောင်းနေလျက် လက်တစ်ဖက်တွင် စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ ဘေးတွင်လည်း ဆေးတစ်ခွက်ချထားလျက်ဖြင့် ရံဖန်ရံခါ ချောင်းဆိုးနေသည်။

အဟွတ် အဟွတ်…

ဖန်းရှစ်ကျုံး၏ ဒဏ်ရာသည် အပြည့်အဝ မပျောက်ကင်းသေးပေ။ သားနှစ်ယောက်ကို ဆက်တိုက်ဆုံးရှုံးလိုက်ရသည့် ဝေဒနာသည် အပြည့်အဝ သက်သာပျောက်ကင်းမှုကို နှောင့်နှေးသွားစေခဲ့သည်။

သို့ဖြင့် ဆေးသောက်၍ ဖြည်းဖြည်းချင်း ပြန်ကောင်းလာရန်သာ စောင့်ဆိုင်းနေရပေသည်။

“အို ကျိုစစ် အဟွတ် အဟွတ်… ထိုင်လေ!”

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကို ထိုင်ရန် လက်ဟန်ပြသည်။ ထိုအခါ ချန်ကျဲ့လည်း ထိုင်လိုက်သည်။

ဖန်းရှစ်ကျုံးသည် စာအုပ်ကို ဘေးချလိုက်ပြီး ချန်ကျဲ့ကို ကြည့်လျက် ပြောသည်။

“ကျိုစစ် မင်း ဒီရက်တွေအတွင်း ကျားဖြူခန်းမရဲ့ အရေးကိစ္စတွေကို စီမံခန့်ခွဲတာမှာ ပြဿနာတချို့ ရင်ဆိုင်ရသေးလား”

ကျိုစစ်မှ ပြန်ပြောသည်။

“ညီနောင်တွေအားလုံးရဲ့ ကူညီထောက်ပံ့မှုကြောင့် အရာအားလုံး အဆင်ပြေချောမွေ့နေပါတယ်”

“အဟွတ် အဟွတ်… ကောင်းတယ်။ အခက်အခဲတစ်ခုခုရှိခဲ့ရင် မွေးစားအဖေကို လာပြောလှည့်။ ငါမင်းကို နောက်နှစ်နည်းနည်းလောက်တော့ ကူညီပေးနိုင်သေးတယ်”

“မွေးစားအဖေကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့ ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းငှာ အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။ ဖန်းရှစ်ကျုံးမှ လက်ဝှေ့ရမ်းလျက် ပြောသည်။

“အဟွတ် အဟွတ် ဘာကျေးဇူးတင်စရာရှိလို့လဲ။ ငါတို့က သားအဖတွေပဲ၊ သားအဖတွေပဲ။ မင်းက ငါ့ကို မွေးစားအဖေလို့ ခေါ်မှတော့ ငါမင်းကို လျစ်လျူမရှုနိုင်ပါဘူး အဟွတ် အဟွတ်…”

“မွေးစားအဖေရဲ့ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ”

ချန်ကျဲ့ စိုးရိမ်ပူပန်နေကြောင်း ထုတ်ဖော်ပြသသည်။

“ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး။ နှလုံးနဲ့ အဆုတ်ကို ထိခိုက်သွားရုံပဲ။ တစ်လလောက် အနားယူအားဖြည့်လိုက်ရင် ကောင်းသွားပါလိမ့်မယ်။ အခုတော့ နည်းနည်းချောင်းဆိုးရုံပဲ၊ တခြားဘာမှမရှိဘူး”

ချန်ကျဲ့မှ ပြောသည်။

“မွေးစားအဖေ၊ ကျွန်တော် မွေးစားအဖေကို သွေးခုန်နှုန်းစမ်းကြည့်ပါရစေ”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“အဟွတ် အဟွတ်… မင်းက ဆေးပညာလေ့လာခဲ့ဖူးတယ်ဆိုတာတောင် မေ့တော့မလို့၊ ရတာပေါ့ လာ မင်းမွေးစားအဖေရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်ပေးပါဦး”

ချန်ကျဲ့ ရှေ့တိုးသွားလိုက်သည်။ ထို့နောက် မျက်နှာအမူအရာကို တည်ငြိမ်အေးဆေးစေလိုက်သည်။ တကယ့်ကို ဖန်းရှစ်ကျုံးပြောသည့်အတိုင်း ပြဿနာကြီးကြီးမားမား မရှိပါဘဲ တစ်လမျှ အနားယူအားဖြည့်လျှင် သိသိသာသာ တိုးတက်လာနိုင်လိမ့်မည်။

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အဟွတ် အဟွတ် ဟုတ်တယ်မလား။ မင်းရဲ့မွေးစားအဖေက မင်းကို မလိမ်ပါဘူး။ ဒါနဲ့ မင်း ဒီတစ်ကြိမ်လာတာ ဘာကိစ္စရှိလို့လဲ”

“အိုး မွေးစားအဖေ ဒီလိုပါ။ ကျွန်တော် ဆေးညွှန်းတစ်ခုရထားတာပေမဲ့ ပါဝင်တဲ့ ဆေးတစ်မျိုးလိုအပ်နေပါတယ်။ မွေးစားအဖေမှာ အဲဒီဆေးများ ရှိ‌မလားလို့ ကျွန်တော် သိချင်လို့ပါ”

“ဆေးလား? ဘာဆေးလဲ”

“သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့ပါ”

“သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့ အဟွတ် အဟွတ် အဟွတ်… ငါ့မှာရှိတယ်”

ဖန်းရှစ်ကျုံးသည် လျှို့ဝှက်အခန်းသို့ လက်ညှိုးညွှန်လျက် ပြောသည်။

“မင်းဘာမင်း သွားယူလိုက်ပါ။ အဲဒါက နောက်ဆုံးဗီရိုရဲ့ ဒုတိယမြောက်အံဆွဲထဲမှာ ရှိတယ်”

“ကျွန်တော် ဘာလို့ အဲဒါကို လိုအပ်လဲဆိုတာ မွေးစားအဖေ မသိချင်ဘူးလား”

ချန်ကျဲ့၏အမေးစကားတွင် ဖန်းရှစ်ကျုံးမှ ရယ်မော၏။

“ဟားဟား… မင်းက ငါ့ရဲ့မွေးစားသားလေ။ မင်းတောင်းဆိုတာက ဆေးလေးတစ်မျိုးပါပဲ။ တိတိကျကျ ရှင်းပြနေဖို့ မလိုအပ်ပါဘူး။ သွားယူလိုက်ပါ”

“မွေးစားအဖေကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့သည် နက်နက်ရှိုင်းရှိုင်း ခံစားမိလိုက်ရကာ လက်သီးယှက်အရိုအသေပြုလိုက်သည်။

လျှို့ဝှက်အခန်းထဲသို့ ဝင်ပြီးနောက်၌ ချန်ကျဲ့သည် ဖန်းရှစ်ကျုံးပြောသည့် ဗီရိုသို့ သွားကြည့်လိုက်ရာ သန့်စင်သော စိတ်ဝိဉာဉ်မျိုးစေ့ကို အမှန်တကယ် ရှာတွေ့ခဲ့သည်။ ၎င်းသည် ဘယ်ရီသီး‌သဏ္ဍာန်တူသော ဟောသွန်းဆူးပင်နှင့် အလွန်ဆင်တူပြီး အသီးရနံ့လည်း မွှေးပျံ့သည်။

ထို့နောက် လျှို့ဝှက်အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

“ရှာတွေ့ခဲ့လား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဟုတ်ကဲ့”

“ကောင်းတယ် ကောင်းတယ်။ ဒါနဲ့ မင်းရဲ့သံမဏိလက်ဝါးသိုင်းက ဘယ်လိုအခြေအနေရှိပြီလဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“နည်းနည်းတိုးတက်မှုရှိပါတယ်”

“လက်ဝါးရိုက်ချက်တစ်ချက်လောက် သရုပ်ပြပါဦး”

ချန်ကျဲ့မှ သရုပ်ဖော်ပြရန် ကိုယ်နေဟန်ထားပြင်ဆင်နေစဉ် ယင်းအာ့မှ ရုတ်တရက်ဝင်လာပြီး ပြောသည်။

“ခန်းမအရှင်သခင် သခင်ကြီးရောက်လာပါတယ်”

ဖုန်းရွှမ်လား?

ချန်ကျဲ့ အံ့ဩသွားစဉ် ဖန်းရှစ်ကျုံးမှ ပြောသည် ။

“အို ဝင်ခွင့်ပြုလိုက်ပါ”

ထိုအခါ ယင်းအာ့သည် ဖုန်းရွှမ်ကို ဝင်ခွင့်ပြုရန် ချက်ချင်း ပြန်ထွက်သွားသည်။

အခန်းထဲသို့ ဝင်လာ‌ေနသည့် ဖုန်းရွှမ်၏မျက်နှာသည် နွေဦးလေ‌ပြေဖြင့် ဆေးကြောသန့်စင်ခဲ့ရသည့်အလား အပြုံးများဖြင့် ပြည့်နှက်နေပေသည်။

သူ၏လက်ထဲတွင် သေရည်တစ်အိုးနှင့် အစားအသောက်တစ်ဘူးကို သယ်ယူလာသည်။

ချန်ကျဲ့ကို မြင်သောအခါ ပြောလာခဲ့၏

“အာ ညီငယ်၅လည်း ရောက်နေတာပဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အစ်ကိုကြီး”

ဖုန်းရွှမ်မှ ပြောသည်။

“ထိုင်နေ ထိုင်နေ။ အစ်ကိုကြီးက မွေးစားအဖေကို တွေ့ဖို့ လာခဲ့တာ”

“မွေးစားအဖေ သက်သာရဲ့လားဗျ”

ဖုန်းရွှမ်မှ စိုးရိမ်ပူပန်ဟန်ဖြင့် မေးမြန်းသည်။ ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“အဟွတ် အဟွတ်… ငါအဆင်ပြေပါတယ်”..

ဖုန်းရွှမ်မှ ပြောသည်။

“ကျွန်တော် ဒီနေ့ အိမ်မှာထိုင်နေရင်း မွေးစားအဖေကို သတိရမိသွားပြီး မွေးစားအဖေဆီမှာ ကျွန်တော်နဲ့ ညီငယ်၂တို့ သင်ယူခဲ့ရတဲ့နေ့ရက်တွေကို သတိရမိခဲ့ပါတယ်”

ဖန်းရှစ်ကျုံး ဖုန်းရွှမ်ကို ကြည့်လိုက်သည်။

ဖုန်းရွှမ်သည် သေရည်အိုးကို ပင့်မြှောက်လျက် ပြောသည်။

“မွေးစားအဖေ.. အဲဒီတုန်းက ကျွန်တော်တို့ သိုင်းပညာလေ့ကျင့်ပြီးချိန်တိုင်းမှာ မွေးစားအဖေက ကျွန်တော်နဲ့ ညီငယ်၂ကို ကြက်ကင်နဲ့ မြောက်ပိုင်းဝိဉာဉ်သေရည်သောက်ဖို့ သဲ့ရှန်းဆောင်ဆီ ခေါ်သွားခဲ့တာကို မှတ်မိသေးလား”

“ကျွန်တော် ဒီနေ့ အဲဒါတွေဝယ်လာခဲ့တယ်၊ ကျွန်တော်တို့ နည်းနည်းလောက် သောက်ကြရအောင်ပါ”

ဖန်းရှစ်ကျုံးမှ ဖုန်းရွှမ်ကို ကြည့်လျက်‌ ပြောသည်။

“သားကြီး မင်း ငါနဲ့အတူ စိတ်ရင်းအမှန်နဲ့ ရိုးရိုးသားသား သေရည်မသောက်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ”

ဖုန်းရွှမ်မှ ပြောသည်။

“အာ ကျွန်တော် အရင်က အင်အားအာဏာကို လိုချင်တက်မက်မှုကြောင့် မျက်ကန်းသွားခဲ့လို့ပါ။ ညီငယ်၂ သေဆုံးသွားပြီးတော့ ကျွန်တော့်စိတ်နှလုံးလည်း တစ်ကြိမ်မှ မငြိမ်းချမ်းနိုင်ခဲ့ပါဘူး။ ကျွန်တော် အများကြီး တွေးခဲ့တယ်။ အဲဒီအကြောင်းတွေ မပြောကြရအောင်ပါ။ ညီငယ်၅ မင်းလည်း ရောက်နေမှ‌တော့ မွေးစားအဖေနဲ့ တစ်ခွက်လောက် အဖော်ပြုသောက်ပေးသွားပေါ့။ ဟုတ်သား မွေးစားအဖေ၊ မွေးစားအဖေရဲ့ ကျန်းမာရေးအခြေအနေက သေရည်သောက်လို့ အဆင်ပြေရဲ့လား”

“ဟက် ‌ကောင်လေး ငါ့ကို သေရည်သောက်ဖို့ ဖိတ်ခေါ်ပြီးမှ မသောက်ရဘူးတဲ့လား? ခွက်တွေယူလာခဲ့!”

ဖန်းရှစ်ကျုံးသည် သားအကြီးဆုံးဖြစ်သူ၏ ထိုစကားများကို ကြားရသည်တွင် အလွန်ဝမ်းသာပီတိဖြစ်နေခဲ့သည်။ သူ၏သားကြီးမှာ နောက်ဆုံးတော့ ပြုပြင်ပြောင်းလဲသွားပြီ‌ဟု တွေးထင်နေခဲ့သည်။

ဖုန်းရွှမ်မှ အော်ပြောသည်။

“ကောင်းပြီ။ ခွက်တွေယူလာခဲ့ ကမ်းပေ့!”

အတော်ကြာ သောက်ခဲ့ပြီးနောက် ဖန်းရှစ်ကျုံးမှ ဖုန်းရွှမ်ကို မေးသည်။

“သားကြီး မင်းငါ့ကို နာကျည်းသလား”

ဖုန်းရွှမ်သည် ခဏမျှ တန့်သွား၏။ ထို့နောက် အရေးမထားဟန်ဖြင့် ပြန်ပြောသည်။

“နာကျည်းခဲ့ပါတယ်”

“အခုတော့ နာကျည်းစိတ်မရှိတော့ပါဘူး”

“ဘာလို့လဲ”

ဖုန်းရွှမ်မှ ပြန်ပြောသည်။

“ကျွန်တော် နားလည်သွားခဲ့လို့ပါ။ မွေးစားအဖေ ကျွန်တော့်ကို ဒီလိုဆက်ဆံတာက ကျွန်တော့်အတွက် အား‌ေပးတိုက်တွန်းခြင်းတစ်မျိုးပါပဲ။ ကျွန်တော့်ကို အကြံအစည် အရမ်းမကြီးဘဲ လူတွေအပေါ် စိတ်ရင်းအမှန်နဲ့ ဆက်ဆံတတ်ဖို့ မျှော်လင့်တာပါ။ ဒီရက်တွေအတွင်းမှာ ကျွန်တော် ညီငယ်၂ကို ခဏတိုင်းတွေးမိတယ်။ အတိတ်ကို ပြန်တွေးကြည့်လိုက်တော့ ကျွန်တော်တို့ရဲ့ အသေအကြေပြိုင်ဆိုင်ရုန်းကန်မှုတွေက တကယ်တမ်းကျ အဓိပ္ပာယ်ကင်းမဲ့လွန်းနေခဲ့တယ်။ ညီအစ်ကိုတွေက ဘာလို့ ဒီလိုဖြစ်သွားရမှာလဲ။ ညီငယ်၅ မင်းက အရမ်းတော်တယ်။ အမှန်အတိုင်းပြောရရင် မွေးစားအဖေရဲ့ တာဝန်ကို ဆက်ခံယူဖို့အတွက် မင်းက ဒီအစ်ကိုကြီးနဲ့ ညီငယ်၂ထက် ပိုပြီး တည်ငြိမ်မှုရှိပြီး သင့်တော်တယ်”

“ဒီရက်တွေအတွင်းမှာ အောင်မြင်မှုနဲ့ ကြွယ်ဝချမ်းသာမှုတွေက တဒင်္ဂပဲဆိုတာကိုလည်း နားလည်လာခဲ့တယ်။ မနက်ဖြန်ကျရင် ငါ့ရဲ့ငြိမ်းချမ်းရေးလမ်းမကြီးဆီ လူလွှတ်လိုက်၊ ငါမင်းကို လွှဲပြောင်းပေးမယ်။ ငါလည်း တိတ်ဆိတ်ငြိမ်ချမ်းမှုအချို့ လိုအပ်တယ်လေ။ ငါ လုပ်စရာအလုပ်မရှိတော့တဲ့အခါ မွေးစားအဖေဆီ လာပြီး ကျားကစားရင်း သေရည်သောက်တာလည်း မဆိုးလှပါဘူး”

ချန်ကျဲ့သည် ဖုန်းရွှမ်၏ ရိုးသားစစ်မှန်ဟန်သော အမူအရာကို ကြည့်၍ ‘သူ ဘာတွေကြံစည်နေသလဲ'ဟု တွေးနေခဲ့သည်။

“အစ်ကိုကြီး ကျွန်တော့်အတွက် တာဝန်ကြီးလေးလွန်းမှာ စိုးမိပါတယ်”

“ဘာများ မလုပ်နိုင်စရာရှိလို့လဲ။ ငါ စစ်ရှီးကို မင်းကို ကူညီပေးဖို့ လွှတ်လိုက်မယ်။ နောက်ပိုင်းကျ ကျွန်တော်က မွေးစားအဖေဆီ မကြာမကြာလာပြီး အနှောင့်အယှက်ပေးတော့မှာ။ မွေးစားအဖေ ကျွန်တော့်ကို မငြိုငြင်ပါဘူးနော်!”

ဖုန်းရွှမ်၏အပြုံးသည် နူးညံ့နွေးထွေး၏။

ဖန်းရှစ်ကျုံးသည် သူ၏‌သားကြီးမှာ နောက်ဆုံးတွင် ရွက်သစ်‌တစ်ရွက်အဖြစ် ပြောင်းလဲသွားခဲ့ပြီဟူသော အတွေးဖြင့် အလွန်တရာ ဝမ်းသာပျော်ရွှင်နေခဲ့သည်။ ဖန်းရှစ်ကျုံးမှ ရယ်မော၏။

“ဟားဟား ကောင်းတယ်! မွေးစားအဖေက မင်းကို ဘယ်လိုလုပ်ပြီး ငြိုငြင်ပါ့မလဲ။ မင်း နေ့တိုင်းလာမယ်ဆို ဒီမွေးစားအဖေက ပျော်နေမှာပါ!”

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့၊ ဖုန်းရွှမ်တို့နှင့်အတူ သောက်ရသည်တွင် စိတ်တက်ကြွနေခဲ့သည်။

သို့တိုင် ဖုန်းရွှမ်သည်တော့ မျက်နှာထက်တွင် အပြုံးချိတ်ဆွဲထားပြီး စိတ်နှလုံးတွင်တော့ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

ငတုံးအဖိုးကြီး ငါ အင်အားလွှဲပေးမှာကို ဒီလောက်ပျော်နေတာ၊ ငါ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့တာ သိသာနေတာပဲ။ ဒီလိုမှတော့ သားအဖသံယောဇဉ်ကို ထည့်မတွက်တာအတွက် ငါ့ကို အပြစ်မဆိုနဲ့တော့!

“ဟားဟား သောက်ကြ! သောက်ကြစို့~”

All Chapters