ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)
Vol. 25 Ch. 344
“ဒီနေ့အတွက် နောက်ဆုံးရသတင်းအချက်အလက်များကို မြင့်တင်ပြီးပါပြီ (အဆင့် ၂)”
ညဉ့်သန်းခေါင်အချိန်၌ ချန်ကျဲ့သည် ဇနီးဖြစ်သူကို ပွေ့ဖက်၍ အိပ်ရာထက်တွင် လဲလျောင်းနေသည်။ ထိုစဉ် စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသည်။
[၁။ သင်ဒီနေ့ ဖုန်းရွှမ်နဲ့တွေ့ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ဒီနေ့မှာ ဖုန်းရွှမ်က ကျားဖြူခန်းမတစ်ခွင်မှာ စကားဖြန့်နေခဲ့ပါတယ်။ သူက အင်အားအာဏာကို စွန့်လွှတ်ပြီး ကျားဖြူခန်းမရဲ့ ဆက်ခံသူနေရာအတွက် သင်နဲ့ ဆက်မပြိုင်တော့ဘူးဆိုတဲ့ အကြောင်းအရာတွေပါ။ ဒါ့အပြင် ကျိုစစ်က ငယ်ရွယ်ပြီး အလားအလာရှိတယ်၊ အနာဂတ်မှာ သေချာပေါက် ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်]
[၂။ သင်ဒီနေ့ စစ်ရှီးနဲ့ တွေ့ခဲ့တဲ့အတွက် ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ စစ်ရှီးက ကျိုးချူကို အရင်သွားရှာပြီး ငြိမ်းချမ်းခြင်းလမ်းမရဲ့ စီမံခန့်ခွဲခွင့်အာဏာကို ကျိုးချူဆီ လွှဲပြောင်းပေးခဲ့ပြီးပါပြီ။ ပြီးတော့ ငြိမ်းချမ်းခြင်းလမ်းမရဲ့ ဦးစီးမှူးက ဆန္ဒအလျောက် နှုတ်ထွက်သွားခဲ့တာကြောင့် ကျိုးချူက အဲဒီရာထူးမှာ အစားထိုးဖို့အတွက် လူရှာနေပါတယ်]
[၃။ သင်ဒီနေ့ နွေဦးလေပြေပြဇာတ်ရုံကို ဖြတ်သွားခဲ့ပြီး ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ နွေဦးလေပြေပြဇာတ်ရုံရဲ့ အစိမ်းရောင်ဝတ် မူလခေါင်းဆောင်မင်းသမီးက ဟွားသျဲ့ရဲ့ တွန်းထုတ်ခံလိုက်ရတာပါ။ ဟွားသျဲ့က ပြဇာတ်ရုံကိုရောက်လာပြီး မကြာခင်မှာပဲ ဖန်းရှစ်ကျုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုနဲ့ ဖန်းရှစ်ကျုံးက သူမကို အစိမ်းရောင်ဝတ် ခေါင်းဆောင်မင်းသမီးရဲ့ နေရာကိုရောက်အောင် ထောက်ပံ့ပေးခဲ့ပါတယ်]
[၄။ သင်ဒီနေ့ ဟွားသျဲ့ကို အဝေးမှလှမ်းကြည့်ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ဟွားသျဲ့က တရုတ်နံနံကို မကြိုက်ပေမဲ့ ဖန်းရှစ်ကျုံးက ကြိုက်နှစ်သက်ပါတယ်။ အဲဒါကြောင့် ဟွားသျဲ့က တရုတ်နံနံကို စားပြီးတိုင်း အန်ရတာတောင်မှ ဖန်းရှစ်ကျုံးကိုတော့ ကြိုက်တယ်လို့ ပြောခဲ့ပါတယ်]
[၅။ နွေဦးလေပြေပြဇာတ်ရုံအကြောင်း သင်တွေးနေခဲ့တာကြောင့် ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ဒီနေ့ညမှာ နန်ပါးထျန်းက ချင်းယင်နဲ့အတူ ပြဇာတ်ကြည့်ဖို့ လာရောက်မှာ ဖြစ်ပါတယ်]
ချန်ကျဲ့ ရုတ်ချည်း မျက်လုံးဖွင့်လိုက်သည်။ ဖုန်းရွှမ်၏ လှုပ်ရှားမှုပုံစံများကြောင့် စိတ်မအေးနိုင်ဖြစ်နေရ၏။ ထို့ကြောင့် ချန်ကျဲ့သည် နေ့လယ်က နွေဦးလေပြေပြဇာတ်ရုံသို့ အထူးတလည်သွား၍ ဖုန်းရွှမ်နှင့် ဆုံတွေ့ခဲ့ပြီး နောက်ဆုံးတွင်တော့ ဤအချက်အလက်ကို ရရှိနိုင်ခဲ့သည်။
ချန်ကျဲ့ အချက်အလက်များကို ဖတ်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဖုန်းရွှမ်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ။
နံပါတ်တစ်အချက်နှင့် နံပါတ်နှစ်အချက်များအရ ဖုန်းရွှမ်သည် အာဏာစွန့်လွှတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ရှင်းလင်းနေသည့်အပြင် ကျားဖြူခန်းမ၏ လုပ်ပိုင်ခွင့်များနှင့်ပတ်သက်ပြီး လုံးဝ စိတ်မဝင်စားတော့သည့်အလား ထိုအကြောင်းကို နေရာအနှံ့လျှောက်ပြောနေခဲ့သည်။ သို့သော် ၎င်းမှာ ဖြစ်နိုင်ပါမည်လော။
ဖုန်းရွှမ် လုပ်ခဲ့ဖူးသည့် လုပ်ဆောင်ချက်များအရ ဖုန်းရွှမ်သည် ကျားဖြူခန်းမကို အလွန်အရေးထားကြောင်း သိနိုင်သည်။ ညီအစ်ကိုများကို အန္တရာယ်ပြုနိုင်သည်အထိ အရေးထားခြင်းဖြစ်သည်။
ဒါပေမဲ့ အခုကျ အာဏာစွန့်လွှတ်ပြီး ယှဉ်ပြိုင်မှုကနေ နှုတ်ထွက်မယ်ပေါ့လေ? သူတကယ်ပဲ ဘာလုပ်ချင်နေတာလဲ?
သူက ငါ့ကို ထောင်ချောက်ဆင်ချင်နေတာလား ဒါမှမဟုတ် မွေးစားအဖေကို ပစ်မှတ်ထားနေတာလား။
ဖုန်းရွှမ်၏ ရည်ရွယ်ချက်အစစ်အမှန်ကို ချန်ကျဲ့ အဓိပ္ပာယ်မဖော်နိုင်သော်ငြား ဖုန်းရွှမ်သည် ကြီးကြီးမားမား တစ်စုံတစ်ရာကို ကြံစည်နေခြင်းဖြစ်ကြောင်း ခံစားမိနေခဲ့သည်။
ထို့နောက် နံပါတ်၃နှင့်၄အချက်များသည် ဟွားသျဲ့ဟူသည့် ပြဇာတ်သရုပ်ဆောင်ကို အဝေးမှ လှမ်းကြည့်ခဲ့ရာမှ ရရှိခဲ့သည့် အချက်အလက်များ ဖြစ်သည်။
ဟွားသျဲ့၏ရုပ်ရည်ကို အကဲဖြတ်ပါက ချန်ကျဲ့၏အမြင်တွင်တော့ ဟွားသျဲ့သည် မလှပပေ။ သူမသည် ညှို့ဓာတ်ပြင်းသော ဟွမ်ဝမ်အာနှင့်ရော ဖြူစင်သည့် စူးယွင်ကျင်းနှင့်ပါ မယှဉ်နိုင်ပေ။
မနေ့ညက သူ့ကို ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည့် ချွေ့ကျူကဲ့သို့လည်း ထင်ပေါ်ခြင်းမရှိပေ။ ဟွားသျဲ့ကို သာမန်ရုပ်ရည်ပိုင်ရှင်ဟုသာ သတ်မှတ်နိုင်လိမ့်မည်။ နည်းလမ်းကျကျဆိုရသော် ဤသို့အမျိုးသမီးတစ်ဦးမှ ဖန်းရှစ်ကျုံး၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခြင်းမှာ မဖြစ်သင့်ပေ။
အင်အားကြီးမားသည့် ခန်းမအရှင်သခင်တစ်ဦးအနေဖြင့် ဖန်းရှစ်ကျုံးသည် သူအလိုရှိရာ မည်သည့်အမျိုးသမီးဖြစ်စေ ရယူနိုင်သူဖြစ်သည်။ သို့တိုင် ဖန်းရှစ်ကျုံးသည် သာမန်ရုပ်ရည်နှင့် ပြဇာတ်သရုပ်ဆောင်တစ်ဦးကို အထူးတလည် သဘောကျနေခဲ့သည်။
ထို့ပြင် စနစ်၏အချက်အလက်များအရ ဟွားသျဲ့သည် ဖန်းရှစ်ကျုံးကို တမင်ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှား၏။
ဖန်းရှစ်ကျုံးသည် တရုတ်နံနံပင်ကို ကြိုက်သည်။ သို့သော် သူမ မကြိုက်ပေ။ သို့တိုင် ဟွားသျဲ့သည် ဖန်းရှစ်ကျုံးနှင့် အတူရှိချိန်တိုင်းတွင် တရုတ်နံနံကို အတင်းအကြပ်စားခဲ့သည်။ သူမ၏ အားစိုက်ထုတ်မှုများကို ကြည့်ခြင်းအားဖြင့် သူမ၏ရည်ရွယ်ချက်မှာ ရွှေငွေလေးနည်းနည်းအတွက်မျှသာ မဟုတ်နိုင်ပါချေ။
ပြီးတော့ နောက်ဆုံးအချက်ကလည်း ဒီနေ့ည နန်ပါးထျန်းက ချင်းယင်နဲ့အတူ ပြဇာတ်ကြည့်မယ်တဲ့။
သူတို့ ဘာလုပ်ကြမလို့လဲ။
လျှို့ဝှက်ကြံစည်မှုရနံ့သည် ပို၍ပင် ပြင်းထန်လာတော့သည်။ တစ်စုံတစ်ရာ ကြီးကြီးမားမားဖြစ်တော့မည်ဟု ချန်ကျဲ့ အမြဲခံစားနေရ၏။ ထို့ပြင် ၎င်းသည် ဖန်းရှစ်ကျုံးကို ပစ်မှတ်ထားသည့် လျှို့ဝှက်ကြံစည်မှုကြီးဟု ခံစားမိနေခဲ့သည်။
သူ၏မွေးစားအဖေ ဖန်းရှစ်ကျုံးသည် သူ့အပေါ် အမြဲကောင်းပေးခဲ့သည်။ သို့ဖြစ်ရာ ဖန်းရှစ်ကျုံး ထောင်ချောက်ထဲ ကျရောက်သွားသည်ကို ချန်ကျဲ့ ဘာမှမလုပ်ဘဲ ထိုင်ကြည့်မနေနိုင်ပါချေ။
ဖန်းရှစ်ကျုံးကို ကယ်တင်ဖို့နည်းလမ်းကို ရှာဖွေရမည်။
ထိုသို့တွေးလျက် ချန်ကျဲ့ တစ်ဖက်သို့လှည့်လိုက်ရာ စူးယွင်ကျင်း လန့်သွား၏။
“ဟမ် ယောက်ျား၊ ရှင်ဘာလို့ နိုးနေတာလဲ။ စိတ်ဒုက္ခရောက်စရာ တစ်ခုခုရှိနေလို့လား”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဘာမှမဟုတ်ပါဘူး။ ပြန်အိပ်တော့”
စူးယွင်ကျင်းမှ ပြောသည်။
“ေယာကျ်ား ရှင့်မှာ ပူပန်စရာတစ်ခုခုရှိနေရင် ကျွန်မကို ပြောပြကြည့်လေ။ ကျွန်မ အကြံဉာဏ်ပေးနိုင်ရင်လည်း ပေးနိုင်လောက်မှာပေါ့”
ထိုအခါ ချန်ကျဲ့ ခဏမျှတွေးလိုက်သည်။
ဟုတ်တယ်။ ငါတစ်ယောက်တည်း တွေးပြီး ရုန်းကန်နေလို့မရဘူး။
သို့ဖြင့် စူးယွင်ကျင်းအား စနစ်မှ ရရှိသည့် အချက်အလက်များကို သူစုံစမ်းစစ်ဆေးရခဲ့သည့် အချက်အလက်များအဖြစ် အခြေအနေကို ပြောပြခဲ့သည်။
စူးယွင်ကျင်းသည် ခဏမျှ စဉ်းစားပြီးနောက် ပြောသည်။
“ယောက်ျား ရှင်တွေးတာမှန်တယ်။ အခြေအနေတွေက မူမမှန်ဘူး”
“ဒါပေမဲ့ ပြဿနာရဲ့အရင်းအမြစ်က ဒီနေ့ည မွေးစားအဖေ နွေဦးလေပြေပြဇာတ်ရုံကိုသွားပြီး ပြဇာတ်ကြည့်မှာနဲ့ ဆက်နွယ်နေတယ်လို့ ထင်မိတယ်။ ရှင် မွေးစားအဖေကို မသွားဖို့ ဖျောင်းဖျနိုင်ခဲ့ရင် သူတို့ရဲ့အစီအစဉ်ကို ဖျက်ပြီးသားဖြစ်သွားနိုင်တာပဲ”
ထိုအခါ ချန်ကျဲ့၏မျက်လုံးများ တောက်ပသွား၏။
“အာ ဒီအကြံကောင်းတယ်! ရှင်မ မင်းနဲ့ငါ လုံးဝ အတွေးတူတယ်။ ငါက ဒီတိုင်း မွေးစားအဖေက ငါပြောတာကို နားမထောင်မှာ စိုးရိမ်လို့..”
စူးယွင်ကျင်းမှ ပြောသည်။
“နားထောင်တာ မထောင်တာက မွေးစားအဖေရဲ့အပိုင်းပဲ။ မွေးစားအဖေကို ဖျောင်းဖျကြည့်ဖို့က ရှင်လုပ်ရမယ့်တာဝန်ပဲ။ အကယ်၍ မွေးစားအဖေက မဖြစ်မနေ သွားချင်နေပြီး ဆုံးဖြတ်ချက်ကို ပြောင်းလဲမရနိုင်ဘူးဆိုရင် အဲဒါဆိုရင်တော့ ဒါက ကံကြမ္မာပဲဖြစ်ပါလိမ့်မယ်။ အနည်းဆုံးတော့ ရှင် နောင်တမရတော့ဘူးပေါ့”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အမ်း ရှင်မ,ပြောတာမှန်တယ်။ ငါ မနက်ကျရင် မွေးစားအဖေကို သွားရှာလိုက်မယ်”
“ကောင်းပြီ အိပ်တော့။ မနက်လင်းဖို့ အချိန်လိုသေးတယ်”
စူးယွင်ကျင်း၏စကားကို ချန်ကျဲ့မှ ပြန်ပြောသည်။
“အမ်း အိပ်ကြမယ်”
…
တိတ်ဆိတ်သည့်တစ်ညတာ ကုန်ဆုံးသွားပြီး နောက်တစ်နေ့မနက်တွင် ချန်ကျဲ့သည် မနက်စာစားပြီးနောက် ကျားဖြူခန်းမသို့ ဦးတည်ထွက်ခွာခဲ့သည်။
ကျားဖြူခန်းမသို့ရောက်သောအခါ ချန်ကျဲ့ရောက်ရှိကြောင်း အကြောင်းကြား၍ ခန်းမထဲသို့ ဝင်ခဲ့သည်။
ဖန်းရှစ်ကျုံးသည် လေ့ကျင့်ကွင်းထဲတွင် ပြန့်ကျယ်ဓားဖြင့် လေ့ကျင့်နေသည်။ သူ၏လှုပ်ရှားမှုများသည် ဖြတ်လတ်အားကောင်း၏။ ဒဏ်ရာပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။
ချန်ကျဲ့ ရောက်လာသည်ကို မြင်သောအခါ ဖန်းရှစ်ကျုံးမှ မေးသည်။
“ကျိုစစ် ဒီလောက်အစောကြီးရောက်လာတာ ဘာကိစ္စရှိလို့လဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အို ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း မွေးစားအဖေကို လာကြည့်တာပါ”
“ဪ ကောင်းတယ်။ ငါလည်း အားနေတာ၊ တစ်ပွဲ၊နှစ်ပွဲလောက် ပြိုင်ကြမလား”
ဖန်းရှစ်ကျုံးသည် အနီးရှိ လက်နက်စင်ပေါ်မှ လှံတစ်ချောင်းကို ဆွဲယူလိုက်ပြီး ချန်ကျဲ့ကို ပစ်ပေးသည်။ ချန်ကျဲ့မှ ဖမ်းယူလိုက်ရင်း အလောတကြီး ပြော၏။
“မွေးစားအဖေ ကျေးဇူးပြုပြီး ကျွန်တော့်ကို အလျှော့ပေးပါဦး”