← Chapters

ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)_၂

Vol. 25 Ch. 345

ချန်ကျိုစစ်၏ အကြံပေးချက်ကို နားမထောင်ခဲ့တဲ့အတွက် ဖန်းရှစ်ကျုံး နောင်တရခြင်း (ပြဇာတ်စတင်ပြီ)_၂

Vol. 25 Ch. 345

ဖန်းရှစ်ကျုံးမှ ပြောသည်။

“မင်းရဲ့အစွမ်းအစ အကုန်သုံးပြီး ငါ့ကိုတိုက်ခိုက်။ ငါ မင်းရဲ့အင်အားကို မြင်ချင်တယ်”

ထိုသို့ပြောလျက် ချန်ကျဲ့နှင့် ဖန်းရှစ်ကျုံးတို့ စတင်၍ ယှဉ်ပြိုင်ကြသည်။

သိုင်းကွက်၁၀ကွက်ပြီးနောက်တွင် ဖန်းရှစ်ကျုံးသည် တစ်ဖက်သွားဓားကို သူ၏ခန္ဓာကိုယ်နှင့် နီးကပ်စေလိုက်ပြီး ချန်ကျဲ့၏လှံရှည်ကို တစ်ဖက်သို့ တွန်းထုတ်ကာ သူ၏တစ်ဖက်သွားဓားရှည်အား ချန်ကျဲ့၏ပခုံးထက်တွင် နေရာယူစေသည်။

“ကျိုစစ် မဆိုးဘူးပဲ။ မျန့်ရွှေစီရင်စုမှာရှိတဲ့ သံမဏိအရိုးအဆင့်ကျင့်ကြံသူတွေထဲမှာ မင်းက ထိပ်တန်း၅ယောက်အတွင်း ဝင်နိုင်လိမ့်မယ်”

“မွေးစားအဖေ မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော့်ရဲ့အစွမ်းအစ အကုန်သုံးခဲ့တာတောင်မှ ကျွန်တော်က မွေးစားအဖေကို မယှဉ်နိုင်သေးပါဘူး”

ဖန်းရှစ်ကျုံး ရယ်မောလိုက်သည်။

“ဟားဟားဟား ကျိုစစ်၊ ငါက အဆုတ်ဒဏ်ရာရထားပြီး နာတာရှည်ရောဂါသည်ကြီးလို နေ့တိုင်း ချောင်းတဟွတ်ဟွတ်ဆိုးနေပေမဲ့ တကယ်တမ်းကျ ပြင်းထန်တဲ့ဒဏ်ရာ မဟုတ်ပါဘူး။ ငါ့ရဲ့အင်အားကိုလည်း သက်ရောက်မှုမရှိဘူး။ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ရဲ့ ပုံမှန်သိုင်းကွက်၁၀ကွက်ကို ခုခံနိုင်တယ်ဆိုတာ သံမဏိအရိုးအဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်”

“စွမ်းအင်ပြောင်းလဲခြင်းအဆင့်နဲ့ သံမဏိအရိုးအဆင့်ကြား ကွာဟချက်က ချောက်နက်ကြီးတမျှ ကြီးမားတယ်ကွ”

ဖန်းရှစ်ကျုံး၏ စကားအတိုင်းပင် ချန်ကျဲ့သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်၏ အင်အားကို အမှန်တကယ် ကြုံတွေ့ခဲ့ရ၏။ ခုနက ယှဉ်ပြိုင်မှုတွင် နဂါးနိုင်လက်ဝါးသိုင်းကို ထုတ်မသုံးခဲ့ခြင်းမှအပ အခြားသိုင်းပညာအားလုံးကို ချန်ကျဲ့ အသုံးပြုခဲ့သည်။ သို့တိုင် သိုင်းကွက်၁၀ကွက်အတွင်း ရှုံးသွားခဲ့သည်။

မျန့်ရွှေစီရင်စုမှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကြီးတွေက အဆင့်အတန်း အရမ်းမြင့်မားပြီး သံမဏိအရိုးအဆင့်သိုင်းပညာရှင်တွေကတော့ အဲဒီလိုလွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း မရှိကြတာ မထူးဆန်းတော့ပါဘူး။

ကွာဟချက်က တကယ် အရမ်းကြီးမားလွန်းတယ်။

ဖန်းရှစ်ကျုံးတစ်ခါက ပြောခဲ့ဖူးသည့်အတိုင်းပင်ဖြစ်၏: စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကို အခြားစွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကသာ ထိခိုက်စေနိုင်လိမ့်မည်။

ဖန်းရှစ်ကျုံးသည် တစ်ဖက်သွားဓားရှည်ကို ချထားလိုက်သည်။ ထို့နောက် ချောင်းနှစ်ချက်ဟန့်ကာ ထိုင်ခုံတွင်ထိုင်ရင်း ချွေးသုတ်သည်။

“ပြောပါဦး၊ ဘာကိစ္စရှိလို့လဲ။ မင်းငါ့ကို လာတွေ့တိုင်း အမြဲ ကိစ္စတစ်ခုခုရှိတယ်လေ”

ချန်ကျဲ့မှ ပြောသည်။

“တကယ် ဘာကိစ္စမှမရှိပါဘူး။ ဒါနဲ့ မွေးစားအဖေ ဒီနေ့ည ပြဇာတ်သွားနားထောင်မှာလား”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“အင်း ဘာဖြစ်လို့လဲ။ မင်းလည်း နားထောင်ချင်လို့လား”

ချန်ကျဲ့မှ ပြောသည်။

“ဟားဟား ကျွန်တော် အဲဒါတွေကို တကယ်နားမလည်ပါဘူး”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ငါလည်း ဘာမှ သိပ်ပြီးနားမလည်ပါဘူး။ ဒါပေမဲ့ နားထောင်လို့တော့ ကောင်းတယ်”

“‌ဒါနဲ့ မင်းဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းပြောရတာလဲ”

ထိုအခါ ချန်ကျဲ့ ခဏတန့်သွား၏။ ဦးစွာ စနစ်အကြောင်း လုံးဝလျှို့ဝှက်ထားရမည်ဖြစ်သောကြောင့် ဖန်းရှစ်ကျုံးအား မည်သို့ပြောရမည်ကို စဉ်းစားနေခဲ့သည်။

ဒုတိယအချက်မှာ ဖုန်းရွှမ်တွင် ကောင်းမွန်သည့်ရည်ရွယ်ချက်မရှိကြောင်း ချန်ကျဲ့သိနေသော်ငြား ဖန်းရှစ်ကျုံး၏အမြင်တွင်တော့ သူ၏အကြီးဆုံးသားသည် တိုးတက်ပြောင်းလဲနေခြင်းပင်။ ချန်ကျဲ့မှ ဖုန်းရွှမ်အကြောင်း မကောင်းပြောဆိုခဲ့ပါက ချန်ကျဲ့ကိုယ်တိုင်ကသာ စိတ်ဝမ်းကွဲပြားနေသည့် သိမ်ဖျင်းသူဖြစ်သွားပေလိမ့်မည်။

တတိယအချက်မှာ ‌ဖန်းရှစ်ကျုံးနှင့် မိန်းကလေးဟွားသျဲ့ကြား အခြေအနေမှာ မည်မျှအထိ ခရီးရောက်နေပြီဖြစ်ကြောင်း ချန်ကျဲ့မသိပေ။

ရင်းနှီးသူများကြား ကြားမဝင်နှင့်ဟူသည့်ဆိုရိုးလည်း ရှိသည်မဟုတ်ပါလော။ သူတို့နှစ်ဦး နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးနေကြပါက ဟွားသျဲ့အား ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်သူအဖြစ် စွပ်စွဲလိုက်ခြင်းသည် မျှော်မှန်းထားသည်နှင့် ဆန့်ကျင်ဘက်ရလဒ်ကို ရရှိစေလိမ့်မည်။

အမျိုးမျိုးတွေးတောပြီးနောက် ချန်ကျဲ့ အနားကပ်သွားလိုက်ပြီး ပြောသည်။

“မွေးစားအဖေ ဒီလိုပါ၊ ကျွန်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်က နွေဦးလေပြေပြဇာတ်ရုံကို ဖြတ်သွားတော့ သံသယဝင်ဖို့ကောင်းတဲ့လူတချို့ကို မြင်တွေ့ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်လိုက်တော့ အဲဒီလူတွေက ခေါင်းဆောင်နန်စေလွှတ်ထားတဲ့သူတွေ ဖြစ်နေပါတယ်။ ကျွန်တော်က သူတို့မှာ လျှို့ဝှက်အကြံအစည်ရှိနေပြီး မွေးစားအဖေကို အန္တရာယ်ပြုမှာ စိုးရိမ်လို့ပါ”

“အဲဒါကြောင့် ကျွန်တော် လာခဲ့တာပါ။ မွေးစားအဖေ ဒီနေ့ညပြဇာတ်ကို သွားမကြည့်လို့ရမလားလို့ပါ”

ချန်ကျဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြလိုက်သည်။

“ငါ့ကိုအန္တရာယ်ပြုမယ်တဲ့လား”

ဖန်းရှစ်ကျုံး မျက်မှောင်ကြုတ်လိုက်၏။ သို့သော် ခဏကြာပြီးနောက် ရယ်မောလာသည်။

“ဟားဟားဟား… မဟုတ်တာ ငါ ဒဏ်ရာအပြင်းအထန်ရထားရင်တောင်မှ နန်ပါးထျန်းက ငါ့ကို ပြဇာတ်ရုံမှာ လုပ်ကြံလောက်တဲ့အထိ ရူးမိုက်မှာ မဟုတ်ပါဘူး။ မင်း စိုးရိမ်လွန်နေပါပြီ”

ဖန်းရှစ်ကျုံးသည် အရေးမထားစွာ လက်ဝှေ့ယမ်း၏။

ချန်ကျဲ့မှ ပြောသည်။

“မွေစားအဖေ တစ်ပါးသူရှေ့ အန္တရာယ်မပြုဘူးဆိုတာ ဉာဏ်ပညာရှိတဲ့လုပ်ရပ်ပါ။ ဒါပေမဲ့ မွေးစားအဖေ သတိထားရပါမယ်”

“နန်ပါးထျန်းနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက အရမ်းနုနယ်လွန်းတယ်။ မွေးစားအဖေရဲ့ဒဏ်ရာကို အခွင့်ကောင်းယူပြီး သူတစ်ခုခုလုပ်မှာ ကျွန်တော်စိုးရိမ်တယ်။ မွေးစားအဖေ အန္တရာယ်ထဲ မစွန့်စားသင့်ပါဘူး!”

ဖန်းရှစ်ကျုံးသည် တဟားဟားနှင့် ရယ်မော၏။

“ဟားဟား ကျိုစစ် မင်းအတွေးလွန်နေပါပြီ။ ငါနဲ့ နန်ပါးထျန်းကြားမှာ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ ဖျန်ဖြေမှုရှိတယ်။ ငါတို့အချင်းချင်း တိုက်ခိုက်နေကြတာမှန်ပေမဲ့ တစ်ယောက်ကိုတစ်ယောက် တိုက်ရိုက်လှုပ်ရှားတိုက်ခိုက်တာကိုတော့ တားမြစ်ထားတယ်။ ဘယ်သူထိခိုက်ပါစေ တော်ဝင်တရားရုံးတော်အတွက်တော့ ဆုံးရှုံးမှုပဲ”

“မဟုတ်ရင် သူက ဘာလို့ ဒီအချိန်အထိ စောင့်ပြီးမှ ငါ့ကို ပြဇာတ်ရုံမှာ လုပ်ကြံတိုက်ခိုက်နေမှာလဲ။ ငါသောက်စားနေတဲ့အချိန် မူးယစ်နေတဲ့အချိန်မျိုးမှာ အလစ်တိုက်ခိုက်လိုက်ရင် ပြီးနေပြီမဟုတ်ဘူးလား”

“မစိုးရိမ်ပါနဲ့၊ သူမလုပ်ရဲပါဘူး!”

အလွန်ယုံကြည်ချက်ရှိနေသည့် ဖန်းရှစ်ကျုံးကို မြင်သောအခါ ချန်ကျဲ့မှ ပြောသည်။

“မွေးစား‌အဖေ ဘယ်လိုကိစ္စမဆို ပြောင်းလဲနိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မျက်နှာသာပေးပြီး ဒီနေ့ညမသွားပါနဲ့လား”

“ဒါက?”

ဖန်းရှစ်ကျုံးသည် အကျပ်ရိုက်နေဟန်ဖြင့် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။

ထိုစဉ် ယင်းအာ့ အခန်းထဲဝင်လာသည်။

“ခန်းမအရှင်သခင် မိန်းကလေးဟွားသျဲ့ ရောက်ပါပြီ!”

“အို သူဘာလို့ရောက်လာတာလဲ”

ဟွားသျဲ့ဟူသည့် အမည်ကို ကြားလိုက်သည်တွင် ဖန်းရှစ်ကျုံးသည် မျက်လုံးများတောက်ပသွားကာ ထရပ်၏။

“သူ့ကို ဧည့်ခန်းမထဲမှာ စောင့်ခိုင်းထားလိုက်ပါ”

“ဟုတ်ကဲ့”

ယင်းအာ့မှ ပြန်ပြောသည်။

“ကျိုစစ်”

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။

“ကောင်းပြီ၊ ငါ မင်းပြောတာကို စဉ်းစားပေးပါ့မယ်။ အခုတော့ အရင်ဆုံး ငါ မိန်းကလေးဟွားသျဲ့ကို သွားတွေ့လိုက်တာကောင်းလိမ့်မယ်”

ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်၏။

“ကျွန်တော်လည်း မွေးစားအဖေကို အဖော်ပြုပြီး မိန်းကလေးဟွားသျဲ့နဲ့ လိုက်တွေ့ပါရစေ”

ထိုအခါ ဖန်းရှစ်ကျုံးမှ မေးသည်။

“မင်း မနက်စာစားပြီးပြီလား”

ချန်ကျဲ့ စားပြီးခဲ့ပြီဖြစ်၏။ သို့သော် လိမ်ပြောလိုက်သည်။

“မစားရသေးပါဘူး”

“ဒါဆိုလည်း အတူစားကြတာပေါ့”

“ဟုတ်ကဲ့”

ချန်ကျဲ့သည် စိတ်ထဲတွင်တော့ တစ်စုံတစ်ရာ မူမမှန်ဟု ခံစားနေခဲ့ရသည်။

ဟွားသျဲ့က မွေးစားအဖေကို ဘာလို့လာတွေ့ရတာလဲ။

ဧည့်ခန်းမ၌ ပြောင်ဝတ်စုံဝတ်ဆင်ထားသည့် ဟွားသျဲ့သည် ဖန်းရှစ်ကျုံးကို အရိုအသေပြုနှုတ်ဆက်သည်။

“ခန်းမအရှင်သခင်ဖန်းကို ဂါရဝပြုပါတယ်”

ဖန်းရှစ်ကျုံး ရယ်မောလိုက်၏။

“ဟားဟား ဟွားသျဲ့ ၊ ဘာကိစ္စရှိလို့ ရောက်လာတာလဲ”

ဟွားသျဲ့မှ ပြောသည်။

“ခန်းမအရှင်သခင်ဖန်း နေမကောင်းဘူးလို့ ကြားခဲ့လို့ပါ။ အဲဒါကြောင့် မနေ့ညက ကောင်းကောင်းအိပ်မပျော်နိုင်တာနဲ့ ဟွားသျဲ့ ခန်းမအရှင်သခင်ကို လာတွေ့လိုက်တာပါ”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“ဟားဟားဟားဟား ငါမင်းကို မိတ်ဆက်ပေးပါရစေ။ ဒါက ငါ့ရဲ့သားငယ်၅ ချန်ကျိုစစ်”

ဟွားသျဲ့သည် ချက်ချင်းအရိုအသေပြု၏။

“သခင်၅ကို ဂါရဝပြုပါတယ်”

ချန်ကျဲ့ ပြန်၍ အရိုအသေပြုလိုက်သည်။

“မိန်းကလေးဟွားသျဲ့ကို နှုတ်ဆက်ပါတယ်”

နှုတ်ဆက်ပြီးနောက် ချန်ကျဲ့မှ အလျင်စလိုဖြင့် ပြောသည်။

“မွေးစားအဖေ အချိန်က စောသေးတော့ မိန်းကလေးဟွားသျဲ့လည်း မနက်စာ မစားခဲ့ရလောက်သေးဘူး။ ကျွန်တော်တို့ စားရင်း စကားပြောကြရအောင်လေ”

“ကောင်းတယ်၊ စားရင်း စကားပြောကြတာပေါ့”

“မင်းဘာစားချင်လဲ”

ချန်ကျဲ့မှ ဟွားသျဲ့ကိုကြည့်လျက် ပြောသည်။။

“မွေးစားအဖေ ကျွန်တော်တို့ မနက်စာကို ပေါ့ပါးတာတစ်ခုခုစားကြရအောင်ပါ။ နံနံပင်ခေါက်ဆွဲ‌ဆိုရင်ရော ဘယ်လိုလဲ”

နံနံပင်သည် တရုတ်နံနံကို ဆိုလိုခြင်းဖြစ်၏။ ၎င်းသည် ဟွားသျဲ့ မစားသည့်အရာဖြစ်သည်။

လက်ရှိ၌ ချန်ကျဲ့မှာ ရွေးချယ်စရာမရှိပေ။ မျှော်လင့်ချက်အားလုံးကို ဤမနက်စာအပေါ် ပုံအောထားရန်သာ တတ်‌နိုင်ပေသည်။

ချန်ကျဲ့၏ အကြံပေးစကားကြောင့် ဟွားသျဲ့သည် ချန်ကျဲ့ကို စိတ်ရှုပ်ထွေးနေသည့်အကြည့်ဖြင့် ကြည့်လာသည်။ ထိုအကြည့်များလည်း မုန်းတီးမှုလည်း တစ်စွန်းတစ်စ ပါဝင်နေ၏။

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ကောင်းပြီ၊ ဟွားသျဲ့လည်း နံနံပင်ကြိုက်တယ်ဆိုတော့ နံနံပင်ခေါက်ဆွဲပဲ စားကြတာပေါ့”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဟုတ်ကဲ့၊ နံနံပင်ခေါက်ဆွဲသုံးပွဲကို နံနံပင်ပိုထည့်ပြီး ပြင်ဆင်ပေးပါ!”

သူတို့သုံးဦး စကားပြောရင်း ထိုင်လိုက်ချိန်တွင် ကြိုတင်ချက်ပြုတ်ထားပြီး တည်ခင်းဖို့ အသင့်ပြင်ထားသည့်အလား မီးဖိုချောင်မှာ ခေါက်ဆွဲများ အဆင်သင့်ဖြစ်နေလေပြီ။ ချန်ကျဲ့၏တောင်းဆိုမှုအရ ခေါက်ဆွဲများကို နံနံပင်ပိုထည့်၍ တည်ခင်းပေးထားသည်။

All Chapters