← Chapters

ဇနီး : ယောက်ျား ရှင် ကြင်ယာတော်တစ်ယောက်လောက် ယူလိုက်ရင်ရော?_၄

Vol. 25 Ch. 341

ဇနီး : ယောက်ျား ရှင် ကြင်ယာတော်တစ်ယောက်လောက် ယူလိုက်ရင်ရော?_၄

Vol. 25 Ch. 341

ချွေ့ကျူမှ ရယ်မောလျက် ပြောသည်။

“ဟားဟား… ဘာမှမဟုတ်ပါဘူး”

ချွေ့ကျူ၏ ပြုံးစစ အမူအရာကို ကြည့်လျက် အစေခံမိန်းကလေးတစ်ဦးမှ မေးသည်။

“နင် သခင်ကြီးကို တကယ်ဘာမှမလုပ်ပါဘူးနော် ဟုတ်တယ်မလား”

ချွေ့ကျူမှ ပြောသည်။

“ပေါက်ကရတွေ မပြောစမ်းနဲ့။ ငါက အဲဒီလိုလူမျိုး မဟုတ်ဘူး”

“‌ဟေ့ ဟေ့ တကယ်ပါပဲ”

အစေခံမိန်းကလေးနှစ်ဦးမှ သူမကို တို့ထိစနောက်သည်တွင် ချွေ့ကျူသည် တိတ်ဆိတ်နေခဲ့သည်။ ချွေ့ကျူ၏ ဘဝင်ခိုက်နေဟန်သော မျက်နှာအမူအရာသည် ခပ်ထေ့ထေ့ဟန်ဖြစ်နေခဲ့သည်။

ထိုအချိန်၌ တခြားအစေခံမိန်းကလေးနှစ်ဦးမှ ပြောလာသည်။

“အာ ချွေ့ကျူ နင်က အရမ်းတော်တာပဲ”

“ဘာ ချွေ့ကျူလဲ။ အခုကစပြီးတော့ ငါတို့ သူ့ကို ဒုတိယသခင်မလို့ ခေါ်ရတော့မှာပေါ့”

“ဟုတ်ကဲ့ပါ ဒုတိယသခင်မ။ အနာဂတ်မှာ ကျွန်‌မတို့ကို ဂရုစိုက်ပေးရမယ်နော်”

“ဟုတ်တယ် ဟုတ်တယ်”

နောက်ထပ် အစေခံမိန်းကလေးနှစ်ဦးလည်း ကြားဝင်ပြောလာသည်။ ထိုအခါ ချွေ့ကျူမှ ပြောသည်။

“ဒါပေါ့ ဒါပေါ့။ ငါ ဒုတိယသခင်မဖြစ်တာနဲ့ နင်တို့ရဲ့လစာတွေကို တိုးပေးမယ်…”

ကျွီ!

ထိုစဉ် အခန်းတံခါး ရုတ်တရက်ပွင့်သွားပြီး ယင်ဟုန်မိန် ဝင်လာသည်။

သူမ၏ မျက်နှာအမူအရာသည် အရေးမစိုက်ဟန်ဖြစ်၏။ အစေခံမိန်းကလေးသုံးဦးသည် ရုတ်ချည်း တိတ်ဆိတ်သွားပြီး ချွေ့ကျူသည် ယင်ဟုန်မိန်ကို ရန်လိုသည့်အကြည့်ဖြင့် ကြည့်သည်။

'သခင်မကို ကပ်ပြီး သွေးစုပ်နေတဲ့ အစေခံမ'ဟုလည်း စိတ်ထဲမှ တွေးနေလိုက်သေးသည်။

ရက်နည်းနည်းလောက်ပဲ စောင့်နေလိုက်၊ ငါက ဒုတိယသခင်မ ဖြစ်လာတော့မှာ။

အဲဒီအခါကျ ငါက သခင်၊ နင်က အစေခံပဲ။ အဲဒီအခါကျ နင်ဘယ်လောက်ထိ ထောင်လွှားနေနိုင်မလဲ ကြည့်ဦးမယ်။

ယင်ဟုန်မိန်သည် သူတို့ကို လျစ်လျူရှု၍ သူမ၏အိပ်ရာထက်တွင် လဲလျောင်းလိုက်သည်။ တစ်ကိုယ်လုံးကို စောင်ဖြင့်ဖုံးအုပ်၍ အိပ်စက်၏။

အစေခံမိန်းကလေးသုံးဦးသည် အပြန်အလှန် အကြည့်ချင်းဖလှယ်ကြလိုက်ကြသည်။ သူတို့အားလုံးသည် ယင်ဟုန်မိန်ကို မကျေနပ်ကြပေ။

တက်ခ်~

‌အစေခံမိန်းကလေးသုံးဦးသည် တစ်ပြိုင်နက်တည်း မျက်ဖြူလှန်လိုက်ကြကာ ချွေ့ကျူကို တိတ်တဆိတ် မျက်နှာချိုသွေးကြ၏။ ချွေ့ကျူအောင်မြင်သွားပါက သူတို့၏ သခင်နှင့်အစေခံဆက်ဆံရေးကို ပြောင်းလဲနိုင်လိမ့်မည်။ ယခုအချိန်တွင် ဆက်ဆံရေးကောင်းမွန်အောင် ‌ထိန်းသိမ်းထားခြင်းဖြင့် အနာဂတ်တွင် အကျိုးရှိစေလိမ့်မည်။

ချွေ့ကျူသည် အတော်လေး စိတ်ကျေနပ်စွာဖြင့် ပြောသည်။

“ကောင်းပြီ ကောင်းပြီ၊ ငါတို့အိပ်သင့်နေပြီ။ မနက်ကျ အလုပ်လုပ်ရဦးမှာ”

ထိုသို့ပြောလျက် ချွေ့ကျူသည် အိပ်စက်သွားရာ အစေခံမိန်းကလေးနှစ်ဦးလည်း အိပ်သွားတော့သည်။

ချွေ့ကျူသည် လှပသည့် အိပ်မက်တစ်ခုကိုပင် မြင်မက်ခဲ့သေး၏။ သူမသည် သခင်ကြီး၏ နှစ်ခြိုက်မှုကို ရရှိပြီး ဒုတိယသခင်မအဖြစ် ရာထူးတိုးသွားခဲ့ကာ အိမ်တော်၏အရေးကိစ္စများကို တာဝန်ယူရသည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင် သူမ၏မိခင်ထံမှ သင်ယူခဲ့ရသည့် ယောက်ျားထိန်းသိမ်းနည်းများကို အသုံးပြု၍ သခင်ကြီးသည် သူမအပေါ် သဘောကျစိတ်များ အလွန်တရာ ကြီးမားလာခဲ့သည်။

သူမသည် အိမ်တော်ကြီးတစ်ခုလုံးကို အပြည့်အဝ အုပ်စိုးနိုင်ခဲ့ကာ သခင်မသည်တော့ တစ်နေ့လုံး မျက်ရည်ဖြင့် မျက်နှာသစ်နေရုံသာ တတ်နိုင်လေသည်။

ထို့နောက် သူမသည် မိခင်ဖြစ်သူ၏ ဆေးကို အသုံးပြု၍ သခင်မအား ကလေးမရစေရန် ကြံစည်သည်။ ကလေးမရပါက သခင်ကြီး၏ သခင်မအပေါ် အချစ်သည် ပို၍လျော့နည်း‌လာလိမ့်မည်။

ထို့နောက် သခင်ကြီး၏နာမည်ရေးထိုးထားသော ကောက်ရိုးရုပ်ကို အပ်များထိုး၍ သခင်မ၏ အိပ်ရာအောက်တွင် ထည့်ထားကာ သခင်မသည် သခင်ကြီးအား အောက်လမ်းတိုက်ပါသည်ဟု စွပ်စွဲခြင်းဖြင့် မီးတောက်ကို လေပြင်းတိုက်စေသည်။

သခင်ကြီးသည် သခင်မကို စက်ဆုပ်သွားပြီး သခင်မနှင့် ကွာရှင်းလိုက်သည်။ ထို့နောက် သူမသည် အိမ်တော်သခင်မ ဖြစ်သွားခဲ့တော့သည်။ ဟားဟား…

ချွေ့ကျူသည် အိပ်မက်ယောင်လျက် ရယ်မောနေခဲ့သည်။ သို့သော် အိပ်မက်ထဲတွင် ပျော်မွေ့နေစဉ် သူမ၏လည်ပင်းအား ဖိညှစ်နေသည်ကို ခံစားလိုက်ရသည်။ သူမ အသက်ရှူရန် ခက်ခဲလာ၏။

ထိုအချိန်၌ သူမ မျက်လုံးဖွင့်လိုက်သောအခါ အရေးမထားဟန် အေးစက်နေသည့် မျက်လုံးတစ်စုံကို မြင်တွေ့လိုက်ရသည်။

ယင်ဟုန်မိန်!

ချွေ့ကျူသည် ထိုမျက်လုံးပိုင်ရှင်ကို ရုတ်ချည်း မှတ်မိလိုက်သည်။ ထို့နောက် သူမ၏ လည်ပင်းတွင် တင်းကြပ်လာသည့် ကြိုးကို ခံစားမိလိုက်သည်။

အား…

“နင် နင်ဘာလုပ်တာလဲ!”

ထိုအချိန်၌ ယင်ဟုန်မိန်သည် သူမ၏လက်များကို အိပ်ရာလွှမ်းမှ စုတ်ဖြဲထားသော အဝတ်ဖြင့် ရစ်ပတ်ထားသည်။ ထိုလက်များသည် ချွေ့ကျူ၏လက်များကို ဖိညှစ်နေသည်။ ချွေ့ကျူသည် အဝတ်စကို လည်ပင်းမှဖယ်ရန် ရုန်းကန်နေခဲ့ရင်း မျက်နှာမှာလည်း နီရဲနေခဲ့သည်။

သို့သော် ယင်ဟုန်မိန်သည် အိပ်ရာသို့ မျက်နှာမူ၍ ဒူးထောက်ချလိုက်သည်။ ထို့နောက် ကြိုးကို ကျောမှတစ်ဆင့် တင်းတင်းဆွဲသည်။ သို့ဖြင့် အားကုန်စိုက်ထုတ်နိုင်ပေသည်။

သူမသည် အသက်၁၂နှစ်သာ ရှိသေးသောကြောင့် ချွေ့ကျူထက် ငယ်ရွယ်သေးကွေးသည်။ ထို့ကြောင့် အားကုန်စိုက်ထုတ်ရန်အတွက် ဤနည်းလမ်းကိုသာ အသုံးပြုနိုင်ပေသည်။

အာ့…

ချွေ့ကျူသည် ကူကယ်ရာမဲ့စွာ ရုန်းကန်နေခဲ့ပြီး ယင်ဟုန်မိန်သည်တော့ မျက်နှာအမူအရာကင်းမဲ့စွာဖြင့် စိတ်ခံစားချက် စိုးစဉ်းသော်မျှ မထင်ဟပ်ဘဲ အရေးမထားဟန် တည်ငြိမ်အေးဆေးသည့် အမူအရာကို ထိန်းသိမ်းထားမြဲဖြစ်သည်။

အ့…

ဒုန်း!

ချွေ့ကျူသည် ရုန်းကန်ရင်း ဘေးရှိ အစေခံမိန်းကလေးနှစ်ဦးကို ကန်လိုက်သည်။ အစေခံမိန်းကလေးသည် အိပ်ချင်မူးတူးဖြင့် နိုးလာ၏။

“အာ… ဘာဖြစ်နေတာလဲ”

“အား ငါ့ကို ဘာလို့ကန်တာလဲ”

“အာ့-အ့…”

ချွေ့ကျူ၏မျက်နှာမှာ ခရမ်းရောင်ပြောင်းနေလေပြီ။

ထိုအခါမှ အစေခံနှစ်ဦးသည် တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတိထားမိသွားကြပြီး မျက်လုံးဖွင့်ကြည့်လာကြသည်။ နောက်တဒင်္ဂတွင်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားကြ၏။

“အား ဘုရားရေ ယင်ဟုန်မိန် နင်ဘာလုပ်နေတာလဲ?!”

ယင်ဟုန်မိန်သည် သူတို့ကို ဂရုမစိုက်ဘဲ ဆက်လက်ဖိညှစ်နေ၏။

“သူ့ကိုဆွဲဖယ် သူ့ကိုဆွဲဖယ် မြန်မြန်!”

အစေခံမိန်းကလေးနှစ်ဦးသည် ထိတ်ထိတ်ပျာပျာဖြင့် လာဆွဲဖယ်ကြသည်။

“အဟွတ် အဟွတ် အဟွတ်…”

အသက်‌ရှူနိုင်သွားပြီ‌ဖြစ်သော ချွေ့ကျူသည် လည်ပင်းကို ကိုင်လျက် အပြင်းအထန် ချောင်းဆိုးနေတော့သည်။ ပုံမှန်ဖြစ်ရန် အချိန်ယူပြီးနောက်တွင် ချွေ့ကျူသည် ဒေါသပေါက်ကွဲတော့သည်။

“ယင်ဟုန်မိန် ငါနင့်ကို သတ်ပစ်မယ်!”

သို့ဖြင့် ချွေ့ကျူသည် သူမ၏လက်သည်းထက်ထက်များဖြင့် ယင်ဟုန်မိန်၏မျက်နှာကို ကုတ်ခြစ်တော့သည်။

သို့သော် ယင်ဟုန်မိန်သည် ရှောင်တိမ်းခြင်းမရှိသကဲ့သို့ အကြမ်းဖက်၍ ပြန်တုံ့ပြန်ခြင်းလည်း မပြုလုပ်ပေ။ ချွေ့ကျူအား သေလူတစ်ယောက်ကို ကြည့်နေသည့်အလား အေးစက်စက်ကြည့်နေခဲ့သည်။

အစေခံမိန်းကလေးနှစ်ဦးမှာ ထိတ်လန့်တကြားဖြင့် ဝင်ဆွဲရပြန်သည်။

“စက်ဆုပ်ဖို့ကောင်းတဲ့သတ္တဝါမ နင်ရူးနေလား! ငါ့ကို ဘာလို့ သတ်ဖို့ကြိုးစားတာလဲ နင်…”

ချွေ့ကျူမှ ‌ကျယ်လောင်စွာ အော်ဟစ်ကြိမ်းမောင်း၏။ ယင်ဟုန်မိန်မှ ပြောသည်။

“အသံတိုးစမ်း”

“ဘာ”

“ငါပြောတာ အသံတိုးလို့၊ သခင်တို့ အိပ်နေကြတုန်းပဲ!”

“ငါ နင့်ကြောင့် သေတော့မလို့လေ။ အဲဒါကို နင်က ငါ့ကို တိတ်တိတ်နေစေချင်သေးတာလား? ငါ…”

“ဟုတ်တယ်လေ ဟုန်မိန်၊ နင်ဘာလုပ်တာလဲ။ ငါတို့အားလုံးက တစ်ခန်းတည်း နေရတဲ့သူတွေမဟုတ်လား၊ နင်ဘာလို့ ချွေ့ကျူကို သတ်ဖို့ကြိုးစားရတာလဲ”

“ဟုတ်တယ် နင်ဘာလို့ ငါ့ကိုသတ်ဖို့လုပ်တာလဲ”

ချွေ့ကျူမှ ဒေါသူပုန်ထလျက် မေးသည်။

ယင်ဟုန်မိန်သည် မထုံတက်သေးအမူအရာဖြင့်ပင်။ သူမသည် ခံစားချက်ကင်းမဲ့နေ၏။ ထို့နောက် ယင်ဟုန်မိန်မှ‌ ပြောသည်။

“နင် မသေသွားဘူးဆိုတော့ ကြည့်ရတာ ကောင်းကင်ဘုံက နင့်ကို အခွင့်အရေးပေးလိုက်ပုံပဲ။ မနက်ဖြန်မနက်ကျ သခင်မရှေ့မှာ သွားဒူးထောက်ပြီး ခေါင်းနဲ့ကြမ်းပြင်နဲ့ သုံးကြိမ်ဦးတိုက်တောင်းပန်ပါ။ သခင်ကြီးအနားကို ဘယ်တော့မှ မချဉ်းကပ်တော့ဘူးလို့လည်း ကျိန်ဆိုရမယ်။ အဲဒါဆိုရင် ဒီကိစ္စကို ဒီမှာတင်ရပ်လိုက်လို့ရပြီ!”

“နင်ရူးနေလား? ငါဘာလုပ်လုပ် နင်နဲ့မဆိုင်ဘူး။ နင်က အခု ငါ့ကိုအမိန့်ပေးနေတာလား။ ငါဒူးထောက်တောင်းပန်မှာ မဟုတ်ဘူး၊ သခင်ကြီးဆီကို သွားမှာ။ သခင်ကြီးက ငါ့ကိုသဘောကျတယ်၊ အဲဒါ နင်နဲ့ဘာဆိုင်လဲ။ ရုပ်ဆိုးတဲ့သတ္တဝါမ နင့်ကိုလိုချင်တဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး မုန်းဖို့ကောင်းတဲ့ကောင်မ!”

ချွေ့ကျူသည် ဒေါသမွှန်ထူနေခဲ့သည်။

ယင်ဟုန်မိန်သည်တော့ မျက်နှာအမူအရာ မပြောင်းမလဲဖြင့် ပြန်ပြောသည်။

“နင် ငါပြောတဲ့အတိုင်း မလုပ်လည်း ရပါတယ်။ ဒါပေမဲ့ နင် သေချာပေါက် သေရမယ်လို့တော့ ငါအာမခံတယ်!”

All Chapters